← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈) ဆွဲငင်အားစက်ကွင်း၏ လျှို့ဝှက်ချက်

ကောင်းယွမ်သည် ကောင်းချိုး၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်လိုက်လေ၏။ သူသည် အာဏာကို ရယူပြီးသည်နှင့် တစ်ပြိုင်နက် စူပါလက်နက် အမျိုးမျိုးကို လျှို့ဝှက်စွာ တီထွင်ဖန်တီးပေလိမ့်မည်။

ယခင် ဗက်စတာ ကဲ့သို့ပင် သူတို့သည် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုလုံးကို အတွင်း၌ ဖောက်ထုတ်၍ စစ်သင်္ဘောအဖြစ်သို့ပင် ပြောင်းလဲပစ်နိုင်ပေသည်။

"ကျွန်တော် သိပါပြီ စစ်သေနာပတိချုပ်ကြီး... ဟင်းလင်းပြင်လှိုဏ်ခေါင်း ရဲ့ အဝင်ဝကို ကျွန်တော် ရှာ တွေ့ထားပြီးပါပြီ... ပြီးတော့ ကျွန်တော် အမှောင်ဒြပ်ထု အများအပြား လိုအပ်ပါတယ်..."

"ဘာ..."

ကောင်းချိုးသည် ရုတ်တရက် မတ်တတ်ရပ်လိုက်လေ၏။

"မင်း ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ရှာတွေ့သွားတာလား... လကမ္ဘာပေါ်မှာလား..."

"ဟုတ်တယ်... ကျွန်တော် စမ်းသပ်ပြီးသွားပြီ... အဲဒါ တကယ့် ဟင်းလင်းပြင်လှိုဏ်ခေါင်း ပဲ..."

ကောင်းချိုးသည် စိတ်လှုပ်ရှားနေပုံ ရလေ၏။

"ကောင်းပြီ... ကောင်းပြီ... ငါ့ဆီမှာ အမှောင်ဒြပ်ထုတွေ ရှိတယ်... နှစ်တွေတစ်လျှောက် ငါ အတော်များ များ စုဆောင်းထားခဲ့တယ်..."

"ဒါနဲ့... အဆင့်မြင့်ယဉ်ကျေးမှု အကြောင်း ခင်ဗျား ဘယ်လောက် သိထားလဲ..."

ကောင်းယွမ် က ရုတ်တရက်မေးလိုက်လေသည်။

မည်သို့ပင်ဆိုစေ နှစ်တစ်ထောင် ကွာခြားချက် ရှိနေပေသည်။ အနာဂတ်ကမ္ဘာ သည် အဆင့်မြင့် ယဉ်ကျေးမှု နှင့် ပတ်သက်၍ သူ့ထက် ပိုမိုများပြားသော သတင်းအချက်အလက်များ ရှိနေမည်ဟု ကောင်းယွမ် ယူဆထားမိခြင်းဖြစ်လေ၏။

"လာ... ငါနဲ့အတူ ကမ္ဘာမြေ ဆီ ပြန်လာခဲ့... အမှောင်ဒြပ်ထု စုဆောင်းတဲ့ နည်းလမ်း အပါအဝင် အချက် အလက်တွေ အားလုံး မင်းကို ငါ ပေးမယ်... အမှောင်ဒြပ်ထု ကို ဖန်တီးနိုင်မယ့် နည်းလမ်းကိုတော့ ငါတို့ ရှာမတွေ့သေးဘူး... လောလောဆယ် အာကာသထဲကနေပဲ အဓိက စုဆောင်းနေရတာ..."

"အမှောင်ဒြပ်ထု နဲ့ အမှောင်စွမ်းအင် ဆိုတာ တကယ်တော့ ဘာတွေလဲ... အဲဒီအကြောင်း ခင်ဗျား သုတေသန လုပ်ထားတာမျိုး ရှိလား..."

ကောင်းယွမ် မေးလိုက်လေသည်။

"အမှောင်ဒြပ်ထု နဲ့ အမှောင်စွမ်းအင် ဟာ ဒီစကြဝဠာကြီး ကျယ်ပြန့်လာမှုကို ပံ့ပိုးပေးနေပြီး အဲ့ဒါက လေးဖက်မြင် အာကာသ ရဲ့ အခြေခံ ဂုဏ်သတ္တိတစ်ခုလည်း ဖြစ်တယ်... မင်းသိတဲ့အတိုင်း ဆွဲငင်အား စက်ကွင်း ဆိုတာ စကြဝဠာထဲက အခြေခံအကျဆုံး နိယာမပဲ... သုံးဖက်မြင် အာကာသ ထဲမှာပဲဖြစ်ဖြစ် လေးဖက်မြင် အာကာသ ထဲမှာပဲဖြစ်ဖြစ် ဆွဲငင်အားစက်ကွင်း ဟာ ပြောင်းလဲခြင်း မရှိဘူးလေ... ဒါဆို ဆွဲငင်အားစက်ကွင်း က ဘယ်ကနေ လာတာလဲ... မင်း သိလား..."

သေချာပေါက် ကောင်းယွမ် သိရှိခဲ့ခြင်းမရှိပေ။

"ဆွဲငင်အားစက်ကွင်း... ဒီစကြဝဠာကြီးကို တကယ်တော့ အမှောင်စွမ်းအင် နဲ့ အမှောင်ဒြပ်ထု က ပံ့ပိုး ပေးထားတာပဲ... ဒါ့အပြင် အမှောင်စွမ်းအင် ရဲ့ သိပ်သည်းဆက ညီညာတယ်... ကြယ်တစ်လုံးရဲ့ ဒြပ်ထု က ပိုကြီးလေ သူကနေ ဖန်တီးလိုက်တဲ့ အမှောင်စွမ်းအင် မျက်နှာပြင်ရဲ့ အစောင်းက ပိုမတ်စောက်လေ ဖြစ်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ပိုငယ်တဲ့ ကြယ်တွေ အားလုံးဟာ ဒီမျက်နှာပြင်ကို ဗဟိုပြုပြီး လှည့်ပတ်နေ ကြလိမ့်မယ်..."

"ဒါက ဆွဲငင်အားစက်ကွင်း ရဲ့ အနှစ်သာရပဲ... ဒါဟာ အခြေခံအားဖြင့် အမှောင်စွမ်းအင် ရဲ့ မျက်နှာပြင် တစ်ခုပဲ... အမှောင်ဒြပ်ထု ကျတော့ရော ဘယ်လိုလဲ... သူက အမှောင်စွမ်းအင် ရဲ့ အဆင့်မြင့်ပုံစံတစ်ခု ပေါ့ကွာ... အမှောင်စွမ်းအင် ဆိုတာ ဒြပ်ထုမဲ့ အမှုန်တွေနဲ့ ဖွဲ့စည်းထားတဲ့ အခြေခံ ကြားခံနယ်တစ်ခု ဖြစ် ပြီးတော့ အမှောင်ဒြပ်ထု ကတော့ ဧရာမ ဒြပ်ထုတွေ ပါရှိတဲ့ အမှုန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြားခံနယ် တစ်ခုပဲ... အမှောင်ဒြပ်ထု ဟာ အမှောင်စွမ်းအင် ထက် ပိုပြီး အားကောင်းတဲ့ ပံ့ပိုးမှုစွမ်းအားကို ပေးစွမ်း နိုင်တယ်..."

"ကြယ်တစ်လုံးရဲ့ ဒြပ်ထုဟာ အမှောင်စွမ်းအင် က ပံ့ပိုးပေးနိုင်တဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားတဲ့ အခါ အမှောင်စွမ်းအင် အလွှာမှာ အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်လိမ့်မယ်... အလင်းအပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေဟာ ဒီအပေါက်ကြီးထဲကို ဝင်ရောက်သွားပြီးတော့ တွင်းနက်ကြီး တစ်ခု ဖြစ်လာတော့တာပဲ..."

ကောင်းယွမ် အံ့ဩသွားခဲ့လေ၏။ ဆွဲငင်အားဆိုသည်မှာ ဤသို့ပင် ဖြစ်လေသည်။

"စစ်သေနာပတိချုပ်ကြီး..."

"စစ်သင်္ဘောပေါ်မှာ ဆက်ပြောကြတာပေါ့... ကမ္ဘာမြေ ကို အရင် ပြန်ကြရအောင်..."

...

ကမ္ဘာမြေ ဆီသို့ ဦးတည်သွားနေသော စစ်သင်္ဘောပေါ်တွင် ကောင်းယွမ်နှင့် ကောင်းချိုးတို့သည် မျက်နှာ ချင်းဆိုင် ထိုင်နေခဲ့ကြလေသည်။

"မင်း ဘာမေးမလို့လဲ... ဆက်မေးလေ..."

"အင်း... ဟင်းလင်းပြင်လှိုဏ်ခေါင်း က ဘာလို့ အမှောင်ဒြပ်ထု ရဲ့ ပံ့ပိုးမှု လိုအပ်နေရတာလဲ..."

"ဟင်းလင်းပြင်လှိုဏ်ခေါင်း ဆိုတာ အာကာသ ကွေးညွတ်သွားတဲ့ ယာယီ လမ်းကြောင်းတစ်ခုပဲ... ခုနက ငါပြောခဲ့သလိုပဲ ဒီစကြဝဠာရဲ့ နေရာအများစုကို အမှောင်စွမ်းအင် က ပံ့ပိုးပေးထားပြီး တချို့နေရာတွေ ကို အမှောင်ဒြပ်ထု က ပံ့ပိုးပေးထားတာပဲ... အမှောင်ဒြပ်ထု မှာ ဒြပ်ထုရှိပြီး ဟင်းလင်းပြင်လှိုဏ်ခေါင်း ရဲ့ ဖိအားကို ခံနိုင်ရည် ရှိတယ်လေ..."

"ဒါပေမဲ့ အမှောင်ဒြပ်ထု ကို လေ့လာစောင့်ကြည့်လို့ မရနိုင်ဘူးဆိုရင် ခင်ဗျားတို့ အဲဒါကို ဘယ်လိုများ ဖမ်းယူခဲ့တာလဲ..."

ကောင်းယွမ် သိလိုစတ်ဖြင့်မေးလိုက်လေသည်။

"အဲ့ဒါကို ငါတို့ လေ့လာစောင့်ကြည့်လို့ မရနိုင်ပေမဲ့ ဆွဲငင်အားစက်ကွင်း ကတော့ ရှိနေတယ်လေ... ဒြပ်ထု ရှိနေသရွေ့ ဆွဲငင်အားစက်ကွင်း ရှိနေမှာပဲ... ငါတို့က အမှောင်ဒြပ်ထု ရဲ့ ဆွဲငင်အားစက်ကွင်း ကို တွက်ချက်ခဲ့ပြီး အာကာသထဲမှာ သူ့ကို ဖမ်းယူဖို့ စွမ်းအင်မြင့် လျှပ်စစ်သံလိုက် စက်ကွင်းကို အသုံးပြုခဲ့ တာပဲ..."

"လူသားတွေက အဲ့ဒါကို ဖန်တီးလို့ရလား..."

ကောင်းချိုး သက်ပြင်းချလိုက်လေ၏။

"အရမ်းခက်ခဲတယ်... လေ့လာစောင့်ကြည့်လို့ မရနိုင်တဲ့ ဒြပ်ထု ရှိနေတယ်ဆိုတာကိုပဲ ငါတို့ သိထားပြီး သူ့ရဲ့ ဖွဲ့စည်းပုံကို သုတေသန မလုပ်နိုင်ဘူးလေ...အဲ့ဒါကို ဖမ်းယူနိုင်တာကပဲ ကံကောင်းနေပြီဖြစ်လို့ ဘယ်လိုလုပ် ဖန်တီးလို့ရနိုင်မှာလဲ... "

"ပြီးတော့ အာကာသထဲမှာ အမှောင်ဒြပ်ထု က ရာခိုင်နှုန်း (၂၆.၆) ရှိပြီး အမှောင်စွမ်းအင် က ရာခိုင်နှုန်း (၆၈.၃) ရှိတယ်... ငါတို့ အမြဲကြုံတွေ့နေရတဲ့ ဒြပ်ထုတွေက (၅) ရာခိုင်နှုန်းတောင် မပြည့်ဘူး... ဒါက ဘာကိုဆိုလိုလဲ မင်းသိလား..."

"ဆိုလိုတာက နေအဖွဲ့အစည်း ထဲက အမှောင်ဒြပ်ထု သိုက်တွေဟာ နေထက် (၅) ဆ (၆) ဆလောက် ပိုလေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."

"ဟုတ်တယ်... မှန်တယ်... အသိုက်တွေက အလွန်အမင်း ပေါများနေမှတော့ ငါတို့ဘာသာ ငါတို့ ဘာလို့ ထုတ်လုပ်နေရဦးမှာလဲ..."

ကောင်းချိုးက မေးခွန်းဖြင့် ပြန်လည်ချေပလိုက်လေသည်။

ကောင်းယွမ် နားလည်သွားခဲ့ပေ၏။

ဤတစ်ကြိမ်တွင် ကောင်းယွမ်သည် ကောင်းကင်တပ်မတော် ၏ အဓိက စစ်သင်္ဘောကြီးဖြစ်သော နေအဆင့် စစ်သင်္ဘော ဖြင့် ကမ္ဘာမြေ ဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းသည် အလွန်လျင်မြန်ပြီး ကောင်းယွမ်၏ လအဆင့် စစ်သင်္ဘော ထက် အဆနှစ်ဆယ်ခန့် ပိုမိုကြီးမားလေသည်။

မကြာမီပင် ကမ္ဘာမြေ သို့ ရောက်ရှိသွားခဲ့ကြလေသည်။

"စစ်သေနာပတိချုပ်ကြီး... ကမ္ဘာမြေ ပေါ်က ဘယ်နေရာကို ရောက်နေတာလဲ..."

"အခြေစိုက်စခန်း အမှတ် (၉၉) ပဲ... ဒါက ဟိုးအရင်က ငါကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ စခန်းလေ... လာ... အောက်ကို ဆင်းသွားကြရအောင်... မင်း သိချင်တာတွေ အားလုံး အထဲမှာ ရှိတယ်..."

ကောင်းချိုးသည် လူသားကမ္ဘာကြီး တစ်ခုလုံးကို လုံးဝ ထိန်းချုပ်လိုက်ပြီ ဖြစ်လေသည်။ ဖွံ့ဖြိုးတိုးတက် ရေး အထွေထွေအုပ်ချုပ်မှုဌာန ပျက်စီးသွားပြီးနောက် လူသားဖယ်ဒရေးရှင်း သည် အာဏာအားလုံးကို ဆုပ်ကိုင်ထားပြီး လွှတ်တော်ဆိုသည်မှာ အမည်ခံမျှသာ ဖြစ်သွားခဲ့ပေတော့သည်။

စစ်သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ယာဉ်ပျံတစ်စီး ရောက်ရှိလာပြီး ကောင်းယွမ်နှင့် ကောင်းချိုးတို့ကို အခြေစိုက်စခန်း အမှတ် (၉၉) ရှိ မြေအောက်စခန်းဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

"ဒီနေရာကို ရောက်လာတဲ့သူ အရမ်းနည်းတယ်... ဆူးမူယန် အာဏာရနေတဲ့ အချိန်မှာတောင် ဒီနေရာက

ထိပ်တန်း လျှို့ဝှက်ချက်တစ်ခုပဲ..."

"ဒီအထဲမှာ အဆင့်မြင့်ယဉ်ကျေးမှု ရဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား..."

"မှန်တယ်..."

ဦးနှောက်လှိုင်းများကို စစ်ဆေး အတည်ပြုပြီးနောက် သူတို့နှစ်ဦးသည် မြေအောက်စခန်းအတွင်းသို့ ဝင် ရောက်သွားခဲ့ကြလေသည်။

ဤနေရာရှိ ဗိသုကာလက်ရာများမှာ လကမ္ဘာ၏ တစ်ဖက်ခြမ်း တွင် သူ ရှာဖွေတွေ့ရှိခဲ့သော ဂြိုဟ်သား ယဉ်ကျေးမှု အခြေစိုက်စခန်းနှင့် အနည်းငယ် ဆင်တူနေကြောင်း ကောင်းယွမ် သတိပြုမိလိုက်လေ၏။

အမိုးမှာ အမိုးခုံးတစ်ခု ဖြစ်ပြီး ပတ်ပတ်လည်တွင် ပုံစံငယ်များစွာကို ထားရှိထားလေသည်။

လူခေါင်းနှင့် မြွေကိုယ်လုံးရှိသော ရုပ်တုများစွာကို ကောင်းယွမ် မြင်တွေ့လိုက်ရပေသည်။

သူသည် ကြီးမားလှသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီဟု စိတ်ထဲတွင် တွေးနေမိသော်လည်း အနာဂတ်ကမ္ဘာ သည် ၎င်းအကြောင်းကို အစကတည်းက သိရှိထားပြီး ဖြစ်လေသည်။

သူတို့သည် စူပါဖိုတွန်ကွန်ပျူတာ တစ်လုံး၏ အရှေ့သို့ ရောက်ရှိသွားခဲ့ကြပေ၏။

"မျှော်လင့်ချက်... စတင်လိုက်..."

"အသံအသိအမှတ်ပြုခြင်း အောင်မြင်ပါသည်... စတင်နေပါပြီ..."

ကောင်းယွမ် အနည်းငယ် တွေဝေသွားပုံ ရလေ၏။

ကောင်းချိုးက စတင် ရှင်းပြလိုက်လေသည်။

"ဒါက ငါတို့ရဲ့ အကြီးဆုံး သီးခြား ဖိုတွန်သုတေသန ကွန်ပျူတာလေ လူ…သားတွေ တည်ဆောက်ခဲ့ သမျှထဲမှာ အစွမ်းအထက်ဆုံး ကွန်ပျူတာပဲ..."

မကြာမီပင် ကောင်းယွမ်၏ ပတ်လည်တွင် များစွာသော သုံးဖက်မြင် ပုံရိပ်ယောင်များ ပေါ်ထွက်လာ ခဲ့လေတော့သည်။

ကောင်းယွမ်သည် ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူကိုယ်တိုင်ပင် ရုပ်ရှင်ထဲတွင် အမှန်တကယ် ပါဝင်နေသကဲ့သို့ ရှိပေသည်။

ရုပ်ရှင်သည် လူသူကင်းမဲ့နေသော အခြေအနေရှိ နေအဖွဲ့အစည်း နှင့်အတူ စတင်လာခဲ့လေသည်...။

လွန်ခဲ့သော နှစ်သန်းပေါင်း တစ်ထောင်ခန့်က ကမ္ဘာမြေ ပေါ်တွင် သက်ရှိများ စတင်ပေါ်ပေါက်လာခဲ့ သော်လည်း ထိုအချိန်က နေအဖွဲ့အစည်း တစ်ခုလုံးသည် လူသူကင်းမဲ့သော လောကကြီးတစ်ခု ဖြစ်နေ ခဲ့ပေသည်။

သမုဒ္ဒရာထဲတွင် အောက်ဆီဂျင်မလိုအပ်သော သက်ရှိ များ ပေါ်ပေါက်လာခဲ့လေသည်။

ထို့နောက် ကမ္ဘာမြေ ပေါ်တွင် ဟင်းလင်းပြင်လှိုဏ်ခေါင်း တစ်ခု ပေါ်လာခဲ့ပြီး အပင်များ ကြီးထွားလာကာ အောက်ဆီဂျင် အများအပြား ထုတ်လွှတ်လာခဲ့ပေသည်။ နှစ်သန်းပေါင်း သောင်းနှင့်ချီ ကြာပြီးနောက် ကမ္ဘာမြေ ပေါ်ရှိ အောက်ဆီဂျင် ပြင်းအားသည် လေးဆယ် ရာခိုင်နှုန်း အထိ ရောက်ရှိလာခဲ့လေ၏။

မကြာမီပင် ဓာတ်ခွဲခန်းတစ်ခုအတွင်း၌ လူခေါင်းနှင့် မြွေကိုယ်လုံးရှိသော ဂြိုဟ်သားများသည် မိုက်တို ခွန်ဒရီးယား ဟုခေါ်သည့် ကိုယ်ပိုင် မျိုးပွားနိုင်စွမ်းရှိသော ဉာဏ်ရည်တု ဇီဝစက်ရုပ်များကို ဖန်တီးခဲ့ကြ လေသည်။ ထို မိုက်တိုခွန်ဒရီးယား များကို သက်ရှိဆဲလ်များထဲသို့ ထည့်သွင်းလိုက်ကြလေ၏...။

ထို့နောက်တွင် ကမ္ဘာမြေ သည် အောက်ဆီဂျင် ကြွယ်ဝသော ခေတ်သို့ ဝင်ရောက်လာတော့မည် ဖြစ်ပေ သည်။

ကမ္ဘာမြေ နှင့် လကမ္ဘာကြား အကွာအဝေးကို ချိန်ညှိရန် ဂြိုဟ်သားများက အဆင့်မြင့်နည်းပညာများကို စတင်အသုံးပြုလာကြသည်ကိုလည်း ကောင်းယွမ် တွေ့မြင်ခဲ့ရပြီး လကမ္ဘာ၏ ဒြပ်ထုကိုပင် တင်းကျပ် စွာ တွက်ချက်ပြီးနောက် ပိုလျှံနေသည်များကို ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု အတွင်းသို့ ပစ်ချလိုက်ကြ လေ၏။

တကယ်တမ်းတွင် ကောင်းယွမ် အနေဖြင့် အများစုကို ခန့်မှန်းထားပြီး ဖြစ်လေသည်...။

"စစ်သေနာပတိချုပ်ကြီး... ဒီဂြိုဟ်သားတွေက လူသားတွေရဲ့ ကျေးဇူးရှင်တွေလား ဒါမှမဟုတ် ရန်သူ တွေလားဆိုတာ ခင်ဗျား ဘယ်လိုထင်လဲ..."

ကောင်းယွမ် မေးလိုက်လေသည်။

"သူတို့မရှိရင် ငါတို့လည်း မရှိနိုင်ဘူးလို့ ပြောတာက မျှတပါလိမ့်မယ်... အနာဂတ်မှာ ကမ္ဘာမြေ ပေါ်မှာ ယဉ်ကျေးမှုတစ်ခု ပေါ်ပေါက်လာခဲ့ရင်တောင်မှ အဲ့ဒါက လူသားဖြစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့ တည်ရှိနေမှုကြောင့် ငါတို့ဟာ နေအဖွဲ့အစည်း အတွင်းမှာ ထာဝရ အကျဉ်းချခံထားရတယ်လေ... ဒီကိစ္စ ကို ကျေးဇူးရှင်တွေနဲ့ ရန်သူတွေ ဆိုပြီးတော့ ရိုးရိုးရှင်းရှင်း ရှင်းပြလို့ မရနိုင်ဘူး..."

"အကယ်၍ ငါတို့ အပြင်ထွက်ချင်တယ်ဆိုရင် ဒီကန့်သတ်ချက်ကို ချိုးဖျက်ရလိမ့်မယ်..."

"လွန်ခဲ့တဲ့ နှစ် (၈၀၀) တုန်းက ရေခဲပြင် ထဲမှာ လူခေါင်းနဲ့ မြွေကိုယ်လုံးရှိတဲ့ အကြွင်းအကျန်တွေကို ငါတို့ ရှာတွေ့ခဲ့တယ်... ဒီအကြွင်းအကျန်တွေကို နှစ် (၃၀၀) ကြာအောင် ငါတို့ သုတေသနလုပ်ပြီး ခွဲခြမ်းစိတ် ဖြာခဲပြီးတော့ သူတို့ရဲ့ မျိုးရိုးဗီဇ ကိုတောင် ဖော်ထုတ်နိုင်ခဲ့တယ်..."

"ဟင်..."

ကောင်းယွမ် အံ့ဩတုန်လှုပ်သွားခဲ့ပေ၏။

*သူတို့က ဂြိုဟ်သား မျိုးရိုးဗီဇ ကို ဖော်ထုတ်နိုင်ခဲ့ပြီလား…*

All Chapters