အခန်း ၅၀၆
Vol. 51 Ch. 506
အခန်း (၅၀၆) ပြီးပြည့်စုံခြင်း
"...ပေါင်းစပ် လျှပ်စစ် တွန်းကန်အား စနစ်ကြောင့် ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘောက ပိုကောင်းတဲ့ ရွေ့လျားနိုင်စွမ်းနဲ့ ကိုယ်ပျောက်စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်..."
"...ဒီ အဆင့်မြင့် ရေဒါစနစ်က ပစ်မှတ်ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ခြေရာခံနိုင်ပြီး လေယာဉ်တင်သင်္ဘောအခြေစိုက် လေယာဉ်တွေအတွက် တိကျတဲ့ လမ်းညွှန်မှုကို ပေးစွမ်းနိုင်ပါတယ်..."
"...ကျွန်တော်တို့ရဲ့ လေယာဉ်တွေက ရာသီဥတုမရွေး၊ ဝေဟင်နယ်ပယ်မရွေး စစ်ဆင်ရေးစွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်..."
မိတ်ဆက်မှုတစ်ခုစီနဲ့ ထုတ်ဖော်လိုက်တဲ့ အချက်အလက်တိုင်းက စစ်မှုထမ်းဟောင်းကြီးများထံမှ တိုးညှင်းသော သက်ပြင်းချသံများနှင့် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးမှုများကို ထွက်ပေါ်လာစေခဲ့၏။
ထိုလူကြီးမင်းက အေးစက်နေသော သင်္ဘောလက်ရန်းကို ပွတ်သပ်ရင်း "အံ့မခန်းပဲ.. တကယ်ကို အံ့မခန်းပါပဲဗျာ..." ဟု ထပ်ခါတလဲလဲ အာမေဍိတ်သံများ ပြုနေခဲ့သည်။
"အဲဒီခေတ်တုန်းကသာ ငါတို့ဆီမှာ ဒါမျိုးတစ်စင်းလောက် ရှိခဲ့ရင်..." မစ္စတာစွန်းသည် စကားကို ဆုံးအောင် မပြောနိုင်တော့ချေ။ သူသည် ဘေးနားရှိ ခိုင်ခံ့လှသော ဒုံးကျည်ပစ်စင်အဖုံးကိုသာ ပုတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေခဲ့ကာ နောက်ဆုံးတွင် ကြီးမားသော ကျေနပ်မှုများ ပါဝင်သည့် သက်ပြင်းချသံနှင့် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ကျန်းဒဲဖူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကုန်းပတ်ပေါ်ရှိ နေရာကျယ်ကြီးကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။ လေယာဉ်တင်သင်္ဘောအခြေစိုက်လေယာဉ်များမှ ချန်ရစ်ခဲ့သော တာယာရာများက ပင်လယ်နှင့် ကောင်းကင်ယံကို အကြိမ်ကြိမ်အခါခါ ကာကွယ်ပေးနေသည့်အလား လေယာဉ်များ၏ ရဲရင့်သော ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းများကို ပြသနေသည့်နှယ်။
လေထဲတွင် ဇာတ်တိုက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသော လေယာဉ်များကို သူ မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက ထပ်မံ၍ နီမြန်းလာခဲ့ရပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ မျက်ရည်များက နှလုံးနာကျင်မှုများကြောင့် မဟုတ်ဘဲ ဂုဏ်ယူမှုနှင့် အောင်မြင်မှု ခံစားချက်များကြောင့် ဖြစ်ပေသည်။
သူတို့ မြင်တွေ့ခဲ့ရပြီ။ သူတို့ ကြားခဲ့ရပြီဖြစ်ကာ အမှန်တကယ်ပင် ခံစားခဲ့ရပြီ ဖြစ်သည်။
မျိုးဆက်သစ်များက နိုင်ငံကို ကာကွယ်ရန် သေနတ်များကို ကိုင်ဆောင်ခဲ့ရုံသာမက ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် အစွမ်းထက်သော နိုင်ငံတော်၏ လက်နက်ကြီးတစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့ကြချေပြီ။
သူတို့၏ အိပ်မက်အားလုံးထက် ကျော်လွန်နေသော ဤထူးခြားပြောင်မြောက်သည့် ခွန်အားကြီးက သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးကို တန်ဖိုးအရှိဆုံးသော နည်းလမ်းဖြင့် ဆုချီးမြှင့်ခံလိုက်ရကြောင်း သေချာစေခဲ့သည်။
နှစ်ရက်ကြာ အဖွဲ့လိုက်ခရီးစဉ်က စစ်မှုထမ်းဟောင်းကြီးများအား ဤခေတ်ကာလရှိ တရုတ်နိုင်ငံအကြောင်းကို ပြီးပြည့်စုံကာ နက်ရှိုင်းသော နားလည်မှုတစ်ခု ရရှိသွားစေသည်။
၎င်းက စီးပွားရေး ကြီးပွားတိုးတက်မှုနှင့် နည်းပညာ တဟုန်ထိုး တိုးတက်လာမှုများသာမက အမိန့်ကို နာခံပြီး တိုက်ပွဲများကို အနိုင်ယူနိုင်စွမ်းရှိကာ အလွန်ကောင်းမွန်သော လုပ်ငန်းခွင် စတိုင်ရှိသည့် ဤပြည်သူ့တပ်မတော်ကြီးမှ ပြသလိုက်သော အစွမ်းထက်သည့် ခွန်အားနှင့် မြင့်မားသော စိတ်ဓာတ်ခွန်အားများအကြောင်းလည်း ဖြစ်ချေသည်။
ဤအရာအားလုံးက သူတို့ကို မယုံနိုင်လောက်အောင်ပင် စိတ်အေးသက်သာမှုနှင့် ကျေနပ်မှုကို ခံစားရစေခဲ့သည်။
တုန်လှုပ်မှု၊ စိတ်ခံစားမှုနှင့် ဂုဏ်ယူမှုများ အားလုံးသည် နောက်ဆုံးတွင် နက်ရှိုင်းကာ ကျေနပ်ဖွယ်ကောင်းသော ငြိမ်းချမ်းမှုတစ်ခုအဖြစ်သို့ အနည်ထိုင်သွားခဲ့လေတော့သည်။
အစီအစဉ်ကို တရားဝင် အဆုံးသတ်လိုက်ပြီး ခွဲခွာရမည့် အချိန်ရောက်လာသောအခါ စစ်မှုထမ်းဟောင်းကြီးများ အားလုံးက လေးလံသော နှလုံးသားများဖြင့် ငွေရောင် အချိန်ခရီးသွားဘတ်စ်ကားပေါ်သို့ နောက်တစ်ကြိမ် တက်ရောက်သွားလိုက်ကြသည်။
သူတို့က ကားပြတင်းပေါက်နားတွင် ထိုင်ကာ အပြင်ဘက်ရှိ ရင်းနှီးကျွမ်းဝင်နေသော်လည်း အသစ်ဖြစ်နေသော မြေကြီးကို အာရုံစူးစိုက်စွာ စိုက်ကြည့်နေခဲ့ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ခွဲခွာရမည့် ဝမ်းနည်းမှုများကို မတွေ့ရဘဲ အချိန်ကြာမြင့်စွာ တောင့်တခဲ့ရသည့် ဆန္ဒများ ပြည့်ဝသွားသည့် ငြိမ်းချမ်းကာ ကျေနပ်နေသော အပြုံးတစ်ခုသာ ရှိနေချေသည်။
သူတို့ မြင်ချင်သည်များကို မြင်တွေ့ခဲ့ရပြီး သိချင်သည်များကို သိရှိခဲ့ရကာ မည်သည့် နောင်တမျှ မရှိတော့ချေ။
ကျန်းယဲ့သည် ကားရှေ့တွင် ရပ်ကာ အတွင်းဘက်ရှိ ငြိမ်းချမ်းပြီး မျက်လုံးများ ကြည်လင်နေသော စစ်မှုထမ်းဟောင်းကြီးများကို ကြည့်နေခဲ့ပြီး ဤတိတ်ဆိတ်သော နှုတ်ဆက်ပွဲကို နှောင့်ယှက်မည့် မည်သည့်အသံကိုမျှ မပြုလုပ်ခဲ့ချေ။
စနစ်၏ ရေတွက်မှု သုညအထိ ရောက်ရှိသွားမည်ကိုသာ သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။
အချိန်ခရီးသွားဘတ်စ်ကား၏ အပြင်ဘက်တွင်မူ လေယာဉ်တင်သင်္ဘော၏ လေယာဉ်ပြေးလမ်း ကုန်းပတ်ပေါ်နှင့် ပတ်ဝန်းကျင်ရှိ အစောင့်အရှောက် သင်္ဘောများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သပ်ရပ်သော တပ်ဖွဲ့ဝင်များက အတန်းလိုက် ရပ်နေကြပြီ ဖြစ်သည်။
သူတို့က ဖြူစင်တောက်ပသော ယူနီဖောင်းများ သို့မဟုတ် အပြာရင့်ရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အမြင့်မားဆုံးသော ဂုဏ်ပြုမှုကို ခံယူနေရသည့်အလား တည်ကြည်လေးနက်ကာ ဂုဏ်ကျက်သရေ ရှိနေကြ၏။
ဘတ်စ်ကားအင်ဂျင်မှ စတင်မောင်းနှင်ရန် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်နှင့် ပင်လယ်နှင့် ကောင်းကင်ယံကို ဖြတ်သန်းသွားသော အမိန့်ပေးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အလေးပြု... "
ကုန်းပတ်ပေါ်နှင့် သင်္ဘောဘေးရှိ အရာရှိများနှင့် စစ်သည်တော်အားလုံးက ယာဉ်အတွင်းရှိ သူရဲကောင်းကြီးများအား စံအမီဆုံး၊ အလေးနက်ဆုံးနှင့် အခိုင်အမာဆုံးသော စစ်ရေးအလေးပြုမှုဖြင့် တညီတညွတ်တည်း အလေးပြုလိုက်ကြသည်။
နေရောင်ခြည်က သူတို့၏ ငယ်ရွယ်သော်လည်း ပြတ်သားသော မျက်နှာများပေါ်သို့ ကျရောက်နေပြီး သူတို့၏ မျက်ဝန်းများထဲတွင် အမြင့်ဆုံးသော ရိုသေလေးစားမှုနှင့် မယိမ်းယိုင်သော အမွေအနှစ်များဖြင့် ပြည့်နှက်နေချေသည်။
ယာဉ်အတွင်းရှိ စစ်မှုထမ်းဟောင်းကြီးများသည်လည်း မည်သည့် ညွှန်ကြားမှုမှ မပါဘဲ သူတို့၏ လက်မောင်းများကို တစ်ပြိုင်နက်တည်း ဖြည်းညှင်းစွာ မြှောက်လိုက်ကြ၏။
ကားပြတင်းပေါက်မှတစ်ဆင့် ယနေ့ခေတ်၏ ကြီးပွားတိုးတက်နေသော ခေတ်ကာလကြီးကို ကာကွယ်နေကြသည့် မျိုးဆက်သစ်များထံသို့ တည်ကြည်လေးနက်စွာ ပြန်လည်အလေးပြုလိုက်ကြသည်။
စကားလုံးများ မရှိခဲ့သလို မျက်ရည်များလည်း မရှိခဲ့ချေ။
ယင်းအစား တိတ်ဆိတ်သော စိုက်ကြည့်မှု တစ်ခုသာ ရှိနေ၏။
တစ်ဖက်တွင် အုတ်မြစ်ချပေးခဲ့ပြီး လုပ်ငန်းကြီးတစ်ခု တည်ဆောက်ရန် မမောမပန်း အလုပ်လုပ်ခဲ့ကြသော ရှေ့ဆောင်လမ်းပြကြီးများ ရှိနေသည်။
တစ်ဖက်တွင်မူ ဂုဏ်ကျက်သရေကို ကာကွယ်ပြီး အနာဂတ်ဆီသို့ တက်လှမ်းမည့် မျှော်လင့်ချက်များ ရှိနေလေသည်။
မျက်ဝန်းနှစ်စုံက အချိန်နှင့် ဟင်းလင်းပြင်၏ အတားအဆီးများကို ကျော်လွန်ကာ ပြာလဲ့နေသော ပင်လယ်နှင့် ကောင်းကင်ယံကြားတွင် ပေါင်းဆုံသွားကြပြီး တာဝန်နှင့် စိတ်ဝိညာဉ် လွှဲပြောင်းပေးအပ်မှုကို ပြီးမြောက်သွားစေခဲ့ချေပြီ။
ကျန်းယဲ့၏ စိတ်ထဲရှိ ဟင်းလင်းပြင်ခရီးသွားခြင်းဆိုင်ရာ ရေတွက်မှုက သုညအထိ နောက်ဆုံးတွင် ရောက်ရှိသွားသည့် အခိုက်အတန့်၌ နူးညံ့သော အဖြူရောင်အလင်းတန်းတစ်ခုက နွေးထွေးသော ဒီရေလှိုင်းကြီးအလား ထပ်မံထွက်ပေါ်လာပြီး ဘတ်စ်ကားတစ်စီးလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ထို့နောက် အဖြူရောင်အလင်းတန်းက အမြင့်ဆုံး တောက်ပမှုအထိ ရောက်ရှိသွားပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခ၏။
ငွေရောင် အချိန်ခရီးသွားဘတ်စ်ကားကြီးနှင့်အတူ အတွင်းဘက်ရှိ သမိုင်းကြောင်း၏ နက်ရှိုင်းသော နေရာမှ လာသော ပုံရိပ်ငါးဆယ်က ရေတွက်မရနိုင်သော စစ်သည်တော်များ၏ တည်ကြည်လေးနက်သော အကြည့်များအောက်တွင် မည်သည့်အခါမျှ တည်ရှိမနေခဲ့သည့်အလား တိတ်ဆိတ်စွာ ပျောက်ကွယ်သွားချေပြီ။
ထိုအချိန်၌ ပင်လယ်လေသာ ကျန်ရစ်ခဲ့ပြီး စစ်သင်္ဘောကြီးများက ခမ်းနားထည်ဝါစွာ ရပ်တည်နေကြကာ လေထုထဲတွင် လေးလံ၍ အချိန်ကာလကို ကျော်လွန်သော ရိုသေလေးစားမှုနှင့် ကတိကဝတ်များသာ လွင့်မျောကျန်ရစ်နေခဲ့တော့သည်။
ဘိုးဘေး ငါးဆယ်ကို သူတို့၏ မူလအချိန်ကာလဖြစ်သည့် ၁၉၃၇ ခုနှစ်သို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးပြီးနောက် ကျန်းယဲ့သည်လည်း ထိုနေရာတွင် ဆက်မနေခဲ့ချေ။
အနာဂတ်မှ ဒေသထွက်ကုန်များ ပြည့်နှက်နေသော သိုလှောင်ရုံတစ်ခုကို ထားရှိပေးခဲ့ပြီးနောက် မစ္စတာစွန်းနှင့် စစ်သည်တော်အားလုံး၏ နှမြောတသဖြစ်နေသော်လည်း ကျေးဇူးတင်မှု၊ ကောင်းချီးပေးမှုများ ပြည့်နှက်နေသော အကြည့်များအောက်တွင် သူသည် အိမ်အပြန်ခရီးကို စတင်ခဲ့လိုက်သည်။
ရင်းနှီးကျွမ်းဝင်နေသော အချိန်နှင့် ဟင်းလင်းပြင် အပြောင်းအလဲ ခံစားချက်တစ်ခုအပြီးတွင် ကျန်းယဲ့၏ ပုံရိပ်က ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်တွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့ပြီ.....
လေထုထဲတွင် ခေတ်မီမြို့ပြများ၏ ဝိသေသလက္ခဏာဖြစ်သော ငြိမ်းချမ်းကာ တိတ်ဆိတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ကျန်းယဲ့သည် ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး သမိုင်း၏ ဖုန်မှုန့်များ စွန်းထင်းနေသော သူ၏ကုတ်အင်္ကျီကို ချွတ်ကာ ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
နွေးထွေးသော ရေက သူ၏ ခန္ဓာကိုယ်ပေါ်သို့ စီးကျလာပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာရသည့် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို ဆေးကြောပစ်လိုက်သည့်အလား။
လွန်ခဲ့သော ရက်အနည်းငယ်က အတွေ့အကြုံများက သူ၏ စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာနေခဲ့သည်။
ပြည့်စုံခဲ့သည်။ ဟုတ်တယ်... ယခင်ကထက် ပို၍ ပြည့်စုံခဲ့လေသည်။
အထူးသဖြင့် ထိုလူကြီးမင်းက စည်ကားနေသော မြို့ကြီး၏ ထိပ်တွင် ရပ်ကာ အောက်ဘက်ရှိ တောက်ပနေသော မီးရောင်များကို စိုက်ကြည့်နေစဉ် သူ၏ မျက်ဝန်းများထဲတွင် ကျေနပ်မှု၊ စိတ်သက်သာရာရမှုနှင့် မယိမ်းယိုင်သော ပြတ်သားမှုများကို မြင်တွေ့လိုက်ရသည့်အချိန်၌... ၎င်းက အချိန်ခရီးသွားခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်ကြောင်းကို သူ နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
အတိတ်နှင့် အနာဂတ်ကို ချိတ်ဆက်ခြင်း.... သူတို့၏ ရှေ့ဆောင်လမ်းပြကြီးများကို ဂုဏ်ပြုခြင်း၊ ပစ္စုပ္ပန်ကို စိတ်ဓာတ်ခွန်အားဖြစ်စေခြင်းနှင့် သမိုင်း၏ လေးလံမှု၊ အနာဂတ်၏ တောက်ပမှုတို့ကို အပြန်အလှန် ရောင်ပြန်ဟပ်စေခြင်းပင်။
ရေချိုးပြီးနောက် သက်တောင့်သက်သာရှိသော အိမ်နေရင်းအဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သောအခါ ကျန်းယဲ့ဟာ ဝိညာဉ်ရေးရာ ပြီးပြည့်စုံမှုနှင့် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
ဖန်ဖန်နှင့် ချန်ချင်းတို့သည်လည်း သူတို့၏ မစ်ရှင်ကို ပြီးဆုံးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကျန်းယဲ့ လူစုကို ဦးဆောင်နေသည်ကို အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သောကြောင့် အချင်းချင်း အဆက်အသွယ် မလုပ်ခဲ့ကြချေ။
ထိုနှစ်ဦးက ထိုနေ့တွင်ပင် လာရန် မူလက စီစဉ်ထားသော်လည်း အချိန်ကို စစ်ဆေးကြည့်ပြီးနောက် နောက်တစ်နေ့ နံနက်စောစော လာရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်တစ်နေ့ နံနက်တွင် ကျန်းယဲ့ အောက်ထပ်ရှိ ခရီးသွားအေဂျင်စီ၏ တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။
ဖန်ဖန်နှင့် ချန်ချင်းတို့သည် အချိန်တိကျစွာ တံခါးဝသို့ ရောက်လာကြပြီး အလွန်တက်ကြွနေပုံပေါ်လေသည်။
"မင်္ဂလာနံနက်ခင်းပါ သူဌေး.."
"ဒါရိုက်တာကျန်း... ကျွန်တော်တို့ ပြန်ရောက်ပါပြီ..."
ကျန်းယဲ့က သူတို့ကို အပြုံးဖြင့် နှုတ်ဆက်ကာ အထဲသို့ ဖိတ်ခေါ်လိုက်၏။ ထို့နောက် သူက ကွန်ပျူတာရှေ့တွင် ထိုင်ကာ သူတို့နှစ်ဦး တင်ပြလာသော ခရီးစဉ် ဗီဒီယိုများကို ကြီးမားသော စိတ်ဝင်စားမှုဖြင့် ကြည့်ရှုနေခဲ့သည်။
ချန်ချင်း၏ ဗီဒီယိုထဲတွင် ကင်မရာက ထက်မြက်သော မျက်လုံးများရှိပြီး တက်ကြွလှုပ်ရှားနေသော လူငယ်လေးတစ်ဦးကို ဖမ်းယူထားသည်။
ထိုလူငယ်လေးက မျက်နှာပြင်မှတစ်ဆင့်ပင် ခံစားသိရှိနိုင်သည့် မွေးရာပါမာနနှင့် လွှမ်းမိုးနိုင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားချေသည်။
ထိုလူငယ်လေးက စစ်သည်တော်များကို ဆန့်ကျင်တိုက်ခိုက်နေသည်ကို ကျန်းယဲ့က အလွန်စိတ်ဝင်စားစွာ ကြည့်ရှုနေခဲ့၏။
ထိုအချိန်၌ ဝေးကွာသော ခေတ်ကာလတစ်ခုမှ စစ်မြင်းများ၏ ဟီသံများကိုပင် သူဟာ ကြားယောင်နေမိတော့သည်။
အခန်း ၅၀၆ပြီး၏။