← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

34

ပိုင်ချောင်ရှီ "သမိုင်းဖတ်စာအုပ်တွေထဲမှာ ဟွာထို့ဆိုတာ ရှိတယ်မလား"

လုထို့ဝမ် ပါးစပ်တစ်ခုလုံး နီရဲလျက် တုံ့ဆိုင်းသွားသည်။

လုထို့ဝမ် "မင်းရဲ့ ဘယ်မျက်လုံးက ငါ့ကို နတ်ဆေးသမားတော်ကြီးအဖြစ် မြင်နေရတာလဲ၊ ကောင်မလေး၊ အလကား အပင်ပန်းမခံစမ်းပါနဲ့၊ ငါက ဆေးဘုရင်တောင်ကြားမှာ မီးထိုးရတဲ့ အဘိုးကြီးတစ်ယောက်ပါ"

သူ ရှင်းပြလေလေ ပိုင်ချောင်ရှီအတွက် သူ့အား နားလည်ရ ပိုခက်ခဲလာလေလေဖြစ်သည်။

ထိုအဘိုးအိုသည် အသားကို နောက်ထပ် အကိုက်ကြီးတစ်ကိုက် ကိုက်စားလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

လုထို့ဝမ် "မင်းတို့က ဝက်သားနှပ်ကို တုန်းပိုဝက်သားလို့ ခေါ်တာလား၊ အရှေ့ဘက်က ဘယ်ကုန်းစောင်းကို ပြောတာလဲ"

ပိုင်ချောင်ရှီ သူ့ကြောင့် ရယ်ချင်သွားရသည်။

ပိုင်ချောင်ရှီ "မဟုတ်ပါဘူး၊ ဦးလေးဟွာ၊ တုန်းပိုဆိုတာ ကျွန်မရဲ့ဇာတိက အစားပုပ်တဲ့သူ၊ အို မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူက အစားအသောက် ကြိုက်နှစ်သက်တဲ့သူ တစ်ယောက်ပါ၊ သူက ဝက်သားနှပ်ကို ပိုကောင်းအောင် လုပ်ခဲ့တာ၊ အရသာရှိတယ်မလား"

လုထို့ဝမ်သည် အမည်နာမအပေါ် ဆက်၍ အာရုံမစိုက်နေတော့ချေ။ အရသာရှိနေသရွေ့ အဆင်ပြေသည်။

လုထို့ဝမ် "အင်း၊ အရသာရှိတယ်၊ အရင်က ငါ စားဖူးသမျှထက် ပိုကောင်းတယ်၊ ဟင်းချက်တဲ့နေရာမှာ ဒီဟုန်ချွီက အရမ်းအရသာရှိတာပဲ"

လုထို့ဝမ်အား ကျေနပ်စေပြီးနောက် ပိုင်ချောင်ရှီသည် တိတ်တဆိတ်ဝမ်းသာသွားပြီး သူမ ကျောဘက်မှ တုတ်ကောက်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ပိုင်ချောင်ရှီ "ဦးလေးဟွာ၊ ကျွန်မ အားတဲ့အချိန်လေးမှာ အသေးအမွှားလေး တစ်ခု လုပ်ပေးထားတယ်၊ ကျွန်မရဲ့လက်ကြမ်းကြမ်းနဲ့ ကြမ်းတမ်းတဲ့ လက်ရာကို စိတ်မရှိပါနဲ့နော်"

လုထို့ဝမ်သည် စားသောက်နေခြင်းကို ရပ်တန့်လိုက်သည်။ ထိုမိန်းမငယ်လေးသည် ဤဧည့်ခံပွဲအတွက် မည်မျှ ကြိုးစားအားထုတ်ကာ အကြံအစည်များ ထည့်သွင်းထားသည်ကို သူ သိရှိကောင်း သိရှိပေမည်။ ဤတုတ်ကောက်ကို ပြုလုပ်ရန် သူမ အချိန်မည်သို့ရခဲ့သနည်း။ သူသည် ပိုးအိမ်များကဲ့သို့ ပတ်စည်းထားသော သူမ လက်များကို လှမ်းကြည့်လိုက်သည်။ လက်ချောင်းတိုင်းကို ပိုးအိမ်ကဲ့သို့ ပတ်စည်းထားခြင်း မဟုတ်ဘဲ အချို့မှာ ပေါ်လွင်နေသော်လည်း ပေါ်နေသော ထိုလက်ချောင်းအချို့တွင်လည်း သွေးကြည်ဖုများရှိနေသည်။

ဤသည်မှာ ပိုင်ချောင်ရှီ၏ပါးနပ်မှုဖြစ်ကြောင်း သူ သိမည်မဟုတ်ချေ၊ ပတ်စည်းထားသော အရာများမှာ လက်ချောင်းကောင်းများဖြစ်ပြီး ပေါ်လွင်နေသော အရာများမှာ ဒဏ်ရာရထားသော လက်ချောင်းများဖြစ်သည်။

လုထို့ဝမ်သည် ကျန်ရှိနေသော တုန်းပိုဝက်သား နှစ်တုံးကို လှေကားထစ်များပေါ်တွင် တင်ထားခဲ့ကာ လှည့်၍ အခန်းထဲသို့ ဝင်သွားသည်။ ခဏအကြာတွင် သူ့ လက်ထဲ၌ ပုလင်းငယ်တစ်လုံးကို ကိုင်ဆောင်လျက်ပြန်ထွက်လာသည်။

လုထို့ဝမ် "ငါ အလကား မစားဘူး၊ ဒီဒဏ်ရာလိမ်းဆေးကို ယူပြီး သုံးလိုက်"

ပိုင်ချောင်ရှီသည် အပြုံးတစ်ခုနှင့် ၎င်းကို လက်ခံယူလိုက်သည်။ ကြည့်လေ၊ သူတို့သည် အပြန်အလှန် ပေးကမ်းမှုတစ်ခုကို လျင်မြန်စွာရရှိသွားခဲ့ကြသည်။ သူမ အရိုအသေပေးလိုက်သည်။

ပိုင်ချောင်ရှီ "ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်၊ ဦးလေးဟွာ"

လုထို့ဝမ်သည် ကျန်ရှိနေသော အသားနှစ်တုံးကို လျင်မြန်စွာစားသုံးလိုက်ပြီး သူ့ လက်ချောင်းများကိုပင် စုပ်ယူလိုက်သော်လည်း ပိုင်ချောင်ရှီ ထွက်ခွာသွားမည့် အရိပ်အယောင်ကို မမြင်ရချေ။

လုထို့ဝမ် "မင်း ဆေးပြန်မလိမ်းတော့ဘူးလား၊ ငါနဲ့အတူ ဒီမှာနေပြီး ဘာလုပ်နေတာလဲ"

ဤသည်မှာ ရှင်းလင်းသော နှင်ထုတ်ခြင်းပင်။

ပိုင်ချောင်ရှီ "အို၊ အို၊ ဦးလေးဟွာ၊ ဘာကြိုက်တတ်လဲ၊ မနက်ဖြန် ကျွန်မ အထူးတလည် တစ်ခုခုလုပ်ပေးနိုင်တယ်"

ဆေးဘုရင်တောင်ကြားရှိ တစ်ဦးတည်းသောပုဂ္ဂိုလ်၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ပိုင်ချောင်ရှီသည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုနေခြင်းဖြစ်သည်။

လုထို့ဝမ် "ဒီနေရာကို မင်းရဲ့ အိမ်လို့ တကယ်ထင်နေတာလား၊ ကောင်မလေး၊ လိမ္မာအောင်နေပြီး မြန်မြန် ပြန်သွားတော့"

ပိုင်ချောင်ရှီသည် နှုတ်မှ အို ဟု တီးတိုးရေရွတ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားသည်။ သူမ လက်သည် တံခါးကိုထိလိုက်သည့် အခိုက်အတန့်တွင် လူရိပ်တစ်ခု သူမ လက်မောင်းများထဲသို့ အားပျော့စွာလဲကျလာသည်ကို သူမ မြင်တွေ့လိုက်ရပြီး စေးကပ်ကာ ပြင်းထန်သော သွေးနံ့တစ်ခုက သူမ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

အနီးကပ်ကြည့်လိုက်သောအခါ သူမ ထိတ်လန့်သွားရသည်။ ထိုလူမှာ ကျစ်ရှု မဟုတ်ပါလော။ သူ အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်း။ သူ့ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူရော်လို့နေသည်။

လုထို့ဝမ် အလျင်အမြန်လျှောက်လာပြီး တံခါးကို အမြန် ပိတ်လိုက်သည်။

အပြင်ဘက်မှ အလျင်စလို ခြေသံများကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်မှ တံခါးကို ခေါက်လာသည်။

တံခါးခေါက်သူ "စီနီယာလုထို့ဝမ်၊ ခြံဝင်းထဲကို လူရိပ်တစ်ခု ဝင်သွားတာ မြင်လိုက်မိသေးလား"

လုထို့ဝမ်သည် တိတ်ဆိတ်စွာနေလိုက်သည်။ အပြင်ဘက်မှ လူသည် ဆက်လက်၍တံခါးခေါက်နေသည်။ ထွက်သက်ဝင်သက် ငါးကြိမ်ခန့် အကြာတွင် လုထို့ဝမ်သည် တံခါးကိုဖွင့်လိုက်ပြီး သူ့ခေါင်းကိုသာ ဖော်ပြကာ ပြင်းထန်သော သန်းဝေမှုတစ်ခုကို ပြုလုပ်လိုက်သည်။

လုထို့ဝမ် "ဘယ်သူလဲ၊ ငါ ကျိုးနယ်စားကြီးနဲ့ တွေ့ဆုံနေတုန်းကို"

(T/N : ကျိုးနယ်စားကြီး = အိမ်မက်နတ်သား အိမ်မက်မက်နေပြီလို့ဆိုလိုတာပါ)

မေးခွန်းထုတ်သူမှာ တောင်ပေါ်စံအိမ်မှ အစေခံတစ်ဦးဖြစ်ပြီး ဤသည်က တောင်ပေါ်စံအိမ်တွင် အမှန်တကယ် လုံခြုံရေး တင်းကျပ်ထားကြောင်း ပြသနေသည်။

အစေခံ "ဒီနေ့ တောင်ပေါ်စံအိမ်ထဲကို ရက်စက်တဲ့ ဓားပြတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီး ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ရဲ့ လက်အောက်ငယ်သား တစ်ယောက်ကို သတ်ဖြတ်သွားခဲ့တယ်၊ ဒါ အခွင့်အရေးယူတတ်သူတွေကို တားဆီးနိုင်ဖို့ စီနီယာ့ကို သတိပေးရုံပါ"

အစေခံများ ထွက်ခွာသွားချိန်တွင် ပိုင်ချောင်ရှီသည် လေးနက်သောအမူအရာဖြစ်သွားပြီး ကျစ်ရှုအား တွဲကူထားလျက် လုထို့ဝမ်အား အလွန်ရိုသေစွာ ဦးညွှတ်လိုက်သည်။

ပိုင်ချောင်ရှီ "ဦးလေးဟွာ၊ ဒါ ကျွန်မရဲ့ခင်ပွန်းပါ၊ သူ ဒီနေ့ ကျွန်မ ပျောက်သွားတာကို စိုးရိမ်ပြီး လိုက်ရှာတာဖြစ်ရမယ်၊ သူက အဲ့ဒီလူတွေပြောတဲ့ ရက်စက်တဲ့ ဓားပြ လုံးဝမဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ဦးလေးဟွာ ကျွန်မ ခင်ပွန်းရဲ့အသက်ကို ကယ်တင်ပေးပါ၊ ဒီအသက်ကယ်ကျေးဇူးအတွက် ကျွန်မ ပိုင်ချောင်ရှီ မြက်ခူးပြီး သယ်ပေးရမယ်ဆိုရင်တောင် အစွမ်းကုန်ကြိုးစားပြီး ကျေးဇူးဆပ်ပါ့မယ်"

All Chapters