အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) - ပြဇာတ်ကပြခြင်း
ရှဲ့နင်းထန်က မသိနားမလည်ဟန်ဆောင်ကာ-
"ရှီဇီ... ဘာကိုဆိုလိုတာလဲဟင်"
လီချန်ချဲ့က ပြောလိုက်သည်။
"နယ်စားမင်းစံအိမ်တံခါးဝမှာ တစ်နေ့လုံးဒူးထောက်နေရင် တုန်းကျင်းမြို့ကလူတွေအားလုံးက နင်နင်က ဂုဏ်ပကာသနမက်ပြီး မင်းသမီးတစ်ပါးကို အနိုင်ကျင့်နေတယ်လို့ ထင်ပြီး ကဲ့ရဲ့ကြလိမ့်မယ်လို့ မင်းတွေးနေတာမလား"
ရှဲ့နင်းထန်၏ နှုတ်ခမ်းများ အနည်းငယ်တုန်ရီသွားကာ အခက်တွေ့နေဟန်ဖြင့် ပြန်ပြောသည်။
"ကျွန်မက ရှီဇီ့အမိန့်အတိုင်း ညီမလေးကို လာတောင်းပန်တာပါ။ အဲဒီလောက်အထိ မစဉ်းစားမိပါဘူး"
လီချန်ချဲ့က ခပ်ဖွဖွရယ်မောလိုက်၏။
"မင်း အထင်လွဲနေပြီ"
ရှဲ့နင်းထန် ကြောင်အသွားပြီး ရှုပ်ထွေးသောအကြည့်ဖြင့် ထိုလူသား၏ မြင့်မားဖြောင့်စင်းသော နှာတံကို မော့ကြည့်လိုက်မိသည်။
လီချန်ချဲ့က ကိုယ်ကိုမတ်ကာ သူမအား အထက်စီးမှ ငုံ့ကြည့်ရင်း -
"အကြွင်းမဲ့အာဏာရဲ့ရှေ့မှာ သူတို့ ခံစားရမှာက ကြောက်ရွံ့မှုတစ်ခုတည်းပဲ။ ဒီနေ့ မင်းကို ဒီခေါ်လာတာ နင်နင်ကို တောင်းပန်ခိုင်းဖို့ မဟုတ်ဘူး။ နင်နင်ကို အနိုင်ကျင့်ရင် ဘယ်လိုအကျိုးဆက်မျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ တုန်းကျင်းမြို့ကလူတွေအကုန်လုံးကို မြင်စေချင်ရုံပဲ။ ရှဲ့နင်းထန်... မင်းရဲ့လှည့်ကွက်တွေကို ရုပ်သိမ်းလိုက်တော့။ ဒီနေ့ကစပြီး တုန်းကျင်းမြို့မှာ နင်နင်ကို စော်ကားတာဖြစ်ဖြစ်၊ အထင်သေးတာဖြစ်ဖြစ် ဘယ်သူ့ဆီကမှ မမြင်ချင်တော့ဘူး။ နားလည်လား"
မင်းသမီး ရှို့နင်းကို အပြစ်ပေးခြင်းက မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ပြသည့်အတိုင်းပင်... ယခုဆိုလျှင် လီချန်ချဲ့၏နှလုံးသားထဲမှာ နင်နင်၏ အဆင့်အတန်းက ဘယ်လောက်အရေးပါကြောင်း အခြားသူများလည်း သဘာဝကျကျ နားလည်သွားကြလိမ့်မယ်။
ရှဲ့နင်းထန် တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားကာ လည်ပင်းနောက်ဘက်တွင် ကြက်သီးမွေးညင်းများပင် ထောင်ထလာသည်။
သူမ၏ အကြံအစည်များနှင့် လှည့်ကွက်အားလုံးက အာဏာအရှိန်အဝါရှေ့မှာ ရယ်စရာပြက်လုံးတစ်ခုသာ ဖြစ်နေတာ မဟုတ်ဘူးလား။
လီချန်ချဲ့က သူတို့ကို ဆက်ပြီး စိတ်မရှည်နိုင်တော့ပေ။ တုန်တုန်ရီရီဖြစ်နေသော စုချင်းထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
"ပြီးတော့ မင်းလည်းပဲ"
စုချင်းက သူမ၏အပြစ်ကို ဝန်ခံရန် အလောတကြီးဖြင့် ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။
"ရှီဇီ... အားချင်း မှားသွားမှန်း သိပါပြီ။ နောက်ခါ ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။ နင်နင်နဲ့ကျွန်မက အရင်က ညီအစ်မတွေလိုပဲ၊ ဆက်ဆံရေး အရမ်းကောင်းခဲ့ကြတာပါ။ ကျွန်မ ခဏလောက် မျက်စိကန်းသွားလို့ပါ... နောက်တခါ ဘယ်တော့မှ မဖြစ်စေရပါဘူး!"
လီချန်ချဲ့က အေးစက်စက်ဖြင့် "အင်း" ဟုသာ တုံ့ပြန်လိုက်သည်။
"ပြန်သွားရင် သခင်မကြီးရှဲ့ကို ပြောလိုက်... နောက်ရက်အနည်းငယ်ကြာရင် ငါ နင်နင်ကို ရွှမ်းယီနယ်စားမင်းအိမ်တော်ဆီ ခေါ်ခဲ့မယ်လို့"
သူက နင်နင်ကို ဘယ်လောက်အလိုလိုက်ပြီး ချစ်မြတ်နိုးလဲဆိုတာကို သူတို့မျက်စိဖြင့် တပ်အပ်မမြင်ရမချင်း ထိုလူများရဲ့ ထင်ကြေးပေးမှုများက ရပ်တန့်သွားမည်မဟုတ်ပေ။
စုချင်းက တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် သဘောတူလိုက်ရသည်။
လီချန်ချဲ့က စင်္ကြံဘက်သို့ အေးအေးလူလူ လျှောက်လှမ်းသွားရင်း ပုခုံးပေါ်က မိုးရေစက်များကို ခါချလိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"အထိန်းတော်ကျန်း... သူတို့ကို လူလွှတ်ပြီး စောင့်ကြည့်ထားလိုက်။ နောက်ထပ် တစ်နာရီကြာအောင် မတ်တပ်ရပ်ခိုင်းပြီးမှ ပြန်ခိုင်းလိုက်"
ထိုလူသား အခန်းထဲသို့ ဝင်သွားသည့်တိုင်အောင် ရှဲ့နင်းထန်၏ ဖြူလျော်နေသော မျက်နှာထက်၌ သွေးရောင် ပြန်မတက်လာသေးပေ။
အသက်မသေရုံတမယ် ဖြစ်နေတဲ့ စုချင်းက သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ သူမက ရှဲ့နင်းထန်၏ ဘေးနားသို့ လေးဘက်ထောက် သွားကာ မျက်ဝန်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"မင်းသမီး... ရှီဇီလီက ကျွန်မတို့ကို ဘာလို့ ဒီမှာ ဆက်ပြီး မတ်တပ်ရပ်ခိုင်းထားတာလဲဟင်။ အဲဒါတောင် နောက်ထပ်တစ်နာရီတဲ့လား"
ရှဲ့နင်းထန်လည်း ထပ်တူပင် ဇဝေဇဝါဖြစ်နေသော်လည်း မကြာမီမှာပင် လီချန်ချဲ့၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့သည်။
မိုးက တဖွဲဖွဲ ဆက်လက်ရွာသွန်းနေဆဲ။ မကြာမီမှာပင် ရင်ခတ်ပြတင်းပေါက်နောက်ကွယ်မှ တိုးညင်းလှုပ်ရှားသံများနှင့် ဝေဝါးသောအသံအချို့ ထွက်ပေါ်လာခဲ့သည်။
အကယ်၍ သေသေချာချာ နားစွင့်ကြည့်ပါက ထိုအမျိုးသား၏ ပြင်းထန်သော အသက်ရှူသံများနှင့်အတူ အမျိုးသမီးငယ်၏ အောင့်အီးထားရသော ရှိုက်သံများ ရောယှက်နေတာကို ခပ်ရေးရေး ကြားနိုင်ပေသည်။
လက်မထပ်ရသေးတဲ့ စုချင်းကတော့ ဤအရာက ဘာကိုဆိုလိုမှန်း နားမလည်ဘဲ ကြောင်အမ်းအမ်းသာ ဖြစ်နေသည်။
သို့သော် အိမ်ထောင်ကျဖူးပြီးသားဖြစ်သော ရှဲ့နင်းထန်အတွက်မူ ယခုအချိန်၌ ထိုအခန်းထဲတွင် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို နားမလည်နိုင်စရာ အကြောင်းမရှိပေ။
သူမ၏မျက်နှာက ပို၍ပင် ဖြူဆုတ်သွားကာ တုန်ရီနေသော ခန္ဓာကိုယ်ပေါ်သို့ မိုးရေစက်များ ကျဆင်းလာသည်ကို လွှတ်ထားရင်း ခြံဝင်းထဲ၌ ဆိတ်ဆိတ်ငြိမ်ငြိမ်ပင် လဲပြိုသွားတော့သည်။
...................
ရွှယ်နင်သည် ပါးလွှာသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ နုနယ်လှပလွန်းသော မျက်နှာထက်တွင် ရှက်သွေးဖြာကာ နီမြန်းနေသည်။
ရေချိုးပြီးစဖြစ်၍ သူမ၏ကိုယ်ပေါ်မှ မွှေးပျံ့သောနံ့သာဆီရနံ့များက သင်းပျံ့နေဆဲဖြစ်၏။
သူမက ဘေးတစ်ဖက်တွင် သတိကြီးစွာဖြင့် မတ်တပ်ရပ်နေသည်။
လီချန်ချဲ့က ခြေထောက်ကိုမြှောက်ကာ ခုတင်ပုလေးကို လှုပ်ခါနေတာကို သူမ ကြည့်နေမိသည်။ သစ်သားခုတင်ပုလေးဆီမှ လူကိုတွေးတောစရာဖြစ်စေသော ကျွိကျွတ်မြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
သူကတော့ တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး သူ၏သန်မာထွားကျိုင်းသော ခြေတံရှည်ကြီးများက အားအင်ပြည့်ဝနေပုံရသည်။ ပါးလွှာသော နွေဦးဝတ်ဘောင်းဘီအောက်မှ သူ၏တောင့်တင်းခိုင်မာပြီး ဆွဲဆောင်မှုရှိသော ကြွက်သားအမြောင်းမြောင်းကို လှမ်းမြင်နေရ၏။
ရွှယ်နင်က တစ်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ သူမ၏အကြည့်တို့က မရည်ရွယ်ဘဲ စွဲငြိသွားတော့သည်။ အစပိုင်းမှာ သူ ဘာလုပ်မလို့လဲဆိုတာကို သူမ နားမလည်ခဲ့သော်လည်း သူက ခြေတံရှည်ကြီးများကိုချကာ ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး သူမကို လက်ယပ်ခေါ်လိုက်သည့်အခါမှ သဘောပေါက်သွားတော့သည်။
"ရှဲ့နင်းထန်နဲ့ စုချင်းက အပြင်ကဝင်းထဲမှာ ရှိနေတယ် နင်နင်... ဒီကိုလာခဲ့"
ရွှယ်နင် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်တဲ့အခါ မိုးရေထဲတွင် စိုရွှဲပြီး သနားစရာကောင်းလောက်အောင် ဖြစ်နေတဲ့ ပုံရိပ်နှစ်ခုကို အမှန်ပင် တွေ့လိုက်ရသည်။ ထို့ကြောင့် ထိုအမျိုးသား၏ ရည်ရွယ်ချက်ကို သူမ ချက်ချင်းပင် နားလည်သွားခဲ့၏။
"အားချဲ့.... ရှင်က..."
"ရှူး... ဒီကိုလာ"
ဖြစ်လာမယ့်အခြေအနေကို တွေးမိရုံမျှဖြင့် ရွှယ်နင်၏ နားရွက်များပါ ပူထူသွားကာ အိုးတိုးအမ်းတမ်းဖြင့် သူ၏ရှေ့သို့ တိုးသွားမိသည်။
လီချန်ချဲ့လည်း အတွေ့အကြုံ သိပ်မရှိပေ။ သူက သူမ၏နုနယ်သော မေးရိုးလေးကို မော့ကြည့်ရင်း ကာမရာဂပန်းချီကားများထဲမှ အခန်းများကို ပြန်စဉ်းစားကာ တိုးတိုးလေး ဖျောင်းဖျလိုက်သည်။
"နင်နင်... ဒီအတိုင်းပဲ ထိုင်ချလိုက်"
ရွှယ်နင်ကလည်း ထိုကဲ့သို့သောကိစ္စရပ်များနှင့် စိမ်းသူမဟုတ်ပေ။ ထိုအမျိုးသားက ခြေနှစ်ဖက်ကို အကျယ်ကြီးဖြဲကာ ထိုင်နေဝာာကို မြင်ရုံမျှဖြင့် သူမ ဘယ်လိုလုပ် နားမလည်ဘဲ ရှိပါ့မလဲ။
သူမ၏မျက်နှာတစ်ခုလုံး နီရဲသွားပြီး အသားအရေတစ်ခုလုံးလည်း ပူလောင်လာသည်။
"အားချဲ့... တကယ်ပဲ ဒီလိုလုပ်ရမှာလား"
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"
"တကယ်တော့ တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်..."
"ပြောကြည့်လေ... ဘာနည်းလမ်းလဲ"
ရွှယ်နင်က သူနှင့် အကြင်လင်မယားအဖြစ် အမှန်တကယ် ပေါင်းဖက်ချင်နေမိတယ်။
အကယ်၍ သူတို့ တကယ်လုပ်ဖြစ်ခဲ့ရင်တောင် သူမ စိတ်မရှိသည့်အပြင် သူ့ကို တာဝန်ယူခိုင်းရန်လည်း အကျပ်ကိုင်မှာ မဟုတ်ဘူး။
သို့သော် သူမအတွက် အမှန်တရားကို ဖုံးကွယ်ပေးရန် ကြိုးစားနေတဲ့ သူ၏လေးနက်သည့် မျက်နှာထားကို မြင်သောအခါ သူမဘက်က အရှက်မရှိ စကားစတင်ရန် မဝံ့ရဲခဲ့ပေ။
လီချန်ချဲ့က သူမကို နက်ရှိုင်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။
ရွှယ်နင် ဆက်မပြောတော့ဘဲ ထိုစူးရှသော အကြည့်နှစ်ခု၏ ဖိအားအောက်တွင် သူမ၏လက်ဖဝါးနုနုလေးများကို သူ့ပုခုံးပေါ် တင်လိုက်ကာ နာခံစွာဖြင့် တိုးကပ်သွားတော့သည်။
ထိုအချိန်တွင် သူမ၏လည်ချောင်းတစ်ခုလုံး တစ်ဆို့သွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထောင်ထသွားရသည်။ ထိုအမျိုးသား၏ ခြေထောက်ကြွက်သားများက သန်မာတောင့်တင်းလှပြီး ပေါင်တံများကလည်း ကျောက်တုံးကဲ့သို့ မာကျောသည်။
သို့သော် ထိုအရာများက မီးခဲများကဲ့သို့ ပူလောင်နေပြီး သူမကို အရည်ပျော်ကျမတတ် လောင်မြိုက်စေသည်။
လူတစ်ယောက်က... ဘယ်လိုလုပ်... ဒီလောက်တောင် ထွားကျိုင်းသန်မာနိုင်ရတာလဲ...
ရွှယ်နင်တွင်လည်း အမျိုးသားများနှင့်ပတ်သက်ပြီး အတွေ့အကြုံ သိပ်မရှိသော်လည်း လီချန်ချဲ့၏ သဘာဝပေးအစွမ်းအစက စုကျန်းနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် သာလွန်နေမှန်း သူမ ခံစားမိနေသည်။
ဒီပုံစံက အရမ်းရှက်စရာကောင်းတယ်။
သူမရဲ့နှလုံးသားလေးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ခုန်စပြုလာသည်။ ထိုနေရာကို ထိမိသည်နှင့်တစ်ပြိုင်နက် သူမ ပြန်ထရန် ကြိုးစားလိုက်သော်လည်း ထိုအမျိုးသားက သူမ၏ သွယ်လျသောခါးလေးကို ဆွဲကိုင်ကာ အောက်သို့ ပြန်ဖိချလိုက်လေသည်။
"...အား... အားချဲ့..."
သူတို့ဘေးနားရှိ ဖယောင်းတိုင်မီးတောက်လေးက ပြင်းထန်စွာ လှုပ်ခတ်သွား၏။
ထိုအမျိုးသား၏ ကြီးမားသော အားအင်ကို ခံစားမိရင်း သူမ၏မျက်တောင်ရှည်ကြီးများ တုန်ရီသွားကာ ပါးပြင်နှစ်ဖက်စလုံးလည်း မီးတောက်မီးလျှံများအလား ပူလောင်နီရဲသွားတော့သည်။
သူမ၏နှလုံးသားလေးက အရိုင်းဆန်စွာ ခုန်ပေါက်နေပြီး နဖူးပြင်ထက်၌ ပူနွေးသောချွေးသီးချွေးပေါက်များ စို့တက်လာသည်။
သူမက ထိုအမျိုးသားကို အလျင်အမြန် မော့ကြည့်လိုက်ရာ မျက်ဝန်းများက စိုစွတ်ကာ သနားစရာကောင်းနေသည်။
"ရှင်... ကျွန်မကို အရင်လွှတ်ပေးဦး..."
သို့သော် ထိုအမျိုးသား၏ မျက်နှာအမူအရာကမူ အေးစက်တည်ငြိမ်ကာ ချုပ်တည်းထားဆဲဖြစ်ပြီး မျက်ဝန်းများထဲတွင် မည်သည့်ရာဂစိတ်မှ မရှိသည့်အလား ထင်မှတ်ရသည်။
သူ၏ နက်ရှိုင်းသောအကြည့်များကသာ အောက်ခြေမရှိသော ချောက်ကမ်းပါးကြီးတစ်ခု သို့မဟုတ် သူမကို အပြီးတိုင် ဆွဲသွင်းသွားမည့် ရေဝဲကြီးတစ်ခုနှင့် တူနေလေသည်။
"မလန့်ပါနဲ့"
သူက တည်ငြိမ်သောအသံဖြင့် ပြောသည်။
"ဒါက ဟန်ဆောင်ရုံသက်သက်ပါပဲ"
ရွှယ်နင်၏ အသက်ရှူသံများ ရပ်တန့်သွားကာ သူ့မျက်လုံးများကိုပင် မကြည့်ရဲတော့ပေ။
သူမက ရှေ့သို့ အလျင်အမြန် ကိုင်းညွတ်သွားပြီး သူ့ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်၏။
"အားချဲ့... ဒါက မသင့်တော်ဘူးမလား..."
လီချန်ချဲ့က မိန်းမငယ်လေး၏ ငိုသံစွက်နေသော အသံတိုးတိုးလေးကို ခပ်သဲ့သဲ့သာ ကြားလိုက်ရသည်။
သူမက သူ့ရင်ခွင်ထဲမှာ ရှိနေပြီး သူမ၏ နီထွေးသော နှုတ်ခမ်းလေးက သူ၏နားနားသို့ ကပ်နေသော်ငြားလည်းပေါ့။
ပြီးတော့ သူမရဲ့ နူးညံ့ပြည့်ဖြိုးတဲ့ ကိုယ်လုံးလေးက သူ့ခန္ဓာကိုယ်နှင့် ပူးကပ်နေဝာာကိုလည်း ပြတ်သားစွာ ခံစားနေရသည်။
အဖိုးတန်ကျောက်စိမ်းကဲ့သို့ ချောမွေ့သော သူမ၏အသားအရေက အလွန်အမင်း နူးညံ့လွန်းနေပြီး သူမ၏ပါးပြင်ထက်မှ အပူငွေ့များက သူ့ကိုပါ နွေးထွေးသွားစေသည်။
သူမ၏ သွယ်လျသောခါးလေးက... နူးညံ့ကာ ဆွဲဆောင်မှုရှိနေပြီး သူမ၏ခြေတံလေးများက သူ့တင်ပါးကို ရစ်ပတ်ထားလေသည်။
သူ့ရဲ့အသက်ရှူသံများ ပိုမိုပြင်းထန်လာကာ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး သူအမြဲတမ်း ဂုဏ်ယူခဲ့ရတဲ့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းများမှာလည်း တစ်ခဏချင်းအတွင်း ပြိုလဲသွားတော့သည်။
သူ့လက်ဖဝါးကြီးက သူမ၏ခါးသိမ်သိမ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့အနီးသို့ ပို၍ဆွဲယူလိုက်သည်။
"အခု အပြင်မှာ လူတွေရှိတယ်။ ကိုယ်တို့က သူတို့အတွက် ပြဇာတ်ကပြနေရုံပါပဲ နင်နင်... စိတ်လျှော့ထားပါ"
"ကျွန်မ... အရမ်းကို စိတ်လျှော့ထားပြီးပါပြီ"
"ဒါဆို အပေါ်တက်ခဲ့လေ"
"ကျွန်မ တက်လာပြီးပြီ မဟုတ်ဘူးလား"
"ထပ်တက်ခဲ့ပါဦး"
"..."
ဒီထက် ဘယ်လိုလုပ် ထပ်တက်ရမှာလဲ။
ရွှေနင်၏ ပါးပြင်လေးများ နီရဲသွားကာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။
သို့သော် မကြာမီမှာပင် ထိုအမျိုးသား၏ ကြီးမားသော လက်ဖဝါးက... သူမ၏ခြေကျင်းဝတ်လေးကို ဖွဖွလေး ဆုပ်ကိုင်လာပြီး...
သူမ၏ ဖြူဖွေးနုနယ်သော ခြေဖဝါးလေးက သူ့ဘေးဘက်သို့ ဆွဲယူခံလိုက်ရသည်။
ဤအနေအထားက သူတို့နှစ်ဦးကို တင်းတင်းကျပ်ကျပ် ပူးကပ်သွားစေသည်။
ရွှယ်နင် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေ၏။
ရုတ်တရက် မင်္ဂလာမဆောင်မီက သခင်မကျန်း ပေးခဲ့သော ရုပ်ပြစာအုပ်ငယ်များထဲတွင် ဤကဲ့သို့ တူညီသည့်အခန်းမျိုး ပါဝင်ခဲ့ဝာာကို သူမ သတိရသွားသည်။
ထိုပန်းချီကားများထဲတွင်တော့ တံခါးအပြင်ဘက်၌ မတ်တပ်ရပ်နေသူများက အစေခံမိန်းကလေးများနှင့် အဘွားအိုများသာ ဖြစ်သည်။
သို့သော် ယခု အပြင်ဘက်တွင် မတ်တပ်ရပ်နေသူများက မင်းသမီး ရှို့နင်းနှင့် စူးချင်းတို့ ဖြစ်နေသည်။
သို့တိုင်အောင် ဤအချက်လေးတစ်ခုတည်းကပင် ရွှယ်နင်ကို တောင့်တင်းသွားစေပြီး အရှက်သည်းသွားစေရန် လုံလောက်နေပြီ။