← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) - ရှောင်ထောင်

“သိုင်းဦးလေးကိုရှာဖို့အတွက် ငါတို့က ဒီအထိ တကူးတကလာဖို့ လိုလို့လား...”

ဟိုမင်က နဖူးပေါ်လက်တင်ကာ ပူပြင်းတောက်ပနေသော နေရောင်ခြည်ကိုကာကွယ်ရင်း မေးလိုက်သည်။

နန်အန်းရွာသည် အရှေ့ဘက်ပင်လယ်ပြင်နှင့် ကပ်လျက်တွင် ရှိလေသည်။

ရာသီဥတုက အလွန်ပူပြင်းအိုက်စပ်နေပြီး ပင်လယ်ဘက်မှ လေပြင်းများလည်း တိုက်ခတ်နေသည်။

သူတို့သည် မြင်းကိုယ်စီစီးကာ နှစ်ရက်တိုင်တိုင် ခရီးနှင်ပြီးနောက်တွင် နန်အန်းရွာ၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ကြသည်။

“ဂိုဏ်းခွဲက လွန်ခဲ့တဲ့တစ်ပတ်လောက်က သူ့ကို ဆက်သွယ်ခဲ့သေးတယ်... ဒါပေမဲ့ အခုတော့ သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး... ပုံမှန်ဆိုရင်တော့ သူက နောက်ထပ်သွားမယ့်နေရာကို သူတို့ကို အသိပေးလေ့ရှိတယ်...”

ဟွမ်ယွမ်ခွန်းက ယပ်တောင်ကိုခတ်ရင်း ပြန်ဖြေလိုက်လေသည်။

အပူဒဏ်ကြောင့် သူ၏အဝတ်အစားများက အရေပြားတွင် ကပ်နေချေပြီ။

သို့ရာတွင် ယခုအခြေအနေက ဓားတောင်ထွတ်တွင်နေထိုင်ပြီး ယာယီတောင်ထွတ်သခင်အဖြစ် ရာနှင့်ချီသောတာဝန်များကို ဖြေရှင်းရသည်ထက်တော့ ပိုကောင်းနေသေးပေသည်။

“ဂိုဏ်းခွဲလား...”

လင်းဖန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“အဲဒါတွေက သတင်းအချက်အလက်စုဆောင်းဖို့အတွက် ငါတို့ တည်ထောင်ထားတဲ့ အခွဲတွေပဲ... တစ်ခါတလေကျရင် ဆင်းရဲတဲ့ကလေးတွေကိုခေါ်ယူပြီး အခြေခံ သိုင်းပညာတွေ သင်ပေးလေ့ရှိတယ်...”

ဟွမ်ယွမ်ခွန်းက ရှင်းပြလိုက်သည်။

လင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။

“ဒါက ကြာနက်ဂိုဏ်းနဲ့များ ပတ်သက်နေနိုင်မလား...”

သူသည် မျက်နှာဖုံးကိုတပ်ဆင်ထားပြီး ရုပ်ဖျက်ထားမှုအသစ်က သူ့အား ဟွမ်ယွမ်ခွန်းကဲ့သို့ ပညာတတ်တစ်ဦးအသွင် ပေါက်နေစေကာ ဖြူဖွေးချောမွေ့သော အရေပြားကို ပိုင်ဆိုင်ထားစေသည်။

ကြာနက်ဂိုဏ်းက ကျောက်ချင်းယင်ထံသို့ ရောက်ရှိသွားနိုင်သည်ဆိုသည့် အချက်ကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။

ဟွမ်ယွမ်ခွန်းက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဂိုဏ်းခွဲရဲ့ အဆိုအရတော့ သူတို့က ကြာနက်ဂိုဏ်းဆီကနေ ဘာသံသယဖြစ်စရာလှုပ်ရှားမှုကိုမှ မတွေ့ရဘူးတဲ့...”

“ဂိုဏ်းခွဲက ရှေ့နားလေးမှာတင် ရှိတယ်... မင်းအနေနဲ့ ဂိုဏ်းခွဲခေါင်းဆောင် ရှန်းယွင်ဖုန်းကို အသေးစိတ် မေးကြည့်လို့ရတယ်...”

သူက မီတာတစ်ရာခန့်အကွာတွင်ရှိသော အဆောက်အအုံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ယခုအခါတွင် သူတို့သည် နန်အန်းရွာအတွင်းသို့ ဝင်ရောက်လာခဲ့ချေပြီ။

ထိုနေရာတစ်ဝိုက်တွင် သစ်သားတဲငယ်လေးများ ပြန့်ကျဲနေပြီး သစ်သားတဲအများစုဘေးတွင် ငါးဖမ်းပိုက်ကွန်များကို ချိတ်ဆွဲထားကြလေသည်။

ချင်ဖုန်းဂိုဏ်း၏ ဂိုဏ်းခွဲမှာမူ ရွာသားများ၏အိမ်များနှင့် နှိုင်းယှဉ်ပါက အတော်လေး ကြီးမားခမ်းနားနေသည်။

ဂိုဏ်းခွဲ၏အရှေ့တွင် ကျောက်ခြင်္သေ့နှစ်ကောင်က ယှဉ်လျက် ရှိနေသည်။

အုတ်ရိုးများဖြင့်ကာရံထားပြီး ခြံဝင်းမှာလည်း အလွန်ကျယ်ဝန်းကာ လူငါးဆယ်ခန့်နေထိုင်ရန် လုံလောက်ပေသည်။

“ရပ်လိုက်စမ်း... ခင်ဗျားတို့က ဘယ်သူတွေလဲ...”

အနက်ရောင် ဝတ်ရုံများဝတ်ဆင်ထားသော လူနှစ်ဦးက လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ ချဉ်းကပ်လာသည်ကိုမြင်သောအခါ တားဆီးကာ မေးမြန်းလိုက်ကြသည်။

ဟွမ်ယွမ်ခွန်းက မြင်းကို ရပ်တန့်လိုက်ပြီးနောက် ဆင်းလိုက်လေသည်။

သူက သစ်သားပြားကို ထုတ်ယူကာ လူနှစ်ဦးကို ပြသလိုက်သည်။

ထိုလူနှစ်ဦးသည် သစ်သားပြားပေါ်ရှိ ‘ဟွမ်ယွမ်ခွန်း၊ ချင်းယန်ဇီ၏ တိုက်ရိုက်တပည့်’ ဆိုသော စာတန်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ဖြစ်သွားကြချေသည်။

ဤသူကား ပင်မဂိုဏ်းထံမှ လာသူတစ်ဦး ဖြစ်ပေသည်။

ထို့အပြင် သာမန်တပည့်တစ်ဦးလည်းမဟုတ်ဘဲ ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ပင် ဖြစ်နေလေသည်။

သူတို့က ဟွမ်ယွမ်ခွန်းကို အလျင်အမြန်ဦးညွှတ်ကာ ပြုံးပြလိုက်ကြသည်။

“ကျွန်တော်တို့ တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး အထဲကို ဝင်ပါခင်ဗျာ...”

သူတို့က ပြောလိုက်ကြပြီးနောက် သူတို့ထဲမှ တစ်ဦးက ဂိုဏ်းခွဲခေါင်းဆောင်ကိုခေါ်ရန် ဂိုဏ်းအတွင်းသို့ ဝင်သွားလေတော့သည်။

ထို့နောက် လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ကို ဧည့်ခန်းတစ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားကြသည်။

“ဒါက ကျွန်တော်တို့ ဒေသထွက် လက်ဖက်ရည်ပါ... အစ်ကိုတို့ သောက်တတ်မယ်လို့ မျှော်လင့်ပါတယ်...”

ထိုလူက သူတို့အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ပြီးနောက် ခဏအကြာတွင် ဂိုဏ်းခွဲခေါင်းဆောင်က အလျင်စလို ပြေးဝင်လာတော့သည်။

ဂိုဏ်းခွဲခေါင်းဆောင် ရှန်းယွင်ဖုန်းမှာ ဆံပင်ဖြူများရှိပြီး အသက်ခြောက်ဆယ်အရွယ်ရှိပေသည်။

“အချိန်မီ ထွက်မကြိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်...”

သူက လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

ဟွမ်ယွမ်ခွန်းက အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ရှန်းယွင်ဖုန်းကို တားဆီးလိုက်သည်။

“ကျုပ်က တရားဝင်အခမ်းအနားတွေကို သိပ်သဘောမကျဘူး... ကျုပ်တို့က သိုင်းဦးလေးကို နောက်ဆုံး ဘယ်နေရာမှာ တွေ့ခဲ့ရလဲဆိုတာကိုပဲ သိချင်တာပါ...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

ရှန်းယွင်ဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“သူက ဒီရွာကိုလာပြီး အရှေ့ဘက်ပင်လယ်ပြင်တစ်နေရာက လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်...”

“သူက လှေတစ်စင်းဝယ်ပြီးတော့ တစ်ယောက်တည်း ရွက်လွှင့်သွားခဲ့တာပါ...”

“အဲဒါက သူ့အကြောင်း ကျုပ်တို့ နောက်ဆုံး ကြားခဲ့ရတာပါပဲ...”

ဟွမ်ယွမ်ခွန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်ခဏမျှ စဉ်းစားလိုက်သည်။

‘ဒါက ကျောက်ချင်းယင် လုပ်လေ့ရှိတဲ့ကိစ္စမျိုးပဲ...’

‘သူ လိုချင်တဲ့အရာတွေကို လုပ်တာက သူ့ရဲ့တာအိုပဲ...’

‘ဒီကိစ္စမှာ ထူးဆန်းတာ ဒါမှမဟုတ် သံသယဖြစ်စရာဘာမှမရှိဘူး...’

သူက စိတ်ထဲမှ တွေးလိုက်သည်။

“သူ့ကို ကိုယ်တိုင်သွားရှာဖို့အတွက် လှေနဲ့ လမ်းပြကို ဘယ်ကနေ ရနိုင်မလဲ...”

လင်းဖန်က ကြားဖြတ်မေးလိုက်သည်။

“ရွာသားအများစုက အခု ပင်လယ်ထဲရောက်နေကြတယ်... မင်းတို့ လှေရနိုင်မှာ မဟုတ်ဘူး...”

ရှန်ယွင်ဖုန်းက ပြန်ဖြေလိုက်သည်။

“ကျွန်မ ကူညီပေးနိုင်တယ်...”

ဧည့်ခန်းအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

လင်းဖန်သည် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။

ဧည့်ခန်းအပြင်ဘက်တွင် တပည့်များစွာ စုရုံးနေကြသည်။

သူတို့အားလုံးသည် ဟွမ်ယွမ်ခွန်းကို ကြည့်ရှုလိုစိတ် ပြင်းပြနေကြသည်။

ထိပ်တန်းကျင့်ကြံသူတစ်ယောက်မှာ မည်သို့မည်ပုံရှိသည်ကို သူတို့ကိုယ်တိုင် တွေ့မြင်ချင်နေကြသည်။

“အဲဒါ ဟွမ်ယွမ်ခွန်းလား...”

“သူ့ကို မေ့ထားလိုက်စမ်းပါ... ငါက လင်းဖန်ကိုပဲမြင်ချင်တာ...”

“ဟုတ်တယ်... လင်းဖန်က အရမ်းမိုက်တာ... သူ့ကို တစ်ချက်လောက် မြင်ရဖို့အတွက် ငါ့အစ်ကိုရဲ့ ပျော်ရွှင်မှုကိုတောင် စတေးပစ်ဖို့ ဆန္ဒရှိတယ်...”

“ပေါက်ကရတွေ... ဟွမ်ယွမ်ခွန်းကလည်း အရမ်းမိုက်တာပဲ...”

“လင်းဖန် ဒီမှာမရှိတာ အရမ်းနှမြောစရာကောင်းတာပဲ...”

တပည့်များသည် စိတ်လှုပ်ရှားနေကြသော်လည်း လင်းဖန်ကိုမတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်နေကြသည်။

လင်းဖန်သည် ကြမ်းတမ်းပြီး ချောမောသောရုပ်ရည်ရှိသည်ဟု သူတို့ ကြားဖူးထားကြသည်။

လင်းဖန်၏ လက်ရှိ အသွင်ယူထားသော ပညာတတ်စာပေပညာရှင်နှင့်တူသည့် အသားဖြူဖြူရုပ်ရည်မျိုးနှင့် မည်သို့မျှ ဆက်စပ်၍မရနိုင်ပေ။

“ကျွန်မ ကူညီပေးနိုင်ပါတယ်... ကျွန်မတို့မိသားစုရဲ့လှေက အားနေတယ်...”

ထိုအသံက ထပ်မံထွက်ပေါ်လာပြန်သည်။

“ဝင်လာခဲ့...”

သူသည် ပင်လယ်ထဲသို့ထွက်ခွာရန် သူတို့၏အခွင့်အရေးဖြစ်နိုင်သောကြောင့် လင်းဖန်က ခေါ်လိုက်သည်။

အသက် ၁၀နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် ခေါင်းငုံ့ကာ ရှက်ရွံ့စွာဖြင့် တံခါးဝတွင် ပေါ်လာသည်။

လင်းဖန်က လျှောက်သွားလိုက်ပြီး ထိုမိန်းကလေးငယ်နှင့် မျက်လုံးချင်းဆုံရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်... ကျုပ်က ကောဟယ်ရုပါ... လှေနဲ့ လမ်းပြအတွက် ကျုပ်တို့က ဝမ်းသာအားရ ငွေပေးချေမှာပါ...”

“ကျွန်မက ရှောင်ထောင်ပါ... ရှင်တို့ ငွေပေးစရာမလိုပါဘူး...”

ရှောင်ထောင်သည် သူမ၏နှုတ်ခမ်းကိုကိုက်ကာ ပြန်ပြောလိုက်သည်။

မည်သည့်အတွက်ကြောင့် အခကြေးငွေမယူချင်ရသနည်းဆိုသည်ကို လင်းဖန်က မမေးရသေးခင်မှာပင် အခြားတပည့်များက သူ့အား တားဆီးရန် ကြိုးစားနေသည်ကို ကြားလိုက်ရသည်။

“သူမမိသားစုရဲ့လှေက ကျိန်စာသင့်နေတာ...”

“သူတို့လှေပေါ် မတက်နဲ့... ရေမျောက်ဝံက အဲဒီလှေကို ကျိန်စာတိုက်ထားတာ...”

“သူမက ရှင့်ကို အသုံးချဖို့ ကြိုးစားနေတာ...”

ရှောင်ထောင်နှင့်ရွယ်တူခန့်ရှိသော အခြားတပည့်များက သူတို့၏စိုးရိမ်ပူပန်မှုများကို ပြောဆိုလာကြသည်။

လင်းဖန်သည် ‘ရေမျောက်ဝံ’ ဆိုသည့်စကားကို ကြားလိုက်ရသဖြင့် စိတ်ဝင်စားသွားသည်။

ဤနေရာတွင် ရှောင်ထောင်နှင့် အခြားတပည့်များကြား၌ တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်မှာ သေချာပေသည်။

“မင်းတို့ရဲ့ လေ့ကျင့်ရေးဆီ ပြန်သွားကြ... ပြစ်ဒဏ်အနေနဲ့ ထိုင်ထအကြိမ် ၁၀၀ လုပ်ကြစမ်း...”

ရှန်ယွင်ဖုန်းက လျှောက်လာပြီး အခြားတပည့်များကို နှင်ထုတ်လိုက်သည်။

ဂိုဏ်းခွဲခေါင်းဆောင်၏ ဒေါသထွက်နေသောမျက်နှာကို မြင်လိုက်ရသောအခါ တပည့်များသည် အလျင်အမြန် လူစုခွဲသွားကြတော့သည်။

“သူတို့ကို ဂရုမစိုက်ပါနဲ့... ဒါက ဒီရွာက ရိုးရာပုံပြင်တစ်ချို့ပါပဲ...”

ရှန်ယွင်ဖုန်းက ရှောင်ထောင်၏ပခုံးကိုပုတ်ရင်း ပြောလိုက်သည်။

ရှောင်ထောင်သည် သူမ၏ခေါင်းကိုငုံ့ထားကာ ဖြေလိုက်သည်။

“သူတို့ပြောတာမှန်ပါတယ်... ကျွန်မက ရှင့်ကိုအသုံးချဖို့ ကြိုးစားနေတာပါ...”

All Chapters