အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂) အရက်မူးနေတဲ့ ကြောင်ပေါက်လေး
ချင်ဆုန့်ယင်သည် ထိုသူအား အေးစက်စက် စိုက်ကြည့်လိုက်တဲ့အခါ ထိုသူမှာ ချက်ချင်း မျက်လွှာချသွားပြီး ထပ်မပြောရဲတော့ပေ။
မင်းသမီး၏ အရှိန်အဝါက အလွန်ကြီးမားလွန်းသဖြင့် ရွှယ်နင်မှာ နှုတ်ခမ်းကိုစေ့ကာ တိတ်တဆိတ်သာ နေလိုက်သည်။
ချင်ဆုန့်ယင်က နန်းတွင်းသမားတော်ကြီးအား ထွက်သွားရန် အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်ပြီးနောက် ထိတ်လန့်စိတ်မပြေသေးဘဲ သမီးဖြစ်သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုစကားကို ကြားတဲ့အခါ သူမက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"သမီးကသာ သူ(မ)ကို အစ်မတစ်ယောက်လို သဘောထားနေတာ၊ သူ(မ)ရင်ထဲမှာရော သမီးကို ညီမတစ်ယောက်လို တကယ်သဘောထားရဲ့လားဆိုတာ သမီးသိလို့လား"
ရွှယ်ယန်ရန်သည် မိခင်ဖြစ်သူ ရုတ်တရက် ဒေါသထွက်လာမည်ဟု မထင်ထားသဖြင့် ကြက်သေသေသွား၏။
သူမရဲ့အမေက အရင်က ဒီလိုမျိုး မဟုတ်ပေ။ အပြင်လူများအပေါ် ဒေါသကြီးတတ်သော်လည်း သူမအပေါ်တွင်တော့ အမြဲတမ်း နူးညံ့သိမ်မွေ့ကာ တစ်ခါမှ ဒေါသမထွက်ခဲ့ဖူးပေ။
ဒါပေမဲ့ ရွှယ်နင်နှင့် ရင်းနှီးသွားချိန်မှစ၍ မိခင်ဖြစ်သူက အစ်မရွှယ်နင်အား အမြဲတမ်း မနှစ်မြို့ဖြစ်နေခဲ့တယ်။
သူမက စိုးရိမ်တကြီးဖြင့် အင်္ကျီစကို ဆွဲကိုင်လိုက်ရင်း... မျက်လွှာချထားလိုက်သည်။
ရွှယ်နင်သည် ကုတင်ပုဘေးတွင် ရိုရိုကျိုးကျိုးရပ်နေခဲ့ပြီး ထိုစကားကိုကြားတဲ့အခါ ပြုံးလိုက်သည်။
"အရှင်မင်းသမီး... ကျွန်မက မင်းသမီးလေးကို ရိုးသားစွာနဲ့ပဲ ညီမလေးတစ်ယောက်လို သဘောထားပါတယ်"
ချင်ဆုန့်ယင် အနည်းငယ် တောင့်တင်းသွားပြီး ရွှယ်နင်၏ ကြည်လင်တောက်ပနေသော မျက်လုံးများကို လှမ်းကြည့်လိုက်ရာ သူမ၏စိတ်လည်း ရှုပ်ထွေးစွာ ကယက်ထသွားသည်။
သူမ တစ်ခုခုပြောချင်နေတယ်လို့ ရွှယ်နင် ခံစားမိသော်လည်း အဆုံးတွင် ဘာမှထပ်မပြောတော့ဘဲ နှုတ်ခမ်းကိုသာစေ့လျက် "ပွဲတော်တည်တော့" ဟုသာ ပြောလိုက်သည်။
မင်းသမီးကြီးစံအိမ်၏ ညစာစားပွဲမှာ အထူးတလည် ခမ်းနားပြီး ရွှယ်နင်ပင်လျှင် ပန်းအရက်အနည်းငယ် သောက်ရန် တိုက်တွန်းခံလိုက်ရသည်။
စံအိမ်တော်မှ တည်ခင်းသော ကောက်ညှင်းအရက်ချိုပေါင်းမှာလည်း အပြင်စားသောက်ဆိုင်များနှင့် မတူဘဲ ကွဲပြားနေသည်။ အရက်ချိုအရသာမှာ အလွန်မွှေးပျံ့ကာ သောက်လိုက်လျှင် ပေါ့ပါးချိုမြိန်နေပြီး ကောက်ညှင်းလုံးများမှာလည်း နူးညံ့ကာ စားလို့ကောင်းသည်။ သွေးဆောင်မှုကို မလွန်ဆန်နိုင်တဲ့ ရွှယ်နင်က လီချန်ချဲ့ အပြေးအလွှားရောက်လာပြီး သူမလက်ကို မတားထားလျှင် နောက်တစ်ပန်းကန်ကိုပါ ဆက်စားမိမှာ သေချာ၏။
"အားချဲ့လား..."
ရွှယ်နင်၏ စိတ်အာရုံများမှာ အနည်းငယ် မှုန်ဝါးနေပြီး တစ်ကိုယ်လုံး လွင့်မျောနေသလို ခံစားနေရသည်။ သူမ မော့ကြည့်လိုက်တဲ့အခါ သူမအနောက်မှာ ရပ်နေတဲ့ အမျိုးသားကို မြင်လိုက်ရသဖြင့် ယိုင်တိုင်တိုင်ဖြင့် သူ့အပေါ် မှီချလိုက်ပြီး နီရဲနေသော မျက်နှာလေးကိုမော့ကာ ရီဝေဝေပြုံးလိုက်သည်။
"ရှင် ဘယ်လိုလုပ် ဒီလောက်စောစော ရောက်လာတာလဲ..."
လီချန်ချဲ့သည် မိန်းကလေး၏ ရီဝေစိုစွတ်နေသော မျက်လုံးများဆီသို့ မျက်လွှာချကြည့်လိုက်ပြီး သူ့လည်စေ့က လှုပ်ရှားသွားသည်။
"ကိုယ် မင်းကို အိမ်ပြန်ခေါ်ဖို့ လာတာလေ"
သို့သော်လည်း ရွှယ်နင်မှာ ငြိမ်ငြိမ်ထိုင်ရန် ခက်ခဲနေပြီး သူမ၏ ခြေလက်များမှာ ပေါ့ပါးလွင့်မျောနေသည်။ သူမက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။
"အိမ်ပြန်မယ်... အိမ်ပြန်မယ်... အိမ်ပြန်ရမယ့်အချိန်ရောက်ပြီ... ညီမလေးယန်ရန်... ကျွန်မ အိမ်ပြန်တော့မယ်... နင်... ဂရုစိုက်နော်... ငါ နင့်ကို လာကြည့်ပါ့မယ်... စိတ်မပူနဲ့၊ နင် အသက်ရှည်ရှည် နေရအောင် ငါ လုပ်ပေးပါ့မယ်..."
လီချန်ချဲ့ မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။
"မင်း မူးနေတာလား..."
ရွှယ်နင်က လက်ယမ်းလိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။
"မမူးပါဘူး..."
ချင်ဆုန့်ယင်က မော့ကြည့်လိုက်ပြီး လီချန်ချဲ့က ရွှယ်နင်အား ကြည့်နေပုံကို မြင်တဲ့အခါ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"သူ(မ) ကောက်ညှင်းအရက်ချို နည်းနည်းနဲ့ မက်မွန်ပန်းအရက် နှစ်ခွက်ပဲ သောက်ထားတာပါ။ အများကြီး မသောက်ထားဘူး၊ ဒါကြောင့် စိတ်ပူစရာမလိုပါဘူး"
လီချန်ချဲ့မှာ ဘာမှမတတ်နိုင်သလို ပြုံးလိုက်ပြီး သူမ၏လက်ကိုဆွဲကာ ခါးမှဖက်၍ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ အရက်မူးနေတဲ့ ရွှယ်နင်က ဂနာမငြိမ်ဖြစ်နေပေမယ့် လီချန်ချဲ့က သူမကို ရင်ခွင်ထဲမှာ စိတ်ရှည်လက်ရှည် ပွေ့ဖက်ထားပြီး နီရဲနေသော ပါးပြင်လေးကို အသာလေး ဆွဲညှစ်ချော့မြူလိုက်သည်။ သူ့ရင်ခွင်ထဲမှလူ ငြိမ်ကျသွားမှသာ စားပွဲတွင် မတ်မတ်ထိုင်နေသော ချင်ဆုန့်ယင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"နင်နင့်ကို ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး။ အခု အချိန်လည်း နောက်ကျနေပြီဆိုတော့ သူ(မ)ကို အိမ်အရင်ပြန်ခေါ်သွားပါရစေ"
ရွှယ်ယန်ရန် မတ်တတ်ရပ်လိုက်ပြီး သူမ၏မျက်လုံးများက တောက်ပနေသည်။
"အစ်ကိုအားချဲ့၊ စောပါသေးတယ်။ မပြန်ခင် ကျွန်မတို့နဲ့အတူ ညစာဝင်စားသွားပါဦးလား"
လီချန်ချဲ့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
"မလိုတော့ပါဘူး။ နင်နင် နေမကောင်းဖြစ်နေလို့ပါ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်နင်အား ပွေ့ချီကာ နောက်လှည့်ထွက်သွားတော့သည်။
ရွှယ်ယန်ရန်သည် ရွှယ်နင်အား ပွေ့ချီသွားသော လီချန်ချဲ့၏ ကျောပြင်ကျယ်ကို ငေးမောကြည့်ရင်း အကြောင်းရင်းမသိနိုင်သော ဝမ်းနည်းကြေကွဲမှုတစ်ခုကို ခံစားလိုက်ရသည်။
ချင်ဆုန့်ယင်က သူမ၏ အရက်ခွက်ကို အမူအရာမဲ့စွာ မယူကာ တစ်ငုံသောက်လိုက်၏။ သူမသမီး၏ နှလုံးသားကွဲကြေနေတဲ့ တုံ့ပြန်မှုကို သူမ မအံ့ဩပေ။
"သမီး မျက်ရည်ကျတော့မလို့လား"
ရွှယ်ယန်ရန်သည် ကုလားထိုင်ပေါ်သို့ ပုံကျသွားပြီး အသံဝင်ကာ ပြောလိုက်သည်။
"အစ်ကိုအားချဲ့က သမီးကို တစ်ခါမှ အဲဒီလိုမျိုး ပွေ့ဖက်မပေးဖူးဘူး"
ချင်ဆုန့်ယင်က ရက်စက်စွာပင် ပြောလိုက်လေသည်။
"သူက သမီးကို မကြိုက်လို့ပဲ၊ ဒါကြောင့် သူက သမီးကို အဲဒီလို ပွေ့ဖက်ပေးမှာ မဟုတ်ဘူး"
ရွှယ်ယန်ရန်၏ နှုတ်ခမ်းများ တုန်ရီသွားသည်။
"ဒါဆို... သူက အစ်မရွှယ်နင်ကို ကြိုက်နေတာလား"
ချင်ဆုန့်ယင်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
"သမီး သူ့ကို သိလာတဲ့နှစ်တွေအတွင်းမှာ သူ ဘယ်မိန်းကလေးကို ဒီလိုပွေ့ဖက်ခဲ့ဖူးလို့လဲ"
ရွှယ်ယန်ရန်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ အချိန်အတော်ကြာပြီးနောက် သူမက တောင့်တင်းစွာ ခေါင်းခါလိုက်၏။
"တစ်ယောက်မှ မရှိခဲ့ပါဘူး"
သူက အခြားမိန်းကလေးကို မပွေ့ဖက်ခဲ့ရုံသာမက သူမကိုယ်တိုင် အနားကပ်ရန် ကြိုးစားသည်ကိုပင် ရှောင်ဖယ်ခဲ့သူဖြစ်သည်။
သူမက အရင်က သူမငယ်သေးလို့ဟု တွေးခဲ့တယ်။ အစ်ကိုအားချဲ့က သူမရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာတာကြောင့် သူမကို မထိတွေ့တာလို့ ထင်ခဲ့တယ်။
ဒါပေမဲ့ ဒီနေ့ အစ်ကိုအားချဲ့က မျက်လွှာချကာ ရွှယ်နင်ကို စိတ်ရှည်လက်ရှည် ချော့မော့နေတာကို မြင်လိုက်ရတဲ့အခါ သူမ ချက်ချင်းပင် နားလည်သွားသည်။
သူ သူမကို မကြိုက်သဖြင့် သူမ၏ အထိအတွေ့ကိုလည်း မကြိုက်နှစ်သက်ခြင်းပင်။
သူကြိုက်နှစ်သက်တဲ့ မိန်းကလေးဆိုလျှင် သူကိုယ်တိုင်ပင် အနားကပ်ရန် တက်ကြွနေလိမ့်မယ်။
အစ်မရွှယ်နင်နှင့် ပတ်သက်၍လည်း ထိုနည်းအတိုင်းပင်။ အစ်မရွှယ်နင်အား ကြည့်နေတဲ့ သူ့မျက်လုံးများတွင် ပိုင်ဆိုင်လိုမှုနှင့် နူးညံ့မှုတို့ ပြည့်နှက်နေတာ သိသာလှသည်။ သူမကိုတော့ ဘယ်သောအခါကမှ ထိုအဲ့လိုမျိုး ကြည့်ခဲ့ဖူးခြင်း မရှိပေ။
ရွှယ်ယန်ရန်သည် တွေးလေလေ ဝမ်းနည်းလေလေဖြစ်ကာ ရင်ထဲတွင် အသည်းနှလုံး ပေါက်ကွဲမတတ် ခံစားရသည်။
ဟန်မဆောင်နိုင်တော့ဘဲ သူမက စားပွဲပေါ်ရှိ လက်မောင်းကြားတွင် မျက်နှာအပ်ကာ တရှုံ့ရှုံ့ ငိုကြွေးတော့သည်။
"သနားစရာ ကလေးလေးရယ်"
ချင်ဆုန့်ယင်၏ စိတ်ထဲတွင် နောက်ဆုံး၌ ပျော့ညံ့သွားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှယ်ယန်ရန်က သူမရဲ့ အသက်ကိုတောင် ပေးဆပ်လုနီးပါး မွေးဖွားခဲ့ရတဲ့ သမီးဖြစ်တယ် မဟုတ်လား။
သူမက ရွှယ်ယန်ရန်၏ ကျောကို ပုတ်ပေးလိုက်သည်။
"ရွှယ်နင်သာ သေသွားမယ်ဆိုရင် အစ်ကိုအားချဲ့က သမီးကို လက်ထပ်မှာပါ။ သမီး သူ(မ)ကို သေစေချင်သလား"
ရွှယ်ယန်ရန်သည် ခေါင်းကို ရုတ်တရက် မော့လိုက်၏။ သူမ၏ ဖြူဖျော့နုနယ်သော မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"မယ်တော်... မယ်တော် ဘာတွေပြောနေတာလဲ"
ချင်ဆုန့်ယင်သည် ပုလင်းငယ်တစ်လုံးကို ထုတ်ယူကာ သူမရှေ့တွင် ချပေးလိုက်ပြီး ချော့မော့ပြောဆိုလိုက်သည်။
"သမီးလည်း အရွယ်ရောက်လာပြီ။ ကိစ္စတော်တော်များများမှာ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ပါပြီ။ ဒါက ရွှယ်နင်ကို ဘယ်သူမှ မသိဘဲ သေစေနိုင်တဲ့ ဆေးပဲ။ သူ(မ)အစားအသောက်ထဲကိုသာ ထည့်ပေးလိုက်၊ တစ်လအတွင်းမှာပဲ သူ(မ) ဖျားနာပြီး သေသွားလိမ့်မယ်။ သမီးတို့က ရင်းနှီးတဲ့သူတွေဆိုတော့ ကျန်းကော်နယ်စားမင်းအိမ်တော်ကို ခဏခဏသွားပြီး ဆေးကို တိတ်တဆိတ် ထည့်ပေးလိုက်ရုံပဲ။ ဒီဆေးက အရောင်အနံ့ မရှိဘူး၊ ဘယ်သူမှ သိမှာမဟုတ်ဘူး။ သူ(မ)သေသွားရင်တောင် ဘယ်သူကမှ သမီးကို အပြစ်တင်မှာ မဟုတ်ဘူး"
ရွှယ်ယန်ရန်သည် အဖြူရောင်ပုလင်းငယ်ကို ငေးမောကြည့်နေမိသည်။ သူမ၏ နှလုံးသားမှာလည်း ရူးသွပ်မတတ် ခုန်ပေါက်နေတော့သည်။
"..."
............................
"မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မူးနေရတာလဲ"
လီချန်ချဲ့သည် ထိုမိန်းကလေးအား ပွေ့ချီကာ မင်းသမီးစံအိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူမကတော့ သူ့ရင်ခွင်ထဲမှာ စကားတွေ ရန်လုပ်နေဆဲပင်။
"ကျွန်မ မမူးပါဘူး"
"မင်း မူးနေပြီ"
"တကယ်မမူးပါဘူး။ ကြည့်... ကျွန်မ တန်းတန်းမတ်မတ် လမ်းတောင် လျှောက်နိုင်သေးတယ်"
"..."
မူးနေတဲ့ ကြောင်ပေါက်လေးက သူ့ရင်ခွင်ထဲမှ ခုန်ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တိမ်တိုက်ပေါ်တွင် လျှောက်နေသလို ယိုင်တိုင်တိုင်ဖြင့် ဝေးရာသို့ သွားနေတော့သည်။
လီချန်ချဲ့သည် သူ၏ အေးစက်စက် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမ၏ ခါးတွင်စည်းထားသော ပဲစိမ်းရောင် ပိုးဖဲကြိုးကို လှမ်းဆွဲလိုက်သည်။
"နင်နင်... စနောက်တာ ရပ်တော့။ ပြန်လာခဲ့"
"အွန်း... အားချဲ့... လမ်းတွေက ဘာလို့... ကောက်ကွေးနေတာလဲ"
သူမ ပြောနေရင်းဖြင့် ကိုယ်ခန္ဓာမှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားသည်။
ရွှယ်နင်အား လှည်းပေါ်သို့ ပွေ့တင်လိုက်မှသာ သူမ ငြိမ်ကျသွားတော့၏။
သူမက ကောက်ညှင်းအရက်ချို စားချင်တယ်လို့လည်း မအော်တော့သလို၊ မော့ပေသို့သွားကာ လမင်းကို ကြည့်မည်ဟုလည်း လက်ယမ်းကာ မတောင်းဆိုတော့ပေ။
သူမက ကလေးငယ်တစ်ယောက်လိုမျိုး လီချန်ချဲ့၏ ပေါင်ပေါ်တွင် ကွေးကွေးလေး ထိုင်နေသည်။
သူမ၏ ပါးပြင်မှာ ထိုအမျိုးသား၏ ကြံ့ခိုင်ကျယ်ပြန့်သော ရင်အုပ်ပေါ်တွင် မှီတွယ်နေပြီး နှာခေါင်းထဲတွင်မူ သူ့ထံမှထွက်သော ထင်းရှူးရနံ့သင်းသင်းတို့ဖြင့် ပြည့်နှက်နေသည်။
စိတ်အာရုံမှာ တိမ်တိုက်များပေါ်တွင် လွင့်မျောနေသလို ခံစားရပြီး ခြေလက်တို့မှာ အားအင်ကုန်ခမ်းကာ မျက်နှာတစ်ခုလုံးသာ ပူနွေးနေ၏။
လီချန်ချဲ့သည် မိန်းကလေး၏ ဦးခေါင်းထိပ်ပေါ်သို့ မေးတင်ထားလိုက်ပြီး ဤအချိန်ခဏတာတွင် သူမ၏ အပြည့်အဝ မှီခိုအားထားမှုကို ကျေနပ်စွာ ခံစားနေသည်။
သူမရဲ့ ခန္ဓာကိုယ်မှာ အရိုးမရှိသကဲ့သို့ ပျော့ပျောင်းနေပြီး သွယ်လျသော ခါးလေးမှာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ဖိကပ်ထားသည်။
ဖွံ့ထွားသော ရင်သားအစုံမှာလည်း သူ့ရင်ခွင်ထဲတွင် ပွတ်တိုက်မိနေ၏။
ထိုအရာက သူ့အား ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စေလုနီးပါးပင်။
ကံကောင်းစွာဖြင့် သူတို့က လှည်းပေါ်မှာ ရောက်နေကြတယ်။
သူ ဘယ်လောက်ပဲ သားရဲတစ်ကောင်လိုမျိုး စိတ်ဆန္ဒများ ပြင်းထန်နေပါစေ၊ ဒီနေရာမှာတော့ သူမကို ကျူးလွန်မှာ မဟုတ်ဘူး။
ရွှယ်နင်သည် ထိုအမျိုးသား၏ ခန္ဓာကိုယ်ထဲမှ တင်းမာနေသော စိတ်ခံစားချက်များကို မသိရှိပုံရပြီး လက်လေးများဖြင့် သူ့၏သွယ်လျသော လည်တိုင်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားသည်။
သူမက အောက်မှ တင်းမာနေတဲ့ အရာတစ်ခုကို ခံစားမိလိုက်သည်...
သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ ကြောက်ရွံ့ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း မရှိတော့ပေ။
သူမက စိုစွတ်ကာ နီရဲနေသော မျက်လုံးများကို မော့ကြည့်လိုက်ပြီး သူ့၏ လေးနက်ခန့်ညားသော မေးရိုးမျဉ်းကို ငေးမောကြည့်နေသည်။
"လီချန်ချဲ့... လီချန်ချဲ့ ဟုတ်တယ်မလား”