အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃) - ဆက်လက်
သူမ ကိုယ့်ကိုယ်ကို ထိန်းထားလိုက်ပြီး လည်ချောင်းက အလွန်ခြောက်သွေ့နေတာကို ခံစားရသည်။
“အားချဲ့... ကျွန်မ ဘာလုပ်ရဦးမလဲ”
လီချန်ချဲ့၏ မျက်လုံးများ မှောင်မိုက်သွားကာ ခဏမျှ တိတ်ဆိတ်သွားသည်။
“ဒီလိုကိစ္စမျိုးမှာ မင်း ဘာမှလုပ်စရာမလိုပါဘူး။ ကိုယ်ပဲ ကိုင်တွယ်မယ်”
ပြောပြီးနောက် သူမရဲ့ ခေါင်းလေးကို နူးညံ့စွာ ပုတ်ပေးလိုက်သည်။
ရွှယ်နင် အံ့ဩသွားပြီး ဘာဖြစ်နေမှန်း သဘောပေါက်သွားသည့်အခါ မျက်နှာတစ်ခုလုံး နီရဲသွားသည်။
“တောင်းပန်ပါတယ်... အားချဲ့”
မိန်းကလေး၏ အထိတ်တလန့် ဖြစ်နေသည့် ပုံစံက ကြောက်လန့်နေသော ယုန်ကလေးတစ်ကောင်နှင့် တူလွန်း၏။
လီချန်ချဲ့က ညင်သာစွာ ရယ်လိုက်ပြီး အသံက ပို၍ နက်ရှိုင်းလာသည်။
“ဒီလိုပဲ ကောင်းတယ် နင်နင်။ ဆက်လုပ်”
ရွှယ်နင်က ရေချိုးပြီးစ ဖြစ်ကာ ညအိပ်ဝတ်စုံ ပါးပါးလေးသာ ဝတ်ထားသည်။
အမျိုးသား၏ ပူပြင်းသော ရင်ဘတ်က သူမနှင့် ထိကပ်နေသည်။ထိုအထိအတွေ့ကို အလွန်ရှင်းလင်းစွာ ခံစားနိုင်၏။
ရွှယ်နင်က “အင်း...” ဟု တိုးတိုးလေး အသံပြုလိုက်သည်။
ဒီလိုအနေအထားက သူမအတွက် အရမ်းခက်ခဲတယ်။
မျက်နှာတစ်ခုလုံး မီးလောင်သလို ပူနေပြီ။
သူမက အသက်ရှူရန် ထချင်သော်လည်း မတော်တဆ သူ့နှုတ်ခမ်းကို ထိမိသွားသည်။
“နင်နင်—”
လီချန်ချဲ့၏ မျက်လုံးများ ပိုမိုနက်နဲလာပြီး အသက်ရှူသံလည်း ပြင်းထန်လာသည်။
ရွှယ်နင်၏ နှုတ်ခမ်းနီနီလေးများ အနည်းငယ် ပွင့်ဟသွားကာ မျက်လုံးထဲတွင် ထိတ်လန့်မှု တစ်စွန်းတစ်စ ပေါ်လာသည်။
“အားချဲ့... ကျွန်မ ရည်ရွယ်တာ မဟုတ်ပါဘူး”
မလှုပ်ရှားခဲ့ရင် ကိစ္စမရှိပေမဲ့ အခုလို မတော်တဆ လှုပ်ရှားမှုက သူ့စိတ်ကို လှုပ်ခတ်သွားစေတယ်။
လီချန်ချဲ့၏ အသက်ရှူသံ ပို၍ လေးလံလာသည်။ ချွန်ထက်ပြီး အေးစက်သည့် မျက်ခုံးများ ကျစ်လျစ်စွာ တွန့်သွားကာ သူ့စိတ်ထဲမှာ တက်ကြွလာသည့် ခံစားချက်များကို ဖိနှိပ်ရန် မျက်လုံးကို ခဏမှိတ်ထားလိုက်သည်။
ထို့နောက် လက်မောင်းရှည်ကို ဆန့်ထုတ်ကာ မိန်းကလေး၏ ခါးကို ဖက်ထားလိုက်၏။
“ကိုယ့်ကို ‘ဖူကျွင်း’ လို့ ခေါ်ပါဦး”
ရွှယ်နင် အနည်းငယ် ရှက်သွားပြီး ခန္ဓာကိုယ်က တုန်ယင်လာသည်။
“အခုလား”
အခုလို အချိန်မျိုးမှာ ခေါ်ရတာ အရင်ကနှင့် မတူပေ။
သူမ မခေါ်ရဲပါဘူး။
လီချန်ချဲ့က သူမ၏ ကျောလေးကို ပုတ်ပေးရင်း ပြောသည်။
“အပြင်က လူတွေ ကြားအောင်လို့”
ရွှယ်နင်၏ မျက်နှာက ပို၍ နီရဲလာသည်။ သူမက အမျိုးသား၏ ပုခုံးပေါ် နူးညံ့စွာ မှီလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ဖူကျွင်း...”
လီချန်ချဲ့အတွက်တော့ ထိုတစ်ခွန်းနှင့်ပင် လုံလောက်နေပြီ။ဒါပေမဲ့ သူ့ခန္ဓာကိုယ်က မသက်မသာ ဖြစ်နေဆဲပင်။
သူမနဲ့ နီးကပ်နေရမှသာ အနည်းငယ် သက်သာသလို ခံစားရတယ်။
ဒါပေမဲ့ အလွန်နီးကပ်နေပြန်တော့လည်း ပိုမို မသက်မသာ ဖြစ်လာသည်။
အခုအချိန်မှာ သူမနှင့် တစ်ကိုယ်တည်း ဖြစ်သွားချင်မိတယ်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး ရွှယ်နင်၏ စိတ်အာရုံများလည်း ဝေဝါးလာသည်။
“နင်နင်—”
သူမ ဆန္ဒရှိမရှိ သူ မေးချင်တယ်။
သူမ သဘောတူမယ်ဆိုလျှင် ဒီသရုပ်ဆောင်မှုကို အမှန်တကယ် ဖြစ်လာအောင် လုပ်မယ်။
အနှောင့်အယှက်ဖြစ်နေတဲ့ ထိုမိန်းမနှစ်ယောက်ကို နယ်စားမင်းအိမ်တော်ကနေ နှင်ထုတ်ပြီး သူမကို အိပ်ရာထဲသို့ ပွေ့ချီကာ နှစ်ယောက်တည်း နူးညံ့ချိုသာတဲ့ အခိုက်အတန့်လေးတွေကို ခံစားမယ်။
သို့သော် မမေးရသေးခင်မှာပင် ရွှယ်နင်က မျက်ရည်ဝဲလာခဲ့သည်။
“အားချဲ့... ပြီးတော့မလားဟင်...”
မိန်းကလေးက ငိုတော့မည့်အထိ စိတ်ပင်ပန်းနေတာကို မြင်လိုက်ရသည့်အခါ လီချန်ချဲ့က ညင်သာစွာ ရယ်မောလိုက်သည်။
“ပြီးခါနီးပြီ။ အပြင်က လူတွေ ကိုယ့်ရည်ရွယ်ချက်ကို နားလည်သွားလောက်ပြီ”
အဲ့လို ပြောပြီးနောက် သူမကို ဆက်အနိုင်မကျင့်တော့ဘဲ ရပ်တန့်လိုက်သည်။
ရွှယ်နင်ကတော့ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွတ်ကျသွားသကဲ့သို့ သက်ပြင်းချနိုင်သွားသည်။
သူမက အလောတကြီးဖြင့် အမျိုးသား၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ထလိုက်၏။
သူ့ကို မျက်နှာချင်းမဆိုင်ရဲတော့ဘဲ သူမရဲ့ စကတ်အနားကို မ၍ ရေချိုးခန်းဘက်သို့ အလျင်အမြန် ပြေးသွားတော့သည်။
အချိန်အားဖြင့် နာရီဝက်ခန့်သာ ကြာခဲ့ပေမယ့် ရေချိုးခန်းထဲ ရောက်သည့်အခါ သူမရဲ့ ခန္ဓာကိုယ်က အားအင်မရှိသလို ခံစားနေရသည်။
ကံကောင်းစွာဖြင့် စောစောက သုံးခဲ့တဲ့ ရေနွေးများ ကျန်နေသေး၏။သူမက အဝတ်စတစ်စဖြင့် ခန္ဓာကိုယ်ကို သန့်စင်လိုက်ပြီး အသက်ရှူသံ ပုံမှန်ပြန်ဖြစ်လာမှ အခန်းထဲသို့ ပြန်ဝင်လာသည်။
အခန်းထဲရှိ မီးအိမ်အများစုကို ငြှိမ်းသတ်ထားပြီး အိပ်ရာဘေးမှ ဖယောင်းတိုင်မီးသာ ကျန်ရှိသည်။
စောစောက အရာအားလုံးက သရုပ်ဆောင်မှုသာ ဖြစ်သော်လည်း သူမ၏ စိတ်က ယခုထိ မတည်ငြိမ်သေးပေ။
လီချန်ချဲ့ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိတာကြောင့် ကန့်လန့်ကာနောက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး အိပ်ရာပေါ်မှာ သူ မရှိတော့တာကို တွေ့လိုက်ရသည်။
ထိုအခါမှသာ ရွှယ်နင်၏ တင်းကျပ်နေသော စိတ်က အနည်းငယ် ပြေလျော့သွားသည်။
ဒါပေမဲ့ သူ ဘယ်သွားတာလဲ။ ညဉ့်နက်သည့် အချိန်မှာ ဘယ်နေရာကို သွားနိုင်မလဲ။
ရွှယ်နင်၏ နှလုံးခုန်သံမှာ မြန်နေဆဲဖြစ်ပြီး အိပ်ချင်စိတ်လည်း မရှိပေ။
အမျိုးသား အခန်းထဲမှာ မရှိတာကို တွေ့သဖြင့် ပြတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ရှဲ့နင်းထန်နှင့် စုချင်းတို့က ခြံဝင်းထဲတွင် မသပ်မရပ်ပုံစံဖြင့် ရပ်နေကြပြီး အထိန်းတော်ကျန်း၏ နောက်မှ လိုက်ထွက်သွားတာကို တွေ့လိုက်ရသည်။
အခန်းထဲမှ ထွက်နေသော မီးရောင်ဖျော့ဖျော့ကို သတိထားမိသွားဟန်ဖြင့် ရှဲ့နင်းထန်က ရုတ်တရက် ခေါင်းလှည့်လာ၏။
သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်မှ မျက်လုံးနက်နက်များက ရွှယ်နင်ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
ရွှယ်နင်၏ အသားအရေက နီမြန်းနေပြီး လက်ဝါးတစ်ဖက်စာအရွယ် မျက်နှာလေးက ပို၍ ချစ်စရာကောင်းနေသည်။
ရှဲ့နင်းထန်က ဖြူဖျော့သော မျက်နှာပေါ်တွင် အေးစက်သည့် အပြုံးတစ်ခုကို အတင်း ဖန်တီးလိုက်ပြီး ရင်ထဲမှ မကျေနပ်မှုနှင့် ဒေါသကို ဖိနှိပ်ထားသည်။
တစ်နေ့နေ့မှာ ရွှယ်နင်ကို အရှက်ရအောင် လုပ်ပစ်ပြီး တုန်းကျင်းမြို့ကနေ မောင်းထုတ်ပစ်မယ်လို့ သူမ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
ရွှယ်နင်ကလည်း သူမ၏ အကြည့်ကို ရှောင်မသွားဘဲ မျက်လုံးချင်း ဆုံအောင် ပြန်ကြည့်လိုက်သည်။
ရှဲ့နင်းထန်၏ မျက်လုံးထဲမှ မလိုလားမှုနှင့် မနာလိုမှုကို သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။
ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ။
အခုအချိန်မှာ သူတို့ရဲ့ အနေအထားများ ပြောင်းလဲသွားပြီ။သူမက ရှဲ့နင်းထန်ထက် တစ်ဆင့် မြင့်နေပြီ။
သူမက အရင်ဘဝက လိုသလို ကစားခံခဲ့ရတဲ့ ရွှယ်နင် မဟုတ်တော့ဘူး။
အရင်ကတော့ ရှဲ့နင်းထန်နှင့် စုကျန်းတို့ကို လင်မယားအဖြစ် အေးအေးချမ်းချမ်း နေစေချင်ပြီး ဝေးဝေးသာ နေချင်ခဲ့တယ်။
ဒါပေမဲ့ အခုကြည့်ရသလောက် ရှဲ့နင်းထန်နှင့် စုကျန်းတို့ နှစ်ယောက်စလုံးက လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မယ့်သူများ မဟုတ်ပေ။
စုကျန်းနှင့် လက်ထပ်ပြီးတဲ့အထိ ရှဲ့နင်းထန်က မငြိမ်သက်သေးဘူး
ဒီလိုဆိုရင် သူမက ဘာကြောင့် အရင်မလှုပ်ရှားရမှာလဲ။
စုရှီးလိုပဲ ရှဲ့နင်းထန်ကိုလည်း တုန်းကျင်းမြို့မှာ မနေနိုင်အောင် လုပ်ပစ်မယ်။
မကြာမီ ရှဲ့နင်းထန်တို့ အဖွဲ့သည် ကျိုယင်းဆောင်မှ ထွက်ခွာသွားကြ၏။
ရွှယ်နင်က အပေါ်ဝတ်အင်္ကျီတစ်ထည်ကို ယူဝတ်ပြီး အခန်းထဲမှ ထွက်လာရာ အထိန်းတော်ကျန်း ပြန်ရောက်နေပြီ ဖြစ်ဝာာကို တွေ့လိုက်ရသည်။
"အထိန်းတော်ကျန်း”
အထိန်းတော်ကျန်း၏ မျက်နှာမှာ အပြုံးများဖြင့် ပြည့်နေပြီး ရွှယ်နင်ကို ကြည့်သည့် အကြည့်တွင်လည်း နွေးထွေးကြင်နာမှုများ ပိုမို ပါဝင်လာသည်။
“ဒီလောက် အေးတဲ့နေ့မှာ သခင်မလေးက ဘာလို့ ဒီလောက် အဝတ်ပါးပါးလေး ဝတ်ပြီး ထွက်လာရတာလဲ။ အမြန် အထဲပြန်ဝင်ပါ။ ဒီအဘွားကြီးက ခန္ဓာကိုယ်အားဖြည့်ဖို့ ဟင်းရည်တစ်အိုး ချက်ခိုင်းလိုက်မယ်” ။
ရွှယ်နင်၏ မျက်နှာ နီရဲသွားပြီး အမူအရာမှာ အနည်းငယ် မသက်မသာ ဖြစ်နေသည်။
“အားချဲ့ ဘယ်မှာလဲဟင်”
အထိန်းတော်ကျန်းက သူမကို နွေးထွေးတဲ့ အခန်းထဲသို့ ခေါ်သွားရင်း ပြောသည်။
“ရှီဇီက စာကြည့်ခန်းကို သွားပါတယ်။ သခင်မလေး အရင်အနားယူဖို့ ဒီအဘွားကြီးကို မှာထားခဲ့ပါတယ်”
ရွှယ်နင်က အပေါ်ဝတ်အင်္ကျီကို ပို၍ တင်းတင်းကျပ်ကျပ် ဆွဲဖုံးလိုက်သည်။ စာကြည့်ခန်းဘက်မှ မီးရောင် လင်းလက်နေတာကို မြင်လိုက်ရသည့်အခါ ပါးပြင်များ ထပ်မံ နီရဲလာသည်။
သူ့ကို ပြန်လာပြီး အတူအိပ်ဖို့လည်း မပြောရဲဘူး။
ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စက ဘယ်သူ့အတွက်မဆို ရှက်စရာကောင်းလွန်းတယ်။
သူမက မျက်နှာပါးလွှာသူ ဖြစ်ပြီး အားချဲ့ကလည်း သူမ ရှက်သွားမှာကို စိုးရိမ်၍ စာကြည့်ခန်းမှာပဲ အိပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်မယ်။
“ကောင်းပါပြီ၊ ကျွန်မ အရင်နားလိုက်မယ်”
ထိုညက ရွှယ်နင် အိပ်ပျော်ရန် ထူးထူးခြားခြား ခက်ခဲနေသည်။
အိပ်ရာမဝင်ခင် အထိန်းတော်ကျန်း ယူလာပေးသော အားဖြည့်ဟင်းရည်ကို သူမ သောက်ခဲ့သည်။
ထို့အပြင် သခင်မဝမ်ပေးထားသော ယန်ဓာတ်အားဖြည့် ဆေးရည်ကိုလည်း သောက်ထားသည်။
သူမရဲ့ စိတ်ထဲမှာ သူတို့ ကုတင်ပုပေါ်မှာ ထိုင်နေခဲ့ပြီး အမျိုးသားက သူမကို ဖက်ထားခဲ့တဲ့ ပုံရိပ်တွေပဲ ထပ်ခါထပ်ခါ ပေါ်လာနေသည်။
သူမရဲ့ခန္ဓာကိုယ်က ပို၍ မငြိမ်မသက် ဖြစ်လာပြီး ရင်ထဲတွင်လည်း မပြောနိုင်သော ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာ၏။
“အိုး... ရွှယ်နင်ရေ၊ မစဉ်းစားနဲ့တော့လို့ မရဘူးလား”
ရွှယ်နင်က အိပ်ရာပေါ်ကနေ ထထိုင်လိုက်ပြီး ရှက်ရွံ့စိတ်နှင့် စိတ်တိုမှု ရောယှက်နေသော အမူအရာဖြင့် နီရဲနေတဲ့ ပါးပြင်များကို ပုတ်လိုက်သည်။
“ကိုယ့်ကိုယ်ကို နည်းနည်းလောက် မထိန်းနိုင်ဘူးလား”
သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဒူးနှစ်ဖက်ကို ဖက်ကာ ချည်ထိုးစောင်အောက်တွင် ထိုင်နေသည်။
မင်္ဂလာပွဲပြီးတဲ့နောက် ပထမဆုံးအကြိမ် သူမ တစ်ယောက်တည်း အိပ်ရတာ ဖြစ်ပြီး ဘေးနားက နေရာလွတ်ကြီးက ထူးဆန်းစွာ ဟာနေသလို ခံစားရတယ်။
တကယ်တော့ သူမက တစ်ယောက်တည်း အိပ်ရတာကို အမြဲတမ်း ကျင့်သားရခဲ့သူ ဖြစ်တယ်။
ဒါပေမဲ့ လီချန်ချဲ့နှင့် အတူနေခဲ့တာ လဝက်တောင် မပြည့်သေးဘဲ သူ့တည်ရှိမှုကို အသားကျနေပြီ။
ရွှယ်နင်က သက်ပြင်းချလိုက်ပြီး အရောင်ဖျော့သော ရုချွင်ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။
သူမရဲ့ စိတ်ထဲမှာ သူမကို ဖက်ထားခဲ့တဲ့ သူ့ပုံရိပ်ပဲ ပြည့်နှက်နေတယ်။
စဉ်းစားကြည့်ရင် နောက်ဆုံးအကြိမ် အိမ်ထောင်ရေးသာယာမှုကို ခံစားခဲ့ရတာ ခြောက်နှစ်၊ ခုနစ်နှစ်ခန့် ရှိနေပြီ။
သူမရဲ့ စိတ်နှလုံးက ငြိမ်သက်တဲ့ရေပြင်လိုမျိုး ဖြစ်နေပြီး ယောက်ျားများနှင့် ပတ်သက်တဲ့ ထိုကိစ္စများကို စိတ်မဝင်စားတော့ဘူးလို့ ထင်ခဲ့တာ။
ဒါပေမဲ့ ဒီနေ့ညမှာ အားချဲ့က သူမရဲ့ စိတ်လှုပ်ရှားမှုကို အလွယ်တကူ နိုးထစေခဲ့တယ်။
အခုတော့ အခန်းလွတ်ကြီးထဲမှာ သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး စိတ်မတည်ငြိမ် ဖြစ်နေသည်။သူမ ဘာလုပ်ရမလဲ။
ဒါပေမဲ့ အားချဲ့နှင့် အမှန်တကယ် တစ်ခုခု လုပ်ရမယ်ဆိုတဲ့ အတွေးက သူမကို ကြောက်ရွံ့စေတယ်။
အဆုံးမှာတော့ ယောက်ျားများက အခြားသူများနှင့် မတူပေ။
အဲ့ဒါက ဘယ်လို ခံစားရလဲဆိုတာကို သူမ တကယ့်ကို မစဉ်းစားရဲဘူး။
ထိုနာကျင်မှုမျိုးကို တွေးမိလိုက်သည်နှင့် သူမ၏ မျက်နှာက ပြန်လည် ဖြူဖျော့သွားပြီး စောစောက မငြိမ်မသက် ဖြစ်နေသော ခံစားချက်များလည်း ပျောက်ကွယ်သွားသည်။
သူမက ချည်ထိုးစောင်အောက်သို့ တိုးဝင်လိုက်ပြီး ပူလောင်နေဆဲ မျက်နှာကို ဖုံးကွယ်ထားလိုက်၏။
ညနက်ပိုင်းအထိ လူးလှိမ့်နေပြီးနောက်မှသာ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။