← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂) အလင်းထက်မြန်သော ခရီးစဉ်

သို့သော် အလင်းထက်မြန်သော ခရီးစဉ်အတွက် အာကာသနယ်ပယ်ခွဲ သို့ ဝင်ရောက်သည့် ဤနည်းလမ်း သည် အာကာသခုန်ပျံမှု နှင့် ကွဲပြားလေ၏။

အာကာသခုန်ပျံမှု သည် နေအဖွဲ့အစည်း မှ တိုက်ရိုက်ထွက်ခွာသွားပါက အဆင့်မြင့်ယဉ်ကျေးမှု မှ သိရှိ နိုင်မည် မဟုတ်ပေ။ သို့သော် အာကာသနယ်ပယ်ခွဲ သို့ ဝင်ရောက်ပြီး နေအဖွဲ့အစည်း မှ ဖောက်ထွက် သွားခြင်းကိုမူ သေချာပေါက် သတိပြုမိသွားမည် ဖြစ်ပေသည်။

အနာဂတ်ကမ္ဘာ သည် နေအဖွဲ့အစည်း အတွင်း၌ အာကာသခုန်ပျံမှု ပြုလုပ်ခဲ့ခြင်းကြောင့် အဆင့်မြင့် ယဉ်ကျေးမှု က ရှာဖွေတွေ့ရှိသွားခဲ့ပြီး အာကာသနိယာမများကို ပိတ်လှောင်လိုက်ခြင်း ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် သူသာ ဖောက်ထွက်သွားနိုင်ခဲ့ပါက မည်သို့ဖြစ်လာမည်ကို ဆူးတိုက် တွေးတောနေ ခဲ့ပေသည်။

၎င်းကို ရှာဖွေတွေ့ရှိသွားမည်လားနှင့် ဤအရာက လူသားမျိုးနွယ် တစ်ခုလုံးကို ထိခိုက်စေမည်လား ဆိုသည်ကို သူ စဉ်းစားနေခဲ့လေ၏။

ဆူးတိုက်တွင် ယခု လှုပ်ရှားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ မြားသည် လေးကြိုးပေါ်သို့ ရောက်နေပြီဖြစ်ရာ မပစ်လွှတ်၍ မရတော့ပေ။

သိပ္ပံပညာရှင် တစ်စုသည် လေးနက်သော မျက်နှာထားများဖြင့် ရှိနေခဲ့ကြလေသည်။

"သခင်လေးဆူး... မီးစတင်ရှို့ဖို့ ပြင်ဆင်နေပါပြီ..."

"ကောင်းပြီ..."

"သခင်လေးဆူး... မီးစတင်ရှို့လိုက်တာနဲ့ ရပ်တန့်လို့ မရတော့ဘူးနော်... တကယ်လို့ မအောင်မြင်ခဲ့ရင် ကျွန်တော် စိုးရိမ်တာက..."

အကယ်၍ မအောင်မြင်ပါက သူ သေဆုံးရမည်ဖြစ်ကြောင်းကို ဆူးတိုက် နားလည်ထားလေသည်။

"စိတ်မပူပါနဲ့... ကျွန်တော် ခင်ဗျားတို့ကို ယုံကြည်ပါတယ်..."

"ကောင်းပါပြီ... စနစ်က နောက်ဆုံး စစ်ဆေးမှုတွေ လုပ်နေပါတယ်... သခင်လေးဆူး... လူသား မျိုးရိုး ဗီဇဘဏ် ကို စစ်သင်္ဘောပေါ်မှာ တပ်ဆင်ပြီးပါပြီ... ကံကောင်းပါစေ..."

"ကံကောင်းပါစေ..."

...

စတင်လောင်ကျွမ်းလေပြီဖြစ်၏။

နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ ထရိုင်တန် တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး ထရိုင်တန် ၏ ဗဟိုချက်တွင် ဧရာမ အပေါက်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။

ထိုအပေါက်၏ အလယ်တွင် ဆူးမိသားစု နှင့် လူသားမျိုးနွယ်၏ မျှော်လင့်ချက်များကို သယ်ဆောင်ထား သည့် လူသားသမိုင်းတစ်လျှောက် အဆင့်အမြင့်ဆုံး စစ်သင်္ဘောဖြစ်သော ဆူးတိုက်၏ စူပါနေအဆင့် စစ်သင်္ဘော ရှိနေခဲ့ပေသည်။

ဆန့်ကျင်ဘက်ဒြပ်ထု ပျက်ပြယ်သွားမှုမှ ထွက်ပေါ်လာသော ဧရာမ စွမ်းအင်များသည် ချက်ချင်းပင် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ထရိုင်တန် ၏ ဗဟိုချက်ရှိ အပေါက်ကြီးမှ ကြီးမားသော လျှပ်စစ်စီးကြောင်းကြီး ထွက်ပေါ်လာကာ လူသားသမိုင်းတစ်လျှောက် အင်အားအကြီးဆုံး သံလိုက် စက်ကွင်းကို ဖန်တီးလိုက်လေတော့သည်။

ဆူးတိုက် မျက်လုံးများကို မှိတ်ကာ အချိန်ကို တိတ်ဆိတ်စွာ တွက်ချက်နေလိုက်လေ၏။

"သုံး... နှစ်... တစ်..."

ဆူးတိုက် နောက်ပြန်ရေတွက်မှုကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် စစ်သင်္ဘော၏ မျက်နှာပြင် သည် ချက်ချင်း အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့ရာ ၎င်းမှာ အင်ဂျင်များကို အမြင့်ဆုံးအဆင့်အထိ တွန်းတင်လိုက်ကြောင်း ပြသသည့် လက္ခဏာပင် ဖြစ်လေတော့သည်။

အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော ဆူးတိုက်သည် အားကောင်းသော သံလိုက်စက်ကွင်း၏ တွန်း ကန်မှုဖြင့် စစ်သင်္ဘောက နက်ပကျွန်းဂြိုဟ် ဆီသို့ ပျံသန်းသွားသည်ကို ကြည့်နေခဲ့ပေသည်။

ထိုအခိုက်အတန့်တွင် နက်ပကျွန်းဂြိုဟ် ၏ ဆွဲငင်အားစက်ကွင်း ပြိုကျသွားပြီး နက်ပကျွန်းဂြိုဟ် ၏ ပတ်လည်တွင် ကွေးညွတ်နေသော ဟင်းလင်းပြင်တစ်ခု ပေါ်လာခဲ့လေသည်။

ထိုကွေးညွတ်နေသော မျက်နှာပြင်ကို စစ်သင်္ဘောတစ်စီး ဖြတ်ပျံသွားခဲ့ပေသည်။

ဆူးတိုက်သည် သူ၏ ရှေ့ရှိ ကိရိယာကို ကြည့်လိုက်လေသည်။

ရုတ်တရက် အချိန်များ ရပ်တန့်သွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားပြီး ဆူးတိုက်သည် ထိုနေရာ တွင် ချက်ချင်း အေးခဲသွားခဲ့လေတော့သည်။

သူ ဘာကိုမျှ မသိတော့ပေ…။

ထရိုင်တန် မှာ အပိုင်းပိုင်း ကွဲထွက်လုနီးပါး ဖြစ်နေသော်လည်း အထဲရှိ မည်သည့် သိပ္ပံပညာရှင်ကမျှ ထိတ်လန့်ခြင်း မရှိခဲ့ပေ။

လူတိုင်းသည် သူတို့ရှေ့ရှိ ကိရိယာကိုသာ ကြည့်နေခဲ့ကြလေသည်။

အပေါ်တွင် သုညတန်းများ ပေါ်လာသည့်တိုင်အောင်ပင် ဖြစ်လေတော့သည်။

စူပါနေအဆင့် စစ်သင်္ဘော သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် ဆန့်ကျင်ဘက်ဒြပ်ထု ပျက်ပြယ်သွားမှုမှ ထွက်ပေါ်လာသော စွမ်းအင်မြင့် ရောင် ခြည်များကြောင့် ထရိုင်တန် တစ်ခုလုံးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် တိတ်ဆိတ်စွာ ပြောင်းလဲသွားခဲ့လေတော့သည်။

သိပ္ပံပညာရှင်များသည်လည်း အပိုင်းအစများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သော်လည်း မည်သူကမျှ ဂရုမစိုက်ကြပေ။

သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့ပြီး သူတို့ အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

အလင်းထက်မြန်သော ခရီးစဉ်သာလျှင် ထိုပျောက်ကွယ်သွားမှုကို ရရှိနိုင်မည် ဖြစ်ပေ၏။

အကယ်၍ အလင်းပင် ၎င်းကို မမီနိုင်ပါက ခြေရာခံရန်မှာ မဖြစ်နိုင်တော့ပေ။

၎င်းက သူတို့ နှစ်ပေါင်းရာချီ သုတေသနပြုလာခဲ့သော စမ်းသပ်မှုသည် ပထမဆုံး ပျံသန်းမှုမှာပင် အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း ပြသနေလျက်ရှိလေသည်။

စစ်မှန်သော အလင်းထက်မြန်သည့် ခရီးစဉ်သည် အာကာသထဲတွင် ကိုယ်ပျောက်ခြင်းကို ရရှိစေမည် ဖြစ်ပေသည်။

ဤသိပ္ပံပညာရှင်များက ဆူးတိုက်သည် သေချာပေါက် ထွက်ခွာသွားနိုင်ပြီး နေထိုင်ရန် သင့်လျော်သော အခြားဂြိုဟ်တစ်ခုကို ရှာဖွေကာ လူသားမျိုးနွယ်ကို ပြန်လည်အသက်သွင်းနိုင်မည်ဟု ယုံကြည်ထားခဲ့ ကြခြင်ဖြစ်လေသည်။

ဤကမ္ဘာကြီး ပျက်စီးသွားလျှင်ပင် လူသားမျိုးနွယ်သည် အခြားဂြိုဟ်များပေါ်တွင် ပြန်လည်မွေးဖွားလာ မည် ဖြစ်ပြီး ဆူးတိုက်သည် ထိုမျှော်လင့်ချက်ပင် ဖြစ်ပေတော့သည်။

သူသည် လူသားတို့၏ နည်းပညာများနှင့် လူသား မျိုးရိုးဗီဇဘဏ် ကို သူနှင့်အတူ သယ်ဆောင်သွားပြီး ပိုမိုအားကောင်း၍ အစွမ်းထက်သော လူသားယဉ်ကျေးမှုကို ပြန်လည်တည်ဆောက်ပေးမည် ဖြစ်လေ သည်။

အကယ်၍ နေအဖွဲ့အစည်း အတွင်းရှိ လူသားများသာ အချိန်ကြာမြင့်စွာ အသက်ရှင်ကျန်ရစ်ပါက ဆူးတိုက်က သူ၏ စစ်သင်္ဘောကို ဦးဆောင်ကာ တိုက်ခိုက်ရန် ပြန်လာသည်ကို တွေ့မြင်ရနိုင်ပေသည်။

...

ကောင်းယွမ်သည် ဗက်စတာ သို့ ရောက်ရှိလာပြီး စစ်သင်္ဘောကို လေထဲတွင် ရပ်နားကာ သူ၏ တစ် ကိုယ်ရေ တိုက်ခိုက်ရေး စက်ရုပ်ဝတ်စုံ အတွင်းသို့ ဝင်ရောက်ပြီးနောက် အချိန်နှင့်အာကာသတံခါး ကို ဖွင့်လှစ်လိုက်လေသည်။

အချိန်နှင့်အာကာသတံခါး ကို ဖြတ်သန်းပြီးနောက်တွင်...၊

ဗက်စတာ မှာ လူသူကင်းမဲ့နေလျက်ရှိပြီး ယခင် သတ္တုတွင်းနယ်မြေမှာ စွန့်ပစ်ခြင်းခံထားရကြောင်း ကောင်းယွမ် မြင်လိုက်ရလေတော့သည်။

"တောက်... ဘာတွေဖြစ်နေတာလဲ..."

ကောင်းယွမ် မှင်သက်နေဆဲမှာပင် ရုတ်တရက် စက်ရုပ်ဝတ်စုံ ထံသို့ ဆက်သွယ်ရေး တောင်းဆိုမှုတစ်ခု ရောက်ရှိလာခဲ့ပေသည်။

"ချိတ်ဆက်လိုက်ပါပြီ..."

ချက်ချင်းပင် ကောင်းယွမ်၏ ရှေ့တွင် အမျိုးသမီးစစ်သည် တစ်ဦး ပေါ်လာခဲ့လေ၏။

"ခွင့်လွှတ်ပါ... ခင်ဗျားက ဌာနမှူးကောင်း လား..."

"ကျွန်တော်ပါပဲ..."

"ကျေးဇူးပြုပြီး အထောက်အထား ချစ်ပ်ပြား ဝင်ရောက်ခွင့်ကို ဖွင့်ပေးပါ..."

ကောင်းယွမ်လည်း ခွင့်ပြုချက် ပေးလိုက်လေသည်။

မကြာမီပင် မြင်ကွင်းက ပြောင်းလဲသွားပြီး ကောင်းချိုးသည် ကောင်းယွမ်၏ ရှေ့တွင် ပေါ်လာခဲ့ပေ၏။

ကောင်းယွမ်သည် ကောင်းချိုး၏ ပုံရိပ်ကို စိုက်ကြည့်ကာ အသေအချာ စစ်ဆေးလိုက်လေသည်။

"မကြည့်နဲ့တော့... ဒီတစ်ကြိမ်က အစစ်ပဲ... ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ပြီလား..."

"ဟုတ်တယ်... ကျွန်တော် ယူလာခဲ့တယ်..."

ကောင်းယွမ်က ပြောလိုက်လေသည်။

"ထောက်ပံ့ရေး လမ်းကြောင်းကို ငါ ဖွင့်ပေးမယ်... မင်း ရေနဲ့ လေတွေကို ယူလာလို့ရပြီ..."

"ကောင်းပြီ..."

ကောင်းယွမ်သည် လက်ရှိကမ္ဘာ သို့ ပြန်သွားပြီး သူ၏ စစ်သင်္ဘောကို မောင်းနှင်လာခဲ့လေသည်။ ထို အချိန်တွင် ဗက်စတာ ၏ မျက်နှာပြင်ပေါ်၌ အပေါက်တစ်ခု ပေါ်လာခဲ့ပေသည်။

ကောင်းယွမ်သည် ထောက်ပံ့ရေးပစ္စည်း အားလုံးကို ထိုလိုဏ်ဂူထဲသို့ လောင်းထည့်လိုက်လေသည်။

"စစ်သင်္ဘောကို အပြင်မှာ ထားခဲ့ပြီး မင်းက ဝင်လာခဲ့..."

ကောင်းချိုး၏ အဓိပ္ပာယ်ကို ကောင်းယွမ် နားလည်လိုက်လေသည်။ သူသည် စစ်သင်္ဘောက ဖွံ့ဖြိုးတိုး တက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်ကို စိုးရိမ်နေခြင်း ဖြစ်တန်ရာ ပေ၏။

စစ်သင်္ဘောကို လက်ရှိကမ္ဘာသို့ ပြန်လည်ပို့ဆောင်လိုက်သူမှာ မိမိပင် ဖြစ်ပေသည်။ ကောင်းယွမ်သည် စက်ရုပ်ဝတ်စုံ ဝတ်ဆင်ကာ တစ်ဖန် ပြန်လာခဲ့ပြီး လိုဏ်ဂူထဲသို့ ဝင်ရောက်သွားခဲ့ပေ၏။

၎င်းမှာ သတ္တုတွင်းဟောင်းတစ်ခု ဖြစ်ကြောင်း ထင်ရှားနေပေသည်။ ဘာတွေဖြစ်ပျက်သွားသည်ကို ကောင်းယွမ် လုံးဝ မသိရှိခဲ့ပေ။

စက်ရုပ်ဝတ်စုံ ၏ ဆက်သွယ်ရေးစနစ်ထံသို့ လမ်းကြောင်းပြမြေပုံတစ်ခု ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် ခရီးပန်းတိုင်ဆီသို့ ဦးတည်ပျံသန်းနေခဲ့လေသည်။

ကောင်းယွမ် ဆက်လက်ဆင်းသက်လာစဉ် သူသည် ဗက်စတာ ၏ ဗဟိုချက်သို့ ရောက်ရှိနေပြီလားဟုပင် စဉ်းစားမိလာခဲ့လေသည်။

သတ္တုတွင်း၏ အပြင်ဘက်တွင် ချော်ရည်များကိုပင် သူ မြင်တွေ့ခဲ့ရပေသည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင်...၊

ကောင်းယွမ်သည် ဧရာမ ကွပ်ကဲရေးစင်မြင့် တစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။ နေရာတိုင်းတွင် လူများ အလုပ်ရှုပ်နေကြပြီး ပတ်ဝန်းကျင်၌ ကိရိယာမျိုးစုံ ရှိနေခဲ့ပေသည်။

လူတိုင်းသည် အောက်ဆီဂျင်အိုး တစ်လုံးစီကို သယ်ဆောင်ထားခဲ့ကြလေသည်။

ဤနေရာသည် သတ္တုတွင်းနှင့် မတူဘဲ စစ်သင်္ဘောတစ်စီး၏ ကွပ်ကဲရေးစင်တာနှင့် ပို၍တူနေပေသည်။

ကောင်းယွမ်သည် သူ၏ အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ကာ စက်ရုပ်ဝတ်စုံ ပေါ်မှ ဆင်းလိုက်လေ၏။ မကြာမီပင် တစ်စုံတစ်ယောက်က ကောင်းယွမ်ကို အထဲသို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။

ကောင်းယွမ်သည် ကွပ်ကဲရေးအခန်း အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကောင်းချိုးကို မြင်လိုက်ရ လေသည်။ သူသည် အနည်းငယ် ပိန်သွားသော်လည်း စိတ်ဓာတ်တက်ကြွနေသည့်ပုံပေါ်နေပေသည်။

"စစ်သေနာပတိချုပ်ကြီး... ခင်ဗျားလား..."

"ငါပါပဲ... မင်းလာတာ အချိန်ကိုက်ပဲ... ဒီထောက်ပံ့ရေးပစ္စည်းတွေနဲ့ဆို ငါ နောက်ဆုံး ထိုးစစ်ကို စတော့မယ်..."

"ဘယ်လို ထိုးစစ်ကြီးလဲ..."

"ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန နဲ့ အဆုံးအဖြတ် တိုက်ပွဲပေါ့... ငါက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ကို ပြိုင်ဘက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး..."

ကောင်းချိုးသည် ကျေနပ်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ကောင်းယွမ်သည် အချိန်တိုလေးအတွင်းမှာပင် သူ ဤမျှ လေလုံးထွားနေပြီလားဟု မေးချင်စိတ် ပေါက် သွားခဲ့ပေသည်။

ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် အချိန်များကို သူ မေ့သွားပြီ လားဟု တွေးလိုက်မိလေသည်။

"မင်းလည်း မြင်တဲ့အတိုင်းပဲလေ... ငါက အစကတည်းက ပြင်ဆင်ထားပြီးသားပါ..."

"ခင်ဗျား ဘာတွေ ပြင်ဆင်ထားလို့လဲ..."

ကောင်းယွမ် မေးလိုက်လေသည်။

"အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ စစ်သင်္ဘောတစ်စီးပေါ့..."

စစ်သင်္ဘောများ ဘယ်မှာလဲဟု ကောင်းယွမ် မေးချင်သွားခဲ့ပေသည်။

*ငါ ဘာဖြစ်လို့ မမြင်ရတာလဲ...*

သူ မေးတော့မည့်ဆဲဆဲတွင် သူ၏ စိတ်ထဲ၌ ရုတ်တရက် ဗလာဖြစ်သွားခဲ့ပြီး မဖြစ်နိုင်ဘူးဟု အတွေး ဝင်သွားခဲ့လေသည်။

သူ ကောင်းချိုးကို မယု့ကြည်နိုင်စွာဖြင့် ကြည့်လိုက်လေ၏။

"ခင်ဗျားက ဗက်စတာ ကို စစ်သင်္ဘောအဖြစ် ပြောင်းလဲလိုက်တာလား..."

"ဟုတ်တယ်... ဖန်တီးမှုက အရမ်းကောင်းတယ် မဟုတ်လား..."

ကောင်းချိုးက ပြောလိုက်လေသည်။

"ဟုတ်ပါတယ်... ဒါပေမဲ့..."

"ဒါပေမဲ့ တွေ ဘာတွေ လုပ်မနေနဲ့... မင်း ရောက်လာပြီဆိုတော့ ထောက်ပံ့ရေးပစ္စည်း အားလုံးကို ဝေပေး လိုက်... ဗက်စတာ ကို အသက်သွင်းပြီး အင်္ဂါဂြိုဟ် ဆီ ပျံသန်းရမယ်..."

ကောင်းယွမ် မှင်သက်သွားခဲ့ပေတော့သည်။

"ခင်ဗျား ရူးနေပြီလား... ဒီနေရာမှာ လူတွေ အများကြီး ရှိနေတာနော်..."

"ဒါကြောင့် ငါ ထောက်ပံ့ရေးပစ္စည်းတွေ လိုတာပေါ့... ဗက်စတာ က အရမ်းကြီးတယ်... ငါ ဒီနေရာမှာ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ပြီး ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင် တစ်ထောင်ကို တည်ဆောက်ခဲ့ ပေမဲ့ အမြန်နှုန်းက အရမ်းနှေးနေသေးတယ်... ဒါပေမဲ့ ကိစ္စမရှိပါဘူး... အင်္ဂါဂြိုဟ် ဆီ ပျံသန်းဖို့ သုံးရက် ပဲ အချိန်ယူရမှာပါ... အင်္ဂါဂြိုဟ် က သူ့ရဲ့ ပတ်လမ်းကြောင်းကို မပြောင်းလဲဘူးဆိုရင် ဝင်တိုက်မယ့် အရေးကို ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရုံပဲ ရှိမှာ..."

"ဆူးမူယန် က နျူကလီးယားဗုံး ဒါမှမဟုတ် ဆန့်ကျင်ဘက်ဒြပ်ထုဗုံး တွေနဲ့ ဖျက်ဆီးပစ်လို့ မရနိုင်ဘူး လား..."

All Chapters