← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) လူသားမျိုးနွယ်၏ မွေးဖွားခြင်း

"ဟင်..."

ဝမ်မော့ချွမ်၏ စိတ်သည် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားခဲ့လေတော့သည်။

ဟုတ်ပေသည်။ လေးဖက်မြင် အာကာသ ဆိုသည်မှာ သုံးဖက်မြင် သက်ရှိများအနေဖြင့် အပြည့်အဝ စူးစမ်းလေ့လာနိုင်ခြင်း သို့မဟုတ် မြင်တွေ့နိုင်ခြင်း မရှိသောအရာ ဖြစ်ပြီး ၎င်း တည်ရှိနေကြောင်းကို သိရုံဖြင့်ပင် လုံလောက်နေပြီ ဖြစ်ပေ၏။

"ဥက္ကဋ္ဌကောင်း... ခင်ဗျားပြောတာ လုံးဝမှန်တယ်... ကျွန်တော် သူတို့နဲ့ သွားပြောလိုက်ပါ့မယ်... ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံကို တကယ် ပြောင်းလဲဖို့ လိုနေပြီ... ဒါက အရိုးစွဲနေတဲ့ အကျင့်တွေကြောင့် ပါ... သိပ္ပံအသိုင်းအဝိုင်းမှာ အမှုန်တစ်ခုကို လေ့လာဖို့ဆိုရင် သူ့ရဲ့ လမ်းကြောင်းကို စောင့်ကြည့်ရပြီး သူ့ရဲ့စက်ကွင်းကို စမ်းသပ်ရမယ်... ဒါက ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံကို ခိုင်မာသွားစေတာပဲ..."

ဝမ်မော့ချွမ် ထွက်သွားသည်ကို ကြည့်နေခဲ့မိလေသည်။

ကောင်းယွမ် သက်ပြင်းချလိုက်၏။ အကယ်၍ အရာရာကို သူတို့ဘာသာ လုပ်ခွင့်ပေးထားပါက အဖြေ ရှာရန် အချိန်မည်မျှတောင် ကြာမြင့်သွားမည်ကို တွေးတောလိုက်မိပေတော့သည်။

ထို့အပြင် သုတေသန အောင်မြင်ခဲ့လျှင်တောင်မှ ၎င်းသည် ဖြစ်နိုင်ခြေအပေါ်၌သာ မူတည်နေဆဲ ဖြစ်ပေ သည်။

အနာဂတ်ကမ္ဘာ သည် လေးဖက်မြင် အပိုင်းအစများကို ရရှိနိုင်စွမ်း ရှိပေသည်။ ဤ လေးဖက်မြင် အပိုင်း အစများသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု စဉ်းစားမိလေ၏။

နေအဖွဲ့အစည်း သည် လှောင်ချိုင့်ကြီးတစ်ခုဖြစ်ပြီး ၎င်းကို ဖန်တီးခဲ့သော အဆင့်မြင့်ယဉ်ကျေးမှု မှလွဲ၍ အခြားမည်သည့် ယဉ်ကျေးမှု၏ ထုတ်ကုန်မျှ အထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

အကယ်၍ စကြဝဠာသည် တကယ်ပင် လေးဖက်မြင် အာကာသ ဖြစ်ပါက ဧရာမ ကြယ်တာရာ စစ်ပွဲများ သို့မဟုတ် စူပါနိုဗာ ပေါက်ကွဲမှုများကသာ လေးဖက်မြင် အပိုင်းအစများကို ဖြစ်ပေါ်စေနိုင်ပေလိမ့်မည်။

ဤအရာများကို တွေးတောမိပြီးနောက် ကောင်းယွမ်သည် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်လေတော့ သည်။

သို့သော် သူ စောင့်ဆိုင်းရန် လိုအပ်နေသေးပေ၏။

အနည်းဆုံးတော့ ဤသိပ္ပံပညာရှင်များသည် လေးဖက်မြင် နျူထရွန်များကို အချိန်နှင့်တစ်ပြေးညီ စောင့် ကြည့်နိုင်မည့် နည်းလမ်းတစ်ခုကို တီထွင်ရန် လိုအပ်နေခြင်းဖြစ်ပေသည်။

ဤအချိန်ကာလအတွင်း ကောင်းယွမ်သည် ဤကမ္ဘာကြီးကို ဆက်လက် အသွင်ပြောင်းလဲနေခဲ့လေ သည်။

ရှနိုင်ငံ သည် တည်ငြိမ်လာရုံသာမက လျင်မြန်စွာလည်း ဖွံ့ဖြိုးတိုးတက်နေခဲ့ပေသည်။ ၎င်း၏ စက်မှုလုပ် ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍ၏ ရာခိုင်နှုန်း ရှစ်ဆယ်ကျော်သည် စက်ရုပ်များနှင့် ဆောက်လုပ်ရေး စက်ကိရိယာများကို အသုံးပြုလာကြပြီး ကောင်းယွမ်သည် အလင်းကွမ်တမ် ကွန်ပျူတာ ကိုလည်း စတင်မြှင့်တင်လာခဲ့လေသည်။

ဉာဏ်ရည်တု စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ဧရာမ တွက်ချက်မှုစွမ်းအားများကို အလင်းကွမ် တမ် ကွန်ပျူတာ ကသာလျှင် ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။

ကောင်းယွမ်သည် ယခုအခါ အပူချိန်ထိန်းအဝတ်အစား၊ အာဟာရအနှစ် နှင့် ဂိမ်းခေါင်းဆောင်းများကို အကြီးအကျယ် မြှင့်တင်နေခဲ့လေသည်။ အနာဂတ်ကမ္ဘာ ၏ ဝက်မွေးမြူရေး သုံးမျိုးစပ်အတွဲ သည် ရှနိုင်ငံ တွင် လူနေမှုဘဝပုံစံသစ် တစ်ခု ဖြစ်လာနေခဲ့ပေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဂိမ်းခေါင်းဆောင်းတွင် ထည့်သွင်းထားသော 'ကျူးရှို့ ရှောင်ယောင်း ကျိ' ဂိမ်းသည် ဧရာမ ပလက်ဖောင်းကြီးတစ်ခု ဖြစ်လာခြင်းပင် ဖြစ်လေသည်။

၎င်းတွင် ဂိမ်းမြင်ကွင်းအသစ်များကို ပေါင်းထည့်နိုင်ပြီး ဆိုင်များဖွင့်ခြင်း၊ ဈေးဝယ်ခြင်းနှင့် ငွေကြေး ရှာဖွေခြင်းများကိုပင် လုပ်ဆောင်နိုင်ပြီ ဖြစ်ပေသည်။

အတွင်းရှိ အလင်းကတ် အမျိုးမျိုးသည် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် ပြည်သူတစ်ရပ်လုံး၏ စုပေါင်းဉာဏ်ပညာကို အသုံးချနေခြင်း ဖြစ်လေသည်။

စက်ကိရိယာ အမျိုးအစားသစ်များကိုလည်း အစဉ်မပြတ် မိတ်ဆက်လျက်ရှိနေပေသည်။

သို့သော် ပြည်ပနိုင်ငံများတွင်မူ မြင်ကွင်းမှာ လုံးဝ ကွဲပြားခြားနားနေခဲ့ပေ၏။ ငတ်မွတ်ခေါင်းပါးမှု၊ ကူးစက်ရောဂါ၊ စစ်ပွဲများနှင့် နျူကလီးယား ရေဒီယိုသတ္တိကြွမှုများသည် မရေမတွက်နိုင်သော အသက် များကို ရိတ်သိမ်းနေခဲ့လေသည်။

ကောင်းယွမ်သည် လောလောဆယ်တွင် ရှနိုင်ငံ ကို ကာကွယ်စောင့်ရှောက်ပေးနေပြီး ရှနိုင်ငံ ကို လာ ရောက်မတိုက်ခိုက်သရွေ့ သူ မည်သည့်အရာကိုမျှ ဂရုစိုက်မည် မဟုတ်ပေ။

အကယ်၍ ဤအခြေအနေအတိုင်း နှစ်နှစ် သုံးနှစ်ခန့် ဆက်လက်ဖြစ်ပေါ်နေပါက ရှနိုင်ငံ သည် မည်သည့် အတားအဆီးမှ မရှိဘဲ ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ပေလိမ့်မည်။

ထို့အပြင် ကမ္ဘာပေါ်ရှိ သမိုင်းတစ်လျှောက်တွင် တစ်ခုတည်းသော ပေါင်းစည်းထားသည့် နိုင်ငံတော် ကြီးကို တည်ထောင်နိုင်မည် ဖြစ်လေတော့သည်။

ထိုအချိန်တွင် ကောင်းယွမ်သည် လကမ္ဘာပေါ်ရှိ အဆင့်မြင့်ယဉ်ကျေးမှု နှင့် ပတ်သက်သော ခန့်မှန်း ချက်များကို ကြည့်ရှုနေခဲ့ပေသည်။

လူတိုင်းက ရက်ပေါင်းများစွာကြာအောင် ဖော်ထုတ်ကြိုးပမ်းပြီးနောက်တွင် ရလဒ်များ ထွက်ပေါ်လာခဲ့ ပေသည်။

ယခုအခါ စနစ်သည် အဖြစ်နိုင်ဆုံးသော အဖြေကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပေ၏။

၎င်းမှာ လူသားမျိုးနွယ်၏ မူလအစနှင့် ပတ်သက်၍ပင် ဖြစ်လေတော့သည်။

လူသား မျိုးရိုးဗီဇကို ပြည့်စုံစွာ ခွဲခြမ်းစိတ်ဖြာကြည့်ရာ၌ အောက်ဆီဂျင်ရှူရှိုက်သော တိရစ္ဆာန်အားလုံး ၏ ဆဲလ်များတွင် အရေးအကြီးဆုံးသော အစိတ်အပိုင်းမှာ မိုက်တိုခွန်ဒရီးယား ဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ပေသည်။

မိုက်တိုခွန်ဒရီးယားသည် သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာရန်မှာ အလွန်ပင် ဖြစ်နိုင်ချေ မရှိခဲ့ပေ။ တစ်ခုတည်းသော ရှင်းလင်းချက်မှာ မိုက်တိုခွန်ဒရီးယားသည် အောက်ဆီဂျင်ရှူရှိုက်သော ဉာဏ်ရည်မြင့် သက်ရှိများ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အဆင့်မြင့်ယဉ်ကျေးမှု က ဖန်တီးပေးခဲ့သည့် ဆဲလ်အစိတ် အပိုင်း အမျိုးအစားသစ် တစ်ခု ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်လေတော့သည်။

မိုက်တိုခွန်ဒရီးယား မပေါ်ပေါက်လာမီ အချိန်က အောက်ဆီဂျင်သည် သက်ရှိအားလုံးအတွက် အလွန် အဆိပ်ပြင်းသော အရာတစ်ခု ဖြစ်ခဲ့ပေသည်။

မိုက်တိုခွန်ဒရီးယား တည်ရှိနေခြင်းကသာလျှင် အောက်ဆီဂျင်ရှူရှိုက်သော ဉာဏ်ရည်မြင့် သက်ရှိများ ပေါ်ထွက်လာနိုင်စေရန် အခွင့်အလမ်း ဖြစ်စေခဲ့ခြင်းဖြစ်လေ၏။

လူခေါင်းနှင့် မြွေကိုယ်လုံး ပါရှိသည့် နံရံဆေးရေးပန်းချီများအတွက် တစ်ခုတည်းသော ရှင်းလင်းချက်မှာ လူသားများ စတင်ပေါ်ပေါက်လာချိန် အစောပိုင်းကာလများ၌ အောက်ဆီဂျင် လိုအပ်သော လူ့ခန္ဓာကိုယ် မှာ အလွန်အမင်း အားနည်းလွန်းသောကြောင့် ကမ္ဘာပေါ်တွင် အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှုများ ထပ် တလဲလဲ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။

ထို့ကြောင့် အဆင့်မြင့်ယဉ်ကျေးမှု က ဝင်ရောက်စွက်ဖက်ခဲ့ရခြင်း ဖြစ်လေ၏။

၎င်းကို လူသားတို့၏ ဒဏ္ဍာရီများနှင့် ပုံပြင်များတွင်လည်း တွေ့မြင်နိုင်ပေသည်။ လူခေါင်းနှင့် မြွေကိုယ် လုံးရှိသော ဂြိုဟ်သား အဆင့်မြင့်ယဉ်ကျေးမှု တစ်ခုသည် လူသားများကို ကြီးမားသော ဘေးအန္တရာယ် ကြီးမှ ကျော်လွှားနိုင်ရန်အတွက် ကမ္ဘာပေါ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ရှမင်းဆက် ၏ ဒဏ္ဍာရီလာ ဘိုးဘေးများဖြစ်သော နွီဝါး နှင့် ဖူရှီ တို့၏ အစောဆုံး မှတ်တမ်းများတွင် သူတို့ ၌ လူခေါင်းနှင့် မြွေကိုယ်လုံး ရှိကြောင်း ဖော်ပြထားလေသည်။ အလားတူပင် အခြားသော ရှေးဟောင်းယဉ်ကျေးမှုများတွင်လည်း လူခေါင်းနှင့် မြွေကိုယ်လုံးများ အကြောင်း ဒဏ္ဍာရီများနှင့် ပုံပြင်များ ရှိနေခဲ့ပေသည်။

ဆူမားရီးယန်း ဒဏ္ဍာရီထဲမှ အန်ကီ နှင့် နင်မာ ၊ ရှေးဟောင်းအီဂျစ် ဒဏ္ဍာရီထဲမှ ဗာဂျစ် နှင့် ရှေးဟောင်း အိန္ဒိယ ဒဏ္ဍာရီထဲမှ နာဂ ဟူသော ဤနတ်ဘုရားများသည် ရှမင်းဆက် မှ နွီဝါး နှင့် တူညီသော ဝိသေသ လက္ခဏာတစ်ခု ရှိနေကြပေသည်။ အားလုံးမှာ လူခေါင်းနှင့် မြွေကိုယ်လုံး ရှိကြသည့်အပြင် သူတို့အား လုံးသည် အသက်ဇီဝကို အုပ်စိုးသော ဒဏ္ဍာရီလာ နတ်ဘုရားများ ဖြစ်ကြပေသည်။

သမ္မာကျမ်းစာထဲတွင်ပင် လူခေါင်းနှင့် မြွေကိုယ်လုံးရှိသော နတ်ဘုရားမျိုးနွယ်တစ်ခုသည် လကမ္ဘာပေါ် တွင် နေထိုင်ခဲ့ကြောင်း အရိပ်အမြွက်များ ရှိနေပေသည်။

ကောင်းယွမ်သည် လကမ္ဘာပေါ်တွင် အဆင့်မြင့်ယဉ်ကျေးမှု ၏ အကြွင်းအကျန်များကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းက အစောဆုံးသော အဆင့်မြင့်ယဉ်ကျေးမှု သည် လကမ္ဘာမှတစ်ဆင့် ကမ္ဘာမြေသို့ ရောက်ရှိလာခဲ့ကြောင်းကို ပြသနေလျက်ရှိပေသည်။

ရှေးခေတ်ကာလများတွင် ဂြိုဟ်ပြင်ပ အဆင့်မြင့်ယဉ်ကျေးမှု သည် လူသားများကို ယဉ်ကျေးမှုတစ်ခု အောင်မြင်စွာ တည်ထောင်နိုင်ရန် ကူညီပေးသည့်အနေဖြင့် ကမ္ဘာမြေကို အဆင့်ဆင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့လေသည်။

နွီဝါး နှင့်ပတ်သက်၍ အကျော်ကြားဆုံးသော ဒဏ္ဍာရီများမှာ လူသားများကို ဖန်တီးခြင်းနှင့် ကောင်းကင် ယံကို ဖာထေးခြင်းတို့ပင် ဖြစ်ပေ၏။

အချို့က ကောင်းကင်ယံကို ဖာထေးသည်ဟု ဆိုခြင်းမှာ တကယ်တမ်းတွင် အာကာသ ဟင်းလင်းပြင် လှိုဏ်ခေါင်း ကို ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ခန့်မှန်းကြလေသည်။

သို့သော် ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို အဘယ်ကြောင့် ပိတ်ဆို့ရမည်နည်းဟု စဉ်းစားစရာ ဖြစ်လာပေ ၏။

ထိုအချိန်က အခြားသော ဂြိုဟ်သား ယဉ်ကျေးမှုများသည် ကမ္ဘာမြေကို ကျူးကျော်ခဲ့ကြပြီး လူသား များကို ဖန်တီးခဲ့သည့် အဆင့်မြင့်ယဉ်ကျေးမှု ကို ကိုယ်စားပြုသော နွီဝါး သည် ကျူးကျော်လာသည့် ယဉ်ကျေးမှုများ၏ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ပိတ်ဆို့ကာ နေအဖွဲ့အစည်း ၏ ကိုဩဒိနိတ်များကို ဖုံးကွယ်ခဲ့ခြင်းဖြစ်ကြောင်း အချို့က ရဲရဲဝံ့ဝံ့ ခန့်မှန်းထားခဲ့ကြပေသည်။

ကောင်းယွမ်သည် စနစ်က ရွေးထုတ်ပေးလိုက်သော ခန့်မှန်းချက်များမှာ အတော်အတန် ယုတ္တိရှိ လှကြောင်း ယူဆလိုက်လေ၏။

အောက်ဆီဂျင်ရှူရှိုက်သော သက်ရှိများကို ဖန်တီးလိုက်ခြင်းက အခြားသော အဆင့်မြင့်ယဉ်ကျေးမှုများ ၏ ဒေါသကို ဆွပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ အမည်မသိ အကြောင်းအရင်းတစ်ခုခုကြောင့် နွီဝါး ပါဝင်သည့် အဆင့်မြင့်ယဉ်ကျေးမှု သည် ကမ္ဘာမြေကို ကာကွယ်ခဲ့ရသောကြောင့် ကမ္ဘာမြေမှာ စစ်တလင်းတစ်ခု ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် လူသားများကို ဖန်တီးခဲ့သော အဆင့်မြင့်ယဉ်ကျေးမှု က အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်လေ၏။

ထို့ကြောင့် လူသားမျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဤအရာများကို တွေးတောမိသည့်အခါ ကောင်းယွမ်၏ သံသယများမှာ ပိုမိုနက်ရှိုင်းလာခဲ့လေတော့ သည်။

မဟုတ်သေးချေ...

လက်ရှိကမ္ဘာ မှ ရရှိလာသော သတင်းအချက်အလက်များကိုသာ အခြေခံ၍ အကဲဖြတ်ရမည်ဆိုပါက နေအဖွဲ့အစည်း ကို ဖန်တီးခဲ့သည့် အဆင့်မြင့်ယဉ်ကျေးမှု သည် လူသားများကို မယုံနိုင်လောက်အောင် ကာကွယ်စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် သင့်လျော်သော ပတ်ဝန်းကျင်ကို ဖန်တီး ပေးရုံသာမက လူသားများကို ဘေးအန္တရာယ်များမှ ကာကွယ်ပေးကာ လူသားများအတွက် အခြေခံအ ကျဆုံး ကျွမ်းကျင်မှုများကိုပင် သင်ကြားပေးခဲ့လေသည်။ ၎င်းက လူသားယဉ်ကျေးမှု၏ အစပြုခြင်း ဖြစ် လာစေခဲ့ခြင်းဖြစ်ပေသည်။

သို့သော် အနာဂတ်ကမ္ဘာ တွင်မူ...၊

သူတို့သည် လူသားများကို နေအဖွဲ့အစည်း မှ ထွက်ခွာသွားခြင်းကို အဘယ်ကြောင့် တားဆီးချင်ရ ပါသနည်း။ သူတို့သည် အနာဂတ်ကမ္ဘာ ၏ နည်းပညာ တိုးတက်မှုကိုပင် ပိတ်လှောင်ထားပြီး နေအဖွဲ့ အစည်း အတွင်း၌သာ ကန့်သတ်ထားချင်ကြလေသည်။

ဤအရာ၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ခု သေချာပေါက် ရှိနေရပေမည်။

ဤအရာများကို စဉ်းစားပြီးနောက် ကောင်းယွမ်သည် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေ၏။

သူသည် အဆင့်မြင့်ယဉ်ကျေးမှု လောကဆီသို့ သွားရောက်လေ့လာချင်နေခဲ့ပေသည်။

ဤအရာများ အားလုံးအတွက် အဖြေကို ကိုယ်တိုင် ရှာဖွေရမည် ဖြစ်ပေတော့သည်။

လူသားတို့၏ အသက်ရှင်သန်မှုဆိုသည်မှာ မိမိတို့ မည်သည့်နေရာမှ ရောက်ရှိလာပြီး မည်သည့်နေရာသို့ သွားရမည်ကို သိရှိရန်ပင် ဖြစ်လေသည်။ နေအဖွဲ့အစည်း မှ လွတ်မြောက်သွားပါက အဆင့်မြင့်ယဉ် ကျေးမှု ကို ရှာတွေ့နိုင်မလားဆိုသည်မှာ မသေချာလှပေ။ ၎င်း၏ ဖြစ်နိုင်ချေမှာ သမုဒ္ဒရာထဲ၌ အပ် ပျောက်ရှာသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

သို့သော် သူသာ လကမ္ဘာပေါ်ရှိ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ရှာတွေ့ပြီး ပြန်လည်အသက်သွင်းနိုင်ပါ က အဆင့်မြင့်ယဉ်ကျေးမှု လောကကို ရှာတွေ့ရန် အနည်းဆုံး ကိုးဆယ် ရာခိုင်နှုန်းခန့် အခွင့်အရေး ရှိနေ ပေသည်။

ထို့ကြောင့် ကောင်းယွမ်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ဟင်းလင်းပြင်လှိုဏ်ခေါင်း များကို ရှာဖွေရန်သာ တတ်နိုင်ပေတော့သည်။

ဂြိုဟ်ပြင်ပ အဆင့်မြင့်ယဉ်ကျေးမှု ကို ရှာတွေ့မှသာလျှင် ဤအရာများ အားလုံး၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်ပေတော့သည်။

ကောင်းယွမ်သည် ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ရှာဖွေရန် လကမ္ဘာဆီသို့ သွားရောက်ရန် ပြင်ဆင် နေချိန်မှာပင်...၊

အနာဂတ်ကမ္ဘာ ရှိ အင်္ဂါဂြိုဟ် မှ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ၏ အခြေစိုက်စခန်းသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရလေ၏။ ဆူးမူယန် သည် ဌာနချုပ် အဆောက်အအုံအတွင်း ၌ မတ်တတ်ရပ်ကာ ကောင်းကင်ယံမှ ပျံသန်းလာသော 'ဗက်စတာ' ကို ငေးကြည့်နေမိခဲ့ပေသည်။

သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း နားလည်လိုက်လေ၏။

သူတို့ လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပေသည်။

အင်္ဂါဂြိုဟ် မှာ ပျက်စီးရတော့မည် ဖြစ်ပေသည်...။ မဟုတ်သေးပေ...၊ အင်္ဂါဂြိုဟ် ပျက်စီးသွားရုံသာမ က အင်္ဂါဂြိုဟ်ပေါ်ရှိ လူများပါ ပျက်စီးရတော့မည် ဖြစ်လေ၏။

ယခုအခါ အင်္ဂါဂြိုဟ် ကို ဗက်စတာ က ဝင်တိုက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အင်္ဂါဂြိုဟ် အခြေစိုက်စခန်းရှိ လူများသည် ဤဘေးအန္တရာယ်ကြီးမှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် အနီးအနား ရှိ ယာဉ်ပျံများပေါ်သို့ အလုအယက် တက်ရောက်နေလျက်ရှိကြလေသည်။

ဆူးချန် သည် ဆူးမူယန် ၏ အနီးသို့ အသည်းအသန်ပြေးလာခဲ့လေသည်။

"အဖေ... သွားရအောင်... မိနစ်နှစ်ဆယ်အတွင်း ဗက်စတာ က အင်္ဂါဂြိုဟ် ကို ဝင်တိုက်တော့မယ်... ကျွန်တော်တို့ လုံလောက်တဲ့ အကွာအဝေးကို ရောက်ဖို့လိုတယ်... မဟုတ်ရင် တုန်ခါမှုလှိုင်းက ကျွန်တော်တို့ရဲ့ ယာဉ်ကို ဖျက်ဆီးပစ်လိမ့်မယ်... ကျွန်တော် တို့မှာ ငါးမိနစ်ပဲ အချိန်ကျန်တော့တယ်... အဖေ... နက်ပကျွန်းဂြိုဟ် ကို သွားကြရအောင်ပါ..."

All Chapters