အခန်း ၅၀၅
Vol. 51 Ch. 505
အခန်း (၅၀၅) သင်္ဘောကြီးနှစ်စင်း၏ တုန်လှုပ်ဖွယ် မြင်ကွင်း
ရဟတ်ယာဉ်များက ကမ်းရိုးတန်းကို ကျော်လွန်ကာ နက်ရှိုင်းသော ပင်လယ်ပြာကြီးဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
နောက်ခဏ၌ ရဟတ်ယာဉ်များ ဖြည်းညှင်းစွာ နိမ့်ဆင်းသွားသောအခါ မြင်တွေ့ရသူ မည်သူ့ကိုမဆို ဝိညာဉ်ပါ တုန်လှုပ်သွားစေနိုင်လောက်သည့် ခမ်းနားထည်ဝါလှသော မြင်ကွင်းကြီးတစ်ခုက ပြတင်းပေါက်အပြင်ဘက်တွင် ဖုံးကွယ်ထားခြင်းမရှိဘဲ ထွက်ပေါ်လာချေပြီ။
ကောင်းကင်ယံသည် ကြည်လင်ကာ ပြာလဲ့နေပြီး တိမ်ဖြူများက လွင့်မျောနေ၏။
ထိုအဆုံးအစမဲ့နေသော အပြာရောင်ပန်းချီကားချပ်ကြီးပေါ်တွင် ဂုဏ်ယူဝံ့ကြွားဖွယ်ကောင်းသော သံမဏိတပ်မတော်ကြီးနှစ်ခုက လှိုင်းတံပိုးများကို ခွဲထွက်လျက် ခမ်းနားလှသော အဖြူရောင် ရေလမ်းကြောင်းကြီး နှစ်ခုကို ဖန်တီးနေကြသည်။
၎င်းတို့မှာ ပင်လယ်ပြင်ထက်ရှိ တောင်တန်းကြီးများအလား ကြီးမားလှသော လေယာဉ်တင်သင်္ဘော နှစ်စင်းပင်။
သူတို့၏ ဧရာမသင်္ဘောကိုယ်ထည်ကြီးများက နေရောင်အောက်တွင် အေးစက်သော မီးခိုးရောင်အလင်းများ တောက်ပနေပြီး ကျယ်ဝန်းလှသော လေယာဉ်ပြေးလမ်း ကုန်းပတ်ကြီးများက ကုန်းမြေပေါ်ရှိ လေဆိပ်ပြေးလမ်းများနှင့် တူညီနေကာ ပျံတက်ရန် အသင့်ပြင်ထားသည့် လင်းယုန်ငှက်များအလား လေယာဉ်မျိုးစုံကို စနစ်တကျ ရပ်နားထားကြသည်။
သင်္ဘော၏ အပေါ်ပိုင်း အဆောက်အအုံက သင်္ဘောတပ်ဖွဲ့ကို လမ်းညွှန်ပေးနေသော မီးပြတိုက်တစ်ခုအလား ခမ်းနားထည်ဝါစွာ တည်ရှိနေ၏။
ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ ဤ နိုင်ငံတော် ရတနာနှစ်ပါးကို ကြောက်မက်ဖွယ်ကောင်းလှသော အစောင့်အရှောက် သင်္ဘောအုပ်စုကြီးက ဝိုင်းရံထားခြင်းပင်.....
သွယ်လျကာ ထက်မြက်သော အသွင်ရှိသည့် ဖျက်သင်္ဘောကြီးက ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် သစ္စာရှိ ကိုယ်ရံတော်တစ်ဦးနှင့် တူညီနေပြီး ဘက်စုံသုံးနိုင်ကာ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးစွမ်းရည်ပြည့်ဝသော ဖရီးဂိတ်စစ်သင်္ဘောမှာမူ နိုးကြားနေသော မြင်းစီးစစ်သည်တော်တစ်ဦးနှင့် တူညီနေချေသည်။
ရေအောက်တွင် ပုန်းအောင်းနေကြသော တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို မျက်စိဖြင့် မမြင်ရသော်ငြားလည်း သူတို့၏ တည်ရှိနေမှုက တောင်တန်းကြီးတစ်ခုအလား လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့၏။
ပြီးပြည့်စုံသော ထောက်ပံ့ရေးရေယာဉ်များကဲ့သို့သော အရန်ရေယာဉ်များနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့က ခေတ်မီကာ ဘက်စုံသုံးနိုင်ပြီး တာဝေးစစ်ဆင်ရေး စွမ်းရည်များ ပါဝင်သည့် ပြီးပြည့်စုံသော လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကြီးတစ်ခုကို ဖွဲ့စည်းထားကြလေသည်။
စစ်ဘက်ဆိုင်ရာ ရေယာဉ်အားလုံးက ခမ်းနားထည်ဝါသော တိုက်ခိုက်ရေးဖွဲ့စည်းပုံဖြင့် နေရာယူထားကြပြီး လေနှင့် လှိုင်းတံပိုးများကို ရင်ဆိုင်နေကြ၏။ သံမဏိ သားရဲကြီးများဖြင့် ဖွဲ့စည်းထားသော ဤရွေ့လျား သံမဏိတံတိုင်းကြီးက ပြိုင်ဘက်ကင်းသော လွှမ်းမိုးဖိနှိပ်နိုင်မှု၊ ဂုဏ်ယူဝံ့ကြွားမှုတို့ဖြင့် ဤပင်လယ်ပြင် နယ်နိမိတ်၏ အချုပ်အခြာအာဏာနှင့် စွမ်းအားကို ကြေညာနေချေပြီ။
"ဘုရားရေ..."
ရဟတ်ယာဉ်အတွင်းမှ တစ်စုံတစ်ယောက်က ညည်းတွားသံနှင့်တူသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
ကျန်းဒဲဖူနှင့် အခြား စစ်မှုထမ်းဟောင်းကြီးများ အားလုံးလိုလို၏ လက်ထဲတွင် စစ်ဘက်သုံး မှန်ပြောင်းတစ်ခုစီ ရှိနေကြပြီး ထိုမှန်ပြောင်းများကို ပြတင်းပေါက်မှန်တွင် တင်းကျပ်စွာ ဖိကပ်ထားကြ၏။
သူတို့၏ မှန်ပြောင်းများက ကောင်းကင်သို့ ထိုးထွက်နေသော လေယာဉ်တင်သင်္ဘောကြီး နှစ်စင်း၏ ဧရာမ ကိုယ်ထည်ကြီးများကို ရှင်းလင်းစွာ ဖမ်းယူမိလိုက်ပြီး ကုန်းပတ်ပေါ်ရှိ သိပ်သည်းနေသော လေယာဉ်များနှင့် ပတ်ဝန်းကျင်တွင် သံမဏိသစ်တောကြီးတစ်ခုအလား ရပ်တည်နေကြသည့် ခေတ်မီ စစ်ရေးအင်အားများကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများမှာ ရုတ်တရက် အပြင်းအထန် ကျဉ်းမြောင်းသွားပြီး ထိုအခိုက်အတန့်၌ သူတို့၏ အသက်ရှူသံများပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
မည်သည့် အောင်ပွဲခံသံ၊ အော်ဟစ်သံမျှ ထွက်ပေါ်မလာခဲ့ချေ။
နောက်ခဏ၌ အခန်းအတွင်းတွင် ထိန်းချုပ်မရနိုင်သော တိုးညှင်းသည့် ရှိုက်သံများဖြင့် ပြည့်နှက်သွားကြရသည်။
မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ကြသည့် ဤအတွေ့အကြုံရင့် စစ်မှုထမ်းဟောင်းကြီးများက ယခုအခါ ကလေးငယ်များအလား ပူနွေးသော မျက်ရည်များကို သူတို့၏ မျက်နှာပေါ်မှ နက်ရှိုင်းသော အရေတွန့်မျဉ်းများတစ်လျှောက် လွတ်လပ်စွာ စီးကျခွင့်ပြုထားကြသည်။
၎င်းက အဆုံးစွန်သော တုန်လှုပ်မှုကြီးပင်။
၎င်းက အိပ်မက်တစ်ခု တကယ်ဖြစ်လာသည့် အတိုင်းအဆမရှိသော ဝမ်းမြောက်မှုကြီးပင်။
၎င်းက ရာစုနှစ်တစ်ခုနီးပါး ဖိနှိပ်ခံခဲ့ရသည့် အရှက်ရမှုများ၊ မျှော်လင့်ချက်များက သူတို့၏ မျက်စိရှေ့မှောက်တွင် အမှန်တကယ်ဖြစ်လာခဲ့ပြီး ခံစားချက် ရေကာတာကြီးကို လုံးဝ ပြိုကျသွားစေခြင်းပင်။
မစ္စတာစွန်းသည် မှန်ပြောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် အားပါလွန်းလှ၍ သူ၏ လက်ဆစ်များပင် ဖြူဆွတ်နေ၏။
မျက်ရည်များဖြင့် ဝေဝါးနေသော သူ၏ မျက်ဝန်းများမှတစ်ဆင့် အနိုင်ယူမရနိုင်သော ဤရေတပ်ဖွဲ့ကြီးကို စိုက်ကြည့်နေရင်း သူ၏ စိတ်ထဲတွင်မူ လွန်ခဲ့သော လအနည်းငယ်က ဟူမြို့တော်ရှိ ယန်စီမြစ်ဝတွင် ရန်သူ၏ ဧရာမအမြောက်ကြီးများက ကမ်းခြေကို ဗုံးကြဲတိုက်ခိုက်နေပြီး သူ၏ စစ်သည်တော်များမှာမူ ထိုတိုက်ခိုက်မှုများကို သူတို့၏ အသားနှင့် သွေးများဖြင့်သာ ကာကွယ်ခဲ့ရသည့် မြင်ကွင်းဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
မျှော်လင့်ချက်မဲ့စွာဖြင့် ခံစစ်သက်သက်သာ နေခဲ့ရပြီး ကာကွယ်စရာ ပင်လယ်မရှိဘူးဟူသော ထိုနာကျင်ဖွယ် ခံစားချက်ကြီးက ယနေ့ထက်တိုင် သူ့ကို အသက်ရှူကျပ်နေစေချေသည်။
သို့သော် ယခုတော့...
ယခုအချိန်၌မူ....
တိုင်ထိပ်တွင် လွင့်ဝဲနေသော တောက်ပသည့် အလံကြီးကို သူ ကြည့်လိုက်ပြီး တရုတ်လူမျိုးများသာ ပိုင်ဆိုင်သည့် စွမ်းအားကြီးမားကာ ရင်သပ်ရှုမောဖွယ်ကောင်းလှသော ဤပင်လယ်ပြာ တပ်ဖွဲ့ကြီးကို သူ ကြည့်လိုက်လေသည်။
သူ၏ ရင်ဘတ်ထဲတွင် တစ်သက်လုံး ကိန်းအောင်းနေခဲ့သော ထိုဖိနှိပ်ခံထားရသည့် နာကြည်းမှုများ၊ ဒေါသများနှင့် မယိမ်းယိုင်သော စိတ်ဝိညာဉ်များ....
ဤအခိုက်အတန့်၌ ၎င်းတို့က ရှည်လျားကာ တုန်ယင်နေသော သက်ပြင်းကြီးတစ်ခုအဖြစ် နောက်ဆုံးတွင် ပြောင်းလဲသွားပြီး ကြီးမားသော ကျေနပ်မှုများဖြင့် မှုတ်ထုတ်လိုက်တော့သည်။
အတိတ်က သူတို့က ညံ့ဖျင်းသော လက်နက်ကိရိယာများဖြင့် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ကာ ပြောင်းဆန်နှင့် ရိုင်ဖယ်များကိုသာ အသုံးပြု၍ ရန်သူ၏ အကြီးစားလေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီး ရန်သူ၏ အမြောက်မီးတောက်များအောက်တွင် အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ရသည်။
ယခုအခါ သူတို့၏ မျိုးဆက်သစ်များက ကိုယ်ပိုင် သံမဏိတံတိုင်းကြီးကို နောက်ဆုံးတွင် ပိုင်ဆိုင်နေကြပြီဖြစ်ပြီး ကျူးကျော်လာသည့် မည်သည့်ရန်သူကိုမဆို တားဆီးနိုင်လောက်အောင် အစွမ်းထက်သည့် ပင်လယ်ပြာ ဓားသံမဏိကြီးတစ်ခုကိုလည်း ပိုင်ဆိုင်နေခဲ့ချေပြီ။
သူတို့က အဲဒီတုန်းက သူတို့ ခံစားခဲ့ရသလို အကူအညီမဲ့စွာဖြင့် အရိုက်ခံရပြီး သူတစ်ပါး၏ ကရုဏာအောက်တွင် နေရသည့် ထိုမျှော်လင့်ချက်မဲ့မှုမျိုးကို မည်သည့်အခါမျှ ထပ်မံကြုံတွေ့ရတော့မည် မဟုတ်ချေ။
"တန်ပါတယ်... တကယ်ကို တန်ပါတယ်..." ရဲဘော်ဟောင်းကြီးတစ်ဦးက မျက်ရည်များကို သုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါကို မြင်လိုက်ရတာနဲ့တင်... ငါ အခုချက်ချင်း စစ်မြေပြင်မှာ သေသွားရမယ်ဆိုရင်တောင် သောက်ရမ်းကို တန်နေပါပြီကွာ။ ဒီဘဝက ပြည့်စုံသွားခဲ့ပြီ..."
ဤစကားများက စစ်မှုထမ်းဟောင်းကြီးများ အားလုံး၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုနေခြင်းပင်။
သူတို့၏ အသက်ကိုပင် စတေး၍ တစ်သက်လုံး တိုက်ပွဲဝင်ကာ ကာကွယ်ခဲ့ရသည့် အရာမှာ... နောင်လာနောက်သားများ မားမားမတ်မတ် ရပ်တည်နိုင်ပြီး အရှက်ခွဲခံရခြင်းမှ ကင်းဝေးစေမည့် အစွမ်းထက်သော မိခင်နိုင်ငံတော်ကြီးတစ်ခုကလွဲ၍ အခြားမရှိချေ။
သူတို့ရှေ့မှောက်ရှိ ဤခမ်းနားလှသော ပင်လယ်ပြာ ရေတပ်ကြီးက သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများနှင့် ပေးဆပ်မှုအားလုံးအတွက် အခမ်းနားဆုံးနှင့် အစွမ်းအထက်ဆုံးသော အဖြေစကားပင်။
ဤဘဝတွင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီဖြစ်ရာ သူတို့ ဘာများထပ်ပြီး တောင်းတနေစရာ လိုတော့မည်နည်း။
ရဟတ်ယာဉ်များက လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းအနက်မှ တစ်စင်း၏ ရင်ပြင်တစ်ခုအလား ကျယ်ဝန်းလှသော လေယာဉ်ပြေးလမ်း ကုန်းပတ်ပေါ်သို့ တစ်စင်းပြီးတစ်စင်း ချောမွေ့စွာ ဆင်းသက်သွားကြသည်။
လေယာဉ်တံခါးများ ပွင့်သွားပြီး ကျန်းဒဲဖူ အပါအဝင် စစ်မှုထမ်းဟောင်းကြီးများနှင့် လူကြီးမင်းတို့က နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးသော နည်းပညာနှင့် အစွမ်းထက်လှသော စစ်ရေးအင်အား၏ ပြယုတ်တစ်ခုဖြစ်သည့် ဤရေပေါ်ပိုင်နက်ကြီးပေါ်သို့ ခြေချလိုက်ကြလေသည်။
သူတို့၏ ခြေဖဝါးများကို ဧရာမကုန်းပတ်ကြီးပေါ်တွင် ခိုင်မာစွာ ချထားလိုက်ပြီး သူတို့၏ ခြေအောက်မှ တိုးညှင်းသော တုန်ခါမှုများနှင့် ပင်လယ်လေ၏ ထူးခြားလှသော ဆားငန်နံ့များကို ခံစားလိုက်ရသောအခါ လူတိုင်းမှာ သူတို့၏ စိတ်လှုပ်ရှားမှုများကို ခက်ခဲစွာ ထိန်းချုပ်ထားရလေသည်။
ကျန်းဒဲဖူတို့ကဲ့သို့သော စစ်မှုထမ်းဟောင်းကြီးများသာ သူတို့၏ မျက်စိရှေ့ရှိ အရာအားလုံးကို ကလေးငယ်များအလား သိချင်စိတ်ဖြင့် ပြည့်နှက်နေခဲ့ကြသည် မဟုတ်ချေ။ မုန်တိုင်းပေါင်းများစွာကို ဖြတ်သန်းခဲ့ရသော လူကြီးမင်း၏ မျက်ဝန်းများထဲတွင်ပင် ဖိနှိပ်၍မရနိုင်သော စူးစမ်းလိုစိတ်နှင့် အံ့သြမှုများ တောက်ပနေ၏။
ဤသံမဏိသားရဲကြီး၏ အသေးစိတ် အချက်အလက်တိုင်းက သူတို့၏ အာရုံကို ဖမ်းစားထားခဲ့သည်။
ကုန်းပတ်ပေါ်တွင် ရပ်နားထားသော ဧရာမ လေယာဉ်တင်သင်္ဘောအခြေစိုက် လေယာဉ်များမှက ကောင်းကင်သို့ ထိုးထွက်နေသော ကျွန်းဆွယ်ပုံစံ ထိန်းချုပ်ရေးမျှော်စင်ကြီးအထိ... သူတို့ အမည်မတပ်တတ်သော ရေဒါအင်တင်နာ တန်းစီများမှသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အဆင့်မြင့်နည်းပညာများ ပါဝင်သည့် ကုန်းပတ်အစွန်းရှိ လေယာဉ်ဖမ်းကြိုးများအထိ...
ဤနေရာရှိ အရာအားလုံးက သူတို့အတွက် လုံးဝ အသစ်အဆန်းဖြစ်ကာ အစွမ်းထက်လှသော အမည်မသိ နယ်ပယ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။
"ဒီသားရဲကြီးက လေယာဉ်ဘယ်လောက်တောင် သယ်ဆောင်နိုင်တာလဲ...."
"သူက ပင်လယ်ထဲမှာ ဘယ်လောက်မြန်မြန်နဲ့ ဘယ်လောက်အဝေးကြီးအထိ သွားနိုင်တာလဲ...."
"ဒီလေယာဉ်တွေက ဘယ်လို ပျံတက်ပြီး ဘယ်လို ဆင်းသက်ကြတာလဲ..."
"ရန်သူနဲ့ တွေ့ရင် သူက ဘယ်လိုတိုက်ခိုက်မှာလဲ...."
လူတိုင်းတွင် အဆုံးအစမရှိသော မေးခွန်းများ ရှိနေပုံရပြီး သူတို့၏ မျက်ဝန်းများထဲတွင် ကြီးမားလှသော စွမ်းအားကို လိုလားမှုများ၊ မျိုးဆက်သစ်များ၏ အောင်မြင်မှုများအတွက် ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
လေယာဉ်တင်သင်္ဘော၏ ဒီဇိုင်းပညာရှင်ချုပ်နှင့် အင်ဂျင်နီယာချုပ် ထို့အပြင် ထိုနေရာတွင် စောင့်ဆိုင်းနေကြသော တပ်မှူးချုပ်၊ နိုင်ငံရေးမှူးနှင့် အခြား အဓိက တပ်မှူးများက သူတို့ကို နှုတ်ဆက်ရန် ချက်ချင်း ရှေ့သို့ ထွက်လာကြသည်။
ထို့နောက် ရိုသေလေးစားသော မျက်နှာအမူအရာများ၊ ဂုဏ်ယူဝံ့ကြွားသော်လည်း စိတ်ရှည်သည်းခံသော အပြုံးများဖြင့် ဤအထူး ဧည့်သည်တော်များအဖွဲ့ကို သူတို့က အသေးစိတ် စတင်ရှင်းပြပေးလိညက်ကြသည်။
လေယာဉ်တင်သင်္ဘော၏ ရေထုဆွဲအား၊ စွမ်းအင်စနစ်နှင့် သွားလာနိုင်သည့် အကွာအဝေးတို့ကို တတ်နိုင်သမျှ အရိုးရှင်းဆုံးနှင့် အလွယ်တကူ နားလည်နိုင်ဆုံးသော စကားလုံးများဖြင့် သူတို့က ရှင်းပြပေးကြ၏။
လေယာဉ်တင်သင်္ဘောအခြေစိုက် လေယာဉ်များ၏ ပျံတက်ခြင်း လောက်လွှဲစနစ်၊ လျှောတက်စနစ် နှင့် ဆင်းသက်ခြင်း လေယာဉ်ဖမ်းကြိုးစနစ်ဆိုင်ရာ အခြေခံမူများကို ရှင်းပြပေးကြသည်။
ထို့နောက် မိခင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကြီး၏ စစ်ဆင်ရေးစနစ်၊ ကာကွယ်ရေးအလွှာများနှင့် မဟာဗျူဟာမြောက် အရေးပါမှုတို့ကိုပါ သူတို့က ရှင်းလင်းတင်ပြပေးကြတော့သည်။
အခန်း ၅၀၅ပြီး၏။