← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅) - ဝမ်းကွဲ

လီချန်လဲ့က စကားပြောလေ ပိုစိတ်လှုပ်ရှားလေဖြစ်လာပြီး သူမ၏ မျက်လုံးများက ရွှယ်နင်ထံမှ မခွာတော့ပေ။

"ဒါက ကျွန်မတို့ မိသားစုမှာ ရှားရှားပါးပါး မိန်းကလေးပဲ အစ်ကို။ အစ်ကို့မိန်းမကို သေချာကာကွယ်ပေးရမယ်နော်။ ကိုယ်ဝန်လနုစဉ်မှာ အမျိုးသမီးတွေက မလုပ်သင့်တာတွေ ရှိတယ်လို့ ကျွန်မ ကြားဖူးတယ်—"

"ချန်လဲ့!"

ရထားလုံးထဲတွင် မတ်မတ်ထိုင်နေသော ဝူရှီမှာ လီချန်လဲ့၏ စကားများက ပို၍ မသင့်တော်လာတာကို ကြားသောအခါ ဂနာမငြိမ်ဖြစ်လာသည်။

သူမ ရထားလုံးပေါ်မှ ဆင်းလာပြီး လီချန်လဲ့ကို ဘေးသို့ဆွဲခေါ်ကာ အဓိပ္ပါယ်မရှိတဲ့ စကားများကို ဖြတ်ပြောလိုက်သည်။ သူမက လီချန်ချဲ့ဘက်သို့ လှည့်ကာ တောင်းပန်သည့်အပြုံးဖြင့်-

"ချန်လဲ့က စိတ်မြန်လက်မြန်ရှိတတ်လို့ပါ။ သူ(မ)စကားတွေကို စိတ်ထဲမထားပါနဲ့ ရှီဇီ"

လီချန်လဲ့က ထပ်ပြောရန် ကြိုးစားပြန်၏။

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ လီချန်ဟိန်က သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း၊ နင်က တကယ့်အရူးပဲ။ အစ်ကိုနဲ့ မရီးတို့ လက်ထပ်တာ မကြာသေးဘူးလေ။ ဘယ်လိုလုပ် ကိုယ်ဝန်ရှိနိုင်မှာလဲ။"

လီချန်လဲ့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး လီချန်ဟိန်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

လီချန်ဟိန်က မဖြုံသလိုပင် နေလိုက်သည်။ သူက လီချန်ချဲ့ကို ရိုသေလေးစားစွာ ပြုံးပြလိုက်၏။

"ချန်လဲ့က အမြဲတမ်း ဒီလိုပဲ တုံးအတာပါ။ အပြင်မှာ လေအေးတယ် အစ်ကို၊ မရီးကို အထဲခေါ်သွားလိုက်ပါ။"

လီချန်ချဲ့က လီချန်လဲ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဖယ်လိုက်။"

လီချန်လဲ့က မတရားခံရသလို နှုတ်ခမ်းဆူလိုက်ပြီး ငိုလုမတတ် ဖြစ်သွားသည်။

သို့သော် သူမ၏ ရှီဇီအစ်ကိုရဲ့ အေးစက်စက် အကြည့်အောက်တွင် လိမ္မာစွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။ ဖယ်ပေးနေရင်းပင် သူမ၏ မျက်လုံးများက အမျိုးသား၏ ရင်ခွင်ထဲရှိ မိန်းကလေးဆီသို့ ခိုးကြည့်နေမိသည်။

ယောင်းမက အသားအရေကို ဒီလောက်ဖြူဖွေးနေအောင် ဘယ်လိုများ ထိန်းသိမ်းထားပါလိမ့်။

စုတ်တံလေးတွေလို ထူထဲရှည်လျားတဲ့ မျက်တောင်လေးတွေကို ကြည့်ပါဦး။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် လှနေနိုင်ရတာလဲ။

သူမနဲ့ ရှီဇီအစ်ကိုတို့က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ!

လီချန်ချဲ့က ရွှယ်နင်ကို ပွေ့ချီကာ ဝင်ပေါက်ဆီသို့ သွားလိုက်ပြီးနောက် ဖူရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"နင်နင် ဒီနေ့ နေသိပ်မကောင်းဘူး။ ဒုတိယအဒေါ် မိသားစုအတွက် နေရာချထားရေးကို မင်းပဲ စီစဉ်ပေးလိုက်။"

ဤသည်မှာ ရွှယ်နင်ကို ထိုကိစ္စအတွက် စိတ်မပူစေချင်ကြောင်း ဆိုလိုခြင်းဖြစ်၏။

ဖူရှန်းက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။

"ဟုတ်ကဲ့ပါ။"

ရှီဇီ စံအိမ်တော်ထဲသို့ ဝင်သွားပြီးနောက်မှသာ ဖူရှန်းက ဒုတိယအိမ်တော်ခွဲ မိသားစုဘက်သို့ လှည့်ကြည့်လိုက်သည်။

လွန်ခဲ့တဲ့နှစ်များစွာက နယ်စားမင်းကို ကယ်တင်ရင်း ဒုတိယသခင် စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တဲ့အတွက်၊ မုဆိုးမဖြစ်သွားသော ဒုတိယသခင်မက လီမိသားစု၏ အိမ်တော်ဟောင်း၌ သားနှင့် သမီးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရသည်။

ဒုတိယသခင်မက ရည်မှန်းချက်မကြီးဘဲ အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး၊ ဒုတိယအိမ်တော်ခွဲ၏ အဆောင်မှ ရှားရှားပါးပါးသာ အပြင်ထွက်လေ့ရှိ၏။ သူမက လူမြင်ကွင်းသို့ ထွက်လေ့မရှိသူအဖြစ် နာမည်ကြီးသည်။

သခင်မလေး ချန်လဲ့နှင့် သခင်လေး ချန်ဟိန်တို့သာ ပိုမိုသွက်လက်ပြီး ရှီဇီနှင့် အတော်အသင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။

သခင်မဝမ်က ရှီဇီကို သတ်ချင်နေခဲ့တဲ့ ထိုနှစ်များအတွင်း၊ ဝူရှီက သူ့ကို သူမ၏ ကိုယ်ပိုင်သားအရင်းကဲ့သို့ အကြိမ်ကြိမ် ဆက်ဆံခဲ့သည်။

ထို့ကြောင့်ပင် ရှီဇီက ဒုတိယအိမ်တော်ခွဲကို ကျန်းကော်နယ်စားမင်းအိမ်တော်မှာ နေထိုင်ခွင့်ပြုခဲ့ပြီး သခင်လေး ချန်ဟိန်နှင့် သခင်မလေး ချန်လဲ့တို့အတွက် အစီအစဉ်များ ရေးဆွဲပေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

ဝူရှီက အသိဉာဏ်ရှိသူဖြစ်၏။ လီချန်ချဲ့၏ အေးစက်သော စရိုက်ကို သိထားသဖြင့် သူမက ဖူရှန်းကို မလိုအပ်ဘဲ အလုပ်မရှုပ်စေချင်ပေ။

"ဖူရှန်း၊ ငါတို့ဘာသာငါတို့ စီစဉ်နိုင်ပါတယ်။ ငါတို့အဆောင်က ဘယ်နေရာမှာလဲဆိုတာပဲ ပြောပြပါ။"

ဖူရှန်းက ရွှယ်နင်၏ စီစဉ်ထားမှုများကို ပြန်လည်ပြောပြလိုက်သည်။ ဝူရှီက ထိုစကားများကို ကြားသောအခါ ပြုံးလိုက်၏။

"သခင်မလေးရဲ့ အစီအစဉ်တွေက တကယ့်ကို သေသပ်ပြည့်စုံတာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ထက်မြက်တာ။ နောင်တစ်ချိန် အိမ်ထောင်မှုထိန်းသိမ်းတဲ့နေရာမှာ သေချာပေါက် ကျွမ်းကျင်မှာပဲ။"

ဝူရှီက အမြဲတမ်း သူတစ်ပါးကို ချီးကျူးတတ်သူဖြစ်ပြီး သခင်မဝမ်ထက် ဆက်ဆံရပိုလွယ်ကူသည်။ ဖူရှန်းကလည်း ဤအကျင့်နှင့် ယဉ်ပါးနေပြီ။

ဝူရှီရှေ့မှာ တင်းကျပ်တဲ့ စည်းကမ်းပုံစံများအတိုင်း နေရန် မလိုအပ်ပေ။

"သခင်မလေးက ငယ်ပါသေးတယ်။ သင်ယူစရာတွေ အများကြီးကျန်သေးတယ်လေ။"

"အားချဲ့က ဘေးနားမှာရှိနေတော့ သူ(မ) အမြန်သင်ယူနိုင်မှာပါ။"

ဖူရှန်းက ပြုံးလိုက်သော်လည်း အများကြီး ဆက်မပြောတော့ပေ။

"အဆင်ပြေပါတယ်။ ရှီဇီက တစ်ခါတလေ လမ်းညွှန်ပြသပေးသလို၊ သခင်မလေးကလည်း အရာရာကို အမြန်သင်ယူနိုင်ပါတယ်။"

"ကောင်းပြီ ဖူရှန်း။ မင်း ရှီဇီနားကို ပြန်သွားလိုက်တော့လေ။ ဒီဘက်ကို ငါပဲ ကိုင်တွယ်လိုက်ပါ့မယ်။"

ဝူရှီက ပြုံးကာ အစေခံများအား ခရီးဆောင်အိတ်များကို အထဲသို့ သယ်ဆောင်ရန် ညွှန်ကြားလိုက်သည်။

သူ့အတွက် လုပ်စရာမရှိတော့တာကို မြင်တဲ့အခါ ဖူရှန်းလည်း လှည့်ထွက်လာခဲ့သည်။

"ဒါနဲ့လေ..."

ဝူရှီက သူ့ကို လှမ်းခေါ်လိုက်ပြီး မပြောခင် ခဏလောက် တုံ့ဆိုင်းနေခဲ့၏။

"ဒီမြို့တော်ခရီးစဉ်မှာ ငါ့ရဲ့ မိဘအိမ်က တူမလေးကိုပါ ခေါ်လာခဲ့တယ်။ သူ(မ)နာမည်က ကျင်းယီတဲ့၊ ဒီနှစ် ၁၈ နှစ်ပြည့်ပြီ၊ အိမ်ထောင်မရှိသေးဘူး။ ငါ့မောင်လေးရဲ့ သဘောက သူ(မ)ကို တုန်းကျင်းက စံအိမ်တော်မှာ ခဏလောက် နေစေချင်တာပဲ။ လအနည်းငယ်ကြာရင်တော့ သူ(မ)ကို ပြန်ခေါ်ဖို့ လူလွှတ်လိမ့်မယ်။ အားချဲ့ဆီ ပို့တဲ့စာထဲမှာတော့ ဒါကို ငါ ထည့်ရေးခဲ့ပါတယ်... သူ မှတ်မိသေးရဲ့လား မသိဘူး။"

ဖူရှန်း မော့ကြည့်လိုက်တဲ့အခါ အစေခံမိန်းကလေးများနှင့် အထိန်းတော်ကြီးများအနောက်မှ ကျက်သရေရှိသော မိန်းမပျိုလေးတစ်ဦး ထွက်လာတာကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာက အနည်းငယ် စိမ်းနေသော်လည်း၊ ဝူရှီနှင့် အတော်လေး ဆင်တူသည်။ နှစ်ယောက်စလုံးတွင် ကြည့်ကောင်းသော မျက်နှာဝိုင်းဝိုင်း၊ သေးသွယ်ကျော့ရှင်းသော အသွင်အပြင်များနှင့် ပြဿနာရှာမည့်သူမဟုတ်ကြောင်း ပေါ်လွင်စေသည့် နူးညံ့သိမ်မွေ့သော အပြုံးလေးများ ပိုင်ဆိုင်ထားကြသည်။

ထိုမိန်းမပျိုလေးက ဖူရှန်းကို ကျော့ရှင်းစွာ အရိုအသေပေးလိုက်၏။

ဖူရှန်းက အမြန်လက်ကာပြလိုက်သည်။

"သခင်မလေး ဝူ၊ ဒီလို အရိုအသေပေးစရာ မလိုပါဘူး။"

ဝူကျင်းယီက မတ်တတ်ရပ်ကာ ဝူရှီ၏ဘေးတွင် လိမ္မာစွာ နေရာယူလိုက်သည်။

ဝူရှီက ကိစ္စရပ်များကို အလွန်ကောင်းမွန်စွာ ကိုင်တွယ်နိုင်တာကို မြင်သဖြင့် ဖူရှန်းက သတိမပေးဘဲ မနေနိုင်ခဲ့ပေ။

"ဒုတိယသခင်မက တုန်းကျင်းကို အခုမှ ရောက်လာတာဆိုတော့၊ နောင်တစ်ချိန် အိမ်တော်မှာ အဆင်ပြေပြေ နေချင်တယ်ဆိုရင် သခင်မလေးနဲ့ ရင်းနှီးအောင် နေတာ ပိုကောင်းပါလိမ့်မယ်။"

ဝူရှီက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့၊ အားချဲ့က အဲဒီမိန်းကလေးကို အရမ်းသဘောကျတယ်ဆိုတာ ငါသိပါတယ်။ နောင်ကျရင် သူ(မ)နဲ့ အဆင်ပြေပြေနေနိုင်မှာ သေချာပါတယ်။"

ဖူရှန်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"

ဝူရှီက ဖူရှန်းကို ပြုံးလျက် နှုတ်ဆက်လိုက်၏။

အဆောင်တံခါးဝတွင် ရပ်နေရင်း သူ မျက်စိအောက်ကနေ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးနောက် သူမ၏ နှုတ်ခမ်းထက်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

လီချန်လဲ့က အစပိုင်းတွင် တုန်းကျင်းရှိ ဘဝနှင့် အသားကျရန် ခက်ခဲမှာကို စိုးရိမ်နေခဲ့သော်လည်း၊ အခု အိမ်တော်မှာ ဒီလောက်လှပတဲ့ ယောင်းမတစ်ယောက် နေထိုင်နေတာကို မြင်တွေ့လိုက်ရသဖြင့် သူမ အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။

နောက်နေ့မှာ ယောင်းမထံသွားရောက်ကာ သူမ ရောက်ရှိနေကြောင်း မဖြစ်မနေ အသိပေးရမည်ဟုပင် ကြိုတင်တွေးတောနေပြီ။

"အမေ၊ ယောင်းမကို ဘယ်လိုထင်လဲ။ သူ(မ)က သမီးလောက် သွက်လက်တက်ကြွရဲ့လား။"

"နင်က ဆော့တတ်လွန်းတဲ့ ကလေးမလေး။ သူ(မ)က ရွှမ်းယီနယ်စားမင်းအိမ်တော်က လာတာဖြစ်ပြီး၊ မိဘအိမ်က စစ်သူကြီးချုပ်ရွှယ်ရဲ့ အိမ်တော်လေ။ နင်က သူ(မ)ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

လီချန်လဲ့က မပျော်မရွှင်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။

"ဟွန့်၊ သမီး အခန်းထဲ ပြန်တော့မယ်။"

သမီးဖြစ်သူ ထွက်သွားပြီးနောက်၊ ဝူရှီက သူမနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ဝူကျင်းယီဘက်သို့ လှည့်ကြည့်လိုက်သည်။

"အားယီ၊ နင်ရော ဘယ်လိုထင်လဲ။"

ဝူကျင်းယီသည် စံအိမ်တော်ဝင်ပေါက်တွင် မြင်တွေ့ခဲ့ရသော အလွန်ချောမောသည့် မျက်နှာကို ပြန်တွေးတောလိုက်သည်။ အဝေးမှနေ၍ တစ်ချက်လောက်သာ လှမ်းမြင်လိုက်ရသော်လည်း သူမ၏ ရင်ထဲတွင် ရှက်သွေးဖြာကာ ရင်ခုန်သွားခဲ့ရသည်။

သူမ၏ ပါးပြင်လေးများ အနည်းငယ် ရဲတက်လာပြီး ဖြေလိုက်၏။

"အဒေါ်၊ အဒေါ် စီစဉ်တဲ့အတိုင်း ကျွန်မ လိုက်နာပါ့မယ်။"

ဝူရှီက သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်။

"နင်က အရမ်းလှပတဲ့ ရုပ်ရည်ရှိတယ်။ ဝူမိသားစုရဲ့ ဒီမျိုးဆက်မှာ အထူးချွန်ဆုံးပဲ။ နင်သာ ကျန်းကော်နယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်ရောက်နိုင်မယ်ဆိုရင် နင့်ရဲ့ အနာဂတ်က သေချာပေါက် အတိုင်းအဆမဲ့ တောက်ပလာမှာ။"

ဝူကျင်းယီ၏ မျက်နှာလေး ပူနွေးသွားသည်။

"ရှီဇီ ကျွန်မကို သတိထားမိလာအောင် အားယီ သေချာပေါက် နည်းလမ်းရှာပါ့မယ်။"

ဝူရှီ ပြုံးလိုက်သည်။

"နင် နားလည်တာ ကောင်းတယ်။ ရေနဲ့အနီးဆုံးလူက လမင်းကို အရင်ရတယ်လို့ ပြောကြတယ်လေ။ နင့်အတွက် ငါ သေသေချာချာ စီစဉ်ပေးထားပါတယ်၊ ဒါကြောင့် ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်။ ဒါပေမဲ့ မှတ်ထားပါ၊ ရှီဇီက အခုမှ လက်ထပ်ထားခါစဆိုတော့ သိပ်ပြီး အလောတကြီး မလုပ်နဲ့။"

ဝူကျင်းယီ ခေါင်းညိတ်လိုက်သည်။

"အားယီ နားလည်ပါပြီ။"

အချိန်မိုးချုပ်လာသည်နှင့်အမျှ ဝူရှီသည် ဝူကျင်းယီအတွက် အရာအားလုံးကို နေရာချထားစီစဉ်ပေးလိုက်သည်။ သူမ၏ ကိုယ်ပိုင်အဆောင်ရှိ ဘေးခန်းတစ်ခန်းတွင် နေထိုင်စေပြီး၊ ယုံကြည်ရသော အစေခံတစ်ဦးကို အနီးကပ်ပြုစုရန် တာဝန်ပေးလိုက်သည်။

ထိုသို့ဖြင့် ညဥ့်နက်သည်အထိ နေရာချထားပြီးနောက်၊ ကျန်းကော်နယ်စားမင်းအိမ်တော်ကြီးသည် နောက်ဆုံးတွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

"သခင်မလေး၊ မနိုးသေးဘူးလား။"

တံခါးအပြင်ဘက်မှ တိုးညှင်းပြီး မှုန်ဝါးဝါးအသံလေး လွင့်ပျံလာသည်။

ရွှယ်နင်ကမူ ပတ်ဝန်းကျင်ကို လုံးဝသတိမထားမိဘဲ အနှစ်ခြိုက်ဆုံး အိပ်မောကျနေခဲ့၏။

သူမကို မျက်နှာပူလာစေပြီး ရင်ခုန်မြန်စေသော နောက်ထပ်အိပ်မက်တစ်ခုကို သူမ မက်နေခဲ့သည်။

အိပ်မက်ထဲတွင်၊ သူမက လီချန်ချဲ့ကို ပြင်းပြစွာ နမ်းရှိုက်နေပြီး အမြဲတမ်း အေးစက်စက်နိုင်ကာ ရသေ့ရဟန်းလို ကျင့်ကြံနေတတ်တဲ့ အမျိုးသားကို သူမအောက်မှာ အရှုံးပေးလာစေရန် ချော့မော့တော့မည့်ဆဲဆဲတွင် သူမနားထဲရှိ အသံက ပို၍ပို၍ ရှင်းလင်းလာခဲ့သည်။

သူမ ရုတ်တရက် မျက်လုံးဖွင့်လာပြီး အကြိမ်အနည်းငယ် ပုတ်ခတ်လိုက်ကာ နွေးထွေးသော ရင်ခွင်တစ်ခုထဲတွင် မှီတွယ်နေကြောင်း သတိပြုမိသွားသည်။

အမျိုးသား၏ တင်းရင်းသန့်စင်သော မေးရိုးနှင့် ထူထဲရှည်လျားသော မျက်တောင်များကို မြင်လိုက်ရချိန်တွင် သူမ ခဏလောက် ကြောင်ကြည့်နေမိပြီးမှ နောက်ဆုံးတွင် သူမ၏ အကြည့်များကို အောက်သို့ ချလိုက်၏။

All Chapters