← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) - ထူးကဲမြင့်မြတ်သော အဆိပ်ကုစားခြင်းဆေးလုံး

လင်းဖန်သည် မြို့စားလုအတွက် အစီအစဉ်များ စတင်ဆွဲနေပြီ ဖြစ်‌သည်။

ဂိုဏ်းချုပ်ဖြစ်လာပါက ဧကရာဇ်၏ချုပ်ကိုင်မှုမှ ရုန်းထွက်နိုင်ရန်အတွက် နန်းတွင်းထဲ၌ လူတစ်ယောက် လိုအပ်လေသည်။

မြို့စားလုက အလားအလာကောင်းသော ရွေးချယ်စရာတစ်ဦး ဖြစ်နေပေသည်။

လင်းဖန်သည် မြို့စားလု၏ သားဖြစ်သူ လုတင့်အကြောင်းကို တွေးတောလိုက်သည်။

မြို့စားလု၏ သားအပေါ်ထားရှိသောဂရုစိုက်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို သူ အသုံးချနိုင်ပေလိမ့်မည်။

သို့သော်လည်း သူသည် ဂိုဏ်းချုပ်ဖြစ်လာရန် အလှမ်းဝေးနေသေးသဖြင့် ဤကိစ္စကို ခေတ္တစောင့်ဆိုင်းရဦးမည် ဖြစ်ပေသည်။

လတ်တလောတွင် ဖြေရှင်းရန် ပို၍အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။

“သိမ်းထားလိုက်ပါ...”

လင်းဖန်သည် ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးပါဝင်သော သေတ္တာကို ဟိုမင်ထံသို့ ပြန်ပေးလိုက်သည်။

“ဒါပေမဲ့...”

သူ၏အပြုအမူကြောင့် ဟိုမင်မှာ အံ့သြသွားရလေသည်။

“သိမ်းထားလိုက်ပါ... ငါ့အတွက် အသုံးမဝင်ဘူး... ပြီးတော့ လိုအပ်တဲ့အချိန်တွေမှာ ငါ့ကိုကူညီပေးဖို့ မင်း ပိုသန်မာလာဖို့လိုတယ်...”

ဟိုမင်က သေတ္တာကိုပြန်ပေးရန် ကြိုးစားလာချိန်တွင် လင်းဖန်သည် ဟိုမင်၏လက်ကို ပြန်တွန်းဖယ်လိုက်သည်။

ဟိုကျဲ့က ဝင်ရောက်ပြောဆိုကာ ရယ်မောလိုက်သည်။

“ယူထားလိုက်ပါ... ဟိုမိသားစုက အစွမ်းကုန် ကူညီပေးနိုင်ဖို့ သေချာလုပ်ပေးပေါ့...”

ဟိုမင်က သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကို လက်ခံလိုက်လေသည်။

သူသည် အန်းရှန်းရွာရှိ လင်းဖန်၏အိမ်တော်ကို မည်သို့ချဲ့ထွင်ရမည်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူထံ စာရေးရန် စတင်တွေးတောနေပြီ ဖြစ်သည်။

ပို၍ကြီးမားသော ဥယျာဉ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့မဟုတ် အစေခံမိန်းကလေးများနှင့် အစေခံများကို ပို၍ခေါ်ယူပေးရပေမည်။

လတ်တလောတွင် ထိုအရာကသာ လင်းဖန်အတွက် သူ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်ပေသည်။

“ဒီလောက်နဲ့ မပြီးသေးဘူး...”

လင်းဖန်က ပြောလိုက်ပြီး ငွေရောင်တွားသွားသတ္တဝါ၏ မိစ္ဆာသားရဲအမြုတေကို ထုတ်ယူလိုက်သည်။

သူက ထိုအရာကို ဟိုမင်၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။

“ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးနဲ့ အဆင့်တက်တဲ့ လုပ်ငန်းစဉ်အတွက် ဒါကို အသုံးပြုလိုက်...”

“ငါ... ငါ မင်းကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ဘူး...”

ဟိုမင်က ပြောလိုက်သည်။

“စားပွဲပေါ်က ရွှေချောင်းတွေကို ဖယ်ရှားတာကနေ စလိုက်ပါလား... ပြီးတော့ ထမင်းစားလို့ပြီးအောင် ငါ့ကို ကူညီပေးဦး...”

လင်းဖန်က ရွှေချောင်းများပြည့်နှက်နေသော စားပွဲကိုကြည့်ကာ ပြောလိုက်လေသည်။

…

နောက်တစ်နေ့…

ဓားတောင်ထွတ်၌…

ဟိုမင်၏ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းရာတွင် ချောမွေ့စေရန်အတွက် လင်းဖန်က သွားရောက် ကြည့်ရှုပေးခဲ့သည်။

ဟိုမင်သည် လိုအပ်သော ဆေးဘက်ဝင်အပင်များအားလုံး ထည့်သွင်းထားသည့် ရေချိုးစည်ပိုင်းတစ်ခုထဲတွင် ရှိနေလေသည်။

အချိန်ကိုက်ရောက်ရှိလာသောအခါ သူသည် ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကို ထုတ်ယူ၍ မျိုချလိုက်လေသည်။

တင်ပျဉ်ခွေထိုင်နေသော ဟိုမင်၏နဖူးထက်တွင် ချွေးပေါက်များ ပေါ်လာတော့သည်။

လင်းဖန် ညွှန်ကြားထားသည့်အတိုင်း သူက အသက်ရှူသွင်းပြီး သူ၏ ချီစွမ်းအင်များကို ဦးဆောင်လွှဲပြောင်းလိုက်သည်။

ဖြည်းညင်းစွာပင် စည်ပိုင်းထဲရှိ ရေ၏နွေးထွေးမှုက ဟိုမင်၏ ပူလောင်နေသောတန်းထျန်မှ ခံစားမှုကို သက်သာစေခဲ့သည်။

ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုက ဟိုမင်ကို ဖုံးလွှမ်းသွားကာ ရေထဲတွင်စိမ်နေသော သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်စေလေသည်။

‘အောင်မြင်သွားပြီပဲ...’

အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းချိန်တွင် ထွက်ပေါ်လာလေ့ရှိသည့် အမှားအယွင်းမရှိသော ရွှေရောင်အလင်းတန်းကိုမြင်လိုက်ရစဉ် လင်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။

“ကျေးဇူးပဲ...”

ဟိုမင်သည် သူ၏တန်းထျန်မှာ တည်ငြိမ်သွားပြီး ဆက်လက်ကျယ်ပြန့်လာခြင်း သို့မဟုတ် မာကျောခြင်းမရှိတော့ကြောင်း ခံစားလိုက်ရချိန်တွင် စည်ပိုင်းထဲမှ မတ်တတ်ရပ်လိုက်ပြီး လင်းဖန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

နောက်ဆုံးတွင် ဟိုမင်သည် သူနှင့် အဆင့်တူဖြစ်သွားလေပြီ။

အခြားသော ခြိမ်းခြောက်မှုများနှင့်ယှဉ်လျှင် ကြာနက်ဂိုဏ်းမှာ အလွယ်တကူအနိုင်ယူနိုင်သူများ မဟုတ်သဖြင့် ဟိုမင်ကိုအဆင့်တက်စေခြင်းက ပိုကောင်းကြောင်း သူ သိထားပေသည်။

သူတို့မှာ အစဥ်အမြဲကောက်ကျစ်စဉ်းလဲကြပြီး လူတစ်ဦးကိုနာကျင်စေရန် ယုတ်မာသောနည်းလမ်းများ ရှိတတ်ကြသည်။

…

နောက်တစ်နေ့…

ဓားတစ်သန်းခန်းမ…

လင်းဖန်နှင့် ဟိုမင်တို့သည် အခြေအနေများကို ရှင်းရှင်းလင်းလင်းပြောပြရန်အတွက် ခန်းမဆီသို့ ဆင့်ခေါ်ခံလိုက်ရလေသည်။

သူတို့သည် လွတ်နေသော ကုလားထိုင်ဘေးတွင်ထိုင်ကာ သူတို့အားစောင့်ဆိုင်းနေသည့် ဟွမ်ယွမ်ခွန်းကို မြင်လိုက်ရသည်။

ဟွမ်ယွမ်ခွန်း၏ မျက်လုံးများတစ်ဝိုက်တွင် အမည်းရောင်စက်ဝိုင်းများ ရှိနေပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်လေသည်။

သူတို့ကို ခန်းမထဲသို့ဝင်လာသည်ကို မြင်သောအခါ သူ၏မျက်နှာမှာ ဝင်းလက်သွားပြီး နှုတ်ဆက်လိုက်သည်။

“နေမင်းက တောက်ပစွာ လောင်ကျွမ်းပြီး လမင်းက ညင်သာစွာ ထွန်းလင်းတယ်... တိမ်တိုက်တွေက လွင့်မျောနေပြီး ဟာလာဟင်းလင်း ဖြစ်နေသယောင်ပဲ... သစ်ပင်တွေက မတ်မတ်ရပ်နေတယ်၊ ဒါမှမဟုတ် ယိမ်းနွဲ့နေတယ်...”

“ဂိုဏ်းတူအစ်ကိုကြီး... ရပ်လိုက်ပါတော့...”

ဟွမ်ယွမ်ခွန်းက ကဗျာတစ်ပုဒ်ကို စတင်ရွတ်ဆိုနေသော်လည်း လင်းဖန်က သူ့ကို အဆုံးထိမရွတ်နိုင်ခင်မှာပင် တားဆီးလိုက်လေသည်။

“ကျွန်တော်တို့ကို ဒီကို ဘာလို့ ခေါ်လိုက်တာလဲ...”

လင်းဖန်က သူတို့ကိုခေါ်ရသည့် ရည်ရွယ်ချက်ကို အလျင်အမြန် မေးလိုက်သည်။

“မင်းတို့ ငါနဲ့လိုက်ပြီး နန်အန်းရွာမှာ သိုင်းဦးလေးကို သွားရှာဖို့လိုအပ်တယ်... အဲဒီရွာက အရှေ့ဘက် ဟွမ်ပြည်နယ်ထဲက ရွာတစ်ရွာပဲ... လင်းဖန် မင်းက မျက်နှာဖုံးကိုယူသွားပါ၊ မင်းအတွက် ပုန်းကွယ်နေတာ ပိုကောင်းတယ်... ပြင်ဆင်ထားကြ၊ ဒီနေ့ပဲ ငါတို့ ထွက်ခွာမယ်...”

လင်းဖန်နှင့် ဟိုမင်တို့က ခေါင်းညိတ်လိုက်ကြပြီး ခရီးစဉ်အတွက် ချက်ချင်း ပြင်ဆင်ကြလေတော့သည်။

လင်းဖန် ပထမဆုံးလုပ်သည့်အရာမှာ ကောဟယ်ရုကို သွားရောက်ရှာဖွေခြင်းပင် ဖြစ်ပေသည်။

“မင်းဆီမှာ ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတွေ ထပ်ရှိသေးလား...”

လင်းဖန်က ကောဟယ်ရုကို မြင်သောအခါ မေးလိုက်သည်။

ကောဟယ်ရုသည် ဧရာမမီးဖိုကြီးတစ်ခုဖြင့် အလုပ်ရှုပ်နေပြီး သူ၏မျက်နှာမှာ မီးခိုးမှိုင်းများကြောင့် မည်းနက်နေသည်။

သူက လင်းဖန်ကိုမြင်သောအခါ သိပ်ပြီးသဘောမကျလှဘဲ စကားတစ်ခွန်း ဆိုလိုက်သည်။

“ငါ နာမည်ကြီးနေတယ်လို့ ကြားတယ်... ဘာကြောင့်များလဲလို့ တွေးနေမိတယ်...”

“မင်းရဲ့ အရည်အချင်းတွေကို အားလုံးက နောက်ဆုံးတော့ အသိအမှတ်ပြုသွားကြတာ ဖြစ်နိုင်တယ်လေ...”

လင်းဖန်က ပခုံးတွန့်ကာ ပြောလိုက်သည်။

ကောဟယ်ရုက ခေါင်းခါလိုက်ပြီးနောက် စကားတစ်ခွန်း ပြောလိုက်ပြန်သည်။

“ငါ အသက်ရှင်နေအောင် မင်း သေချာကာကွယ်ပေးတာ ပိုကောင်းမယ်... မဟုတ်ရင် မင်းအတွက် ဆေးလုံးတွေ ထပ်ရတော့မှာမဟုတ်ဘူး...”

“ဒါက ပြဿနာတစ်ခုလို့ ငါမမြင်ပါဘူး...”

လင်းဖန်က ပြုံးကာ ပြောလိုက်လေသည်။

ကောဟယ်ရုသည် ဆေးတောင်ထွတ်တွင် အမြဲရှိနေတတ်သောကြောင့် မြောက်ဘက်သို့ထွက်သွားသော ကျန်းရှင်းနှင့်ဝေးကွာနေသဖြင့် ဘေးကင်းသင့်ပေသည်။

လင်းဖန်၏အဖြေကို ကျေနပ်သွားသော ကောဟယ်ရုသည် ဆေးဖော်စပ်ရာအခန်းထောင့်ရှိ စင်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“မင်း လိုအပ်တာတွေက ဟိုဘက်မှာ ရှိတယ်... အကုန်လုံး စင်ပေါ်မှာပဲ...”

လင်းဖန်က လျှောက်သွားကာ ကြည့်လိုက်ရာ ဆေးပုလင်း အလုံး (၂၀)ခန့် ရှိနေသည်ကို မြင်လိုက်ရသည်။

သူက ထိုဆေးပုလင်းများကို ဖားပြုပ်ရုပ်တုထဲသို့ သိမ်းဆည်းလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆေးပုလင်းများအားလုံး ပျောက်ကွယ်သွားလေတော့သည်။

ကောဟယ်ရုသည် သူ၏လက်အင်္ကျီအတွင်းမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

“နောက်ထပ် တစ်ခုကျန်သေးတယ်...”

သူက ထိုဆေးပုလင်းကို လက်ထဲတွင်ကိုင်ကာ စောင့်ဆိုင်းနေသည်။

လင်းဖန်က ခေါင်းစောင်းလိုက်ပြီး သူလည်း စောင့်ဆိုင်းနေသည်။

“အဟမ်း... ဆေးပညာကျင့်စဉ်မှာ ငါ့ရဲ့ အရည်အချင်းတွေကို မင်းက ချီးကျူးရမှာလေ...”

ကောဟယ်ရုက အနေရခက်သော တိတ်ဆိတ်မှုကို ဖြိုခွဲရန် ပြောလိုက်လေသည်။

လင်းဖန်က မျက်လုံးလှန်လိုက်ရင်း မေးလိုက်သည်။

“အေးပါ... မင်းက အကောင်းဆုံးပါ... အဲဒီအထဲမှာ ဘာရှိတာလဲ...”

“အက်ဆစ်အဆိပ်ကင်းမြီးကောက်ဆီကနေ ငါရလာတဲ့ အက်ဆစ်အဆိပ်ကို မှတ်မိလား...”

“ဒီအထဲက ဆေးလုံးတွေက အဲဒါနဲ့ ဖန်တီးထားတာ...”

“အဲဒီဆေးလုံးကို ထူးကဲမြင့်မြတ်သော အဆိပ်ကုစားခြင်းဆေးလုံးလို့ ငါ နာမည်ပေးထားတယ်...”

“အက်ဆစ်ရဲ့ဂုဏ်သတ္တိကိုအသုံးချပြီး သူက ဘယ်လိုအဆိပ်မျိုးကိုမဆို ချေဖျက်ပေးနိုင်တယ်”

“မင်းကို အဆိပ်တွေကနေ ကုသပေးလိမ့်မယ်...”

လင်းဖန်က ထိုပုလင်းကို ယူလိုက်ရင်း စကားတစ်ခွန်း ဆိုလိုက်သည်။

“သေချာတာတစ်ခုကတော့... မင်းက နာမည်ပေးတဲ့နေရာမှာ အရမ်းညံ့တာပဲ...”

ကောဟယ်ရုက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“မင်း ကျေးဇူးတင်ပါတယ်လို့ ပြောလို့ရသားပဲ...”

“ဒီခရီးစဉ်မှာ ငါစုဆောင်းလို့ရသမျှ အရာအားလုံးကို မင်းအတွက် ယူလာပေးမယ်...”

လင်းဖန်က ဆေးဖော်စပ်ရာအခန်းထဲမှ ထွက်ခွာသွားရင်း ကောဟယ်ရုကိုလက်ပြကာ ပြောလိုက်လေသည်။

All Chapters