← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) - ဘာလို့ မအိပ်သေးတာလဲ

ဒီတစ်ခေါက် တုန်းကျင်းကို လာရတဲ့ခရီးမှာ နယ်စားမင်းရဲ့ဒေါသက အတော်လေးလျော့ကျသွားပြီး သခင်မဝမ်အပေါ်ကိုတောင် ပိုပြီး သည်းခံလာတာကို သူမ သေချာပေါက် သတိထားမိလိုက်သည်။

ဒါကြောင့်လည်း အဲ့ဒီနေ့က မိသားစုပွဲတော်မှာ သခင်မဝမ်ကို ရန်စဖို့ သူမ တမင်တကာ စကားစခဲ့တာဖြစ်သည်။

လင်မယားနှစ်ယောက်ကြား ပြဿနာတက်အောင် လုပ်ချင်ခဲ့ပေမယ့် ရွှယ်နင်က စကားအနည်းငယ်နဲ့တင် နယ်စားမင်းရဲ့ဒေါသကို ပြေလျော့သွားစေခဲ့သည်။

တကယ်ကို ထူးဆန်းလွန်းတယ်။ အဲဒီကောင်မလေး ဘာလုပ်လိုက်တာလဲ။ နယ်စားမင်းကတောင် သူမကို မျက်နှာသာပေးနေသလိုပဲ။

ဝူကျင်းယီက နှုတ်ခမ်းကို အနည်းငယ်တွန့်ကွေးလိုက်သည်။

"သူ(မ)က ရွှမ်းယီနယ်စားစံအိမ်မှာ ကြီးပြင်းလာတာဆိုတော့ ငယ်ငယ်တည်းက လူကဲခတ်တတ်နေတာ နေမှာပေါ့။ ဒါကြောင့်လည်း နယ်စားမင်းနဲ့ သခင်မဝမ်ရဲ့ အချစ်ကို ရနေတာလေ။ ဒါပေမယ့် အားယီကလည်း သူ(မ)ထက် မညံ့ပါဘူး။ အကယ်၍ ကျွန်မသာ ရှီဇီကတော် ဖြစ်လာမယ်ဆိုရင် သူ(မ)ထက်တောင် ပိုကောင်းအောင်လုပ်ပြပြီး သခင်မဝမ်အချစ်ကို ရယူနိုင်ပါတယ်။"

ဝူရှီက မှတ်ချက်ချသည်။

"မင်းရဲ့ တစ်ခုတည်းသော အားနည်းချက်က မျိုးရိုးနိမ့်ကျနေတာပဲ"

ဝူကျင်းယီက မြှောက်ပင့်ပြောဆိုလိုက်၏။

"ဒါပေမယ့် အဒေါ်သာ ကူညီပေးမယ်ဆိုရင် အားယီအတွက် တောက်ပတဲ့ အနာဂတ်တစ်ခု ရလာမှာ သေချာပါတယ်"

ဝူရှီ၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှီဇီ အိမ်တော်မှာ မရှိဘူး။ ပြန်လာရင်တောင် စာကြည့်ဆောင်မှာပဲ နေနေတာ။ အဲ့ဒီ လူငယ်ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်မပြေဘူးဆိုတာကို ငါသတိထားမိတယ်။ အခုက မင်း ရှီဇီနဲ့ နီးကပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ မနက်ဖြန် စာကြည့်ဆောင်ကို ရနံ့အိတ် သွားပေးလိုက်။ အော်... ငါကိုယ်တိုင် ချက်ထားတဲ့ စွပ်ပြုတ်ကိုပါ ယူသွားဦး။"

"ရှီဇီက..."

ဝူကျင်းယီက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

"ကျွန်မကို တွေ့ပါ့မလား"

လီချန်ချဲ့လို ယောက်ျားမျိုးကို ဝူကျင်းယီ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

ကျောက်စိမ်းလို အပြစ်အနာအဆာကင်းတဲ့ မျက်နှာ၊ မြင့်မြတ်ပြီး ဩဇာကြီးမားတဲ့ အငွေ့အသက်တွေနဲ့ သူက သူမမြင်ဖူးသမျှ အထက်တန်းလွှာ သခင်လေးတွေထဲမှာ အချောမောဆုံးပင်။

အရေးအကြီးဆုံးကတော့ မိန်းမတွေကို ဆွဲဆောင်နိုင်တဲ့ သူ့ရဲ့ အေးစက်စက်နဲ့ ခပ်ခွာခွာနေတတ်တဲ့ အမူအကျင့်ပဲ။

ဒါက ရှင်းပြလို့မရတဲ့ အောင်နိုင်ချင်စိတ်ကို နှိုးဆွပေးနေသည်။

ဒီလိုယောက်ျားမျိုးကိုသာ သူမ လွှမ်းမိုးနိုင်ပြီး အာဏာပြနိုင်မယ်ဆိုရင် တုန်းကျင်းက မရေမတွက်နိုင်တဲ့ အထက်တန်းလွှာ မိန်းမပျိုလေးတွေ သေချာပေါက် မနာလိုဖြစ်ကြမှာ အမှန်ပင်။

"ရှီဇီက သဘာဝအရ အေးစက်တယ်။ အရင်က မိန်းမတွေနဲ့ ခပ်ခွာခွာနေပေမယ့် အခု အိမ်ထောင်ကျပြီးနောက်မှာတော့ ဒီကိစ္စတွေကို သဘောပေါက်သွားပြီး ကိိုယ်လက်ရင်းနှီးမှုရဲ့ သာယာမှုကို သဘာဝကျကျ နားလည်သွားပြီလေ။"

အဒေါ်နှင့်တူမ မင်ရွေ့ခန်းမဆောင်ဆီသို့ လျှောက်သွားရင်း ဝူရှီက ဝူကျင်းယီ၏ လက်မောင်းကို ပုတ်လိုက်သည်။

"မင်းရဲ့ရုပ်ရည်က ရွှယ်နင်ကို မမီပေမယ့် မင်းက ရဲတင်းပြီး ပိုဆွဲဆောင်မှုရှိတယ်။ ရွှယ်နင်လို အနေအထိုင်ကျစ်လျစ်တဲ့ မိန်းကလေးထက် မင်းက ယောက်ျားတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိတယ်။"

ညမှောင်လာသည်နှင့်အမျှ ဝူကျင်းယီ၏ ဖြူလွှလွှမျက်နှာပေါ်တွင် ရှက်သွေးဖြာမှုလေးတစ်ခု ပေါ်လာသည်။

သူမသာ ရှီဇီရဲ့ မိန်းမဖြစ်လာနိုင်မယ်ဆိုရင် အရှက်အကြောက်ကို ဘေးဖယ်ပြီး ရဲရဲတင်းတင်း ပြုမူဖို့က ဘာများအရေးကြီးလို့လဲ။

"အားယီ..."

ခြံဝင်းတံခါးထဲ မဝင်ခင်လေးမှာပဲ ဝူရှီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး သူမရဲ့အကြည့်ထဲမှာ အေးစက်မှုတစ်ချို့ ကိန်းအောင်းနေသည်။

"ဝူမိသားစုရဲ့ အနာဂတ်က မင်းအပေါ်မှာ မူတည်နေတယ်။ မနက်ဖြန်သာ မအောင်မြင်ဘူးဆိုရင်တော့ အဒေါ့်မှာ နောက်ထပ် ထူးဆန်းတဲ့ အစီအစဉ်တစ်ခု ရှိသေးတယ်။ ဒါပေမယ့် အဲ့ဒီအတွက် မင်းဘက်က နည်းနည်းတော့ စွန့်လွှတ်ရလိမ့်မယ်။"

တုန်းကျင်းကိုလာရာလမ်းမှာ ဝူရှီ လျှို့ဝှက်ဝယ်ယူခဲ့တဲ့ ဆေးကို ဝူကျင်းယီ ပြန်သတိရသွားပြီး ထိတ်လန့်သွားသည်။

"အဒေါ်.. ဒါဆိုရင်..."

ဝူရှီက လေးနက်စွာဖြင့်-

"အဒေါ်က မင်းကို သံသယဝင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှီဇီရဲ့ စိတ်နေသဘောထားက သူ့အဖေနဲ့ အရမ်းတူတယ်။ နှစ်ယောက်လုံးက သစ္စာရှိပြီး မိန်းမတွေအပေါ် လွယ်လွယ်နဲ့ မယိမ်းယိုင်တတ်ကြဘူး။ အဲ့ဒီအရာလေး ပါမယ်ဆိုရင်တော့ မင်း နေရာရဖို့ ပိုလွယ်သွားမှာပေါ့။ အဒေါ်ဆိုလိုတာကို... မင်း နားလည်တယ်မလား။"

ဝူကျင်းယီ အနည်းငယ် အရှက်ရသွားသည်။ မျိုးရိုးနိမ့်ကျသော်လည်း သူမက ဂုဏ်ယူဝင့်ကြွားတတ်ပြီး မာနကြီးသူဖြစ်၏။

သူမရဲ့ ရုပ်ရည်နဲ့ဆိုရင် ဘယ်လိုယောက်ျားမျိုးကိုမဆို လက်ထပ်နိုင်ပြီး မင်းညီမင်းသားတွေနဲ့ အထက်တန်းလွှာတွေတောင် သူမခြေဖဝါးအောက် ပြားပြားဝပ်လာလိမ့်မယ်လို့ သူမ အမြဲယုံကြည်ခဲ့တာ။

ဒါပေမယ့် နက်မှောင်တဲ့ ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်အေးစက်တဲ့ လီချန်ချဲ့ကို တွေ့လိုက်ရတဲ့အခါကျမှ ကောင်းကင်က လမင်းကြီးဆိုတာ ဘာလဲ၊ ဆွတ်ခူးရခက်တဲ့ အိမ်မက်ဆိုတာ ဘာလဲဆိုတာကို သူမ နားလည်သွားခဲ့ရသည်။

သူ့ရဲ့ ခန့်ညားပြီး ထက်မြက်တဲ့ ဘေးတစောင်းမျက်နှာသွင်ပြင်ကို တွေးရုံနဲ့တင် သူမ ညဘက်တွေမှာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့တယ်။

"အဒေါ်..."

"ရပါတယ်၊ အဒေါ် အားလုံးကို စီစဉ်လိုက်မယ်။ မင်းကတော့ ရှီဇီရဲ့လူ ဖြစ်ဖို့ပဲ ပြင်ဆင်ထားလိုက်။"

"ဟုတ်ကဲ့။"

စကားပြောပြီးနောက် အဒေါ်နဲ့တူမ ခြံဝင်းထဲကို လှမ်းဝင်သွားကြပြီး သူတို့နောက်မှာ အမြီးတိုလေးတစ်ကောင် လိုက်ချောင်းနေတာကိုတော့ လုံးဝ သတိမထားမိလိုက်ကြပေ။

သူတို့ ဝင်သွားပြီးမှသာ လီချန်လဲ့က မေးစေ့ကို ပွတ်သပ်ရင်း ဟိုင်ထန်ပင်နောက်ကနေ ထွက်လာခဲ့သည်။

"အဲ့ဒါ ဘာပစ္စည်းလဲ။ အမေက ဘာလို့ ဝမ်းကွဲအစ်မနဲ့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ။ ဝမ်းကွဲအစ်မက အစ်ကိုကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်လာတော့မှာလား။ ယောင်းမကရော သဘောတူလို့လား။"

...

ကြောင်ပေါက်လေးက ဂနာမငြိမ်ဘဲ ဆက်တိုက်အော်နေတာကြောင့် ရွှယ်နင်က အတော်ကြာအောင် ချော့မြူပြီးမှ ကုတင်ပေါ် လှဲလိုက်ရသည်။

ကုတင်ဘေးမှာ မီးအိမ်တစ်လုံး ရှိနေပြီး အဆောင်မကြီးထဲက ဖယောင်းတိုင်တွေလည်း လင်းနေတုန်းပင်။

ဒါပေမယ့် အဲ့ဒီယောက်ျားကတော့ ပြန်မလာသေးဘူး။

ရွှယ်နင် သူမကိုယ်သူမ ဘာဖြစ်နေမှန်းမသိ၊ ခန္ဓာကိုယ်က တစ်မျိုးကြီး ဂနာမငြိမ် ဖြစ်နေသည်။

သည်းမခံနိုင်လောက်အောင် မဟုတ်ပေမယ့် အဲ့ဒီလို စူးစူးရှရှနဲ့ ယားယံယံ ခံစားချက်က သူမအထဲမှာ တရွရွနဲ့ လှုံ့ဆော်နေတာကြောင့် သက်တောင့်သက်သာ လှဲလို့မရဘဲ ဖြစ်နေ၏။ အထူးသဖြင့်... ပုံမှန်ထက် အများကြီး ကွဲပြားနေတာပဲ။

သူမ ခါးကို တွန့်လိမ်ကာ သက်ပြင်းချလိုက်မိသည်။

သခင်မကျန်း ပြောတဲ့ ဇိမ်ရှိတယ်ဆိုတာ ဒါကို ပြောတာကိုး... တကယ်ကို ထူးခြားတဲ့ ခံစားချက်ပဲ။

ဒါပေမယ့် သူမက လင်မယားကိစ္စ ပတ်သက်နေတာမှ မဟုတ်တာ၊ ဒီလောက်ကောင်းတဲ့ ပစ္စည်းကို ဖြုန်းတီးပစ်ရာ ရောက်မနေဘူးလား။

မတတ်နိုင်တဲ့အဆုံး သူမ သက်ပြင်းပူတစ်ချက် မှုတ်ထုတ်ပြီး ရေချိုးခန်းထဲ ပြန်ဝင်ကာ ကိုယ်ကို ရေအေးနဲ့ ပွတ်တိုက်လိုက်မှ အနည်းငယ် လန်းဆန်းသွားတော့သည်။

ကုတင်ပေါ် ပြန်လှဲလိုက်ပြီး သိပ်မကြာခင်မှာပဲ တံခါးဖွင့်သံ ကြားလိုက်ရသည်။ သူမလည်း မျက်လုံးကို အမြန်မှိတ်ပြီး အိပ်ပျော်ချင်ယောင် ဆောင်လိုက်တော့၏။

ကာရံထားတဲ့ လိုက်ကာနောက်ကနေ အဝတ်အစားလဲတဲ့ တရှူးရှူးသံ ထွက်လာပြီး ခဏအကြာမှာတော့ ဘေးနားမှာ လူတစ်ယောက် လှဲချလိုက်တာကို ခံစားလိုက်ရသည်။

ရွှယ်နင် မလှုပ်ရဲဘဲ ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး အိပ်နေမိသည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဘေးကနေ လက်ကြီးတစ်ဖက် လှမ်းလာပြီး အေးစက်စက် လက်ချောင်းထိပ်တွေက သူမရဲ့ နှာခေါင်းဖျားလေးကို ခပ်ဖွဖွ ပွတ်သပ်လာတာကို ခံစားလိုက်ရသည်။

အားချဲ့ ဘာလုပ်နေတာလဲလို့ သူမ တွေးနေတုန်းမှာပဲ အဲ့ဒီလက်ချောင်းတွေက သူမရဲ့ နှုတ်ခမ်းတွေကို ဖြည်းဖြည်းချင်း ပွတ်သပ်လာပြန်သည်။ ရွှယ်နင် ဇဝေဇဝါ ဖြစ်သွားရသလို သူ့ရဲ့ အပြုအမူကြောင့် ခန္ဓာကိုယ်ကလည်း ပိုပြီး နေရခက်လာသည်။

သူမလည်း မျက်လုံးဖွင့်လိုက်ပြီး ဘေးနားက ယောက်ျားကို ပြူးပြဲကြည့်နေမိတော့သည်။

လီချန်ချဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်လည်း တောင့်တင်းသွား၏။ ရွှယ်နင် နိုးနေသေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အရင်ကဆိုရင် ဒီလိုအချိန်မှာ သူမရဲ့နှုတ်ခမ်းကို နမ်းလိုက်ရင်တောင် သူမက တုံ့ပြန်မှာမဟုတ်ဘူးလေ။

"အားချဲ့.. ဘာလုပ်နေတာလဲ"

လီချန်ချဲ့၏ ဝတ်ရုံက အနည်းငယ် ဟဟလေးဖြစ်နေပြီး ချောမွေ့ကျစ်လျစ်နေသော ရင်အုပ်ကျယ်ကြီးကို မြင်နေရသည်။

"ဘာမှမလုပ်ပါဘူး၊ ကိုယ်မင်းရဲ့ ဆံပင်တွေ နည်းနည်း ရှုပ်နေတာတွေ့လို့ သပ်တင်ပေးမလို့ပါ။"

ပြောရင်းဆိုရင်း သူ့ရဲ့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးက ရွှယ်နင်နဲ့ ဘေးချင်းယှဉ်လျက် လှဲချလိုက်သည်။

ရွှယ်နင်ရဲ့ မြင်ကွင်းကနေကြည့်ရင် သူ့ရဲ့ ကျယ်ပြန့်တဲ့ ရင်အုပ်၊ လှပကျစ်လျစ်တဲ့ ကြွက်သားအမြှောင်းတွေကို မြင်နေရပြီး လူကို မျက်နှာပူ ရင်ခုန်လာစေလောက်သည်။

သူမက အမြဲတမ်း အိပ်ရာထနောက်ကျလေ့ရှိပေမယ့် ထိုယောက်ျားကတော့ အမြဲတမ်း စောစောထတတ်တယ်။ သူတို့ရဲ့ ကြင်စဦးကာလမှာ သူမနဲ့အတူ အချိန်ဖြုန်းနေချိန်မှာတောင် နေ့လယ်ဘက် ခြံဝင်းထဲမှာ နာရီဝက်လောက် လေ့ကျင့်ခန်းဆင်းတတ်သေးတာ။ ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းထားနိုင်တာ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ။

ရွှယ်နင် ဆက်မကြည့်ရဲတော့ဘဲ နားရွက်တွေပါ ပူထူလာကာ သူမရဲ့ ဆံပင်ရှည်တွေကို ကပျာကယာ သပ်တင်လိုက်သည်။

"အခု အဆင်ပြေသွားပြီလား"

"အင်း"

လီချန်ချဲ့က သူမရဲ့ နီရဲနုဖတ်နေတဲ့ ပါးပြင်လေးတွေကို ကြည့်ပြီး သူ့လည်စိ လှုပ်ရှားသွားကာ အက်ကွဲကွဲအသံဖြင့် ပြန်ဖြေသည်။

"အများကြီး ပိုကောင်းသွားပြီ"

ရွှယ်နင်လည်း အနေရခက်စွာဖြင့် ကိုယ့်စောင်ထဲကို ပြန်ဝင်လိုက်သည်။

လီချန်ချဲ့ ထလိုက်ပြီး ကုတင်ဘေးက မီးအိမ်ကို ငြိမ်းသတ်လိုက်၏။

အခန်းတစ်ခုလုံး ချက်ချင်းပဲ အမှောင်ကျသွားတော့သည်။

အဆုံးအစမဲ့ အမှောင်ထုက လူတစ်ယောက်ရဲ့ အာရုံခံစားမှုတွေကို အဆမတန် ကြီးမားလာစေသည်။

ရွှယ်နင်က ထိုအမျိုးသားဆီက ထွက်ပေါ်လာတဲ့ ပြင်းရှရှ ယောက်ျားပီသတဲ့ရနံ့ကို ရှူရှိုက်မိပြီး သူမရဲ့ ခြေထောက်တွေက နေရခက်စွာ လိမ်ယှက်နေမိသည်။

သူမက အဲ့ဒီယောက်ျားကို ကျောခိုင်းလိုက်ပြီး စောင်ကိုဖက်ကာ အနေရခက်စွာဖြင့် စောင်စွန်းကို ကိုက်ထားလိုက်သည်။

ဒီဆေးက အရမ်းကို... ထူးဆန်းလွန်းတယ်။

တစ်ယောက်တည်းနေရင် အဆင်ပြေပေမယ့် ဒီလိုခန္ဓာကိုယ်အချိုးအစား မိုက်ပြီး ချောမောလွန်းတဲ့ ခင်ပွန်းသည်ဘေးမှာ လှဲနေရတာ... ကြည့်လို့ပဲရပြီး ထိလို့မရတာက တကယ်ကို သည်းခံနိုင်စရာ မရှိဘူး။

"ဘာလို့ မအိပ်သေးတာလဲ”

All Chapters