← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) ပိုလာရစ်

လင်းမေ သည် ကောင်းယွမ် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး မေးလိုက်လေ၏။

"အစ်ကိုယွမ်... ဘယ်သွားမလို့လဲ..."

"အပြင်ထွက်ပြီး သွားကြည့်ရအောင်..."

"အရာအားလုံး အဆင်ပြေရဲ့လား..."

ကျန်းပိုင်ရီ က ရယ်မောလိုက်လေသည်။

"အစ်မလင်း... ခင်ဗျား နည်းနည်း စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား... လောင်ကောင်း က နေအဖွဲ့ အစည်း တစ်ခုလုံးမှာ ဘာပြဿနာမှ မရှိဘဲ သောင်းကျန်းနေတာလေ... သူ့ကို ဘာဖြစ်စေနိုင်မှာလဲ... နေအဖွဲ့အစည်း ရဲ့ အရှင်သခင်ကြီး... ဟုတ်တယ်မလား... လောင်ကောင်း..."

"နည်းနည်းတော့ ချဲ့ကားပြောရာ ကျပေမဲ့ မှားတော့လည်း မမှားပါဘူး..."

ကောင်းယွမ်သည် လေထုကို ပေါ့ပါးသွားစေရန် ကြိုးစားလိုက်သော်လည်း သူ စိတ်မသက်မသာ ဖြစ်နေဆဲပင် ဖြစ်ပေသည်။ မထွက်ခွာမီ စီစဉ်ရမည့် အရာများစွာ ရှိနေသေးလေ၏။

ကမ္ဘာကြီးသည် မိမိကြောင့် ဤသို့ ဖြစ်လာခဲ့ရခြင်းဖြစ်ရာ မတော်တဆမှု တစ်ခုခုကြောင့် ရှနိုင်ငံ တွင် ပရမ်းပတာ ဖြစ်သွားခြင်းမှ ကာကွယ်ရန် ကျိုးကျန်းလီ ကို သွားရောက်နှုတ်ဆက်ရမည် ဖြစ်ပေသည်။

သုံးရက် ကြာပြီးနောက်တွင်….။

ကောင်းယွမ်သည် အမှောင်ဒြပ်ထု တန်သုံးဆယ်နှင့် ဆန့်ကျင်ဘက်ဒြပ်ထု တန်ဆယ်တန်ကို သယ်ဆောင် ကာ စစ်သင်္ဘောပေါ်သို့ တက်ရောက်ခဲ့လေသည်။ ဟင်းလင်းပြင်လှိုဏ်ခေါင်း က မည်မျှ စားသုံးမည်ကို မသိရှိရသောကြောင့် ကောင်းယွမ်သည် ယူလာနိုင်သမျှ အရာအားလုံးကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပေ သည်။

လကမ္ဘာ၏ တစ်ဖက်ခြမ်း ရှိ ဟင်းလင်းပြင်လှိုဏ်ခေါင်း ၏ အဝင်ဝသို့ ရောက်ရှိလာခဲ့လေသည်...။

ကောင်းယွမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။

ကောင်းယွမ်သည် သူ၏ အိတ်ကပ်ထဲရှိ ပုံသဏ္ဍာန်ပြောင်းလဲစက် ကို စမ်းသပ်ကြည့်လိုက်ပြီး အမှောင် ဒြပ်ထု ကို စတင် ပြင်ဆင်လိုက်လေသည်။

အမှောင်ဒြပ်ထု ကို ချထားလိုက်သည်နှင့် မကြာမီမှာပင် ကောင်းယွမ်သည် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ ကွေးညွတ်ပျက်ယွင်းသွားသည်ကို မြင်လိုက်ရပြီး မကြာမီ ရေလှိုင်းများနှင့် ဆင်တူသော အတားအဆီး တစ်ခု ပေါ်လာခဲ့ပေသည်။

၎င်း၏ အထဲတွင် ထူးဆန်းသော အလင်းရောင် အမျိုးမျိုးလည်း ရှိနေခဲ့လေ၏။

ကောင်းယွမ်သည် စစ်သင်္ဘောကို အတားအဆီးဆီသို့ မောင်းနှင်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်လှိုဏ်ခေါင်း အတွင်းရှိ ဖိအားများကို တွန်းလှန်ရန်အတွက် အသုံးပြုမည့် ဆန့်ကျင်ဘက် ဒြပ်ထု ကိုလည်း ပြင်ဆင်ထားလိုက်လေသည်။

စစ်သင်္ဘောသည် အတားအဆီးအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့ပြီး ကောင်းယွမ်သည် သူ၏ စိတ်အာရုံများ ပို၍ပို၍ နှေးကွေးလာသကဲ့သို့ ခံစားလိုက်ရပေသည်။

စစ်သင်္ဘော တစ်စီးလုံး ဟင်းလင်းပြင်လှိုဏ်ခေါင်း အတွင်း မျိုချခံလိုက်ရချိန်တွင် ကောင်းယွမ် ဘာကိုမျှ မသိတော့ပေ။

သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ စစ်သင်္ဘောမှာ သဲကန္တာရ တစ်ခုထဲတွင် ရပ်နားနေခဲ့ ခြင်းဖြစ်လေ၏။

စစ်သင်္ဘော၏ မှန်ပြတင်းပေါက်မှတစ်ဆင့် ကောင်းယွမ်သည် အပြင်ဘက်ရှိ အဆုံးအစမရှိသော သဲ ကန္တာရကို မြင်တွေ့လိုက်ရပေသည်။ ကောင်းကင်ကြီးမှာ အဝါရောင် ဖြစ်နေပြီး မြေပြင်မှာလည်း အဝါ ရောင် ဖြစ်နေကာ လေထုကပင်လျှင် အဝါရောင် ဖြစ်နေခဲ့လေ၏။

သူတို့ ရောက်လာခဲ့ပြီလောဟု တွေးမိလေသည်။

ကောင်းယွမ်မှာ လုံးဝ တွေဝေရှုပ်ထွေးသွားပုံ ရလေ၏။

ထိုအချိန်တွင် စစ်သင်္ဘော၏ စနစ်များက ပတ်ဝန်းကျင်ကို စတင် ထောက်လှမ်းလာခဲ့ပေသည်။

"ဘီ... ဘီ... ဘီ... ပြင်ပ ပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးမှု ပြီးစီးပါပြီ... အပူချိန်က (၆၉) ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး လေထုထဲမှာ နိုက်ထရိုဂျင် ပါဝင်မှုက (၉၉) ရာခိုင်နှုန်း ဖြစ်ပါတယ်... စိုထိုင်းဆက (၅) ရာခိုင်နှုန်းပါ..."

ကောင်းယွမ်သည် စနစ်၏ ကြေညာချက်ကို ကြားလိုက်ရချိန်တွင် လုံးဝ တွေဝေရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

*ဒီနေရာက အဆင့်မြင့်ယဉ်ကျေးမှု ရဲ့ လောကကြီးကော ဟုတ်ရဲ့လား….*

*ဘာလို့ ဒီလောက် လူသူကင်းမဲ့နေရတာလဲ….* ဟု သူ စဉ်းစားမိနေခဲ့ပေသည်။

ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ဤနေရာသည် နေအဖွဲ့အစည်း ဆီသို့ ဦးတည်သွားသော နေရာဖြစ်သောကြောင့် အနည်းဆုံးတော့ ဆက်သွယ်ရေးစခန်း သို့မဟုတ် တစ်ခုခု ရှိနေသင့်ပေသည်။

သို့သော် ဤနေရာတစ်ခုလုံးမှာ သဲကန္တာရများသာ ဖြစ်နေခဲ့လေ၏။

အိမ်ပြန်လမ်းကို ရှာမတွေ့တော့မည်ကို စိုးရိမ်သဖြင့် ကောင်းယွမ်သည် အဝေးသို့ မသွားရဲခဲ့ပေ။

သို့သော် ယခုအခါ မည်သည့်နေရာမှ စတင်ရမည်၊ မည်သို့ လုပ်ဆောင်ရမည်ကို သူ လုံးဝ မသိရှိခဲ့ပေ။

သူသည် သတင်းအချက်အလက်များ စုဆောင်းရန် လာခဲ့ခြင်း ဖြစ်လေသည်။

သူတို့ တုံ့ဆိုင်းနေစဉ်မှာပင် သူတို့ရှေ့ရှိ သဲများသည် ရုတ်တရက် စတင်လှုပ်ရှားလာခဲ့ပြီး မကြာမီ မြေ အောက်မှ လူ နှစ်ဦး ထွက်ပေါ်လာခဲ့ပေသည်။

ကောင်းယွမ်သည် ရင်းနှီးနေသော လူခေါင်းနှင့် မြွေကိုယ်လုံးရှိသည့် ပုံသဏ္ဍာန်ကို မြင်လိုက်ရလေ၏။ မြွေလူသား နှစ်ဦးသည် ကောင်းယွမ်၏ စစ်သင်္ဘောကို မြင်လိုက်ရပြီး ၎င်းတို့ထဲမှ တစ်ဦးသည် တိုက် ရိုက် လျှောက်လာ ခဲ့ပေသည်။

ကောင်းယွမ်သည် ပုံသဏ္ဍာန်ပြောင်းလဲစက် ကို ထုတ်ယူလိုက်လေသည်။ ထည့်သွင်းထားသော မျိုးရိုး ဗီဇ ရှိနေသရွေ့ ပုံသဏ္ဍာန်ပြောင်းလဲစက် သည် ပုံသဏ္ဍာန် ပြောင်းလဲပေးနိုင်ပေ၏။

ဤအခိုက်အတန့်တွင် ကောင်းယွမ်သည် မြွေလူသား တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပေတော့ သည်။

"ရှီး..."

မြွေလူသားသည် ကောင်းယွမ်ကို စကားပြောလိုက်လေ၏။

၎င်းကို ကြားလိုက်ရသည့်အခါ ကောင်းယွမ်သည် ၎င်း၏ အဓိပ္ပာယ်ကို လျင်မြန်စွာ ကောက်ချက်ချ လိုက်ပေသည်။

"ဒါက တားမြစ်နယ်မြေပဲ..."

*တားမြစ်နယ်မြေ…ဟုတ်လား….* သူ တွေးလိုက်လေ၏။ ထိုအတိုင်း အမှန်တကယ် ဖြစ်ပုံရပေသည်။

ကောင်းယွမ်သည် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်သွားလိုက်လေ၏။

သူသည် ယခင် မြွေလူသား၏ အသံကို အတုခိုးကာ ပြောလိုက်လေသည်။

"ငါ လမ်းမှားလာခဲ့လို့... ငါ အခု ဘယ်နေရာကို ရောက်နေတာလဲ..."

"မင်းရဲ့ စိတ်ကို ဖွင့်ထားလိုက်... အခု မင်းရဲ့ အထောက်အထားကို ငါတို့ အတည်ပြုဖို့ လိုတယ်..."

မြွေလူသားက ကောင်းယွမ်ကို ပြောလိုက်လေ၏။

ကောင်းယွမ်က သူ၏ စိတ်ကို မည်သို့ ဖွင့်ရမည်ကို လုံးဝ မသိရှိခဲ့ပေ။

သူ ခဏမျှ တွေဝေသွားပြီးနောက် စိတ်ကို ခိုင်မာစွာထားကာ သူ၏ စက်ရုပ်ဝတ်စုံ ကို ခေါ်ယူလိုက်ပြီး စစ်သင်္ဘောထဲမှ ပျံသန်းထွက်ခွာကာ မြွေလူသား နှစ်ဦးကို ဖမ်းဆွဲ၍ သူ၏ စစ်သင်္ဘောထဲသို့ ခေါ်ဆောင် လာခဲ့လေတော့သည်။

ကောင်းယွမ်သည် ဘာမျှ ထပ်မပြောတော့ဘဲ ၎င်းတို့ကို ဖမ်းဆီးကာ စစ်သင်္ဘော၏ အနောက်ဘက်ရှိ လေဟာနယ် ဂိုဒေါင်ထဲသို့ ပစ်ထည့်လိုက်လေ၏။ ထို့နောက် သူသည် ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ပြန်လည်ဖွင့်လှစ်ကာ လကမ္ဘာဆီသို့ ပြန်လာခဲ့ပေတော့သည်။

နောက်တစ်ခဏမှာပင် ကောင်းယွမ်သည် လကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့လေတော့သည်။

စစ်သင်္ဘောသည် လကမ္ဘာ၏ ကွန်ရက်နှင့် ချိတ်ဆက်သွားခဲ့ပေသည်...။

အပေါ်ရှိ အချိန်ကို မြင်လိုက်ရသည့်အခါ ကောင်းယွမ် မှင်သက်သွားခဲ့လေသည်။

သူ ဇွန်လ ခုနစ်ရက်နေ့က ထွက်သွားခဲ့ကြောင်းကို ရှင်းလင်းစွာ မှတ်မိနေသော်လည်း ယခုအခါ သူ ပြန်ရောက်ချိန်မှာ ဇူလိုင်လ ရှစ်ရက်နေ့ ဖြစ်နေခဲ့ပေသည်။ သူ အဲဒီကိုရောက်ပြီး မြွေလူသား နှစ်ဦးကို ဖမ်းဆီးခဲ့ရုံလေး ရှိသေးသော်လည်း တစ်လကျော် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်လေ၏။

ကောင်းယွမ်၏ အမြင်အရဆိုလျှင် ဤတစ်ကြိမ်တွင် သူ အချိန် ငါးမိနစ်ခန့်သာ အများဆုံး ယူခဲ့ရခြင်း ဖြစ်ပေသည်။

ငါးမိနစ်ဆိုသည်မှာ တစ်လနှင့် ညီမျှနေလေသည်။ သူ ဟင်းလင်းပြင်လှိုဏ်ခေါင်း ကို ဖြတ်သန်းသွား လာစဉ် အချိန်တွေ ဖြုန်းတီးမိသွားခဲ့သလား၊ သို့မဟုတ် အဆင့်မြင့် လောကကြီးတွင် အချိန်စီးဆင်းမှုက ဤနေရာထက် အဆပေါင်း ထောင်နှင့်ချီ၍ ပိုမိုမြန်ဆန်နေသလားဟု တွေးတောနေမိခဲ့လေ၏။

ဤအရာကို နောက်တစ်ကြိမ်တွင် ကောင်းယွမ် အတည်ပြုရန် လိုအပ်ပေသည်။

ယခုအခါ ကောင်းယွမ်သည် သူ ဖမ်းဆီးလာခဲ့သော မြွေလူသား နှစ်ဦးကို စစ်ဆေးမေးမြန်းရန် လိုအပ် နေပြီ ဖြစ်လေ၏။

ကောင်းယွမ်သည် မြွေလူသား တစ်ဦးအဖြစ်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲသွားပြီး လေဟာနယ် ဂိုဒေါင် ဆီသို့ ရောက်ရှိလာခဲ့ပေသည်။

ပုံသဏ္ဍာန်ပြောင်းလဲစက် က ပုံသဏ္ဍာန် ပြောင်းလဲပေးပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲ သွားခဲ့လေ၏။ ကောင်းယွမ်သည် သူ့အနေဖြင့် အသက်ရှူရန် လုံးဝ မလိုအပ်ကြောင်း တွေ့ရှိလိုက်ရပြီး ... သူ၏ အသားအရေမှာ အလွန်အေးစက်နေကာ ခန္ဓာကိုယ်အပူချိန် လုံးဝနီးပါး မရှိဘဲ ပတ်ဝန်းကျင် အခြေအနေနှင့် ထပ်တူကျနေခဲ့ပေသည်။

ဤ မြွေလူသားများ သည် သွေးအေးသတ္တဝါများ ဖြစ်ပုံရပေသည်...။

သွေးအေးသတ္တဝါများ ၏ အားသာချက်တစ်ခုမှာ သူတို့သည် စွမ်းအင် အလွန်အမင်း နည်းပါးစွာ သုံးစွဲ ခြင်းပင် ဖြစ်လေသည်။ အရွယ်အစားတူ သတ္တဝါတစ်ခုအတွက် သူတို့သည် သွေးနွေးသတ္တဝါများ လို အပ်သော စွမ်းအင်၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ သုံးစွဲကြခြင်း ဖြစ်ပေ၏။

ကောင်းယွမ်သည် မြွေလူသား နှစ်ဦးအနီးသို့ ချဉ်းကပ်သွားလိုက်လေသည်။

"ထကြစမ်း... ဟေ့ကောင်တွေ..."

မြွေလူသား နှစ်ဦးသည် သူတို့၏ မျက်လုံးများကို ဖွင့်ကာ ကောင်းယွမ်ကို ကြည့်လိုက်ကြလေ၏။

"ငါတို့ကို ဘာလို့ ဖမ်းဆီးရတာလဲ…"

သူတို့ မေးလာကြလေသည်။

"ငါ ဖမ်းချင်လို့ ဖမ်းလာတာပေါ့... မင်းတို့ နာမည်တွေက ဘယ်သူတွေလဲ..."

"လွီယွမ်..."

"ကျီးလီ..."

*ဒါတွေက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ နာမည်တွေလဲ…*ဟု ကောင်းယွမ် တွေးမိလိုက်လေ၏။

"မင်းက ဘယ်သူလဲ..."

မြွေလူသား တစ်ဦးက မေးလိုက်လေသည်။

"ငါက ဘယ်သူဖြစ်မယ်လို့ မင်းတို့ ထင်လဲ..."

"မင်းက တားမြစ်နယ်မြေ ထဲမှာ ရောက်နေတာဆိုတော့ မင်းက စမ်းသပ်နယ်မြေ စောင့်ကြည့်ရေးမှူး တစ်ယောက် သေချာပေါက် ဖြစ်ရမယ်..."

*စောင့်ကြည့်ရေးမှူး ဟုတ်လား…*

ရုတ်တရက် သူ တွေးလိုက်မိလေ၏။

*တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီလာ ဘိုးဘေးတွေဖြစ်တဲ့ နွီဝါး နဲ့ ဖူရှီ တို့ဟာလည်း စောင့်ကြည့်ရေးမှူး တွေများ ဖြစ်နေမလား….*

ကောင်းယွမ် ဆက်ပြောလိုက်လေသည်။

"ငါက စောင့်ကြည့်ရေးမှူး ဆိုတာ မင်းတို့ သိနေမှတော့ ငါ့ရဲ့ အထောက်အထားကို မင်းတို့က ဘာလို့ အတည်ပြုဖို့ လိုအပ်နေသေးတာလဲ..."

"ဒါက စည်းမျဉ်းပဲလေ... မဟုတ်သေးဘူး... မင်းက စောင့်ကြည့်ရေးမှူး မဟုတ်ဘူး... မင်းက... မင်းက စမ်းသပ်ခံ သက်ရှိပဲ..."

ရုတ်တရက် မြွေလူသား တစ်ဦးသည် အလန့်တကြား အော်ဟစ်လိုက်လေ၏။

ကောင်းယွမ် အံ့ဩသွားခဲ့ပေသည်။ အတိအကျ ဘာတွေ မှားယွင်းသွားတာလဲ ဟု သူ တွေးမိလိုက်လေ ၏။

ဤနေရာက လကမ္ဘာ ဖြစ်သော်လည်း သူတို့အားလုံးသည် ဂိုဒေါင်အတွင်း၌သာ ရှိနေကြပြီး ပြင်ပ လောကကို လုံးဝ မြင်နိုင်ခြင်းမရှိကြပေ။

*သူတို့က ငါ့ရဲ့ ကိုယ်ပိုင် အထောက်အထားကို ဘယ်လိုများ ရုတ်တရက်ကြီး သိသွားကြတာလဲ….*

"ချီးပဲ..."

"မင်းက စမ်းသပ်ခံ သက်ရှိပဲ... မင်းဆီကနေ အောက်ဆီဂျင် အနံ့တွေ ထွက်နေတယ်... မင်းမှာ အထောက်အထား ချစ်ပ်ပြား လည်း မရှိဘူး... ဒီနေရာက မြောက်ပိုင်းကြယ် အဖွဲ့အစည်း မဟုတ် တော့ဘူး... ငါတို့ရဲ့ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားပြီ..."

"တကယ်တော့ ငါက သိပ္ပံပညာရှင် တစ်ယောက်ပါ..."

ကောင်းယွမ် သူတို့ကို လှည့်စားချင်နေဆဲ ဖြစ်သော်လည်း မြွေလူသား နှစ်ဦးသည် စကားဆက်မပြော တော့ဘဲ ကောင်းယွမ်ကိုသာ စိုက်ကြည့်၍သာ နေခဲ့ကြလေသည်။

ကောင်းယွမ်သည် ကူကယ်ရာမဲ့နေပုံ ရပေသည်။ သူသည် သူတို့အား မထိခိုက်စေချင်သော်လည်း သူတို့က ပူးပေါင်းဆောင်ရွက်မည့်ပုံ မရပေ။

ကောင်းယွမ် လက်ကာပြလိုက်သည်နှင့် စက်ရုပ် ဒါဇင်ပေါင်းများစွာ ချက်ချင်း ဝင်ရောက်လာပြီး မြွေလူ သား နှစ်ဦးကို စတင် ရှာဖွေစစ်ဆေးကြလေတော့သည်။ မကြာမီ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဇီဝချစ်ပ်ပြား နှစ်ခုကိုလည်း ရှာတွေ့သွားခဲ့ကြပေသည်။

ချစ်ပ်ပြားသည် အပူချိန်တစ်ခုတည်းတွင် အမြဲရှိနေသောကြောင့် သွေးအေးသတ္တဝါများ ၏ ခန္ဓာကိုယ် ထဲတွင် ဖုံးကွယ်ထားရန် ခက်ခဲလှပေသည်။

ချစ်ပ်ပြားကို ဖယ်ရှားပြီးနောက် ၎င်းကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ကုဒ်ဖျက်ရန် အလင်းကွမ်တမ် ကွန်ပျူတာ နှင့် ချက်ချင်း ချိတ်ဆက်လိုက်လေ၏။

အံ့ဩစရာကောင်းသည်မှာ ဤချစ်ပ်ပြားများက အသုံးပြုထားသည့် အခြေခံ ပရိုဂရမ်းမင်း ဘာသာ စကားသည် လူသားနည်းပညာတွင် အသုံးပြုသည့် ဘာသာစကားနှင့် အခြေခံအားဖြင့် တူညီနေခြင်းပင် ဖြစ်ပေသည်။ ကွန်ပျူတာ ဘာသာစကား၏ အနှစ်သာရမှာ သုည နှင့် တစ် သာ ဖြစ်ပုံရလေ၏။

မကြာမီ ကုဒ်ဖျက်ရာတွင် ကနဦး ရလဒ်များကို ရရှိလာခဲ့ပေသည်။

ပထမဦးစွာ ဤလူနှစ်ဦး၏ အထောက်အထားများ ပေါ်လွင်လာခဲ့ပြီး သူတို့ နေထိုင်သည့် ကြယ်အဖွဲ့ အစည်းမှာ တကယ်တမ်းတွင်တော့ ပိုလာရစ် ဖြစ်နေခဲ့လေသည်။

ပိုလာရစ် သည် ကမ္ဘာမြေ၏ ညကောင်းကင်ယံတွင် အတောက်ပဆုံး ကြယ်များထဲမှ တစ်ခုဖြစ်ပြီး အလင်းနှစ် (၄၃၄) အကွာအဝေးတွင် တည်ရှိပေသည်။ ပိုလာရစ် သည် နေထက် အဆပေါင်း (၂၅၀၀) ပိုမိုတောက်ပပြီး အချင်းအားဖြင့် အဆ (၄၀) ပိုကြီးကာ နေ၏ ဒြပ်ထု (၅) ဆခန့် ရှိလေ၏။

လူသိများသော ထွိုင်ဆိုလာရန် ဂြိုဟ်သားများ ၏ ဇာတိမြေဖြစ်သည့် အယ်လ်ဖာ အဖွဲ့အစည်း ကဲ့သို့ပင် ပိုလာရစ် သည်လည်း သုံးပွင့်ဆိုင် ကြယ်အဖွဲ့အစည်း တစ်ခု ဖြစ်ပေသည်။

သို့သော် ပိုလာရစ် သုံးပွင့်ဆိုင် ကြယ်အဖွဲ့အစည်း သည် သာမန် သုံးပွင့်ဆိုင် ကြယ်အဖွဲ့အစည်းနှင့် ကွဲပြား လေသည်။ ပိုလာရစ် သည် စူပါဧရာမကြယ်ကြီး တစ်လုံးဖြစ်ပြီး ၎င်း၏ အဖော်ကြယ်ဖြစ်သော ပိုလာရစ် ဘီ မှာ အလွန် သေးငယ်လှပေသည်။

ဒုတိယ အဖော်ကြယ်မှာ ပို၍ပင် သေးငယ်ပြီး မကြာမီ သေဆုံးပျောက်ကွယ်တော့မည့် ကြယ်လေး တစ်လုံးသာ ဖြစ်လေတော့သည်။

All Chapters