← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

🍅 Chapter 165

ဝူယွီလန် အနည်းငယ် ပြုံးကာ ထိုင်လိုက်ပြီး ပြောလိုက်လေ၏။

“ကဲ၊ ဟင်းတွေက သခင်မကြီး အကြိုက်နဲ့ ကိုက်ရဲ့လား မြည်းကြည့်ပါဦး”

ကျန်းချင်းဟန်မှာ မွှေးကြိုင်သောအနံ့ကြောင့် မြူဆွယ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။

ထိုစကားကို ကြားသောအခါ သူမ လီရှို့ယွင်အတွက် ကြက်သားတစ်ဖတ် ညှပ်ထည့်ပေးလိုက်ပြီး ချွန်းနီအတွက် နောက်တစ်ဖတ်ကို ညှပ်ပေးကာ သူမအတွက် နောက်ဆုံးမှသာ ညှပ်ယူလိုက်သည်။

“ဟင်၊ ဒါကြက်သားလား၊ ဘယ်လိုလုပ် ဒီလောက်မွှေးနေအောင် ချက်ထားတာလဲ”

ပြစ်နှစ်နေသော ဆော့စ်များက ကြက်သားတစ်ဖတ်လုံးကို ဖုံးလွှမ်းထားသည်။

တစ်ကိုက် ကိုက်လိုက်သည်နှင့် အရသာရှိသော ဆော့စ်က ကြက်သားအရသာနှင့် ရောနှောသွားပြီး အသားတစ်ကိုက်စားတိုင်း ထမင်းတစ်လုတ်ကို မစားဘဲ မနေနိုင်အောင် ဖြစ်သွားစေ၏။

သူမ ပုံမှန်စားနေကျ ကြက်သားများမှာ ပေါင်းထားခြင်း သို့မဟုတ် ပြုတ်ထားခြင်းသာဖြစ်ပြီး အရသာက အမြဲတမ်း အတူတူဖြစ်သည်။

ဤမျှကြွယ်ဝသော အရသာရှိသည့် ကြက်သားကို ပထမဆုံးအကြိမ် မြည်းစမ်းလိုက်ရသဖြင့် ကျန်းချင်းဟန်မှာ ခံတွင်းအသစ်တစ်ခု ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဟုတ်တယ်၊ ယောင်းမ ကြော်ထားတဲ့ ကြက်သားက အရမ်းမွှေးတာ၊ များများစားအမေ”

လီရှို့ယွင် ပြောပြောဆိုဆိုဖြင့် ကျန်းချင်းဟန်အတွက် ကြက်သားတစ်ဖတ်ကို ညှပ်ထည့်ပေးလိုက်သည်။

ကျန်းချင်းဟန် အားနာမနေတော့ဘဲ တစ်ဖတ်ပြီးတစ်ဖတ် စားသုံးတော့၏။

“ဒါလေး မြည်းကြည့်ပါဦး၊ ယုန်သား စပ်ချဉ်တောက်လေးပါ၊ တောင်ပေါ်က ဖမ်းလာတဲ့ တောယုန်ဆိုတော့ အရသာက အရမ်းလတ်ဆတ်ပြီးမွှေးတယ်”

ဝူယွီလန် ဤယုန်သား စပ်ချဉ်တောက်ကို အလွန်နှစ်သက်ပြီး မွှေးကြိုင်စပ်ရှသော အရသာကို ခံစားနေသည်။

“ကျေးဇူးတင်ပါတယ်၊ ကျွန်မ ဘာသာ ထည့်စားလိုက်ပါ့မယ်”

ယုန်သားကို မြင်သောအခါ ကျန်းချင်းဟန်မှာ စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်သွား၏။

သူမ၏အမြင်တွင် တောကောင်အသားများအားလုံးက ညှီနံ့ထွက်ပြီး အရသာလည်း အလွန်ဆိုးရွားသည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။

သို့သော် တစ်ဖက်က ဤမျှဧည့်ဝတ်ကျေပွန်မှုနေသည်ဖြစ်ရာ ငြင်းပယ်ရန် ခက်ခဲသဖြင့် သူမက စိတ်ကိုတင်းကာ ယုန်သားတစ်ဖတ် ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မကြာမီမှာပင် သူမ အလွန်နှစ်သက်သွားတော့၏။

“ဟင်၊ ဒီယုန်သားက ဘာလို့ ကျွန်မ အရင်က စားဖူးတဲ့ ယုန်သားတွေနဲ့ မတူတာလဲ၊ ညှီနံ့ မရှိတဲ့အပြင် လတ်ဆတ်ပြီး မွှေးကြိုင်စပ်ရှလို့ အရမ်းအရသာရှိတာပဲ”

“ဒါပေမဲ့... နည်းနည်းတော့စပ်တယ်”

သူမ စပ်သည်ဟု ပြောနေသော်လည်း သူမ၏လက်များကမူ ပန်းကန်ထဲရှိ ယုန်သားများကို မရပ်မနား ဆက်တိုက်ညှပ်ယူနေလေသည်။

အစပ်ဒဏ်ကို ဆက်လက်မခံနိုင်တော့သည့်အဆုံး ကျန်းချင်းဟန် ဆီးသီးဝိုင်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်၏။

ပထမဆုံး မြည်းစမ်းလိုက်သည်နှင့် သစ်သီး၏ချိုမြိန်လတ်ဆတ်မှုက သူမ လျှာပေါ်တွင် ပေါက်ကွဲသွားပြီး ယခုလေးတင် မှည့်၀င်းနေသော သစ်သီးတစ်လုံးကို ကိုက်စားလိုက်ရသကဲ့သို့ အရည်များက တိတ်တဆိတ်ပျံ့နှံ့သွားလေသည်။

ထို့နောက် ဝိုင်၏မွှေးပျံ့သောအနံ့က ဖြည်းညင်းစွာ စိမ့်ထွက်လာပြီး သူမ၏လည်ချောင်းကို ချောမွေ့သော အထိအတွေ့ဖြင့် ရစ်ပတ်သွားကာ ချဉ်ချိုချို အရသာများက သူမ အာခေါင်တွင် ပြီးပြည့်စုံစွာပေါင်းစပ်သွားတော့၏။

မြိုချလိုက်သောအခါ ပေါ့ပါးချိုမြိန်သော သစ်သီးအရသာလေးက လျှာဖျားတွင် ကျန်ရစ်နေ၏။

သူမ ရှူထုတ်လိုက်သော လေကပင် လန်းဆန်းသော ဝိုင်ရနံ့လေး ပါဝင်နေသကဲ့သို့ ခံစားရသည်။

“ဒီဆီးသီးဝိုင်က ဒီလောက်တောင် အရသာရှိတာလား”

ဝူယွီလန်လည်း ထိုသစ်သီးဝိုင်၏အရသာကို သဘောကျမိသည်။

နောက်ဆုံးတွင် သူမက ဤပစ္စည်းအား ကုန်တိုက်သုံးငွေကြေး ရာဂဏန်းခန့် အကုန်အကျခံကာ ဝယ်ယူထားရသည်မဟုတ်ပါလား။

“သခင်မကြီး သဘောကျတယ်ဆိုရင် အပြန်ကျရင် နှစ်ပုလင်းလောက် ယူသွားပါလား”

“ဒါဆိုရင်လည်း မျက်နှာပြောင်တိုက်ပြီး ဝိုင်နည်းနည်းလောက် တောင်းရတာပေါ့”

အရသာရှိလှသော ဤဟင်းလျာများကို စားသုံးကာ မွှေးပျံ့သော သစ်သီးဝိုင်အား သောက်သုံးနေရင်း ကျန်းချင်းဟန်မှာ ဤနှစ်များတစ်လျှောက်လုံး အရသာမရှိသည့်ဘဝကြီးအား ဖြတ်သန်းနေခဲ့ရသလို ခံစားလိုက်ရသည်။

သူမ၏စံအိမ်မှ စားဖိုမှူး၏နန်းတွင်းစားဖိုမှူးဆိုသည့် ဂုဏ်ပုဒ်ကများ အတုဖြစ်နေမလားဟုပင် သံသယဝင်မိသည်။

‘ငါ့ကို မဟုတ်ရင် ဒီလောက်နှစ်တွေအကြာကြီး အရသာမရှိတဲ့အစားအစာတွေ ဘယ်လိုလုပ်ကျွေးရက်မှာလဲ'

ကျန်းချင်းဟန် မသိသောအရာမှာ စားပွဲပေါ်ရှိ ဟင်းလျာများအတွက် အသုံးပြုထားသော ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ဝူယွီလန် ထောက်ပံ့ပေး ထားခြင်းဖြစ်ကြောင်းပင်။

လက်ရှိခေတ်ကာလတွင် အစားအစာများ၏ မူလသဘာဝအရသာကို တန်ဖိုးထားကြသော်လည်း သူမ၏ဟင်းလျာများတွင်မူ “နည်းပညာနှင့် အဖိုးတန်ပါဝင်ပစ္စည်းများ” ပါဝင်နေသဖြင့် သဘာဝကျစွာပင် ပိုမိုအရသာရှိနေခြင်းဖြစ်သည်။

“သမားတော်ဝူရဲ့ ချွေးမအကြီးက ဘယ်ကလဲ၊ သူချက်တဲ့ ဟင်းတွေက လတ်ဆတ်ပြီး မွှေးကြိုင်စပ်ရှလို့ အရသာရှိလိုက်တာ၊ တကယ်ကို လန်းဆန်းသွားတာပဲ”

ဝမ်ကွေ့ချင်ကမူ ကျန်းချင်းဟန် သူမအား အဆက်မပြတ် ချီးကျူးနေသည်ကို ကြားသောအခါ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

“ကျွန်မက ဖျန်းကျန်းမြို့နားက ရွာလေးတစ်ရွာကပါ”

“အရင်ကဆို ဟင်းရွက်ပြုတ်ဖို့လောက်ပဲ သိတာပါ၊ ဒီဟင်းချက်နည်းတွေအကုန်လုံး အမေ သင်ပေးထားတာပါ”

“သမားတော်ဝူက တကယ်ကိုတော်တာပဲ၊ ဆေးပညာ ပြောင်မြောက်ရုံတင်မကဘူး၊ ဟင်းချက်လက်ရာကလည်း အကောင်းဆုံးပဲ”

ဝူယွီလန် ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

“သခင်မကြီး၊ မြှောက်ပင့်လွန်းနေပါပြီ၊ မြှောက်ပင့်လွန်းနေပါပြီ”

“အခုဆို ငါတို့ မိသားစုနှစ်စုက ဒီလောက်ရင်းနှီးနေပြီပဲဟာ၊ သခင်မကြီးလို့ ခေါ်နေတာက စိမ်းကားသလို ခံစားရတယ်၊ ငါက နင့်ထက် နှစ်နည်းနည်းလောက်ပဲ ပိုကြီးမယ်ထင်တယ်၊ ဒါကြောင့် ကျန်းချင်းဟန်လို့ပဲ ခေါ်ပါ”

“ဒါဆိုရင်လည်း အစ်မချင်းဟန်၊ ကျွန်မကို ယွီလန်လို့ပဲခေါ်ပါ”

အခေါ်အဝေါ် ပြောင်းလဲလိုက်ပြီးနောက် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့ပြီး သစ်သီးဝိုင်သောက်သုံးရင်း နေ့စဉ်ဘဝအကြောင်းများကို စကားစမြည်ပြောဆိုနေကြသည်။

၎င်းမှာ အိမ်ရှင်ရောဧည့်သည်ပါ အပြည့်အဝပျော်ရွှင်ရသောထမင်းတစ်နပ် ဖြစ်ပေသည်။

ကောင်းကင်ကြီးမှောင်လာသောအခါ ကျန်းချင်းဟန်မှာ မည်မျှပင် မခွဲချင်မခွာရက် ဖြစ်နေစေကာမူ နှုတ်ဆက်ရတော့မည်ဖြစ်သည်။

“အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်မ ပြန်လိုက်ပါဦးမယ်၊ မနက်ဖြန်ကျမှ ဒုက္ခလာပေးပါဦးမယ်”

ဝူယွီလန် ခေါင်းညိတ်လိုက်၏။

“လမ်းခရီး ဂရုစိုက်သွားပါ”

ကျန်းချင်းဟန် အနည်းငယ်ခေါင်းညိတ်ပြပြီး သမီးဖြစ်သူကို မခွဲချင်မခွာရက်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။

ဒါတွေအကုန်လုံး အိပ်မက်တစ်ခုများ ဖြစ်နေမလားဆိုပြီး သူမ အလွန်အမင်းကြောက်ရွံ့နေကာ သမီးဖြစ်သူကို အခုချက်ချင်း သူမအနားမှာ ထားချင်နေမိ၏။

သို့သော် ယခုအခါ သမီးဖြစ်သူတွင် ကလေးနှစ်ယောက်ရှိနေပြီဖြစ်ရာ သူမ ထိုမျှအထိ အတ္တမကြီးနိုင်ပေ။

“ရော့ယွင်၊ အမေ မနက်ဖြန် သမီးဆီကိုထပ်လာခဲ့မယ်နော်”

လီရှို့ယွင် အားနန်ကိုချီထားပြီး ချွန်းနီကမူ သူမ၏အင်္ကျီလက်အား ဆွဲကာ ဘေးတွင် ရပ်နေသည်။

“အမေ၊ လမ်းခရီး ဂရုစိုက်သွားပါ”

ချွန်းနီကို သတိပြုမိသောအခါ ကျန်းချင်းဟန် လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချွန်းနီ၏လက်သေးသေးလေးကို ဆွဲလိုက်လေ၏။

“ချွန်းနီ၊ မနက်ဖြန် အဖွား သမီးဆီကိုထပ်လာရင် အလာခံမလား”

ချွန်းနီ ခေါင်းညိတ်ပြလိုက်သည်။

“အင်း၊ မနက်ဖြန် သမီးတို့ ကျောင်းပိတ်တယ်၊ အဖွားလာရင် သမီး ငါးလေးတွေဖမ်းပြီး ကင်ကျွေးမယ်နော်”

“ကောင်းပြီ၊ ဒါဆို အဖွား ချွန်းနီရဲ့ငါးကင်လေးကို စောင့်နေမယ်”

All Chapters