← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) ကွမ်တမ် မက္ကင်းနစ်၏ လျှို့ဝှက်ချက်များ

ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်မှာ အချိန်အတန်ကြာမြင့်နေခဲ့ပြီ ဖြစ်ပေသည်။

ဝမ်မော့ချွမ်သည် အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။

"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ ဘာလုပ်နေကြတာလဲ... ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေရ တာလဲ..."

"ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ရှာဖို့လေ..."

"ဟင်..."

"မွန်ရိုးကို ဒီနေရာ ခေါ်လာခဲ့..."

ကောင်းယွမ်က အမိန့်ပေးလိုက်လေသည်။

မကြာမီပင် မွန်ရိုး ရောက်ရှိလာခဲ့ပေသည်။

သူသည် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ကာ ကောင်းယွမ်အနီးသို့ ချဉ်းကပ်လာခဲ့လေသည်။ လကမ္ဘာ ပေါ်တွင် လေထု မရှိသောကြောင့် သူတို့သည် ဝတ်စုံပေါ်ရှိ စမတ်ကိရိယာများမှတစ်ဆင့် ဆက်သွယ် ခဲ့ကြပြီး ၎င်းက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်မှုနှင့် တစ်ပြိုင်နက်တည်း ဘာသာပြန်ဆိုမှုများကို လုပ် ဆောင်ပေးနိုင်လေသည်။

"မစ္စတာကောင်း... ကျွန်တော့်ကို ရှာနေတာလား..."

"မွန်ရိုး... ကျွန်တော် ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ခင်ဗျား သိလား..."

မွန်ရိုး၏ မျက်နှာထားမှာ လေးနက်သွားခဲ့လေ၏။

"ခင်ဗျားက လေးဖက်မြင် နျူထရွန်ကို လွှတ်ပေးပြီး စွမ်းအင်မြင့် အမှုန်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ လိုအပ် နေတာပဲ... ဒီနေရာမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်း ဒါမှမဟုတ် တခြားအရာတစ်ခုခု ရှိနေတယ်လို့ ကျွန်တော် သံသယရှိတယ်..."

"အကယ်၍ ဒါက ဒါနေရာမှာ ရှိနေရင် လေးဖက်မြင် နျူထရွန်ကို အသုံးပြုပြီး ငါတို့ ရှာတွေ့နိုင်မယ်လို့ ခင်ဗျား ထင်လား..."

ကောင်းယွမ် မေးလိုက်လေသည်။

"ကျွန်တော် မသိဘူး..."

"အကယ်၍ လကမ္ဘာပေါ်မှာ အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်းတစ်ခု ရှိနေခဲ့ရင် ငါတို့ရဲ့ လေးဖက်မြင် နျူထရွန်ကို အသုံးပြုပြီး သူ့ရဲ့ အဝင်ဝကို ရှာတွေ့နိုင်မယ်လို့ ခင်ဗျား ထင်လား..."

မွန်ရိုး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့လေတော့သည်။

"ခင်ဗျား ဆိုလိုတာက... ဟင်းလင်းပြင်လှိုဏ်ခေါင်းလား... အချိန်နဲ့ အာကာသကို ဖြတ်ကျော်ခုန်ပျံနိုင်တဲ့ ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ပြောတာလား..."

"မှန်တယ်..."

မွန်ရိုး အတွေးနက်သွားခဲ့လေသည်။

"အကယ်၍ ဟင်းလင်းပြင်လှိုဏ်ခေါင်းက လကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုရင် အဲဒါက လေးဖက်မြင် နျူထရွန်နဲ့ ဘာဆိုင်လို့လဲ..."

"သုံးဖက်မြင် လောကထဲမှာ နျူထရွန်တစ်ခုတည်း သီးခြား တည်ရှိနိုင်လို့လား... အကယ်၍ မတည်ရှိနိုင် ဘူးဆိုရင် အဲ့ဒါက ဘာလုပ်မှာလဲ..."

မွန်ရိုး ခဏမျှ စဉ်းစားလိုက်လေ၏။

"နျူထရွန်တစ်ခုက တည်ငြိမ်မှု မရှိတာကြောင့် သီးခြားရပ်တည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ... ထိန်းချုပ်မှု မရှိဘူးဆိုရင် နျူထရွန်ဟာ ဘီတာယိုယွင်းမှု ဖြစ်စဉ်ကို ဖြတ်သန်းပြီး အီလက်ထရွန်နဲ့ ဆန့် ကျင်ဘက်နျူထရီနိုတို့ကို ထုတ်လွှတ်ပြီး ပရိုတွန်အဖြစ် ပြောင်းလဲသွားပြီး အက်တမ်ဗဟိုဆံ တစ်ခုကို ရှာဖွေပါလိမ့်မယ်... မစ္စတာကောင်း... ခင်ဗျား ဆိုလိုချင်တာက လေးဖက်မြင် နျူထရွန်ဟာ လည်း ယို ယွင်းသွားပြီးတော့ လေးဖက်မြင် အက်တမ်ဗဟိုဆံတစ်ခုကို ရှာဖွေလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်လား... ငါတို့ဆီမှာ အဲဒါမျိုး သေချာပေါက် မရှိဘူးလေ... တစ်ခုတည်းသော ဖြစ်နိုင်ခြေက ဟင်းလင်းပြင် လှိုဏ်ခေါင်းပဲ..."

ကောင်းယွမ် ခေါင်းညိတ်လိုက်လေသည်။

"အဲဒီအတိုင်းပဲ... ဒါက အဓိက အချက်ပဲ..."

မွန်ရိုးသည် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း သူ့ဘာသာ တီးတိုးရေရွတ်နေတော့သည်။

"နျူထရွန်တွေ... ပရိုတွန်တွေ... အမှုန်အလျင်မြှင့်စက်တွေ... လာကြစမ်း... ဝင်တိုက်ကြစမ်း... မစ္စတာ ကောင်း... လေးဖက်မြင် နျူထရွန် ယိုယွင်းသွားပြီးနောက် ထွက်ပေါ်လာမယ့် ရလဒ်အားလုံးကို ထောက် လှမ်းနိုင်ဖို့ ဒီနေရာမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်းတစ်ခု တည်ဆောက်ဖို့ ကျွန်တော် လိုအပ် တယ်..."

"ကောင်းပြီ... ပြီးတော့ရော..."

ကောင်းယွမ် မေးလိုက်လေသည်။

"ဟင်းလင်းပြင်လှိုဏ်ခေါင်း တစ်ခုက လကမ္ဘာရဲ့ မြေအောက်၊ လကမ္ဘာရဲ့ မျက်နှာပြင်နဲ့ အာကာသ အပါ အဝင် ဘယ်နေရာမှာမဆို ရှိနေနိုင်တယ်... အကယ်၍ အဲ့ဒါက လမျက်နှာပြင် ဒါမှမဟုတ် အာကာသထဲ မှာ ရှိနေရင် စွမ်းအင်မြင့် အမှုန်တန်းတွေနဲ့ ငါတို့ ဗုံးကြဲတိုက်ခိုက်နိုင်တယ်... ဒါပေမဲ့ ဒါက လကမ္ဘာရဲ့ မြေအောက်မှာ ရှိနေရင်တော့..."

ကောင်းယွမ် အနည်းငယ် အံ့ဩသွားခဲ့ပေ၏။

"လမျက်နှာပြင်အောက်မှာ ရှိနေနိုင်လို့လား..."

"ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်... ဒါကြောင့် ငါတို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်..."

ကောင်းယွမ် မျက်မှောင်ကြုတ်လိုက်လေသည်။ လမျက်နှာပြင်အောက်တွင် ရှိနေနိုင်မည့် ဖြစ်နိုင်ခြေကို သူ ထည့်သွင်းစဉ်းစားမိခဲ့ခြင်းမရှိပေ။ သူသည် လျှပ်စစ်သံလိုက် အမှုန်အလျင်မြှင့်စက် မြောက်မြားစွာ ကို ချထားခဲ့သော်လည်း ဟင်းလင်းပြင်လှိုဏ်ခေါင်းက လကမ္ဘာ၏ အတွင်းပိုင်း အနက်ကြီးထဲတွင် အမှန် တကယ် ရှိနေပါက နျူထရွန်များ လမျက်နှာပြင်အောက်သို့ ဝင်ရောက်သွားသည်နှင့် ၎င်း၏ တည်နေရာ ကို မည်သို့ ဆုံးဖြတ်နိုင်ပါမည်နည်း။

လမျက်နှာပြင်အောက်မှာဆိုလျှင် ဘာဆက်လုပ်ရမည်နည်း။

"လမျက်နှာပြင်ပေါ်မှာ စွမ်းအင်မြင့် လျှပ်စစ်သံလိုက် ကွန်ရက်တစ်ခုကို ငါတို့ ဖန်တီးနိုင်တယ်... အကယ် ၍ လေးဖက်မြင် နျူထရွန်တစ်ခု ယိုယွင်းသွားပြီး လမျက်နှာပြင်ဆီ ပျံသန်းသွားခဲ့ရင် သူ့ရဲ့ တည်နေရာကို ငါတို့ ချက်ချင်း သိနိုင်တယ်..."

"လေးဖက်မြင် အမှုန်တွေဟာ သုံးဖက်မြင် လောကထဲမှာ ရုပ်ဝတ္ထုပုံသဏ္ဍာန် မရှိပေမဲ့ သံလိုက်စက်ကွင်း ရဲ့ သက်ရောက်မှုအောက်မှာ သူတို့ရဲ့ ပုံရိပ်ယောင် ရှိနေတုန်းပဲ... သက်ဆိုင်ရာ သံလိုက်စက်ကွင်းတစ်ခု ကို တည်ဆောက်ခြင်းအားဖြင့် လမျက်နှာပြင်ထဲကို ဝင်ရောက်သွားမယ့် သူ့ရဲ့ အမှတ်ကို ငါတို့ ဆုံးဖြတ် နိုင်တယ်..."

"ပြီးတော့ရော..."

"ပြီးတော့လား... ကျွန်တော် မသိဘူး..."

ကောင်းယွမ် မှင်သက်သွားခဲ့လေ၏။

"လေးဖက်မြင် နျူထရွန်ရဲ့ တည်နေရာကို တိတိကျကျ ရှာဖွေနိုင်မယ့် နည်းလမ်းများ ရှိသလား..."

ကောင်းယွမ် မျှော်လင့်တကြီး မေးလိုက်လေသည်။

"အကယ်၍ ဒါက လမျက်နှာပြင်ရဲ့ အထက်မှာ ရှိနေရင် ကျွန်တော် ခြောက်ဆယ်ရာခိုင်နှုန်း သေချာတယ် ... ဒါပေမဲ့ လမျက်နှာပြင်အောက်မှာဆိုရင်တော့ လမျက်နှာပြင်ကို ဘယ်နေရာကနေ ဝင်ရောက်သွား တယ် ဆိုတာကိုပဲ ကျွန်တော် သိနိုင်မယ်... လမျက်နှာပြင်အောက် ဘယ်လောက်အနက်မှာ ရှိနေတယ်ဆို တာကိုတော့ ကျွန်တို့ အတည်ပြုနိုင်မှာမဟုတ်ဘူး..."

*မဖြစ်ဘူး...*

*ဒါက အရမ်း အန္တရာယ်များလွန်းသေးတယ်…*

သူ့တွင် အခွင့်အရေး တစ်ကြိမ်သာ ရှိပြီး တိကျသော တည်နေရာကို ဆုံးဖြတ်နိုင်မှ ရမည်ဖြစ်ပေသည်။ လကမ္ဘာ၏ အချင်းဝက်မှာ ကီလိုမီတာ တစ်ထောင့်ခုနစ်ရာကျော် ရှိပေ၏။ ဤမျှ ကျယ်ဝန်းသော ဧရိယာ ကြီးဖြစ်သောကြောင့် အောင်မြင်နိုင်ချေမှာ အလွန်ပင် နည်းပါးလှပေသည်။

"တခြားနည်းလမ်းများ ရှိသေးလား..."

ကောင်းယွမ် မေးလိုက်လေသည်။

"နည်းလမ်းလား..."

မွန်ရိုးသည် အတွေးနက်သွားခဲ့ပြီး ထိုအချိန်တွင် ဝမ်မော့ချွမ်က ဘေးမှနေ၍ ဝင်ပြောလိုက်လေ၏။

"အကယ်၍ လေးဖက်မြင် နျူထရွန်ကို ငါတို့ ဖြန့်ကျက်နိုင်ခဲ့မယ်ဆိုရင်... သုံးဖက်မြင် လောကတစ်ခု အဖြစ် ပြောင်းလဲပစ်လိုက်နိုင်ရင် ငါတို့အတွက် ပစ်မှတ်က အများကြီး ပိုကြီးသွားလိမ့်မယ်..."

*အမှုန်တစ်ခုကို ဖြန့်ကျက်မယ်လို့လား...*

*မဟုတ်ဘူး... ယိုယွင်းသွားပြီးနောက် အဲ့ဒါက ပရိုတွန်တစ်ခု ဖြစ်လာမှာပဲ...*

သုံးဖက်မြင် ပရိုတွန်များကို နှစ်ဖက်မြင်သို့ ဖြန့်ကျက်နိုင်သည့် ယဉ်ကျေးမှုတစ်ခုအကြောင်း ဖော်ပြထား သော နာမည်ကြီး ဝတ္ထုတစ်ပုဒ်ကို ကောင်းယွမ် ပြန်လည်သတိရသွားခဲ့လေသည်။

ယခု ဝမ်မော့ချွမ်က လေးဖက်မြင် နျူထရွန်ကို သုံးဖက်မြင်အဖြစ် ပြောင်းလဲရန် အဆိုပြုနေခြင်း ဖြစ်ပေ ၏...။

*ဒါ ဖြစ်နိုင်ပါ့မလား….*

"အဏုကြည့်အမှုန်တွေဟာ သုံးဖက်မြင်နဲ့ လေးဖက်မြင် အမှုန်တွေကြား ဖွဲ့စည်းပုံမှာ ကွာခြားချက် မရှိပါဘူး... တစ်ခုတည်းသော ကွာခြားချက်ကတော့..."

ထိုအချိန်တွင် မွန်ရိုးသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပုံ ရလေသည်။

"ဥက္ကဋ္ဌကောင်း... ကျွန်တော် သိပြီ... ကျွန်တော် သိသွားပြီ..."

"ဘာတွေ စဉ်းစားမိသွားလို့လဲ..."

"ငါတို့ အားလုံး မှားနေခဲ့တာပဲ... ဟားဟား... အခုပဲ အဲဒါကို သွားပြီး အတည်ပြုရမယ်..."

ကောင်းယွမ်သည် မွန်ရိုးတစ်ယောက် ဓာတ်ခွဲခန်းဆီသို့ ကမန်းကတန်း ပြေးသွားသည်ကို ကြည့်ကာ အနည်းငယ် တွေဝေသွားခဲ့ပေသည်။

*ဘာတွေ ဖြစ်ကုန်တာလဲ…*

သိပ္ပံပညာရှင်များ အားလုံးသည် ထိုသို့ပင် ဖြစ်ကြပြီး ရူးသွပ်စွာ ပြုမူတတ်ကာ စိတ်ထဲပေါ်လာသမျှကို လုပ်ဆောင်တတ်ကြရာ ကောင်းယွမ်အဖို့ အတော်လေး စိတ်ပျက်စရာ ကောင်းနေခဲ့ပေသည်။

သူသည် ဤပြဿနာများကို ခွဲထုတ်ပြီး 'ကျူးရှို့ ရှောင်ယောင်းကျိ' ဂိမ်းထဲသို့ ပေါင်းထည့်ရန် စီစဉ် ထားခဲ့လေသည်။

ကောင်းယွမ်သည် စစ်သင်္ဘောဆီသို့ ပြန်လာခဲ့ပြီး စနစ်နှင့် ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက် အလင်းကွမ်တမ် ကွန်ပျူတာက သူ၏ ပြဿနာကို စတင် ခွဲခြမ်းစိတ်ဖြာပေးလာခဲ့ပေသည်။

ရုတ်တရက် ဆက်သွယ်ရေး ကိရိယာမှတစ်ဆင့် မွန်ရိုး၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"မစ္စတာကောင်း... ကျွန်တော် နားလည်သွားပြီ... ကျွန်တော် နားလည်သွားပြီ... ဟားဟား..."

ကောင်းယွမ် မှင်သက်သွားခဲ့ပေ၏။

မွန်ရိုးကို ချက်ချင်း သွားရှာလိုက်လေသည်။

မွန်ရိုးသည် မျက်နှာပြင်ပေါ်ရှိ စမ်းသပ်မှု ရလဒ်အမျိုးမျိုးကို ကြည့်နေခဲ့ပေသည်။

"မစ္စတာကောင်း... ငါတို့ အားလုံး မှားနေခဲ့တာပဲ... လေးဖက်မြင် နျူထရွန်ဆိုတာ ဘာလဲ... တကယ် တော့ အဏုကြည့်နယ်ပယ် ဟာ အမြဲတမ်း လေးဖက်မြင် ဖြစ်နေခဲ့တာပဲ... ငါတို့ လေ့လာစောင့်ကြည့် နိုင်တာက သူ့ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲလေ... အဏုကြည့် ရူပဗေဒမှာဆိုရင် ကွမ်တမ် မက္ကင်းနစ်၊ ကွမ်တမ် ချိတ်ဆက်မှု နဲ့ နှစ်ထပ်အက်ကွဲကြောင်း စမ်းသပ်မှု တွေဟာ... အားလုံးက လေးဖက်မြင် အာကာသ ရဲ့ ပြင်ပ သရုပ်သဏ္ဍာန်တွေ သက်သက်ပါပဲ..."

"ငါတို့က ဘာလို့ ဒါကို နားမလည်နိုင်ခဲ့ရတာလဲ... ဘာလို့လဲဆိုတော့ လေးဖက်မြင် အာကာသ ကို ရှင်းပြ ဖို့ သုံးဖက်မြင် လောကရဲ့ သီအိုရီကို အသုံးပြုတာက အခြေခံအားဖြင့် မဖြစ်နိုင်လို့ပဲ... ကျွန်တော် အရင် က လေးဖက်မြင် နျူထရွန်ကို လေ့လာစောင့်ကြည့်ခြင်းအားဖြင့် စတုတ္ထမြောက်ဖက်မြင် ရဲ့ ကိုဩဒိနိတ် သီအိုရီကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့တယ်..."

"အခု ဒီကိုဩဒိနိတ်စနစ်ကို ယခင် အဏုကြည့် ရူပဗေဒမှာ အသုံးချကြည့်လိုက်ရင် ရလဒ်က... အားလုံး ကိုက်ညီနေတယ်... အားလုံး ကိုက်ညီနေတယ်... ရလဒ်ကို ကြည့်လိုက် မစ္စတာကောင်း... ကိုက်ညီနေ တယ် မဟုတ်လား..."

မွန်ရိုး၏ စကားများကို ကြားသည့်အခါ အခြားသော သိပ္ပံပညာရှင်များ အားလုံးမှာလည်း စိတ်လှုပ် ရှားနေပုံ ရလေ၏။

ဝမ်မော့ချွမ်သည် မျက်ရည်များပင် ကျလာခဲ့ပေသည်။

"ငါတို့ ခေတ်သစ်တစ်ခုကို ဝင်ရောက်နေပြီ... ဟားဟား..."

"အဏုကြည့် ရူပဗေဒဟာ နောက်ဆုံးတော့ အောင်မြင်မှု တစ်ရပ်ကို ရရှိသွားခဲ့ပြီ... ကွမ်တမ် မက္ကင်းနစ် မှာ အခုဆိုရင် အသုံးချလို့ရတဲ့ ဖော်မြူလာတွေ ရှိနေပြီ..."

"အဏုကြည့်လောက ဟာ လေးဖက်မြင်ပဲ... ဟားဟား... အံ့ဩစရာတော့ မဟုတ်ဘူး... အဏုကြည့် လောက ဟာ တကယ်တော့ စကြဝဠာ မော်ဒယ်နဲ့ အရမ်းဆင်တူတယ်... အကယ်၍ အဏုကြည့် ရူပဗေဒ က လေးဖက်မြင် ဆိုရင် စကြဝဠာကရော လေးဖက်မြင်ပဲလား..."

"သေချာတာပေါ့... ငါတို့ လေ့လာစောင့်ကြည့်နေတဲ့ လောကကြီးဟာ တကယ့် လက်တွေ့လောကကြီး လုံးဝ မဟုတ်ဘူး... ဒါက ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ..."

ကောင်းယွမ်သည် သိပ္ပံပညာရှင် တစ်စု အောင်ပွဲခံလာကြသည်ကို ကြည့်နေခဲ့လေသည်။

သူတစ်ယောက်တည်းသာ အနည်းငယ် တွေဝေနေပုံ ရလေသည်။

"ဌာနမှူးဝမ်... ဒီအောင်မြင်မှုက ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ရှာဖွေရာမှာ ငါတို့ကို အထောက်အကူ ဖြစ်စေမှာလား..."

"ဒါက မယုံနိုင်စရာပဲ... ဒီ အတည်ပြုချက် ရလဒ်က ငါတို့ကို လေးဖက်မြင် အာကာသ ရဲ့ နယ်ပယ်ထဲကို တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပြီ... နှစ်ပေါင်းများစွာ အဏုကြည့် ရူပဗေဒကို လေ့လာခဲ့ပြီးနောက် နောက် ဆုံးတော့ ငါတို့ဆီမှာ စုစည်းညီညွတ်ပြီး တိကျခိုင်မာတဲ့ ရှင်းလင်းချက်တစ်ခု ရှိလာခဲ့ပြီ... "

"ဒီအောင်မြင်မှုက လေးဖက်မြင် အာကာသ အကြောင်း ငါတို့ နားလည်မှုမှာ တစ်ဝက်ကျော်လောက် ခရီး ရောက်သွားစေခဲ့ပြီ... အခုတော့ အဲဒီ လေးဖက်မြင် နျူထရွန်ကို ဖြန့်ကျက်ဖို့ဆိုတာ လုံးဝ ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်တော့ဘူးလို့ ငါထင်တယ်..."

All Chapters