← Chapters

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း(၃၇၀)

"ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ တွေ့မယ့်အချိန်ကို တစ်နာရီလောက် နောက်ဆုတ်လိုက်ရအောင်။ ကောင်းပါပြီ၊ နားလည်ပါပြီ"

ဒေါင်ဝုခ် ဖုန်းချလိုက်ပြီး သက်ပြင်းချလိုက်တယ်။ အင်တာဗျူးတွေ လုပ်တဲ့အခါ အဖြစ်အများဆုံးကိစ္စတွေထဲက တစ်ခုကတော့ ချိန်းထားတဲ့အချိန်ရောက်ခါနီးမှ အင်တာဗျူးကို အချိန်ရွှေ့တာပဲ။ ဒီလိုကိစ္စမျိုးတွေမှာ အမြဲတမ်း ပိုက်ဆံက ပြဿနာပဲလေ။ အင်တာဗျူး ဖြေမယ့်သူက အခုအချိန် တခြားကော်ဖီဆိုင်တစ်ခုမှာ တခြားသတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူး ဖြေနေလောက်ပြီ။

"အဆင်မပြေလောက်ဘူး ထင်တယ်"

ဒါက လိမ်လည်မှုဆိုတာ သေချာနေတော့ ဖျော်ဖြေရေးသတင်းထောက်တွေတင်မကဘဲ လူမှုရေးသတင်းထောက်တွေကပါ အချောင်ဝင်နှိုက်ဖို့ အလုအယက် ရောက်လာကြမှာပဲ။

"ဟယ်လို၊ မတွေ့ရတာ ကြာပြီနော်။ ဖုန်းနံပါတ် မပြောင်းသေးဘူးပဲ။ ငါ တစ်ခုလောက် မေးမလို့ပါ။ မင်းတို့ကောင်တွေ Number 8 ဘက်ကို လူလွှတ်ထားသေးလား။ အဲဒီတော့ မင်းတို့ဘက်ကလည်း လှုပ်ရှားနေတာပေါ့။ တခြားရုပ်သံလိုင်းတွေကကော ဘယ်လိုနေလဲ။ သူတို့လည်း အလုပ်ရှုပ်နေကြပုံပဲ မဟုတ်လား။ အေးပါ၊ ဒီလိုပဲပေါ့ကွာ။ ဟေ့ကောင်၊ အသုံးဝင်မယ့် သတင်းလေးဘာလေး မရှိဘူးလား။ သိပ်လည်း အေးစက်စက်နိုင်မနေပါနဲ့ကွာ။ ဟေ့ကောင်၊ ဟေ့ကောင်"

သူက ရုပ်သံလိုင်းတစ်ခုမှာ အလုပ်လုပ်နေသေးတဲ့ သူ့ဂျူနီယာတစ်ယောက်ဆီ ဖုန်းဆက်ခဲ့ပေမယ့် ဘာမှမထူးခဲ့ဘူး။ သူ့ကို 'စီနီယာ' လို့ခေါ်ပြီး အမြဲတမ်း နောက်ကတကောက်ကောက်လိုက်နေတဲ့ ကောင်လေးက လုံးဝပျောက်သွားခဲ့ပြီလေ။

"ငါ့လို အလွတ်တန်းသမားတစ်ယောက်ရဲ့ ထမင်းအိုးကို မင်း တကယ်ပဲ ရိုက်ခွဲရက်တာလား"

သူ ခေါင်းကုတ်လိုက်ပြီး ကားထဲဝင်ထိုင်လိုက်တယ်။ သူ အင်တာဗျူးလုပ်မယ့်သူဆီကို အင်တာဗျူးဖျက်သိမ်းကြောင်း စာပို့လိုက်တယ်။ အဲဒီလိုပို့လိုက်တော့ ဟိုဘက်ကနေ အခုချက်ချင်း အင်တာဗျူးလုပ်ဖို့ အဆင်ပြေပါတယ်ဆိုပြီး စာပြန်ဝင်လာပေမယ့် သူ အဲဒီစာကို လျစ်လျူရှုလိုက်တယ်။

"ငါ့ကို နှစ်ခွလာနင်းဖို့ မကြိုးစားသင့်ဘူးလေ"

သူ့ကားကို ဂန်နမ်ခရိုင် ထဲက ဒယ်ချီဒုန် ဘက်ကို မောင်းသွားလိုက်တယ်။ Number 8 ရဲ့ ဥက္ကဋ္ဌနဲ့ သူ့မိသားစုက အဲဒီမှာ နေတာလေ။ ဘေးတစ်ဖက်တစ်ချက်မှာ ဗီလာတွေ စီတန်းနေတဲ့ လမ်းထဲကို ကွေ့ဝင်လိုက်ချိန်မှာတော့ သူ တော်တော်နောက်ကျသွားပြီဆိုတာကို သဘောပေါက်လိုက်တယ်။ သတင်းထောက်တွေလို့ ထင်ရတဲ့ လူတွေ အများကြီး ရောက်နေကြတယ်။ ဒေါင်ဝုခ် ကားပေါ်ကဆင်းပြီး သူတို့နဲ့ သွားပူးပေါင်းလိုက်တယ်။

"သတင်းထူး ဘာများရှိလဲ"

"သတင်းလား။ သတင်းရရင် ငါတို့တွေ ဒီမှာ ရှိနေပါ့မလား"

သူ အမြဲတမ်း တိတ်တဆိတ် သယ်လာတတ်တဲ့ ဗီတာမင်အားဖြည့်အချိုရည်တစ်ပုလင်းကို ကမ်းပေးလိုက်တယ်။ သတင်းထောက်က သူ့ကို ကျေးဇူးတင်စကား ပြောတယ်။ ဟိုဘက်က လက်ခံလိုက်တယ်ဆိုတဲ့ အချက်က ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သူ့ကို ပြောပြချင်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ဆိုလိုတာပဲ။

"အထဲမှာ လူရှိလား"

"ရှိမယ်မထင်ဘူး။ မနေ့ကတည်းက ဒီမှာ လာစောင့်နေတဲ့ အဖွဲ့တွေ ရှိပေမယ့် အရိပ်တောင် မတွေ့ရဘူးတဲ့"

သတင်းထောက်က အချိုရည်ပုလင်းကို ဖွင့်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်တယ်။

"သူတို့ တော်တော် ရဲတင်းတာပဲ၊ ဝမ် ဘီလီယံ ၁၀ ထက်မကတဲ့ ပိုက်ဆံတွေကို သူတို့ချည်းပဲ သိမ်းပိုက်ထားဖို့ တွေးနေကြတာ"

"ပြောမနေပါနဲ့။ ဒီဖြစ်ရပ်ကြောင့် ချွန်းမူရို မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ ဖျော်ဖြေရေးသမားတွေရဲ့ အလုပ်သမားသမဂ္ဂကလည်း ထကြွလာလောက်တယ်။ ကျစ်... သရုပ်ဆောင်တွေကမှ တော်သေးတယ်။ အနည်းဆုံးတော့ သူတို့ထဲက တစ်ချို့က ကြိုပြီး ပိုက်ဆံရထားကြသေးတယ်။ ဝန်ထမ်းတွေထဲမှာဆိုရင် တစ်ပြားမှ မရလိုက်တဲ့သူတွေတောင် ရှိလောက်တယ်။ တခြားသူတွေ နောက်ကနေ လိုက်ရှင်းရတဲ့သူတွေက အမြဲတမ်း သေရတာပဲ"

သတင်းထောက်က ဒေါင်ဝုခ် ကို ပုလင်းခွံ ပြန်ပေးပြီး ကျေးဇူးတင်ကြောင်း ပြောကာ ထွက်သွားတယ်။ ဒေါင်ဝုခ် က ပုလင်းခွံကို ဗီလာခြံစည်းရိုးပေါ် တင်ထားခဲ့ပြီး ကားထဲ ဝင်ထိုင်လိုက်တယ်။ ဆက်ပြီး စုံစမ်းဖို့ဆိုတာ ခက်ခဲတော့မယ့်ပုံပဲ။ နောက်ထပ် သတင်းရင်းမြစ်အသစ် မရမချင်း သူ တခြားတစ်ခုခုကို ရှာဖွေရတော့မယ်။

သူ ဖုန်းကို ထုတ်လိုက်ပြီး မနှိပ်ချင်တဲ့ နံပါတ်တစ်ခုကို နှိပ်လိုက်တယ်။

"ဟုတ်ကဲ့၊ စီနီယာ"

"ဒီနေ့ တွေ့ရအောင်"

"ဗျာ"

"ဒီနေ့ တွေ့ရအောင်လို့။ ဒီနေ့မှ မဟုတ်ရင် မတွေ့ဖြစ်တော့ဘူး။ မင်း အချိန်ရလား"

"ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"

"နေပါစေ၊ အဆင်ပြေပါတယ်။ မတွေ့ကြတာပဲ ကောင်းပါတယ်။ မင်းနဲ့ ပတ်သက်မိရင် ပြဿနာတစ်ခုခုနဲ့ ငြိမယ်ဆိုတာ သေချာတယ်"

"မဟုတ်ဘူး၊ ကျွန်တော် စီနီယာနဲ့ လာတွေ့မယ်။ အခု ဘယ်မှာလဲ"

"မင်း မအားဘူး မဟုတ်ဘူးလား။ အလုပ်လုပ်စရာ မရှိဘူးလား"

"စီနီယာပဲ ဖုန်းဆက်ပြီးတော့ အခုမှ ဘာလို့ စကားပြန်ရုပ်သိမ်းနေတာလဲ။ နေပါဦး၊ စီနီယာ့ဆီမှာ ကားရှိတယ် မဟုတ်လား။ ဒါဆို ကျွန်တော့် ကုမ္ပဏီကို လာခဲ့လိုက်၊ အပြင်ကနေ စောင့်နေမယ်"

သူ ဖုန်းချလိုက်ပြီး ဘေးကခုံပေါ်ကို ဖုန်းကို ပစ်တင်လိုက်တယ်။

"ကောင်းပြီလေ၊ တစ်ခါတလေတော့လည်း သတင်းထောက်တစ်ယောက်လို ဟန်ဆောင်ကြည့်ရတာပေါ့"

ကားစက်နှိုးလိုက်ရင်း သူ ခါးသက်သက် ပြုံးလိုက်မိတယ်။ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရရလိမ့်မယ်လို့ သူ တွေးနေမိတယ်။

* * * * * * * * *

ဒေးမြောင် နဲ့ လမ်းခွဲပြီးနောက် ဆူယွန်း ဆီက ဖုန်းဝင်လာတယ်။ ညနက်မှ ဘာကိစ္စလဲလို့ သူ မေးလိုက်တော့ မနက်ဖြန် အချိန်နည်းနည်း ဖယ်ထားပေးဖို့ သူမက ပြောတယ်။

"အချိန်"

"အင်း။ ပြီးခဲ့တဲ့တစ်ခေါက်က ငါနဲ့အတူတူ ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲကို မှတ်မိတယ် မဟုတ်လား"

"အင်း"

"မင်း နောက်ထပ်တစ်ခေါက်လောက် ပါပေးဖို့ လိုမယ်ထင်တယ်"

"ကျွန်တော်"

"အင်း၊ မဒမ်က မင်းကို ရွေးလိုက်တာ"

"မဒမ်"

လီမီယွန်း ဆိုတဲ့ နာမည်က သူ့ခေါင်းထဲမှာ ပေါ်လာတယ်။

"သူက ဘာလို့ ကျွန်တော့်ကို လိုချင်ရတာလဲ"

"သူက မင်းကို သဘောကျသွားပုံရတယ်။ စားသောက်ဆိုင်ရဲ့ အငယ်ဆုံးအဖွဲ့ဝင်အနေနဲ့ မင်းကို လိုချင်နေတာ။ ကြည့်ရတာ သူက 'ပြီးခဲ့တဲ့တစ်ခေါက်က ဖော်ရွေတဲ့ ကောင်လေး' ကို လိုချင်နေပုံပဲ။ ငါ့ကိုလည်း တိုက်ရိုက်ပြောတယ်။ မင်းမှာလည်း လုပ်စရာအလုပ် သိပ်ရှိတာမဟုတ်ဘူးမလား။ မင်းတို့တွေ နိုင်ငံတော်အဆင့်ကိုမှ မတက်ရတာ"

"နည်းပြဖြစ်နေပေမယ့် စကားပြောတာ တော်တော် ပွင့်လင်းတာပဲ"

"အခုအချိန်မှာ စကားကို လှလှပပလေး ထုပ်ပိုးပြောနေလည်း ဘာမှ ထူးလာမှာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် မင်း လာမယ် မဟုတ်လား"

"လာမှာပါ။ ဒီထက်ပိုကောင်းတဲ့ လုပ်စရာမှ မရှိတာ"

"အိုကေ၊ ဒါဆို မနက်ဖြန် ယော့ဆမ်ဘူတာ ကို လာခဲ့။ အဲဒီနားက ကိုရီးယားစားသောက်ဆိုင်မှာ ရိုက်ကြမယ်။ အဝတ်အစားအတွက်ကတော့ ယူနီဖောင်း ပေးမှာမို့လို့ အဲဒီအတွက် စိတ်မပူနဲ့။ ဒါဆို မနက်ဖြန်မှ တွေ့မယ်"

* * * * * * * * *

မနေ့ညက ဆူယွန်း ပြောခဲ့တဲ့ စကားတွေကို တွေးနေတုန်းမှာပဲ ဘတ်စ်ကားပေါ်က ဘဲလ်သံ မြည်လာတယ်။ တံခါးပွင့်သွားပြီး လူအချို့ ဆင်းသွားကြတယ်။ မာရူး က အပြင်ဘက် မြင်ကွင်းကို လှမ်းကြည့်လိုက်တယ်။ ရထားဘူတာရုံကနေ ဘတ်စ်ကားနဲ့ဆယ်မှတ်တိုင် အတိအကျဝေးတယ်လို့ သူမက ပြောထားတဲ့အတွက် နောက်မှတ်တိုင်မှာ သူ ဆင်းရတော့မယ်။

ဘတ်စ်ကားက ခဏလောက် ဆက်မောင်းသွားပြီးနောက် နောက်မှတ်တိုင်မှာ ရပ်လိုက်တယ်။ မာရူး ကျောပိုးအိတ်ကို လွယ်လိုက်ပြီး နောက်ပေါက်ကနေ ဆင်းလာခဲ့တယ်။ မျက်စိတစ်ဆုံးမှာ မြင့်မားတဲ့ အဆောက်အအုံကြီးတွေချည်းပဲ ရှိနေတယ်။ အနီးအနားမှာ အထပ်နိမ့် အဆောက်အအုံဆိုလို့ တစ်ခုမှ မရှိဘူး။ ဆောက်လက်စ အဆောက်အအုံတောင်မှ အနည်းဆုံး အထပ် ၂၀ လောက် မြင့်မယ့်ပုံပဲ။

သူ စတင် လမ်းလျှောက်လာခဲ့တယ်။ မှတ်တိုင်ကနေ ဘယ်ဘက်ကိုသွားပြီး စတိုးဆိုင် နားရောက်ရင် ကွေ့လိုက်ဖို့နဲ့ ချက်ချင်း မြင်ရလိမ့်မယ်လို့ ဆူယွန်း က သူ့ကို ပြောထားတယ်။

"ချက်ချင်း မြင်ရတယ်ဆိုတာ ဒါကိုပြောတာပဲ"

အဲဒါက အုပ်ကြွပ်မိုးထားတဲ့ စံအိမ်ကြီးတစ်ခုပဲ။ အထပ် ၄ ထပ်ပဲ မြင့်တယ်။ ဘေးပတ်လည်က မှန်အဆောက်အအုံကြီးတွေကိုတောင် လွှမ်းမိုးထားနိုင်တဲ့ ရိုးရာ ကိုရီးယားစားသောက်ဆိုင်တစ်ခု ဖြစ်နေတယ်။ အဲဒါကို သမိုင်းဝင် အဆောက်အအုံတစ်ခုလို့ နိုင်ငံခြားသားတစ်ယောက်ကို သွားပြောရင်တောင် ယုံသွားလောက်တယ်။

စားသောက်ဆိုင်ရှေ့မှာ ရုပ်သံလိုင်းတွေက ကားတချို့ ရပ်ထားတယ်။ သူက ဟန်ဂျာ လို 'ဆူလျောဂျဲ' လို့ ရေးထားတဲ့ ဆိုင်းဘုတ်ဆီကို လျှောက်သွားလိုက်တယ်။ အလိုအလျောက်တံခါးတွေ ပွင့်သွားပြီး သူ အထဲဝင်ဝင်ချင်းမှာပဲ အမျိုးသမီးတစ်ယောက် သူ့ဆီ လျှောက်လာတယ်။ သူမက အရောင်သိပ်မတောက်တဲ့ သပ်ရပ်တဲ့ ကိုရီးယားရိုးရာဝတ်စုံ ကို ဝတ်ဆင်ထားတယ်။

"ကြိုဆိုပါတယ်ရှင်"

"အာ၊ ဟုတ်ကဲ့"

"ကြိုတင်စာရင်းပေးထားပါသလားရှင်"

"မပေးထားပါဘူး၊ ဒီနေ့ ဒီမှာ ရိုက်ကူးရေးရှိတယ်လို့ ကြားလို့ လာခဲ့တာပါ"

"ဪ၊ ဒါဆိုရင်တော့ ဇာတ်လမ်းတွဲက ဒုတိယထပ်မှာ ရိုက်နေတာပါ။ တတိယထပ်နဲ့ စတုတ္ထထပ်မှာတော့ ပုံမှန် ဧည့်သည်တွေ စားသောက်နေကြတုန်းမို့လို့ အနှောင့်အယှက်မဖြစ်အောင် သတိထားပေးပါရှင်"

"နားလည်ပါပြီ"

မန်နေဂျာတွေက ဝန်ထမ်းတွေကို အဲဒီစကားပြောဖို့ ကြိုတင်ပြင်ဆင်ပေးထားပုံရတယ်။ မာရူး ဒုတိယထပ်ကို လှေကားကနေ တက်သွားတယ်။ လူတွေက ဟိုဟိုဒီဒီ သွားလာနေပြီး ကင်မရာတွေနဲ့ မီးတွေ တပ်ဆင်နေကြတယ်။ ရိုက်ကူးရေး စပုံမရသေးဘူး။

"ဒီကို ဘာကိစ္စရှိလို့လဲ"

တစ်ယောက်ယောက်က သူ့ကို ပုတ်လိုက်တဲ့အတွက် လှည့်ကြည့်လိုက်တော့ ကင်မရာဒါရိုက်တာ ကင်ဂျန်ဆူ ကို တွေ့လိုက်ရတယ်။ မာရူး ပြုံးပြပြီး သူ့ကို နှုတ်ဆက်လိုက်တယ်။

"ကျွန်တော် ဒီနေ့လည်း ဇာတ်ရံ အနေနဲ့ လာတာပါ"

"ဟုတ်လား။ ကောင်းတာပေါ့။ ဒီကိုရောက်လာမှတော့ အမြင်ကောင်းရအောင် နေသင့်တယ်နော်"

"ဟုတ်ကဲ့ပါ"

"ဒါဆို နောက်မှတွေ့မယ်"

ဂျန်ဆူ က ကျန်တဲ့ ဝန်ထမ်းတွေဆီကို လျှောက်သွားတယ်။ မာရူး က သူနဲ့ဆုံတဲ့သူတိုင်းကို နှုတ်ဆက်လိုက်တယ်။ သူ့ကို နည်းနည်း နားမလည်သလိုနဲ့ ပြန်နှုတ်ဆက်တဲ့သူတွေ ရှိသလို ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်တဲ့သူတွေလည်း ရှိတယ်။

"မင်းကတော့ ခေါင်းညိတ်တဲ့စက်ကြီး ဖြစ်နေပြီပဲ"

ဆူယွန်း က ကောက်ကျစ်တဲ့ မြေခွေးမလေးလို ပြုံးရင်း လက်လှမ်းပြတယ်။ သူမဘေးမှာတော့ စတိုင်လစ် လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်။

"အွန်နီ၊ ဒါက စပွန်ဆာပေးထားတဲ့ ပစ္စည်းမို့လို့ ဝတ်ပေးဖို့ လိုမယ်နော်"

"အိုကေလေ။ ဒါပေမယ့် ငါနဲ့လိုက်ပါ့မလား မသိဘူး။ နွေရာသီအတွက် အရောင်နည်းနည်း ရင့်မနေဘူးလား"

"ဒါဆိုရင် ခေါက်ပြီး ခါးမှာ ပတ်ထားလိုက်ရင်ကော ဘယ်လိုလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ယဉ်ကျေးမှုအရ လုပ်ပေးရုံသက်သက်ပဲလေ"

"ဒါ ပိုကောင်းမယ်ထင်တယ်။ သူတို့က ကုမ္ပဏီကြီးလည်း မဟုတ်ဘူးလေ။ ငါတို့က စတိုင်လ်ကျအောင်လေးပဲ လုပ်ပေးလိုက်လို့ ရပါတယ်"

"ဒါဆို ကျွန်မ အဆင်သင့်ဖြစ်အောင် လုပ်လိုက်ပါ့မယ်"

ပွပွချောင်ချောင် တီရှပ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က လှေကားပေါ်ကနေ ခပ်မြန်မြန် ဆင်းသွားတယ်။ ကြည့်ရတာ သူမကလည်း စပွန်ဆာတွေ ရထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်မယ်။

"ဒီနေရာက တော်တော်ကြီးတာပဲနော်"

"တကယ် အကြီးကြီးပဲ။ ရိုးရာ ကိုရီးယားစားသောက်ဆိုင်လို့ ကြားတုန်းက အများဆုံးမှ အဆောက်အအုံရဲ့ တစ်ထပ်လောက်ပဲ ယူထားမယ်လို့ ထင်ခဲ့တာ၊ ဒီလိုမျိုးကြီး ဖြစ်နေမယ်လို့ လုံးဝ မသိခဲ့ဘူး"

"အိမ်ပြာတော် က အထွေထွေအတွင်းရေးမှူးက ဒီကို မကြာခဏ လာတတ်တယ်လို့ ကြားတယ်။ သမ္မတကြီးလည်း ဒီကို အကြိမ်ကြိမ် လာဖူးတယ်တဲ့။ ပထမထပ်နဲ့ ဒုတိယထပ်မှာတော့ ကြိုတင်စာရင်းမပေးဘဲ စားလို့ရပေမယ့် ဘွတ်ကင်မလုပ်ထားရင် တတိယထပ်နဲ့ စတုတ္ထထပ်ကို သွားလို့တောင် မရဘူးလို့ ကြားတယ်"

"ဗဟုသုတ တော်တော်စုံတာပဲ"

"ဒါက ငါတို့ ထမင်းစားရမယ့်နေရာလေ။ ရိုက်ကူးရေးပြီးရင် ငါတို့လည်း ဒီမှာ စားကြမှာ"

အဲဒီအချိန်မှာ ပုလဲလက်စွပ် ဝတ်ဆင်ထားတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ယောက် ဒုတိယထပ်ကို ဝင်လာတယ်။ သူမနောက်မှာတော့ မာရူး အစတုန်းက တွေ့ခဲ့တဲ့ ကိုရီးယားရိုးရာဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးအပါအဝင် ဒီက ဝန်ထမ်း ၆ ယောက် ပါလာတယ်။

"အာ... မဒမ်"

ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဒါရိုက်တာကင် က သူမဆီကို အမြန် ပြေးသွားတယ်။ အရင်က ဇာတ်ရံ ကို အပြစ်ရှာခဲ့တဲ့ လက်ထောက်ဒါရိုက်တာလည်း အဲဒီမှာ ရှိနေတယ်။

"ဟိုဟို... ပရိုဂျူဆာ။ ဒီနေ့ အရာအားလုံး အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့၊ အားလုံး မဒမ့် ကျေးဇူးတွေကြောင့်ပါ"

"ငါတို့ရဲ့ သရုပ်ဆောင် နမ် ရောက်နေပြီလား မသိဘူး"

"သူ ဒီနေ့ နည်းနည်းနောက်ကျမယ်လို့ ပြောပါတယ်။ သူရောက်လာရင် လာနှုတ်ဆက်ဖို့ ကျွန်တော် ပြောထားလိုက်ပါ့မယ်၊ အဲဒီအတွက် စိတ်မပူပါနဲ့"

"အို... မဟုတ်တာ၊ ငါကသာ ဒီကို လာသင့်တာပါ။ ငါက ငါတို့ရဲ့ သရုပ်ဆောင် နမ် ကြောင့် ဒီဇာတ်လမ်းတွဲကို ကြည့်နေတာလေ။ ဪ... ဒီည ဒီမှာ ညစာစားကြမှာ မဟုတ်လား"

"ဟုတ်ကဲ့၊ သေချာပေါက်ပါ"

"ဒါဆို ဒီညအတွက် အကုန်လုံး ငါပဲ ရှင်းပေးမယ်၊ ကုန်ကျစရိတ်အတွက် စိတ်မပူဘဲ ပျော်ပျော်ပါးပါးသာ စားကြပါ"

"အို... အမြဲတမ်း ကျေးဇူးတင်ပါတယ်ဗျာ"

အမျိုးသမီးက ကျေနပ်တဲ့အပြုံးနဲ့ ရိုက်ကွင်းတစ်ခုလုံးကို တစ်ချက်အကဲခတ်ကြည့်ပြီးနောက် အောက်ကို ဆင်းသွားတယ်။ ကြည့်ရတာ သူမက ဒီလိုအကြီးကြီးဖြစ်နေတဲ့နေရာရဲ့ ပိုင်ရှင် ဖြစ်ပုံရတယ်။ အဲဒါထက် ပရိုဂျူဆာက ဒီလောက်တောင် အောက်ကျို့နေတာကို တွေးကြည့်ရင်... ဒီ ဒါရိုက်တာကင် က ခြင်္သေ့မကြီး လီမီယွန်း ကလွဲရင် ကျန်တဲ့သူတွေကို ဂရုမစိုက်ဘူးလို့ မာရူး တွေးခဲ့ပေမယ့် အဲဒါက တကယ်မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတယ်။

"သူ ကွယ်ရာမှာ သူမဆီကနေ တစ်ခုခု ရနေလို့ ဖြစ်မယ်" လို့ ဆူယွန်း က တိုးတိုးလေး ပြောလိုက်တယ်။

သူ လှမ်းကြည့်လိုက်တော့ သူမက မျက်စိတစ်ဖက်မှိတ်ပြရင်း ပြုံးပြတယ်။ တစ်ခုခု ရနေတယ်ဆိုတာလား။ ဒါက တော်တော်လေး ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုမို့လို့ သူ သိပ်အများကြီး မတွေးတော့ပါဘူး။

ကုမ္ပဏီပွဲတွေအကြောင်း ဆူယွန်း ကို မေးနေတုန်းမှာပဲ အကြည့်တစ်ချက်ကို ခံစားလိုက်ရလို့ သူ ခေါင်းလှည့်ကြည့်လိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဇာတ်ရံ ကို အနိုင်ကျင့်ခဲ့တဲ့ လက်ထောက်ဒါရိုက်တာက သူ့ကို စိုက်ကြည့်နေတယ်။ မျက်လုံးချင်းဆုံသွားတာနဲ့ မာရူး က သူ့ကို ခပ်ရေးရေး ပြုံးပြလိုက်တယ်။ ဆူယွန်း ကလည်း ဘေးကနေ လက်လှမ်းပြလိုက်တယ်။

လက်ထောက်ဒါရိုက်တာလည်း လန့်သွားပြီး အလုပ်လုပ်နေဟန်ဆောင်ဖို့ တစ်ဖက်ကို လှည့်သွားတယ်။

"ငါ လုပ်တာ မိုက်တယ် မဟုတ်လား"

"အဲဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ မပတ်သက်ရတော့ဘူးလို့ ထင်တာပဲ။ ကျေးဇူးပါ"

"ကျေးဇူးတင်တယ်ဆိုရင် ဂွန်ဆူ လည်း အပါအဝင် ငါနဲ့ တစ်ခေါက်လောက် ဒိတ်လေ"

"ခင်ဗျားက တကယ်ကို ဇွဲကောင်းတာပဲ"

"ဒါကို မင်း ကြိုမသိထားဘူးလား"

ဆူယွန်း က သူ့ပါးကို တစ်ချက်တို့လိုက်ပြီး ရိုက်ကွင်းအလယ်ကို လျှောက်သွားတယ်။ မာရူး က ဆူယွန်း တို့သွားတဲ့ သူ့ပါးကို ပွတ်လိုက်ပြီး ဝန်ထမ်းတွေ ပေးလာတဲ့ ဇာတ်ညွှန်းကို ကြည့်လိုက်တယ်။

အဲဒါက အဓိကဇာတ်ကောင် လုပ်ထားတဲ့ ဟင်းပွဲထဲကို ဆားတွေ အများကြီးထည့်ပြီး ဧည့်သည်ဆီကို သွားပို့ရတဲ့ အခန်းပဲ။ သူရတဲ့ ဇာတ်ရုပ်တိုင်းက ဘာလို့ ဒီလိုချည်းပဲ ဖြစ်နေရတာလဲလို့ မာရူး တွေးမိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က သာမန်လိုပဲ ပါဝင်ပစ္စည်းတချို့ကို လှီးဖြတ်နေရတဲ့အတွက် အခုတစ်ခေါက် ကောင်းမွန်တဲ့ ဇာတ်ရုပ်တစ်ခု ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူ ထင်တာ မှားသွားပုံပဲ။

သူ့အခန်းရဲ့အောက်မှာတော့ 'လုပ်ဖော်ကိုင်ဖက် ၁' နဲ့ 'လုပ်ဖော်ကိုင်ဖက် ၂' ဆိုတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ အဓိကဇာတ်ကောင်က အဖွဲ့တစ်ခုခု ဖွဲ့ထားပုံရတယ်။

ဆူယွန်း က သူ့ကို ဆားပေးတဲ့အခန်းကနေ ဧည့်သည်ဆီ ဟင်းပွဲသွားချပေးတဲ့အခန်း၊ ပြီးတော့ တရားခံက သူမှန်း ပေါ်သွားတဲ့အခန်းအထိ... ဒါက ဇာတ်ရံ အဖြစ်နဲ့ သူ့ရဲ့ အချိန်တိုလေးအတွင်းမှာ အရှည်ဆုံး ဇာတ်ရုပ်ပဲ။ ဝမ်းသာစရာကိစ္စတစ်ခုပါပဲ။

"ဟင်... ဟန်မာရူး ပါလား"

အဲဒီအချိန်မှာပဲ ရင်းနှီးနေတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ သူ လှည့်ကြည့်လိုက်တော့ နံပါတ်လေး လို့ခေါ်တဲ့ ဂွမ်ဆော့ က ပြုံးပြီး သူ့ကို လက်လှမ်းပြနေတယ်။ သူ့ဘေးမှာတော့ မျက်နှာပျက်နေတဲ့ ဂျောင်းလင် ရှိနေတယ်။

'အင်းလေ... သူတို့က ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အတွဲလိုက်ပဲကိုး'

အိမ်မှာကြည့်နေတဲ့ ပရိသတ်တွေက တကယ်ကို အကဲဆတ်ကြတာ။ ဇာတ်ရံ တစ်ယောက်ရဲ့ မျက်နှာက အလယ်ရောက်မှ ပြောင်းသွားရင် သူတို့က တိုင်စာတွေ စပို့ကြတော့မှာလေ။ ထုတ်လုပ်ရေးအဖွဲ့က အသေးစိတ်အချက်အလက်တွေကို တော်တော်လေး ဂရုစိုက်တယ်လို့ တွေးရင်း သူတို့နှစ်ယောက်ဆီ လျှောက်သွားပြီး နှုတ်ဆက်လိုက်တယ်။

"ဟယ်လို"

"ပြန်တွေ့ကြပြန်ပြီနော်။ နေကောင်းကြလား"

"နေကောင်းပါတယ်"

ဂျောင်းလင် က သူ့ရှေ့မှာ ရပ်နေတယ်။ 'အဲဒီတုန်းက ဘာလို့ အဲဒီလိုမျိုး လုပ်ခဲ့တာလဲ' ဆိုတဲ့ မေးခွန်းနဲ့ သူ့ကို စိုက်ကြည့်နေတယ်။ မာရူး ကတော့ ပခုံးတစ်ချက် တွန့်ပြလိုက်ရုံပါပဲ။ ဒီကောင်မလေးက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းမယ့်လူနဲ့ တူတယ်။ ဂွမ်ဆော့ ရော ဂျောင်းလင် ပါ နှစ်ယောက်စလုံးက သူ မရင်းနှီးချင်တဲ့ လူတွေပဲ။

'အလုပ်သဘောအရပဲ ဆက်ဆံကြတာပေါ့လေ'

မာရူး က အလုပ်သဘောအရ ပြုံးပြလိုက်တယ်။

* * * * * * * * *

(သတိပေးချက် - အောက်ပါအကြောင်းအရာများသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ စာဖတ်သူများ ချင့်ချိန်ဖတ်ရှုရန် အကြံပြုအပ်ပါသည်။)

ဟောင်ဂျန်ဟဲ က သူ့ရှေ့မှာ ထိုင်နေတဲ့ လူသုံးယောက်ကို ကြည့်လိုက်တယ်။ နေ့လယ် ၁ နာရီ ရှိပြီ။ သောက်ဖို့ စောလွန်းသေးပေမယ့် အခုအချိန်မှာ သူတို့ နည်းနည်းလောက် သောက်ဖို့ လိုနေတယ်။

"ရော့ ရော့၊ ခွက်တွေ မြှောက်လိုက်ကြ" လို့ ဂျန်ဟဲ က ပြောလိုက်တယ်။

လူသုံးယောက်က အလျင်အမြန်ပဲ ခွက်တွေကို မြှောက်လိုက်ကြတယ်။ သူက အညိုရောင် ဗော့ဒ်ကာပုလင်းကို သူ့ခေါင်းပေါ်မှာ လှုပ်ခါလိုက်ပြီး ပါးစပ်ထဲကို မော့ချလိုက်တယ်။ လူသုံးယောက်ကလည်း သူ့လိုပဲ လိုက်လုပ်ကြတယ်။ သိပ်မကြာခင်မှာပဲ ချောင်းဆိုးသံတွေ ထွက်လာတယ်။

"နည်းနည်း ပြင်းသွားလား"

"မ... မပြင်းပါဘူး"

"မင်းတို့တွေ အရမ်း တောင့်တင်းနေတယ်။ သက်သောင့်သက်သာနေကြပါ။ ငါတို့တွေ မိသားစုတစ်ခုလို ဖြစ်လာတာ တော်တော်ကြာပြီ မဟုတ်လား။ မင်းတို့ကိုယ်မင်းတို့ လွတ်လွတ်လပ်လပ် နေသင့်တဲ့အချိန် ရောက်နေပြီလေ"

သူက နောက်ပြောင်တဲ့အနေနဲ့ အဲဒီလို ပြောလိုက်တာ။ သူတို့ထဲက တစ်ယောက်ယောက် နည်းနည်းလေး ပေါ့ဆသွားတာနဲ့ သူ ဗော့ဒ်ကာပုလင်းနဲ့ ချက်ချင်း ပစ်ပေါက်မှာပဲ။ သူနဲ့ အဆင့်အတန်းတူ နေရာကို တက်လာချင်တဲ့သူတွေကို အစောဆုံး နှိမ်နှင်းပစ်ရမယ်လေ။

အဲဒီလိုလုပ်ဖို့ စကားတွေက အသုံးမဝင်ဘူး။ ဘာသာစကားဆိုတာ မပေါ်ခင်ကတည်းက တိရစ္ဆာန်တွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို တခြားသူတွေဆီ ဆက်သွယ်ဖို့ ခွန်အားကို အသုံးပြုခဲ့ကြတာလေ။ ဗီဇထဲမှာ စွဲကပ်နေတဲ့ အကြောက်တရားဆိုတာ စကားလုံးတွေကြောင့် မဟုတ်ဘဲ ခွန်အားကြောင့်သာ နိုးဆွခံရတာပဲ။ ဂျန်ဟဲ က ဒါကို ကောင်းကောင်းကြီး သိနေတယ်။

"ဒီရက်ပိုင်း စိတ်ပညာရှင်ဆီ သွားပြရတာ ဘယ်လိုနေလဲ"

အဲဒါကို ကြားတော့ ဘယ်ဘက်ကလူ တွန့်သွားတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူက

"အခု အများကြီး သက်သာနေပါပြီ"

"တကယ်လား"

"ဟုတ်ကဲ့"

"မတ်တပ်ရပ်စမ်း"

အဲဒီလူ မတ်တပ်ရပ်လိုက်တယ်။ ဂျန်ဟဲ က သူ့ကို အနားလာဖို့ လက်ညှိုးထိုးပြလိုက်တယ်။ အဲဒီလူက သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ ဂျန်ဟဲ က ကြမ်းပြင်ကို ငုံ့ကြည့်နေတဲ့ အဲဒီလူကို ကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက အဲဒီလူရဲ့ ဝှေးစေ့ကို ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်လိုက်တယ်။ အဲဒီလူက လန့်ဖျပ်သွားပြီး ညည်းတွားလိုက်တယ်။

"မင်း ရှက်နေတာလား"

"ဟင့်... ဟင့်အင်း"

"မင်း ဘယ်သွားသွား အတူတူပဲ။ အာဏာမရှိရင် မင်းက ကစားစရာတစ်ခု ဖြစ်သွားမှာပဲ။ မင်းတို့သုံးယောက်က အဲဒီမိန်းမရဲ့ ကစားစရာတွေ ဖြစ်ခဲ့တာလေ။ ပြီးတော့ မင်းတို့ကိုယ်တိုင်ကလည်း သူမရဲ့ ကစားစရာဖြစ်ဖို့ ရွေးချယ်ခဲ့ကြတာပဲ။ အဲဒီကနေ အကျိုးအမြတ်တွေ လုံလုံလောက်လောက် ရခဲ့တယ် မဟုတ်လား။ ဒါဆို မင်းတို့ကိုယ်မင်းတို့ သားကောင်တွေလို့ မသတ်မှတ်သင့်ဘူး"

ဂျန်ဟဲ လွှတ်ပေးလိုက်တယ်။

"ဒီလောက်နဲ့ အရှက်ရတယ်လို့ မခံစားပါနဲ့။ ယောကျ်ားတစ်ယောက် အရှက်ရသင့်တဲ့ အချိန် နှစ်ကြိမ်ပဲ ရှိတယ်။ တစ်ခုက သူ့လက်ထဲမှာ ဘာမှမရှိတဲ့အချိန်၊ နောက်တစ်ခုက သူ့မိန်းမကို အလုခံရတဲ့အချိန်ပဲ။ အဘွားကြီးတစ်ယောက်က မင်းတို့နဲ့ ကစားခဲ့ရုံနဲ့ စိတ်ဓာတ်မကျစမ်းပါနဲ့။ မင်းတို့တွေ အဲဒီနေရာကို ရောက်လာတာလည်း အဲဒါကြောင့်ပဲလေ။ ပြုံးထား။ ပြုံးပြီး သည်းခံလိုက်။ နောက်ဆိုရင် မင်းတို့ ပြုံးပြုံးကြီးနဲ့ အဲဒီခွေးမ မျက်နှာကို မင်းတို့ရဲ့ လီးတွေနဲ့ ရိုက်နိုင်လာလိမ့်မယ်။ ဪ... မင်းတို့ အဲဒီလိုလုပ်စရာ အကြောင်းတော့ ရှိမယ် မထင်ပါဘူးလေ။ ရုပ်ရည်သန့်သန့်နဲ့ မင်းတို့လို ကောင်လေးတွေက သူ့လို အဘွားကြီးကို ဘာကိစ္စ သဘောကျရမှာလဲ။ ဟုတ်တယ်မလား"

"ဟ... ဟုတ်ကဲ့"

"ရော့ ရော့၊ ထပ်သောက်လိုက်ဦး။ မင်းတို့ ဒီနေ့ မူးအောင် သောက်လို့ရတယ်။ မင်းတို့ရဲ့ လှုပ်ရှားမှုတွေက နောက်အပတ်မှာ စတော့မယ်။ 'The Five' ဆိုတဲ့ နာမည်ကို သုံးလို့ မရတော့ပေမယ့် ပရိသတ်တွေကတော့ မင်းတို့ကို ဒီလိုပဲ ခေါ်ကြမှာပဲ။ အဲဒါက ငါတို့ လိုအပ်တဲ့အရာပဲ"

ဂျန်ဟဲ က ပြုံးပြီး သူ့ခွက်ကို မြှောက်လိုက်တယ်။

* * * * * * * * *

All Chapters