← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

40

သူဌေးဝမ်သည် ပိုင်ချောင်ရှီအပေါ် အဘယ်ကြောင့်ရန်ငြိုးထားရမည်နည်း။ သဘာဝအားဖြင့် သူမအား ဆူးတစ်ချောင်းကဲ့သို့ မြင်နေသော ထို လင်ညီအစ်မဟောင်းကြောင့်ပင်။

ပိုင်ချောင်ရှီသည် သူမ အင်္ကျီလက်များကို ခေါက်တင်လိုက်ရာ ကြာစွယ်ဖြူဖြူလေးကဲ့သို့သော သူမ၏လက်ကောက်ဝတ်တစ်စိတ်တစ်ပိုင်း ပေါ်လာခဲ့သည်။ သူမ အသားအရေမှာ အနည်းငယ် ညိုသော်လည်း အဝတ်အစားများဖြင့် ဖုံးကွယ်ထားသော အစိတ်အပိုင်းများမှာ ဖြူဝင်းနေပြီးနောက် သူမ၏ ကျောက်စိမ်းခြေထောက်များသည် ကျန်းကျစ်ရို့၏ ရင်ဘတ်ပေါ်သို့ နင်းချလိုက်သည်။

ပိုင်ချောင်ရှီ "ဒီကန်ချက်က ငါ့အတွက်ပဲ "

သူမသည် ခြေချောင်းများကို ဖိချကာ လိမ်ချိုးလိုက်သည်။

ပိုင်ချောင်ရှီ "ဒါက ငါ့ရဲ့ချစ်လှစွာသော အိမ်မွေးတိရစ္ဆာန်လေးအတွက်"

ကျန်းကျစ်ရို့မှာ နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး မျက်နှာရှုံ့မဲ့သွားခဲ့သည်။

ကျန်းကျစ်ရို့ "လေးစားရတဲ့ သခင်ကြီး၊ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ၊ မိန်းကလေး၊ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် မျက်စိကန်းခဲ့တာပါ နောက် ဘယ်တော့မှ မဝံ့ရဲတော့ပါဘူး၊ မိန်းကလေးက သဘောထားကြီးတဲ့သူပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ ညီအစ်ကိုတွေကို ချမ်းသာပေးပါ "

ပိုင်ချောင်ရှီသည် လည်ပင်းလှီးသည့် ကြောက်မက်ဖွယ်ဟန်အမူအရာတစ်ခုကို ပြုလုပ်လိုက်သည်။

ပိုင်ချောင်ရှီ "နင်တို့ ကျားတစ်ကောင်ရဲ့ကြံရာပါအဖြစ် ဒါမှမဟုတ် အာဏာရှင်တစ်ယောက်ကို ကူညီဖို့ နောက်ထပ်တစ်ခါ ထပ်ရဲဝံ့မယ်ဆိုရင် နင်တို့ရဲ့ ကံကြမ္မာက ဒီနေ့လိုမျိုးဖြစ်လာမှာ မဟုတ်ဘူး၊ လေးစားရတဲ့ သခင်ကြီးဆီက အမိန့်တစ်ခွန်းတည်းနဲ့တင် နင်တို့အိမ်တွေထဲကနေ ဖျတ်ခနဲ အဖယ်ရှားခံ ရလိမ့်မယ် "

ဆီးနှင်းမုန့်နှင့်တူသော ကောင်မလေးထံမှ အံ့မခန်းဖွယ်ကောင်းသည်ဟု ဖော်ပြခြင်းခံလိုက်ရသော ယင်းကျစ်ဖုန်းသည် အမှန်ပင် အနည်းငယ်ကျေနပ် သွားကာ အစောပိုင်း သူ၏ရောဂါကုသမှုမှ အနေရခက်ခြင်းကိုပင် မေ့လျော့သွားခဲ့သည်။

ယင်းကျစ်ဖုန်း "ချန်ကွမ်းလျန်၊ သူတို့ကို အပြင်ကို ပစ်ထုတ်လိုက်စမ်း "

သက်တော်စောင့်နှစ်ဦးသည် တစ်ဦးလျှင် နှစ်ယောက်နှုန်းဖြင့် ထိုလေးဦး၏ကော်လံများမှ ကိုင်ကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။

ပိုင်ချောင်ရှီမှာ လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။

ယင်းကျစ်ဖုန်း၏လေသံတွင် အထက်စီးဆန်သော မောက်မာမှုတစ်ခု ပါဝင်နေခဲ့သည်။

ယင်းကျစ်ဖုန်း "မိန်းကလေး၊ ကြည့်လိုက်၊ မင်း ကိုင်တွယ်လို့မရတဲ့ သူတွေက ငါ့ရှေ့မှာ သာမန်ပုရွက်ဆိတ်တွေလိုပါ၊ သူတို့ပြောတဲ့ သူဌေးဝမ်နဲ့ ပတ်သက် ပြီးတော့ ငါ လက်ညှိုးတစ်ချောင်းတည်းနဲ့ချေမွပစ်လို့ရတယ်၊ အခုကစပြီး ငါ့ နောက်ကိုလိုက်ခဲ့ပါ ပြီးရင် ယန်မြို့တော်မှာ မင်း ကန့်လန့်ဖြတ်လမ်းလျှောက် လို့ရပြီ "

'သူ့နောက်ကို လိုက်ရမယ်၊ ဘာလို့လဲ၊ ကန့်လန့်ဖြတ် လမ်းလျှောက်ရမယ်၊ ငါက ကဏန်းမှ မဟုတ်တာ'

ပိုင်ချောင်ရှီ စိတ်ထဲမှ ညည်းညူလိုက်သည်။ သူ့ရောဂါကို ကုသပြီးသွားပြီဖြစ်ရာ ဘာကြောင့် သူမအား သွားခွင့်မပေးရသနည်း။ သူမသည် သူ့အား ဆက်လက် မြှောက်ပင့်ပေးလိုက်သည်။

ပိုင်ချောင်ရှီ "လေးစားရတဲ့ သခင်ကြီး၊ သာမန်အရပ်သူဖြစ်တဲ့ ကျွန်မအတွက် တရားမျှတမှုကို ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သာမန် အရပ်သူဖြစ်တဲ့ ကျွန်မက ပြန်သွားပြီးတော့ ဘုရားရှေ့မှာ ဆုတောင်းပေးပါ့မယ်၊ လေးစားရတဲ့ သခင်ကြီး ငြိမ်းချမ်းပြီးကျန်းမာစေဖို့ အမွှေးတိုင်အကြီးတွေ ထွန်းပြီး ဆုတောင်းပေးပါ့မယ်၊ သာမန်အရပ်သူဖြစ်တဲ့ ကျွန်မကို အခုသွားခွင့်ပြုပါဦး "

ဤသို့ပြောရင်း သူမ နောက်ပြန်ဆုတ်ကာ တံခါးဆီသို့ရွေ့လျားသွားခဲ့သည်။ တံခါးဝသို့ တိတ်တဆိတ်ရောက်ရှိသွားသောအခါ ကျား၏ခံတွင်းမှ လွတ်မြောက် တော့မည်ကို မြင်တွေ့ရသဖြင့် သူမ ခြေလှမ်းများမှာ ပိုမိုပေါ့ပါးလာခဲ့သည်။

ယင်းကျစ်ဖုန်း သူမကို တားလိုက်သည်။

ယင်းကျစ်ဖုန်း "ဒီမင်းသားက ရေကြီးတာ ဒါမှမဟုတ် ရိုင်းစိုင်းတဲ့ သားရဲတိရစ္ဆာန်မှ မဟုတ်တာ၊ ဘာလို့ ဒီလောက်တောင် သွားချင်နေရတာလဲ၊ မင်းပေးခဲ့တဲ့ ဆေးစာအရ ဆေးကျိုရမယ့် တာဝန်ကလည်း မင်း တာဝန်ပဲ၊ မင်း ဒီမှာပဲ အလုပ်အကျွေးပြုရမယ် "

ပိုင်ချောင်ရှီ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ သူမ မင်းသားဖုန်းအား ကျိန်ဆဲလိုက်သည်။

ပိုင်ချောင်ရှီ "MMP "

(T/N : "MMP" ဆိုတာ တရုတ်ဝတ္ထုတွေ၊ အင်တာနက်စာသားတွေမှာ အတွေ့များတဲ့ အလွန်ရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ အဆဲစကားတစ်ခုပါ။

အဓိပ္ပာယ်အရ ဒါဟာ တရုတ်လူမျိုးတွေကြားထဲမှာ အဆိုးရွားဆုံးဆဲဆိုမှုတစ်ခုလို့ပြောလို့ရပါတယ်။ တစ်ဖက်လူရဲ့မိခင်ကို ရည်ရွယ်ပြီး လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဆဲဆိုထားတာ ဖြစ်ပါတယ်။)

ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် အခြားလူတစ်ဦး အခန်းထဲသို့ဝင်လာခဲ့သည်။

သက်တော်စောင့် "သခင်၊ ယွမ်ထောင်ကျူးက သခင်ကြီးကို ဟန်ချင်းမဏ္ဍပ်မှာ လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်နေပါတယ် "

ပိုင်ချောင်ရှီသည် တောင်ပေါ်စံအိမ်ပိုင်ရှင် အချိန်မီရောက်ရှိလာခြင်းကို တိတ်တဆိတ် ချီးကျူးရင်း သူမ ရင်ဘတ်ကိုပုတ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ယင်းကျစ်ဖုန်း၌ သူမအား အတင်းအကျပ်နေခိုင်းရန် အကြောင်းပြချက် မရှိသင့်တော့ဘူး မဟုတ်ပါလား။

မမျှော်လင့်ဘဲ ယင်းကျစ်ဖုန်းကမူ သူမ ဘက်သို့ လှည့်ကာပြောလိုက်သည်။

ယင်းကျစ်ဖုန်း "မင်းလည်း လိုက်ခဲ့ "

ပိုင်ချောင်ရှီ "..."

ယင်းကျစ်ဖုန်းသည် ဟန်ချင်းမဏ္ဍပ်ဆီသို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရာ သူ့နောက်တွင် အမြီးသေးသေးလေးတစ်ခု လိုက်ပါသွားခဲ့သည်။ ပိုင်ချောင်ရှီသည် ဒေါသမထွက်ရဲသလို စကားလည်းမပြောနိုင်ဘဲ လမ်းတစ်လျှောက်ခြေဖျားဖြင့် ကျောက်ခဲငယ်များကို ကန်ကျောက်သွားခဲ့သည်။

ဟန်ချင်းမဏ္ဍပ်သည် တောင်ပေါ်စံအိမ်တစ်ခုလုံး၏အမြင့်ဆုံးနေရာဖြစ်သော ကျောက်ဆောင်အတုတစ်ခု၏ထိပ်တွင် တည်ရှိသည်။ ၎င်း၏ပုံသဏ္ဌာန်မှာ ပျံသန်းတော့မည့် အတောင်ပံများပါရှိသော စောင်းတင်ခုံတစ်ခုကဲ့သို့ဖြစ်ပြီး ကွေ့ကောက်နေသော စင်္ကြန်များနှင့် ကျဲပါးသော ပန်းများ သစ်ပင်များဖြင့် ဝန်းရံထားသည်။ သူတို့နှစ်ဦးသည် ဖုန်းကျန်းအနက်ရောင်ကျောက်တုံးစုများနှင့် ပျံသန်းနေသော သက်တံ့တံတားကိုဖြတ်သန်းကာ ၎င်းတို့၏ခရီးပန်းတိုင်သို့ ရောက်ရှိသွားကြသည်။

စောင်းတင်ခုံပေါ်တွင် လူတစ်ဦးစောင်းတီးနေခဲ့သည်။ သူသည် ကျယ်ဝန်းသော အင်္ကျီလက်ကြီးများပါရှိသည့် ဝတ်ရုံကျယ်ကြီးကို ဝတ်ဆင်ထားပြီး နာမည်ကျော်ပညာရှိတစ်ဦး၏ ကျက်သရေကိုဖော်ညွှန်းနေသည်။ ဟွမ်ယန်သည် ပညာရှိ၏ဘေးတွင် ရပ်နေပြီး သူမ ရှေ့ရှိ လက်ဖက်ရည်စားပွဲပေါ်တွင် အကောင်းဆုံး လက်ဖက်ရည်များရှိနေသည်။

ဤသူသည် တောင်ပေါ်စံအိမ်၏ပိုင်ရှင်ဖြစ်သလော။ ယင်းကျစ်ဖုန်းနှင့် နှိုင်းယှဉ်ပါက ခြားနားချက်မှာ ချက်ချင်းဆိုသလို သိသာထင်ရှားလှသည်။ ပိုင်ချောင်ရှီသည် ပိုင်ရှင်ဖြစ်သူအပေါ် ပိုမိုကောင်းမွန်သော အမြင်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

ယွမ်ရှန်းသည် သူ့ မျက်လုံးများကို မော့ကြည့်လိုက်ရာ သူ့အကြည့်များမှာ ယင်းကျစ်ဖုန်းနောက်ရှိ အမျိုးသမီးအပေါ်သို့ ကျရောက်သွားပြီး စောင်းတီးသံမှာ ရပ်တန့်သွားခဲ့သည်။

ယွမ်ရှန်း "သခင်လေးယင်း၊ ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ပါဦး "

တာ့ယန်တိုင်းပြည်သည် အလွန်ပွင့်လင်းသော တိုင်းပြည်တစ်ခုဖြစ်သည်။ ထိုက်ကျူဧကရာဇ် ပြီးနောက် ထိုက်ကျုံးဧကရာဇ်ဖြစ်လာပြီး ဤဧကရာဇ်သည် အရည်အချင်းစုံလင်လှသည်။ သူ၏ချစ်လှစွာသော ကိုယ်လုပ်တော်နှင့်အတူ သူသည် ဂီတသင်္ကေတများကို သုတေသနပြုကာ အကများကို တီထွင်ဖန် တီးခဲ့ပြီး နန်းတွင်းဂီတနှင့် အကများမှာ တစ်ခေတ်တစ်ခါကထွန်းကားခဲ့သည်။ ယွမ်ရှန်း တီးခတ်နေသည့်အရာမှာ ထိုက်ကျုံးဧကရာဇ် ဖန်တီးခဲ့သော "ဖော်ကျန်းဇီ" ဖြစ်သည်။

ပိုင်ချောင်ရှီသည် "ဖော်ကျန်းဇီ" ကိုနားမလည်သော်လည်း ၎င်းအတွင်းရှိ လက်နက်များထိခိုက်သံ၏ ပြင်းထန်သော ကြီးကျယ်ခမ်းနားမှုကို နားလည် သဘောပေါက်ခြင်းမှ သူမကို မတားဆီးနိုင်ခဲ့ပေ။ သူမ မျက်လုံးများနှင့် ယွမ်ရှန်းတို့၏မျက်လုံးများ ဆုံတွေ့သွားသောအခါ သူမသည် အံ့ဩသွားရုံသာမက အထင်ကြီးလေးစားမိသွားခဲ့သည်။ မည်မျှချောမောလှပသော လူငယ်လေးဖြစ်သနည်း။ သူ၏ရုပ်ဆင်းသွင်ပြင်မှာ ကျစ်ရှုနှင့်ပင် ယှဉ်နိုင်လုနီးပါးဖြစ်သည်။

မဟုတ်ပေ။ ကျစ်ရှုတွင် နူးညံ့သိမ်မွေ့သော လူငယ်ဆန်မှု အနည်းငယ်ပိုရှိပြီး တောင်ပေါ်စံအိမ်ပိုင်ရှင်ကမူ ပိုမိုရင့်ကျက်သော အနုပညာဆန်သည့် အလှတရားကို ထုတ်ဖော်ပြသနေသည်။

ဗိသုကာပညာ၊ ရှုခင်းဖန်တီးမှုနှင့် ဂီတတို့ကို နားလည်ပြီး ဘဝကို တန်ဖိုးထားတတ်သော တောင်ပေါ်စံအိမ်ပိုင်ရှင်တစ်ဦးဖြစ်သည်။

စာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာခြင်းမှာ အရှုံးတစ်ခုမဟုတ်ပေ။ သူမသည် ချောမောခန့်ညားသောအမျိုးသားများကို မျက်စိပသာဒဖြစ်စွာ ကြည့်ရှုခွင့် ရခဲ့သည် မဟုတ်ပါလား။

ပိုင်ချောင်ရှီ ထိုသို့ တွေးလိုက်မိသည်။

All Chapters