← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) - ဧည့်သည်များကို နှုတ်ဆက်ပို့ဆောင်ခြင်း

ရာသီဥတုက တစ်နေ့တခြား ပိုမိုနွေးထွေးလာသဖြင့် မိန်းမငယ်လေးများသည် ဂွမ်းထည့်ထားသော စကတ်များကို ချွတ်ထားခဲ့သည်မှာ ကြာပြီဖြစ်ကာ အဝတ်အစားများကိုလည်း ပို၍ ပါးပါးလျလျသာ ဝတ်ဆင်လာကြသည်။

သခင်မဝမ် ရှေ့တွင် ဝူကျင်းယီက အမြဲတမ်း သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်လေ့ရှိ၏။

သို့သော် ကျိုယင်းဆောင်သို့ ရောက်သည်နှင့် သူမက ဖြူစင်ရိုးသားဟန်ဖြင့် ဆွဲဆောင်မှုရှိသော ဟန်ပန်မျိုးသို့ ပြောင်းလဲသွားတတ်သည်။

ဒီလောက် မိုးချုပ်နေပြီကိုပင် သူမရဲ့ အသွင်အပြင်အတွက် ဒီလိုမျိုး ဂရုစိုက်ပြင်ဆင်ထားသေးတယ်။ ရွှယ်နင်က ဘယ်လောက်ပဲ ထုံအသူဖြစ်ပါစေ သူမရဲ့ ရည်ရွယ်ချက်ကို မြင်နိုင်တယ်။

ကံမကောင်းစွာဖြင့် အိမ်တော်၏ သခင်မတစ်ယောက်အနေဖြင့် သူမက အားချဲ့အတွက် ဆုံးဖြတ်ချက်များ မချပေးနိုင်ပေ။

အားချဲ့ ကိုယ်လုပ်တော် ယူမယ်၊ မယူဘူးဆိုတာ မင်းသမီးယန်ရန် အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။

လီချန်ချဲ့ မရှိဝာာကို မြင်သောအခါ ဝူရှီက ပြုံးလျက် ပြောသည်။

"ကျွန်မတို့ ညစာစားပြီး အစ်မဝမ် ဆီမှာ ခဏသွားထိုင်ဖြစ်တယ်။ အပြင်ထွက်လာတော့မှ သခင်မလေး ဒီနေ့ မိဘအိမ်က ပြန်ရောက်လာတယ်ဆိုတာ သတိရလို့ စကားလာပြောတာပါ"

ဝူရှီသည် ရွှယ်နင်နှင့် ရင်းနှီးရန် အလွန်စိတ်အားထက်သန်နေ၏။

သို့သော် ရွှယ်နင်က သူမအပေါ် ယဉ်ကျေးသော်လည်း ခပ်တန်းတန်းသာ ဆက်ဆံသည်။ သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်အပေါ် မကျေနပ်ချက်များ ရှိနေလျှင်တောင် ဝူရှီရှေ့တွင် ထုတ်ပြောမည်မဟုတ်ပေ။

"တကယ်တော့ ပြောစရာ သိပ်မရှိပါဘူး။ ညစာ တစ်ဝက်လောက် စားနေတုန်း အားချဲ့ ရောက်လာတယ်။ အိမ်တော်မှာ ကျွန်မတို့အတွက် လုပ်စရာ ဘာမှမရှိတော့တာနဲ့ အတူတူ ပြန်လာခဲ့ကြတာပါ။"

လီချန်လဲ့က ဝူရှီ၏ သမီးအရင်းပင်။

ဒီနေ့ သူမ အခန်းပြန်ရောက်လျှင် ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ၏ မိခင်အား သေချာပေါက် ပြောပြမှာပဲ။

ရွှယ်နင် လိမ်ပြောနေမှန်း ဝူရှီ သိသော်လည်း သူမ၏ မျက်နှာထက်တွင် အပြစ်ဆိုဖွယ်မရှိသော အပြုံးတစ်ခုကို ဆင်မြန်းထားဆဲပင်။

"ရှီဇီက သခင်မလေးကို တကယ်ပဲ အချစ်ဆုံးပါပဲ။ အရင်တုန်းက ရှီဇီရဲ့ အကြောင်းတွေကို တွေးမိရင် ကျွန်မ ရင်နာရတယ်။ အစ်မဝမ်က နယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်ရောက်လာကတည်းက နယ်စားမင်း နဲ့ ဆက်ဆံရေး တင်းမာနေခဲ့ပြီး ရှီဇီကိုလည်း ဘယ်တော့မှ သိပ်ဂရုမစိုက်ခဲ့ဘူး။ ကျွန်မသာ နှစ်တွေတစ်လျှောက်လုံး တိတ်တဆိတ် မကူညီခဲ့ရင် ရှီဇီ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာနိုင်ပါ့မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။"

ဒီအမျိုးသမီးက ဟန်ဆောင်ကောင်းပြီး သူမ၏ ကျေးဇူးပါဆိုကာ သွယ်ဝိုက်ပြီး ဂုဏ်ယူဝင့်ကြွားရာတွင် ကျွမ်းကျင်သည်။

အားချဲ့ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်ခြင်းက သူမလို မိန်းမတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကြောင့်တော့ လုံးဝမဟုတ်ပေ။

ဒါတွေအားလုံးက သူ့ကို မိခင်ရော ဖခင်ပါ နေရာနှစ်ခုလုံးယူပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ယောက္ခထီးဖြစ်သူ နယ်စားမင်းရဲ့ ကျေးဇူးကြောင့်ပဲ။

ရွှယ်နင်က သူမ၏ စကားများကို ဟိုဘက်နားကဝင် ဒီဘက်နားက ထွက်သွားစေလိုက်ပြီး တစ်ခါတစ်ရံ ပြုံးပြကာ ထောက်ခံစကား အနည်းငယ်သာ ဆိုလိုက်သည်။

ဝူရှီသည် ရွှယ်နင်၏ စိတ်မရှည်မှုကို ရိပ်မိကာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ဒီနေ့ ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ သခင်မလေး ဒေါသထွက်ခဲ့တယ်လို့ ကြားတယ်။ တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲဟင်။"

ရွှယ်နင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ရှီဇီစုဆီက ဗာဒံစေ့မုန့်က ကျွန်မကို ဒေါသထွက်စေခဲ့တာပါ။ ကျွန်မက တစ်ခါတလေကျရင် အနိုင်ကျင့်ခံရတာကို မကြိုက်တဲ့သူဆိုတော့ ဒေါသထွက်သွားတာပါ။"

"သခင်မလေးပြောတာ မှန်ပါတယ်။ လူဆိုတာ ဒေါသတော့ ရှိရမှာပေါ့။ အစ်မဝမ် ကိုပဲ ကြည့်လေ... သူ(မ) သာမန်ကာလျှံကာ ဒေါသထွက်ရင်တောင် ဘယ်သူမှ သူ(မ)ကို အထင်မသေးရဲဘူး။ နယ်စားမင်းတောင် သူ(မ)ကို ဘာမှမလုပ်ရဲဘူးလေ။ ကျွန်မတို့ အိမ်တော်မှာတော့ သူ(မ)က တောင်ပေါ်ဓားပြခေါင်းဆောင်လိုပဲ... ဘယ်သူမှ သူ(မ)ကို မစရဲကြဘူး။ အစ်မဝမ် လိုမျိုး ပြတ်သားရက်စက်ရမယ်။"

ဝူရှီ၏ လေသံက နူးညံ့သိမ်မွေ့ပြီး တစ်ချက်ကြည့်လျှင် နောက်ပြောင်နေသည်နှင့် တူ၏။ သို့သော် သေချာစဉ်းစားကြည့်လျှင် သူမ၏ စကားများအားလုံးက သခင်မဝမ်အတွက် ရန်သူများ ဖန်တီးပေးရန် ရည်ရွယ်နေခြင်းဖြစ်သည်။

သခင်မဝမ်က စိတ်အပြောင်းအလဲမြန်ကြောင်း နယ်စားမင်းအိမ်တော်ရှိ လူတိုင်းက သိကြသည်။ သူမ စိတ်မပျော်ရွှင်သည့်အခါတိုင်း နယ်စားမင်းက ပြဿနာအကြီးအကျယ် ရှာလေ့ရှိသည်။

အစေခံများက သခင်မဝမ်ကို ကြောက်ရွံ့၍ အနားမကပ်ရဲကြသလို အပြင်ဘက်ရှိ မှူးမတ်ကတော်များကလည်း သူမကို တိတ်တဆိတ် အထင်သေးကြလေသည်။

ရွှယ်နင်သာ အမှန်တကယ် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ မိန်းမငယ်လေးဖြစ်ခဲ့လျှင် ဝူရှီ၏ စကားများနောက် ပါသွားပြီး သခင်မဝမ်ကိုပါ မုန်းတီးမိသွားနိုင်တယ်။

ချွေးမနှင့် ယောက္ခမတို့ သင့်မြတ်မှုမရှိပါက အိမ်တော်၏ အနောက်ဆောင်သည် ဘယ်သောအခါမှ အေးချမ်းမည်မဟုတ်ဘဲ ဝူရှီအတွက် ပြဿနာရှာရန် အခွင့်ကောင်းကြီး ရသွားပေလိမ့်မည်။

ဝူရှီအပေါ်ထားရှိသော ရွှယ်နင်၏ အကြည့်များက ပို၍ အေးစက်သွားသည်။

"ဒုတိယအဒေါ်... အဒေါ်ပြောတာ သိပ်တော့ မမှန်သေးဘူး။ အမေက လှလွန်းလို့ သူ(မ)မှာ ဒေါသရှိနေတာပါ။ သူ(မ)ကို တောင်ပေါ်ဓားပြခေါင်းဆောင်နဲ့ မနှိုင်းယှဉ်သင့်ဘူး... မိဖုရားတစ်ပါးလို့ တင်စားသင့်တာ။ အာ... ဒါက နည်းနည်း ရိုင်းသွားနိုင်ပေမယ့် နင်နင် ဘာကိုဆိုလိုတယ်ဆိုတာ အဒေါ် နားလည်မယ်လို့ ယုံကြည်ပါတယ်။"

ရွှယ်နင်၏ ထက်မြက်သော စကားများရှေ့တွင် ဝူရှီက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး အနေခက်စွာ ပြုံးလိုက်ရသည်။

ထိုအခါမှသာ ဝူကျင်းယီက မျက်လွှာကိုပင့်ကာ ရွှယ်နင်အား အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်၏။

ဒီသခင်မလေးကို လှည့်စားဖို့ လွယ်ကူလိမ့်မည်ဟု အစက သူမ ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ လွယ်လွယ်နှင့် အနိုင်ယူ၍ရမည့်သူ မဟုတ်ပုံပေါ်သည်။

ရွှယ်နင်က သူမ၏ စဉ်းစားခန်းဝင်နေသော အကြည့်များကို ရင်ဆိုင်လိုက်ပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားသည်။

"မိုးချုပ်နေပြီနော်။ ဒုတိယအဒေါ်နဲ့ အစ်မတို့ ဆက်နေချင်သေးလို့လား။ ဒီထက်ပိုကြာနေရင် အားချဲ့ ပြန်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒါက အားချဲ့နဲ့ ကျွန်မရဲ့ အိပ်ခန်းလေ။ ဒုတိယအဒေါ်က လူကြီးဆိုတော့ ထားပါတော့၊ အစ်မကျင်းယီက အိမ်ထောင်မပြုရသေးတဲ့ မိန်းမပျိုလေးလေ။ အားချဲ့ကို မတော်တဆ အပြစ်လုပ်မိသလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အစ်မကျင်းယီ တုန်းကျင်းကို လာတာက အိမ်ထောင်ဖက်ကောင်း ရှာဖို့ဆိုတာ မဟုတ်ဘူးလား။"

ဝူရှီက သက်ပြင်းချလျက် ပြောသည်။

"ငါတို့အားလုံးက မိသားစုတွေပဲဟာ၊ ရပါတယ်။ ကျင်းယီ အိမ်တော်မှာ နေတာ ကြာလှပြီကို ရှီဇီနဲ့ သေချာ မတွေ့ရသေးလို့ပါ"

"အစ်မကျင်းယီက ကျင့်ဝတ်ကိုမသိတာ ထားပါတော့... ဒုတိယအဒေါ်ကရော နားမလည်ဘူးလား။"

ရွှယ်နင်၏ လေသံက ဂရုမစိုက်ဟန် ပေါက်နေသည်။

"ဧည့်သည်တွေအနေနဲ့ ရှီဇီကို အရိုအသေလာပေးတာက သင့်တော်ပါတယ်။ ဒါပေမဲ့ မနက်ဖြန် နေ့ခင်းဘက်မှ လုပ်သင့်တာလေ။ အခုက မိုးလည်းချုပ်နေပြီ၊ ပြီးတော့ အစ်မကျင်းယီက ဒီလိုပုံစံကြီး ဝတ်လာတာ... အရိုအသေလာပေးတာလား၊ ဒါမှမဟုတ် မြှူဆွယ်ဖို့ လာတာလား။"

"သခင်မလေး... အဲ့ဒီစကားက အရမ်းလွန်လွန်းပါတယ်"

ဝူကျင်းယီက နောက်ဆုံးတွင် တိုးညင်းစွာ ဝင်ပြောသည်။ သူမ၏ ကြည်လင်သော မျက်ဝန်းများတွင် မျက်ရည်များ လျင်မြန်စွာ ပြည့်အိုင်လာပြီး နာကြည်းဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

"ကျင်းယီမှာ တကယ်ကို အဲ့ဒီလို ရည်ရွယ်ချက် မရှိရပါဘူး... သခင်မလေးနဲ့ စကားပြောဖို့ လာထိုင်တာသက်သက်ပါ။"

မင်းသမီးယန်ရန်က အားချဲ့၏ ချစ်သူဖြစ်ပြီး ရွှယ်နင်က ထိုကိစ္စကို ဝင်စွက်ဖက်မည် မဟုတ်ပေ။ သို့သော် ဝူကျင်းယီက ရိုးအသော မိန်းကလေးမျိုး မဟုတ်ချေ။

ဒီလို မိန်းကလေးမျိုးကို အနောက်ဆောင်ထဲမှာ ပစ်ထားခဲ့လျှင် နောက်ဆုံး၌ ပြဿနာများ၏ အရင်းအမြစ် ဖြစ်လာလိမ့်မည်။

ထို့ပြင် မင်းသမီးယန်ရန်က ဖြူစင်ရိုးသားလွန်းတဲ့အတွက် ဝူကျင်းယီနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ရွှယ်နင်က လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်ကာ အပေါ်ယံရှိ အမြှုပ်လေးများကို ဖွဖွလေး မွှေလိုက်သည်။ သူမ၏ မျက်နှာထားက တည်ငြိမ်နေသည်။

"အစ်မကျင်းယီမှာ ဒီလို ရည်ရွယ်ချက် မရှိတာ ကောင်းပါတယ်။ ဒီနေ့တော့ ပြန်လိုက်ပါဦး၊ မနက်ဖြန်မှ ထပ်လာခဲ့ပေါ့"

ဝူကျင်းယီက ရှိုက်ငင်ငိုကြွေးလိုက်ရာ သူမ၏ ငိုကြွေးနေသောပုံစံက စုကျန်းရှေ့တွင် သနားစရာကောင်းအောင် ဟန်ဆောင်လေ့ရှိသည့် မင်းသမီးရှို့နင်းနှင့် အလွန်ဆင်တူနေသည်။

ရွှယ်နင်၏ ရင်ထဲတွင် ရွံရှာမုန်းတီးမှုလှိုင်းတစ်ခု ထကြွလာ၏။

"ပေါင်ချန်၊ ဧည့်သည်တွေကို လိုက်ပို့လိုက်။"

...

ကျိုယင်းဆောင်၏ တံခါးအပြင်ဘက်တွင် ရပ်လျက် ဝူကျင်းယီက သူမ၏ မျက်တောင်ဖျားမှ မျက်ရည်များကို သုတ်ဖယ်လိုက်သည်။ ထိုခဏမှာပင် သူမ၏ မျက်ဝန်းထဲမှ နူးညံ့အားငယ်မှုတို့ ပျောက်ကွယ်သွားပြီး ပါးနပ်မှုနှင့် စိတ်မရှည်မှု အရိပ်အယောင်တစ်ခုက အစားထိုး ဝင်ရောက်လာသည်။

ဖြူစင်ရိုးသားပုံပေါက်နေတဲ့ ရွှယ်နင်က ဒီလောက်အထိ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

စကားအနည်းငယ်နှင့်ပင် သူမရဲ့ ဂုဏ်သိက္ခာကို အလွယ်တကူ ကျဆင်းသွားစေခဲ့တယ်။

ဝူရှီက သူမကို လှည့်ကြည့်လိုက်သည်။

"သူတို့က အထင်သေးတာကို ဒီလိုမျိုး ဗြောင်ကျကျပြနေပြီ၊ ဘာလို့ မထွက်လာသေးတာလဲ။"

ဝူကျင်းယီက လှည့်ကာ ပြတင်းပေါက်တံခါးနောက်ရှိ ကျော့ရှင်းသော အရိပ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဝူရှီနောက်သို့ လိုက်သွားခဲ့သည်။

"အဒေါ် ဒေါသထွက်နေတာလား။"

ဝူရှီက စိတ်တိုတိုဖြင့်-

"မင်းအဒေါ်မှာလည်း ဒေါသရှိတာပေါ့"

သူတို့ ခပ်လှမ်းလှမ်း ရောက်သွားပြီးနောက်မှသာ ဝူကျင်းယီက ဝူရှီ၏ လက်မောင်းကို ချိတ်လိုက်သည်။

"အဒေါ်၊ စိတ်ထဲ မထားပါနဲ့။ ကိုယ့်ကျန်းမာရေး ထိခိုက်ခံပြီး စိတ်ဆိုးနေဖို့ မတန်ပါဘူး။"

ဝူရှီက ခါးသီးစွာဖြင့် ပြောသည်။

"ဒီကောင်မလေးက ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အပြောအဆို ထက်မြက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူ(မ)က ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ အလွယ်တကူ လှည့်စားလို့ရတဲ့ အရွယ်လေ... သခင်မဝမ်တောင် ငါ့လက်အောက်မှာ ရှိနေတာကို။ ဘာဖြစ်လို့ သူ(မ)က ငါနဲ့ ရင်းနှီးအောင် မလုပ်ချင်ရတာလဲ။"

ဒုတိယသခင် ကွယ်လွန်သွားကတည်းက ဝူရှီသည် လီမိသားစု၏ ကျယ်ဝန်းသော အိမ်တော်ဟောင်းကြီးထဲတွင် သားသမီးများကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေခဲ့ရသည်။

သူမ မုဆိုးမ ဖြစ်သွားသည့်နှစ်တွင် အိမ်တော်သခင်မကြီးက သူမကို နောက်အိမ်ထောင်ပြုချင်သလားဟု မေးခဲ့၏။

လီမိသားစု၏ ဂုဏ်သိက္ခာကို လောဘတက်ပြီး လီလင်းဖုန်းကို စွဲလမ်းနေသောကြောင့် သူမက အံကြိတ်ကာ ဆက်နေခဲ့သည်။

သခင်မဝမ်နှင့် နယ်စားမင်းတို့သည် သင့်မြတ်မှုမရှိဘဲ၊ သူတို့ကြားတွင် မျက်နှာသာမရသော ရှီဇီနှင့် ယခင်အိမ်ထောင်မှ ပါလာသော သားတစ်ယောက် ကြားညပ်နေခဲ့သည်။

ဇနီးမောင်နှံက နှစ်ပေါင်းများစွာ အဆက်မပြတ် ပဋိပက္ခဖြစ်နေခဲ့ပြီး၊ အများစုမှာ သူမ၏ ဝင်ရောက်စွက်ဖက် သွေးထိုးမှုများကြောင့် ပိုမိုဆိုးရွားလာခဲ့ခြင်းပင်။

မကြာသေးမီနှစ်များအတွင်း နယ်စားမင်းသည် သခင်မဝမ်အပေါ် ပို၍ ကြမ်းတမ်းလာခဲ့ပြီး သခင်မဝမ်ကလည်း သူ့အပေါ် ပို၍ ဂရုမစိုက် လျစ်လျူရှုလာခဲ့သည်။

ဇနီးမောင်နှံမှာ မပြေလည်နိုင်သော ရန်ငြိုးများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေပြီး၊ ရှီဇီနှင့် သခင်မဝမ်တို့လည်း ပို၍ ကင်းကွာလာသည်။

သူမက သူတို့ကြားမှာ သွေးခွဲနေသရွေ့ လင်မယား၊ သားအမိ ဆက်ဆံရေးက ပို၍သာ ဝေးကွာသွားလိမ့်မယ်။

သို့သော် မမျှော်လင့်ဘဲ ရွှယ်နင်က ဘယ်ဆီကနေမှန်းမသိ ပေါ်လာတယ်။

All Chapters