← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်းကို စူးစမ်းလေ့လာခြင်း

ဆူးမူယန်သည် ဆူးချန်ကို တွန်းထုတ်လိုက်လေ၏။

"မင်းသွားတော့... ငါ သွားလို့မရဘူး... ကောင်းချိုးက ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး... ပြီးတော့ ဒီနေရာ ကနေ ထွက်သွားရင်လည်း ငါ သွားစရာနေရာ မရှိဘူး... နက်ပကျွန်းဂြိုဟ် ဒါမှမဟုတ် ကြာသပတေး ဂြိုဟ်ကို သွားရင်တောင် သေလုမျောပါး အခြေအနေနဲ့ပဲ ရှင်သန်ရလိမ့်မယ်..."

"အဖေ..."

"လက်နက်ချလိုက်ပါ... မင်း ရှင်သန်နိုင်ဖို့အတွက် ငါ ဒီနေရာမှာပဲ သေခံလိုက်မယ်... ဆူးတိုက် လည်း ထွက်သွားပြီ... သူ နေအဖွဲ့အစည်း ကနေ ထွက်သွားနိုင်လောက်တယ်... ငါတို့ ဆူးမိသားစု အတွက် မျှော်လင့်ချက် ရှိနေသေးတယ်..."

ဆူးချန်သည် အံ့ဩတုန်လှုပ်သွားခဲ့ပေသည်။

"ဟင့်အင်း... ကျွန်တော် လက်နက်မချဘူး..."

"သွားပါ... ကောင်းချိုးက မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး..."

ထို့နောက် ဆူးမူယန်သည် စက်ရုပ်များကို ခိုင်းစေကာ ဆူးချန်အား စစ်သင်္ဘောပေါ်သို့ ဆွဲတင်ခိုင်း လိုက်ပြီး အင်္ဂါဂြိုဟ် မှ ထွက်ပြေးစေခဲ့လေသည်။

ဆူးမူယန်၏ မျက်လုံးထဲတွင် ဗက်စတာ သည် တဖြည်းဖြည်းချင်း ပို၍ပို၍ ကြီးမားလာခဲ့ပေသည်။

ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေ၏။

ဆူးမူယန်သည် လေထဲတွင် လွင့်ပျံသွားသကဲ့သို့ ခံစားလိုက်ရပေ၏။

သူ၏ မျက်စိရှေ့တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေတော့၏….။

…………

ကောင်းချိုးသည် သူ လွန်ခဲ့သော တစ်ရက်က သိမ်းပိုက်ထားခဲ့သည့် ဆီးရက်စ် တွင် မတ်တတ်ရပ်နေခဲ့ လေသည်။ သန်းတစ်ရာကျော်သော စက်ရုပ်ဝတ်စုံများ သည် ဗက်စတာ မှသည် ဆီးရက်စ် ဆီသို့ ပျံသန်း လာနေခဲ့ကြပေ၏။ ဆီးရက်စ် ၏ ကာကွယ်ရေးစနစ်သည် စစ်သင်္ဘောများကို ရင်ဆိုင်နိုင်စွမ်း ရှိသော် လည်း စက်ရုပ်ဝတ်စုံများ ကို တိုက်ခိုက်ရာတွင်မူ သိသိသာသာ အစွမ်းပြနိုင်ခဲ့ခြင်းမရှိပေ။

မြောက်မြားစွာသော စက်ရုပ်ဝတ်စုံများ သည် ကောင်းကင်ယံမှ မိုးရွာချသကဲ့သို့ ဆင်းသက်လာခဲ့ ကြလေသည်။ ဧရာမ ခံတပ် ပင်မအမြောက် ကြီးသည် ခြင်တစ်ကောင်ကို အမြောက်ဖြင့် ပစ်ဖမ်းနေ ရသကဲ့သို့ ဖြစ်နေခဲ့တော့၏။ အကယ်၍ ထိမှန်သွားပါက စက်ရုပ်ဝတ်စုံများ သည် ချက်ချင်း အငွေ့ပျံ သွားမည် ဖြစ်သော်လည်း ဤမျှများပြားလှသော စက်ရုပ်ဝတ်စုံများ အတွက်မူ ထိုထိခိုက်ပျက်စီးမှုမှာ မပြောပလောက်ပေ။

ပထမဆုံးသော စက်ရုပ်ဝတ်စုံ သည် ဆီးရက်စ် ပေါ်သို့ ဆင်းသက်လာချိန်တွင်...၊

ဆီးရက်စ် ၏ အုပ်ချုပ်ရေးမှူး မုမင် သည် အခြေအနေမှာ မျှော်လင့်ချက်မဲ့နေပြီ ဖြစ်ကြောင်း နားလည် လိုက်လေ၏။

သူတို့သည် ကာကွယ်ရေးစနစ် အားလုံးကို ပိတ်ချလိုက်ပြီး လက်နက်ချလိုက်ကြလေတော့သည်။

ကောင်းချိုးသည် ဆီးရက်စ် ကို သိမ်းပိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကာကွယ်ရေးစနစ်ကို ထိန်းချုပ် လိုက်ပြီးနောက် ဗက်စတာ ကို အသက်သွင်းလိုက်လေသည်။

မုမင် သည် ဗက်စတာ ပေါ်ရှိ ရာထောင်ချီသော အင်ဂျင်များမှ အပြာရောင် မီးတောက်များ မှုတ်ထုတ် ကာ အင်္ဂါဂြိုဟ် ဆီသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ ဦးနှောက်မှာ ကျုံ့ဝင်သွားသကဲ့ သို့ ခံစားလိုက်ရပေသည်။

*ဗက်စတာ ကို စစ်သင်္ဘောအဖြစ် ပြောင်းလဲလိုက်တာလား….* ဟု သူ တွေးမိသွားခဲ့လေ၏။

*ဒီလောက် ထူးချွန်ပြောင်မြောက်တဲ့ အစီအစဉ်ကို ဘယ်သူက စဉ်းစားမိခဲ့တာလဲ…*

...

ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ၏ အင်္ဂါဂြိုဟ် အခြေစိုက်စခန်း ပျက်စီးသွားမှုနှင့်အတူ လူသားကမ္ဘာကြီးသည် ၎င်း၏ ညီညွတ်မှုကို တစ်ဖန် ကြေညာနိုင်ခဲ့လေသည်။

ကောင်းချိုးသည် လူသားဖယ်ဒရေးရှင်း ကော်မတီအသစ် တစ်ရပ်ကို ဖွဲ့စည်းရန်နှင့် ဥပဒေသစ်များ ရေး ဆွဲရန် စတင်လုပ်ဆောင်လာခဲ့ပေတော့သည်။

ကော်မတီအသစ်၏ ပထမဆုံး အစည်းအဝေးတွင် ကောင်းချိုးသည် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရလေသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် ကောင်းချိုးက အလွန်စိတ်အားထက်သန်စွာဖြင့် ကြေညာလိုက် လေ၏။

"လူသားမျိုးနွယ်ဟာ ခေတ်သစ်တစ်ခုကို ဝင်ရောက်လာခဲ့ပါပြီ... အထက်တန်းလွှာနဲ့ အောက်ခြေလူ တန်းစားဆိုပြီး ခွဲခြားမှုမရှိဘဲ အားလုံးအတွက် တန်းတူညီမျှတဲ့ ခေတ်သစ်တစ်ခုပါပဲ... လူတွေဟာ ကိုယ် ပိုင် နာမည်တွေကို ရွေးချယ်နိုင်ပြီး အပြင်ထွက် အလုပ်လုပ်တာတွေ၊ သီးနှံတွေ စိုက်ပျိုးတာတွေကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါပြီ..."

...

"မုကျား အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း..."

မွန်ရိုး သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်မိလေသည်။

"အောင်မြင်သွားပြီ... အောင်မြင်သွားပြီ..."

ထူးဆန်းသော လေယူလေသိမ်းဖြင့် ပြောဆိုနေသည့် မွန်ရိုး ၏ မျက်လုံးများသည် မျက်နှာပြင်ပေါ်ရှိ ရှင်းလင်းပြတ်သားသော လမ်းကြောင်းတစ်ခုကို ကြည့်ကာ တောက်ပလာခဲ့လေသည်။

ဝမ်မော့ချွမ် သည်လည်း သိသာထင်ရှားစွာ စိတ်လှုပ်ရှားနေခဲ့ပေသည်။

"အောင်မြင်ပြီ... လေးဖက်မြင် နျူထရွန် ရဲ့ လမ်းကြောင်းကို ထောက်လှမ်းနိုင်ခဲ့ပြီ... သူ့ရဲ့ ပုံသဏ္ဍာန်ကို တိတိကျကျ မစောင့်ကြည့်နိုင်သလို သူ့ရဲ့ လမ်းကြောင်း အတိအကျကိုလည်း တစ်ကြိမ်တည်းနဲ့ မစောင့် ကြည့်နိုင်ပေမဲ့ ဒါဟာ လေးဖက်မြင် ကနေ လေးဖက်မြင် နျူထရွန် ရဲ့ ပုံရိပ်ယောင်ကို ပထမဆုံးအကြိမ် ထောက်လှမ်းနိုင်ခဲ့တာပဲ..."

"လေးဖက်မြင် က လမ်းကြောင်းတွေကို ပေါင်းစပ်ပြီး ဒီနျူထရွန် ရဲ့ လမ်းကြောင်းကို တွက်ချက်ဖို့ ငါတို့ ပြင်ဆင်နိုင်ပြီ..."

ထိုအချိန်တွင် ကောင်းယွမ်၏ ရုံးခန်းအတွင်း၌...၊

ဝမ်မော့ချွမ် သည် ရလဒ်များကို အစီရင်ခံနေခဲ့လေသည်။

"ဥက္ကဋ္ဌကောင်း... အောင်မြင်သွားပါပြီ... အဆင့်ငယ်လေး တစ်ခုပဲ ဆိုပေမဲ့ ဒါက လေးဖက်မြင် အာကာ သနိယာမ မှာ အက်ကြောင်းတစ်ခုကို ငါတို့ ဖန်တီးနိုင်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ... မဝေးတော့တဲ့ အနာ ဂတ်မှာ သေချာပေါက် ကြီးမားတဲ့ တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"အရမ်း အံ့ဩစရာကောင်းတာပဲ... ခင်ဗျားတို့ ဘယ်လို လုပ်လိုက်တာလဲ..."

"အရမ်းရိုးရှင်းပါတယ်... လေးဖက်မြင် နျူထရွန် ဟာ ထပ်တိုးဟင်းလင်းပြင် တစ်ခုသာဖြစ်ပြီးတော့ အဲ့ဒါက အမှန်တကယ် တည်ရှိနေပါတယ်... ငါတို့က လျှပ်စစ်သံလိုက် ပတ်လမ်းတွေနဲ့ တခြားအမှုန်တွေ ကို အစဉ်မပြတ် အလျင်မြှင့်တင်ဖို့ ဧရာမ သံမဏိအလျင်မြှင့်စက်ကြီး ကို အသုံးပြုပြီး အဲဒီ နျူထရွန် ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်... ပြီးတော့ သူ့ရဲ့ ပုံရိပ်ယောင် လမ်းကြောင်းကို မှတ်တမ်းတင်ခဲ့တာပါ..."

"အကယ်၍ ထောက်လှမ်းလို့ မရခဲ့ဘူးဆိုရင်ရော..."

"ဒါဆိုရင် လောလောဆယ် သူ့ကို လွတ်နေပါစေ... သခင်မွန်ရိုး က ကိုဩဒိနိတ်စနစ် အသစ်တစ်ခုကို ဖန်တီးထားပါတယ်... ထောက်လှမ်းလို့ မရသေးသရွေ့ နျူထရွန် ရဲ့ နောက်ထပ် ပုံရိပ်ယောင် မပေါ်လာ မချင်း မတူညီတဲ့ ထောင့်တွေကနေ နျူထရွန်တွေကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေမှာပါ... လေးဖက် မြင် ထဲက လေးဖက်မြင် နျူထရွန် ရဲ့ ကိုဩဒိနိတ်တွေကို ကြားထဲက အချိန်အပိုင်းအခြားတွေနဲ့ မတူညီ တဲ့ ထောင့်တွေကို အသုံးပြုပြီး မှတ်တမ်းတင်သွားမှာပါ..."

"ပြီးတော့ ဒိနည်းလမ်းကို ကျွန်တော်တို့ အတည်ပြုခဲ့ပါတယ်... ရလဒ်ကတော့... လေးဖက်မြင် နျူထရွန် ရဲ့ ပုံရိပ်ယောင်ကို ကြိုတင်သတ်မှတ်ထားတဲ့ နေရာမှာ ကျွန်တော်တို့ အမှန်တကယ် ထောက်လှမ်းနိုင်ခဲ့ ပါတယ်... ဒါက လေးဖက်မြင် ကို တွက်ချက်တဲ့ သခင်မွန်ရိုး ရဲ့ နည်းလမ်းဟာ မှန်ကန်ကြောင်း ပြသနေ တာပါပဲ..."

ကောင်းယွမ်သည် အတွေးနက်သွားခဲ့လေ၏။

ဤအရာသည် အမှန်တကယ်ပင် ကြီးမားလှသော ခြေလှမ်းတစ်ရပ် ဖြစ်ပေသည်။

"ဌာနမှူးဝမ်... ဓာတ်ခွဲခန်းကို လကမ္ဘာဆီ ပြောင်းရွှေ့ချင်တယ်..."

"ဟင်... ဘာဖြစ်လို့လဲ..."

"သတ်မှတ်ထားတဲ့ ဧရိယာတစ်ခုအတွင်းမှာ သရုပ်ဖော် စမ်းသပ်မှုတစ်ခုကို ခင်ဗျားတို့ လုပ်ဆောင်ပေးဖို့ လိုအပ်လို့ပါ..."

"လကမ္ဘာမှာ ဆွဲငင်အား အားနည်းပြီး လေထုက ပါးလွှာတာကြောင့် လကမ္ဘာပေါ်မှာ စမ်းသပ်မှုတွေ လုပ် မယ်ဆိုရင် နှောင့်ယှက်တဲ့ အကြောင်းရင်းတွေ အများကြီး နည်းပါးသွားမှာ အမှန်ပါပဲ..."

ဝမ်မော့ချွမ် က ပြောလိုက်လေသည်။

ကျွန်တော် ဆိုလိုချင်တာက အဲဒါမဟုတ်ပါဘူး ဟု ကောင်းယွမ် ပြောချင်သွားခဲ့ပေ၏။

ထို့အပြင် သူသည် လကမ္ဘာ၏ တစ်ဖက်ခြမ်း တွင် အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ရှာဖွေရန် သွားရောက်မည် ဖြစ်လေသည်။

လေးဖက်မြင် နျူထရွန် ၏ လမ်းကြောင်းကို လျင်မြန်တိကျစွာ မှတ်တမ်းတင်ပြီး နောက်ဆုံး နျူထရွန် ပျောက်ကွယ်သွားသည့် နေရာကို ရှာဖွေရမည် ဖြစ်ပေသည်။ ထိုနေရာသည် အာကာသ ဟင်းလင်းပြင် လှိုဏ်ခေါင်း ၏ တည်နေရာပင် ဖြစ်လေ၏။

သို့သော် လူသားတို့၏ နည်းပညာ ကန့်သတ်ချက်များကြောင့် ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ပြန်လည် အသက်မသွင်းနိုင်သရွေ့ ဖုံးကွယ်နေသော ထိုလှိုဏ်ခေါင်းကို လူသားများက လက်ရှိတွင် ထောက်လှမ်း နိုင်မည် မဟုတ်ပေ။ အကယ်၍ အသက်သွင်းလိုက်ပါက ဟင်းလင်းပြင်လှိုဏ်ခေါင်း သည် မြောက်မြား စွာသော စကြဝဠာ ရောင်ခြည်များကို ထုတ်လွှတ်ပေးမည်ဖြစ်ပြီး အနောက်ကျဆုံးသော နည်းပညာဖြင့် ပင်လျှင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို လူသားများက နောက်ဆုံး၌ သတိပြုမိသွားမည် ဖြစ်လေ သည်။

မည်သို့ပင်ဆိုစေ ခေတ်သစ်လူသားများသည် ရှေးခေတ်လူသားများနှင့် လုံးဝ ကွဲပြားခြားနားနေပြီ ဖြစ် ပေတော့သည်။

လူသားယဉ်ကျေးမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် ကာလတစ်ခုသို့ ဝင်ရောက်လာကတည်း က အတိတ်က ဒဏ္ဍာရီလာ အံ့ဖွယ်ရာများ အားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

လူသားများ ဘာကိုမျှ မသိရှိခဲ့ချိန်က ၎င်းတို့သည် အံ့ဖွယ်ရာများ ဖြစ်ခဲ့ပေသည်။ သို့သော် လူသားများ ကြားတွင် သိပ္ပံပညာရှင်များ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုသို့သော အံ့ဖွယ်ရာများ ထပ်မံပေါ် ပေါက်လာမှုတိုင်းကို ဖော်ထုတ်နိုင်မည် ဖြစ်လေ၏...။

သို့သော် လူသားကမ္ဘာကြီးမှာ အမှန်တကယ်ပင် လူလုပ်ဖန်တီးမှု တစ်ခုပင် ဖြစ်ပေတော့သည်။

ထို့ကြောင့်ပင် ထိပ်တန်း သိပ္ပံပညာရှင်များသည် စကြဝဠာ၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် ကြိုးစားကြသည့်အခါ သူတို့ကိုယ်သူတို့ နက်ရှိုင်းစွာ သံသယဝင်လာကြပြီး သက်ဝင်ယုံကြည်သော ဘာသာရေးသမားများပင် ဖြစ်လာကြခြင်း ဖြစ်လေသည်။

ကောင်းယွမ်သည် ဝမ်မော့ချွမ် ကို ရှင်းပြမနေခဲ့တော့ပေ။

ယင်းအစား သူတို့သည် လျင်မြန်စွာ ပြောင်းရွှေ့မှုများကိုသာ စတင်လုပ်ဆောင်ခဲ့ကြလေသည်။

ဤသိပ္ပံပညာရှင်များသည် သူတို့၏ ကိရိယာများကို အာကာသစစ်သင်္ဘော ပေါ်သို့ တင်ဆောင်လာကြ သောအခါ စစ်သင်္ဘော၏ အတွင်းပိုင်းသည် တောသားကြီးတစ်ဦး ဥယျာဉ်ကြီးတစ်ခုသို့ လည်ပတ်နေ ရသကဲ့သို့ ခံစားလာရစေပေသည်။

အတွင်းရှိ သေးငယ်သော ခလုတ်လေးတစ်ခုကပင် ဤအဖွဲ့၏ ရူးသွပ်သော ကိုးကွယ်ယုံကြည်မှုကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိနေခဲ့လေသည်။

"ဥက္ကဋ္ဌကောင်း... စစ်သင်္ဘောအတွင်းက ဒီသရုပ်ဖော် ဆွဲငင်အား စနစ်ကို ဘယ်လိုများ ရရှိအောင် လုပ်ဆောင်ခဲ့တာလဲ..."

"ဥက္ကဋ္ဌကောင်းကို ငါတို့ မေးနေဖို့ လိုသေးလို့လား... ဒါက ထိန်းချုပ်နိုင်တဲ့ သံလိုက်စက်ကွင်း တစ်ခုကနေ ဖန်တီးထားတဲ့ ဆွဲငင်အားတစ်ခုပါပဲ..."

"ဥက္ကဋ္ဌကောင်း... ဒီစစ်သင်္ဘောပေါ်မှာ ဆန့်ကျင်ဘက်ဒြပ်ထု ကို ဘယ်လို သိမ်းဆည်းထားတာလဲ..."

"နျူထရွန် လှောင်ချိုင့်တစ်ခုပေါ့... ဒါပေမဲ့ နျူထရွန်တွေ ကိုယ်တိုင်က လျှပ်စစ်ဓာတ် မရှိသလို စက်ကွင်း လည်း မရှိဘူးဆိုတော့ နျူထရွန် တံတိုင်းတစ်ခုကို ဘယ်လိုများ ဖန်တီးထားတာလဲ..."

ဤမေးခွန်းများကို မည်သို့ ဖြေဆိုရမည်ကို ကောင်းယွမ် လုံးဝ မသိရှိခဲ့ပေ။

"ခင်ဗျားတို့ ဘာသာ သုတေသန လုပ်သင့်တယ်... အခြားသူတစ်ယောက်က အဲ့ဒါကို ဖန်တီးပြီးသား ဖြစ်နေတာတောင် ကြည့်ပြီး နားမလည်နိုင်သေးဘူးဆိုရင် ခင်ဗျားတို့ စမ်းသပ်မှုတွေ လုပ်နေတာ အဓိပ္ပာယ်မရှိတော့ဘူး..."

ဤစကားက သိပ္ပံပညာရှင်များကို ရှက်ရွံ့သွားစေသင့်ပေသည်...။

မကြာမီပင် အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း သည် ဂြိုဟ်သား အပျက်အစီးများအနီးတွင် တည်ရှိပြီး ကောင်းယွမ် ယခုလေးတင် အမည်ပေးလိုက်သော လကမ္ဘာ၏ တစ်ဖက်ခြမ်း ရှိ အမှောင်ပင်လယ်ဒေသ ဆီသို့ ပြောင်းရွှေ့သွားခဲ့လေသည်။

လကမ္ဘာပေါ်တွင် ဟင်းလင်းပြင်လှိုဏ်ခေါင်းများ ရှိနေပါက ၎င်းတို့သည် တစ်ဖက်ခြမ်းတွင် သေချာ ပေါက် ရှိနေရမည် ဖြစ်ပေ၏...။

ကောင်းယွမ်သည် အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို စတင်ရှာဖွေတော့မည် ဖြစ်လေသည်။

သို့သော် သူ့တွင် အခွင့်အရေး တစ်ကြိမ်သာ ရှိသောကြောင့် ဂရုစိုက်ရန် လိုအပ်ပေသည်။

ကောင်းယွမ်သည် ပထမဦးစွာ သိပ္ပံပညာရှင်များကို အမှောင်ပင်လယ်ဒေသ ၌ သရုပ်ဖော် စမ်းသပ်မှုများ လုပ်ဆောင်စေခဲ့လေသည်။

ဤဧရိယာ၏ အစိတ်အပိုင်းတိုင်းကို သေချာစွာ နားလည်ထားရန် လိုအပ်ပေသည်။

တစ်ချိန်တည်းမှာပင် ဤနေရာ၌ ကိရိယာများကို တပ်ဆင်ခဲ့လေသည်။ တိကျသော တည်နေရာ သတ်မှတ်မှုကို သေချာစေရန်အတွက် ကောင်းယွမ်သည် လျှပ်စစ်သံလိုက် အမှုန်အလျင်မြှင့်စက်

တစ်သိန်းကျော်ကို တပ်ဆင်ခဲ့ပေသည်။

ဤအရာအားလုံးမှာ လေးဖက်မြင် နျူထရွန် ၏ တည်နေရာကို တိကျစွာ ရှာဖွေနိုင်ရန်အတွက်ပင် ဖြစ် လေတော့သည်။

All Chapters