← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း(၃၆၂)

(၁၈+ အခန်းတချိုပါဝင်တဲ့အတွက် ဒီအခန်းကို Telegramမှ Channelမှာလာရောက်ဖတ်ရှုပေးပါခင်ဗျာ။ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်။ https://t.me/+OZqilMXxgnY1NjJl )

ဆွန်းဂျဲက ဂျောင်းလင်ကို ကြည့်ပြီး ပြုံးလိုက်တယ်။ ဘာကြောင့်မှန်းမသိပေမယ့် ခုနကတည်းက သူတို့ မျက်လုံးချင်း ခဏခဏဆုံနေတော့ သူမက သူ့ကို ကြည့်နေတာလားလို့ သူတွေးမိသွားတယ်။ သူမမှာ မေးစရာတစ်ခုခုများ ရှိနေလို့လား။

"အစ်ကိုဆွန်းဂျဲ၊ အစ်ကိုမြင်ဖူးတဲ့ မင်းသမီးတွေထဲမှာ ဘယ်သူက အလှဆုံးလဲဆိုတာ ပြောပြပါလား"

သူ့ဘေးမှာထိုင်နေတဲ့ ဂွမ်ဆော့က သူ့လက်မောင်းကို ဆွဲကိုင်ပြီး ပြောလာတယ်။ ရင်းနှီးသလို ဆက်ဆံတာ ကောင်းပေမယ့် အရမ်းကြီး ရင်းနှီးလွန်းနေတော့ သူ့အတွက် နည်းနည်း အနေရခက်စေတယ်။

"အားလုံး လှကြတာပါပဲ"

"အဲဒီလို မပြောဘဲ စိတ်ထဲရှိတဲ့အတိုင်းသာ ပြောပြပါ။ ကျွန်တော်ကတော့ ခုတလော ဆူယွန်းနူးနာကို သဘောကျနေတာ။ အစ်ကို သူ့ကို သိလား"

"ဟင့်အင်း အပြင်မှာတော့ မဆုံဖူးဘူး"

"ဪ တကယ်လို့ သူ့ကိုတွေ့ရင် ကျွန်တော့်နာမည်နဲ့ လက်မှတ်လေး တစ်စောင်လောက် တောင်းပေးလို့ရမလား"

"အခွင့်အရေးရရင်တော့ တောင်းပေးမယ်လေ"

"အာ ဟုတ်သားပဲ။ ကျွန်တော်လည်း တစ်ခါက အိုင်ဒေါတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ဖူးတယ်။ ကျွန်တော် သီချင်းဆို တော်တော်ကောင်းတယ် သိလား။ ကတာလည်း ကောင်းတယ်။ ကျွန်တော်သာ အိုင်ဒေါဖြစ်ခဲ့ရင် တော်တော်လေး အောင်မြင်လောက်တယ်"

"အင်းပါ"

"တစ်နေ့ကျရင် ကာရာအိုကေခန်း အတူတူသွားရအောင်လေ။ ကျွန်တော့် အရည်အချင်းတွေကို ပြမယ်။ ဖြစ်နိုင်ရင် ကောင်မလေးအိုင်ဒေါတွေနဲ့ပေါ့"

"အဲဒါကတော့ ခက်မယ်ထင်တယ်"

"အာ ဘာလို့လဲဗျ။ အစ်ကိုက TTO အဖွဲ့ဝင်ပဲ၊ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်"

"ငါက သိပ်ပြီး ကြီးကျယ်တဲ့သူမှ မဟုတ်တာ"

"အင်းပါလေ။ ဒါပေမယ့် အခွင့်အရေးရရင် ကျွန်တော့်ကို ခေါ်ဖို့ မမေ့နဲ့နော်။ ကတိပေးတယ်မလား"

"အေးပါ"

စကားလေးနည်းနည်းပြောရုံနဲ့တင် သူ့ကို ပင်ပန်းသွားစေတယ်။ သူက တစ်ခုမဟုတ် တစ်ခု တောင်းဆိုနေပြီး နောက်နေတဲ့ပုံလည်း မပေါက်ဘူး။ မဟုတ်ဘူး၊ နောက်နေတယ်ဆိုရင်တောင် အရမ်းလွန်နေပြီလေ။ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်လို့များ အဲဒီလိုတွေ ပြောနေတာလား။ ဂွမ်ဆော့က ဘယ်လိုလူမျိုးလဲဆိုတာ သိရဖို့ အချိန်နည်းနည်းတော့ ယူရဦးမယ်။ ဂျောင်းလင်လည်း ထိုနည်းတူပဲ။

ဆွန်းဂျဲက ခေါင်းလှည့်ပြီး မီဆိုကို ကြည့်လိုက်တယ်။ မီဆိုက ကော်ဖီသောက်ရင်း သူတို့ကို စောင့်ကြည့်နေတယ်။ သူမနဲ့ပတ်သက်တဲ့ ကောလာဟလတွေကို သူ အများကြီး ကြားဖူးထားတယ်။ ဒီသင်တန်းကျောင်းမှာတောင် သူမက သင်ကြားရေးစွမ်းရည်ကြောင့် နာမည်ကြီးတဲ့ နည်းပြတစ်ယောက်လေ။

ဆည်းဆာအချိန် ရုန်းကန်မှုများ ဇာတ်လမ်းတွဲ ရိုက်ကူးရေး ပြီးသွားတဲ့နောက်မှာတော့ သရုပ်ဆောင်တာကို အခြေခံကနေစပြီး သင်ယူသင့်တယ်လို့ ဆွန်းဂျဲ ဆုံးဖြတ်လိုက်တယ်။ ဒီသင်တန်းကျောင်းကို လျှောက်ပြီး ဒီအတန်းကို အထူးတလည် စာရင်းသွင်းခဲ့ရတဲ့ အကြောင်းရင်းကလည်း အဲဒါကြောင့်ပဲ။

အိုင်ဒေါတစ်ယောက်အနေနဲ့ လှုပ်ရှားနေရင်း သရုပ်ဆောင်သင်ယူတာ၊ အိုင်ဒေါတစ်ယောက်အနေနဲ့ ရလာတဲ့ နာမည်ကြီးမှုကို အသုံးချပြီး ရုပ်ရှင်လောကကို ခြားထားတဲ့ နံရံကို ထိုးဖောက်တာတွေပေါ့။ အဲဒါက ဥက္ကဋ္ဌ နာရင် သူ့ကို ပြသခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး လမ်းက ကောင်းကောင်းခင်းထားသလို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း လျှောက်သွားမယ်ဆိုရင် ပန်းတိုင်ကို ရောက်သွားနိုင်မယ့်ပုံပဲ။

ဒါပေမယ့် အဘိုး မွန်ဂျောင်နဲ့ စကားပြောပြီးတဲ့နောက်မှာတော့ ဆွန်းဂျဲက သူလျှောက်နေတဲ့ လမ်းနဲ့ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်လာခဲ့တယ်။ သူ့ရဲ့ နာမည်ကြီးမှုကြောင့် စိတ်မသက်မသာဖြစ်တာမျိုးတော့ မဟုတ်ဘူး။ TTO အဖွဲ့က ဆွန်းဂျဲဖြစ်နေသရွေ့ သူဘာပဲလုပ်လုပ် လူကြိုက်များနေမှာပဲ။ ဒါက သူ မာနကြီးနေတာမဟုတ်ဘဲ ယုံကြည်မှုရှိနေတာ။ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ဒီအချက်ကို သူ အကြိမ်ကြိမ် အတည်ပြုနိုင်ခဲ့တယ်။

သူ စိတ်မသက်မသာဖြစ်ရတဲ့ အကြောင်းရင်းက သူ ဘယ်လို သရုပ်ဆောင်မျိုး ဖြစ်လာမလဲဆိုတဲ့ အချက်ပဲ။ တကယ်လို့ သူက ငွေကြေးအရ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားမယ်ဆိုရင်တော့ သူက အဲဒီလို သရုပ်ဆောင်မျိုးလို့ သတ်မှတ်လို့ရတယ်။ ဥက္ကဋ္ဌ နာရင် ယူလာပေးတဲ့ ဇာတ်ညွှန်းတွေ အများကြီးရှိတယ်။ တချို့ကမ်းလှမ်းမှုတွေက လူရွေးပွဲတောင်မလိုဘဲ ရိုက်ကွင်းကို လာဖို့ပဲ တောင်းဆိုကြတာ။ သူတို့က သူ့ရဲ့ မျက်နှာသာ လိုအပ်တာလေ။ သူက အသင့်အတင့် သရုပ်ဆောင်နိုင်စွမ်းရှိပြီး အရမ်းလည်း နာမည်ကြီးတယ်။ သူ ရုပ်ရှင်ရိုက်နေသရွေ့ သူ့ရဲ့ အချိန်ဇယားကို နေ့တိုင်း လာစစ်လေ့ရှိတဲ့ ပရိသတ်တွေက သူ့အတွက် ရုပ်ရှင်ကို ကြည့်ပေးကြမှာပဲ။

ဒါက ဘယ်လောက်တောင် လွယ်ကူတဲ့ အောင်မြင်မှုလဲ။ ဒါပေမယ့် အဲဒါက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပိုက်ဆံရှာနေတာမျိုး မဟုတ်ဘဲ အိုင်ဒေါဆွန်းဂျဲအနေနဲ့ ရှာနေတာမျိုးဖြစ်နေတယ်။ အဘိုး မွန်ဂျောင်နဲ့ မပြောခင်ကဆို သူက အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ရုံနဲ့တင် ကျေနပ်နိုင်မယ်လို့ ထင်ခဲ့တာ။

ဘာကများ သူ့ကို အဲဒီလို လမ်းကြောင်းပေါ် ရောက်သွားစေတာလဲ။ အခု ပြန်တွေးကြည့်တော့ အတိတ်က သူ့ကိုယ်သူ သနားစရာကောင်းတယ်လို့ ခံစားရတယ်။ သူ အရာအားလုံးကို ပင်ပန်းနေခဲ့မှာပဲ။ ငွေက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ညွှန်ကြားနေတာတွေ၊ သူ တက်ရမယ့် ရုပ်သံအစီအစဉ်တွေ အများကြီးရှိနေတာတွေကို သူ ငြီးငွေ့နေခဲ့ပြီ။ သူနဲ့အတူ သင်ယူခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းက ဇာတ်ရံတစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ ရှင်သန်နေရတာကို မြင်တဲ့အချိန်၊ ပြီးတော့ အဲဒီလုပ်ဖော်ကိုင်ဖက်ကို သူ့ရဲ့ နာမည်ကြီးမှုနဲ့ ဖိနှိပ်ပြီး အထင်သေးခဲ့တဲ့အချိန်တွေမှာ သရုပ်ဆောင်တယ်ဆိုတာ အဆုံးမှာတော့ ဘေးထွက်စွမ်းရည်တစ်ခုသာဖြစ်တယ်လို့ သူ တွေးခဲ့မိတယ်။ နောက်ဆုံးမှာတော့ ရုပ်သံအစီအစဉ်တွေက ငွေကိုပဲ ရည်ရွယ်ကြပြီး သူ့ရဲ့ နာမည်ကြီးမှုက အဲဒီအစီအစဉ်တွေကို ငွေရစေတဲ့အတွက် နာမည်ကြီးမှုဆိုတာ အရာအားလုံးကို ဆုံးဖြတ်ပေးတဲ့ အတိုင်းအတာတစ်ခုလို့ သူ ထင်ခဲ့တယ်။

ဒါပေမယ့် အဲဒါက မဟုတ်ဘူး။ အဘိုး မွန်ဂျောင် လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝကို ကွဲပြားခြားနားတယ်။ ဇာတ်လမ်းတွဲတွေ ရိုက်တုန်းက တစ်ခါမှ မကြုံဖူးတဲ့ ပတ်ဝန်းကျင်တစ်ခုက အဲဒီရိုက်ကွင်းမှာ ရှိနေတယ်။ အဘိုး မွန်ဂျောင် ပြောခဲ့တဲ့ ပညာရှင် ဆိုတာ ဘာလဲဆိုတာကို အဲဒီရိုက်ကွင်းမှာ သူ ခံစားခဲ့ရတယ်။

အခုချိန်ထိ သူရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက ဘာတွေလဲ။ နောက်ကြောင်းပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဘယ်တော့မှ ရေပန်းစားတဲ့ အကြောင်းအရာတစ်ခု မဖြစ်ခဲ့ဘူး။ သတင်းဆောင်းပါးတွေမှာ အမြဲတမ်း TTO အဖွဲ့က ဆွန်းဂျဲ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်လာတယ် ဆိုတာမျိုးပဲ။ နာမည်ကြီးမှုကနေတဆင့် သူရလာတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တာက ဇာတ်ကွက်တွေကို ဖြည့်ဆည်းဖို့ ကိရိယာတစ်ခုသက်သက်ပဲ။

ရုပ်ရှင်ရိုက်ကွင်းမှာတော့ ဆွန်းဂျဲက မွန်ဂျောင်ရဲ့ သရုပ်ဆောင်ချက်ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့တယ်။ တခြားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း သူ မျက်စိထဲ စွဲမှတ်ထားလိုက်တယ်။ အဲဒီနေရာက ပြင်းထန်တဲ့ စစ်မြေပြင်တစ်ခုပဲ။ လူတစ်ယောက်ကို သတ်ပစ်နိုင်လောက်တဲ့ ချွန်ထက်တဲ့ စကားလုံးတွေက လေထုထဲမှာ သာမန်လိုပဲ လွင့်ပျံနေတယ်။ ပတ်ဝန်းကျင် အခြေအနေက ကောင်းနေပေမယ့် ဇာတ်ဝင်ခန်းတစ်ခုက တစ်ယောက်ယောက်ရဲ့ အကြိုက်နဲ့ မကိုက်ညီတာနဲ့ တစ်ခဏအတွင်းမှာ အေးခဲသွားတတ်တယ်။ အဲဒီကြားထဲမှာပဲ ဆွန်းဂျဲရဲ့ စိတ်ခံစားမှုတွေက ဂနာမငြိမ်ဖြစ်လာတာကို ခံစားလိုက်ရတယ်။

အသိဉာဏ်မရှိတဲ့ စက်ရုပ်တစ်ရုပ်လို သူ့ရဲ့ စကားပြောတွေကို စက်ရုပ်ဆန်ဆန် ရွတ်ပြနေတာမျိုး မဟုတ်ဘဲ အဲဒီမှာရှိနေတဲ့ တခြားပညာရှင်တွေနဲ့ တစ်သားတည်းဖြစ်အောင် သူ့ရဲ့ စကားပြောတွေကို ကြိုးစားအားထုတ်လာခဲ့တယ်။ ကျန်တဲ့ သရုပ်ဆောင်တွေနဲ့ အံမဝင်ဘဲ ကွဲထွက်မနေချင်ဘူး။ သူတို့နဲ့အတူ ရပ်တည်ချင်တယ်ဆိုတဲ့ ပြင်းပြတဲ့ အတွေးတစ်ခုက သူ့ကို ဖမ်းစားထားတယ်။

အဲဒီအချိန်မှာပဲ သူ သဘောပေါက်သွားတယ်။ အဲဒါက ကျောင်းသားဘဝတုန်းက သူလုပ်ချင်ခဲ့တဲ့ သရုပ်ဆောင်မျိုးဆိုတာကို သူ နားလည်သွားတယ်။ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရာမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ချင်တာ။ တခြား ဘာအကြောင်းပြချက်မှ သူမလိုအပ်ဘူး။

ရိုက်ကွင်းမှာ သူ ဦးစားပေးရမယ့် အရာတွေ မှားနေတယ်ဆိုတာ သူ သဘောပေါက်သွားတယ်။ နာမည်ကြီးလာဖို့အတွက် သူ ဘယ်အချိန်ကတည်းက သရုပ်ဆောင်နေခဲ့တာလဲ။ သရုပ်ဆောင်လောကထဲ ဝင်ဖို့အတွက် သူ့ရဲ့ နာမည်ကြီးမှုကို လိုအပ်ခဲ့တာ မဟုတ်ဘူးလား။ သူ့ရဲ့ ကိရိယာက သူ့ရဲ့ ရည်ရွယ်ချက် ဖြစ်လာမှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဲဒီပြင်းထန်တဲ့ ရုပ်ရှင်ရိုက်ကွင်းက ဘာထက်မဆို ပိုပျော်စရာကောင်းတဲ့ ကစားကွင်းတစ်ခု ဖြစ်လာခဲ့တယ်။

သူ တော်တော် အဆူခံခဲ့ရတယ်။ အမှားမလုပ်ဖို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အပြောခံခဲ့ရတယ်။ မင်းရဲ့ အသံထွက်က မမှန်ဘူး၊ မင်းရဲ့ အမူအရာတွေက အဆင်မပြေဘူး။ မင်း ခံစားချက် အလုံအလောက် မထည့်ထားဘူး - သူ့ကို ထောက်ပြတဲ့ စကားလုံးတွေက သူ့ကို ဝမ်းသာပျော်ရွှင်စေတယ်။ တကယ်လို့ သူသာ စွန့်ပစ်ရမယ့် ဖဲချပ်တစ်ချပ်သာဆိုရင်၊ သူတို့ ဂရုမစိုက်တဲ့သူတစ်ယောက်သာဆိုရင် သူတို့ ဂရုစိုက်နေမှာတောင် မဟုတ်ဘူး။ သူ့ကို ထောက်ပြတယ်ဆိုတာက သူ့ကို ပိုကောင်းအောင် လုပ်စေချင်လို့ပဲ။ ဆွန်းဂျဲက သူ့ကို အိုင်ဒေါတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆက်ဆံတဲ့ အဲဒီနေရာကို တကယ် သဘောကျတယ်။

အတန်းထဲက ကျောင်းသားသစ်တစ်ယောက်လို ပြန်ဖြစ်သွားသလို သူ ခံစားလိုက်ရတယ်။ ဝန်ထမ်းတွေနဲ့အတူ ပစ္စည်းတွေသယ်ပြီး သရုပ်ဆောင်တွေအတွက် ကော်ဖီဖျော်ပေးတယ်။ သူ့ကို တားဖို့ကြိုးစားတဲ့ သူ့မန်နေဂျာကို ဆိုးလ်ကို အရင်ပြန်လွှတ်လိုက်ပြီး သရုပ်ဆောင်တွေဘေးမှာ သူ နေခဲ့တယ်။ သူ စပြီး အာရုံစိုက်လာတဲ့အခါ အဓိကဇာတ်ဆောင်တွေကိုတင်မကဘဲ ဇာတ်ပို့တွေနဲ့ ဇာတ်ရံတွေကိုပါ သူ လိုက်ကြည့်လာတယ်။ အိုင်ဒေါဆွန်းဂျဲအနေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်တုန်းက သူ တစ်ခါမှ ဂရုမစိုက်ခဲ့တဲ့ လူတွေကို သူ စိတ်ဝင်စားလာတယ်။ သူတို့ကို တတ်နိုင်သမျှ သတိထားပြီး ချဉ်းကပ်ကာ အများကြီး မေးမြန်းခဲ့တယ်။ အဲဒီလိုလုပ်တဲ့အခါ သူ အံ့အားသင့်သွားတယ်။

အဲဒီနေရာက သရုပ်ဆောင်တွေရဲ့ အလုပ်အကိုင်သက်တမ်းတွေက အံ့မခန်းပဲ။ တချို့ သရုပ်ဆောင်တွေကို သူ အရင်က တစ်ခါမှ မမြင်ဖူးပေမယ့် အတွေ့အကြုံ ၁၅ နှစ်ကျော်ရှိတဲ့သူ တစ်ယောက်တောင် ရှိတယ်။ သူတို့အားလုံးက သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေလေ။ ဇာတ်ရံတွေရဲ့ သရုပ်ဆောင်မှုက ဘာလို့ ဒီလောက်တောင် ချောမွေ့နေလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားတယ်။

တကယ်လို့ ဥက္ကဋ္ဌက သူ့ကို ကိုယ်တိုင် မခေါ်ဘူးဆိုရင် ဆွန်းဂျဲက ဝန်ထမ်းတစ်ယောက်အနေနဲ့ မွန်ဂျောင်နောက်ကို ဆက်လိုက်နေမိမှာပဲ။ ရိုက်ကွင်းက သူ့အတွက် အဲဒီလောက်အထိ ဆွဲဆောင်မှုရှိနေတာကိုး။

အဲဒီနောက်မှာတော့ ဆွန်းဂျဲက သူ့ကို အလုပ်ကိစ္စတွေ အနည်းဆုံးပဲ လက်ခံပေးဖို့ ဥက္ကဋ္ဌကို ပြောခဲ့ပြီး သရုပ်ဆောင်ပညာကို လေ့လာဖို့ အားစိုက်ထုတ်တော့တယ်။ မူလက သူ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ အလုပ်တွေအားလုံးကို သူ ပယ်ချလိုက်တယ်။ အိုင်ဒေါဆွန်းဂျဲအတွက်ဆိုတဲ့ အတွေးဝင်လာတဲ့အခါ အဲဒါတွေကို သူ မလုပ်ချင်တော့ဘူး။ ကျောင်းသားဘဝတုန်းက ရှိခဲ့တဲ့ ဆန္ဒတွေ သူ့ဆီ ပြန်ရောက်လာတယ်။ သူ့ရဲ့ အရည်အချင်းတွေကြောင့် သူ့ကို ရှာစေချင်တယ်။

ဒါပေမယ့် အခုအချိန်မှာ နာမည်ကြီးဖို့ လုံးဝ မလိုအပ်တော့ဘူးလို့ သူ တွေးနေတာတော့ မဟုတ်ဘူးပေါ့။ အပြစ်ကင်းစင်တဲ့ နေ့ရက်တွေဆီ ပြန်သွားဖို့အတွက် သူ အများကြီး မြင်ခဲ့ပြီးပြီလေ။

"စကားပြောလို့ ဝသွားပြီဆိုတော့ အတန်းကို ပြန်စကြမလား" လို့ မီဆိုက သူမရဲ့ ကော်ဖီခွက်ကို ချရင်း ပြောလိုက်တယ်။

"လမ်းစလျှောက်တတ်တဲ့ ကလေးတစ်ယောက်ကို သင်ပေးသလိုပဲ အစကနေ အကုန်လုံး သင်ပေးသွားမယ်။ မင်းတို့အားလုံးက တစ်နည်းမဟုတ် တစ်နည်းနဲ့ သရုပ်ဆောင်တာကို လေ့လာခဲ့ဖူးကြတာမို့ အတန်းကို လိုက်လုပ်ဖို့ ပြဿနာမရှိလောက်ဘူးလို့ ငါ ယုံကြည်တယ်။ ကဲ ဒါဆိုရင် ပထမဆုံးအနေနဲ့" မီဆိုက ကြမ်းပြင်ကို ညွှန်ပြရင်း ပြောလိုက်တယ်။

"ဒီနေရာမှာ မင်းကြိုက်တဲ့သူ ရပ်နေတယ်လို့ သဘောထားပြီး ဖွင့်ပြောကြည့်စမ်း"

* * * * * * * * *

(သတိပေးချက် - အောက်ပါအပိုင်းတွင် စိတ်မသက်မသာဖြစ်စေနိုင်သော အကြောင်းအရာများ ပါဝင်နိုင်ပါသည်။ မိမိဆန္ဒအလျောက်သာ ဖတ်ရှုပါ။)

ဒါယွန်းက စောင်နဲ့ အပေါ်ပိုင်းကို ဖုံးလိုက်ပြီး ထိုင်လိုက်တယ်။ သူ့ဘေးမှာတော့ အဲဒီလူ အိပ်နေတယ်။ သူမက ကုတင်ပေါ်ကနေ သတိထားပြီး ဆင်းကာ ရေချိုးခန်းထဲ ဝင်သွားတယ်။ သူတို့ မိုတယ်ကို မလာဖြစ်တာ တော်တော်ကြာပြီ။ အဲဒီလူက သူမရဲ့ ခန္ဓာကိုယ်ကို လက်နဲ့ ပွတ်သပ်ပြီး သူ့ရဲ့ အချစ်တွေကို ပြင်းပြင်းပြပြ မျှဝေပေးခဲ့တယ်။ သူတို့ရဲ့ အတိတ်က ဆက်ဆံရေးဆီကို ပြန်ရောက်သွားကြပြီလေ။

မှန်ထဲကို သူမ ကြည့်လိုက်တဲ့အခါ သူမရဲ့ ပုံစံက နည်းနည်း ပင်ပန်းနေသယောင်ပေါ်နေတယ်။ ဒါယွန်း ပြုံးလိုက်တယ်။

"အင်း ငါ အဆင်ပြေနေပါတယ်။ ငါ အဲဒီလူကို ချစ်မိနေတာ။ ငါ့ရဲ့ ရည်ရွယ်ချက်က ငွေမဟုတ်ဘူး။ ဟုတ်တယ် ဒါ အချစ်ပဲ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာ"

သူမ မထွက်သွားခင်မှာ သူမကိုယ်သူမ အကြိမ်ကြိမ် ပြောနေမိတယ်။ ကုတင်ဘေးက ပြတင်းပေါက်ကနေတစ်ဆင့် ဆိုးလ်မြို့ရဲ့ ညကောင်းကင်ယံကို မြင်နေရတယ်။ ဒါယွန်းက ရေချိုးဝတ်စုံကို ဝတ်ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ လောလောဆယ် သူမ အိပ်မပျော်နိုင်သေးဘူး။

သူမ ဖုန်းကို ဖွင့်လိုက်တယ်။ စာတချို့ ဝင်နေတယ်။ သူမ ဥက္ကဋ္ဌဆီက စာကို အရင်ဖတ်လိုက်တယ်။ အမြဲတမ်းပို့နေကျ 'အားလုံးပဲ အကောင်းဆုံး ကြိုးစားကြရအောင်' ဆိုတဲ့ စာပဲ။ သူမက ဥက္ကဋ္ဌကို 'ဘာအတွက်လဲ' လို့ မေးချင်နေမိတယ်။

အဲဒီအောက်မှာတော့ အဖွဲ့ဝင်တွေဆီက စာတွေရှိတယ်။ ဒီလိုစာမျိုးကို နောက်ဆုံး ဘယ်အချိန်က လက်ခံရရှိခဲ့လဲဆိုတာတောင် သူမ မမှတ်မိတော့ဘူး။ သူတို့ ပွဲဦးထွက်ခါစတုန်းကဆို ခဏလေး ခွဲနေရရင်တောင် ဖုန်းဆက်ပြီး တွေ့ချင်တယ်လို့ ပြောတတ်ကြပေမယ့် အခုတော့ တစ်ယောက်နဲ့တစ်ယောက် နေကောင်းလားဆိုတာတောင် မမေးကြတော့ဘူး။

စာထဲက အကြောင်းအရာတွေကို သူမ စစ်ကြည့်လိုက်တယ်။ အဖွဲ့ဝင်တစ်ယောက်က သူမရဲ့ ဖုန်းနံပါတ်ကို ပြောင်းတော့မလို့တဲ့။ အဲဒီစာကို မြင်လိုက်ရတော့မှ BLUE ရဲ့ သက်တမ်း သိပ်မကျန်တော့ဘူးဆိုတာကို သူမ အသေအချာ သဘောပေါက်သွားတယ်။

ကုတင်ကို သူမ မှီချလိုက်တယ်။ နှစ်စဉ် ပေါ်လာပြီး ပျောက်ကွယ်သွားတဲ့ အိုင်ဒေါအဖွဲ့တွေရဲ့ အရေအတွက်က လက်ချိုးရေလို့တောင် မရဘူး။ ကြယ်တစ်ပွင့်က လင်းလက်နေမှသာ တန်ဖိုးရှိတာ။ ဘယ်လို လင်းလက်ရမလဲဆိုတာကို မေ့သွားတဲ့ ကြယ်တစ်ပွင့်က စိတ်ဝင်စားစရာ မဟုတ်တော့ဘူး။ အဲဒါက ကျောက်ခဲတစ်လုံးသက်သက်ပဲ၊ ကျောက်ခဲဆိုတာကတော့ အကန်ခံရမှာပဲလေ။

အဖွဲ့ဝင်တွေက ကိုယ်စီ ရပ်တည်ဖို့ နည်းလမ်းရှာနေကြတယ်။ မင်ဂျီက ဖျော်ဖြေရေး အစီအစဉ်တစ်ခုမှာ ပုံမှန်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ။ သူမက တော်တော်လေးလည်း နာမည်ကြီးနေတယ်။ အဲဒါက ကိုယ်လက်လှုပ်ရှားရတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုဖြစ်ပြီး သူမက တခြားအဖွဲ့ဝင်တစ်ယောက်နဲ့ စုံတွဲပုံစံ သရုပ်ဆောင်နေတာ။ အင်တာနက်ပေါ်မှာတော့ သူမက အဲဒီသရုပ်ဆောင်နဲ့ တကယ့်စုံတွဲ ဟုတ်မဟုတ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောဆိုနေကြတယ်။ လူတွေ သူမကို စိတ်ဝင်စားလာအောင် လုပ်နိုင်သွားပြီ။

ချယ်ရင်ကတော့ အိုင်ဒေါကနေ သရုပ်ဆောင်ဖြစ်လာတဲ့ သူမရဲ့ နေရာကို ခိုင်မာအောင် လုပ်နေတယ်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သက်ပြီးလည်း ပြောဆိုစရာ မရှိတော့ဘူး။ သူမ ကြားရသလောက် ချယ်ရင်က နေ့စဉ်ပြတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ဇာတ်ပို့နေရာကနေ ပါဝင်နေရပြီဆိုပေမယ့် သူမနဲ့ သေချာမမေးဖြစ်တော့ အမှန်တရားကိုတော့ မသိရဘူး။

"ကျန်တဲ့ နှစ်ယောက်ကလည်း အဆင်ပြေနေကြတာပဲ"

ဒါယွန်းက ဝီစကီပါတဲ့ ဖန်ခွက်ကို မြှောက်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ စူးရှတဲ့ ဖန်ခွဲသံနဲ့အတူ အစအနတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲသွားတယ်။

ဒီမှာတော့ သူမက ယောက်ျားတစ်ယောက်ဆီ ခန္ဓာကိုယ်ရောင်းပြီး ဘဝကို ဆက်လက်ရှင်သန်နေရပေမယ့် တခြားသူတွေကတော့ အရှက်မရှိ အဆင်ပြေနေကြတယ်။ သူမ သေလောက်အောင် စိတ်မသက်မသာ ဖြစ်နေမိတယ်။ BLUE ပျောက်ကွယ်သွားတာနဲ့ သူမဆီမှာ ကျန်နေမယ့် တစ်ခုတည်းသော ဂုဏ်ပုဒ်က 'အသက် နှစ်ဆယ်လယ်ပိုင်းလောက်ရှိတဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက်' ဆိုတာပဲ။ အဲဒီလို အနာဂတ်မျိုးကို သူမ စိတ်ကူးတောင် မယဉ်ချင်ဘူး။

"ဘာဖြစ်တာလဲ" အမျိုးသားက နိုးလာပြီး မေးတယ်။

ဒါယွန်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး အဲဒီအမျိုးသားကို လှည့်ကြည့်လိုက်တယ်။ သေချာတာကတော့ သူမ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေတယ်။

"ဆောရီးနော် လက်ချော်သွားလို့"

"ဟုတ်လို့လား၊ မင်း မထိခိုက်သွားဘူးမလား"

"ငါ အဆင်ပြေပါတယ်။ တောင်းပန်ပါတယ်၊ ငါ မင်းကို နှိုးလိုက်သလို ဖြစ်သွားတယ်မလား"

"ရပါတယ်။ ဒါထက် ကြမ်းပြင်ပေါ်မှာ ဖန်ကွဲစတွေ ရှိနေလို့ ငြိမ်ငြိမ်လေးနေ"

အမျိုးသားက တဘက်တစ်ထည် ယူလာပြီး ကြမ်းပြင်ပေါ် ခင်းလိုက်တယ်။ ဒါယွန်းက အဲဒီတဘက်ပေါ် တက်နင်းပြီး အမျိုးသားရဲ့ ရင်ခွင်ထဲ ဝင်သွားတယ်။ ဆေးလိပ်နံ့သင်းသင်းလေး ရနေတယ်။ ဒါယွန်းက အဲဒီအနံ့လေးက ချစ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ မဟုတ်ဘူး၊ သူမ အဲဒီလို ခံစားရမှာပဲ။

"ဒီကစပြီး မင်း ငါ့ကို စွန့်ပစ်မှာ မဟုတ်ဘူးမလား"

"ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"

"ငါ စိတ်မချလို့ပါ"

"ငါ စွန့်ပစ်မှာမဟုတ်ပါဘူး။ ပြီးတော့ ဘာကို စိတ်မချဖြစ်နေရတာလဲ။ မင်းအတွက် ကျန်တာက အကောင်းဆုံး လုပ်ဖို့ပဲလေ။ မင်း ဂျုံဂျင်ကို ယုံကြည်ပြီး သူပြောတဲ့အတိုင်း လုပ်နေသရွေ့ အရာအားလုံး အဆင်ပြေသွားမယ်လို့ ငါ မပြောခဲ့ဘူးလား။ သူက မင်းကို ကြယ်တစ်ပွင့်ဖြစ်လာအောင် လုပ်ပေးလိမ့်မယ်"

"တကယ်ပဲ အဲဒီလို ဖြစ်လာမှာလား"

"ဒါပေါ့"

ဒါယွန်းက အမျိုးသားရဲ့ မျက်နှာကို မော့ကြည့်လိုက်တယ်။ သူ့နဖူးပေါ်မှာ အရစ်ကြောင်းတွေ ထင်ကျန်နေ နေတယ်။ သူက ခေါင်းမာတဲ့ ရုပ်သွင်မျိုး ရှိတယ်။ အဲဒီမျက်နှာက ချစ်စရာကောင်းနေတယ်။

'ဒီလူက အဖြေပဲ'

* * * * * * * * *

All Chapters