← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) - သူ ဒေါသထွက်သွားသည်

ရွှယ်နင်၏ လည်ချောင်းကို သံညှပ်ဖြင့် ညှပ်ထားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ မင်းသမီးတစ်ပါးကို ကိုယ်လုပ်တော်ဖြစ်လာစေရန် အကြံပြုခြင်းက မသင့်တော်မှန်း သူမ သိသည်။ သူမ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အတင်းရယ်ကျဲကျဲလုပ်ကာ ပြောလိုက်၏။

"ရှင့်အစီအစဉ်အတိုင်းပဲ ကျွန်မ လိုက်နာပါ့မယ်။ ယုတ္တိကျကျပြောရရင် မင်းသမီးရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းအရ သူ(မ)ကို ကိုယ်လုပ်တော်အဖြစ် ထားဖို့ဆိုတာ အစကတည်းက မဖြစ်သင့်ပါဘူး။ ဒါကြောင့်—"

လီချန်ချဲ့၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး၊ သူမကို စူးစိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဒါကြောင့် ဘာဖြစ်လဲ"

ရွှယ်နင် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမရင်ထဲရှိ ခါးသီးမှုလှိုင်းလုံးကို ဖိနှိပ်ထားလိုက်၏။ သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။

"ဒါကြောင့်... မင်းသမီးအတွက် နေရာဖယ်ပေးဖို့ ဖူကျွင်းက ကျွန်မကို ကွာရှင်းချင်တယ်ဆိုရင်တောင်၊ ကျွန်မမှာ ဘာမှကန့်ကွက်စရာ မရှိပါဘူး။"

လီချန်ချဲ့ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချင်သွားသည်။ သူက ရေခဲတမျှ အေးစက်စူးရှသော အကြည့်များဖြင့် ရွှယ်နင်ကို စိုက်ကြည့်လိုက်သည်။

"ကိုယ့်ခင်ပွန်းကို ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်ရလောက်အောင် မင်းက တော်တော် သဘောထားကြီးတာပဲ။ ရွှယ်နင်... မင်းမျက်လုံးထဲမှာ ကိုယ်က လွယ်လွယ်နဲ့ လွှဲပြောင်းပေးလို့ရတဲ့ ပစ္စည်းတစ်ခုပဲလား။"

သူ၏ အေးစက်သော အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် ရွှယ်နင် သူမ၏ နှလုံးသားကို လက်ကြီးတစ်ဖက်က တင်းကျပ်စွာ ဆုပ်ညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ အသက်ရှူရခက်ခဲစွာဖြင့် -

"မဟုတ်ပါဘူး၊ ရှင်က ပစ္စည်းတစ်ခု မဟုတ်ပါဘူး။"

လီချန်ချဲ့၏ နှုတ်ခမ်းတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အေးစက်သော မျက်ဝန်းများက ဓားသွားတစ်လက်လို တောက်ပနေသည်။ သူမအပေါ် အမြဲတမ်း ကြင်နာတတ်တဲ့ အမျိုးသားက ပထမဆုံးအကြိမ်အဖြစ် ဒေါသထွက်သည့် လက္ခဏာများကို ပြသလာခြင်းပင်။

"ရှင်းပြနေစရာ မလိုပါဘူး။ မင်းဆိုလိုတာကို ကိုယ် နားလည်တယ်။ မင်းက ကိုယ့်ကို သဘောမကျဘူးဆိုတော့ သဘာဝကျကျပဲ ကိုယ့်ကို တန်ဖိုးထားမှာ မဟုတ်ဘူးလေ။"

"ကျွန်မ—"

ဒီကိစ္စက သူမ သူ့ကို သဘောကျတာ၊ မကျတာနဲ့ ဘယ်လိုလုပ် သက်ဆိုင်သွားရတာလဲ။

သူမက မင်းသမီးကို ကိုယ်လုပ်တော်အဖြစ် ထားသင့်သလား၊ ဒါမှမဟုတ် ဘာလုပ်သင့်သလဲဆိုတာကို သူနဲ့ ဆွေးနွေးပြီး အကောင်းဆုံး အဖြေတစ်ခုကို ရှာဖို့ ကြိုးစားနေရုံပဲလေ။

လီချန်ချဲ့ကတော့ သူမနှင့် ဆက်ပြီးဆွေးနွေးရန် စိတ်ရှည်သည်းခံနိုင်စွမ်း လုံးဝမရှိတော့သည်မှာ ထင်ရှားသည်။

"အားချဲ့"

လီချန်ချဲ့က မျက်နှာထားတင်းတင်းဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်ပြီး၊ အဝတ်ချိတ်စင်မှ အပေါ်ဝတ်ရုံကို ယူဝတ်ကာ အခန်းပြင်သို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

သူမနှင့် နောက်ထပ် တစ်စက္ကန့်လောက် အတူနေရမည်ဆိုလျှင်ပင် သူ့ကို ရွံရှာမှုများ ပြည့်နှက်သွားစေမည့်အတိုင်းပင်။

ရွှယ်နင် သူ့နောက်သို့ အလောတကြီး လိုက်သွား၏။

"ကျွန်မတို့ ဘာလုပ်သင့်လဲဆိုတာ ရှင် မပြောရသေးဘူးလေ။"

လီချန်ချဲ့ ခြေလှမ်းရပ်သွားသည်။ သူ့မျက်နှာအမူအရာက အရင်ကထက် ပိုမို ရှုပ်ထွေးနာကျင်နေပြီး၊ သူ့နှလုံးသားက အပိုင်းပိုင်း ဆွဲဖြဲခံရသလို ခံစားနေရတယ်။

"မင်းဘာသာမင်း သေသေချာချာ စဉ်းစား၊ ပြီးမှ ကိုယ်နဲ့ လာဆွေးနွေး။"

ထိုသို့ပြောပြီးနောက် သူက ဝတ်ရုံလက်ကို ခါလိုက်ကာ ထွက်သွားတော့သည်။

အမျိုးသား၏ ကျောပြင်က တံခါးဝမှ မကြာမီ ပျောက်ကွယ်သွားသည်။

ရွှယ်နင်က နွေးထွေးသော ကျောက်စိမ်းကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေရင်း၊ သူမ၏ မျက်နှာလေးမှာ အနည်းငယ် ဖြူရော်နေလေသည်။

သခင်လေး ထွက်သွားပြီးမှသာ ပေါင်ချန်က တံခါးဘေးမှနေ၍ ခေါင်းပြူထွက်လာ၏။

"သခင်မလေး၊ မနက်စောစောစီးစီး သခင်လေးနဲ့ ဘာလို့ ရန်ဖြစ်နေကြတာလဲ။"

ရွှယ်နင်သည် ထွက်မသွားခင်က လီချန်ချဲ့၏ နားလည်ရခက်ပြီး မှောင်မိုက်နေသော အကြည့်များကို ပြန်လည်သတိရလိုက်သည်။

၎င်းက အရင်ဘဝတုန်းက စုကျန်း သူမကို မကြာခဏ ကြည့်တတ်တဲ့ အကြည့်မျိုးကို ပြန်အမှတ်ရစေတယ်။

သူမ၏ ခြေလက်များ အားနည်းသွားပြီး၊ ဦးရေပြားပင် ကျင်တက်သွားသည်။ အတန်ကြာမှသာ သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်ခဲ့ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

ရင်ထဲမှ ခါးသီးမှုများကို ဖယ်ရှားရန် ကြိုးစားရင်း၊ သူမက မတတ်သာသည့် အပြုံးလေးဖြင့် ပြောလိုက်သည်။

"မနေ့က မင်းသမီးယန်ရန် ပြောခဲ့တဲ့ ကိုယ်လုပ်တော်ဖြစ်ချင်တယ်ဆိုတဲ့ ကိစ္စကြောင့်ပါပဲ။ ငါက အဲဒါကို စကားစပ်မိလို့ ပြောလိုက်တာ၊ ဒါပေမဲ့ သူ ဒီလောက်အထိ ဒေါသထွက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။"

"သခင်လေး ဒေါသထွက်တာက ကောင်းတဲ့အချက်ပဲပေါ့"

ပေါင်ချန်က တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။

"ဒါက ရှီဇီက သခင်မလေးကို ဂရုစိုက်လို့ပေါ့။"

ရွှယ်နင်က ခေါင်းခါလိုက်သည်။

"သူ ဒေါသထွက်တာက ငါက သူ့ကို ပစ္စည်းတစ်ခုလို သဘောထားပြီး မင်းသမီးကို ကိုယ်လုပ်တော်အဖြစ် ထားဖို့ အကြံပြုခဲ့လို့ပဲ။"

သူမ ဘာကြောင့်မှန်း သေသေချာချာ မရှင်းပြတတ်ပေမယ့် သူမက သူ့ကို သဘောမကျတဲ့အတွက် တန်ဖိုးထားမှာမဟုတ်ဘူးလို့ သူပြောခဲ့တဲ့ စကားက ဘာကို ဆိုလိုတာပါလိမ့်။

ပေါင်ချန် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်ဖြစ်သွားသည်။

"ဒီအစေခံတော့ နားမလည်တော့ဘူး။ ရှီဇီက... မင်းသမီးကို ကိုယ်လုပ်တော်အဖြစ် လိုချင်တာလား၊ မလိုချင်တာလား။"

ယောက်ျားရင့်မာကြီးများအတွက် မယားငယ်များ၊ ကိုယ်လုပ်တော်များ ထားရှိခြင်းက ရိုးရှင်းသော အလေ့အထတစ်ခုပင်။ အသက်သုံးဆယ်ကျော်သာရှိသေးသည့် ရွှမ်းယီနယ်စားမင်းပင်လျှင် ကိုယ်လုပ်တော်နျဲ့ကို အိမ်တော်ထဲသို့ သိမ်းပိုက်သွင်းယူခဲ့သေးတာမဟုတ်ဘူးလား။

ပေါင်ချန်းအနေဖြင့် မိမိသခင်မက ရှီဇီအတွက် ကိုယ်လုပ်တော်တစ်ဦး စီစဉ်ပေးခြင်းအပေါ် ဘာမှမှားယွင်းသည်ဟု မမြင်မိပေ။

ဒါပေမဲ့ မင်းသမီးရဲ့ အဆင့်အတန်းက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတယ်—သူမကို သခင်မလေးရဲ့အောက်တွင် ထားရန် မဖြစ်နိုင်ချေ။

"ဒါမှမဟုတ်... ရှီဇီက မင်းသမီးကို တန်းတူဇနီးအဖြစ် ထားချင်လို့လား။"

ရွှယ်နင် ကြောင်အမ်းသွားပြီး၊ အဲ့လိုရွေးချယ်ခွင့်မျိုး ရှိသေးတာကို ထိုအချိန်မှသာ သတိရလိုက်တော့သည်။

"ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ။ တန်းတူဇနီးတစ်ယောက် ဖြစ်လာတာက ကိုယ်လုပ်တော်ဖြစ်တာထက်စာရင် အများကြီး ပိုကောင်းတာပေါ့။"

ပေါင်ချန်က ပြုံးပြီး ပြောလိုက်သည်။

"ဒါဆိုရင် နောက်ကျမှ ရှီဇီကို ဒါကို ထပ်ပြောပြလိုက်ပေါ့။ သခင်မလေးက အလိုက်သိတတ်မှန်း သူသိသွားရင် ဒေါသပြေသွားမှာပါ။ ပြီးရင် ကိုယ်တိုင်ဦးအောင် တောင်းပန်လိုက်ရင် ဒီကိစ္စက ပြီးသွားမှာပဲ။"

ရွှယ်နင် ခါးသီးစွာ ပြုံးလိုက်ပြီး မှန်တင်ခုံရှေ့တွင် ထိုင်လိုက်သည်။ မှန်ထဲမှ သူမ၏ နုပျိုသော ပုံရိပ်ကို စိုက်ကြည့်ရင်း ရုတ်တရက် မတတ်သာဘဲ ဝေခွဲမရဖြစ်ကာ ငေးမောနေမိ၏။

သူမလည်း ဘာလုပ်ရမှန်း မသိတော့ပေ။

သူမ ဘဝနှစ်ခုလုံးမှာ အမြဲတမ်း သတိထားပြီး နေထိုင်ခဲ့ရတယ်။

နောက်တစ်ကြိမ် ပြန်အသက်ရှင်ခွင့်ရချိန်မှာ အိမ်ထောင်ရေးအသစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ သူမ ထင်မှတ်ခဲ့တယ်။ ခင်ပွန်းဖြစ်သူနှင့် အရာရာကို တိုင်ပင်ဆွေးနွေးပြီး သဟဇာတဖြစ်ဖြစ် နေထိုင်ဖို့ပဲ။

ဒါပေမဲ့ သူမက အရင်ဘဝက လမ်းဟောင်းအတိုင်းပဲ ထပ်ခါတလဲလဲ လျှောက်လှမ်းနေရပုံပေါ်တယ်။

ဖြစ်နိုင်တာ သူမရဲ့မူလသဘာဝကပဲ လူချစ်လူခင်နည်းအောင် ဖန်တီးထားလို့ ဖြစ်လိမ့်မယ်။

ဒါကြောင့်ပဲ စုကျန်းဖြစ်စေ၊ လီချန်ချဲ့ဖြစ်စေ နှစ်ယောက်စလုံးက သူမကို ဒီလောက်အထိ ရွံရှာမနှစ်မြို့တဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့ကြတာ ဖြစ်မယ်။

သူမ၏ အတွေးများ တုံ့ဆိုင်းသွားပြီး လက်ဖဝါးထဲတွင် မဖော်ပြနိုင်သော နာကျင်မှုတစ်ခု တိုးဝင်လာသည်။

ပေါင်ချန်က ညင်သာစွာ ပြောသည်။

"သခင်မလေး၊ ဝမ်းနည်းမနေပါနဲ့။ ရှီဇီကလည်း ကိုယ်လုပ်တော်ယူမယ်လို့ အတိအကျ ပြောခဲ့တာမှ မဟုတ်တာ။"

ရွှယ်နင် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး မျက်ဝန်းများတွင်လည်း အပူလှိုင်းများ တက်လာသည်။

"ကိုယ်လုပ်တော်ယူတဲ့ ကိစ္စကြောင့် မဟုတ်ပါဘူး။ သူ ယူမယ်ဆိုရင်လည်း ငါက တားမှာ မဟုတ်ပါဘူး။"

ထိုအချိန်မှသာ ပေါင်ချန် သတိရလိုက်သည်—သူမရဲ့သခင်မလေးနှင့် သခင်လေးတို့က အကျိုးစီးပွားချင်း ဆက်နွယ်ပြီး လက်ထပ်ခဲ့ကြခြင်းဖြစ်ရာ၊ တကယ့် လင်မယားအစစ်အမှန်များ မဟုတ်ကြပေ။

သခင်လေးက ကိုယ်လုပ်တော်ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ သူမ၏ သခင်မလေးတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။

ရွှယ်နင် ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါတယ်။ ခဏနေရင် ကောင်းသွားမှာပါ။"

ပေါင်ချန် ခဏလောက် တိတ်ဆိတ်သွားပြီး စိုးရိမ်ပူပန်သော မျက်နှာထားဖြင့်-

"သခင်မလေး၊ သခင်လေးကို တောင်းပန်တဲ့အခါ ရိုးရိုးသားသားပဲ တောင်းပန်လိုက်ပါ။ ယောက်ျားတွေက အတူတူပါပဲ။ လီမိသားစုရဲ့ တတိယသခင်လေးမှာလည်း အစေခံမယားတွေ အများကြီးရှိတယ်လို့ ဖူရှန်းဆီက ကြားဖူးတယ်။ သခင်လေးက မင်းသမီးကို ကိုယ်လုပ်တော်အဖြစ် တိုက်ရိုက်ထားဖို့ ပြောတာက မသင့်တော်ဘူးလို့ ထင်လို့နေမှာပါ။ အဲဒီအစား သူ(မ)ကို တန်းတူဇနီးအဖြစ် ထားခွင့်ပြုပြီး အနည်းငယ် အလျော့ပေးလိုက်ရင် သူ ဒေါသထွက်တော့မှာ မဟုတ်ပါဘူး"

ရွှယ်နင်လည်း အဲ့လိုပဲ တွေးမိတယ်။ ဘယ်ယောက်ျားကမှ ကိုယ်ချစ်ရတဲ့ အမျိုးသမီးကို ကိုယ်လုပ်တော်အဖြစ် မထားချင်ကြဘူးလေ။

စောစောက သူမ သတိလွတ်ပြီး ပြောမိသွားသဖြင့် သူ့ကို မရည်ရွယ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။

သူမ ခဏလောက် ငေးမောနေပြီးနောက် တဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကောင်းပြီလေ၊ ခဏနေရင် ငါ သွားလိုက်ပါ့မယ်။"

နေ့လယ်စာစားပြီးနောက်၊ ရွှယ်နင်က သူမကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းချိုကို လီချန်ချဲ့၏ စာကြည့်ဆောင်သို့ ယူသွားပေးခဲ့သည်။

သို့သော် သူ နယ်စားမင်းအိမ်တော်တွင် မရှိတော့ပေ။

ဒီနေ့ ဖူရှန်းလည်း မရှိပေ။ ကျိုယင်းအဆောင်တွင် အစေခံများလည်း နည်းပါးနေပြီဖြစ်ရာ၊ လီချန်ချဲ့ ဘယ်သွားသလဲဆိုတာကို ဘယ်သူ့ကို မေးရမှန်းမသိ ခဏလောက် ဝေခွဲမရဖြစ်သွား၏။

သူမက အမျိုးသား၏ စာကြည့်ဆောင်အပြင်ဘက်တွင် နာရီဝက်ခန့် ငေးမိုင်ရပ်နေပြီးနောက် သက်ပြင်းချကာ ထွက်လာခဲ့သည်။

ပင်မအဆောင်သို့ ပြန်လာရာလမ်းတွင်၊ သူမက ဒုတိယအိမ်တော်ခွဲမှ လူများနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေသည်။

သူတို့က မနေ့ညကတည်းက ရောက်ရှိနေပြီး၊ မင်ရွေ့အဆောင်သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ကြောင်း သိလိုက်ရ၏။

သူတို့က ဖူရှန်းကို မေးကြည့်တဲ့အခါ သူမ မနက်ပိုင်း အိပ်ရာထနောက်ကျမှန်း သိသွားသဖြင့်၊ သူမနှင့် တွေ့ဆုံရန် နေ့လယ်စာစားပြီးချိန်အထိ တမင်တကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ရွှယ်နင် မတတ်သာဘဲ စိတ်ကို တင်းထားကာ ဒုတိယအိမ်တော်ခွဲမှ မိသားစုနှင့် စိတ်ရှည်လက်ရှည် တွေ့ဆုံစကားပြောရတော့သည်။

ဝူရှီက နူးညံ့သိမ်မွေ့သော သဘာဝရှိပြီး တိတ်ဆိတ်ကာ အေးအေးဆေးဆေး နေတတ်သူပင်။

လီချန်ဟိန်မှာ ခန့်ညားပြီး သေသပ်ကျနသူဖြစ်ကာ၊ သူကလည်း တိတ်ဆိတ်ပြီး စကားနည်း၏။ ရံဖန်ရံခါမှသာ ဝင်ရောက်ပြောဆိုလေ့ရှိပြီး၊ ရှီဇီအစ်ကိုကဲ့သို့ ပညာရှိတစ်ဦးဖြစ်လာရန် မျှော်လင့်ထားပြီး လာမည့်နှစ်တွင် တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကြိုးစားလေ့လာမည်ဖြစ်ကြောင်း ပြောပြသည်။

လီချန်လဲ့ကတော့ သူတို့အထဲတွင် အသွက်လက်ဆုံးနှင့် တက်ကြွမှုအရှိဆုံးပင်။

သူမ ဝင်လာသည်နှင့်တပြိုင်နက် ရွှယ်နင်က သူမ၏ အကြည့်များမှာ အထူးစူးရှပြင်းထန်နေကြောင်း ခံစားလိုက်ရသည်။

သူမက ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး၊ ချစ်စရာကောင်းကာ သဘာဝကျသည်။ ရွှယ်နင်ကို ယောင်းမ ဟု အကြိမ်ကြိမ် ခေါ်ဝေါ်နေမှုက အတော်လေး ချစ်စရာကောင်း၏။

ရွှယ်နင်က သူမ၏ တောက်ပသော အပြုံးလေးကို သဘောကျသဖြင့်၊ အရင်က ရှန်းနိုင်ဂယ်တွင် ဝယ်ထားခဲ့သော လက်ကောက်ကို ပေးရန် ပေါင်ချန်ကို ခိုင်းလိုက်သည်။

လီချန်လဲ့က မျှော်လင့်မထားသော လက်ဆောင်ကြောင့် ဝမ်းသာလုံးဆို့သွားပြီး၊ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"ဒါက ယောင်းမ ကျွန်မကို ပေးတဲ့ ပထမဆုံး လက်ဆောင်ပဲ... ကျွန်မ အိမ်ပြန်ရောက်ရင် အမွှေးတိုင်ထွန်းပြီးတော့တောင် ပူဇော်ထားရမယ်။"

ဝူရှီက မတတ်သာသည့်အပြုံးဖြင့်-

"မရူးစမ်းပါနဲ့၊ နင့်ရဲ့ ယောင်းမပေးတာ ဘာပဲဖြစ်ဖြစ် လက်ခံလိုက်ပါ။ ဘာလို့ ဒီလောက် ကလေးဆန်နေရတာလဲ။”

All Chapters