အခန်း (၂၂၇-၂၂၈)
Vol. 16 Ch. 227-228
အခန်း (၂၂၇)
ကိုးကွေ့ကောင်းကင်မြစ်အတွင်းသို့ တတိယအကြိမ် ဝင်ရောက်ခြင်း
"ဒီလိုနည်းနဲ့ 'ကောင်းကင်နဲ့ မြေကမ္ဘာကျင့်စဉ်' ကို ရရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး။"
ပြိုင်ဘက်ကင်း နတ်ဘုရားကျင့်စဉ်ကို အခြေခံလျက်၊ ချူရွှမ်သည် အချိန်တိုလေးအတွင်းမှာပင် ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့သည်။
မဟာချင်ပြည်ထောင်၏ ဌာနနှစ်ခုနှင့် အစောင့်တပ်ဖွဲ့တစ်ခုစီတွင် သိုင်းပညာရှင်များအနေဖြင့် မဟာဆရာသခင် နယ်ပယ်သို့ ဖောက်ထွက်နိုင်ရန် သော့ချက်ဖြစ်သော နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်တစ်ခုစီ ရှိကြပေသည်။
ဂူယွဲ့ထံမှ သူသည် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ သွေးနတ်ဘုရားကျင့်စဉ်ကို ရရှိခဲ့သည်။ မုရုံနန်ထံမှ သူသည် မိစ္ဆာနှိမ်နင်းရေးဌာန၏ ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်ကို ရရှိခဲ့သည်။
"အခုတော့ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ်တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါကို ရဖို့ ငါ့မှာ ဘာနည်းလမ်းမှ မရှိသေးဘူး..."
"ဒါ့အပြင် မြို့စောင့်အကျဉ်းထောင်ဌာနက ငါ့အပေါ် ကျေးဇူးတရားတွေ ရှိခဲ့တာမို့... လူသတ်ပြီး လုယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."
၎င်းကို တွေးမိရုံမျှဖြင့် ချူရွှမ် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ သူ ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ အချိန်မှာ နောက်ကျနေပြီ ဖြစ်သည်။ သူသည် သင်းပျံ့ကောင်းကင်ဆောင်ပေါ်မှ လျင်မြန်စွာ ဆင်းသက်ခဲ့တော့သည်။
သင်းပျံ့ကောင်းကင်ဆောင်အတွင်း၌ ဆိုင်ရှင်နှင့် အစေခံများသည် ခန္ဓာကိုယ်များ တောင့်တင်းလျက်၊ မျက်ဝန်းများ ဝေဝါးနေကြသည်၊ အကြောင်းမူကား ချူရွှမ်က သူတို့အပေါ် ဝိညာဉ်ထိန်းချုပ်ခြင်းအတတ်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုခဲ့သောကြောင့် ဖြစ်ပေသည်။ ချူရွှမ် အဝေးသို့ ရောက်ရှိသွားချိန်ကျမှသာ သူက လက်ချောင်းကို ညင်သာစွာ တစ်ချက် တောက်လိုက်တော့သည်။
ဖျောက်!
ထိုအခါမှသာ သင်းပျံ့ကောင်းကင်ဆောင်၏ ဆိုင်ရှင်နှင့် အစေခံများ သတိပြန်လည်လာခဲ့ကြသည်။ အစေခံအများအပြားမှာ ဝိညာဉ်ရှာဖွေရေး ဆိုင်ရာ မေးခွန်းသုံးခွန်းကို ချက်ချင်းပင် ရေရွတ်မိကြတော့သည်... "တို့တွေက ဘယ်သူလဲ၊ ဘယ်နေရာကို ရောက်နေတာလဲ၊ ပြီးတော့ ဘာလုပ်နေကြတာလဲ"
"ဘာလုပ်နေတာလဲ ဟုတ်လား။ အလုပ်လုပ်နေတာပေါ့။ ဒီနေ့ တို့ရဲ့ သင်းပျံ့ကောင်းကင်ဆောင် တစ်ခုလုံးကို ဆန်းကြယ်တဲ့ ဧည့်သည်တစ်ယောက်က သီးသန့် ဘွတ်ကင်လုပ်ထားတာကို မမေ့သွားကြပြီလား"
"အဲဒီ ဆန်းကြယ်တဲ့ ဧည့်သည် ရောက်မလာသေးဘူးလားဆိုတာ အမြန်သွားကြည့်ကြစမ်း။ ဘယ်ကောင်မဆို ပေါ့ဆလို့ကတော့ ဒီနေ့ လစာထက်ဝက် ဖြတ်ပစ်မယ်!" မလှမ်းမကမ်းမှ သင်းပျံ့ကောင်းကင်ဆောင် ဆိုင်ရှင်၏ ဒေါသတကြီး ကြိမ်းမောင်းသံ ထွက်ပေါ်လာခဲ့သည်။
အစေခံများလည်း ချက်ချင်း သတိဝင်လာကြပြီး ဟင်းပွဲများကို သယ်ဆောင်ကာ ဝိုင်များကို ငှဲ့ကြတော့သည်။ သို့သော် သူတို့ အပေါ်ထပ်သို့ တက်သွားကြချိန်တွင် ဆန်းကြယ်သော ဧည့်သည်ကို မတွေ့ရဘဲ မြေပြင်ပေါ်၌ ပြာပုံကြီးတစ်ခုသာ ထူးဆန်းစွာ ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရသည်။ ဆိုင်ရှင်၏ မျက်နှာမှာ ချက်ချင်းပင် စိမ်းဖတ်သွားခဲ့ရပြီး "ဒါ ဘယ်သောက်ကောင် လုပ်သွားတာလဲ။ လစာဖြတ်ရမယ်... နှစ်ဆတိတိကို ဖြတ်ပစ်ရမယ်!" ဟု အော်ဟစ်တော့သည်။
...တစ်ချိန်တည်းမှာပင်။
ညဉ့်မှောင်မိုက်လာခဲ့သော်လည်း မိစ္ဆာနှိမ်နင်းရေးဌာန၏ အဓိက ဂိတ်တံခါးကြီးမှာမူ ထိန်ထိန်လင်းနေဆဲ ဖြစ်ပေသည်။ ဂျွန်းလင် စားသောက်ပွဲကြီး ကျင်းပရန် နီးကပ်လာခဲ့ပြီဖြစ်ရာ၊ အရာအားလုံး အဆင်ပြေချောမွေ့စေရန်အတွက် လက်ဝဲအမတ်ချုပ်နှင့် တော်ဝင်နန်းတော်တို့က ရက်ပေါင်းတစ်ရာအတွင်း မြို့တော်အတွင်း၌ မည်သည့် မိစ္ဆာ သို့မဟုတ် နတ်ဆိုးမျှ မရှိစေရဟူသော အမိန့်တော်ကို ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မြို့တော်အတွင်းရှိ မိစ္ဆာနှိမ်နင်းရေးဌာန၏ မိစ္ဆာနှိမ်နင်းအရာရှိကြီးများမှာ အရုဏ်တက်ချိန်မှသည် ညဉ့်နက်ပိုင်းအထိ အလွန်အမင်း အလုပ်ရှုပ်နေခဲ့ကြရသည်။
သို့သော်လည်း ချူရွှမ် ရုပ်ဖျက်ထားသော မုရုံနန် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရချိန်တွင်၊ ထိုမိစ္ဆာနှိမ်နင်းရေးအရာရှိများသည် မည်မျှပင် အလုပ်ရှုပ်နေကြပါစေဦးတော့... သူ့အား ရိုသေစွာဖြင့် အလျင်အမြန်ပင် အရိုအသေပေးလိုက်ကြပြီး၊ ချူရွှမ်ကလည်း ပြန်လည်ပြုံးပြလိုက်လေသည်။ ၎င်းက ထိုမိစ္ဆာနှိမ်နင်းရေးအရာရှိ အမြောက်အမြားကို အတိုင်းထက်အလွန် ကြည်နူးဂုဏ်ယူသွားစေခဲ့သည်။
အတိတ်က မုရုံနန်သည် လွန်စွာ မောက်မာထောင်လွှားလှပြီး လူတိုင်းကို အထင်သေးတတ်သူဖြစ်ကြောင်း သိထားရပေမည်။ ဤမျှသာမန် ကိုယ်ရံတော်အစောင့်များကို ထားလိုက်ဦး... နတ်အဆင့်ရှိသော စုံထောက်အရာရှိများပင်လျှင် မုရုံနန်၏ တည့်တည့်စိုက်ကြည့်ခြင်းကို ခံရလေ့မရှိချေ။
အဆုံးသတ်တွင်မူ မိစ္ဆာနှိမ်နင်းရေးဌာန၏ နံပါတ်တစ် ပါရမီရှင်ပီပီ၊ မုရုံနန်သည် နောင်အနာဂတ်တွင် မဟာဆရာသခင် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန် သေချာပေါက် ကံပါလာပြီးသားဖြစ်သောကြောင့်တည်း။
"ဒီနေ့ သခင်လေးမုရုံ တစ်ခုခု အဆင်ပြေစရာ ကိစ္စရှိပုံရတယ်၊ တို့တွေကိုတောင် ပြုံးပြသွားသေးတယ်"
"ထူးဆန်းတယ်... သခင်လေးမုရုံ ဘာဖြစ်လို့ ကိုးကွေ့ကောင်းကင်မြစ်ဆီကို ဦးတည်သွားနေရတာလဲ မသိဘူး"
"ဟူး... တို့ မိစ္ဆာနှိမ်နင်းရေးဌာနရဲ့ နံပါတ်တစ် ပါရမီရှင်ပီသပါပေတယ်။ ကြားရသလောက်တော့ ကိုးကွေ့ကောင်းကင်မြစ်မှာ မမျှော်လင့်ဘဲ အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့လို့ အခု ဘယ်သူ့ကိုမှ ခြေတစ်လှမ်းမျှ ပေးမဝင်တော့ဘူးဆိုတာကို"
ဤမိစ္ဆာနှိမ်နင်းရေးအရာရှိများသည် မနာလိုဝန်တိုမှုအချို့ဖြင့် တိုးတက်တိတ်တိတ် ဆွေးနွေးနေကြသော်လည်း မည်သူမျှ သူ့ကို သွားရောက်တားဆီးရန် မဝံ့ရဲကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ပါးနပ်စွာဖြင့် လမ်းကို ဖယ်ပေးလိုက်ကြတော့သည်။ ချူရွှမ်သည် ကိုးကွေ့ကောင်းကင်မြစ်နှင့် ပတ်သက်၍ ပိုမို၍ပင် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေသည်။
သူသည် မကြာမီမှာပင် ကောင်းကင်မြစ်၏ ပထမဆုံးအပိုင်းဆီသို့ နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် အသစ်တည်ဆောက်ထားသော နန်းဆောင်ငယ်တစ်ခုကိုလည်း သူ မြင်တွေ့လိုက်ရ၏။ နျိုဖူ၏ ပြောပြချက်အရ ဤနန်းဆောင်ငယ်သည် ထိုမဟာဆရာသခင် ကျွမ်းကျင်သူအတွက် သီးသန့်ပြင်ဆင်ပေးထားခြင်း ဖြစ်ပေသည်။
ချူရွှမ်သည် သူ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်သည်နှင့် နန်းဆောင်ငယ်အတွင်း၌ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသော အဘိုးအိုတစ်ဦးကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်တော့သည်။
သူ၏ မျက်နှာမှာ ပိန်လှီခြောက်ကပ်နေပြီး သူ၏မျက်ဝန်းအစုံမှာ လျှပ်စီးအလား ထက်မြက်လှပေသည်။ ကိုးကွေ့ကောင်းကင်မြစ်အတွင်း၌ ဘေးဆိုးတစ်ခု ကြုံတွေ့ခဲ့ရကတည်းက၊ သူသည် ဤနေရာ၌ အစဉ်တစိုက် အခြေစိုက် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်ပေသည်။
"ဘယ်သူလဲ"
တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို အာရုံခံမိသည့်အလား၊ နန်းဆောင်အတွင်းရှိ မဟာဆရာသခင် ကျွမ်းကျင်သူသည် သူ၏မျက်လုံးများကို အေးစက်စွာ ဖွင့်လိုက်ရာ၊ သူ၏အကြည့်များမှာ မီးအိမ်နှစ်လုံးအလား ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ထိုးဖောက်သွားခဲ့တော့သည်။
ဤသူကား လက်ရှိ မြို့တော် မိစ္ဆာနှိမ်နင်းရေးဌာန၌ ကျန်ရှိနေသေးသော မဟာဆရာသခင် သုံးဦးအနက် တစ်ဦးဖြစ်သည့် မဟာဆရာသခင် လုံယန် ပင် ဖြစ်ပေသည်။ ထို့ပြင် သူသည် မုရုံနန်၏ ဆရာလည်း ဖြစ်၏။
နျိုဖူသည် ဤအကြောင်းအရာအားလုံးကို ကြိုတင်၍ အသေးစိတ် ရှင်းပြထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် မဟာဆရာသခင် လုံယန်နှင့် ရင်ဆိုင်ရချိန်တွင် ချူရွှမ်သည် လုံးဝ တည်ငြိမ်ရဲတင်းစွာဖြင့် လက်ချင်းယှက် အရိုအသေပြုလျက် "ဆရာသမားကို ဂါရဝပြုပါတယ်ခင်ဗျာ" ဟု ဆိုလိုက်သည်။
"နန်အာ... မင်းကိုး။ ညသန်းခေါင်ကြီး ကျင့်ကြံအားထုတ်မနေဘဲ ဘာလို့ ဒီကို ရောက်လာရတာလဲ။ မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိလို့လား" လုံယန်၏ မျက်နှာအမူအရာမှာ များစွာ ပြေလျော့သွားခဲ့ရသည်။ သူသည် ဤပါရမီရှင် တပည့်ကြီးအပေါ် လွန်စွာ စိတ်ကျေနပ်အားရမှု ရှိပေသည်။
ချူရွှမ်သည် မုရုံနန်၏ အမူအရာအတိုင်း တုပလျက် ရိုသေစွာ လက်ချင်းယှက်ကာ "ဆရာသမား... ကျွန်တော်မျိုးမှာ ဘာအခက်အခဲမှ မရှိပါဘူးခင်ဗျာ။"
"အမှန်တော့... မကြာသေးခင်ကမှ ကျွန်တော်မျိုးဟာ မဟာဆရာသခင် နယ်ပယ်ကို ဖောက်ထွက်နိုင်မယ့် လမ်းစကို ရှာဖွေတွေ့ရှိလုနီးပါး ဖြစ်နေသလို ခခံစားရလို့ပါ။"
"ဒါကြောင့်မို့လို့ ဆရာသမားအနေနဲ့ ချွင်းချက်အနေနဲ့ ကျွန်တော်မျိုးကို ကိုးကွေ့ကောင်းကင်မြစ်ထဲ ဝင်ရောက်ပြီး ကျင့်ကြံခွင့်ပြုဖို့ တောင်းခံချင်တာ ဖြစ်ပါတယ်ခင်ဗျာ"
"ဘာ... မင်းက မဟာဆရာသခင် နယ်ပယ်ကို ဖောက်ထွက်နိုင်မယ့် လမ်းစကို ရှာတွေ့ပြီ ဟုတ်လား။ မဖြစ်နိုင်တာ။"
"မကြာသေးခင်ကမှ ငါ့ရဲ့ ကူညီမှုနဲ့ ခြေလှမ်းတစ်ဝက် မဟာဆရာသခင်အဆင့်ကို မနည်း ရောက်ခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်ဆန်နိုင်ရတာလဲ..."
ဝုန်း!
ချူရွှမ်သည် လိုက်လံရှင်းပြမနေတော့ဘဲ 'ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်' ကို တိုက်ရိုက် လှုံ့ဆော်လိုက်တော့သည်။ လှည့်စားခြင်း အောင်မြင်ရန်အတွက် ပထမဆုံးသော ခြေလှမ်းမှာ စစ်မှန်မှုကို ပြသခြင်းပင် ဖြစ်ပေသည်။ နောက်ပြီး ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်ကို ထုတ်ဖော်ပြသခြင်းထက် ပိုမို၍ စစ်မှန်သောအရာ ဘာရှိဦးမည်နည်း။
ပထမအချက်အနေဖြင့် ဤအရာကား မိစ္ဆာနှိမ်နင်းရေးဌာန၏ မဟာဆရာသခင်များနှင့် ၎င်းတို့၏ တပည့်ရင်းများသာ ကျင့်ကြံခွင့်ရှိသော ကိုယ်ပိုင်ကျင့်စဉ် ဖြစ်ပေသည်။
ဒုတိယအချက်အနေဖြင့် သူသည် ဤကျင့်စဉ်ကို လတ်တလောမှ တတ်မြောက်ခဲ့ခြင်းဖြစ်သော်လည်း၊ ချူရွှမ်၏ စစ်မှန်သော သိုင်းပညာကျင့်ကြံမှုနယ်ပယ်မှာ မဟာဆရာသခင် စတုတ္ထအလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ၊ သာမန်ကာလျှံကာ တုပရုံမျှဖြင့်တင် ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်၏ စွမ်းအားကို မဟာဆရာသခင်အဆင့် နီးပါးအထိ ချက်ချင်း မြင့်တက်သွားစေခဲ့သည်။
တတိယအချက်အနေဖြင့် ဤသို့ပြုလုပ်ခြင်းက လုံယန်အနေဖြင့် သူ၏ အမှတ်သရုပ်အမှန်အပေါ် သံသယဝင်ခြင်းမှ သိမ်မွေ့စွာ တားဆီးပေးနိုင်ပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ချူရွှမ် ထုတ်ဖော်ပြသလိုက်သော ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့လိုက်ရချိန်တွင်၊ လုံယန်သည် ပထမဦးစွာ ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက် လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့သည်။
သူသည် ချူရွှမ်၏ သရုပ်မှန်ကို စိစစ်ရန် မသိစိတ်အရ မေ့လျော့သွားခဲ့ပြီး အားပါးတရ ရယ်မောလျက် ခေါင်းညိတ်ကာ "ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်၊ နန်အာ... မင်းက တကယ်ပဲ ငါ့ရဲ့ တပည့်ကောင်းပါပေတယ်။"
"မင်း ကိုးကွေ့ကောင်းကင်မြစ်ထဲကို ဘယ်အချိန်မဆို ဝင်နိုင်သလို၊ မင်း သွားချင်တဲ့ ဘယ်အပိုင်းကိုမဆို စိတ်ကြိုက် သွားနိုင်တယ်!"
လုံယန်သည် တိုကင်တံဆိပ်ပြားတစ်ခုကို အလွန်အသင့်ဖြစ်စွာဖြင့် လွှင့်ပစ်ပေးလိုက်တော့သည်။ ချူရွှမ်သည်လည်း အားနာမနေတော့ဘဲ ထိုတိုကင်ကို လှမ်းယူကာ ကောင်းကင်မြစ် တည်ရှိရာ ဧရာမ တောင်တန်းကြီးအတွင်းသို့ တိုက်ရိုက် လှောက်လှမ်းဝင်ရောက်ခဲ့တော့သည်။
သူသည် ကောင်းကင်မြစ်၏ ပထမ၊ ဒုတိယ သို့မဟုတ် တတိယအပိုင်းများဆီသို့ သွားရန် လုံးဝ မဖြစ်နိုင်ချေ။ အဆုံးသတ်တွင်မူ ထိုနေရာများအားလုံးမှာ ကြာမြင့်စွာကတည်းက ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။
"အခု ငါ ဝင်လို့ရတာက ကောင်းကင်မြစ်ရဲ့ စတုတ္ထမြောက် အပိုင်းတစ်ခုတည်းပဲ ရှိတော့တယ်!"
ထို့ပြင် ကောင်းကင်မြစ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အပြောင်းအလဲများကြောင့်၊ ချူရွှမ်မှလွဲ၍ အခြားမည်သူမျှ ဝင်ရောက်ခဲ့ခြင်းမရှိသဖြင့် ၎င်းက ချူရွှမ်အား အကြောင်းရင်းမရှိဘဲ ပိုမို၍ ဝမ်းမြောက်သွားစေခဲ့သည်။
"မဟာဆရာသခင်တစ်ဦးကို ဆရာအဖြစ် ရရှိထားတာက တကယ်ကို ကောင်းတာပဲ။ ငါ ကိုးကွေ့ကောင်းကင်မြစ်ထဲကို ငါ ဆန္ဒရှိတဲ့ ဘယ်အချိန်မဆို ဝင်လို့ ရနိုင်တာပဲ!"
ထူးခြားသော ဟင်းလင်းပြင်တစ်ခုကို ဖြတ်သန်းပြီးနောက်၊ ချူရွှမ်သည် ကောင်းကင်မြစ်၏ စတုတ္ထမြောက်အပိုင်းအတွင်းသို့ ဘေးကင်းချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤနေရာရှိ ဝိညာဉ်ချီစွမ်းအင်များ၏ သိပ်သည်းဆမှာ ယခင် အပိုင်းသုံးပိုင်းထက်ပင် ပိုမို၍ ထူထပ်သိပ်သည်းလှပေသည်။
သူ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ ရှောင်ပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် နဂါးဝိညာဉ်ကိုးကောင်ကို ဦးဆောင်ကာ အပြင်သို့ ပြေးထွက်လာခဲ့ကြပြီး ကောင်းကင်မြစ်အတွင်း၌ ပျော်ရွှင်စွာဖြင့် လှည့်လည် ကူးခတ်နေကြတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် နဂါးကိုးဖော် ဝိုင်အိုးကြီးသည်လည်း ကောင်းကင်မြစ်၏ အထက်တွင် ပျံဝဲလျက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့တော့သည်။
ချူရွှမ်သည်လည်း သဘာဝကျစွာဖြင့် အားနာမနေခဲ့ချေ။ သူသည် "ဖုန်း" ကနဲ အသံနှင့်အတူ ရေထဲသို့ ခုန်ဆင်းလိုက်ပြီးနောက်၊ ‘ဘိုးဘေးနဂါးကျင့်စဉ်’ ကို ချက်ချင်း အသက်သွင်းလိုက်ကာ၊ လတ်တလောမှ ရရှိထားသော 'ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်' ကိုပါ ၎င်းအတွင်းသို့ တိုက်ရိုက် ပေါင်းစပ်ထည့်သွင်းလိုက်တော့သည်။
ဆန်းကြယ်လှသော မြင်ကွင်းတစ်ခု နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။ ချူရွှမ်၏ ခန္ဓာကိုယ်အတွင်း၌ ရွှေရောင်နဂါးကြီးများ ဟိန်းဟောက်လိုက်သည့်အလား ရှိနေတော့သည်။
ထို့ပြင် ၎င်းမှာ ရွှေရောင်နဂါးကြီး လေးကောင် တစ်ပြိုင်နက်တည်း အတူတကွ ဟိန်းဟောက်နေခြင်း ဖြစ်ပေသည်။ ဤရွှေရောင်နဂါးကြီး လေးကောင်မှာ ချူရွှမ် ပေါင်းစပ်ကျင့်ကြံထားခဲ့သော နိုင်ငံတော်စောင့် နတ်ဘုရားကျင့်စဉ် လေးခုဖြစ်သည့်...
သန့်စင်သောမီးလျှံကျင့်စဉ်၊
ယင်ကိုးပါးကျမ်းစာ၊
သွေးနတ်ဘုရားကျင့်စဉ် နှင့်
ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ် တို့ကို ကိုယ်စားပြုနေခြင်း ဖြစ်ပေသည်။
"ဒါပေမဲ့ အဲဒီထဲမှာ... အနောက်က ရွှေရောင်နဂါးသုံးကောင်ကတော့ လုံးဝ ပြည့်စုံနေပေမဲ့၊ ပထမဆုံးဖြစ်တဲ့ သန့်စင်သောမီးလျှံကျင့်စဉ်ကြောင့် ဖြစ်တည်လာတဲ့ ရွှေရောင်နဂါးကြီးကတော့ အနည်းငယ် ဝေဝါးနေတုန်းပဲ။"
"ဒါက ငါရရှိထားတဲ့ သန့်စင်သောမီးလျှံကျင့်စဉ်က မပြည့်စုံသေးတာကြောင့် ဖြစ်ရမယ်။ ကြည့်ရတာတော့... နောက်ကျမှ ငါ ကြာနီဂိုဏ်းဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ဖို့ တကယ်လိုအပ်နေပြီပဲ။”
အခန်း (၂၂၈)
ကောင်းကင်မြစ်ကို ခမ်းခြောက်စေခြင်း
ယခင်က ချူရွှမ်သည် တော်ဝင်နန်းတော်နှင့် မိစ္ဆာနှိမ်နင်းရေးဌာနတို့၏ ဖိအားအချို့ကို မိမိထံမှ လွှဲပြောင်းရန်အတွက် ကြာနီဂိုဏ်းကို ဒိုင်းတစ်ခုအဖြစ် အသုံးချရန် တွေးတောခဲ့ဖူးသည်။
သို့သော် ၎င်းက အတိတ်ကသာ ဖြစ်ပေသည်။ ယခုအခါတွင်မူ သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်နှင့် သိုင်းပညာနယ်ပယ် နှစ်ခုစလုံးသည် မဟာဆရာသခင် စတုတ္ထအလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ၊ ကြာနီဂိုဏ်းကို ဒိုင်းအဖြစ် အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ သူ့အတွက် အရေးမပါတော့ချေ။
"ဒါတင်မကသေးဘူး... အခု ငါ ကောင်းကင်နှင့် မြေကမ္ဘာကျင့်စဉ်ကိုလည်း ရရှိထားပြီး ကိုးကွေ့ကောင်းကင်မြစ်ထဲကိုလည်း ဝင်ရောက်နိုင်ခဲ့ပြီဆိုမှတော့... ကောင်းကင်မြစ်ရဲ့ ဒီအပိုင်းကိုပါ လုံးဝ ခမ်းခြောက်စေရမယ့် အချိန်ရောက်ပြီ! ရှောင်ပိုင်... အားလုံးပဲ အားနာမနေကြနဲ့၊ အကုန်လုံးကို အစွမ်းကုန် စုပ်ယူပစ်ကြစမ်း!"
ဝုန်း!
တစ်စုံတစ်ဦး၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို အာရုံခံမိသည့်အလား၊ ကောင်းကင်မြစ်၏ ထိုအပိုင်းတစ်ခုလုံး အဆက်မပြတ် ပြင်းထန်စွာ တုန်ခါလာခဲ့တော့သည်။
ချူရွှမ်က ရှေ့ဆုံးမှ စတင်လှုပ်ရှားလိုက်သည်။ သွေးမြွေငွေနဂါးဖြစ်သော ရှောင်ပိုင်နှင့် နဂါးကိုးဖော် ဝိုင်အိုးအတွင်းရှိ နဂါးဝိညာဉ်ကိုးကောင်တို့ အားလုံး ပါးစပ်များကို အကျယ်ကြီး ဖွင့်ဟလိုက်ကြပြီး၊ တစ်ခုချင်းစီက ရေစုပ်စက်ကြီးများအလား ကောင်းကင်မြစ်၏ အအပိုင်းကို အားသွန်ခွန်စိုက် ပြင်းထန်စွာ စုပ်ယူကြတော့သည်။
တကယ့်ကိုပဲ... ဤမြင်ကွင်းကို မြင်တွေ့ရလျှင် မဟာဆရာသခင် ကျွမ်းကျင်သူများပင် ငိုကြွေးမိကြလိမ့်မည်ဖြစ်ကာ ဧကရာဇ်မင်းမြတ်များလည်း ရင်ကျိုးရပေလိမ့်မည်။
သိထားရမည်မှာ တစ်ခုလုံးသော မိစ္ဆာနှိမ်နင်းရေးဌာနအတွင်း၌ မရေမတွက်နိုင်သော လူသားများသည် ကောင်းကင်မြစ်အတွင်း ဝင်ရောက်ခွင့် နေရာတစ်နေရာစာအတွက် အသက်နှင့်လဲ၍ လုယူခဲ့ကြရသော်လည်း၊ ယခုမူ လူတစ်ယောက်နှင့် နဂါးအနည်းငယ်တို့၏ စိတ်ကြိုက် ဖြုန်းတီးပစ်ခြင်းကို ခံနေရခြင်း ဖြစ်ပေသည်။
ထို့ပြင် ယခုတစ်ကြိမ်တွင် ပိုမို၍ပင် ရက်စက်ကြမ်းကြုတ်လှပေသည်။ တစ်ရက်ပင် မပြည့်သေးသော အချိန်တိုလေးအတွင်းမှာတင်၊ ကောင်းကင်မြစ်၏ စတုတ္ထမြောက်အပိုင်းသည် လုံးဝ ခမ်းခြောက်သွားခဲ့ရတော့သည်။
ချူရွှမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် အုံ့မှိုင်းသွားခဲ့ပြီး "တောက်... ငါ့ရဲ့ နယ်ပယ်အဆင့် ပိုပြီး မြင့်မားလာလေလေ၊ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ဝိညာဉ်စွမ်းအင် လိုအပ်ချက်က ပိုပြီး ကြီးမားလာလေလေပဲ။ အံ့ဩစရာ မရှိတော့ပါဘူး... အတိတ်က ပထမဧကရာဇ်မင်းမြတ် ကျင့်ကြံအားထုတ်တုန်းက ကောင်းကင်မြစ်ရဲ့ ကိုးပိုင်းလုံးကို ဘာဖြစ်လို့ ခမ်းခြောက်စေခဲ့လဲဆိုတာ" ဟု ရေရွတ်လိုက်သည်။
"ငါက စီနီယာ ပထမဧကရာဇ်လောက် အစွမ်းမထက်သေးဘူးဆိုပေမဲ့၊ ငါးပိုင်း ခြောက်ပိုင်းလောက်ကို ခမ်းခြောက်အောင် လုပ်ပစ်တာကတော့ လုံးဝကို သဘာဝကျပါတယ် ဟုတ်တယ်မလား"
ဘာပဲဖြစ်ဖြစ် ဤနေရာက သူ့ကိုယ်ပိုင်ပစ္စည်း မဟုတ်ချေ။ ခမ်းခြောက်အောင် မလုပ်ပစ်ရင် အလဟဿ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ ချူရွှမ်သည် လွန်စွာ သဘာဝကျစွာဖြင့် ကောင်းကင်မြစ်၏ စတုတ္ထမြောက်အပိုင်းမှ ထွက်ခွာခဲ့ပြီး ပဉ္စမမြောက်အပိုင်းအတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။
ဤအချိန်အတောအတွင်း၊ နန်းဆောင်ငယ်၌ စောင့်ကြပ်နေသော မဟာဆရာသခင် လုံယန်သည် ကောင်းကင်မြစ်အတွင်းရှိ ဝိညာဉ်ချီစွမ်းအင်များ၏ ပြင်းထန်လှသော ပြောင်းလဲမှုများကို သဘာဝကျစွာ အာရုံခံမိသော်လည်း၊ သူသည် စိုးစဉ်းမျှ သံသယမဝင်ခဲ့သည့်အပြင် သူ၏မျက်နှာထက်တွင် အတိုင်းအဆမရှိ ကြီးမားလှသော ဝမ်းမြောက်အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ရှေးဟောင်း ဒဏ္ဍာရီတွေအရ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ဝိညာဉ်စွမ်းအင်တွေ ပိုပြီး ပြင်းထန်လေလေ၊ လူတစ်ယောက်ရဲ့ မဟာဆရာသခင် နယ်ပယ်ကို ဖောက်ထွက်နိုင်မယ့် အလားအလာက ပိုပြီး ကြီးမားလေလေပဲ တဲ့။ မုရုံနန်က အခု အသက် နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးတာ။ အကယ်လို့ သူသာ မဟာဆရာသခင် နယ်ပယ်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့မယ်ဆိုရင်... တို့ မိစ္ဆာနှိမ်နင်းရေးဌာနရဲ့ သမိုင်းတစ်လျှောက်မှာ အငယ်ဆုံး မဟာဆရာသခင် ကျွမ်းကျင်သူတစ်ဦးကို ငါကိုယ်တိုင် ပျိုးထောင်ပေးနိုင်ခဲ့တာပဲ။ အဲဒီအချိန်ကျရင် ဘယ်လိုကောင်းကင်ဓားမ၊ ဘယ်လိုချူရွှမ်... အားလုံးက ဘာကောင်မို့လို့လဲ! သူတို့တွေက ငါ့တပည့်ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်တော့ဘူး၊ ဟားဟားဟားဟား!"
သူ၏ အားပါးတရ ရယ်မောသံများနှင့်အတူ၊ မိမိ၏ ချစ်လှစွာသော တပည့်ကြီး မဟာဆရာသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်းကို မနှောင့်ယှက်မိစေရန်အတွက်၊ မဟာဆရာသခင် လုံယန်သည် ချက်ချင်းပင် အမိန့်တော်တစ်ရပ် ထုတ်ပြန်လိုက်တော့သည်...။
"ယခုအချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်မျှ ကိုးကွေ့ကောင်းကင်မြစ်အနားသို့ ခြေတစ်လှမ်းမျှ တိုး၍ ချဉ်းကပ်ခွင့် မရှိစေရ။ မည်သူမဆို အနားသို့ ချဉ်းကပ်ဝံ့ပြီး ငါ့ရဲ့ အဖိုးတန်တပည့်ကြီး မဟာဆရာသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်ပါက ညှာတာမှုမရှိဘဲ နေရာ၌တင် ကွပ်မျက်သတ်ဖြတ်ပစ်ရမည်!"
ဤအမိန့်တော် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ တစ်ခုလုံးသော မိစ္ဆာနှိမ်နင်းရေးဌာနကြီးတစ်ခုလုံး လုံးဝ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရတော့သည်။
"ဘာ... သခင်လေးမုရုံက မဟာဆရာသခင် နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်တော့မှာ ဟုတ်လား။ တို့ မိစ္ဆာနှိမ်နင်းရေးဌာနရဲ့ နံပါတ်တစ် ပါရမီရှင်ပီသပါပေတယ်၊ ဟူး..."
၎င်းတို့မှာ မရေမတွက်နိုင်သော မိစ္ဆာသတ်အရာရှိကြီးများ၏ မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေသော အော်ဟစ်သံများ ဖြစ်ကြပေသည်။
"တောက်... အဲဒီမုရုံနန်မှာ ဆရာကောင်းတစ်ယောက် ရှိမနေခဲ့ရင် သူက ဒီလိုမျိုး အောင်မြင်မှုတွေ ဘယ်လိုလုပ် ရနိုင်မှာလဲ။ တို့တွေကိုကော ဘယ်လိုလုပ်ပြီး ဖိနှိပ်ထားနိုင်မှာလဲ!"
၎င်းတို့မှာမူ မိစ္ဆာနှိမ်နင်းရေးဌာနရှိ အခြားသော ပါရမီရှင်များ၏ မကျေမနပ်မှုနှင့် မနာလိုမှုများကြောင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည့် စကားသံများ ဖြစ်ပေသည်။
"ကောင်းတယ်... အလွန်ကောင်းတယ်။ ငါတို့က မူလက မုရုံနန်က လွန်စွာ မောက်မာထောင်လွှားပြီး လူတိုင်းကို အထင်သေးတတ်တာမို့ သူ မဟာဆရာသခင်နယ်ပယ်ကို ဖောက်ထွက်တဲ့အချိန်မှာ အတားအဆီးတချို့နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ သူက ဒီလောက်အထိ ရဲရင့်ပြတ်သားပြီး ဝီရိယရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးပဲ! တို့ မိစ္ဆာနှိမ်နင်းရေးဌာနမှာ မုရုံနန် ရှိနေသရွေ့တော့ အရာအားလုံးကို အမှုန့်ကြိတ်ခြေမှုန်းပစ်ဖို့ ဘာကို စိုးရိမ်နေရဦးမှာလဲ!"
ဤအခိုက်အတန့်တွင် မိစ္ဆာနှိမ်နင်းရေးဌာန၏ အဆင့်မြင့်အရာရှိကြီးများ အားလုံး ပါးစပ်မစိနိုင်အောင် ပြုံးရွှင်နေခဲ့ကြရသည်။
ဤသတင်းစကားက အဋ္ဌမမင်းသား၏ စံအိမ်တော်သို့ ရောက်ရှိသွားချိန်တွင်၊ ကျင့်ကြံခြင်းအခြေခံများ ဖျက်ဆီးခံလိုက်ရပြီး စံအိမ်တော်အတွင်း၌ တင်းကြပ်စွာ ပိတ်ဆို့ချုပ်နှောင်ခြင်း ခံထားရသော အဋ္ဌမမင်းသားသည် ဝမ်းသာအားရဖြင့် ကခုန်လျက် "ကောင်းတယ်... အလွန်ကောင်းတယ်။ မုရုံနန် မဟာဆရာသခင် နယ်ပယ်ကို အောင်မြင်စွာ ဖောက်ထွက်တာနဲ့... ငါ့အတွက် ချူရွှမ်ကို သေချာပေါက် ဒုက္ခိတဖြစ်အောင် သွားလုပ်ခိုင်းရမယ်၊ ချူရွှမ်ကို ဖျက်ဆီးပစ်ရမယ်" ဟု အော်ဟစ်လိုက်တော့သည်။
သုံးရက်ဆက်တိုက်ဆိုသလို အဋ္ဌမမင်းသားသည် ဒေါသတကြီးဖြင့် စူးစူးဝါးဝါး ဟိန်းဟောက်ကျိန်ဆဲသံများကို ထုတ်လွှတ်နေခဲ့သည်။
"နတ်ဘုရားတွေနဲ့ ဗုဒ္ဓမြတ်စွာဘုရား အားလုံး ကယ်မတော်မူကြပါ... မွေးစားအဖေကြီးရယ်၊ ဒီတစ်ကြိမ်တော့ ကျေးဇူးပြုပြီး ကရုဏာသက်ပြီး ကျွန်တော့်ကို ဒုက္ခထဲ ဆွဲမထည့်ပါနဲ့တော့။ ငါ နျိုကြီးရဲ့ ဘဝကတော့ တကယ်ကို ခါးသီးလွန်းလှပါတယ်..." ရုပ်တုတစ်ခု၏ ရှေ့မှောက်၌ နျိုဖူသည် လွန်စွာ ရိုသေကိုင်းညွတ်စွာဖြင့် ဆုတောင်းနေခဲ့ရှာသည်။
ကောင်းကင်မြစ်အတွင်း၌၊ ချူရွှမ်သည်လည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရသည်။ သူသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏မျက်ဝန်းအစုံမှာ ကြယ်တာရာများအလား တောက်ပလင်းလက်နေခဲ့ပြီး "သိုင်းပညာနယ်ပယ်... မဟာဆရာသခင် ပဉ္စမအလွှာသို့ အောင်မြင်စွာ ရောက်ရှိသွားပြီ!" ဟု ရေရွတ်လိုက်တော့သည်။
ဘုန်း!
ချူရွှမ်၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သော ချီစွမ်းအင်များ အရှိန်အဟုန်ဖြင့် လှိုင်းထဆူပွက်လာခဲ့သည်။ အနီးနားရှိ သွေးမြွေငွေနဂါးကြီးသည်လည်း ဤအခိုက်အတန့်တွင် ဝမ်းမြောက်စွာဖြင့် အော်မြည်လိုက်တော့သည်။ ၎င်း၏ လျင်မြန်ဖျတ်လတ်လှသော နဂါးခန္ဓာကိုယ်ကြီးမှာ ပိုမို၍ပင် ဖျတ်လတ်လာခဲ့ပြီး သူ၏ ဝမ်းဗိုက်အောက်ခြေထံမှ နောက်ထပ် နဂါးခြေသည်းတစ်ဖက် ထပ်မံထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ခြေသည်းနှစ်ဖက်ပါ ကျောင်နဂါးတစ်ကောင်အဖြစ်သို့ တရားဝင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
ရှောင်ပိုင်၏ အဆင့်တက်သွားခြင်းနှင့်အတူ၊ ချူရွှမ်သည် ရှောင်ပိုင်၏ စစ်မှန်သော စွမ်းအားကို အာရုံခံကြည့်လိုက်ရာ ၎င်း၏ တိုက်ပွဲဝင်ခွန်အားမှာ ကျောင်နဂါးလေးကောင်၏ စွမ်းအားမှသည် ကျောင်နဂါးရှစ်ကောင်၏ စွမ်းအားအထိ တိုက်ရိုက် နှစ်ဆမျှ တိုးမြင့်သွားခဲ့ပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။
စစ်မှန်သော နဂါးတစ်ကောင်၏ စွမ်းအားအဆင့်သို့ ရောက်ရှိရန်အတွက်မူ ကျောင်နဂါးနှစ်ကောင်၏ စွမ်းအားမျှသာ လိုအပ်တော့သည်။
ထိုအချိန်တွင် ကောင်းကင်မြစ်၏ ပဉ္စမမြောက်အပိုင်းအတွင်းရှိ ရေလှိုင်းဝိညာဉ်စွမ်းအင်များမှာ နောက်တစ်ကြိမ် လုံးဝ ခမ်းခြောက်သွားခဲ့ရပြန်သည်။
ချူရွှမ်အနေဖြင့် အခြားရွေးချယ်စရာ လုံးဝမရှိတော့သဖြင့် ကောင်းကင်မြစ်၏ ဆဋ္ဌမမြောက်အပိုင်းဆီသို့သာ ဆက်လက်၍ ဦးတည်သွားခဲ့ရတော့သည်။
ကံကောင်းထောက်မစွာဖြင့်၊ မဟာဆရာသခင် လုံယန် ထုတ်ပြန်ထားခဲ့သော အမိန့်တော်ကြောင့် ကောင်းကင်မြစ်အတွင်းရှိ ဝိညာဉ်ချီစွမ်းအင်များ၏ ပြင်းထန်လှသော ပြောင်းလဲမှုများကို အခြားသူများ အာရုံခံမိကြလျှင်ပင် မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်စုံစမ်းစစ်ဆေးခြင်း မပြုဝံ့ကြချေ။
၎င်းတို့သည် သူ၏ ကျင့်ကြံခြင်းကို နှောင့်ယှက်မိမည်ကို လွန်စွာ ကြောက်ရွံ့နေကြသည့်အလား တမင်တကာပင် အဝေးသို့ ရှောင်ရှားနေကြသဖြင့်၊ ချူရွှမ်အား ဤကဲ့သို့ လွတ်လပ်ငြိမ်သက်စွာဖြင့် စိတ်ကြိုက် သောင်းကျန်းခွင့် ပေးလိုက်သလို ဖြစ်နေတော့သည်။
အကယ်၍ မိစ္ဆာနှိမ်နင်းရေးဌာနမှ လူများသာ အနည်းငယ်မျှ ပိုမို၍ သတိကြီးခဲ့ကြမည်ဆိုပါက၊ ကောင်းကင်မြစ်၏ စတုတ္ထမြောက်အပိုင်း ခမ်းခြောက်သွားခဲ့စဉ်ကတည်းက ပုံမှန်မဟုတ်သော အခြေအနေကို တစ်စုံတစ်ယောက်က သတိပြုမိသွားလောက်ပေသည်။
သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ ချူရွှမ်၏ လှည့်စားဉာဏ်ဆင်မှုက လုံးဝ အပြစ်အနာအဆာကင်းလွန်းလှခြင်းကြောင့် ဖြစ်ပေသည်။ မဟာဆရာသခင် လုံယန်သည်လည်း မိမိ၏ ပါရမီရှင်တပည့်ကြီးအပေါ် အတိုင်းအဆမရှိ ကြီးမားလှသော မျှော်လင့်ချက်များ ထားရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့်၊ မည်သည့်အနှောင့်အယှက်မျှ မရှိဘဲ ချူရွှမ်သည် ကောင်းကင်မြစ်၏ ဆဋ္ဌမမြောက်အပိုင်းအတွင်းသို့ အောင်မြင်စွာ လှမ်းဝင်နိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ယခင်အတိုင်း နည်းလမ်းဟောင်းကြီးပင် ဖြစ်ပေသည်... လူတစ်ယောက်၊ ကျောင်နဂါးတစ်ကောင်နှင့် ကိုးကွေ့သော နဂါးဝိညာဉ်တို့ အားလုံး စိတ်လှုပ်ရှားစွာဖြင့် တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ၎င်းတို့ အားသွန်ခွန်စိုက် ပြင်းပြင်းထန်ထန် စုပ်ယူကြတော့သည်။
ကံကောင်းထောက်မစွာဖြင့်၊ ကောင်းကင်မြစ်၏ အနောက်ဘက် အစိတ်အပိုင်းများသို့ ရောက်ရှိလေလေ၊ ၎င်းအတွင်း၌ ပါဝင်သော ဝိညာဉ်ချီစွမ်းအင်များမှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူထပ်သိပ်သည်းလေလေ ဖြစ်ပေသည်။
မဟာဆရာသခင် နယ်ပယ် ကျွမ်းကျင်သူများပင် ကောင်းကင်မြစ်၏ ဆဋ္ဌမမြောက်အပိုင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပါစေဦးတော့... အချိန်တိုလေးအတွင်းမှာတင် ၎င်းကို အကုန်အစင် ဝါးမြိုစုပ်ယူပစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ချူရွှမ် ဤနေရာသို့ ဝင်ရောက်လာခြင်းမှာ သူ၏ သိုင်းပညာနယ်ပယ်ကို ထပ်မံဖောက်ထွက်ရန်အတွက် မဟုတ်ဘဲ၊ ‘ကြယ်တာရာကောင်းကင် တိုက်ပွဲခန္ဓာကျင့်စဉ်’ ကို စတင်လှုံ့ဆော် လည်ပတ်ရန်အတွက်သာ ဖြစ်ပေသည်။ သူကိုယ်တိုင်သည်ပင် လောကကောင်းကင်ယံထက်၌ တောက်ပနေသော ကြယ်တာရာကြီးတစ်စင်းအလား လုံးဝ အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်မြစ်၏ ရေလှိုင်းများမှာ သူ၏ ကြယ်တာရာအလင်းတန်းများ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့အားလုံးကို သူက တစ်စွန်းတစ်စချင်းစီ ဖြည်းဖြည်းချင်း သန့်စင်ကာ စုပ်ယူနေခဲ့ပြီး၊ တဖြည်းဖြည်းချင်းဖြင့် ချူရွှမ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးမှာ နောက်ထပ်တစ်ကြိမ် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အပြောင်းအလဲကြီးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့တော့သည်။
သူ၏ သွေးကြောများမှာ အဆုံးမဲ့လှသော ဂလက်ဆီကြယ်စုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား ရှိနေတော့သည်။ သူ၏ အသွေးအသား၊ ခန္ဓာကိုယ်၏ ဆဲလ်တစ်ခုချင်းစီတိုင်းသည် တောက်ပလင်းလက်နေသော ကြယ်တာရာငယ်လေးများအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ကြပြီး၊ အတိုင်းအဆမဲ့လှသော အစွမ်းထက်စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
"ဖြစ်နိုင်တာကတော့... လူတစ်ယောက်ရဲ့ တစ်ကိုယ်လုံးဟာ စကြဝဠာကြီးတစ်ခုပဲ ဖြစ်ရမယ်! ပန်းတစ်ပွင့်ဟာ ကမ္ဘာတစ်ခုဖြစ်ပြီး၊ သစ်ရွက်တစ်ရွက်ဟာ ဗောဓိတစ်ပင် ဖြစ်သလိုမျိုးပေါ့..."
ချူရွှမ်၏ နှလုံးသားအောက်ခြေတွင် ရုတ်တရက် ဆန်းကြယ်လှသော သိမြင်နားလည်မှုတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ဤသိမြင်နားလည်မှုကပင် သူ၏ မြင့်မြတ်သောဝိညာဉ်အား ပိုမိုမြင့်မားသော အဆင့်သစ်တစ်ခုဆီသို့ တိုက်ရိုက် တက်လှမ်းသွားစေခဲ့တော့သည်။
၈၁ စေ့သော မြင့်မြတ်သောဝိညာဉ်မျိုးစေ့များအားလုံး အလွန်တရာ စူးရှတောက်ပစွာဖြင့် လင်းထိန်လာခဲ့ကြသည်။ ဤအခိုက်အတန့်တွင်၊ ၎င်းတို့အားလုံးသည် ချူရွှမ်၏ စိတ်အာရုံအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြပြီး၊ ၈၁ စင်းသော ရွှေရောင်နေမင်းကြီးများအလား ချူရွှမ်၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အဆက်မပြတ် လှည့်ပတ်နေကြတော့သည်။
အကယ်၍ ကြယ်တာရာတိမ်တိုက်ဂိုဏ်း၏ ကောင်းကင်လူသားနယ်ပယ်မှ အကြီးအကဲတစ်ဦးဦးသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလျှင်ပင် ထိတ်လန့်လွန်းသဖြင့် ထိုနေရာ၌တင် ဆွံ့အမှင်တက်သွားကာ လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
သာမန်ကိုယ်ခံပညာရှင်များသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် မြင့်မြတ်သောဝိညာဉ်မျိုးစေ့ တစ်စေ့တည်းကိုပင် မနည်းစုစည်းနိုင်ခဲ့ကြသဖြင့် အလွန်အမင်း ဝမ်းမြောက်မိကြသော်လည်း၊ ချူရွှမ်မှာမူ ပြည့်စုံလှသော ၈၁ စေ့တိတိကို အမှန်တကယ်ပင် စစုစည်းဖြစ်တည်စေနိုင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်လူသားနယ်ပယ်မှ အကြီးအကဲများပင်လျှင် ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းမျိုးကို ဘယ်သောအခါမှ မပြုလုပ်ဝံ့ကြချေ! သို့သော်လည်း ချူရွှမ်ကတော့ ၎င်းကို အမှန်တကယ်ပင် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
သေချာသည်မှာ... ဤအရာအားလုံးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း၏ အဓိကအကျဆုံးသော သော့ချက်မှာ ပထမဧကရာဇ်မင်းမြတ်နှင့် စီနီယာကောင်းကင်ဓားမတို့၏ ချန်ရစ်ခဲ့သော အမွေအနှစ်များနှင့် ပံ့ပိုးကူညီမှုများကြောင့်သာ ဖြစ်ပေသည်။
"အကယ်လို့ သခင်ကြီးပထမဧကရာဇ်နဲ့ စီနီယာကောင်းကင်ဓားမတို့ရဲ့ အမွေအနှစ်တွေသာ ငါ့ထံမှာ ရှိမနေခဲ့ရင်... ငါ့တစ်ယောက်တည်းရဲ့ ခွန်အားနဲ့ ယနေ့လို အခြေအနေမျိုးကို ဘယ်လိုမှ ရောက်လာနိုင်မှာမဟုတ်သလို၊ ဒီလိုမျိုး ထူးခြားတဲ့ အောင်မြင်မှုတွေကိုလည်း ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ဘူးဥစ္စာ။ အဆုံးသတ်မှာတော့ ငါဟာ ကြီးမြတ်လှတဲ့ ဘီလူးကြီးနှစ်ကောင်ရဲ့ ပခုံးထက်ပေါ်မှာ ကံကောင်းထောက်မစွာနဲ့ မတ်တပ်ရပ်ခွင့် ရရှိခဲ့တာပဲ!"
"ငါ အမွေဆက်ခံလိုက်ရတာက အဲဒီစီနီယာကြီးနှစ်ဦးရဲ့ အစွမ်းတွေတင်မကဘူး၊ တစ်ခုလုံးသော မဟာချင်ပြည်ထောင်ကြီးရဲ့ အထွတ်အထိပ် သိုင်းပညာ အခြေခံအုတ်မြစ်ကြီးတစ်ခုလုံးကိုပါ လုံးဝ ဆက်ခံလိုက်ရတာပဲ!"
ဝုန်း!
သူ၏ စိတ်အာရုံအတွင်း၌ ဤအကြောင်းအရာများအားလုံးကို တွေးတောမိလိုက်သည့် အခိုက်အတန့်မှာပင်…