← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

၂၀၇ : ကွဲလွဲနေသော အမိန့်များ

~

​" ဘုန်း... "

​ယင်းနွီက မိုရန်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူနှင့်အတူ လဲ့ယီ၊ ရှောင်ယီ၊ ချီဟန် နှင့် အခြားသူများလည်း လဲကျနေကြသည်။

​" အရှင်ရှောင်ယီ.. ညီအစ်ကိုချီဟန်.. ခင်ဗျားတို့တောင် ရှုံးသွားတာလား.. "

မိုရန်က ချီဟန်နှင့် အခြားသူများကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူက ယင်းနွီကို သူတစ်ယောက်တည်း ရှုံးနိမ့်သွားသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ချိန်တွင် လူတိုင်း ရှုံးနိမ့်သွားကြပုံပေါ်သည် ။

​" ညီအစ်ကိုမို.. မင်းတောင်မှ... "

မိုရန်ပါ လွှင့်စင်လာသည်ကို မြင်လိုက်ရသောအခါ ချီဟန်၏ ရင်ထဲတွင် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုများ မြင့်တက်လာတော့သည်။

ယခုကြည့်ရသည်မှာ ချွင်းချက်မရှိ သူတို့အားလုံး ရှုံးနိမ့်သွားကြလေပြီ။

သူတို့က နတ်ဆိုးများ လူစုကွဲနေချိန်ကို အခွင့်ကောင်းယူ၍ တစ်ယောက်ချင်းစီကို အနိုင်ယူရန် စီစဉ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ သူတို့ကိုယ်တိုင်သာ တစ်ယောက်ချင်းစီ အနိုင်ယူခံလိုက်ရ၏ ။

​" ဒါ အားလုံး ငါ့ရဲ့ အမှားတွေပါ.. ငါနတ်ဆိုး အရှင်နဲ့ သူတို့ကို အထင်သေးခဲ့မိတယ်.. "

ရှောင်ယီက အပြစ်အားလုံးကို သူ့ခေါင်းပေါ်တင်လိုက်ပြီး သေရမည်ကို လုံးဝမကြောက်ရွံ့သော အမူအရာဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။

" နတ်ဆိုးအရှင်.. ကျုပ်တို့က အရည်အချင်း ညံ့ဖျင်းခဲ့တယ်.. ကျုပ်တို့ကို သတ်ချင်သတ်.. အပိုင်းပိုင်းပဲဖြတ်ဖြတ်.. ခင်ဗျား လုပ်ချင် သလိုသာလုပ်.. "

​" ဧကရီအရှင်မ... "

ရှောင်ယီက သေရန် ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရသောအခါ အန်ယောင်၏ မျက်နှာမှာ စိုးရိမ်ပူပန်လာပြီး လုံယွဲ့ထံသို့ အလျင်အမြန် လှည့်ကာ တောင်းပန်လိုက်သည်။

ကောင်းကင်ဘုံ အင်ပါယာရုံးတော်၏ စီရင်ရေးအရာရှိတစ်ဦးအနေဖြင့် ရှောင်ယီသည် ကောင်းကင်ဘုံ၏ ဥပဒေများကို အမြဲတမ်း တင်းကြပ်စွာ လိုက်နာခဲ့ပြီး မျက်နှာလိုက်ခြင်း သို့မဟုတ် အဂတိလိုက်စားခြင်းများကို မည်သည့်အခါမှ မလုပ်ဆောင်ခဲ့ပေ။ သူ့ကို ဧကရီအရှင်မကိုယ်တိုင် ရာထူးတိုးပေးခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ဘုံကို စီမံခန့်ခွဲရာတွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များဖြင့် ကူညီပေးခဲ့သူ ဖြစ်သည်။

ချီဟန်နှင့် အခြားသူများဆိုလျှင်လည်း ကောင်းကင်ဘုံရှိ ကြီးမြတ်သော အင်မော်တယ်ဂိုဏ်းကြီးလေးခုမှ ထူးချွန်သော ပါရမီရှင်များဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက ထူးခြားသော ပါရမီရှင်များဖြစ်ကာ မြင့်မြတ်သော အဆင့်အတန်း ရှိကြသည်။ သူတို့တစ်ဦးစီသည် သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏ ဘိုးဘေးကြီးများ ကိုယ်တိုင် သင်ကြားပေးထားသော တပည့်ရင်းများဖြစ်ကြပြီး အနာဂတ်တွင် အတိုင်းအဆမသိ အောင်မြင်နိုင်မည့် အလားအလာများ ရှိကြ၏။

အကယ်၍ သူတို့အားလုံး ဤနေရာတွင် သေဆုံးသွားခဲ့လျှင် အင်မော်တယ်နယ်မြေအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ အင်မော်တယ်ဂိုဏ်းကြီးလေးခုစလုံးသည် ဧကရီအရှင်မကို အခိုင်အမာ ထောက်ခံသူများဖြစ်ကြပြီး ဧကရီ၏ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေသော ဦးဆောင်ဂိုဏ်းများ ဖြစ်ကြသည်။

အကယ်၍ ချီဟန်နှင့် အခြားသူများသာ ဤကဲ့သို့ အသတ်ခံလိုက်ရပါက ထိုသတင်းကို ကြားသိရမည့် အင်မော်တယ်ဂိုဏ်းကြီးလေးခုသည် ဧကရီအရှင်မအပေါ် သေချာပေါက် စိတ်ပျက်သွားကြမည် ဖြစ်သည်။

​" ဟမ့်.. ငါ နင့်ကိုတောင် မေ့နေတော့မလို့.. နင်က တခြားသူတွေအတွက် တောင်းပန်ရဲသေးတယ်ပေါ့လေ.. "

လုံယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး အန်ယောင်ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်ကာ ချီဟန်၏ဘေးရှိ နေရာကို လက်ညိုးထိုး၍..

" နင်လည်း အဲ့ဒီနားသွားရပ်.. နားရွက်ကိုဆွဲပြီး ထိုင်ထလုပ်နေစမ်း.. "

​" ဟုတ်ကဲ့ပါ... "

အဆူခံလိုက်ရသဖြင့် အန်ယောင်က အမှားလုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့သွားပြီး အမိန့်အတိုင်း နားရွက်ကိုဆွဲကာ ထိုင်ထလုပ်နေပြီး နောက်ထပ် စကားတစ်ခွန်းမှ မဟရဲတော့ပေ။

​" ပြောစမ်း.. နင်က ရှောင်ယီနဲ့ တခြားသူတွေ ရောက်လာတာကို ငါ့ဆီကနေ ဘာလို့ ဖုံးကွယ်ထားရတာလဲ.. "

လုံယွဲ့က သူမ၏ရှေ့တွင် ရပ်ကာ တင်းမာသော လေသံဖြင့် မေးလိုက်သည်။

သူမ၏ ကိုယ်ပိုင် အစေခံမိန်းကလေးတစ်ဦးအနေဖြင့် အန်ယောင်သည် အရာအားလုံးကို သူမအား အမြဲပြောပြလေ့ရှိပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလေ့ မရှိပေ ။

သို့သော် ဤတစ်ကြိမ်တွင်မူ ရှောင်ယီနှင့် အခြားသူများကို ခေါ်ဆောင်လာခဲ့သည့် ကိစ္စကို သူမက ဖုံးကွယ်ထားခဲ့သည်။ ရှောင်ယီက သူ၏အမိန့်ကြောင့်ဟု ပြောခဲ့သော်လည်း လုံယွဲ့ကမူ အန်ယောင်ကို ဤသို့ ဖုံးကွယ်ရန် ဆုံးဖြတ်စေခဲ့သည့် အခြားအကြောင်းရင်းများ သေချာပေါက် ရှိနေမည်ဟု ယုံကြည်ထားသည်။

ထိုသို့မဟုတ်လျှင် သူမက အခြားသူတစ်ယောက်၏ အမိန့်ကြောင့် မိမိကို ဘယ်သောအခါမှ သစ္စာဖောက်မည် မဟုတ်ပေ။

​လုံယွဲ့၏ စစ်ဆေးမေးမြန်းမှုအောက်တွင် အန်ယောင်သည် ရှက်ရွံ့ပြီး နောင်တရနေပုံပေါ်ကာ သူမ၏ မျက်နှာအမူအရာက တွေဝေနေပြီး စကားပြောချင်သော်လည်း မျိုသိပ်ထားလိုက်ပုံ ရသည်။

" ဧကရီအရှင်မ.. အန်ယောင်က အရှင်မကို ပြောပြလိုက်ရင် အရှင်မက... "

" ငါက ဘာဖြစ်မှာမို့လို့လဲ.. တဲ့တိုးသာ ပြောစမ်းပါ.. "

" အရှင်မက.. နတ်ဆိုးအရှင် ဘက်က ပါသွားမှာစိုးလို့ပါ... "

" မကြာသေးခင်က အရှင်မနဲ့ နတ်ဆိုးအရှင်က အတူအိပ်.. အတူစားပြီး ဂရုစိုက်တတ်တဲ့ ဇနီးသည်တစ်ယောက်လို အခန်းတွေ ရှင်းလင်းပေးတယ်.. နတ်ဆိုးအရှင်အတွက် အဝတ်တွေလျှော်ပြီး ထမင်းဟင်းတွေ ချက်ပြုတ်ပေးတဲ့အပြင် နတ်ဆိုးအရှင်ကို အကြွင်းမဲ့ ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်.. အရှင်မရဲ့ နှလုံးသားကို နတ်ဆိုးအရှင်က ခိုးယူသွားပြီဖြစ်လို့ အန်ယောင်က အရှင်မကို မပြောပြရဲခဲ့တာပါ.. "

အနည်းငယ် တွေဝေသွားပြီးနောက် အန်ယောင်က နောက်ဆုံးတွင် သတ္တိမွေးကာ သူမ၏ ရင်ထဲတွင် မျိုသိပ်ထားခဲ့သော စကားများကို ပြောချလိုက်သည်။

​ရှောင်ယီနှင့် အခြားသူများအားလုံး ကြက်သေသေသွားကြပြီး လုံယွဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ အခန်းတွေ ရှင်းလင်းပေးခြင်း၊ အဝတ်တွေ လျှော်ဖွပ်ပေးခြင်း၊ ထမင်းဟင်း ချက်ပြုတ်ပေးခြင်းနှင့် ညတိုင်း နတ်ဆိုးအရှင်နှင့် အတူအိပ်စက်ခြင်း.. ဤသည်က သူတို့သိထားသော ဧကရီအရှင်မ ဟုတ်ပါလေစ။

​ရှောင်ယီနှင့် အခြားသူများ၏ အကြည့်များအောက်တွင် လုံယွဲ့၏ မျက်နှာသည် နီရဲသွားပြီး အန်ယောင်ကို ရိုက်ရန် လက်ကို မြှောက်လိုက်သည်။

အန်ယောင်က မျက်လုံးများကို တင်းတင်းပိတ်ကာ ပြစ်ဒဏ်ကို ခံယူရန် အသင့်ပြင်ထားလိုက်သည်။

​" ထားလိုက်ပါတော့... နင်က တမင်တကာ လုပ်ခဲ့တာမှ မဟုတ်တာ.. ဒါကြောင့် နင့်ကို ငါ အပြစ်မပေးတော့ဘူး.. "

" နောက်တစ်လအတွက် အိမ်မှုကိစ္စ အားလုံးက နင့်ရဲ့ တာဝန်ပဲ.. "

ခဏတာ တွေဝေသွားပြီးနောက် မျက်နှာနီရဲနေသော လုံယွဲ့က သူမ၏ လက်ကို ပြန်ချလိုက်သည်။

အန်ယောင်က သူမ၏အနားတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး သူမကို အမြဲတမ်း ဂရုစိုက်ပေးခဲ့သည်ဖြစ်ရာ သူမက တကယ်ကို ရက်ရက်စက်စက် မရိုက်ရက်ခဲ့ပေ။

ထို့အပြင် သူမပြောခဲ့သည့် စကားများကလည်း အနည်းငယ် အဓိပ္ပါယ်ရှိနေပုံပေါ်သည် ။ လုံယွဲ့က အသေအချာ စဉ်းစားကြည့်လိုက်သည်။ အကယ်၍ သူမသာ ရှောင်ယီနှင့် အခြားသူများ ရောက်ရှိလာသည်ကို သိခဲ့လျှင် သူမက ရှောင်ယီတို့ကို လှုပ်ရှားခွင့်ပြုမည် မဟုတ်သည်မှာ သေချာသလောက်ပင် ။ ထို့ကြောင့် အန်ယောင် ခန့်မှန်းခဲ့သလိုပင် သူမက လင်းဖန်၏ဘက်မှ ရပ်တည်ရန် ရွေးချယ်မိနိုင်လောက်သည်။

အန်ယောင်က ဤကိစ္စကို သူမအား မပြောပြခဲ့ခြင်းမှာ တစ်နည်းအားဖြင့် ခွင့်လွှတ်ပေးနိုင်စရာ အကြောင်းပြချက် ဖြစ်သည်။

​" ဧကရီအရှင်မ.. အန်ယောင် တောင်းပန်ပါတယ်.. ဟင့်.. ဟင့်.. "

လုံယွဲ့က သူမကို တစ်လတိတိ အိမ်မှုကိစ္စ လုပ်ရန်သာ အပြစ်ပေးခဲ့သည်ကို မြင်လိုက်ရသောအခါ အန်ယောင်မှာ မျက်ရည်ကျသည်အထိ စိတ်ထိခိုက်သွားပြီး သူမ၏ ရင်ထဲတွင် မိမိကိုယ်ကို အပြစ်တင်မှုများနှင့် နောင်တတရားများ ပြည့်နှက်သွားသည်။

သူမက ရှောင်ယီနှင့် အခြားသူများ ရောက်ရှိလာခြင်းကို ဧကရီအရှင်မထံမှ ဖုံးကွယ်ခဲ့ပြီး ဧကရီအရှင်မကို ထိခိုက်နစ်နာလုနီးပါး ဖြစ်စေခဲ့သည် ။ သူမ၏ အပြစ်များကို ဆပ်ရန်အတွက် သေဆုံးရမည် ဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။

သို့သော် ဧကရီအရှင်မက သူမကို တစ်လတိတိ အိမ်မှုကိစ္စ လုပ်ရန်သာ အပြစ်ပေးခဲ့သည် ။ ဤသည်က အပြစ်ပေးသည်ဟုပင် ဆို၍ မရနိုင်ချေ။

​" ကောင်းပြီ.. ကောင်းပြီ.. ဒီကိစ္စပြီးရင် နင့်ကိုယ်နင် သေချာ ပြန်သုံးသပ်တော့.. "

လုံယွဲ့က အန်ယောင်ကို နှစ်သိမ့်ရန် ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီးနောက် ရှောင်ယီနှင့် အခြားသူများ၏ ရှေ့သို့ လျှောက်သွားကာ သူမ၏ နူးညံ့သောအမူအရာသည် တည်ကြည်လေးနက်မှုဖြင့် အစားထိုး ဝင်ရောက်လာသည်။

​" အရာရှိရှောင်.. ငါ မင်းကို မေးစရာတစ်ခု ရှိတယ်.. "

" ဧကရီအရှင်မ.. မေးမြန်းပါ.. အရှင်မရဲ့ လက်အောက်ငယ်သားက သိသမျှ အရာအားလုံးကို ပြောပြပါ့မယ်.. "

" ငါ မေးမယ်.. ငါ့ကို လုပ်ကြံဖို့ မင်းတို့ကို ဘယ်သူ စေလွှတ်လိုက်တာလဲ.. "

လုံယွဲ့၏ စကားများက အံ့အားသင့်စရာ ကောင်းလှသည်။

​ရှောင်ယီနှင့် အခြားသူများ အလွန်တုန်လှုပ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာဖြင့် အပြန်အလှန် ကြည့်လိုက်ကြသည်။

" ဧကရီအရှင်မ.. ဒါက ဘာကိုဆိုလိုတာလဲ.. "

" မင်းတို့က ငါ့ကို လုပ်ကြံဖို့ ရောက်လာတာ မဟုတ်ဘူးလား.. "

လုံယွဲ့က အေးစက်စွာ မေးလိုက်သည်။

​ဤစကားကို ကြားလိုက်ရသောအခါ ရှောင်ယီနှင့် အခြားသူများမှာ ပို၍ပင် ရှုပ်ထွေးသွားကြ၏ ။

" ဧကရီအရှင်မ.. ကျုပ်တို့က အရှင်မကို လုပ်ကြံဖို့ ရောက်လာတာ မဟုတ်ပါဘူး.. အမိန့်အရ အရှင်မကို ကယ်တင်ပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ရောက်လာတာပါ.. "

" ဘယ်သူ့အမိန့်နဲ့လဲ.. "

" အကြီးအကဲများကောင်စီ ရဲ့ အမိန့်ပါ.. "

ရှောင်ယီက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေကြားလိုက်သည်။

​" အကြီးအကဲများကောင်စီ... "

လုံယွဲ့က တွေးတောလိုက်ပြီး သူမ၏ သွယ်လျသော မျက်ခုံးလေးများ တွန့်ကွေးသွားသည်။ ရှောင်ယီနှင့် အခြားသူများက လိမ်ညာနေပုံ မပေါ်ချေ။ အကယ်၍ သူတို့ပြောသည့် စကားများသာ မှန်ကန်ပါလျှင် ဤကိစ္စက အလွန် စိတ်ဝင်စားစရာ ကောင်းလာလေပြီ ။

ရှောင်ယီနှင့် သူ၏အဖွဲ့ ရရှိခဲ့သော အမိန့်သည် သူမကို ပြန်လည်ခေါ်ဆောင်သွားရန် ဖြစ်သော်လည်း လျူယန်နှင့် သူမ၏အဖွဲ့ ရရှိခဲ့သော အမိန့်မှာမူ သူမကို ဤနေရာတွင် သတ်ပစ်ရန် ဖြစ်နေသည်။

​" လျူယန် နဲ့ သူ့ရဲ့အဖွဲ့ကို မင်းတို့နဲ့အတူ လိုက်ပါလာအောင် ဘယ်သူက စေလွှတ်လိုက်တာလဲ.. "

လုံယွဲ့က ဆက်လက်၍ ဖိအားပေး မေးမြန်းလိုက်သည်။

" သူတို့ကိုလည်း ကျုပ်ကွပ်ကဲဖို့အတွက် အကြီးအကဲများကောင်စီက အထူးစေလွှတ်လိုက်တာပါ.. "

" သူတို့နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေလို့လား ဧကရီအရှင်မ.. "

ရှောင်ယီ၏ မျက်ခုံးများ တွန့်ကွေးသွားပြီး တစ်ခုခု မှားယွင်းနေကြောင်းကို သူ သတိထားမိလိုက်သည်။

​လုံယွဲ့က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ အလောင်းဂိုဏ်းမှ ရှီညီနောင်များနှင့်အတူ လျူယန်က သူမအား လုပ်ကြံရန် ကြိုးစားခဲ့ကြောင်းကို လူတိုင်းအား ချက်ချင်း ပြောပြလိုက်သည်။

" သူတို့က အလောင်းဂိုဏ်းက ရှီညီနောင်တွေ လား.. "

ဖြစ်ပျက်ခဲ့သည်များကို သိရှိလိုက်ရသောအခါ ရှောင်ယီနှင့် အခြားသူများမှာ ရုတ်တရက် အလွန် တုန်လှုပ်သွားကြသည်။ အကြီးအကဲများကောင်စီက သူတို့ကို တာဝန်ပေးအပ်ခဲ့စဉ်က လျူယန်၊ လီခွေ နှင့် မော်ယိုယို တို့၏ ကိုယ်ရေးအချက်အလက်များကိုသာ သူတို့ သိရှိခဲ့ကြသည်။ ထိုသုံးဦးစလုံးသည် သူတို့၏ အမိန့်ကို နာခံရန်အတွက် ကောင်းကင်ဘုံအကျဉ်းထောင်၏ တားမြစ်နယ်မြေမှ ရွေးချယ်ခံခဲ့ရသော သေဒဏ်ကျခံရမည့် အကျဉ်းသားများ ဖြစ်ကြသည်။

ကျန်ရှိနေသော ရှီညီနောင်များသည် သူတို့၏ မျက်နှာများကို အမြဲတမ်း ဖုံးကွယ်ထားခဲ့သဖြင့် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိခဲ့ကြဘဲ အကြီးအကဲများကောင်စီမှ ကူညီပေးရန် စေလွှတ်လိုက်သော အကူအညီပေးသူများဟုသာ ထင်မှတ်ခဲ့ကြသည်။

သူတို့သည် အလောင်းဂိုဏ်းမှ အကြွင်းအကျန်များ ဖြစ်နေလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခဲ့ကြသလို သူတို့ရရှိခဲ့သော အမိန့်များသည် မိမိတို့၏ အမိန့်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ဧကရီအရှင်မအား သီးသန့်လုပ်ကြံရန် ဖြစ်နေလိမ့်မည်ဟုလည်း ထင်မထားခဲ့ကြပေ။ ထို့အပြင် သူတို့ကိုယ်တိုင်ပင် အလိုတူအလိုပါများ ဖြစ်သွားလုနီးပါး ပင် ။

​ရှောင်ယီနှင့် အခြားသူများမှာ အမှန်တကယ်ပင် သိရှိမထားကြောင်းကို မြင်လိုက်ရသောအခါ လုံယွဲ့က ဆက်လက်၍ ဖိအားမပေးတော့ဘဲ သတိလစ်နေသော လျူယန်ထံသို့ သူမ၏ အကြည့်များကို လွှဲပြောင်းလိုက်သည်။

​' အဖြေကို သိနိုင်ဖို့ ငါ ပြန်နိုင်တယ့် အချိန်အထိ စောင့်ရမယ်ထင်တယ် .... '

All Chapters