← Chapters

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း(၃၅၃)

ရိုက်ကူးရေးက အဆင်ပြေပြေနဲ့ ပြီးသွားတယ်။ လူငယ်တစ်ယောက်ကို အနိုင်ကျင့်လိုက်ရလို့ စိတ်ကြည်သွားပုံရတဲ့ မီယွန်း ကျေးဇူးကြောင့်လည်း ပါတာပေါ့။

"ဟုတ်တယ်။ အဲဒီလိုမျိုး လုပ်ရမှာ။ ကိုယ့်ဒိုင်ယာလော့ခ်ကိုပဲ အရမ်းအာရုံစိုက်နေရင် အသက်ရှူဖို့ မေ့သွားလိမ့်မယ်။ အသက်ရှူတာ ကမောက်ကမဖြစ်သွားရင် မင်းရဲ့အသံထွက်က ဘယ်လောက်ပဲကောင်းကောင်း ပရိသတ်က နားလည်မှာမဟုတ်ဘူး။ အသံထွက် နည်းနည်းလွဲသွားရင်တောင် အဆင်ပြေတယ်။ နားထောင်တဲ့သူက တိကျတဲ့အသံထွက်ထက် အခြေအနေရဲ့ အငွေ့အသက်နဲ့ စကားအဆက်အစပ်ကိုပဲ ပိုအလေးထားကြတာ။ မင်းတို့အားလုံး သေချာနားထောင်ထား။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရေရှည်ရပ်တည်ချင်တယ်ဆိုရင် ဒါကို မှတ်ထားရမယ်။ ငါ့လို ဆရာမျိုးကို ဘယ်နေရာမှာမှ ရှာတွေ့မှာမဟုတ်ဘူးနော်"

လူတစ်ယောက်ကို ထက်မြက်ပြီး ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ နှုတ်ဆူးချွန်ခဲ့တဲ့ မိန်းမကြီးက ပျောက်ကွယ်သွားပြီး စိတ်သဘောထားပြည့်ဝတဲ့သူတစ်ယောက်လို ဇာတ်ရံတွေအားလုံးကို လိုက်သင်ပေးနေတယ်။ သူမရဲ့စကားကို နားထောင်ရင်း ဇာတ်ရံတွေက ခေါင်းညိတ်စက်တွေလိုပဲ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ခေါင်းညိတ်ပြနေကြတယ်။ သူမက တစ်ခုခုကြောင့် သူတို့ကို အမြင်ကပ်သွားရင် ဘာဖြစ်လာမလဲဆိုတာ သူတို့ ကောင်းကောင်းသိနေကြတယ်လေ။

"ဒါရိုက်တာ။ ကျွန်မတို့ ခဏလောက် နားရင်ကော ဘယ်လိုလဲ"

"ကောင်းပါပြီ၊ နားကြတာပေါ့။ အတိတ်ကိုပြန်တွေးတဲ့အခန်း ရိုက်ပြီးသွားရင် ဒီရိုက်ကွင်းကို သုံးစရာမလိုတော့ဘူး"

"အခု ဒီမှာ လူဘယ်နှယောက်လောက် ရှိလဲ"

"အယောက် ၈၀ လောက်တော့ ရှိမယ်"

"အချစ်လေး"

မီယွန်းက လက်ညှိုးလေး ကွေးပြလိုက်တဲ့အခါ သူမရဲ့မန်နေဂျာက အနားကို ပြေးလာတယ်။

"နားတုန်းလေး သရေစာတစ်ခုခု စားရင် ကောင်းမယ်။ အားလုံးကို ငါ ဒကာခံမယ်"

"အို... ကျေးဇူးတင်ပါတယ်ဗျာ"

"ကျွန်မနဲ့အတူ လူအနည်းငယ်လောက် ခေါ်သွားလို့ရမလား။ အယောက် ၈၀ စာအတွက် ကျွန်မမန်နေဂျာတစ်ယောက်တည်းနဲ့ လောက်မယ်မထင်ဘူး"

"အာ.. ပြဿနာက ကျွန်တော်တို့ ရိုက်ကွင်းကို မြန်မြန်ရှင်းလင်းဖို့ လိုနေလို့ပါ။ ဒီနေရာကို ငှားထားတဲ့အချိန်ထက် ကျော်လို့မရဘူး"

"ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့။ အင်း... ကောင်လေး။ မင်း ငါတို့ကို ကူညီပေးရမယ်ထင်တယ်"

အနားမှာရှိနေတဲ့ မာရူး အဲဒီအလုပ်အတွက် အခိုင်းခံလိုက်ရတယ်။ သူမဆီကနေ ခရက်ဒစ်ကတ်ယူပြီး မန်နေဂျာနဲ့အတူ မာရူး ရိုက်ကွင်းထဲကနေ ထွက်လာခဲ့တယ်။

"ဆောရီးကွာ။ မင်းက ဒီလို အသေးအမွှားအလုပ်တွေလုပ်ဖို့ ဒီကိုလာတာမဟုတ်ဘူးဆိုတာ ငါသိပါတယ်" လို့ အဝင်ပေါက်မှာ မန်နေဂျာက ပြောလာတယ်။

"ကျွန်တော်က ဘာတတ်နိုင်မှာလဲ။ ခိုင်းလာရင်တော့ လုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးလေ"

"ဟားဟား.. အဲဒါလည်း ဟုတ်တာပါပဲ"

စတူဒီယိုထဲကနေ ထွက်လာတော့ နေရောင်ခြည်က သူတို့ကို ဆီးကြိုနေတယ်။ စတူဒီယိုဘေးက စတိုးဆိုင်ထဲကို မန်နေဂျာနောက်ကနေ မာရူး လိုက်ဝင်သွားတယ်။

"အားလုံးအတွက် ရေခဲချောင်းတွေပဲ ရွေးလိုက်ရမလား"

"အေး။ အဲဒါလေးတွေ နည်းနည်းရွေးလိုက်။ အရသာစုံအောင် ယူနော်။ အထက်လူကြီးတွေအတွက်လည်း ဝယ်ရဦးမယ်" လို့ မန်နေဂျာက ပစ္စည်းတွေကို မျက်လုံးနဲ့ ဝေ့ကြည့်ရင်း ရေရွတ်လိုက်တယ်။

မာရူးက ရေခဲချောင်းနဲ့ ရေခဲမုန့်မျိုးစုံကို ရောဝယ်ပြီး ကောင်တာပေါ် တင်လိုက်တယ်။ ဝန်ထမ်းက ပစ္စည်းတွေကို ဘားကုဒ်ဖတ်ပြီး ပလတ်စတစ်အိတ်ထဲ ထည့်နေတုန်း မန်နေဂျာက ကောင်တာနားကို ကပ်သွားတယ်။

"အဟမ်း.. တစ်ဆိတ်လောက်ဗျာ။ ဒီမှာ JC ကထုတ်တဲ့ နို့လက်ဖက်ရည် မရှိဘူးလား"

"မရှိလောက်ဘူးထင်တယ်"

"သိုလှောင်ခန်းထဲမှာဖြစ်ဖြစ် တစ်ချက်လောက် သွားကြည့်ပေးလို့ရမလား"

"ဒီမှာတော့ ရှိမှာမဟုတ်ပါဘူး"

"အားနာပေမယ့် တစ်ချက်လောက်တော့ သွားကြည့်ပေးပါလား"

အချိန်ပိုင်းဝန်ထမ်းလေးက စိတ်ရှုပ်သွားတဲ့ မျက်နှာပေးနဲ့ မန်နေဂျာကို ခဏစောင့်ဖို့ ပြောလိုက်တယ်။ သိုလှောင်ခန်းထဲက ရေခဲသေတ္တာမှာ သွားကြည့်ပြီးနောက် ခေါင်းခါရင်း ပြန်ထွက်လာတယ်။

"မရှိဘူးဗျ။ အဲဒါတွေက သိပ်အရောင်းအဝယ်မဖြစ်တော့ ဆိုင်ရှင်က ထပ်မမှာထားဘူးထင်တယ်"

"ဟာ... ဟုတ်ပြီလေ"

မန်နေဂျာက အချိန်မလောက်တော့သလိုမျိုး ပျာယာခတ်သွားတယ်။ နို့လက်ဖက်ရည်က မီယွန်းအတွက် ဖြစ်ပုံရတယ်။ သူတို့ ရေခဲမုန့်တွေကို အရင်ဝယ်ပြီးမှ ဆိုင်ထဲက ထွက်လာခဲ့ကြတယ်။

"ခဏလောက် စောင့်ပေးလို့ရမလား"

စတူဒီယိုရဲ့ တစ်ဖက်မှာရှိတဲ့ တခြားစတိုးဆိုင်ဆီကို မန်နေဂျာ ပြေးသွားတယ်။ အဲဒါကိုကြည့်တာနဲ့တင် အဲဒီမိန်းမကြီးက သူမရဲ့မန်နေဂျာအပေါ် ဘယ်လောက်တောင် ဆက်ဆံရေးဆိုးဝါးလဲဆိုတာ သိနိုင်တယ်။ ငါးမိနစ်လောက်ကြာတော့ သူ လက်ဗလာနဲ့ ပြန်ရောက်လာတယ်။ သူ တော်တော်လေး ဒုက္ခရောက်နေတဲ့ပုံပဲ။

"ဒီနေ့တော့ အရာအားလုံး အဆင်ပြေပြေ ပြီးသွားမယ်လို့ ထင်နေခဲ့တာ"

သူ့မျက်လုံးတွေက သတ်ခံရတော့မယ့် နွားတစ်ကောင်ရဲ့ မျက်လုံးတွေလို ဖြစ်နေတယ်။ စတူဒီယိုဘက်ကို လျှောက်သွားဖို့ သူ တွန့်ဆုတ်နေတယ်။

"အဲဒီနို့လက်ဖက်ရည် မဝယ်သွားနိုင်ရင် အစ်ကို အဆူခံရတော့မှာလား"

"သူ့အကျင့်အရဆိုရင်တော့ သေချာသလောက်ပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ဒီနားမှာ အဲဒါမရောင်းဘူးလို့ ပြောလိုက်တာ ပါးချခံလိုက်ရတယ်"

"ဒါဆို ကျွန်တော်တို့ ဒီလိုလုပ်ရင်ကော။ အစ်ကို့ကားကို ကားပါကင်မှာ ရပ်ခဲ့တာမလား"

"အေးလေ.. ဘာဖြစ်လို့လဲ"

"ကားပါကင်က ဝန်ထမ်းက ယာဉ်တိုက်မှုဖြစ်လို့ ကားရွှေ့ပေးဖို့ လာပြောတာနဲ့ ကျွန်တော့်ကို ခရက်ဒစ်ကတ် ပေးလိုက်ရတာလို့ ပြောလိုက်လေ"

မာရူးက ဖုန်းကိုကြည့်ပြီး အချိန်စစ်လိုက်ရင်း ဆက်ပြောတယ်။

"၁၀ မိနစ်လောက်နေမှ ပြန်လာခဲ့။ အဲဒီအချိန်ဆို လောက်တယ်မလား"

"မင်း အဲဒီလို လုပ်ပေးနိုင်လို့လား။ အဲဒီလောက်ဆို လောက်ပါတယ်"

"ကျွန်တော် သူ့ကို အဲဒီလို ပြောထားလိုက်မယ်။ အစ်ကို ပြန်လာတဲ့အခါ အကြောင်းပြချက် တစ်ခုခုပေးလိုက်"

မန်နေဂျာက ကျေးဇူးတင်စကားပြောရင်း ကားပါကင်ဘက်ကို ပြေးသွားတယ်။ အဲဒီမိန်းမကြီး ပြဿနာရှာတာကို မာရူး ထပ်မမြင်ချင်တော့ဘူး။ ရေခဲမုန့်တွေ ကိုင်ပြီး စတူဒီယိုထဲ သူ ပြန်ဝင်လာခဲ့တယ်။ တခြားသရုပ်ဆောင်တွေနဲ့ အတူထိုင်နေတဲ့ မီယွန်းဆီကို သူ အရင်ဆုံး သွားလိုက်တယ်။

"ဒီမှာ ရပါပြီ"

"အို.. အိုကေ။ ငါ့မန်နေဂျာကော ဘယ်မှာလဲ"

"ဖုန်းဝင်လာလို့ ကားပါကင်ဘက် သွားတယ်။ ကားပါကင်မှာ ယာဉ်တိုက်မှုဖြစ်လို့ သူ့ကားကို ဖယ်ပေးရမယ်ထင်တယ်"

"တကယ်လား"

မာရူးက ပလတ်စတစ်အိတ်ကို သူမဆီ ကမ်းပေးလိုက်တယ်။ မီယွန်းက အိတ်ထဲကို ငုံ့ကြည့်တယ်။ သူမမျက်နှာမှာ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ အရိပ်အယောင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေမယ့် ရွေးချယ်စရာမရှိတဲ့ပုံနဲ့ ဗနီလာအရသာ ရေခဲမုန့်တစ်ခုကို ယူလိုက်တယ်။ နို့လက်ဖက်ရည်အစား အဲဒါကိုပဲ ယူလိုက်ရတာပေါ့။

"အားလုံး လာယူကြပါဦး။ အားလုံးလည်း ပင်ပန်းနေကြပြီဆိုတော့ အမောပြေလေး စားလိုက်ကြပါဦး"

လူတွေက အနားလာပြီး တစ်ခုစီ ယူသွားကြတယ်။ ကျေးဇူးတင်စကား ပြောနေကြတာကို မြင်တော့ မီယွန်း မျက်နှာမှာ ကျေနပ်တဲ့အပြုံးတွေ ပေါ်လာတယ်။ နို့လက်ဖက်ရည် မရလို့ စိတ်အနှောင့်အယှက်ဖြစ်နေတာတွေ ပျောက်သွားတဲ့ပုံပဲ။

"နောက်ကျသွားလို့ ဆောရီးပါ။ ကားပါကင်မှာ ယာဉ်တိုက်မှုဖြစ်နေလို့"

မန်နေဂျာ ပြန်ရောက်လာပြီး တောင့်တင်းတဲ့လေသံနဲ့ ပြောလိုက်တယ်။

သူ့ကျောပြင်မှာ ချွေးတွေ ရွှဲနစ်နေတယ်။ အပူဒဏ်ကြောင့်လို့ ထင်ရပေမယ့် စိုးရိမ်ပူပန်မှုကြောင့် ဖြစ်ဖို့များတယ်။

"ငါကြားပါတယ်။ ဟယ်.. ချွေးတွေပြန်နေတာကို ကြည့်ပါဦး။ တစ်ခုယူလိုက်ဦး"

"ဟုတ်ကဲ့"

မန်နေဂျာကို ကြည့်ရင်း မာရူး ခေါင်းညိတ်ပြလိုက်တယ်။ မန်နေဂျာက သူ့အနားကပ်လာပြီး တိုးတိုးလေး ပြောတယ်။

"ကျေးဇူးပဲကွာ။ မင်းကျေးဇူးကြောင့် အစ်ကို အသက်ရှူချောင်သွားတယ်"

"အင်းလေ.. တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့"

"တစ်ခုခုဖြစ်လာရင် မင်းကို အစ်ကို တစ်ခါလောက် ပြန်ကူညီပါ့မယ်။ အစ်ကို သိတဲ့ ဇာတ်ညွှန်းရေးဆရာတွေ အများကြီးရှိတယ်"

"အဲဒီလိုလုပ်ပေးရင်တော့ ကျေးဇူးတင်ရမှာပေါ့"

လူမှုဆက်ဆံရေးဆိုတာ ဒီလိုပဲ တည်ဆောက်ရတာလေ။ စူပါစတားတစ်ယောက်ရဲ့ မန်နေဂျာဆိုတာ သာမန်လူတော့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် မီယွန်းလို အကျင့်စရိုက်ဆိုးဝါးတဲ့ မိန်းမတစ်ယောက်ရဲ့ မန်နေဂျာဖြစ်နေတယ်ဆိုတာ အဲဒီမန်နေဂျာက အရမ်းကို အရည်အချင်းရှိရမယ်ဆိုတဲ့ သဘောပဲ။ အရည်အချင်းမရှိတဲ့ မန်နေဂျာဆိုရင် မီယွန်းက လက်ခံမှာမဟုတ်ဘူးလေ။ အချက်အလက်တွေ အများကြီး ရနိုင်တဲ့အတွက် မန်နေဂျာလုပ်သက်ရင့်တဲ့သူတစ်ယောက်နဲ့ ရင်းနှီးအောင်နေတာက မာရူးအတွက် အကောင်းဆုံးပဲ။

ရေခဲချောင်းကို ပါးစပ်ထဲငုံရင်း လူတွေကို မာရူး အကဲခတ်ကြည့်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆူယွန်းက သူ့အနားကို ရောက်လာတယ်။

"မင်း တော်တော် သည်းခံနိုင်တာပဲ။ ငါကတော့ မင်း သူ့ကို ပြန်ပြောမယ့်အချိန်ကို မျှော်လင့်နေတာ"

"ကျွန်တော် ရူးမနေသရွေ့တော့ သူ့ကို ရန်သွားဖြစ်မှာ မဟုတ်ဘူး။ အဲဒီကနေ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်လို့ ရန်ဖြစ်စရာအကြောင်းလည်း မရှိဘူးလေ"

"ဒါဆို မင်းမြင်ခဲ့တာတွေကို အွန်လိုင်းမှာ တင်ကြည့်ပါလား။ အဲဒီမိန်းမကြီး စိတ်ညစ်နေတာကို ငါ မြင်ချင်လို့"

"ဖျော်ဖြေရေးလောကဆိုတာ နေ့တိုင်း ဒီလိုပို့စ်တွေ အများကြီး ထွက်ပေါ်နေတဲ့ နေရာတစ်ခုပဲ မဟုတ်ဘူးလား။ ဘယ်သူကမှလည်း ဒါတွေကို အလေးအနက်မထားကြဘူး။ တကယ်လို့ ပြဿနာကြီးတစ်ခု ဖြစ်လာရင်တောင် သက်သေပြဖို့အတွက် ကျွန်တော်က သူ့ရှေ့မှာ ရပ်တည်ရမှာလေ။ အဲဒီကနေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ရှင်းနေတာပဲ။ ရိုင်းစိုင်းတဲ့ နာမည်ကြီးအနုပညာရှင်ဆိုတာ သူမှ ပထမဆုံးမဟုတ်တာ။ ကျွန်တော်က ခဏလောက်တော့ သတင်းဖြစ်သွားမှာဖြစ်ပေမယ့် တခြားကိစ္စတစ်ခုခုကြောင့် ဖုံးလွှမ်းသွားမှာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ 'ရိုင်းစိုင်းတဲ့ အထက်တန်းကျောင်းသား' ဆိုပြီး တံဆိပ်ကပ်ခံရပြီး ဒီလောကထဲကို ဘယ်တော့မှ ပြန်ဝင်နိုင်တော့မှာ မဟုတ်ဘူး။ အခုမှ စတင်ခါစ ဖျော်ဖြေရေးလောကဘဝကို ဒီလိုနဲ့ အဆုံးမသတ်ချင်သေးဘူး"

သက်သေပြရမယ်ဆိုတာ စွန့်စားရတဲ့အလုပ်ပဲ။ အဲဒီမိန်းမကြီးကို ဆန့်ကျင်ပြီး စွန့်စားရမယ် အဲဒါက ရယ်စရာတောင် မကောင်းဘူး။ သာမန်လူတစ်ယောက်ဆိုရင်တော့ အဲဒီလိုမျိုး တင်နိုင်ပေမယ့် ဒီလောကထဲက လူတစ်ယောက်အတွက်တော့ မဖြစ်နိုင်ဘူး။

အခုလောလောဆယ် အဲဒီမိန်းမကြီးကိုပဲ အာရုံစိုက်နေလို့ မရဘူး။ ဒီလိုနေရာမျိုးကို ရောက်ဖို့ သူမ ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို သူ စဉ်းစားရမယ်။ သူမက အနုပညာသက်တမ်း ဆယ်စုနှစ် ၃ ခုကျော် ဖြတ်သန်းခဲ့တာလေ။ ၁၀ နှစ်လောက်ဆိုရင်ပဲ အနားယူဖို့ စဉ်းစားရလောက်တဲ့ အသိုင်းအဝိုင်းမှာ အနှစ် ၃၀ ကျော်တောင် ရပ်တည်ခဲ့တာ။ ဒါကိုကြည့်တာနဲ့တင် ရှင်းနေပါပြီ။ သက်တမ်းရင့် သစ်ပင်ကြီးတွေကို ခုတ်လှဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သစ်ပင်မလဲခင် ပုဆိန်က အရင်ကျိုးသွားဖို့ပဲ များတယ်။

"ဒါဆို မင်းကို ငါ အကြာကြီး နမ်းမယ်လေ၊ ငါ့ကိုယ်စား သူ့ကို သွားဖြတ်ရိုက်ပေးမလား။ သူ အရမ်း မာနကြီးနေလို့"

"သူ မာနကြီးတယ်ဆိုတာကို လက်ခံပေမယ့် သူ့ကို ပါးရိုက်ဖို့ကတော့ ကျွန်တော့်အတွက် အရမ်းခက်တယ်။ သူ့ကို အဲဒီလောက်တောင် ပါးရိုက်ချင်နေရင် ခင်ဗျားကိုယ်တိုင် သွားရိုက်ပါလား"

ရေခဲချောင်းအိတ် အောက်ခြေကို ညှစ်ရင်း သူ ပြောလိုက်တယ်။ ဆိုဒါအရသာ ရေခဲချောင်းက ပါးစပ်ထဲ ဝင်သွားတော့ အရမ်းကို လန်းဆန်းသွားသလို သူ ခံစားလိုက်ရတယ်။

"ဘေးနားမှာ လူတွေမရှိရင် ရိုက်မှာပေါ့၊ အခုက လူတွေ အရမ်းများနေလို့"

"သူ့ကို ပါးရိုက်ပြီး ပြဿနာရှာလိုက်ပါလား။ အဲဒါဆို ကောင်းမှာပဲ။ ဘာလို့ ကောင်မလေးက သူ့စီနီယာကို ပါးရိုက်ခဲ့တာလဲပေါ့။ သတင်းထောက် ဒေါင်ဝုခ် က ခင်ဗျားအတွက် သတင်းကောင်းတစ်ပုဒ် ရေးပေးလိမ့်မယ်ထင်တယ်"

"ထီပေါက်ရင်တော့ လုပ်ဖြစ်မယ်ထင်တယ်"

"အရင်က ခင်ဗျား သူ့ပခုံးကို နှိပ်ပေးနေတာ မြင်လိုက်တယ်။ မျက်နှာပြောင်တိုက်ဖို့ ဆုံးဖြတ်ထားမှတော့ သူ့ကို ပိုပြီးရင်းနှီးအောင် လုပ်သင့်တယ်။ ဘယ်သူသိမှာလဲ။ သူက ခင်ဗျားကို ဇာတ်ရုပ်ကောင်းကောင်းတစ်ခု ရအောင် လုပ်ပေးနိုင်တာပဲ"

"ကိုယ့်ဘာသာ ဇာတ်ရုပ်ကောင်းကောင်း ရအောင် လုပ်နိုင်ပါတယ်။ မင်း အဲဒီမိန်းမကြီးနဲ့ အချိန်နည်းနည်းလောက် အတူဖြတ်သန်းကြည့်ပါလား။ တစ်နာရီလောက်ကြာတာနဲ့ သူ့ကို သတ်ချင်စိတ်ပေါက်သွားလိမ့်မယ် သိလား"

"ခင်ဗျား သူ့ကို မသတ်ရသေးတာ အံ့ဩစရာပဲ"

"ငါ့စိတ်ထဲမှာတော့ သူ့ကို အကြိမ်ကြိမ် သတ်ပြီးနေပြီ"

ဆူယွန်းက သူမရဲ့ ရေခဲမုန့်ကို အံသွားနဲ့ ကိုက်လိုက်တယ်။ အဲဒီနောက် မီယွန်းနဲ့ မျက်လုံးချင်းဆုံသွားတဲ့အခါ ပြုံးပြလိုက်တယ်။

"ကိုယ့်အခြေအနေကို ထိန်းသိမ်းရတာ၊ သူလိုလူမျိုးတွေကို ဖားနေရတာတွေနဲ့ ခင်ဗျား တော်တော်လေး ပင်ပန်းနေမှာပဲ"

"ငါကတော့ အရည်ပျော်ကျတော့မလိုပဲ ခံစားနေရတယ်"

"အနားယူပြီး လူချမ်းသာတစ်ယောက်ကို ယူပြီး သက်တောင့်သက်သာ နေလိုက်တာက ပိုမကောင်းဘူးလား"

"ဟင့်အင်း.. ငါ့အတွက်ကတော့ ဂွန်ဆူ တစ်ယောက်တည်းပဲ"

"ဒါပေမဲ့ ဟိုဘက်က ခင်ဗျားကို နည်းနည်းလေးတောင် လှည့်မကြည့်ဘူးလေ"

"အဆင်မပြေဘူးဆိုရင် သူ့ကို အရက်မူးအောင်တိုက်ပြီး အကုန်ပေးလိုက်မယ်။ သူက အရက်တော်တော်သောက်နိုင်ပေမယ့်ပေါ့။ ငါကလည်း အဲဒီလောက်ကြီး အားနည်းတဲ့အထဲမှာ မပါပါဘူး"

"တော်တော်မိုက်တဲ့ အစီအစဉ်ပဲ"

"မင်း ငါ့ကို ဒီလောက်အေးအေးဆေးဆေး ပြန်ဖြေနိုင်တာကို အံ့ဩမိတယ်။ မင်း ဒါနဲ့ပတ်သက်ပြီး ဘာမှမတွေးဘူးလား"

"ခင်ဗျားဘဝက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော့်ကို ဒုက္ခမပေးသရွေ့ ခင်ဗျား ယောက်ျားအယောက် တစ်ရာနဲ့ပဲ အိပ်အိပ် ကျွန်တော် စိတ်မဝင်စားဘူး"

"အယောက် တစ်ရာဆိုတာတော့ နည်းနည်းများလွန်းပါတယ်" လို့ ဆူယွန်းက တခစ်ခစ်ရယ်ရင်း ပြောတယ်။

ဇာတ်ရံတွေ အားလုံး သူ့ဘက်ကို လှည့်ကြည့်နေတာကို မာရူး မြင်လိုက်တယ်၊ အထူးသဖြင့် နံပါတ်လေး နဲ့ နားကြပ်တပ်ထားတဲ့ ကောင်မလေးပဲ။

"ကျွန်တော့်ကို ပြောစရာမရှိတော့ရင် သွားလို့ရပြီ"

"ဘယ်သွားရမှာလဲ။ အခုသွားရင် အဲဒီမိန်းမကြီးနဲ့ ပြန်ရင်ဆိုင်ရမှာပေါ့"

"ဒါဆို ကျွန်တော် သွားတော့မယ်"

"ဘာလို့လဲ။ ငါနဲ့ပဲ နေပါကွာ။ ဒီမှာ ငါ ဘယ်သူ့ကိုမှ သဘောမကျလို့ ပျင်းနေတာ"

"ဒါရိုက်တာကို သွားမြူဆွယ်ကြည့်ပါလား"

"ဟေ့.. သားကောင်ဆိုတာလည်း အဆင့်အတန်းရှိတယ် သိလား။ သူ့ကို အလကားပေးရင်တောင် ငါက ယူမှာမဟုတ်ဘူး။ ပြီးတော့ ဒီရက်ပိုင်း ငါ ရှောင်နေတာ။ ကိစ္စတွေ လက်လွန်သွားရင် ငါ့အတွက် အန္တရာယ်ရှိနိုင်တယ်လေ"

"အော်.. ကျွန်တော် မေးချင်နေတာ။ ဒီလိုမျိုးကိစ္စတွေကြောင့် စိတ်ဒဏ်ရာရသွားရင် လူတွေက လိင်ကိစ္စကို ကြောက်သွားတတ်ကြတယ် မဟုတ်ဘူးလား"

"အဲဒါက ဘာထူးမှာလဲ။ ငါ ထွက်ပြေးရတာကို ငြီးငွေ့နေပြီ။ စားပြီးခါမှ လွှင့်ပစ်ခံရတဲ့ အတွေ့အကြုံမျိုးက နှစ်ခါဆို လုံလောက်နေပါပြီ"

"ခင်ဗျားက အဲလိုပြောရင်လည်း ဟုတ်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်လို အထက်တန်းကျောင်းသားတစ်ယောက်နဲ့ ဒီလိုအကြောင်းအရာတွေကို ပြောလို့ဖြစ်ပါ့မလား။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ ခင်ဗျား အဖမ်းခံရနိုင်တယ် သိလား"

"ဘာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုလဲ။ မင်းကမှ အထက်တန်းကျောင်းသားနဲ့ မတူတာ။ ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ပြီး လိင်ကိစ္စဆိုတဲ့စကားကို ဘယ်လိုများ တည့်ပြောထွက်ရတာလဲ"

"လိင်ကိစ္စကို လိင်ကိစ္စလို့ပဲ ခေါ်ရမှာပေါ့၊ ဘယ်လိုခေါ်ရမှာလဲ။ သိပ္ပံအခေါ်အဝေါ် သုံးလိုက်ရင်ရော ပိုကောင်းသွားမှာမို့လို့လား။ လိင်ဆက်ဆံခြင်း မိတ်လိုက်ခြင်း"

ရေခဲချောင်းက အရည်ပျော်နေပြီမို့လို့ သူ သောက်လိုက်တယ်။ ဆူယွန်းကလည်း ရေခဲချောင်းသစ်သားချောင်းကို ပါးစပ်နဲ့ ကိုက်ထားတယ်။

"ဟန်မာရူး က ဒီလို ယဉ်ကျေးမှုမရှိတဲ့ ကောင်လေးမှန်း မင်းကောင်မလေး သိပါ့မလားမသိဘူး"

"ဒါတွေက ဘာမှမဟုတ်ပါဘူး။ ဒါထက် ခင်ဗျား တကယ် မသွားတော့ဘူးလား။ သူ ပျင်းလာတော့မယ်ထင်တယ်"

တခြားသရုပ်ဆောင်တွေနဲ့ စကားပြောနေတဲ့ မီယွန်းက လက်ပိုက်ပြီး မျက်နှာကျက်ကို ပျင်းရိပျင်းတွဲ ကြည့်နေတယ်။ သူမရဲ့ စိတ်အခြေအနေကောင်းတွေ ပြန်ကျဆင်းလာတဲ့ပုံပဲ။ ဆူယွန်းက သက်ပြင်းချရင်း မတ်တပ်ရပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ဘက်ကို လှည့်ကြည့်လာတယ်။

"စိတ်ဝင်စားစရာကောင်းတာ တစ်ခု ပြောပြရမလား"

"ဘာများလဲ"

"အဲဒီမိန်းမကြီးအကြောင်း ကောလာဟလတစ်ခုလေ"

"ကောလာဟလ"

"ဒီနားမှာ တော်တော်နာမည်ကြီးတာ။ သူက မဒမ် တစ်ယောက်တဲ့"

"မဒမ်"

"သူက ကလေးအငယ်လေးတွေကို သဘောကျတယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်။ ရုပ်ချောချောလေးတွေပေါ့။ သူက အိုင်ဒေါတွေကိုတောင် ကိုင်တွယ်ဖူးတယ်လို့ ပြောကြတယ်"

"သူက အိမ်ထောင်မရှိဘူးလား"

"လူလွတ်လေ။ နှစ်ခါလောက် ကွာရှင်းထားတယ်ထင်တယ်။ ကလေးအငယ်လေးတွေနဲ့ အိပ်ချင်လို့ ကွာရှင်းလိုက်တာဆိုတဲ့ ကောလာဟလတွေလည်း ရှိတယ်"

"ဒီလောကထဲက ကောလာဟလတွေက ဘာလို့ ဒီလောက် ရွံစရာကောင်းနေရတာလဲ"

"ဒါက ကောလာဟလဆိုတဲ့ သဘောပဲလေ။ ကောင်းတဲ့အလုပ်တွေကို ကောလာဟလအနေနဲ့ ဘယ်သူက သဘောကျမှာလဲ"

သူမ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး မီယွန်းဆီ လျှောက်သွားကာ ဖားယားနေတော့တယ်။

"ဆူယွန်း အွန်နီကို သိလို့လား"

"သူနဲ့ ဘာတွေ ပြောနေကြတာလဲ"

ဆူယွန်း ထွက်သွားတာနဲ့ ဇာတ်ရံတွေနဲ့ နောက်ခံသရုပ်ဆောင်တွေက သူ့အနားကို ရောက်လာကြတယ်။ နားနေခန်းထဲမှာ လူစိတ်ဝင်စားမှုအခံရဆုံးဖြစ်နေတဲ့ နံပါတ်လေး က သူ့ကို အနေခက်တဲ့အပြုံးနဲ့ ကြည့်နေတာ မာရူး မြင်လိုက်တယ်။

"ဟိုဘက်မှာ အဆင်သင့်လုပ်ထားကြတော့"

မေးခွန်းမိုးရွာတော့မယ့် အခြေအနေကနေ သူ့ကို ကယ်တင်လိုက်တာက ဒါရိုက်တာ ပဲ။ သူ့ဘေးနားက လူတွေက သူတို့နေရာကို အမြန်သွားကြတယ်။ အဓိကဇာတ်ဆောင်တွေကလည်း ကိုယ့်နေရာကိုယ် အသီးသီး ဝင်ယူလိုက်ကြတယ်။

"ဒါကို တစ်ခါတည်းနဲ့ အပြတ်ရိုက်မယ်နော်။ ဒီမှာက နောက်ဆုံးအခန်းဆိုတော့ စိတ်လှုပ်ရှားမနေကြနဲ့"

အဲဒီနောက် ကျူးအချက်ပြလိုက်တယ်။

* * * * * * * * *

"အားလုံးပဲ ပင်ပန်းသွားကြပါပြီ"

ရိုက်ကွင်းက ရိုက်ကူးရေး ပြီးသွားတယ်။ ဝန်ထမ်းတွေ အလုပ်ရှုပ်သွားကြတယ်။ ပြိုင်ပွဲကျင်းပတဲ့နေရာကို အပိုင်းပိုင်းဖြုတ်ပြီး ဖော့ကလစ်တွေပေါ် တင်နေကြတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဖက်မှာ တခြားရိုက်ကွင်းတစ်ခုကို ဆောက်နေတယ်။

"ဟေး.. မာရူး"

သူ့ကို လှမ်းခေါ်လိုက်တာက ကင်မရာဒါရိုက်တာ ကင်ဂျန်ဆူ ပဲ။

"ဟုတ်ကဲ့ ဒါရိုက်တာ"

"မနက်ဖြန် ချွန်းဟို ရဲ့ အက်ရှင်ကျောင်းကို သွားမှာလား"

"ဟုတ်။ လေ့ကျင့်ရေး သွားလုပ်ရမယ်"

"ဒါဆို ဒီနေ့ချိန်းထားတာကို ဖျက်လိုက်ပြီး မနက်ဖြန် ချွန်းဟို နဲ့အတူ သွားစားကြမယ်လေ။ မင်း အရက်သောက်တတ်လား"

"နည်းနည်းပါးပါးတော့ သောက်တတ်ပါတယ်"

"အဲဒါ ကောင်းတယ်။ တက္ကသိုလ်ရောက်ရင် အခက်အခဲမရှိအောင် အထက်တန်းကျောင်းမှာကတည်းက စသောက်ထားဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှ တွေ့မယ်။ ဝက်သုံးထပ်သားနဲ့ ဆိုဂျူ သောက်ကြတာပေါ့"

သူ့ကို နှုတ်ဆက်ပြီးနောက် ဂျန်ဆူ က ကင်မရာဘက်ကို လျှောက်သွားတယ်။ ဒီအပတ်ကတော့ အလုပ်များတယ်။ အက်ရှင်ကျောင်းမှာ လေ့ကျင့်ပြီးသွားရင် နောက်ရက်မှာ သရုပ်ဆောင်ကလပ်က လေ့ကျင့်ရေးရှိတယ်။ အရည်အချင်းစစ်ပွဲမှာ ထိပ်ဆုံး နှစ်နေရာအတွင်း ဝင်နိုင်ခဲ့ရင် ဆိုးလ်အနုပညာပြဇာတ်ရုံ ကို သွားရမှာဖြစ်တယ်။

သူ့ခေါင်းထဲမှာ အစီအစဉ်တွေကို စဉ်းစားရင်း လွယ်အိတ်ကို သိမ်းနေတုန်း၊

"အဟမ်း.. ဟေး"

နားနေခန်းထဲ ရောက်လာတဲ့ နံပါတ်လေး က သူ့ကို တားလိုက်တယ်။

"ဒီပြီးရင် သွားစရာရှိသေးလို့လား"

"မရှိပါဘူး"

"ဒါဆို ညစာ အတူတူ သွားစားကြမလား။ ဒီနေ့တွေ့တဲ့သူတွေ အကုန်လုံး သွားကြမှာ။ အရေးကြီးကိစ္စ မရှိဘူးဆိုရင် မင်းလည်း လိုက်ခဲ့သင့်တယ်ထင်တယ်။ ဆိုလိုတာက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားအောင်လေ"

နံပါတ်လေးရဲ့ နောက်မှာ ဇာတ်ရံလေးယောက် ရပ်နေပြီး နားကြပ်တပ်ထားတဲ့ ကောင်မလေးလည်း ပါတာကို တွေ့ရတယ်။ သူတို့အားလုံးက ရည်မှန်းချက်ကြီးတဲ့ သရုပ်ဆောင်တွေ ဖြစ်ပုံရတယ်။ သူ့မှာလည်း ထူးထူးခြားခြား သွားစရာမရှိသလို ညစာစားချိန်လည်း နီးနေပြီဖြစ်တဲ့အတွက် လောလောဆယ်တော့ ခေါင်းညိတ်လိုက်တယ်။ ရည်ရွယ်ချက်တူတဲ့ သူတွေနဲ့ ရင်းနှီးအောင် နေထားတာ ဆိုးကျိုးတော့ မရှိနိုင်ဘူးလေ။

"ကောင်းပြီ။ အရင်ဆုံး ဗိုက်ပြည့်အောင် သွားစားကြမယ်" လို့ ခေါင်းဆောင်တစ်ယောက်လိုမျိုး နံပါတ်လေး က ပြောလိုက်တယ်။

* * * * * * * * *

All Chapters