← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) - သူမကို ဘာလုပ်ရမလဲ

ရွှယ်နင်ကတော့ လေဆင်နှာမောင်းလို ပြင်းထန်လွန်းသော အမျိုးသား၏ အကြည့်များကို လုံးဝ သတိမထားမိပေ။ လွတ်လပ်ပေါ့ပါးစွာ အိပ်စက်နေသော သူမ၏ ကိုယ်ဟန်အနေအထားကြောင့် ဝတ်ရုံရှေ့ပိုင်းက အနည်းငယ် လျော့ရဲနေသည်။

လီချန်ချဲ့သည် မျက်လုံးများကို ခဏမှိတ်လိုက်ပြီး သူ၏နှလုံးသားမှာ ထုံကျင်စွာ နာကျင်သွားသည်။

သူ့လက်ချောင်းထိပ်များက သူမ၏ဝတ်ရုံကြိုးကို ညင်သာစွာ ဆွဲလိုက်၏။

ကြာပန်းရောင် ပိုးသားအတွင်းခံလေးက မိန်းမငယ်လေး၏ နူးညံ့ပြည့်ဖြိုးသော ကောက်ကြောင်းများကို ရစ်ပတ်ထားသည်။

သူ့လက်ချောင်းများက သူမ၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်လေးပေါ်တွင် ဖွဖွလေး တင်ထားလိုက်သည်။

သို့သော် ရွှယ်နင်က အပြစ်ကင်းသော ကလေးလေးတစ်ယောက်လို သူမ၏ နှုတ်ခမ်းရဲရဲလေးများကို စုပ်သပ်လိုက်ပြီး ရုတ်တရက် လက်သေးသေးလေးတစ်ဖက် ဆန့်ထုတ်ကာ သူ့လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။

"ပေါင်ချန်... မနက်ဖြန် ငါ ကွေ့ဟွားမုန့် စားချင်တယ်..."

သူ့စိတ်ထဲမှာ ပြင်းထန်စွာ ဖြစ်ပေါ်လာတဲ့ သူမကို အတင်းအဓမ္မ သိမ်းပိုက်ချင်သည့် စိတ်ဆန္ဒများကို ဖိနှိပ်ရင်း လီချန်ချဲ့က အချိန်အတော်ကြာမှ သူ့လက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။

နောက်ဆုံးတော့လည်း သူ မလုပ်ရက်ခဲ့ပါဘူး။ ရွှယ်နင် သူ့ကို တစ်သက်လုံး မုန်းတီးသွားမှာကို သူ အဖြစ်မခံနိုင်ဘူး။

သူ့ကိုယ်သူ သရော်သည့် အပြုံးတစ်ပွင့် ပြုံးလိုက်ပြီး သူ့လက်ကြီးကို တင်းတင်းဆုပ်ထားလိုက်သည်။

ဖော်ပြ၍မရသော အကူအညီမဲ့မှုများ ပြည့်နှက်နေဆဲဖြစ်သည့် အမျိုးသမီးငယ်၏ ဖြူဖွေးပြီး ပန်းရောင်သန်းနေသော ပါးပြင်လေးများဆီတွင် သူ့အကြည့်များက ရပ်တန့်နေသည်။

"ရွှယ်နင်... ကိုယ် မင်းကို ဘာဆက်လုပ်ရမလဲ..."

................................

ဝူရှီကို လူတိုင်းက "သဘောကောင်းသူ" ဟု မြင်ကြသည်။ အိမ်တွင် ဘာမျှ သိပ်လုပ်စရာမရှိဘဲ အားလပ်နေသဖြင့် သူမက နယ်စားမင်းအိမ်တော်၏ နေရာအနှံ့သို့ လျှောက်သွားရတာကို နှစ်သက်သည်။

နေ့စဉ်နေ့တိုင်း သူမက ဝူကျင်းယီကို ခေါ်ကာ ရွှယ်နင်၏ ကျိုယင်းဆောင်ဆီသို့ ခဏတဖြုတ် အလည်အပတ်လာရန် ကြိုးကြိုးစားစား လာတတ်သည်။

ကျန်းကော်နယ်စားမင်းအိမ်တော်တွင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဂါရဝပြုရမည်ဆိုသော စည်းကမ်းမရှိပေ။ ထို့ပြင် ရွှယ်နင်ကလည်း သူမထံသို့ မျက်နှာလာလုပ်ရန် မလိုကြောင်း ဝူရှီအား အကြိမ်ကြိမ် အရိပ်အမြွက် ပြောခဲ့ဖူးသည်။

သို့သော် ဝူရှီက နားမလည်ဟန်ဆောင်ကာ အခွင့်အရေးရတိုင်း လာနေဆဲပင်။

"သခင်မလေး၊ ဒီပန်းထိုးပုံစံလေးကို တစ်ချက်လောက် ကြည့်ပေးပါလား။ သခင်မလေးအတွက် အမွှေးအိတ်လေး တစ်လုံးလောက် ချုပ်ပေးရမလား။ အားယီရဲ့ အပ်ချုပ်ပညာက အရမ်းကောင်းတာ၊ အထူးသဖြင့် သူ(မ)ရဲ့ ကျွမ်းကျင်တဲ့ နှစ်ဖက်လှပန်းထိုးပညာဆိုရင် ကျွန်မရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းမှာ အတော်လေး နာမည်ကြီးတာပါ"

ဝူကျင်းယီက နှိမ့်ချစွာ ပြုံးလိုက်သည်။

"အဒေါ်ရယ်၊ အဲဒီလို မပြောပါနဲ့။ သခင်မလေးနဲ့ ယှဉ်ရင် ကျွန်မ သင်ယူစရာတွေ အများကြီး လိုပါသေးတယ်"

ရွှယ်နင် ခဏမျှ အတွေးလွန်သွားသည်။ သူမ၏ ပန်းထိုးခြင်းတောင်းထဲတွင် အားချဲ့အတွက် ရည်ရွယ်ထားသော ပြီးခါနီး အမွှေးအိတ်လေးတစ်ခု ရှိနေ၏။

သို့သော် သူ ပြန်မလာသည်မှာ ရက်အတော်ကြာပြီဖြစ်၍ သူမတွင် ထိုအရာကို ပေးရန် အခွင့်အရေး မရသေးပေ။

"သခင်မလေး?"

ရွှယ်နင် အာရုံလွင့်နေတာကို သတိပြုမိသွားသော ဝူရှီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ရွှယ်နင် သတိပြန်ဝင်လာပြီး ဝူရှီ၏ လက်ထဲရှိ ပန်းထိုးပုံစံကို လှမ်းကြည့်ကာ တစ်ခုကို ရွေးထုတ်လိုက်သည်။

"ဒါဆိုလည်း ဒီသလဲပန်းပုံစံလေးပဲ ယူလိုက်ပါမယ်။ သလဲပန်းဆိုတာ သားသမီးရတနာ ပေါများတာနဲ့ ကောင်းချီးမင်္ဂလာတွေကို ကိုယ်စားပြုတယ်လေ... အတိတ်နိမိတ် ကောင်းပါတယ်"

ရွှယ်နင်၏ သိမ်မွေ့သော အရိပ်အမြွက်ကို သတိမထားမိဟန်ဆောင်ကာ ဝူရှီက တက်ကြွစွာ ပြုံးလျက် ပြန်ဖြေသည်။

"သလဲပန်းက တက်ကြွပေမယ့် အရမ်းကြီးတော့ မပေါ်လွင်ဘူးလေ... သခင်မလေးနဲ့ဆို ကွက်တိပဲ။ ကျွန်မ အားယီကို ထိုးခိုင်းပြီးရင် သခင်မလေးဆီ ပို့ခိုင်းလိုက်ပါ့မယ်"

ရွှယ်နင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကျွန်မမှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ပါ။ လိုက်မပို့နိုင်တာကို ခွင့်လွှတ်ပေးပါဦး အဒေါ်"

ဝူရှီက ယဉ်ကျေးစွာ ပြန်ပြုံးပြသည်။

"သခင်မလေး လိုက်ပို့စရာ မလိုပါဘူး။ မိသားစုတွေပဲမို့ သဘာဝကျကျ နေတာ အကောင်းဆုံးပါ။ အားယီနဲ့ ကျွန်မ အခု ပြန်လိုက်ပါဦးမယ်၊ မနက်ဖြန်မှ ထပ်လာခဲ့မယ်လေ"

ရွှယ်နင်က အမြန်ပြန်ဖြေလိုက်သည်။

"မနက်ဖြန် ကျွန်မ မအားဘူး... အိမ်တော်အပြင်ဘက် ရောက်နေလောက်တယ်"

ဝူရှီက မေးသည်။

"ဒါဆို သန်ဘက်ခါရော"

ရွှယ်နင် ခပ်ဖွဖွ ပြုံးလိုက်၏။

"သန်ဘက်ခါကျရင်တော့ ယောက္ခမကြီးကို အဖော်ပြုပေးရဦးမှာ။ အဒေါ်... မင်ဟွားဆောင်ကိုပဲ တိုက်ရိုက် သွားလိုက်ပါလား"

ရွှယ်နင်၏ စကားထဲမှ စိတ်အနှောင့်အယှက်ဖြစ်နေသည့် အရိပ်အယောင်ကို ဝူရှီက သတိမထားမိဟန်ဆောင်ကာ မျက်နှာချိုသွေးသည့် အပြုံးဖြင့်ပင် ပြောလိုက်သည်။

"ဒါဆိုလည်း နောက်ရက်အနည်းငယ်နေမှ ကျွန်မ ထပ်လာခဲ့ပါ့မယ်"

ရွှယ်နင်က "အင်း" ဟုသာ တိုးတိုးလေး တုံ့ပြန်လိုက်သည်။

သူတို့နှစ်ယောက် အခန်းထဲမှ ထွက်သွားမှသာ သူမ၏ နှုတ်ခမ်းထက်မှ အပြုံးတို့ ပျောက်ကွယ်သွားတော့သည်။

ပေါင်ချန်က ဒေါသတကြီးဖြင့် ပြောသည်။

"ဒီဝမ်းကွဲအစ်မက တုန်းကျင်းကို အိမ်ထောင်ပြုဖို့ တကယ်လာတာရော ဟုတ်ရဲ့လား။ ကျွန်မအထင်တော့ သူ(မ)က ရှီဇီကို ပစ်မှတ်ထားနေတာပဲ။ ကျိုယင်းဆောင်ကို ရက်အနည်းငယ်ခြားတစ်ခါ လာနေတာ ရှီဇီကို တွေ့ချင်လို့ မဟုတ်ဘူးလား။ တော်သေးတာပေါ့... ရှီဇီ ဒီရက်ပိုင်း အိမ်မှာမရှိလို့"

ဒီနေရာအရောက်တွင် ပေါင်ချန်က ချက်ချင်း စကားရပ်လိုက်ပြီး သူမ၏သခင်မကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ရွှယ်နင်က တိုးတိုးလေး ရယ်မောလိုက်ပြီး ပန်းထိုးတောင်းကို ကောက်ကိုင်လိုက်သည်။ အမွှေးအိတ်က နောက်ဆုံးလက်စသတ်ရန် အပ်ချက်အနည်းငယ် လိုနေသေး၏။ ပေးမည်ဟု ဆုံးဖြတ်ထားပြီးပြီဖြစ်၍ သေချာလေး အပြီးသတ်ရပေမည်။

"သခင်မတုန်းထက် မျက်နှာပိုထူတဲ့လူ ရှိမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"

သခင်မတုန်း၏ နာမည်ကို ကြားသောအခါ ပေါင်ချန်လည်း မနေနိုင်ဘဲ ရယ်မိသွားသည်။ တကယ်လည်း ရွှမ်းယီနယ်စားမင်းအိမ်တော်၏ တတိယအိမ်ခွဲမှ သခင်မတုန်းမှာ အရှက်မရှိသော မိန်းမတစ်ဦးပင်။ ယခင်က သူမတစ်ခုခုလိုချင်တိုင်း သခင်မကျန်း၏ ချိုးရွှေခြံဝင်းဆီသို့ အပြေးအလွှား လာတတ်သည်။

အကျိုးအမြတ်ရသွားပြီဆိုသည်နှင့် ဒုတိယအိမ်ခွဲမှ လျိုရှီနှင့်ပေါင်းကာ သခင်မကျန်း၏ ကွယ်ရာတွင် အတင်းပြောတတ်သေးသည်။ အချုပ်အားဖြင့် သူမက မျက်နှာနှစ်ဖက်ရှိသူဖြစ်ပြီး ယခု ဝူရှီကလည်း သခင်မတုန်း၏ အရိပ်အယောင်များ ပါနေပုံရသည်။

ဒုတိယအိမ်တော်ခွဲမှ သခင်မဝူကို လူကောင်းတစ်ယောက်ဟု ရှလန်က အမြဲပြောလေ့ရှိသော်လည်း ပေါင်ချန်ကတော့ ထိုသို့ မမြင်ပေ။

ပြီးတော့ ထိုဝမ်းကွဲအစ်မ။ သူမက နူးညံ့ပုံပေါက်သော်လည်း သူမ၏မျက်လုံးများတွင် အဓိပ္ပါယ်ပါတဲ့ အကြည့်များ အမြဲရှိနေသည်။သခင်မလေးကို ကြည့်တဲ့အခါ တစ်ခါတစ်ရံတွင် မထီမဲ့မြင်ပြုမှု၊ လှောင်ပြောင်မှု အရိပ်အယောင်များကို ထုတ်ပြတတ်သေး၏။

နောင်မှာ သူတို့ ဒုတိယအိမ်တော်ခွဲကို ပိုပြီး သတိထားရတော့မယ် ထင်တယ်။

ထိုသို့ တွေးနေစဉ် ပေါင်ချန်က ရွှယ်နင် အမွှေးအိတ်ထိုးရန် စိတ်ပါနေတာကို သတိပြုမိသွားသည်။

"ဒါက ရှီဇီအတွက်လား သခင်မလေး"

ရွှယ်နင် ခေါင်းညိတ်လိုက်သည်။

"ငါ အစ်ကိုလုအတွက်လည်း တစ်ခု ထိုးထားတယ်"

ပေါင်ချန်က အနားသို့ တိုးကပ်လာသည်။

"ရှီဇီရဲ့ အမွှေးအိတ်ပေါ်မှာ ကြောင်ဝဝလေးတစ်ကောင် ပါတယ်ပေါ့။ ဟင်... ဒါက အရင်တုန်းက ကျွန်မတို့ မွေးခဲ့တဲ့ လိမ္မော်ရောင်ကြောင်ဝဝလေး မဟုတ်ဘူးလား"

ရွှယ်နင်၏ နှုတ်ခမ်းထက်တွင် အပြုံးယောင်လေး သန်းသွားသည်။

"ဟုတ်တယ်"

ပေါင်ချန်လည်း ထိုစဉ်က အသတ်ခံခဲ့ရတဲ့ သနားစရာသတ္တဝါလေးကို ပြန်သတိရသွားပြီး သက်ပြင်းချလိုက်သည်။

"ကျွန်မတို့ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်ရတော့မယ် သခင်မလေး။ ရှီဇီကို ဘယ်တော့ တောင်းပန်မှာလဲ"

ရွှယ်နင် တုံ့ဆိုင်းသွားတယ်။ သူမ သွားတောင်းပန်ရန် တွေးထားပေမယ့် ဘယ်လို စကားစရမလဲဆိုတာကို မသိသေးဘူး။

ထို့ကြောင့် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ မပြန်မီ ညအထိ သူမ အချိန်ဆွဲနေခဲ့သည်။

စားပွဲအပြည့် ညစာများကို ခင်းကျင်းထားသော်လည်း ရွှယ်နင်က နည်းနည်းလေးမျှပင် မစားမိပေ။

ပေါင်ချန်က ဘေးမှနေ၍ စိုးရိမ်တကြီး ကြည့်နေသည်။

"သခင်မလေး... အနည်းဆုံးတော့ နောက်ထပ် နည်းနည်းလောက် စားလိုက်ပါဦး"

ရွှယ်နင်က လက်ယမ်းပြလိုက်သည်။

"တော်ပြီ။ ပေါင်ချန်... ချွန်းချီကိုခေါ်ပြီး သွားရှင်းလိုက်တော့။ ငါ စာရင်းတွေ သွားကြည့်လိုက်ဦးမယ်"

ချွန်းချီနှင့် ပေါင်ချန်တို့က အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်ကာ အကူအညီမဲ့စွာ ပြုံးလိုက်ကြသည်။ သူတို့မှာ ရွေးချယ်စရာမရှိသဖြင့် အစေခံအနည်းငယ်ကိုခေါ်ကာ စားပွဲပေါ်မှ မထိရသေးသော ဟင်းပွဲများကို ရှင်းလင်းလိုက်ရတော့သည်။

ဆူညံနေခဲ့သော အခန်းလေးသည် လျင်မြန်စွာပင် တိတ်ဆိတ်သွား၏။

ရွှယ်နင်သည် စာရေးစားပွဲဘေးတွင် တစ်ယောက်တည်းထိုင်ကာ စာရင်းစာအုပ်များကို တိတ်တဆိတ်။လှန်လှောကြည့်နေသည်။

ဆိုင်များကို စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သူမတွင် စိတ်ကူးများစွာရှိပြီး ထိုအမျိုးသမီးဆိုင်ရှင်နှင့်ပတ်သက်သော အချက်အလက်များကို စုံစမ်းပေးရန် လုစစ်လင်အား တိတ်တဆိတ် အကူအညီတောင်းထားသည်။

လဆယ့်ငါးရက်နေ့ နီးကပ်လာသည်နှင့်အမျှ လုစစ်လင်နှင့် ဝေ့ကျန့်ယန်တို့၏ မင်္ဂလာပွဲအတွက် သူမ ရက်အနည်းငယ်ကြာ စိတ်ပူပေးရဦးမယ်။

အရင်ဘဝက ဒီအချိန်မှာ ဖြစ်ပျက်ခဲ့သမျှကို သူမ ပြန်စဉ်းစားနေမိသည်။ မေ့သွားမှာကို စိုးရိမ်သဖြင့် စက္ကူပေါ်တွင် အရေးကြီးတဲ့ စကားလုံးအချို့ကို မှတ်သားထားလိုက်သည်။

အတိုချုပ်ဆိုရလျှင် သူမအား အလုပ်ရှုပ်စေမည့် ကိစ္စရပ်များစွာ ရှိနေသဖြင့် ဝမ်းနည်းပူဆွေးနေရန်ပင် အချိန်မရှိချေ။

ပေါင်ချန်သည် မီးဖိုချောင်ငယ်ထဲတွင် လူတစ်ယောက်ကို စွပ်ပြုတ်လုပ်ခိုင်းထားပြီး သမားတော်ကြီးလိုင် နေ့စဉ်သောက်ရန် ညွှန်ကြားထားသော အားဆေးကို ယူလာခဲ့သည်။

"သခင်မလေး၊ ဆေးသောက်ရမယ့် အချိန်ရောက်ပါပြီ"

ရွှယ်နင်က အခိုးအငွေ့များ ထွက်နေသော ဆေးပန်းကန်ကို လှမ်းကြည့်လိုက်သည်။

"အေးသွားမှပဲ သောက်လိုက်မယ်"

သိချင်စိတ်ဖြင့် ပေါင်ချန်က စက္ကူပေါ်ရှိ စာလုံးများကို ငုံ့ကြည့်လိုက်သည်။

"သခင်မလေး ဘာတွေရေးနေတာလဲ"

ရွှယ်နင် ပြုံးလိုက်၏။

"လက်ရေးကျင့်နေတာပါ၊ အရေးကြီးတာ မဟုတ်ပါဘူး။ ဒါနဲ့... မနက်ဖြန် ငါတို့ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်ရတော့မယ်။ အားလုံး ပြင်ဆင်ပြီးပြီလား"

ပေါင်ချန်က ပြန်ဖြေသည်။

"အိမ်တော်ခွဲတစ်ခုချင်းစီအတွက် လက်ဆောင်တွေအပြင် သခင်မကျန်းအတွက် ပိုးသားနဲ့ ဖဲသားကောင်းကောင်း တစ်သေတ္တာကို အပိုထည့်ထားပါတယ်"

ရွှယ်နင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အမေ့ကို မတွေ့ရတာ အတော်ကြာပြီပဲ။ သူ(မ) ကျန်းမာရေး ဘယ်လိုနေလဲ မသိဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က သမားတော်ကြီးလိုင် ပေးထားတဲ့ အားဆေးထုပ် နည်းနည်းလောက်ပါ ယူသွားလိုက်"

ဤညွှန်ကြားချက်ကို ကြားပြီးနောက် ပေါင်ချန်လည်း ပြင်ဆင်မှုများအပေါ် အာရုံစိုက်လိုက်သည်။

ရွှယ်နင်သည် ဆေးပန်းကန်ကို ခဏမျှ စိုက်ကြည့်နေမိ၏။ သမားတော်ကြီးလိုင်က သူမ၏ခန္ဓာကိုယ်မှာ အားနည်းပြီး အအေးဓာတ်များလွန်းသဖြင့် ကလေးရရန် ခက်ခဲနိုင်ကြောင်း ပြောခဲ့သည်။

ဤဆေးက သူမ၏ခန္ဓာကိုယ်ကို နွေးထွေးစေရန်နှင့် အာဟာရဖြစ်စေရန်ဖြစ်ပြီး နောင်တွင် ကလေးရဖို့အတွက် ပိုမိုလွယ်ကူစေရန် ရည်ရွယ်သည်။

တကယ်တော့ ဒီဆေးကို သောက်နေတာ အချည်းနှီးပင်။ ရေထဲပြုတ်ကျဖူးခြင်း၊ ချောက်ကမ်းပါးပေါ်မှ ခုန်ချဖူးခြင်းတို့ကြောင့် သူမရဲ့ခန္ဓာကိုယ်က အစောကြီးကတည်းက ပျက်စီးနေပြီဖြစ်ကြောင်း သူမကိုယ်သူမ ကောင်းကောင်းသိတယ်။

ယခုဘဝမှာ သူမအတွက် ကလေးရရန် မျှော်လင့်ချက် မရှိတော့ပေ။ သူမရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန်နှင့် အရင်ဘဝကလို အိပ်ရာထဲ လဲမနေရစေရန်ပဲ ဆုတောင်းမိတယ်။

ခဏမျှ စဉ်းစားပြီးနောက် သူမ ဆေးပန်းကန်ကို ကောက်ကိုင်ကာ နှုတ်ခမ်းတေ့ပြီး အနည်းငယ် သောက်လိုက်သည်။ ဆေး၏ခါးသက်မှုက သူမ၏ နှလုံးသားဆီသို့ တိုက်ရိုက် ထုံကျင်သွားစေ၏။

သို့တိုင်အောင် သူမက နှာခေါင်းကိုပိတ်ကာ ဆေးအားလုံးကို ကုန်စင်အောင် သောက်ချလိုက်သည်။

All Chapters