← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) အနည်းငယ်သိရှိခြင်း

သူတို့လေးယောက်စလုံးမှာ အနေခက်ဖွယ် တိတ်ဆိတ်သွားကြသည်။

မန်နေဂျာကျိုးသည် အခြေအနေကို ပြေလည်စေရန် အကြိမ်ကြိမ် စကားပြောလိုသော်လည်း မည်သို့ပြောရမည်ကို မသိဖြစ်နေ၏။

ကံကောင်းထောက်မစွာဖြင့် အစားအသောက်များမှာ လျင်မြန်စွာ ရောက်လာခဲ့သည်။

ပထမဆုံး ဟင်းလျာကို ယူဆောင်လာသောအခါ မန်နေဂျာကျိုးက သက်ပြင်းချလိုက်ပြီး စကားစရန် အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားသည်။

"ညွှန်ကြားရေးမှူးမာ... ဒီနေရာက စားဖိုမှူးရဲ့ လက်ရာတွေ ကျဆင်းသွားလားဆိုတာ မြည်းကြည့်ပါဦး... ပြီးတော့ သူက တူမလေး ဖြစ်ရမယ်... အားမနာဘဲ စားနော်…”

ဒုတိယညွှန်ကြားရေးမှူးမာသည်လည်း သဘာဝကျစွာပင် အားနာနေမည် မဟုတ်ပေ။ သူတို့၏ ရည်ရွယ်ချက်ကို သူသိသော်လည်း သူတို့ စကားမစသရွေ့ သူကလည်း ငြိမ်းချမ်းမှုကို ကျေနပ်စွာ ခံစားနေမည်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုဌာနမှူးနေရာကို သူကိုယ်တိုင် အလွယ်တကူ လက်လွှတ်ပေးမည် မဟုတ်ပေ။

ဤဟင်းလျာမှာ ဖုန်းကျယ်ဥယျာဉ်၏ နာမည်ကြီးဟင်းလျာများထဲမှ တစ်ခုဖြစ်သော ကျောက်ကပ်ပြားကြော်ဖြစ်ပြီး နိုင်ငံချစ်စားသောက်ဆိုင်က သင်ယူချက်ပြုတ်ထားခြင်း ဖြစ်၏။

ဒုတိယညွှန်ကြားရေးမှူးမာသည် တူဖြင့် တစ်ဖတ်ကို ကောက်ယူမည်ပြုစဉ် လျူအာကျူးက စကားဆိုလာသည်။

"ညွှန်ကြားရေးမှူးမာ... ခင်ဗျားအနေနဲ့ ဒီကျောက်ကပ်ပြားတွေကို မစားတာ ပိုကောင်းလိမ့်မယ်…”

"ဟင်…”

ဒုတိယညွှန်ကြားရေးမှူးမာက လျူအာကျူးအား ပြုံးယောင်သန်းလျက် ကြည့်လိုက်သည်။

"မင်းမှာ ပြောစရာရှိရင်လည်း ပြောလေ... ဧည့်သည် စားမယ့်ဟာကို တားတာက ယဉ်ကျေးမှု မရှိဘူးနော်…”

လျူအာကျူးက တည်ငြိမ်စွာ ပြုံးလိုက်လေသည်။

"ကျွန်တော် ခင်ဗျားကို စားဖို့ တားနေတာ မဟုတ်ပါဘူး... မကြာသေးခင်က ခင်ဗျား ခဏခဏ ခါးနာတတ်တယ် မဟုတ်လား... အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပြီး တစ်ခါတလေ ခေါင်းမူးတာတို့ ခေါင်းကိုက်တာတို့ ဖြစ်တတ်တယ် မဟုတ်လား... အထူးသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးတဲ့နောက် ဘာမှ သိပ်မလုပ်ရပေမဲ့လည်း အဲ့လက္ခဏာတွေက ပိုဆိုးလာတယ် မဟုတ်လား…”

ဒုတိယညွှန်ကြားရေးမှူးမာ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်သွားလေသည်။ သူသည် တူကို ဖြည်းညင်းစွာ ချလိုက်ပြီး လျူအာကျူးကို စိုက်ကြည့်လိုက်၏။

"မင်းက ဆေးပညာကို နားလည်တာလား..."

လျူအာကျူးက နှိမ့်ချသောဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အနည်းငယ်တော့ သိပါတယ်..."

"မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးပညာကို နားလည်လိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒါဆို ငါ့မှာ ဘာရောဂါရှိနေလဲဆိုတာ ပြောပြစမ်းပါ..."

ဒုတိယညွှန်ကြားရေးမှူးမာက တိုက်ရိုက်ပင် မေးလိုက်သည်။

"ကျူးဇီ... မင်း သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပြီး သေချာကြည့်ချင်သေးလား..."

မန်နေဂျာကျိုးသည် လျူအာကျူးမှ ဆေးပညာကို နားလည်ကြောင်း သိသော်လည်း သူ စကားမှားပြောမိပြီး ညွှန်ကြားရေးမှူးကို စိတ်ဆိုးစေမည်ကို စိုးရိမ်ကာ စိုးရိမ်တကြီးဖြင့် ကြည့်နေမိသည်။

"ရပါတယ်…”

သေချာစေရန်အတွက် လျူအာကျူးသည် ဒုတိယညွှန်ကြားရေးမှူးမာအား သွေးခုန်နှုန်း စမ်းသပ်ရန် လက်ကို ဆန့်ထုတ်ခိုင်းလိုက်သည်။ ထို့နောက် သူက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။

"နာတာရှည် ကျောက်ကပ်ရောင်ရောဂါပဲ... သံသယဖြစ်စရာ မရှိဘူး…”

မန်နေဂျာကျိုးသည် ဒုတိယညွှန်ကြားရေးမှူးမာအား ချက်ချင်း လှမ်းကြည့်လိုက်ပြီး သူ၏တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်ဆိုင်းနေလေသည်။

ဒုတိယညွှန်ကြားရေးမှူးမာက အဓိပ္ပါယ်ပါပါ ပြုံးလိုက်၏။

"အင်း... ငါ့မှာ တကယ်ပဲ ကျောက်ကပ်ရောင်ရောဂါ ရှိနေတာ... မင်းတို့က ဒီလောက်အထိ အသေးစိတ် စုံစမ်းထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

သူ ဝန်ခံလိုက်သည်ကို ကြားလိုက်ရသောအခါ မန်နေဂျာကျိုးမှာ အလိုအလျောက် ဝမ်းသာသွားသော်လည်း စကား၏ ဒုတိယပိုင်းမှာ တစ်ခုခုလွဲမှားနေသည်ဟု ခံစားလိုက်ရသည်။ သူက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

"ညွှန်ကြားရေးမှူးမာ... ခင်ဗျား ဘာကိုဆိုလိုတာလဲ... ကျွန်တော်တို့ ခင်ဗျားကို မစုံစမ်းခဲ့ပါဘူး…”

ညွှန်ကြားရေးမှူးမာ၏ လှောင်ပြောင်နေသော အပြုံးကို မြင်လိုက်ရသည့်အခါ လျူအာကျူးသည် သူ အထင်လွဲသွားကြောင်း ချက်ချင်း သိလိုက်သည်။ သူက ရှင်းပြလိုက်၏။

"ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆေးပညာစွမ်းရည်နဲ့ သိလိုက်ရတာပါ... လူစွမ်းကောင်းလုပ်ချင်လို့ ခင်ဗျားရဲ့ အခြေအနေကို ကြိုတင်စုံစမ်းထားတာ မဟုတ်ပါဘူး…”

"တော်တော့... အဓိပ္ပါယ်မရှိတာတွေ ဆက်မပြောနဲ့တော့... ခရိုင်ဆေးရုံမှာ ငါ့ရဲ့ ဆေးမှတ်တမ်းတွေ ရှိတယ်... မင်းတို့နှစ်ယောက်ကသာ ကြည့်ချင်တယ်ဆိုရင် သဘာဝကျကျပဲ ရှာတွေ့နိုင်တာပေါ့…”

ဒုတိယညွှန်ကြားရေးမှူးမာသည် သူတို့၏ ရှင်းပြချက်ကို မကျေမနပ်ဖြင့် ဖြတ်ပြောလိုက်ပြီး တည်ကြပ်စွာ ဆက်ပြောလေသည်။

"ဟိုဌာနမှူးနေရာနဲ့ ပတ်သက်လို့တော့ မင်းသာ အလုပ်စဝင်ခဲ့ရင် ငါ ဘာမှပြောမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းဆီက ဘာအကြောင်းကြားစာမှ မရှိဘဲ အဲ့နေရာကို အကြာကြီး ဖယ်ထားပေးခဲ့ရတာ... ငါ့တူမလေးက အဲ့နေရာကိုယူတာ သဘာဝကျပါတယ်... ဒါကြောင့် ပြဿနာ ထပ်ရှာဖို့ မစဉ်းစားပါနဲ့…”

"လီလီ... သွားကြစို့... ဒီထမင်းကို စားစရာ မလိုပါဘူး... ငါတို့က ထမင်းမစားနိုင်တဲ့သူတွေမှ မဟုတ်တာ…”

မန်နေဂျာကျိုးမှာ ပြာယာခတ်သွားသည်။ အခြေအနေတွေ ကောင်းမွန်နေချိန်တွင် ဒုတိယညွှန်ကြားရေးမှူးမာက ရုတ်တရက် ဒေါသထွက်ကာ ထွက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လျူအာကျူးမှာလည်း အနည်းငယ် အံ့သြသွားသော်လည်း သူ၏ တုံ့ပြန်မှုမှာ လျင်မြန်လှပေသည်။ သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။

"ညွှန်ကြားရေးမှူးမာ... ခင်ဗျားမှာ ခရိုင်ဆေးရုံက မှတ်တမ်းတွေ ရှိပေမဲ့ ခင်ဗျားရဲ့ တူမလေးမှာရော ရှိလို့လား…”

ဒုတိယညွှန်ကြားရေးမှူးမာသည် လှောင်ပြောင်လိုက်ပြီး ခြေလှမ်းများကို ရပ်တန့်မသွားခဲ့ပေ။

မန်နေဂျာကျိုးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

"ကျူးဇီ... မြန်မြန် တစ်ခုခု စဉ်းစားစမ်းပါ..."

ဤသည်ကို မြင်လိုက်ရသည့်အခါ လျူအာကျူးသည် ချက်ချင်း နောက်မှလိုက်သွားကာ ဒုတိယညွှန်ကြားရေးမှူးမာ၏ အနီးသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"ခင်ဗျားတူမလေးရဲ့ ကလေးမရနိုင်တဲ့ ပြဿနာကို ကျွန်တော် ကုသပေးနိုင်တယ်.."

ဒုတိယညွှန်ကြားရေးမှူးမာမှာ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။ သူ၏မျက်နှာမှာ နီမြန်းသွားပြီး မျက်လုံးများတွင် ဒေါသမီးတောက်များ တောက်လောင်လျက် လျူအာကျူးကို ကြည့်လိုက်၏။

"လျူအာကျူး... မင်းကိုယ်မင်း သူရဲကောင်းလေး ဖြစ်နေတိုင်း လျှောက်ပြောလို့ရတယ်လို့ မထင်နဲ့နော်..."

လူငယ်အမျိုးသမီးဖြစ်သော လီလီသည်လည်း နာကြည်းမှုအပြည့်ဖြင့် လျူအာကျူးအား လှည့်ကြည့်လာသည်။

သူမသည် သူတစ်ပါး၏ အလုပ်ကို မလုယူချင်သော်လည်း ဤသည်မှာ ဦးလေးဖြစ်သူ၏ စီစဉ်မှုဖြစ်သောကြောင့် သူမတွင် ရွေးချယ်စရာ မရှိခဲ့ပေ။

သို့သော် ဤလူက ထိုကဲ့သို့သော ကိစ္စကို အသုံးပြု၍ သူမအား ခြိမ်းခြောက်လာခြင်းမှာ အလွန်အရှက်ကင်းမဲ့လွန်းလှပေသည်။

သူတို့၏ ဒေါသကို မြင်လိုက်ရသည့်အခါ လျူအာကျူးက ချက်ချင်းပင် ပြောလိုက်လေသည်။

"အဲ့ကိစ္စအတွက် ခင်ဗျားတို့ ခရိုင်ဆေးရုံကို မသွားခဲ့ဘူးဆိုတာ သိသာပါတယ်... ပြီးတော့ ခင်ဗျားတို့ရဲ့ အနေအထားအရလည်း ဒီကိစ္စကို လူသိရှင်ကြား ပြောပြမှာ မဟုတ်ဘူး... ဒါကြောင့် ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ကို စုံစမ်းလို့ သိလာစရာ အကြောင်းမရှိဘူး မဟုတ်လား…”

ဤစကားများက ဒုတိယညွှန်ကြားရေးမှူးမာကို အနည်းငယ် အသိဝင်သွားစေသည်။

လီလီက လျူအာကျူးအား နာကြည်းစွာဖြင့် စိုက်ကြည့်နေဆဲဖြစ်၏။

"ရှင် ဘယ်ကနေ ကြားလာလဲဆိုတာ ဘယ်သူသိမှာလဲ... ကျွန်မယောက္ခမဆီက ကြားလာတာလည်း ဖြစ်နိုင်တာပဲ..."

"ကျွန်တော်သာ ခင်ဗျားရဲ့ ယောက္ခမဆီက ကြားခဲ့ရတာဆိုရင် ခင်ဗျားကို လှောင်ပြောင်ရုံပဲ လှောင်ပြောင်မှာပေါ့... ကုပေးနိုင်တယ်လို့ ပြောနေမှာ မဟုတ်ဘူး…”

လျူအာကျူးက လေးနက်စွာ ရှင်းပြလိုက်သည်။

လီလီမှာ အံ့သြမှင်တက်သွား၏။

ဒုတိယညွှန်ကြားရေးမှူးမာ၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာပြီး လျူအာကျူးအား စူးစိုက်ကြည့်ကာ မေးလိုက်၏။

"မင်း ကုပေးနိုင်တာ သေချာလား…”

"ကျွန်တော်က အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ လာပြောတာပါ... ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဌာနမှူးနေရာကိုရဖို့ပဲ... ကျွန်တော်သာ မကုသပေးနိုင်ဘူးဆိုရင် ခင်ဗျား ကျွန်တော့်ကို သေလောက်အောင် မုန်းတီးသွားစေဖို့နဲ့ တမင်သက်သက် စိတ်ဆိုးအောင် ခုလိုစကားမျိုး ပြောနေပါ့မလား…”

လျူအာကျူးက တည်ကြည်စွာ ပြောလိုက်သည်။

လီလီသည် မည်သို့လုပ်ရမည်ကို မသိတော့ဘဲ သူမ၏ ဦးလေးဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ဒုတိယညွှန်ကြားရေးမှူးမာသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် လျူအာကျူးအား စိုက်ကြည့်ကာ အော်ဟစ်လုမတတ် ပြောလိုက်၏။

"မင်း တကယ်ပဲ ကုပေးနိုင်တာလား... မင်း ကျိန်ဆိုရဲလား…”

"ကျွန်တော် ကျိန်မဆိုခင် သူမရဲ့ သွေးခုန်နှုန်းကို အရင်စမ်းသပ်ဖို့ လိုသေးတယ်... အခုတော့ လုံးဝ သေချာသေးတာ မဟုတ်ဘူး…”

လျူအာကျူးက ရှင်းပြလိုက်သည်။

"သွေးခုန်နှုန်း စမ်းသပ်လိုက်... ဒါဆို သွေးခုန်နှုန်းကို စမ်းလိုက်…”

ဒုတိယညွှန်ကြားရေးမှူးမာသည် သူ့အစ်မဖြစ်သူ၏ သမီးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး အခွင့်အရေး အနည်းငယ်ကိုမျှ လက်လွတ်မခံနိုင်ပေ။

လျူအာကျူးသာ ယုံကြည်မှုမရှိပါက သူ့ကို ဤကဲ့သို့ စော်ကားဝံ့မည် မဟုတ်ကြောင်းကိုလည်း သူ စဉ်းစားမိသည်။

သူ ဤသို့ပြောထွက်လာကတည်းက ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်၏။

သူ့ကို စမ်းကြည့်ခိုင်းလိုက်၍ ဘာများ နစ်နာသွားမည်နည်းဟု သူ တွေးလိုက်မိသည်။

ဦးလေးဖြစ်သူမှ သဘောတူလိုက်သည်ကို မြင်သောအခါ လီလီသည် ဘာမှထပ်မပြောတော့ဘဲ စားပွဲသို့ ချက်ချင်း ပြန်သွားကာ သူမ၏ လက်ကို ဆန့်ထုတ်ပေးလိုက်သည်။

လျူအာကျူးသည် သူ၏လွယ်အိတ်ထဲမှ ဂွမ်းအုံးသေးသေးလေးတစ်ခုကို ထုတ်ယူကာ လီလီ၏ လက်ကောက်ဝတ်အောက်တွင် ထားလိုက်ပြီး သွေးခုန်နှုန်းကို ဂရုတစိုက် စမ်းသပ်လေတော့သည်။

ဤအလုပ်အတွက် သူသည် ရောဂါရှာဖွေရေး နည်းလမ်းလေးသွယ်စလုံးကို အသုံးပြုကာ တကယ့်ကို ကြိုးစားအားထုတ်နေခြင်းဖြစ်၏။

ရာစုနှစ်ပေါင်းများစွာသော သူ၏ ဆေးပညာအတွေ့အကြုံဖြင့် စမ်းသပ်စစ်ဆေးပြီးနောက် သူက အနည်းငယ် ပြုံးလိုက်လေသည်။

"ကုသလို့ ရပါတယ်... ကုသမှုသုံးကြိမ်ပဲ... အများဆုံး ရက်နှစ်ဆယ်အတွင်း အာမခံတယ်…”

လျူအာကျူးသာ ရောဂါပျောက်ကင်းမည်ဟု အာမခံကြောင်း သက်သက်သာ ပြောခဲ့ပါက ဒုတိယညွှန်ကြားရေးမှူးမာနှင့် သူ၏တူမဖြစ်သူတို့ ယုံကြည်မည် မဟုတ်ပေ။

သို့သော် သူက တိကျသော အချိန်ကာလတစ်ခုကို ပြောပြလိုက်သောကြောင့် သူတို့နှစ်ယောက်စလုံးမှာ မျှော်လင့်ချက်ရောင်ခြည် အနည်းငယ် ရသွားကြသည်။

"မင်း နောက်နေတာ မဟုတ်ဘူးမလား... သူမက ငါ့ရဲ့ အရင်းခေါက်ခေါက် အစ်ဖြစ်သူရဲ့ သမီးပဲ... ငါ့အစ်မက ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့တာ... ငါဆိုလိုတာကို မင်း နားလည်လား…”

ဒုတိယညွှန်ကြားရေးမှူးမာက အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါတယ်... မိခင်ဘက်က ဦးလေးတစ်ယောက်ရဲ့ အရေးပါမှုကို ကျွန်တော် သိပါတယ်... ဒါ့အပြင် ခင်ဗျားက ပို့ဆောင်ရေးဗျူရိုရဲ့ ဒုတိယညွှန်ကြားရေးမှူးလေ... ခင်ဗျားသာ တကယ် ပြဿနာရှာချင်ရင် ကုန်တိုက်မန်နေဂျာနဲ့ ကျွန်တော်က ခင်ဗျားကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး... အလုပ်တစ်ခုအတွက်နဲ့ ခင်ဗျားကို သေလောက်အောင် စိတ်ဆိုးအောင် လုပ်နေပါ့မလား…”

"ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ကျွန်တော့်ကို ကုန်တိုက်မှာ အလုပ်တစ်ခု စီစဉ်ပေးဖို့ ဦးလေးကျိုးကို အကူအညီတောင်းရင်တောင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဌာနမှူးနေရာတစ်ခု ရဖို့အတွက် ကျွန်တော်က ဘာလို့ ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကို ယူရမှာလဲ…”

လျူအာကျူး၏ တည်ကြည်သော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ဒုတိယညွှန်ကြားရေးမှူးမာသည် သူ့ကို ယုံကြည်နေပြီ ဖြစ်သော်လည်း မန်နေဂျာကျိုးကို လှမ်းကြည့်လိုက်သေးသည်။

"မင်းမှာရော ဘာပြောစရာ ရှိသေးလဲ..."

မန်နေဂျာကျိုးအနေဖြင့် ဘာများ ပြောနိုင်မည်နည်း။ မည်သည့်အာမခံချက်မှ မပေးရဲဘဲ တီးတိုးရေရွတ်ရုံသာ တတ်နိုင်တော့သည်။

လျူအာကျူးက တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဒုတိယညွှန်ကြားရေးမှူးမာနဲ့ ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူးကြီးရဲ့ ဆက်ဆံရေးက ဘယ်လိုနေလဲ... ကျွန်တော့်ရဲ့ ဆေးပညာစွမ်းရည်အကြောင်းကို သွားမေးကြည့်လိုက်ပါ... သူ့ရဲ့ လေးဘက်နာရောဂါကို ကုသပေးခဲ့တာ ကျွန်တော်ပါ…”

All Chapters