← Chapters

အခန်း (၅၁၇-၅၁၈)

Vol. 52 Ch. 517-518

အခန်း (၅၁၇-၅၁၈)

Vol. 52 Ch. 517-518

အခန်း ၅၁၇ မိစ္ဆာဧကရာဇ် နှစ်ပါး

ပါရမီရှင် ဆိုသည်မှာ သူ့ကို တွေ့မြင်ခွင့်ရရန် ဖြတ်သန်းရမည့် တံခါးပေါက် တစ်ခု သက်သက်သာ ဖြစ်သည်။ ဤသည်မှာ လုဝူယာ မာနကြီးနေခြင်း မဟုတ်ဘဲ အမှန်တရား ပင်ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက သူက မိစ္ဆာနယ်မြေ၏ နံပါတ်တစ် ပါရမီရှင် အဖြစ် အမွှမ်းတင် ခံရမည် မဟုတ်ချေ။

"မိစ္ဆာဧကရာဇ် နှစ်ပါး..."

မိစ္ဆာသူတော်စင်တစ်ပါးက စကားပြောကာ ရှင်းပြရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် အလွန် ကြီးမားသော ဖိနှိပ်မှု အရှိန်အဝါကြီးတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။ ထို ဖိနှိပ်မှု၏ အစွမ်းက ခုနက ထွက်ပေါ်လာသည့် ရွှေရောင်ကျီးကန်း သားတော် လုဝူယာထက်ပင် အများကြီး သာလွန်နေပေသည်။

နေရာတွင် ရှိနေကြသော မိစ္ဆာသူတော်စင်များစွာ၏ မျက်နှာထားများက ချက်ချင်း တည်တင်းသွားပြီး တစ်ခုခုကို သတိပြုမိသွားသည့်အလား ပင်ဖြစ်သည်။

နောက်တစ်ခဏတွင် ဝမ်ယောင်းမြို့အတွင်းမှ သိုင်းသူတော်စင်အဆင့် အရှိန်အဝါ ဆယ်ခုကျော် ဆက်တိုက် ထွက်ပေါ်လာပြီး ပြင်းထန်သော မိစ္ဆာအငွေ့အသက်များက ကောင်းကင်နှင့် မြေကြီး၏ လေတိုက်တိမ်စုမှုများကို တိုက်ရိုက် လှိုင်းထန်သွားစေတော့သည်။ မိစ္ဆာသူတော်စင် အပါးနှစ်ဆယ် နီးပါးခန့်က အစစ်အမှန် ခန္ဓာကိုယ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

ကောင်းကင်ကိုးထပ်အထက်တွင် အနက်ရောင် မြူခိုးတစ်လွှာက လေဟာနယ်ကို ထိုးဖောက်ထွက်ပေါ်လာပြီး ခမ်းနား ကြီးမားသော ပုံရိပ်နှစ်ခုက မပီဝေဝါ ထွက်ပေါ်လာသည်။ လူတစ်ယောက်က ရွှေရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်တွင် တောင်တန်းမြစ်ပြင် ပန်းချီကားများကို ထိုးချုပ်ထားကာ မျက်နှာထားက အေးစက် ခက်ထန်နေပြီး တစ်ကိုယ်လုံးရှိ ဖိနှိပ်မှု အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးအမြင့်သို့ ရောက်ရှိနေပေသည်။

အခြားပုံရိပ်တစ်ခုကတော့ ရှေးဟောင်း အနက်ရောင် သံကြိုးစစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်က အလွန် ကြံ့ခိုင်ကြီးမားကာ ခေါင်းပေါ်တွင် အနက်ရောင် ဦးချိုနှစ်ချောင်း ပေါက်နေပြီး မျက်လုံးနှစ်လုံးက ကြေးနီခေါင်းလောင်းအလား ပြူးကျယ်နေကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရစ်ဝဲနေပေသည်။

၎င်းတို့မှာ အခြားမဟုတ်ဘဲ မိစ္ဆာနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေသော ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်နှင့် နွားမိစ္ဆာဧကရာဇ်တို့ ပင်ဖြစ်သည်။ သိုင်းသူတော်စင် အထွတ်အထိပ်အဆင့်ရှိ မိစ္ဆာဧကရာဇ် စွမ်းအားရှင်များက အရှိန်အဝါ အနည်းငယ် ဖြာထွက်လာရုံမျှဖြင့် အောက်ဘက်ရှိ မိစ္ဆာများစွာကို ကြီးမားသော ဖိအားကို ခံစားလိုက်ရစေပြီး မျက်လုံးချင်းပင် တည့်တည့် မကြည့်ဝံ့ရဲအောင် ဖြစ်သွားစေတော့သည်။

"မိစ္ဆာဧကရာဇ် နှစ်ပါး ကို ဂါရဝပြု ပါတယ်"

"မိစ္ဆာဧကရာဇ် နှစ်ပါး ကို ဂါရဝပြု ပါတယ်"

"ဂါရဝပြု ပါတယ်..."

နေရာတွင် ရှိနေကြသော ထိပ်တန်းအဆင့် မိစ္ဆာဘုရင်များဖြစ်စေ... ရွှေရောင်ကျီးကန်း သားတော်ဖြစ်စေ... မိစ္ဆာသူတော်စင်များစွာ ဖြစ်စေ... အားလုံးက ဤအခိုက်အတန့်တွင် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ အရိုအသေ ပြုလိုက်ကြပြီး မိစ္ဆာနယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော တည်ရှိမှုများအပေါ် ကြောက်ရွံ့ရိုသေမှုကို ပြသလိုက်ကြသည်။

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်၏ အကြည့်က ပန်သူတော်စင်လေး တောက်ယွင်ထျန်းနှင့် ရွှေရောင်ကျီးကန်း သားတော် လုဝူယာတို့ကို ဝေ့ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် ချီးကျူးလိုသော အရိပ်အယောင်အချို့ ပါဝင်နေပြီး ထို့နောက် အကြည့်များကို မိစ္ဆာသူတော်စင်များစွာထံသို့ ရွှေ့လိုက်သည်။

"ပြင်ဆင် မှု တွေ ဘယ်လို နေပြီလဲ"

"ပန်ဧကရာဇ် ကို တင်ပြ ပါရစေ... အမိန့်တော် အတိုင်း ဒီ ရက်ပိုင်း အတွင်း မိစ္ဆာစစ်သည် တွေကို အပြည့်အဝ ပြင်ဆင် ထားပြီးပါပြီ... လက်ရွေးစင် မိစ္ဆာစစ်သည် တစ်သန်း နှစ်သိန်း နဲ့ အစေခံ မိစ္ဆာစစ်သည် သုံးသန်း က အချိန်မရွေး စစ်ထွက် ဖို့ အသင့် ပါပဲ... ဝမ်ယောင်းမြို့ ထဲက မိစ္ဆာသူတော်စင် ဆယ့်ရှစ်ပါး ကလည်း လက်နက် တွေကို ဆုပ်ကိုင် ပြီး အသင့် စောင့်ဆိုင်း နေပါတယ်" ဟု သားရဲခေါင်း ပေါက်နေသော မိစ္ဆာသူတော်စင်တစ်ပါးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အရမ်း ကောင်းတယ်" ဟု ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက် လေးနက်သော အသံဖြင့် ဆက်ပြောလိုက်သည်။

"ရှေးခေတ် ကတည်းက လူသား မျိုးနွယ် က ငါတို့ မိစ္ဆာ မျိုးနွယ် ရဲ့ သွေးသား အစားအစာ ကျွန် တွေပဲ... နှမြောစရာ က နောက်ပိုင်း ငါတို့ မိစ္ဆာ မျိုးနွယ် က သူများ ရဲ့ တွက်ချက် လှည့်စား မှုကို ခံလိုက်ရလို့ ဝိညာဉ်နယ်မြေ ကနေ မလွှဲမရှောင်သာ ဆုတ်ခွာ ပြီး မိစ္ဆာနယ်မြေ ကို ပြန်လာခဲ့ရတယ်... အဲဒီလို ဆုတ်ခွာ ခဲ့ရတာ နှစ်ပေါင်း နှစ်ထောင် ကျော် တောင် ကြာခဲ့ပြီ...

နှစ်ပေါင်း နှစ်ထောင် အတွင်း မိစ္ဆာနယ်မြေ နဲ့ ဝိညာဉ်နယ်မြေ က လူသား မျိုးနွယ် တွေ အဆက်မပြတ် တိုက်ခိုက် ခဲ့ကြပြီး သေဆုံး ဒဏ်ရာရ သူ သန်းပေါင်း များစွာ ရှိခဲ့ပေမဲ့ အရှုံးအနိုင် ကို ဘယ်တော့မှ မခွဲခြား နိုင်ခဲ့ဘူး... ဒါပေမဲ့ အဲဒါ က အရင်ကပဲ... အခု လူသား မျိုးနွယ် ရဲ့ ထျန်းယွမ် အခြေခံ အုတ်မြစ် က ကုန်ဆုံး လုနီးပါး ဖြစ်နေပြီ...

ငါတို့ မိစ္ဆာ မျိုးနွယ် ရဲ့ အခွင့်အရေး လည်း ရောက်လာပြီ... ငါတို့ မိစ္ဆာနယ်မြေ ရဲ့ ဧကရာဇ် တွေ အားလုံး က ထျန်းယွမ် ကို ရိုက်ချိုး ပြီး ဝိညာဉ်နယ်မြေ ကို သိမ်းပိုက် မယ် လို့ သွေးသစ္စာ ဆိုထားကြတယ်... အဲဒီ အချိန်က စပြီး ငါတို့ မိစ္ဆာနယ်မြေ က မျိုးနွယ်စု တစ်ရာ က ဝိညာဉ်နယ်မြေ ကို အတူတူ ခွဲဝေ ယူကြမယ်... ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း ဖြစ်သွားတာနဲ့ ငါတို့ တွေလည်း နတ်ခန္ဓာကိုယ် ကို တည်ဆောက် ပြီး ထာဝရ အသက်ရှည် နိုင်မယ့် အခွင့်အရေး ရလာလိမ့်မယ်"

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်၏ စကားသံ အဆုံးတွင် နွားမိစ္ဆာဧကရာဇ်က ခြေတစ်လှမ်း လှမ်းလိုက်ရာ ဧရာမ ကောင်းကင်စိမ်း မိစ္ဆာနွား ပုံရိပ်ယောင်ကြီးတစ်ခုက မပီဝေဝါ ထွက်ပေါ်လာပြီး ခန့်ညားထည်ဝါသော အသံကြီးက ကောင်းကင်နှင့် မြေကြီး အရပ်ရှစ်မျက်နှာသို့ လွှမ်းခြုံသွားတော့သည်။

"မိစ္ဆာ တွေ အားလုံး နားထောင်... ချက်ချင်း စစ်အစီအရင် ကို ဖွဲ့စည်း ပြီး ထျန်းယွမ် ကို သွားတိုက် ကြစို့"

"ဝေါင်း..."

"ဝေါင်း..."

"ဝေါင်း..."

မိစ္ဆာစစ်သည် သန်းပေါင်းများစွာက တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ အသံအဟုန်က ကောင်းကင်ယံကို တုန်လှုပ်သွားစေသည်။ မျက်တောင်တစ်ခတ်အတွင်း မြေငလျင်လှုပ်ပြီး ကောင်းကင် ပြိုကျသွားသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပြီး လောကကို ဖျက်ဆီးပစ်နိုင်မည့် နတ်ဘုရားအစွမ်းများ ပိုင်ဆိုင်ထားသည့်အလား ပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ထျန်းယွမ်မြို့အတွင်း၌ မီးခိုးလုံးများ နေရာအနှံ့ ထွက်ပေါ်နေပေသည်။ မိစ္ဆာနယ်မြေဘက်မှ အလုံးအရင်းဖြင့် စစ်ချီလာခြင်းကို အချိန်မကြာလိုက်ဘဲ ထျန်းယွမ်မြို့ဘက်မှ စောင့်ကြည့် သိရှိသွားခဲ့သည်။ မကြာမီမှာပင် အစောကြီးကတည်းက ကြိုတင်ခန့်မှန်းထားသည့် အခြေအနေအောက်တွင် စစ်တပ်အင်အား အမြောက်အများကို စတင် နေရာချထားပြီး ပြင်ပလောက စစ်မြေပြင်သို့ ဦးတည် သွားကြတော့သည်။

တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးနှင့် ထျန်းယွမ်မြို့၏ မဟာစစ်သူကြီးလေးဦး... ထို့အပြင် လင်းကျန့်တောင်၏ သိုင်းသူတော်စင် နှစ်ပါးနှင့် ကျီချန်တောက်တို့ အပါအဝင် စုစုပေါင်း သိုင်းသူတော်စင် ရှစ်ပါး အားလုံး ထွက်ပေါ်လာကြသည်။ ထို့အပြင် ကျန်းချဲ့က အနက်ရောင် စစ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်တစ်စုက အနက်ရောင် ခေါင်းတလားနှစ်လုံးကို ထမ်းကာ အတူတကွ စစ်ထွက်လာသည်ကိုပါ သတိပြုမိလိုက်သည်။ ခေါင်းတလားအတွင်းမှ လူများကို ထိတ်လန့်တုန်လှုပ်သွားစေသော အရှိန်အဝါများ ဖြာထွက်နေပေသည်။

'ဒါက...'

ကျန်းချဲ့၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး ရင်ထဲတွင် တိတ်တဆိတ် ခန့်မှန်းနေမိသည်။

ကျန်းချဲ့၏ သံသယကို မြင်တွေ့သွားသည့်အလား ရွှယ်ဖျင်ဇူက ရှင်းပြလိုက်သည်။

"ဒါ က အရင်က ပြင်ပလောက စစ်မြေပြင် မှာ စစ်ပွဲ အတွက် အသက်ပေး ခဲ့ရတဲ့ သိုင်းသူတော်စင် နှစ်ပါး ပဲ... သူတို့ ရဲ့ ကျင့်စဉ် နဲ့ ခန္ဓာကိုယ် ထူးခြား မှု တွေ ကြောင့် မိမိ ဆန္ဒ အလျောက် အလောင်းကောင် ရုပ်သေး အဖြစ် သန့်စင် ခံခဲ့ကြတယ်... ငါတို့ ထျန်းယွမ်မြို့ ရဲ့ အလွန် အရေးကြီးတဲ့ အခြေခံ အုတ်မြစ် တွေထဲက တစ်ခု ပေါ့... အလောင်းကောင် ရုပ်သေး နှစ်ခု စလုံး မှာ သိုင်းသူတော်စင် စွမ်းအား ရှိတယ်... တကယ်လို့ စစ်အစီအရင် သာ ဖွဲ့စည်း လိုက်မယ် ဆိုရင် ပဉ္စမချီ စုစည်းခြင်း အဆင့် မဟာစွမ်းအားရှင် တွေ နဲ့တောင် နှိုင်းယှဉ် လို့ ရတယ်"

ဤကဲ့သို့ ရှင်းပြချက်ကို ကြားသောအခါ ကျန်းချဲ့က ခေါင်းညိတ်လိုက်သော်လည်း ရင်ထဲတွင်မူ အနည်းငယ် အံ့အားသင့်မှုကို ရှောင်လွှဲ၍ မရနိုင်ချေ။ သိုင်းသူတော်စင်အဆင့် သုံးဆင့်တွင် ယန်ဝိညာဉ်အဆင့်ကို သိုင်းသူတော်စင်ဟု ခေါ်ဆိုကြပြီး အများစုသော သိုင်းသူတော်စင်များ၏ ကျင့်ကြံခြင်းအဆင့် လည်း ဖြစ်ပေသည်။ လင်းကျန့်တောင် ဂိုဏ်းချုပ်နှင့် မဟာစစ်သူကြီး လေးဦးအနက်မှ သုံးဦးမှာ ယန်ဝိညာဉ်အဆင့်ရှိ သိုင်းသူတော်စင်များ ပင်ဖြစ်သည်။

ယန်ဝိညာဉ်၏ အထက်တွင်တော့ ပဉ္စမချီ စုစည်းခြင်းအဆင့် ဖြစ်ပြီး ဤအဆင့်ကို ထင်ရှားသော သူတော်စင်အဆင့် ဟုလည်း ခေါ်ဆိုကာ မဟာစွမ်းအားရှင်ဟု သတ်မှတ်ကြသည်။ ထင်ရှားသော သူတော်စင်အဆင့်၏ အထက်တွင်တော့ လောကနတ်ဘုရားအဆင့် ပင်ဖြစ်သည်။

သို့သော် လောကနတ်ဘုရားအဆင့်ရှိသော တည်ရှိမှုများမှာ လောကတွင် အလွန် ရှားပါးလှပြီး လောကတစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှသည်။ ထို့ကြောင့် ထင်ရှားသော သူတော်စင်အဆင့်ရှိ မဟာစွမ်းအားရှင်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများဟု ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။ သို့သော် ဤသည်မှာလည်း အဓိပ္ပာယ် ရှိလှပေသည်။ မည်သို့ပင်ဆိုစေ ထျန်းယွမ်မြို့မှာ လူသားမျိုးနွယ်၏ နံပါတ်တစ် မြို့တော် ဖြစ်ရာ အခြေခံ အုတ်မြစ်အချို့ သေချာပေါက် ရှိနေမည် ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက မိစ္ဆာနယ်မြေဘက်နှင့် ကွာဟချက်က အလွန် ကြီးမားလွန်းနေလိမ့်မည် ဖြစ်သည်။

"ဒီ တစ်ကြိမ် အခင်းအကျင်း ကို ကြည့်ရတာ မိစ္ဆာနယ်မြေ က ရည်ရွယ်ချက် မကောင်း ဘူးပဲ"

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် သိုင်းသူတော်စင်တစ်ပါးက အလွန် စိုးရိမ်ပူပန်စွာဖြင့် အရှေ့ဘက်ရှိ အဆုံးအစကို မမြင်ရသော မိစ္ဆာစစ်သည်များကို အဝေးမှ လှမ်းကြည့်နေသည်။ သူ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုကို ရှောင်လွှဲ၍ မရနိုင်ချေ။ မည်သို့ပင်ဆိုစေ ထျန်းယွမ်၏ အခြေခံ အုတ်မြစ်က အချိန်အကြာကြီး ဆက်လက် မတောင့်ခံနိုင်တော့ချေ။ ဤ တိုက်ပွဲက နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ ဖြစ်လာနိုင်ခြေ အလွန် များပြားပေသည်။

"အသေခံ တိုက်ခိုက် ဖို့ပဲ ရှိတော့တာပေါ့... ဒီ တစ်ကြိမ် မိစ္ဆာ မျိုးနွယ် တွေ က ဘယ်လို အဖိုးအခ တွေ ပေးဆပ် ချင်လဲ ဆိုတာကို ငါ တကယ် ကြည့်ချင်သေးတယ်"

မျက်နှာထား ခန့်ညားထည်ဝါသော နောက်ထပ် မဟာစစ်သူကြီးတစ်ဦးက ပြောလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုစိတ်များက အစစ်အမှန်အလား ပြင်းထန်နေပေသည်။ သူ၏ အမည်မှာ ယွဲ့ယွင်ကျွီး ဖြစ်ပြီး ထျန်းယွမ်မြို့ မဟာစစ်သူကြီး လေးဦးအနက် ခေါင်းဆောင် ဖြစ်ကာ တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး၏ အောက်တွင်သာ ရှိပေသည်။ သူကလည်း ပဉ္စမချီ စုစည်းခြင်းအဆင့်ရှိ မဟာစွမ်းအားရှင် တစ်ဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက မိစ္ဆာများကို ရန်သူကဲ့သို့ သဘောထားခဲ့သူ ဖြစ်သည်။ ထျန်းယွမ်ကို နှစ်ပေါင်း သုံးရာ ကြာအောင် စောင့်ကြပ်ခဲ့ပြီး မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ကာ စစ်အကျိုးဆောင်မှု များစွာ ရရှိခဲ့သဖြင့် အင်ပါယာနန်းတော်မှ ကျန်းဟိုင်မြို့စား အဖြစ် ဘွဲ့နှင်းသဘင် ချီးမြှင့်ခံခဲ့ရသည်။

"မှန်တယ်... အသေခံ တိုက်ခိုက် ဖို့ပဲ ရှိတာပဲ... တစ်ကောင် သတ်နိုင်ရင် အရင်း ကျေပြီ... နှစ်ကောင် သတ်နိုင်ရင် မြတ်ပြီ... ငါ ကတော့ အဲဒီ အာဏာပြ နေတဲ့ တိရစ္ဆာန် တွေကို မကြောက်ပါဘူး" ဟု ယန် မဟာစစ်သူကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ခေါင်းဆောင် ဖြစ်သော ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက်နှင့် ဘေးရှိ တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးတို့ကတော့ စကားတစ်ခွန်းမျှ မပြောဘဲ နေကြပြီး ၎င်းတို့၏ အရှိန်အဝါက ချောက်နက်ကြီးတစ်ခုအလား နက်ရှိုင်းနေပေသည်။

မကြာမီမှာပင်။

ခွေနျိုနတ်နွား စစ်စည် တီးခတ်သံများနှင့်အတူ ထျန်းယွမ် စစ်သည် သိန်းပေါင်းများစွာက ပြင်ပလောက စစ်မြေပြင်၏ တစ်ဖက်ခြမ်းတွင် စစ်အစီအရင်များကို ဖြန့်ကျက်လိုက်ကြပြီး ထျန်းယွမ်၏ အထက်တွင် မတ်မတ်ရပ်နေကြသည်။ လူဦးရေက မျက်နှာချင်းဆိုင်ရှိ မိစ္ဆာစစ်သည် သန်းပေါင်းများစွာကို အများကြီး မမီသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ နောက်ဆုတ်ခြင်း မရှိကြချေ။ အသံတစ်သံမျှပင် မထွက်ပေါ်ဘဲ ငရဲချောက်နက် အတွင်းမှ လာသော ဝိညာဉ်တစ္ဆေများအလား တိတ်ဆိတ် ငြိမ်သက်နေကြသည်။ သို့သော် ဤ စစ်သည်များ၏ အထက်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက ဖြည်းညင်းစွာ စုစည်းနေပေသည်။

သိုင်းသူတော်စင် ခုနစ်ပါးက တစ်တန်းတည်း စီတန်းရပ်လျက် အသီးသီး နေရာယူထားကြသည်။ သိုင်းသူတော်စင်များ၏ အနောက်ဘက်တွင်တော့ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး ရာပေါင်းများစွာ ရှိနေပြီး အလားတူ လေးနက်တည်ကြည်သော မျက်နှာထားများ ဖြစ်နေကြသည်။ ကျန်းချဲ့ကတော့ သိုင်းသူတော်စင်များ၏ အနောက်ဘက်နှင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးများစွာ၏ အရှေ့ဘက်တွင် ဘေးရှိ ဓားမိစ္ဆာ ကျန်းဆန်းနှင့်အတူ ယှဉ်တွဲရပ်တည်နေပေသည်။

"ခဏ နေကျရင် ဘယ်သူ က မိစ္ဆာဘုရင် ပိုများများ သတ်နိုင်မလဲ ဆိုတာကို ယှဉ်ပြိုင် ကြည့်မလား" ဟု ဓားမိစ္ဆာက ကျန်းချဲ့ကို ကြည့်ကာ စိတ်ဝင်တစားဖြင့် အကြံပြုလိုက်သည်။

"လောင်းကြေး ရှိလား"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ် က လင်းကျန့်တောင် ဓားသင်္ချိုင်း ရဲ့ အောက်မှာ ဝိညာဉ် အရက် အိုး အချို့ ကို ငါ ဝှက်ထား ခဲ့တယ်... အခု ဆိုရင် အရမ်း ကို ပြင်းနေလောက်ပြီ... တကယ်လို့ မင်း နိုင်ရင် မင်း ကို တိုက်မယ်... တကယ်လို့ မင်း ရှုံးရင်တော့..."

ထိုသို့ ပြောပြီးနောက် ဓားမိစ္ဆာက တစ်ခဏမျှ ရပ်တန့်သွားပြီး လွတ်လပ် ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"မင်း လည်း ရှုံးမှာ မဟုတ်ပါဘူး... ငါ က ပစ်မှတ် တစ်ခု ရှိချင်လို့ပါ... ဘယ်လိုလဲ"

ကျန်းချဲ့က အရှေ့ဘက်ရှိ အဆုံးအစမရှိသော မိစ္ဆာကောင်များကို ကြည့်ကာ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ"

ထျန်းယွမ်ဘက်တွင် စစ်တံခွန်များ လွင့်ဝဲနေပြီး စည်သံများက မပြတ်တောက်ဘဲ သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံနေကာ အချိန်မရွေး စစ်ထွက်ရန် အသင့်ပြင်ဆင်ထားသည့်အလား ပင်ဖြစ်သည်။ ထျန်းယွမ်၏ အခြားတစ်ဖက်တွင်တော့ မိစ္ဆာစစ်သည် သန်းပေါင်းများစွာက အများကြီး ပို၍ ရှုပ်ထွေးနေပေသည်။ ပြင်းထန်သော မိစ္ဆာအငွေ့အသက်များက တိမ်တိုက်များအဖြစ် စုစည်းနေပြီး အဆက်မပြတ် ဟိန်းဟောက်နေကြသည်။

မိစ္ဆာသူတော်စင် ဆယ့်ရှစ်ပါးက အစစ်အမှန် ခန္ဓာကိုယ်များကို မထုတ်ဖော်ကြဘဲ အားလုံးက လူသားပုံစံသို့ ပြောင်းလဲထားကြသည်။ သို့သော် လူတိုင်း၏ ခေါင်းပေါ်တွင် သားရဲခေါင်း တစ်လုံးစီ ပေါက်နေကြရာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မိစ္ဆာသူတော်စင်များ၏ အရှေ့ဘက်တွင်တော့ ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်နှင့် နွားမိစ္ဆာဧကရာဇ်တို့က ဘေးချင်းယှဉ် ရပ်နေကြသည်။

နှစ်ဖက်စလုံး ကြားရှိ အရှိန်အဝါများက ဤအခိုက်အတန့်တွင် ပုံသဏ္ဌာန်မဲ့စွာဖြင့် ရင်ဆိုင်တိုက်ခိုက်နေသည့်အလား ပင်ဖြစ်သည်။

"ကျီချန်တောက်... မင်း ငါ့ ကို မှတ်မိ သေးလား"

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး မိစ္ဆာများ အားလုံး၏ အရှေ့ဘက်သို့ တိုက်ရိုက် ရပ်လိုက်သည်။ အလွန် ကြီးမား ကြံ့ခိုင်ခြင်း မရှိသော ခန္ဓာကိုယ်အပေါ်မှ အလွန် ကြီးမားသော ဖိနှိပ်မှုများ ဖြာထွက်နေပြီး အသံက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားကာ လူများကို အလွန်အမင်း တုန်လှုပ်သွားစေတော့သည်။

"ဘာလဲ... အရင် တစ်ခေါက် တုန်းက မင်း ကို သေချာ မရိုက်နှက် လိုက်ရလို့လား... ဒီ တစ်ကြိမ် သေလမ်း ကို ထပ် လာရှာ တာလား"

စပါးကြီးမြွေ ဝတ်ရုံကို ဝတ်ဆင်ထားသော ခေါက်ရှန်းနတ်မင်းကြီးက ဂရုမစိုက်သည့် ဟန်ဖြင့် အရှေ့ဘက်သို့ လျှောက်လှမ်းသွားပြီး တစ်ကိုယ်လုံးရှိ ဖိနှိပ်မှု အရှိန်အဝါများကိုလည်း ထပ်မံ မဖုံးကွယ်တော့ချေ။ ကောင်းကင်သို့ ထိုးတက်နေသော အရှိန်အဝါက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို လှိုင်းထန်သွားစေတော့သည်။

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်၏ မျက်နှာထားက မျက်တောင်တစ်ခတ်အတွင်း တည်တင်းသွားပြီး အေးစက် ခက်ထန်သော မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်အချို့ ဖြတ်ပြေးသွားခဲ့သည်။ လွန်ခဲ့သော အနှစ်ခြောက်ဆယ်ခန့်က သူက မိစ္ဆာဧကရာဇ် နေရာသို့ စတင် ရောက်ရှိခါစ ဖြစ်ပြီး ပြိုင်ဘက်ကင်း နတ်ဘုရားအစွမ်း ရှိသည်ဟု အလွန် မာနကြီးကာ ထျန်းယွမ်မြို့မှ သိုင်းသူတော်စင် နှစ်ပါးကို သတ်ဖြတ်ပြီး အရသာ မြည်းစမ်းရန် ပြင်ဆင်ခဲ့သည်။

သို့သော် ရလဒ်ကတော့ ထျန်းယွမ်တွင် စောင့်ကြပ်နေသော ကျီချန်တောက်နှင့် ဆုံတွေ့ခဲ့ရခြင်း ပင်ဖြစ်သည်။ ထို တိုက်ပွဲတွင် သူက အစွမ်းကုန် ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်လူကို လုံးဝ အနိုင်မယူနိုင်ခဲ့ချေ။ ထို့ထက်ပို၍ ကျီချန်တောက်၏ တစ်ချက်တည်း တိုက်ခိုက်မှုအောက်တွင် သူ၏ မိစ္ဆာခန္ဓာကိုယ် တစ်ဝက်ခန့်ပင် အပိုင်းပိုင်း အဖြတ်ခံခဲ့ရသည်။ အကယ်၍ ရွှေရောင်အတောင်ပံ ပန်ငှက်မျိုးနွယ်၏ ကိုယ်ဖော့ပညာက မိစ္ဆာနယ်မြေ မျိုးနွယ်စုတစ်ရာတွင် ပြိုင်ဘက်ကင်း မဟုတ်ခဲ့ပါက ထို တိုက်ပွဲတွင် သူက နေရာတွင်တင် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤ နှစ်များတစ်လျှောက်တွင် သူက ထို တိုက်ပွဲကို အရှက်ရမှုတစ်ခုအဖြစ် အမြဲတမ်း သတ်မှတ်ခဲ့သည်။ ထို့ကြောင့်ပင် ဤတစ်ကြိမ်တွင် နွားမိစ္ဆာဧကရာဇ်နှင့် အတူတကွ အဆုံးအဖြတ် တိုက်ပွဲကို ဦးဆောင်ရခြင်း ဖြစ်ပြီး အရင်က အရှက်ရမှုများကို ဆေးကြောရန် ပင်ဖြစ်သည်။ ယခုအခါ ကျီချန်တောက်က သူ၏ အတိတ်ကို ဖော်ထုတ်လိုက်သဖြင့် မျက်နှာ အနည်းငယ် ပျက်သွားတော့သည်။ အကယ်၍ အစီအစဉ်အချို့ကိုသာ စိုးရိမ်နေခြင်း မရှိပါက သူက ယခုအခါ ဒေါသ မီးတောက်များကို သည်းခံနိုင်တော့မည် မဟုတ်ဘဲ ကျီချန်တောက်ကို သတ်ဖြတ်ရန် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

"အရင် တစ်ခေါက် တုန်းက ငါ က ပေါ့ဆ သွားလို့ပါ... တကယ်လို့ မျက်နှာချင်းဆိုင် သေချာ တိုက်ခိုက် မယ် ဆိုရင် မင်း က ငါ့ ကို သတ်နိုင်မယ် လို့ ထင်နေတာလား... ဟွန့် တကယ်ကို ရယ်စရာ ကောင်းလိုက်တာ" ဟု ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူ၏ ယုံကြည်မှုကတော့ အရမ်း ပြည့်ဝနေပုံ မပေါ်ချေ။

"အရင် တစ်ခေါက် တုန်းက မင်း ကို မသတ် လိုက်ရဘူး... ဒီ တစ်ကြိမ် လည်း အတူတူ ပဲ... မင်း လို ရွှေရောင် ငှက် က ဒီ တစ်ကြိမ် ဒီလို အခင်းအကျင်း မျိုး လုပ်လာတာ ငါ့ ကို အတင်းအကျပ် လှုပ်ရှား လာအောင် တွန်းအား ပေးချင်လို့ မဟုတ်လား... ကောင်းပြီလေ... ဒီ တစ်ကြိမ် တော့ မင်း ကို ကျေနပ် အောင် လုပ်ပေးလိုက်မယ်"

ကျီချန်တောက်၏ မျက်နှာပေါ်တွင် ဝမ်းသာခြင်း ဒေါသထွက်ခြင်း များကို မမြင်တွေ့ရဘဲ ပြင်းထန်သော ယုံကြည်မှုတစ်ခုကိုသာ ခံစားနိုင်ပေသည်။ လောကကြီးထဲတွင် သူ မသတ်နိုင်သော သူ ဆို၍ မရှိသည့်အလား ပင်ဖြစ်သည်။

"နေပါဦး"

ကျီချန်တောက်က ချက်ချင်း လှုပ်ရှားတော့မည်ကို မြင်သောအခါ ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က အလျင်အမြန် စကားပြောကာ တားဆီးလိုက်သည်။

"ဟင်"

ကျီချန်တောက်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မျက်ဝန်းများထဲတွင် လှောင်ပြောင်မှုအချို့ ဖြတ်ပြေးသွားခဲ့သည်။

"မင်း နဲ့ ငါ သာ လှုပ်ရှား မယ် ဆိုရင် သက်ရှိ သတ္တဝါ တွေ ဒုက္ခ ရောက်ပြီး ဒီ လောက ကြီး ကတောင် တောင့်ခံ နိုင်မှာ မဟုတ်ဘူး... အဲဒီ အစား မင်း နဲ့ ငါ က အောက်က ကလေး တွေကို လောင်းကြေး ထပ်ပြီး ယှဉ်ပြိုင် တိုက်ခိုက် ခိုင်းရင်ရော ဘယ်လိုလဲ... တကယ်လို့ လူသား မျိုးနွယ် ဘက်က နိုင်ရင် မိစ္ဆာ မျိုးနွယ် က မိုင်တစ်ထောင် အနောက် ကို ဆုတ်ပြီး သုံးနှစ် တိုင်တိုင် စစ်ပွဲ မစတင် ဘူး... တကယ်လို့ ငါတို့ မိစ္ဆာ မျိုးနွယ် ရဲ့ ပါရမီရှင် တွေ က နိုင်မယ် ဆိုရင် မင်း ကျီချန်တောက် က အဲဒီ အချိန်က စပြီး ထျန်းယွမ်မြို့ ကနေ ထွက်သွား ပြီး ဆယ်နှစ် တိုင်တိုင် လှုပ်ရှားခွင့် မရှိဘူး... ဘယ်လိုလဲ"

"ငါ က ဘာလို့ မင်း နဲ့ လောင်းကြေး ထပ် ရမှာလဲ... မျိုးနွယ် နှစ်ခု စစ်ပွဲ ဆင်နွှဲ တာကို မင်း လို တိရစ္ဆာန် ကများ ကစားစရာ လို့ ထင်နေတာလား"

ကျီချန်တောက်က လက်ကို နောက်ပစ်ကာ အရာအားလုံးကို အထင်သေးသော အကြည့်ဖြင့် တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ရိုးအမှုကို လှောင်ပြောင်နေသည့်အလား ပင်ဖြစ်သည်။

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်၏ ရင်ထဲတွင် ဒေါသထွက်သွားသော်လည်း အပေါ်ယံတွင်တော့ တမင် သက်သက် ပြောလိုက်သည်။

"ဘာလဲ... မင်း ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် က ဝိညာဉ်နယ်မြေ တစ်ခုလုံး မှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီးတော့ မဝံ့ရဲ လို့လား... ဒါမှမဟုတ် မင်း ကျီချန်တောက် ကလည်း လူသား မျိုးနွယ် တွေ က မိစ္ဆာ မျိုးနွယ် ကို မမီဘူး လို့ ထင်နေတာလား"

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်၏ တမင် သက်သက် ဖန်တီးထားသော မျက်နှာထားကို ကြည့်ရင်း ကျီချန်တောက်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တစ်ခဏမျှ စဉ်းစားပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း ဘယ်လို လောင်းကြေး ထပ် ချင်လို့လဲ"

"အရမ်း ရိုးရှင်းပါတယ်... လူသား နဲ့ မိစ္ဆာ မျိုးနွယ် နှစ်ခု စလုံး က သိုင်းသူတော်စင် အောက်က ပါရမီရှင် သုံးယောက် စီ ထွက်ပြီး ယှဉ်ပြိုင် တိုက်ခိုက် မယ်... ဘယ်ဘက် က အသာစီး ပိုရလဲ ဆိုတာ အပေါ် မူတည်ပြီး အဲဒီ ဘက်က နိုင်တယ် လို့ သတ်မှတ် မယ်... အင်း တစ်ယောက် ပြီး တစ်ယောက် ဆက်တိုက် တိုက်ခိုက် တာမျိုး လည်း ရတယ်"

ထိုသို့ ပြောရင်း ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က ဆက်ပြောလိုက်သည်။

"မင်း နဲ့ ငါ အားလုံး သိကြပါတယ် ထျန်းယွမ် ရဲ့ အခြေခံ အုတ်မြစ် က နှစ်အနည်းငယ် တောင် ဆက်မခံ နိုင်တော့ဘူး... တကယ်လို့ ဒီ တိုက်ပွဲ မှာ လူသား မျိုးနွယ် က နိုင်ရင် အားနည်း တဲ့ အနေအထား မှာ ဆက်ရှိ နေဦးမယ် ဆိုရင်တောင် သုံးနှစ် ငါးနှစ် လောက် အချိန် ဆွဲ လို့ ရနိုင်သေးတယ်... ဖြစ်နိုင်တာ က နှစ်အနည်းငယ် အချိန် က မင်း ကျီချန်တောက် နောက်ထပ် တစ်ဆင့် တက်လှမ်း ဖို့ လုံလောက် နေလောက်ပြီလေ"

ကျီချန်တောက်က အရှေ့ဘက်သို့ ဝေ့ကြည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ကာ တစ်ခုခုကို အာရုံခံနေသည့်အလား ပင်ဖြစ်သည်။ အသက်ရှူကြိမ် အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... မင်း က လောင်းကြေး ထပ် ချင်မှတော့ ငါ က မင်း နဲ့ အတူ လောင်းကြေး ထပ် ပေးရတာပေါ့"

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်တွင် အကြံအစည်အချို့ ရှိနေကြောင်းကို သူ သဘာဝကျကျ မြင်တွေ့နိုင်ပေသည်။ သို့သော် အလားတူပင် သူ့တွင်လည်း အကြံအစည်အချို့ ရှိနေပေသည်။ လောင်းကြေးထပ် ယှဉ်ပြိုင်တိုက်ခိုက်မည့် ရလဒ်ကိုတော့ အမှန်တကယ်တော့ သူ အလေးမထားချေ။ ရှုံးသွားလျှင် ထားလိုက်ပါတော့... အကယ်၍ နိုင်သွားလျှင်တောင် မိစ္ဆာမျိုးနွယ်ဘက်က တကယ်ပဲ တပ်ဆုတ်သွားလိမ့်မည်လား။ ထိုအရာက အခြေခံအားဖြင့် လုံးဝ မဖြစ်နိုင်သော ကိစ္စ ပင်ဖြစ်သည်။

မိစ္ဆာမျိုးနွယ်က ထျန်းယွမ်ကို ဖောက်ထွက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာအောင် ပြင်ဆင်ခဲ့ရာ လောင်းကြေးထပ် ယှဉ်ပြိုင်တိုက်ခိုက်မည့် အရှုံးအနိုင်ကြောင့် ဆုံးဖြတ်ချက် ချလိမ့်မည် လုံးဝ မဟုတ်ချေ။

"ကောင်းတယ်... လူသား မျိုးနွယ် ရဲ့ ကောင်းကင် ကျောက်တိုင် ကြီး ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်... သတ္တိ ရှိတယ်"

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က အကြီးအကျယ် ဝမ်းသာသွားပြီး ဤ တိုက်ပွဲတွင် ပို၍ သေချာမှု ရှိသွားပြီဟု ထင်မြင်လိုက်သည်။ သူ တမင် သက်သက် ဒေါသထွက်အောင် လှုံ့ဆော်ခဲ့ရခြင်းက အချည်းနှီး မဖြစ်သွားတော့ချေ။ သေချာသည်မှာ ကျီချန်တောက်က ဤမျှ ရိုးအစွာဖြင့် လောင်းကြေးထပ် ယှဉ်ပြိုင်တိုက်ခိုက်မည့် ကိစ္စကို သဘောတူလိမ့်မည် မဟုတ်ဘဲ နောက်ကွယ်တွင် နောက်ဆုံး တိုက်ကွက်အချို့ကို တိတ်တဆိတ် ပြင်ဆင်နေလိမ့်မည် ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိရှိထားသည်။ သို့သော် ထိုအရာများက အရေးမကြီးချေ။ ကျီချန်တောက်က မည်မျှပင် တွက်ချက်မှုများ ပြုလုပ်နေပါစေ အကြွင်းမဲ့ စွမ်းအား၏ ရှေ့တွင် လုံးဝ အားနည်းနေဆဲ ပင်ဖြစ်သည်။

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က မိစ္ဆာမျိုးနွယ်ဘက် စခန်းသို့ ပြန်ဆုတ်သွားပြီးနောက် ချက်ချင်းပင် စွမ်းအား အတော်လေး ကောင်းမွန်သော ထိပ်တန်းအဆင့် မိစ္ဆာဘုရင်တစ်ပါးကို စစ်ထွက်ရန် ရွေးချယ်လိုက်သည်။ ပန်သူတော်စင်လေးနှင့် ရွှေရောင်ကျီးကန်း သားတော်တို့ကို မလှုပ်ရှားခိုင်းရခြင်း၏ အကြောင်းရင်းမှာ သဘာဝကျကျ ဤ တိုက်ပွဲတွင် ရှုံးခွင့်သာ ရှိပြီး နိုင်ခွင့် မရှိသောကြောင့် ပင်ဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ်ကို အချို အနည်းငယ်မျှ မြည်းစမ်းခွင့် မပေးပါက ကျီချန်တောက်က ဤ တိုက်ပွဲကို ဘယ်လိုလုပ်ပြီး ဆက်လက် ဖြစ်ပွားခွင့် ပြုနိုင်မည်နည်း။

ရွေးချယ်ခံလိုက်ရသော ထို ထိပ်တန်းအဆင့် မိစ္ဆာဘုရင်မှာ ရွှေရောင် ရေနဂါးတစ်ကောင် ဖြစ်ပြီး ရွှေနဂါးမင်းဟု ခေါ်ဆိုကြသည်။ စွမ်းအားက ပန်သူတော်စင်လေးနှင့် ရွှေရောင်ကျီးကန်း သားတော် ကဲ့သို့သော ထိပ်တန်းအဆင့် တည်ရှိမှုများကို မမီသော်လည်း ဝမ်ယောင်းမြို့အတွင်းတွင်တော့ ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ပင်ဖြစ်သည်။ စွမ်းအားက အလွန် အားနည်းခြင်း မရှိချေ။

"ငါ ဒီ နေရာ မှာ ရှိတယ်... ဘယ်သူ က ငါ နဲ့ ယှဉ်ပြိုင် တိုက်ခိုက် ရဲလဲ"

ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ခန္ဓာကိုယ် ကြံ့ခိုင်ကြီးမားသည့် လူသန်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ခေါင်းထက်တွင် ဦးချိုတစ်ချောင်း ပေါက်နေပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါက ကောင်းကင်နှင့် မြေကြီး ယွမ်ချီစွမ်းအင်များကို လိုက်ပါ လှုပ်ရှားလာစေသည်။ မိစ္ဆာအငွေ့အသက်များ လွှမ်းခြုံနေပြီး ခန့်ညားထည်ဝါသော အသံကြီးက လေဟာနယ်တွင် တုန်ခါနေပေသည်။

ကျန်းချဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ချက်ချင်းပင် လှုပ်ရှားတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ကျီချန်တောက်က ကောင်းကင်ကိုးထပ် နတ်နှင်းရည်စက်ကို သူ့ထံ ပေးအပ်မည်ဟု သဘောတူထားသော်လည်း အကယ်၍ စစ်အကျိုးဆောင်မှုအချို့ကို တည်ဆောက်နိုင်မည် ဆိုပါက ပို၍ လွယ်ကူရိုးရှင်းလိမ့်မည်ဟု ကျန်းချဲ့ ထင်မြင်မိသည်။ ယခုလက်ရှိ သူ၏ စွမ်းအားအရ ဆိုလျှင် ရေနဂါးတစ်ကောင်ကို ဖိနှိပ်ရန် ဆိုသည်မှာ လက်ဖဝါး လှန်လိုက်သကဲ့သို့ လွယ်ကူလှပေသည်။

သို့သော် သူ လှုပ်ရှားတိုက်ခိုက်ရန် အချိန်ပင် မရလိုက်မီ ကျီချန်တောက်က မျက်လုံးများကို ဖွင့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒီ တိုက်ပွဲ ကို ဓားမိစ္ဆာ လှုပ်ရှား လိုက်ပါ... နိုင်ခွင့် သာ ရှိတယ် ရှုံးခွင့် မရှိဘူး"

"ဟုတ်ကဲ့ပါ"

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဓားမိစ္ဆာ ကျန်းဆန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ကျန်းချဲ့ကို 'ငါ ရှိရင် လုံလောက်ပါပြီ' ဟု ပြောနေသည့်အလား အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် ဓားမိစ္ဆာက အရှေ့ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

အပိုစကား များစွာ ပြောဆိုနေခြင်း မရှိတော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဓားအလင်းတန်း သောင်းပေါင်းများစွာ လင်းလက်သွားပြီး ပတ်ဝန်းကျင် ပေတစ်ထောင်အတွင်းကို ဓားနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားစေတော့သည်။ယ

အခန်း ၅၁၈ မင်းတို့ အားလုံး အတူတူ ဝင်လာခဲ့လိုက်စမ်းပါ

ဓားမိစ္ဆာ ကျန်းဆန်း၏ စွမ်းအားက မည်သို့မျှ သံသယဝင်စရာ မလိုချေ။ အရင်က ကျန်းချဲ့ ယွမ်ရှန်းအဆင့် ပြီးပြည့်စုံခြင်းသို့ မရောက်ရှိသေးချိန်တွင် တစ်ဖက်လူကို လွယ်လွယ်ကူကူ အနိုင်မယူနိုင်ခဲ့ဘဲ အချိန်အကြာကြီး ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသည်။

နောက်ဆုံးတွင် ကျန်းချဲ့က အစွမ်းထက်ဆုံး အသက်ကယ်တိုက်ကွက် ဖြစ်သော ကောင်းကင်နှင့်မြေကြီး ပုံစံ ဓမ္မရုပ်တု မဟာနတ်စွမ်းရည်ကို အသုံးပြုပြီးမှသာ တစ်ဖက်လူကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်နယ်မြေ တစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုလျှင်တောင် ဓားမိစ္ဆာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စစ်မှန်သောသခင် အရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်သည်ဟု ကျန်းချဲ့ ထင်မြင်မိသည်။ ထိုအထဲတွင် မြောက်ပိုင်း လူရိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်စပ်ရှိ တောင်တန်းကြီးတစ်သိန်း တို့ကိုပါ ထည့်သွင်း ရေတွက်ထားခြင်း ပင်ဖြစ်သည်။

ဓားမိစ္ဆာ ကျန်းဆန်းသည် သိုင်းသူတော်စင်အဆင့်၏ အောက်တွင် အထွတ်အထိပ် နေရာ၌ ရပ်တည်နေပြီဟု ဆိုနိုင်ပေသည်။

ဓားမိစ္ဆာက လှုပ်ရှားလိုက်သည်နှင့် အနည်းငယ်မျှ ချန်လှပ်ထားခြင်း မရှိဘဲ အစွမ်းကုန် ထုတ်သုံးကာ မရဏကမ္ဘာသို့ ကျဆင်းခြင်း ဟူသော ဓားသိုင်း သတ်ဖြတ်ခြင်း တိုက်ကွက်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထို ရွှေနဂါးမင်း အပေါ်သို့ အလွန် ကြီးမားသော ဖိအားကို ပေးစွမ်းလိုက်သည်။

၎င်းတို့ နှစ်ဦး၏ တိုက်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် မျက်တောင်တစ်ခတ်အတွင်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ရင်ဆိုင်တိုက်ခိုက်မှုများက ကောင်းကင်နှင့် မြေကြီးကို အဆက်မပြတ် လွှမ်းခြုံသွားပြီး ဓမ္မရုပ်တုနှင့် ရေနဂါး အစစ်အမှန် ခန္ဓာကိုယ်များ ဆက်တိုက် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် ပေတစ်သောင်း အကျယ်အဝန်းမှာ ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင် ဖြစ်လာပြီး အချိန်တိုလေးအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး မှောင်မိုက်သွားသည်အထိ သတ်ဖြတ်နေကြသည်။

ရွှေနဂါးမင်း၏ စွမ်းအားက အားနည်းခြင်း မရှိဘဲ ဝမ်ယောင်းမြို့တွင် ထိပ်တန်းအဆင့်၌ ရှိသော်လည်း ဓားမိစ္ဆာ ကျန်းဆန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ကျနေဆဲ ပင်ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက်စာ အချိန်တိုလေး အတွင်းမှာပင် သွေးများ အဆက်မပြတ် အန်ထွက်လာသည်အထိ ရိုက်နှက်ခံလိုက်ရသည်။

ရေနဂါး ခန္ဓာကိုယ် ကြီးမှာလည်း အကြေးခွံများ စုတ်ပြဲသွားပြီး သွေးသားများ ဖရိုဖရဲ လွင့်စင်သွားတော့သည်။

နောက်ဆုံးတွင် သိုင်းသူတော်စင်အဆင့် လက်နက်ကို အတင်းအကျပ် ထုတ်သုံးလိုက်ရပြီးမှသာ ရှုံးနိမ့်တော့မည့် အခြေအနေကို ယာယီ တားဆီးနိုင်ခဲ့သည်။ သို့သော် သိုင်းသူတော်စင်အဆင့် လက်နက် ဆိုသည်မှာ အစစ်အမှန် ထိပ်တန်း စွမ်းအားရှင်များ အတွက်တော့ အလွန်အမင်း ရှားပါးလှသည်ဟု မဆိုနိုင်ချေ။

ရွှေနဂါးမင်း ပိုင်ဆိုင်ထားသကဲ့သို့ ဓားမိစ္ဆာ ကျန်းဆန်း ကလည်း အလားတူ ပိုင်ဆိုင်ထားပေသည်။

ငရဲပြည်သို့ ဆင်းသက်ခြင်း...

ကောင်းကင်ယံကို လှုပ်ခတ်ခြင်း...

ဤ သတ်ဖြတ်ခြင်း တိုက်ကွက် နှစ်ခု ထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံ အပြည့် ဓားအလင်းတန်းများ အဖြစ် ပြောင်းလဲသွားတော့သည်။ ထို့အပြင် ဓားအလင်းတန်းကို ပိုးချည်မျှင် အဖြစ် ပြောင်းလဲသော အမြင့်ဆုံး ဓားသိုင်းပညာကိုပါ အသုံးပြုလိုက်သေးသည်။ အလွန် သေးငယ် သိမ်မွေ့သော ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာတိုင်း ရွှေနဂါးမင်း ကို ကြီးမားသော ဖိအားများ ခံစားလိုက်ရစေသည်။

ဓားမိစ္ဆာ ထုတ်သုံးလိုက်သော စွမ်းအားက အရင်က ကျန်းချဲ့နှင့် ရင်ဆိုင်တိုက်ခိုက်စဉ်ကထက်ပင် အများကြီး သာလွန်နေပေသည်။ သေချာသည်မှာ ထိုအချိန်က ဓားမိစ္ဆာ ချန်လှပ်ထားခဲ့ခြင်း မဟုတ်ဘဲ ဤတစ်ကြိမ်တွင် သိုင်းသူတော်စင်အဆင့် လက်နက်ကို အသုံးပြုထားသောကြောင့် ပင်ဖြစ်သည်။

သတ်ဖြတ်ခြင်း စွမ်းအားမှာ နတ်လက်နက် အသုံးပြုခြင်းနှင့် သဘာဝကျကျ အလွန် ကြီးမားသော ကွာဟချက် ရှိပေသည်။ နှိုင်းယှဉ်ချက် အရ ကျန်းချဲ့ ကလည်း သိုင်းသူတော်စင်အဆင့် လက်နက်ကိုသာ အသုံးပြုမည် ဆိုပါက စွမ်းအားက သေချာပေါက် ကွာခြားသွားမည် ပင်ဖြစ်သည်။

နောက်ထပ် လက်ဖက်ရည်တစ်ခွက်စာ အချိန် ကုန်ဆုံးသွားပြီးနောက် ဓားမိစ္ဆာက ရွှေနဂါးမင်း၏ ဦးချိုတစ်ချောင်းကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သည်နှင့်အတူ ဤတိုက်ပွဲ၏ အဆုံးသတ်ကို လုံးဝ ကြေညာလိုက်တော့သည်။ ရွှေနဂါးမင်း မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားပြီး မိစ္ဆာမျိုးနွယ် စခန်းဘက်သို့ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

"ဝေါင်း"

"ဝေါင်း"

"ဝေါင်း"

စစ်အစီအရင်၏ အရှေ့ဘက်တွင် နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဓားမိစ္ဆာ ကျန်းဆန်းက ကောင်းကင်နှင့် မြေကြီးကြားတွင် မာနကြီးစွာ မတ်မတ်ရပ်နေသည်။ သူ၏ အနောက်ဘက်တွင်တော့ ထောင်သောင်းချီသော လူများ၏ အားပေး သြဘာသံများ ထွက်ပေါ်နေသည်။ ပထမဆုံး တိုက်ပွဲတွင် အနိုင်ရရှိလိုက်ခြင်းက စိတ်ဓာတ်များကို မျက်တောင်တစ်ခတ်အတွင်း နိုးကြားတက်ကြွသွားစေသည်။

၎င်းနှင့် ဆန့်ကျင်ဘက် အနေဖြင့် မိစ္ဆာမျိုးနွယ် ဘက်တွင်တော့ မောက်မာ ရိုင်းစိုင်းသော ဟန်ပန်များကို အပြင်းအထန် ရိုက်နှက်ခံလိုက်ရသည်။

သို့သော် မိစ္ဆာသူတော်စင်များ ရှိနေသော နေရာတွင်တော့ မည်သူကမျှ အော်ဟစ် ဒေါသထွက်နေခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲ မစတင်မီ ကတည်းက ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က ဤတိုက်ပွဲတွင် ရှုံးခွင့်သာရှိပြီး နိုင်ခွင့်မရှိဟု အမိန့်ပေးထားသောကြောင့် ပင်ဖြစ်သည်။ လူသားမျိုးနွယ် လောင်းကြေးထပ် ယှဉ်ပြိုင်ခြင်း မပြုလုပ်မည်ကို စိုးရိမ်သဖြင့် ထျန်းယွမ်မြို့ကို အချို အနည်းငယ် ကျွေးရမည် ပင်ဖြစ်သည်။

ရွှေနဂါးမင်းက ခေါင်းကို ငုံ့ထားပြီး တစ်ကိုယ်လုံးမှ နဂါးသွေးများ အဆက်မပြတ် ယိုစီးကျနေသည်။ မိစ္ဆာသူတော်စင် များစွာကို တည့်တည့် မကြည့်ဝံ့ဘဲ အမှားတစ်ခုခု ကျူးလွန်ထားသည့်အလား ရှေ့ရေး မှောင်မိုက်နေတော့သည်ဟု ခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် ကြိုတင် ပြောဆိုထားမှု ရှိသော်လည်း သူ ရှုံးနိမ့်သွားခြင်းက တကယ်ကို မြန်ဆန်လွန်းလှသည်။ အချိန် တစ်နာရီခန့် အတွင်းမှာပင် ဓားမိစ္ဆာကို ရှုံးနိမ့်သွားခဲ့သည်။ အထူးသဖြင့် သူ့တွင် သိုင်းသူတော်စင်အဆင့် လက်နက် ကာကွယ်မှု ရှိနေသည့်အပြင် ကြံ့ခိုင်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အားသာချက် ရှိနေလျက်နှင့်ပင် ဖြစ်သည်။ အကယ်၍ သိုင်းသူတော်စင်အဆင့် လက်နက်သာ မရှိခဲ့ပါက လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် သေချာပေါက် ရှုံးနိမ့်သွားမည်ဟု သူ ကိုယ်တိုင် ခံစားမိသည်။

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က ရွှေနဂါးမင်းကို အလေးမထားချေ။ အသေးအမွှား ထိပ်တန်းအဆင့် မိစ္ဆာဘုရင် တစ်ကောင်က သူ အလေးထားရန် မတန်ချေ။ တစ်ဖက်လူက မိစ္ဆာသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မှသာ သူ၏ မျက်စိထဲသို့ အနည်းငယ် ရောက်ရှိလာမည် ဖြစ်သည်။ သူ၏ အကြည့်များကို ဘေးရှိ တိုက်ခိုက်လိုစိတ်များ မြင့်တက်နေသော ပန်သူတော်စင်လေး တောက်ယွင်ထျန်း ထံသို့ ရွှေ့လိုက်သည်။

"ယွင်ထျန်း ဒီ တိုက်ပွဲ မှာ မင်း လှုပ်ရှား လိုက်... နိုင်ခွင့် သာ ရှိတယ် ရှုံးခွင့် မရှိဘူး... အဲဒီ လူသား မျိုးနွယ် ရဲ့ ပါရမီရှင် ကို သတ်နိုင်ရင် အကောင်းဆုံးပဲ"

လူသားနှင့် မိစ္ဆာမျိုးနွယ် နှစ်ခုမှာ အတူယှဉ်တွဲ နေထိုင်၍ မရနိုင်သော ရန်သူများ ဖြစ်ကြသည်။ မျက်နှာချင်းဆိုင်ရှိ ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် တွေ့ဆုံရပါက မည်သည့် သိုင်းပညာရှင် စည်းကမ်းကိုမျှ ဂရုစိုက်နေမည် မဟုတ်ဘဲ အဆင့်အတန်း လျှော့ချ၍ အနိုင်ကျင့်ရမည် ဆိုလျှင်တောင် တစ်ဖက်လူကို အရင်ဆုံး သတ်ဖြတ်ပစ်ရမည် ဖြစ်သည်။ နောင်တစ်ချိန်တွင် ဒုက္ခပေးမည့်သူ ဖြစ်လာမည်ကို ကာကွယ်ရန် ပင်ဖြစ်သည်။

"မိစ္ဆာဧကရာဇ် ရဲ့ ဒီ စကား ကြောင့် ယွင်ထျန်း စိတ်အေး သွားပါပြီ... ဒီ လူ ကို ကျွန်တော်မျိုး ဖမ်းဆီး သတ်ဖြတ် တာကို စောင့်ကြည့် နေလိုက်ပါ"

ပန်သူတော်စင်လေးက စိတ်ဓာတ် တက်ကြွနေပြီး အစစ်အမှန် နာမည်ကျော်ကြားလာစေရန် တိုက်ပွဲကြီး တစ်ပွဲကိုသာ ဆင်နွှဲချင်နေသည်။ ယခုအခါ ရွှေရောင်ကျီးကန်း သားတော် လုဝူယာကို ကျော်လွန်ရန် မမျှော်လင့်တော့သော်လည်း နာမည်ကျော်ကြားမှု အပိုင်းတွင်တော့ တစ်ဖက်လူနှင့် တန်းတူ ရပ်တည်နိုင်ရန် မျှော်လင့်နေဆဲ ပင်ဖြစ်သည်။

ဤတိုက်ပွဲတွင် သူသာ တစ်ယောက်တည်းဖြင့် သုံးယောက်စလုံးကို အနိုင်ယူနိုင်ပါက လောကတစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေမည် ဖြစ်သည်။ ဝိညာဉ်နယ်မြေမှ လူသားမျိုးနွယ် ဖြစ်စေ မိစ္ဆာနယ်မြေမှ မိစ္ဆာမျိုးနွယ် ဖြစ်စေ ထိုအချိန်မှစ၍ သူ၏ နာမည်ကို ချီးကျူး ထောပနာ ပြုကြမည် ဖြစ်သည်။

စကားသံ အဆုံးတွင် ပန်သူတော်စင်လေးက အနည်းငယ်မျှ တွေဝေနေခြင်းမရှိဘဲ အစစ်အမှန် ခန္ဓာကိုယ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ ပေတစ်ရာ အရွယ်အစားရှိသော ရွှေရောင်အတောင်ပံ ပန်ငှက်ကြီးက ကောင်းကင်နှင့် မြေကြီးတွင် မာနကြီးစွာ ဟိန်းဟောက်လိုက်ပြီး အတောင်ပံ တစ်ချက် ဖြန့်ကျက်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ပေထောင်ပေါင်းများစွာ အကွာအဝေးသို့ ပျံသန်းသွားတော့သည်။ ချက်ချင်း နေရာရွှေ့ပြောင်းသွားသည့်အလား ပင်ဖြစ်သည်။

ဤသည်မှာလည်း ရွှေရောင်အတောင်ပံ ပန်ငှက်မျိုးနွယ်၏ အကြီးမားဆုံးသော သွေးကြော နတ်စွမ်းရည် ပင်ဖြစ်သည်။ ကောလာဟလများအရ ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က အတောင်ပံ တစ်ချက် ဖြန့်ကျက်လိုက်ရုံဖြင့် မိုင်တစ်ထောင်ကို ဖြတ်ကျော်နိုင်ပြီး အထက်တွင် ကောင်းကင်ယံသို့ တက်လှမ်းနိုင်ကာ အောက်တွင် မရဏကမ္ဘာသို့ ဝင်ရောက်နိုင်ပြီး မလုပ်နိုင်သည့်အရာ မရှိဟု ဆိုကြသည်။

"ရွှီး..."

သိမ်းငှက် အော်မြည်သံ တစ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

နောက်တစ်ခဏတွင် ရွှေရောင်အတောင်ပံ ပန်ငှက်က အနည်းငယ်မျှ နှုတ်ဆက်ခြင်း မရှိဘဲ မျက်နှာချင်းဆိုင်သည်နှင့် တစ်ပြိုင်နက် စတင် လှုပ်ရှားလိုက်သည်။ အတောင်ပံများကို ခတ်လိုက်ရာ ထက်မြက်လှသော အရှိန်အဝါ သောင်းပေါင်းများစွာက မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး ဓားမိစ္ဆာ ကျန်းဆန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ရွှေရောင်အတောင်ပံ ပန်ငှက်မျိုးနွယ်၏ သားတော် တစ်ဦးအနေဖြင့် ပန်သူတော်စင်လေး၏ စွမ်းအားက သိုင်းသူတော်စင်အဆင့် အောက်တွင် အထွတ်အထိပ်၌ ရှိနေသည်ဟု ဆိုနိုင်ပေသည်။ သိုင်းသူတော်စင် တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် အကွက်အနည်းငယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ သူက အနိုင်မယူနိုင်သော်လည်း သူသာ ထွက်ပြေးချင်ပါက သိုင်းသူတော်စင်အဆင့်ကို စတင် ဝင်ရောက်ကာစ တည်ရှိမှုကပင် သူ့ကို တားဆီးရန် ခက်ခဲလှပေသည်။ ယခုအခါ သူ လှုပ်ရှားလိုက်သည်နှင့် အရှိန်အဝါက အလွန် ကြီးမား ခမ်းနားလှပေသည်။

ဓားမိစ္ဆာ ကျန်းဆန်း၏ မျက်နှာထားက တည်တင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ အရင်က ကျန်းချဲ့နှင့် ရင်ဆိုင်ခဲ့ရစဉ်က အတိုင်းပင် ဖြစ်သည်။ ရင်ထဲတွင် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိဘဲ ဤတစ်ကြိမ် ပြိုင်ဘက်က ခုနက ရွှေနဂါးထက် အများကြီး သာလွန်နေကြောင်း နားလည်ထားသည်။

" မရဏကမ္ဘာ လမ်းစဉ်... ကောင်းကင်နဲ့ မြေကြီး ပြတ်တောက်ခြင်း ရေကန်"

ဓားမိစ္ဆာက သိုင်းသူတော်စင်အဆင့် လက်နက်ကို ကိုင်ဆောင်ကာ လက်ဖြင့် ဓားမန္တန်ကို ပုံဖော်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏ အရှေ့တွင် ပေတစ်ရာ အရွယ်အစားရှိသော ဓားရေကန်ကြီးတစ်ခု ထွက်ပေါ်လာပြီး အဆုံးအစမရှိသော ဓားအလင်းတန်းများ လင်းလက်နေကာ အရှေ့တွင် ကာကွယ်ထားလိုက်သည်။ အဆုံးအစမရှိသော ထက်မြက်သည့် အရှိန်အဝါများ အချင်းချင်း ရင်ဆိုင် တိုက်မိသွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဓားပုံစံ ဓမ္မရုပ်တုက လေဟာနယ်တွင် ထင်ဟပ်နေပြီး ပန်သူတော်စင်လေး၏ အစစ်အမှန် ခန္ဓာကိုယ်ထံသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ အထွတ်အထိပ် ရင်ဆိုင် တိုက်ခိုက်မှုကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

ပြင်ပလောက စစ်မြေပြင်၏ နှစ်ဖက်စလုံးမှ မရေမတွက်နိုင်သော အကြည့်များက လေဟာနယ်တွင် ယှဉ်ပြိုင်တိုက်ခိုက်နေသော ပုံရိပ်နှစ်ခုအပေါ်သို့ ကျရောက်သွားကြသည်။ ဧရာမ ဓမ္မရုပ်တုနှင့် အစစ်အမှန် ခန္ဓာကိုယ်တို့ အဆက်မပြတ် ရင်ဆိုင် တိုက်မိကြရာ သိုင်းသူတော်စင်အောက်ရှိ စစ်မှန်သောသခင်များနှင့် မိစ္ဆာဘုရင် များစွာကို အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားစေသည်။ ဤသည်ကသာ သိုင်းသူတော်စင်အောက်ရှိ အမြင့်ဆုံး ကန့်သတ်ချက် ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။ ၎င်းမှာ လူသားနှင့် မိစ္ဆာမျိုးနွယ် နှစ်ခုစလုံး၏ ထိပ်တန်း ပါရမီရှင်များ ရင်ဆိုင် တိုက်ခိုက်ခြင်းလည်း ဖြစ်ပေသည်။

ကျီချန်တောက်က လက်ကို နောက်ပစ်ထားပြီး အကြည့်များက နက်ရှိုင်းနေကာ တစ်ခုခုကို စဉ်းစားနေသည့်အလား ပင်ဖြစ်သည်။ တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးနှင့် ပတ်ဝန်းကျင်ရှိ သိုင်းသူတော်စင် များစွာကတော့ လေးနက်သော မျက်နှာထားများ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယှဉ်ပြိုင် တိုက်ခိုက်နေမှု အခြေအနေက သိပ်ပြီး အကောင်းမြင်စရာ မရှိသောကြောင့် ပင်ဖြစ်သည်။ ဓားမိစ္ဆာ၏ စွမ်းအားက ထူးချွန်သော်လည်း ထို ရွှေရောင်အတောင်ပံ ပန်ငှက်ကလည်း သာမန် မဟုတ်ချေ။ အထူးသဖြင့် ထွက်ပြေးတိမ်းရှောင်သည့် အမြန်နှုန်းမှာ ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပတ်ဝန်းကျင် ပေတစ်သောင်း အတွင်းတွင် ဟိုဘက်ဒီဘက် ရှောင်တိမ်း ရွေ့လျားနေမှုက ချက်ချင်း နေရာရွှေ့ပြောင်း နေသည့်အလား ပင်ဖြစ်သည်။ ဓားမိစ္ဆာ ကျန်းဆန်းက တစ်ဖက်လူကို အခြေခံအားဖြင့် ခုတ်ပိုင်း၍ မရနိုင်ချေ။

"ရွှေရောင်အတောင်ပံ ပန်ငှက် က မိစ္ဆာနယ်မြေ ရဲ့ ဧကရာဇ် မျိုးနွယ် နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်... ရွှေရောင်အတောင်ပံ ပန်ငှက် တိုင်း ရဲ့ စွမ်းအား က သာမန် မဟုတ်ဘူး... ဝမ်ယောင်းမြို့ ထဲက အဲဒီ ပန်ငှက် မိစ္ဆာသူတော်စင် ဆိုရင် ထင်ရှားသော သူတော်စင်အဆင့် မဟာစွမ်းအားရှင် နဲ့တောင် နှိုင်းယှဉ် လို့ ရတယ်... ဒီ ထိပ်တန်း အဆင့် မိစ္ဆာဘုရင် ကလည်း အလားတူပဲ... မိစ္ဆာနယ်မြေ ထဲမှာ သာမန် မဟုတ်လောက်ဘူး... ဒီ တိုက်ပွဲ မှာ ဓားမိစ္ဆာ အန္တရာယ် ရှိနေပြီ" ဟု ရွှယ်ဖျင်ဇူက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ဓားမိစ္ဆာနှင့် ရွှေရောင်အတောင်ပံ ပန်ငှက်တို့၏ အမြန်နှုန်းက အလွန် မြန်ဆန်ပြီး သာမန်လူများ ခြေရာ မခံနိုင်သော်လည်း သိုင်းသူတော်စင်များ အတွက်မူ ရှင်းလင်းစွာ မြင်တွေ့နေရဆဲ ပင်ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်ပင် သူက ဤကဲ့သို့ သက်ပြင်းချလိုက်ရခြင်း ဖြစ်သည်။

"မှန်တယ်... တကယ်လို့ အခွင့်အရေး ရှိမယ် ဆိုရင် ဒီ ရွှေရောင်အတောင်ပံ ပန်ငှက် ကို လုံးဝ အသက်ရှင်လျက် အပြန် မလွှတ် ပေးသင့်ဘူး... အဲဒီလိုမှ မဟုတ်ရင် နောင်တစ်ချိန် မှာ သေချာပေါက် ရင်ဆိုင်ရ ခက်ခဲတဲ့ မိစ္ဆာသူတော်စင် တစ်ပါး ထပ်ဖြစ်လာဦးမှာပဲ"

"တကယ်လို့ မယှဉ်နိုင်ဘူး ဆိုရင် ဓားမိစ္ဆာ က ခေါင်းမာ မနေဖို့ မျှော်လင့်ရတာပဲ... အရင်က တစ်ပွဲ နိုင်ထား ပြီးပြီမို့ ဒီ တိုက်ပွဲ ရှုံးသွားရင်တောင် ကိစ္စ မရှိပါဘူး" ဟု သိုင်းသူတော်စင်တစ်ပါးက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဓားမိစ္ဆာ ကျန်းဆန်းမှာ ထျန်းယွမ်မြို့၏ နောက်ထပ် သိုင်းသူတော်စင် အဖြစ် ကြိုတင် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အဆင့်အတန်းက အလွန် မြင့်မားလှရာ ဆုံးရှုံးခံ၍ မဖြစ်ချေ။ ဤတိုက်ပွဲတွင် ကျဆုံးသွားရန် ပို၍ပင် မသင့်တော်ချေ။ မည်သို့ပင်ဆိုစေ ဓားမိစ္ဆာ၏ အနောက်တွင် ကျန်းချဲ့ ရှိနေသေးသည် မဟုတ်ပါလား။ ကိုးလက်မ ယွမ်ရှန်း ကန့်သတ်ချက်ကို ချိုးဖျက်ထားသော ကျန်းချဲ့၏ စွမ်းအားက သိုင်းသူတော်စင်အောက်တွင် အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းတို့၏ အကြီးမားဆုံးသော အားကိုးရာ လည်း ဖြစ်ပေသည်။ မည်သို့ပင် တိုက်ခိုက်ပါစေ ဤ လောင်းကြေးထပ် ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ရန် မဖြစ်နိုင်ဘူးဟု ထင်မြင်ထားကြသည်။

ကျန်းချဲ့ ကတော့ စကားတစ်ခွန်းမျှ မပြောဘဲ လေဟာနယ်တွင် ယှဉ်ပြိုင်တိုက်ခိုက်နေမှုကိုသာ အာရုံစိုက် ကြည့်ရှုနေပြီး မျက်ဝန်းများက အတော်လေး တည်တင်းနေပေသည်။ ထို ရွှေရောင်အတောင်ပံ ပန်ငှက်၏ အစွမ်းထက်မှုကို သူ အာရုံခံမိပြီး မိစ္ဆာမျိုးနွယ်၏ ထိပ်တန်း ပြိုင်ဘက်ကင်း မိစ္ဆာဘုရင် သေချာပေါက် ဖြစ်ပေသည်။ အကယ်၍ သူသာ ယွမ်ရှန်းအဆင့် ပြီးပြည့်စုံခြင်းသို့ မရောက်ရှိသေးပါက တစ်ဖက်လူကို အနိုင်ယူရန် ဆိုသည်မှာ သေချာပေါက် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ပေမည်။ သေချာသည်မှာ သူ၏ ယခုလက်ရှိ ပိုင်ဆိုင်ထားသော စွမ်းအားအရ ဆိုလျှင် တစ်ဖက်လူကို ဖိနှိပ်ရန် ဆိုသည်မှာ အခြေခံအားဖြင့် လုံးဝ ပြဿနာ မရှိချေ။

"ကောင်းတယ်... ငါတို့ မိစ္ဆာနယ်မြေ ရဲ့ ထိပ်တန်း ပါရမီရှင် နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်"

"ဟားဟားဟား... ဒီတစ်ကြိမ် ပန်သူတော်စင်လေး လှုပ်ရှား တာမို့ လောင်းကြေးထပ် ယှဉ်ပြိုင် တိုက်ခိုက် မယ့် ရလဒ် က သံသယ ဖြစ်စရာ မလိုတော့ဘူး"

လူသားမျိုးနွယ်မှ သိုင်းသူတော်စင် အချို့၏ စိုးရိမ်ပူပန်မှုများနှင့် နှိုင်းယှဉ်ပါက ယခုအခါ တိုက်ပွဲကို စောင့်ကြည့်နေသော မိစ္ဆာသူတော်စင် များစွာကတော့ အလွန် ဝမ်းသာပျော်ရွှင်နေကြပြီး ပန်သူတော်စင်လေး၏ စွမ်းဆောင်ရည်အပေါ် အလွန် ကျေနပ်နေကြသည်။ ယခုလက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤတိုက်ပွဲက သံသယဖြစ်စရာ မရှိတော့ချေ။

"မှန်တယ်... ဧကရာဇ် သွေးကြော မျိုးဆက် နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်... တကယ်ပဲ သာမန် မဟုတ်ဘူး... ပန်သူတော်စင်လေး ရဲ့ စွမ်းအား ကို ကြည့်ရတာ အရင် ကထက် အများကြီး ပိုပြီး အစွမ်းထက် လာတယ်... ကျူးချွဲ သားတော် နဲ့ နဂါးနန်းတော် အိမ်ရှေ့မင်းသား ကြီး တောင်မှ..."

မိစ္ဆာသူတော်စင်တစ်ပါးက စိတ်အားထက်သန်စွာ ပြောဆိုလိုက်သော်လည်း ချက်ချင်းပင် ကျူးချွဲမျိုးနွယ် နှင့် အစစ်အမှန် နဂါးမျိုးနွယ်မှ မိစ္ဆာသူတော်စင်များ၏ မလိုမုန်းတီးသော အကြည့်များကို မြင်တွေ့လိုက်ရသဖြင့် စကားသံ ချက်ချင်း ရပ်တန့်သွားတော့သည်။

ရွှေရောင်ကျီးကန်း သားတော် လုဝူယာ ကတော့ စကားတစ်ခွန်းမျှ မပြောဘဲ ဤတိုက်ပွဲက သူနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ပင်ဖြစ်သည်။ သေချာသည်မှာ လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ အကယ်၍ ပန်သူတော်စင်လေး ကသာ တစ်ယောက်တည်းဖြင့် သုံးယောက်စလုံးကို အနိုင်ယူနိုင်ပါက သူ ထပ်မံ လှုပ်ရှားစရာ မလိုတော့ချေ။ ပန်သူတော်စင်လေး က ယနေ့ မိစ္ဆာနယ်မြေတွင် နာမည်ကျော်ကြားသွားလျှင်တောင် သူ သိပ်ပြီး ဂရုမစိုက်ချေ။ မည်သို့ပင် ပြောစေကာမူ ပန်သူတော်စင်လေး မည်မျှပင် နာမည်ကျော်ကြားပါစေ အရင်က သူ့ကို ရှုံးနိမ့်ခဲ့ဖူးသည့် ကိစ္စကို ဖျက်ပစ်၍ မရနိုင်သောကြောင့် ပင်ဖြစ်သည်။

"နွား မိစ္ဆာဧကရာဇ်... ငါတို့ မျိုးနွယ် ရဲ့ သားတော် က ဘယ်လိုလဲ" ဟု ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်က လက်ကို နောက်ပစ်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

ပန်ငှက်မျိုးနွယ်၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် ဤတိုက်ပွဲတွင် ပန်သူတော်စင်လေး ကသာ တစ်ယောက်တည်းဖြင့် သုံးယောက်စလုံးကို အနိုင်ယူနိုင်ပါက သူတို့ ပန်ငှက်မျိုးနွယ် တစ်ခုလုံး ဂုဏ်ယူဝင့်ကြွားရမည် ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် ကြီးမားသော စစ်အကျိုးဆောင်မှုကြီး တစ်ခုကို တည်ဆောက်နိုင်မည် ပင်ဖြစ်သည်။

"ရွှေရောင်ကျီးကန်း သားတော် ထက် နည်းနည်းတော့ အားနည်း သေးတယ်" ဟု နွားမိစ္ဆာဧကရာဇ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ကောင်းကင်စိမ်း မိစ္ဆာနွား မျိုးနွယ်တွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် မရှိသဖြင့် သူက တစ်ဖက်လူကို သဘာဝကျကျ မြှောက်ပင့် ပြောဆိုနေမည် မဟုတ်ချေ။ ထို့အပြင် မိစ္ဆာဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူက ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်ထက် အားနည်းခြင်း မရှိသဖြင့် တစ်ဖက်လူ၏ မျက်နှာကို ငဲ့ကွက်နေမည် မဟုတ်ချေ။

ရွှေရောင်ပန်ငှက် မိစ္ဆာဧကရာဇ်၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး နှာခေါင်းရှုံ့လိုက်သော်လည်း ထူးဆန်းစွာပင် ဤကိစ္စနှင့် ပတ်သက်၍ ပြန်လည် ချေပခြင်း မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ပန်သူတော်စင်လေး က အစွမ်းထက်သည်မှာ မှန်သော်လည်း ရွှေရောင်ကျီးကန်း သားတော် ကတော့ လူတိုင်း အသိအမှတ် ပြုထားသော နတ်မျိုးစေ့ ဖြစ်ပြီး နောင်တစ်ချိန်တွင် သေချာပေါက် မိစ္ဆာဧကရာဇ် ဖြစ်လာမည့် တည်ရှိမှု ပင်ဖြစ်သည်။

ထို အရည်အချင်းက မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်ပြီး ထို ဖူဆန်းတောင်ကြား မှာပင် ရွှေရောင်ကျီးကန်း သားတော် ကြောင့် နာမည်ကျော်ကြားလာခဲ့ရခြင်း ပင်ဖြစ်သည်။ မိစ္ဆာနယ်မြေ တစ်ခုလုံး အတွင်းတွင် ရွှေရောင်ကျီးကန်း သားတော် တစ်ကောင်တည်းသာ ရှိပြီး အထက်ဘုံမှ ကျဆင်းလာသော မိစ္ဆာဧကရာဇ် သွေးကြော ဟု ကောလာဟလများ ထွက်ပေါ်နေကာ မိစ္ဆာဧကရာဇ် နန်းတော် တစ်ခုလုံး က အလွန် အလေးထားသောကြောင့် ပင်ဖြစ်သည်။

"ဘုန်း..."

ကြောက်မက်ဖွယ်ကောင်းသော ရင်ဆိုင်တိုက်ခိုက်မှုများက ဆက်လက် ဖြစ်ပေါ်နေသည်။ ပေနှစ်ရာနီးပါး ရှိသော ရွှေရောင်အတောင်ပံ ပန်ငှက် အစစ်အမှန် ခန္ဓာကိုယ်ကြီးက လေဟာနယ်ကို ဖြတ်သန်းသွားပြီး တိုက်ခိုက်မှု တစ်ချက်တိုင်းက လေဟာနယ်ကို တုန်ခါသွားစေသည်။ ဧရာမ ဓားပုံစံ ဓမ္မရုပ်တု ကလည်း ဓားတစ်ချက်ချင်းစီ ခုတ်ပိုင်းနေပြီး ပန်သူတော်စင်လေး ပင်လျှင် အတင်းအကျပ် မခုခံဝံ့အောင် ထက်မြက်လှပေသည်။ ၎င်းတို့ အသီးသီးမှာ လူသားနှင့် မိစ္ဆာမျိုးနွယ် နှစ်ခုစလုံး၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြရာ စွမ်းအားပိုင်းတွင် ကွာဟချက် အချို့ ရှိသော်လည်း အရှုံးအနိုင် ခွဲခြားရန်မှာ အလွန် ခက်ခဲလှပေသည်။ ယခုအခါ လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာအောင် ယှဉ်ပြိုင် တိုက်ခိုက်ပြီးသော်လည်း အရှုံးအနိုင် အခြေအနေက အဝေးကြီး လိုအပ်နေသေးသည်။

လေဟာနယ်တွင် နောက်ထပ် တိုက်ခိုက်မှု တစ်ချက် လှိုင်းထန်သွားပြီးနောက် ပန်သူတော်စင်လေး က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"အရမ်း ကောင်းတယ်... လူသား မျိုးနွယ် ရဲ့ ထိပ်တန်း ပါရမီရှင် ဓားမိစ္ဆာ နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်... ငါ မင်း ကို ဖိနှိပ် ချင်ရင်တောင် အဲဒီလောက် မလွယ်ကူ ဘူး... နှမြောစရာ က... မင်း က နောက်ဆုံးမှာ ငါ့ ထက် တစ်လှမ်း နောက်ကျ နေတုန်းပဲ... ဒီနေ့တော့ ငါ့ ရဲ့ သွေးသား အစားအစာ ဖြစ်လာဖို့ ပြင်ထားလိုက်တော့... ပြိုင်ဘက်ကင်း ပါရမီရှင် ရဲ့ အရသာ က သေချာပေါက် အရမ်း ကောင်းမွန် မှာပဲ"

"စကားများ လိုက်တာ" ဟု ဓားမိစ္ဆာ ၏ မျက်နှာထားက တည်ငြိမ်နေပြီး အောက်စီးမှ ရောက်နေလျှင်တောင် ဤအခိုက်အတန့်တွင် အနည်းငယ်မျှ အထိတ်တလန့် ဖြစ်သွားခြင်း မရှိချေ။

မျက်လုံးများကို ဖွင့်လိုက်ရာ မှိုင်းညို့သော ဓားအလင်းတန်း တစ်ခုက မျက်တောင်တစ်ခတ်အတွင်း ခုတ်ပိုင်းသွားပြီး ထို့နောက် ချက်ချင်းပင် သူက ထို သိုင်းသူတော်စင်အဆင့် ဓားကို အစွမ်းကုန် လှုံ့ဆော်လိုက်တော့သည်။ လေဟာနယ်အတွင်း ပေရာပေါင်းများစွာ အရွယ်အစားရှိသော နတ်ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ပန်သူတော်စင်လေး၏ အသက်ရှူသံကို တိုက်ရိုက် ပိတ်လှောင်ထားလိုက်သည်။

"ဒီနေ့ ငါ က မင်း ကို အစစ်အမှန် ရွှေရောင်အတောင်ပံ ပန်ငှက် ဆိုတာ ဘာလဲ ဆိုတာကို သိအောင် လုပ်ပြမယ်" ဟု ပန်သူတော်စင်လေးက ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ပါးစပ်ထဲမှ အစိမ်းရောင် သိုင်းသူတော်စင်အဆင့် ပုတီးစေ့ တစ်လုံးကို တိုက်ရိုက် ထွေးထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို မျက်တောင်တစ်ခတ်အတွင်း ရပ်တန့်သွားစေတော့သည်။

မိစ္ဆာသူတော်စင် နယ်ပယ် တစ်ခုနှင့် တူညီသော တည်ရှိမှုမျိုး ဖြစ်လာသဖြင့် ဓားမိစ္ဆာ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။

"မင်း အစွမ်းကုန် လှုပ်ရှား မယ့် အချိန်ကို စောင့်နေတာပဲ" ဟု ပန်သူတော်စင်လေး က အဆက်မပြတ် အေးစက်စွာ ရယ်မောလိုက်သည်။ အရင်က ကောင်းကင်နှိမ်နင်းရေး နတ်ပုတီးစေ့ ကို အသုံးမပြုခဲ့ခြင်းမှာ ဤ လူသားမျိုးနွယ် ပါရမီရှင် အစွမ်းကုန် လှုပ်ရှားမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း သက်သက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤ လူသားမျိုးနွယ် ပါရမီရှင်၏ စွမ်းအားက သူထက် အများကြီး မနိမ့်ကျချေ။ အဆုံးအဖြတ် တိုက်ကွက် တစ်ချက်တည်း ဖြင့်သာ အောင်ပွဲကို အစစ်အမှန် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ကောင်းကင်နှိမ်နင်းရေး နတ်ပုတီးစေ့ ထွက်ပေါ်လာသည်နှင့် လေဟာနယ် အတွင်းရှိ သိုင်းသူတော်စင်အဆင့် ဓားကို တိုက်ရိုက် ရပ်တန့်သွားစေပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကိုပါ ချက်ချင်း ရပ်တန့်သွားစေတော့သည်။ နောက်တစ်ခဏတွင် ရွှေရောင်အတောင်ပံ ပန်ငှက် ၏ ကိုယ်ပေါ်တွင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး အရောင်ငါးမျိုး အလင်းတန်းများက ပုံရိပ်ယောင် နတ်ငှက် တစ်ကောင် အဖြစ် ပြောင်းလဲသွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်း လေဟာနယ်ကို နေရာရွှေ့ပြောင်းသွားပြီး ဓားမိစ္ဆာ ကျန်းဆန်း ထံသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။

ဤကဲ့သို့သော ဖုံးကွယ်ထားသည့် အစွမ်းထက် နတ်စွမ်းရည် ထွက်ပေါ်လာသည်နှင့် ဓားမိစ္ဆာ ပင်လျှင် မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ ရုတ်တရက် တိုက်ခိုက်လာသော အရှိန်အဟုန်ကြောင့် သူ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ဝိညာဉ် နေရာလွတ် အတွင်း ဖုံးကွယ်ထားသော လျှို့ဝှက်နည်းလမ်း အချို့ကိုသာ ထုတ်ယူ သုံးစွဲလိုက်ရတော့သည်။

"ဘုန်း..."

ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ဓားမိစ္ဆာက အရောင်ငါးမျိုး နတ်အလင်းတန်းများ၏ လွှမ်းခြုံမှုကို မျက်တောင်တစ်ခတ်အတွင်း ခံလိုက်ရသည်။ နည်းလမ်းပေါင်းစုံ ထုတ်သုံးလိုက်သော်လည်း ကိုယ်တွင်းအင်္ဂါများ ဖောက်ထွင်းခံလိုက်ရဆဲ ပင်ဖြစ်သည်။ သူကိုယ်တိုင်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နတ်စွမ်းရည်အဆင့် ရှိသည့် တည်ရှိမှု ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဤအခိုက်အတန့် မှာပင် ကောင်းကင်နှိမ်နင်းရေး နတ်ပုတီးစေ့ ၏ အစွမ်း ပျက်ပြယ်သွားပြီး သိုင်းသူတော်စင်အဆင့် ဓားက ကောင်းကင်ကို ခွဲဖျက်နိုင်သော နတ်အလင်းတန်း တစ်ခုအဖြစ် ခုတ်ပိုင်းချလိုက်သည်။ စွမ်းအားက အလွန် အစွမ်းထက်သော်လည်း ပြဿနာမှာ ပန်သူတော်စင်လေး ကို မထိမှန်ခဲ့ခြင်း ပင်ဖြစ်သည်။

ဓားမိစ္ဆာက နှုတ်ခမ်းထောင့်ရှိ သွေးစများကို သုတ်လိုက်ပြီး ခန္ဓာကိုယ် အတွင်းရှိ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး မျက်လုံးများပင် နီရဲလာကာ အသက်စွန့် တိုက်ခိုက်ရန် သွေးချီစွမ်းအင်များကို လောင်ကျွမ်းစေရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် ဤအခိုက်အတန့် မှာပင် သူ၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီ တိရစ္ဆာန် ကို ငါ့ ဆီ လွှဲထားလိုက်"

ဓားမိစ္ဆာက နောက်သို့ လှည့်ကြည့်လိုက်ပြီး ကျန်းချဲ့နှင့် အကြည့်ချင်း ဆုံသွားသည်။ အသက်ရှူကြိမ် အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမာပြီး ဆက်လက် မတိုက်ခိုက်တော့ဘဲ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ စွမ်းအား အချို့ ကျန်ရှိနေသေးချိန်တွင် ထို သိုင်းသူတော်စင်အဆင့် ဓားကို ပြန်လည် ခေါ်ယူလိုက်ပြီး ထျန်းယွမ်မြို့ ဆီသို့ ပျံသန်း ပြန်လည် ဆုတ်ခွာသွားတော့သည်။

ဤကဲ့သို့ လုပ်ဆောင်လိုက်ခြင်းက ပန်သူတော်စင်လေး ၏ အရှိန်အဝါကို သေချာပေါက် ပိုမို ကြီးမားသွားစေသည်။ ယခုအခါ သူက လေဟာနယ်တွင် အတောင်ပံများကို အဆက်မပြတ် ခတ်ကာ ပျံသန်းနေပြီး ပါးစပ်မှလည်း မာနကြီးသော စကားများကို ဟစ်အော်နေတော့သည်။

"အသေးအမွှား လူသား မျိုးနွယ် တွေက တကယ်ပဲ တစ်ချက်တည်း ကိုတောင် မခုခံ နိုင်ဘူးပဲ... မင်းတို့ ဆီမှာ ဘယ်လို ထိပ်တန်း ပါရမီရှင် တွေ ရှိသေးလဲ... အားလုံး အတူတူ ဝင်လာခဲ့လိုက်စမ်းပါ... ငါ က သွေးထွက်သံယို တိုက်ပွဲ ကြီး တစ်ပွဲ ကို ဖြတ်သန်း ခဲ့ရပေမဲ့ သိုင်းသူတော်စင် အောက်မှာတော့ လောက ကြီး ထဲမှာ ပြိုင်ဘက်ကင်း ဖြစ်နေတုန်းပဲ"

"သူ့ကို သတ်လိုက်" ဟု ကျီချန်တောက်က မျက်လုံးများကို ဖွင့်ကာ စကားလုံး အနည်းငယ်ကို ဖွဖွလေး ပြောလိုက်သည်။

ကျန်းချဲ့က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ဤကဲ့သို့သော တောင်းဆိုချက်အပေါ် အနည်းငယ်မျှ အံ့အားသင့်သွားခြင်း မရှိသည့်အလား ပင်ဖြစ်သည်။ ထို့နောက် လေဟာနယ် အထက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ တစ်ကိုယ်လုံးရှိ နဂါးဖိနှိပ်မှုများက ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လွှမ်းခြုံသွားပြီး ကောင်းကင်ကို ဖုံးကွယ်ထားသော အရှိန်အဝါကြီး တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်း လေဟာနယ်ရှိ အာရုံစိုက်မှု ဗဟိုချက် အဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters