← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း(၃၇၂)

မာရူးက သူ့နေရာကို ပြန်သွားပြီး အသက်ရှူမှန်အောင် လုပ်လိုက်တယ်။ ဟိုချော က သူ့ကို စိုက်ကြည့်နေပေမယ့်လည်း စိုက်ကြည့်နေရုံနဲ့တော့ ဘာမှ မဖြစ်သွားပါဘူး။

"အမှားမလုပ်နဲ့နော်။ အခု ရိုက်ကူးရေး စတော့မှာမို့လို့ သတိထားတော့။ အသက်ရှူမှန်မှန်ထားပြီး... စ"

ဟိုချော က သူ့နှုတ်ခမ်းတွေကို ဖြေလျှော့ပြီး စိတ်ကိုစုစည်းလိုက်တယ်။ အဲဒီနောက် မာရူးဆီကို လျှောက်လာပြီး ပခုံးကို လှမ်းကိုင်လိုက်တယ်။ သူ့လက်ချောင်းတွေက တင်းမာနေတယ်။ သူက 'မာရူးကို နေရာမှန်ရောက်သွားအောင်' ဆိုတဲ့ သဘောမျိုးနဲ့ နည်းနည်းတောင် ဆွဲဆိတ်လိုက်သေးတယ်။ မာရူးရဲ့ ပခုံးဆီကနေ နာကျင်မှု နည်းနည်း ခံစားလိုက်ရတယ်။

"ငါပြောတာ ကြားတယ်မလား"

"အင်း ကြားတယ်"

"ငါပြောတဲ့အတိုင်းပဲလုပ်။ မင်းဒါကို သေသေချာချာလုပ်ရင် နောက်အဆင့်ကျ ငါ မင်းကို ဆွဲခေါ်သွားမယ်။ ငါ့ကိုသာယုံ"

ဒါက ဟိုချော ဘက်က အမှားတစ်ခုပဲ။ ဇာတ်ညွှန်းထဲမှာ 'ငါပြောတဲ့အတိုင်းပဲလုပ်' ဆိုတဲ့ စကားလုံးမှ မပါတာ။ ဒါပေမဲ့ ဒါရိုက်တာက ဖြတ်မချတဲ့အတွက် မာရူးကလည်း ဂရုစိုက်နေစရာ မလိုဘူးလေ။ ဆုံးဖြတ်ဖို့က ဒါရိုက်တာရဲ့ အလုပ်ပဲ။ ရပ်ဖို့ အချက်ပြမခံရသရွေ့ သူကတော့ ဆက်ပြီး သရုပ်ဆောင်နေမှာပဲ။

သူက မေးစေ့ကို အောက်နည်းနည်းချပြီး ဟိုချော ကို ကြည့်လိုက်တယ်။ ဒီအချိန်မှာ ဟိုချော က သူ့အတွက် အလင်းရောင်တစ်ခုပါပဲ။ မျှော်လင့်ချက် အတုအယောင် ဖြစ်နိုင်ပေမယ့်လည်း သူကတော့ ဆွဲဆောင်ခံလိုက်ရတယ်။ အဖွဲ့ဝင် ၁ ရဲ့ ဆန္ဒတွေကို တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်မယ့်သူက သူပဲလေ။

လုပ်ရပ်တွေအတွက် တွန်းအားလိုသလို၊ တွန်းအားအတွက်လည်း စိတ်ခံစားမှု လိုအပ်တယ်။ ဆူပွက်နေတဲ့ စိတ်ခံစားမှုတွေနဲ့ လူမိသွားရင် အရာအားလုံး ပျက်စီးသွားမယ်ဆိုတဲ့ ကြောက်ရွံ့မှုကြောင့် ဖြစ်လာတဲ့ မသက်မသာဖြစ်မှု၊ အဲဒီနှစ်ခုကြားက ကွက်တိကျတဲ့ ခံစားချက်ကို ထုတ်ယူဖို့က အရေးကြီးတယ်။

တခြားအချိန်ဆိုရင်တော့ သူက အသုံးချခံဖို့ သူ့သဘောနဲ့သူ ဝင်ပါမိမှာပဲ။ ကာရိုက်တာရဲ့ ခံစားချက်တွေကို အနက်ရှိုင်းဆုံး တူးဆွမှာ မဟုတ်သလို၊ တစ်ဖက်လူရဲ့ ခံစားချက်တွေကိုလည်း ရှောင်ဖယ်နေမိမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အသေးအဖွဲကိစ္စလေးတစ်ခုပဲလေ။ သိပ်အရေးမကြီးပါဘူး။

ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ ဒါက အခွင့်အရေးတစ်ခုပဲ။

အခွင့်အရေးဆိုတာ မျက်စိနဲ့မမြင်ရတဲ့ မြားတွေလိုပဲ။ ရပ်နေရင်တောင်မှ ဖြတ်ပစ်သွားတတ်တာမျိုး။ အခွင့်အရေးဆိုတဲ့ မြားတွေကို ကိုယ်တိုင်ဖန်တီးတဲ့သူတွေကို 'ပါရမီရှင်' လို့ခေါ်ပြီး၊ ကံကောင်းလို့ ဆုပ်ကိုင်မိတဲ့သူတွေကိုတော့ 'အရည်အချင်းရှိသူ' လို့ ခေါ်ကြတယ်။ ပုံမှန်အားဖြင့်တော့ လူတွေက အဲဒီအခွင့်အရေးတွေကို လွတ်သွားတတ်ကြတာချည်းပါပဲ။ အခွင့်အရေးတွေ အများကြီး ဖြတ်ပြေးသွားပေမယ့် လူအများစုက ဒါကို သတိတောင်မထားမိကြဘူး။ ဒါက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကိုယ့်မျက်နှာရှေ့ တည့်တည့်ကို လာနေတဲ့ အခွင့်အရေးတစ်ခုကို တွေ့လိုက်ရတဲ့ ရှားရှားပါးပါး အခြေအနေတွေလည်း ရှိတတ်တယ်။ သင်တုန်းဓားလို ထက်မြက်တဲ့ အခွင့်အရေးက သူတို့ဆီကို အရှိန်အဟုန်နဲ့ ဝင်လာတတ်တယ်။ အများအားဖြင့်တော့ အခွင့်အရေးဆိုတာ ကြောက်စရာကောင်းတယ်။ နေ့စဉ်ဘဝမှာ အမြဲတမ်း ဖြစ်မနေဘူးလေ။ သူတို့က ပြောင်းလဲမှုကနေ စတင်တယ်၊ ပြောင်းလဲမှုဆိုတာ အသစ်အဆန်းဖြစ်ပြီး၊ အသစ်အဆန်းဆိုတာ မသိသေးတဲ့အရာဖြစ်လို့ ကြောက်စရာကောင်းတယ်။ ဒါကြောင့်ပဲ လူတွေက အဲဒီအခွင့်အရေးတွေကို လျစ်လျူရှုကြတာ ဒါမှမဟုတ် ကိုယ့်အတွက်မဟုတ်ဘူးလို့ ဖြေသိမ့်ပြီး လက်လွှတ်လိုက်ကြတာပဲ။

မာရူး က ပါရမီရှင်လည်း မဟုတ်သလို အရည်အချင်းရှိတဲ့သူလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့ဆီမှာ ရွယ်တူတွေဆီမှာ မရှိနိုင်တဲ့ လက်နက်တစ်ခု ရှိနေတယ်။ အဲဒါက အတွေ့အကြုံပဲ။ ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေနေတတ်အောင် သူ သင်ယူခဲ့ပြီး၊ အခွင့်အရေးတွေကို မြင်တတ်တဲ့ မျက်စိမျိုး ရရှိလာခဲ့တယ်။ ဒါက သူ့ကို အလကား ပေးထားတာ မဟုတ်ဘူး။ သူ ဖြတ်သန်းခဲ့ရတဲ့ အချိန်အကြာကြီးကနေ စုဆောင်းလာတဲ့ အတွေ့အကြုံတွေအတွက် လျော်ကြေးတစ်ခုပဲ။

ဒီအချိန်မှာ မာရူး ရဲ့ အမြင်အာရုံက ကျယ်ပြန့်လာတယ်။ သူ့ကို ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ကြည့်နေတဲ့ ပရိုဂျူဆာ ရဲ့အနောက်မှာ တန်းစီနေတဲ့ သရုပ်ဆောင်တွေကို သူ မြင်လိုက်ရတယ်။ အသံနည်းနည်း ဆူညံသွားတာက သူတို့ကို ဒီကိုရောက်လာစေပြီး အာရုံစိုက်လာစေတယ်။ ဝန်ထမ်းတွေကလည်း သူတို့ကို စောင့်ကြည့်နေကြတယ်။ ပရိုဂျူဆာ ရဲ့ ပေါက်ကွဲလွယ်တဲ့ စရိုက်ကို သူနဲ့ ဟိုချော တို့က ငြိမ်ကျသွားအောင် လုပ်ပေးနိုင်ဖို့ သူတို့ အသည်းအသန် မျှော်လင့်နေကြတာ။

လူအားလုံးရဲ့ အာရုံက သူတို့နှစ်ယောက်ဆီမှာ ရောက်နေတယ်။ မာရူး က ပြုံးမယောင်ဖြစ်သွားတာကို မနည်း ထိန်းထားလိုက်ရတယ်။

စင်မြင့်တစ်ခု ပြင်ဆင်ပြီးသွားပြီ။ လူတိုင်းရဲ့ စိတ်ထဲမှာ သူ့ပုံရိပ်ကို စွဲထင်သွားစေမယ့် စင်မြင့်တစ်ခုပေါ့။

သူက ဟိုချော ရဲ့ အကြည့်နောက်ကို လိုက်ကြည့်လိုက်တယ်။ ဆားကို သူ မြင်လိုက်ရတယ်။ အခု သူ ဆန္ဒတွေအကုန်လုံးနဲ့ ဒါကို ဆုပ်ကိုင်ရတော့မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တဲ့အချိန်မှာ စိတ်လှုပ်ရှားနေတဲ့ပုံ ပေါက်နေလို့ မရဘူး။ ဒါက တော်တော်လေး အန္တရာယ်များတဲ့ အလုပ်တစ်ခု၊ ပြစ်မှုတစ်ခုပဲ။ ရာဇဝတ်ကောင်တစ်ယောက်က ရလာမယ့် ရလဒ်ကောင်းတွေကို တွေးပြီး စိတ်လှုပ်ရှားနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သူက သတိထားပြီး နည်းနည်း တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ လုပ်ရမယ်။

"ဆောရီး၊ ကျွန်တော် စာသားမှားသွားလို့ပါ"

မာရူး က လေထဲမှာတင် သူ့လက်ကို ရပ်လိုက်တယ်။ ပြီးတော့ ဟိုချော ကို ကြည့်ဖို့ ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။ သူ့မျက်နှာက တော်တော်လေး အရုပ်ဆိုးနေတယ်။ သူရွေးချယ်လိုက်တာ တကယ်ပဲ မှန်ရဲ့လား။

မာရူး က ပရိုဂျူဆာကို ကြည့်လိုက်တယ်။ သူက ဘာမှမပြောဘူး။ ကင်မရာကို ရပ်ဖို့ လက်ကာပြရုံပဲ လုပ်တယ်။ ဟိုချော က ခေါင်းငုံ့ပြီး အားလုံးကို တောင်းပန်လိုက်တယ်။

ပုံမှန်အားဖြင့် ပြန်ရိုက်ရတဲ့အခန်း ဖြစ်ရင် အားလုံးက ရယ်ကြတာပဲ။ ဒါက လူတွေ လုပ်တတ်တဲ့ သဘာဝပဲလေ။ အမှားလုံးဝမရှိဘူးဆိုရင်တောင်မှ အဲဒါက ထူးဆန်းနေမယ်ဆိုတာ အကုန်လုံး သိကြတယ်။ သရုပ်ဆောင်တွေကို အော်ငေါက်လို့ သရုပ်ဆောင်တွေ ကြောက်သွားရင် ရိုက်ကူးရေး ပိုကြာသွားမယ်ဆိုတာ ပရိုဂျူဆာတွေ အကုန်လုံး သိထားကြတယ်။

ဒါပေမဲ့ ပြန်ရိုက်ရတဲ့အခန်း ကို လက်မခံနိုင်တဲ့ အချိန်တွေလည်း ရှိတတ်တယ်။ မာရူး သတိထားမိလိုက်တယ်။ လေထုက ပိုပြီး လေးလံလာတယ်။ အခြေအနေက တော်တော်လေး အကျည်းတန်တော့မယ်။ ရုံးတွင်းဘဝကို ဖြတ်သန်းဖူးတဲ့သူတစ်ယောက်အနေနဲ့ အကဲခတ်တတ်ဖို့ သင်ယူထားပြီးသားပဲလေ။ ရုံးက အခြေအနေကို ပြောတာပါ။

ပြီးတော့ လုပ်ငန်းခွင်တိုင်းရဲ့ အခြေအနေကို အဲဒီနေရာမှာ အာဏာအရှိဆုံးသူက ဆုံးဖြတ်တာပဲ။ ဒီနေရာမှာဆိုရင်တော့ ပရိုဂျူဆာနဲ့ လီမီယွန်း ပေါ့။

ပရိုဂျူဆာ ငြိမ်နေရတဲ့ အကြောင်းရင်းက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက သူ့သဘောအတိုင်း လုပ်လို့မရတဲ့သူတစ်ယောက် သူ့ရှေ့မှာ ရှိနေလို့ပဲ။ သေချာတာပေါ့၊ အာဏာလွန်ဆွဲပွဲကို အဆုံးထိ လုပ်မယ်ဆိုရင်တော့ ပရိုဂျူဆာက နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် သူ့မှာ သရုပ်ဆောင်တွေကို ပြောင်းလဲနိုင်တဲ့ အာဏာရှိတယ်လေ။ ဒါပေမဲ့ သရုပ်ဆောင်တွေနဲ့ အမြဲတမ်း အာဏာလွန်ဆွဲနေရင်တော့ ရိုက်ကူးရေး ဆက်လုပ်လို့ ရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ အခြေအနေ အရမ်းမဆိုးရွားဘူးဆိုရင် သူက အများအားဖြင့် လွှတ်ထားပေးတတ်တယ်။

"ဟေး"

လီမီယွန်း က ဟိုချော ကို လက်ညှိုးထိုးလိုက်တယ်။ ဟိုချော တစ်ကိုယ်လုံး တောင့်ခဲသွားတယ်။

"မလာဘူးလား"

"အာ.. ဟုတ်ကဲ့။ တောင်းပန်ပါတယ်"

ဟိုချော က လီမီယွန်း ရဲ့ရှေ့မှာ ချက်ချင်း သွားရပ်လိုက်တယ်။

"ဆောရီး ဒါရိုက်တာကင်။ ကျွန်မ ငြိမ်မနေနိုင်လို့ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာ။ အဆင်ပြေတယ်မလား"

"ရပါတယ်။ သူ နားလည်သွားအောင် သေချာရှင်းပြပေးလိုက်ပါ"

"ကောင်းပါပြီ။ ကျွန်မတို့ ခဏလောက် နားလိုက်ကြရအောင်လား" လီမီယွန်း က ပြုံးပြီး ပြောလိုက်တယ်။

ပရိုဂျူဆာက ၁၀ မိနစ် နားချိန် ကြေညာလိုက်တယ်။ ဝန်ထမ်းတွေ အကုန်လုံးက အဲဒီအချိန်ကို စောင့်နေတဲ့အတိုင်း ထွက်သွားကြတယ်။ စက်ပစ္စည်းတွေကို စောင့်ကြည့်ဖို့ လူနည်းနည်းပဲ ကျန်ခဲ့တယ်။ သရုပ်ဆောင်တွေလည်း ထွက်သွားကြပြီ။ မာရူး လည်း သူတို့နဲ့အတူ ဒီနေရာကနေ ထွက်သွားဖို့ လုပ်လိုက်ပေမယ့် အသံတစ်သံက သူ့ကို တားလိုက်တယ်။

"ဟေး.. မင်း။ ဒီကိုလာခဲ့"

မာရူး က သက်ပြင်းဖျော့ဖျော့ချပြီး ဟိုချော ဘေးမှာ ဝင်ရပ်လိုက်တယ်။ လီမီယွန်း က စက်ပစ္စည်းတွေကို စောင့်ကြည့်နေတဲ့ ဝန်ထမ်းတွေကို ခဏလောက် ထွက်သွားပေးဖို့ ပြောလိုက်တယ်။ ဝန်ထမ်းတွေ ထွက်သွားကြတယ်။ သိုလှောင်ရုံနားမှာ လူသူအရိပ်အယောင်တောင် မရှိတော့ဘူး။

"ဟိုချော မလား"

"ဟ-ဟုတ်ကဲ့"

"မောင်ရင်... သရုပ်ဆောင်တစ်ယောက်က သရုပ်ဆောင်စလုပ်ပြီဆိုတာနဲ့ ရဲတင်းနေရမယ်။ တခြားသူတွေရှေ့မှာ ကြောက်ရွံ့နေလို့ မရဘူး။ အသက်ဘယ်လောက်ရှိရှိ အရေးမကြီးဘူး။ ပုံမှန်အချိန်တွေမှာ အသက် ၈၀ အရွယ် အဘိုးအိုကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေမယ့်လည်း သရုပ်ဆောင်ပြီဆိုတာနဲ့ သူ့ကို အနိုင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သရုပ်ဆောင်ရမှာပဲ။ အဲဒါမှ သရုပ်ဆောင်ပဲ"

"နားလည်ပါပြီ"

"နားလည်တယ်ပေါ့။ နားလည်ရက်နဲ့များ အဲဒီလို သရုပ်ဆောင်နေတာလား။ မင်းက ဖြတ်လျှောက်လား။ ဒါမှမဟုတ် တစ်ခုခုဖြစ်လို့ ဝင်ကူပေးတဲ့ ဝန်ထမ်းလား။ အော်ဒီရှင်ကနေတစ်ဆင့် ဒီကိုရောက်လာတဲ့ ဇာတ်ပို့တစ်ယောက်ဆိုရင် ဇာတ်ရံတွေကို အေးဆေးလေး အနိုင်ယူနိုင်ရမှာပေါ့"

လီမီယွန်း က ရုတ်တရက် အသံမြှင့်လိုက်တယ်။ သူမရဲ့ အသံက ဒုတိယထပ် တစ်ထပ်လုံးကို ပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်တယ်။ ဟိုချော က လန့်ဖြတ်ပြီး ခေါင်းပုသွားတယ်။

"ပြီးတော့ ရပ်လိုက်လို့ရတယ်လို့ မင်းကို ဘယ်သူပြောလဲ။ ဟေ့... မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို အဲဒီလောက်တောင် ယုံကြည်နေတာလား။ နောက်တစ်ခေါက် ပြန်လုပ်ရင် အပြစ်အနာအဆာမရှိ လုပ်နိုင်တယ်လို့ ယုံကြည်နေတာလား"

"မ-မဟုတ်ပါဘူး"

"ဒါဆို ဒါရိုက်တာက ဘာမှမပြောဘဲနဲ့ မင်းက ဘာကောင်မို့လို့ လမ်းတစ်ဝက်မှာ ရပ်ပစ်ရတာလဲ။ သရုပ်မဆောင်တတ်ဘူးဆိုရင်တောင်မှ အကဲခတ်တတ်အောင်တော့ သင်ထားဦးလေ။ မင်းလောက်တုံးတဲ့သူ ငါ တစ်ခါမှကို မမြင်ဖူးဘူး"

လီမီယွန်း က ဟိုချော ရဲ့ ပခုံးကို ထိုးလိုက်တယ်။

"မင်း သိလား။ မင်းလို အရူးတွေကို တွေ့ရင် ငါ တော်တော် အံ့ဩမိတာပဲ။ ဘယ်သူမဆို သရုပ်ဆောင်လုပ်လို့ရတယ်၊ တီဗီပေါ် တက်လို့ရတယ်လို့ ထင်နေတဲ့ မင်းလိုလူတွေကြောင့် ငါ ညဘက်ဆို လန့်လန့်နိုးရတယ်။ မင်းက အိုင်ဒေါလ်တွေ ဘာတွေလား"

"မဟုတ်ပါဘူး"

"သရုပ်ဆောင်ကိုရော သေသေချာချာ သင်ဖူးလား"

"ဟုတ်ကဲ့ သင်ဖူးပါတယ်"

"ဒါဆို ဘာဖြစ်နေတာလဲ။ မင်းအသက် ဘယ်လောက်ရှိပြီလဲ"

"ဆ-ဆယ့်ရှစ်နှစ်ပါ"

"မင်း အသက်လည်း ကြီးနေပြီပဲ။ ငါ မင်းအရွယ်တုန်းကဆို အားလုံးက ငါ့ကို လူကြီးတစ်ယောက်လို ဆက်ဆံကြတာ။ အခုခေတ်ကလေးတွေကတော့ ဒီအရွယ်ရောက်တဲ့အထိ ကလေးတွေလိုပဲ။ နို့နံ့တောင် မစင်သေးဘူး။ သရုပ်ဆောင်သင်ဖူးတယ်ပေါ့။ ပြီးတော့ မင်းပါးစပ်ကနေ အဲဒီလို လေပွားနေနိုင်သေးတယ်ပေါ့လေ။ ငါသာဆိုရင်တော့ ရှက်လွန်းလို့ စကားတောင် ပြောနိုင်မှာ မဟုတ်ဘူး"

"တောင်းပန်ပါတယ်"

အဲဒီစကားကို ကြားတော့ လီမီယွန်း က တောင့်တင်းသွားပြီး စုပ်သပ်လိုက်တယ်။

"ငါ ဘာကို အမုန်းဆုံးလဲဆိုတာ သိလား။ ချက်ချင်း တောင်းပန်ပြီး ဒီအချိန်လေးကို ရှောင်ထွက်သွားချင်တဲ့ မင်းလို လူတွေကိုပဲ။ တော်တော် ဆိုးရွားတာပဲ။ အရမ်းကို ဆိုးရွားတယ်။ တောင်းပန်ဖို့လောက်ပဲ သိတဲ့ အရည်အချင်းမရှိတဲ့ ငတုံးတွေ။ ဟေ့... မင်းက ဘယ်မိသားစုကလဲ"

"မ-မိသားစု"

"မင်းအေဂျင်စီကို ပြောတာ"

"Good People ပါ"

"Good People ငါကတော့ တော်သင့်ရုံ အေဂျင်စီလို့ ထင်ထားတာ၊ ဒါပေမဲ့ မင်းကို ရွေးလိုက်မိတာတော့ သူတို့ ရွေးချယ်မှု မှားသွားပုံပဲ"

လီမီယွန်း က ဟိုချော ရဲ့ ပါးကို လက်ခုံနဲ့ ရိုက်ချလိုက်တယ်။ ဟိုချော ယိုင်သွားတယ်။

"ဟား.. မင်းမှာ ခြေထောက်နဲ့ ခါးမှာ အားတောင် မရှိဘူးလား။ ယောက်ျားရော ဟုတ်သေးရဲ့လား"

လီမီယွန်း က ဟိုချော ရှေ့ကို လျှောက်သွားပြီး သူ့ပေါင်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ ဟိုချော က မျက်စိစုံမှိတ်ပြီး နောက်ကို တွန့်ဆုတ်သွားတယ်။ လီမီယွန်း က သူ့မျက်နှာအမူအရာကို ခဏလောက် အကဲခတ်ပြီးမှ လွှတ်ပေးလိုက်တယ်။

မာရူး စုပ်သပ်လိုက်မိတယ်။ ဒီအမျိုးသမီးကတော့ တကယ့်ကို တစ်ခုခုပဲ။ ကောင်းတာဆိုးတာ အသာထား၊ သူမဆီက ထွက်လာတဲ့ ဖိအားက တော်တော်လေးကို မယုံနိုင်စရာပဲ။ ဒရာမာလောကမှာ ခေါင်းကိုင်မိခင်ကြီးလို့ အလကား ခေါ်ကြတာမှ မဟုတ်တာ။

ဒီတစ်ကြိမ်မှာတော့ သူမက ဟိုချော ဆီကနေ လှည့်ပြီး မာရူး ဘက်ကို မျက်နှာမူလိုက်တယ်။

"မင်းကို ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ဖူးတယ်"

"ဟုတ်ကဲ့။ ပြီးခဲ့တဲ့တစ်ခေါက်က နမ်ယန်းဂျူ မှာ ဆုံဖူးပါတယ်"

"အင်း၊ ငါ မှတ်မိတယ်။ မင်းက သွက်လက်တဲ့ ကောင်လေးပဲ။ အခု ဒီနေ့ မင်းကို ကြည့်ရတာ အခြေခံပိုင်နိုင်ထားပုံပဲ။ မင်းက ဘယ်မိသားစုကလဲ"

"ကျွန်တော် အခု JA မှာပါ"

"JA လို့ ပြောလိုက်လား... အို ဂျွန်မင်း ရဲ့ ဟာပဲ။ ဒါကြောင့်လည်း မင်းမျက်လုံးတွေက အခုခေတ် ကလေးတွေနဲ့မတူဘဲ တက်ကြွမှုတွေနဲ့ ပြည့်နေတာကိုး။ ဒါဆို မင်းက ဆူယွန်း နဲ့ မိသားစု တစ်ခုတည်းပေါ့"

"ဟုတ်ကဲ့"

"အင်း.. ဂျွန်မင်း ကတော့ လူကဲခတ် တော်တော်တော်တာပဲ"

လီမီယွန်း က ကျေနပ်တဲ့ အပြုံးနဲ့ ခေါင်းညိတ်လိုက်တယ်။

"မင်းအသက် ဘယ်လောက်လဲ"

"ကျွန်တော်လည်း ဆယ့်ရှစ်နှစ်ပါပဲ"

"တကယ်လား။ မင်းတို့နှစ်ယောက်က ရွယ်တူတွေဖြစ်ပေမယ့် တော်တော်လေး ကွာခြားတာပဲ။ သူလိုလူတွေက နေရာကောင်းတွေ ယူထားလို့ မင်းလိုလူတွေက အပေါ်ကို တက်လို့မရတာ"

တွန့်လိပ်နေတဲ့ လက်တစ်ဖက်က သူ့မေးစေ့ကို ပွတ်သပ်သွားတယ်။ မာရူး က ဖျော့တော့တော့လေး ပြုံးပြီး ငြိမ်ငြိမ်လေးပဲ ရပ်နေလိုက်တယ်။ သူ့မျက်နှာကို ခဏလောက် အကဲခတ်ပြီးတဲ့နောက် လီမီယွန်း က နောက်ဆုတ်သွားတယ်။

"မင်းကို မကြာခဏ တွေ့ရဖို့ မျှော်လင့်ပါတယ်"

"ဟုတ်ကဲ့"

လီမီယွန်း က ဟိုချော ကို သတိထားဖို့ ပြောပြီး သိုလှောင်ရုံထဲကနေ ထွက်သွားတယ်။ အသက်တောင် ကောင်းကောင်း မရှူရဲတဲ့ ဟိုချော က လီမီယွန်း ထွက်သွားတာကို စောင့်နေတယ်။ အဲဒီနောက် သူ လှည့်လာတယ်။

"ခွေးကောင်"

မာရူး ကတော့ သူ့ဆီကို လျှောက်လာပြီး အော်ငေါက်နေတဲ့ ဟိုချော ကို စောင့်ကြည့်နေရုံပဲ။ သူက ကိုယ့်ခံစားချက်ကို အမှန်အတိုင်း ပြတတ်တဲ့သူပဲ။ ပတ်ဝန်းကျင်ရဲ့ အကဲကို ခတ်စရာမလိုတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတာ ဖြစ်ရမယ်။ နည်းနည်းတော့ မောက်မာပေမယ့် သူ့မှာ အရည်အချင်း နည်းနည်းတော့ ရှိတယ်။ သူက ရွယ်တူတွေကြားမှာ ဘယ်တော့မှ အဖယ်ကြဉ်ခံရမှာ မဟုတ်ဘူး။

သူ ဘယ်လိုခံစားနေရလဲဆိုတာ မာရူး နားလည်ပါတယ်။ သူက မတရားခံရတယ်လို့ ခံစားနေရမှာပဲ။ ဒါ သူ့အပြစ်မဟုတ်ဘူးလို့ တွေးနေမှာ သေချာတယ်။

"မင်းကြောင့် ငါ..."

"ပွစိပွစိ လုပ်မနေနဲ့တော့"

မာရူး က ဟိုချော ရဲ့ ပခုံးကို ဆွဲကိုင်လိုက်တယ်။ ပြီးတော့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ ဟိုချော က နာကျင်လို့ ရုန်းကန်ပြီး ရုန်းထွက်ဖို့ ကြိုးစားပေမယ့် သူက မလွှတ်ပေးဘူး။ မာရူး အနေနဲ့ အနာဂတ်မှာ ဒီကောင်နဲ့ ထပ်ဆုံရနိုင်တယ်လေ၊ တခြား ဒရာမာရိုက်ကူးရေးမှာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် သူ ဒီနေရာမှာပဲ ပြတ်ပြတ်သားသား လုပ်ထားဖို့ လိုတယ်။ သူနဲ့ မရင်းနှီးနိုင်ဘူးဆိုရင်တောင် သူ့ထက် ပိုမြင့်တဲ့နေရာမှာ ရှိနေရမယ်။ အဲဒါက သူ့အတွက် အများကြီး ပိုပြီး လွယ်ကူသွားစေလိမ့်မယ်။

"မင်း အပိုင်းကိုပဲ မင်းလုပ်။ ငါ့အပိုင်းကို ငါလုပ်မယ်။ ရှင်းရှင်းလေးပဲ။ နားလည်လား"

သူက ဟိုချော ရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ပြောလိုက်တယ်။ ဒီလိုကောင်မျိုးက ဒေါသထွက်ချင်ယောင်ဆောင်ဖို့ပဲ သိတာ၊ တကယ် ဒေါသမထွက်တတ်ဘူး။ တစ်ဖက်ကကြည့်ရင် သူက သဘောကောင်းပြီး ပျော့ညံ့တဲ့ကောင်ပဲ။ ဟိုချော က အကြည့်လွှဲသွားပြီး ပါးစပ်ပိတ်သွားတယ်။ ခေါင်းမညိတ်တာက သူ့ရဲ့ နောက်ဆုံးကျန်နေတဲ့ ဂုဏ်သိက္ခာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

မာရူး လက်ကိုဖြေလျှော့ပြီး လွှတ်ပေးလိုက်တယ်။ ဟိုချော က ကြမ်းပြင်ကို ငုံ့ကြည့်ရင်း ထွက်သွားတယ်။

'ဟူး... တော်တော်ခက်တာပဲ'

သူက နံရံကိုမှီပြီး လက်တွေကို ဆန့်တန်းလိုက်တယ်။ ကျန်နေသေးတဲ့ အနားယူချိန်လေးကို အကောင်းဆုံး အသုံးချရဦးမယ်။

* * * * * * * * *

"တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

"ဖောက်သည်တွေစားမယ့် အစားအစာတွေနဲ့ ကစားတဲ့သူတွေက ဟင်းချက်ဖို့ အခွင့်အရေး မရှိဘူး။ အခုချက်ချင်း ဒီကနေ ထွက်သွား"

လီမီယွန်း ဆူပူတာကို ခံရင်းနဲ့ မာရူး က ဖြည်းဖြည်းချင်း ဒူးထောက်လိုက်တယ်။ ပြီးတော့ နောက်ထပ်အခွင့်အရေးတစ်ကြိမ် ပေးဖို့ သူမကို အော်ဟစ်ပြီး တောင်းဆိုလိုက်တယ်။ ကင်မရာက လီမီယွန်း နောက်ကို လိုက်သွားတယ်။ အခုတော့ သူက ကင်မရာထဲမှာ မပါတော့ဘူး။ ဒါပေမဲ့ သူ့အသံကတော့ ပါနေဦးမှာပဲ။ သူက ကြမ်းပြင်နဲ့ ခေါင်းကို ဆောင့်ပြီး ဆက်တိုက်အော်နေတယ်။ ဇာတ်ညွှန်းထဲကအတိုင်းပါပဲ။

"အိုကေ"

ပရိုဂျူဆာရဲ့ အသံ ထွက်လာတယ်။ မာရူး က ခေါင်းမမော့ခင် သူ့ရှေ့က ကြမ်းပြင်ဆီကို နောက်ဆုံးတစ်ကြိမ် သက်ပြင်းချလိုက်တယ်။ အော်ထားရလွန်းလို့ သူ့လည်ချောင်းတွေတောင် နာလာပြီ။

"သရုပ်ဆောင်တာ ကောင်းတယ်"

ပရိုဂျူဆာက ပြုံးပြီး သူ့ခေါင်းကို ဇာတ်ညွှန်းစာအုပ်နဲ့ ပုတ်လိုက်တယ်။ ပရိုဂျူဆာဆီကနေ အမှတ်ကောင်းကောင်း ရသွားတဲ့ပုံပဲ။ ဟိုချော က ထောင့်ကနေ သူ့ကို စိုက်ကြည့်နေပေမယ့်လည်း မာရူး ကတော့ ဂရုတောင် မစိုက်ပါဘူး။

"ဝိုး... မင်း တော်တော် ကောင်းတာပဲ"

ဂွမ်ဆော့ က သူ့ဆီကို လျှောက်လာပြီး ပြောလိုက်တယ်။ ဂျောင်းလင် ကလည်း သူ့အနောက်မှာ ရှိနေတယ်။ မာရူး က ခေါင်းပေါင်းနဲ့ ဟင်းချက်ဝတ်စုံကို ချွတ်ပြီး ပြန်ပေးလိုက်တယ်။ ဒီနေ့အတွက် ဇာတ်ရံတွေရဲ့ အပိုင်းကတော့ ဒီလောက်ပဲ။ အဓိက ဇာတ်ဆောင်တွေနဲ့ ဇာတ်ပို့တွေရဲ့ အခန်းတွေလောက်ပဲ ကျန်တော့တာ။ မာရူး က စားသောက်ဆိုင်ကနေ မထွက်ခင် တခြားသရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်လိုက်တယ်။

"ဟိုဘက်မှာ တော်တော်လေး အော်ဆူနေတဲ့အသံတွေ ကြားလိုက်ရတယ်။ ဘာအကြောင်းလဲ"

သိုလှောင်ရုံမှာ ဘာဖြစ်ခဲ့တာလဲဆိုတာ ဂွမ်ဆော့ က မေးလိုက်တယ်။ သိပ်ထူးထူးခြားခြား မရှိပါဘူးလို့ မာရူး က ပြန်ဖြေလိုက်တယ်။

"တကယ်လား။ အဲဒီအမျိုးသမီးက ပြီးခဲ့တဲ့ ရိုက်ကူးရေးတုန်းကလည်း သူမြင်တဲ့ အမှားတိုင်းကို အော်ဆူနေတာပဲ။ အင်း.. သူမက အမျိုးသမီးမဟုတ်ဘဲ စုန်းမကြီးများလား"

ဂွမ်ဆော့ က သူမကို တော်တော်လေး စိတ်ပျက်နေတဲ့ပုံနဲ့ ခေါင်းခါလိုက်တယ်။

"ဟေး.. ငါတို့ရဲ့ ချိန်းဆိုမှုကို နောက်မှပဲ လုပ်ရမယ့်ပုံပဲ။ ရုတ်တရက် ကိစ္စတစ်ခု ပေါ်လာလို့"

"အဆင်ပြေပါတယ်"

ဒါလည်း ကောင်းတာပါပဲ။ မာရူး မှာလည်း အိမ်ရောက်ရင် လုပ်စရာတစ်ခု ရှိသေးတယ်။ အဲဒါက RBS မှာလာမယ့် သမိုင်းနောက်ခံ ဒရာမာတွေကို ကြည့်ဖို့ပဲ။ အဘိုးအိုက အော်ဒီရှင်အတွက် စိတ်မပူဖို့ ပြောထားပေမယ့်လည်း ဘာတွေလာမလဲဆိုတာ သူ မသိဘူးလေ။ ဂွမ်ဆော့ ကို နှုတ်ဆက်ပြီး သူ လှည့်ထွက်လိုက်တဲ့ အချိန်မှာပဲ၊

"ဟေး"

ဂျောင်းလင် က သူ့ဆီကို လျှောက်လာတယ်။

* * * * * * * * *

All Chapters