← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) - ပင်လယ်ပြင်သို့ ထွက်ခွာခြင်း

“ငါတို့ကို အသုံးချမယ်... ဘယ်လိုမျိုးလဲ...”

လင်းဖန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ကျွန်မအဖေရဲ့ ငါးဖမ်းလှေမှာ ဘာပြဿနာမှမရှိဘူးဆိုတာကို သက်သေပြဖို့အတွက် အဲဒီလှေနဲ့ ပင်လယ်ထဲကို နောက်တစ်ခေါက် ပြန်ထွက်ပေးမယ့်သူ လိုအပ်နေလို့ပါ”

“အဖေက ဒဏ်ရာပြင်းပြင်းထန်ထန်မရခင်က ငါးတွေအများကြီး ဖမ်းနိုင်ခဲ့တယ်...”

“သူတို့ကတော့ အဖေက ရေမျောက်ဝံကိုစော်ကားမိလို့ အခုလို ဖြစ်ရတာလို့ ပြောကြတယ်...”

“ဒါကြောင့် တခြားတံငါသည်တွေ ထိခိုက်မှာကို စိုးရိမ်လို့ဆိုပြီး အဖေ့ကို ပင်လယ်ထဲပြန်ထွက်ခွင့် မပေးကြတော့ဘူး...”

ရှောင်ထောင်က ကျလာမည့်မျက်ရည်များကို အတင်းအကြပ်ထိန်းချုပ်ထားရင်းမှ ပြောလိုက်သည်။

လင်းဖန်အတွက် အကြောင်းအရာကို နားလည်သဘောပေါက်ရန် အချိန်သိပ်မယူလိုက်ရပေ။

ရှောင်ထောင်၏ဖခင် မတော်တဆဖြစ်မှုမှာ အခြားတံငါသည်များ၏ မနာလိုဝန်တိုမှုများကြောင့် ဖြစ်နိုင်ပေသည်။

ရေမျောက်ဝံဆိုသည့် အဓိပ္ပာယ်မရှိသောစကားများမှာ သူမ၏ဖခင်အား ပင်လယ်ထဲသို့ ပြန်လည်မထွက်နိုင်ရန် တားဆီးထားသည့် အကြောင်းပြချက်သက်သက်သာ ဖြစ်လေသည်။

ဤအဖြစ်အပျက်က သူ့ကို အန်းရှန်းရွာမှ ရွာသားအချို့အား သတိရသွားစေသည်။

သူက သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်းက ငါတို့ကို အရှေ့ဘက်ပင်လယ်ဆီ လမ်းပြပေး... မပူပါနဲ့... လှေငှားရမ်းခနဲ့ လမ်းပြခအတွက် ငါတို့က မင်းကို ကြေးဒင်္ဂါး ၁၀ပြား ပေးမယ်...”

လင်းဖန်၏စကားကို ကြားလိုက်ရချိန်တွင် ရှောင်ထောင်၏မျက်လုံးများ၌ မျှော်လင့်ချက်ရောင်ခြည်များ တောက်ပသွားလေသည်။

“ဘယ်အချိန်လောက် သွားချင်ကြလဲ... ကျွန်မ လှေကိုပြင်ဆင်ဖို့ အချိန်နည်းနည်းတော့လိုမယ်...”

သူမက လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ကို တစ်လှည့်စီကြည့်ရင်း ပြောလိုက်သည်။

သူတို့က လူကောင်းများဖြစ်ကြရာ သူမအနေဖြင့် သူတို့၏မျက်နှာများကို မှတ်သားထားချင်ပေသည်။

“မင်းတို့ ဒီမှာနေပြီး ရှောင်ထောင် အဆင်သင့်ဖြစ်တဲ့အထိ စောင့်နေလို့ရပါတယ်... ဒီမှာ အခန်းလွတ်တွေအများကြီး ရှိတယ်...”

ရှန်ယွင်ဖုန်းက ဝင်ရောက်ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ မင်းကို ဒီကနေပဲ စောင့်နေမယ်...”

“သိပ်မကြာပါဘူး...”

ရှောင်ထောင်က အရိုအသေပေးလိုက်ပြီးနောက် လှေကိုပြင်ဆင်ရန်အတွက် သူမ၏အိမ်သို့ အမြန်ပြေးသွားတော့သည်။

“စိတ်ဝင်စားစရာပဲ...”

ဟွမ်ယွမ်ခွန်းက သူ့ကိုယ်သူယပ်ခတ်ရင်း ပြောလိုက်သည်။

…

နန်အန်းရွာ…

ညနေခင်းအချိန်…

လင်းဖန်က ညစာစားရန်အတွက် ရွာထဲရှိ တည်းခိုခန်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။

သူက ဤနယ်မြေအကြောင်းနှင့် ကျောက်ချင်းယင်ရှာဖွေနေသည့် လျှို့ဝှက်နယ်မြေအကြောင်း သတင်းအချက်အလက်များကို ပိုမိုစုံစမ်းချင်နေခဲ့သည်။

ထိုသို့ပြုလုပ်ရန်အတွက် တည်းခိုခန်းမှာ အကောင်းဆုံးနေရာပင် ဖြစ်လေသည်။

ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ကလည်း သူနှင့်အတူ လိုက်ပါလာကြသည်။

သူတို့ ရောက်ရှိသွားချိန်တွင် စားပွဲထိုးများက ယဉ်ကျေးပျူငှာစွာဆက်ဆံကြပြီး ပင်လယ်ပြင်အ သေသေချာချာမြင်ရသည့် နေရာကောင်းတစ်ခုကို အမြန်စီစဉ်ပေးလိုက်ကြသည်။

ချင်ဖုန်းဂိုဏ်းမှကျင့်ကြံသူများ ရောက်ရှိနေကြောင်းကို သူတို့သိထားကြသဖြင့် ထိုသူများမကျေမနပ်ဖြစ်အောင် မလုပ်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း နားလည်ထားကြပေသည်။

ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်ရာ လှိုင်းလေငြိမ်သက်နေပြီး ရေကြောင်းခရီးသွားရန် သင့်တော်နေသည်ကို လင်းဖန် မြင်တွေ့လိုက်ရသည်။

ဤသည်မှာ သူတို့အတွက် သတင်းကောင်းတစ်ခုပင်။

အစားအသောက်များ မှာယူပြီးနောက် လင်းဖန်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှ ပြောဆိုနေကြသည့် စကားများကို နားစွင့်နေလိုက်သည်။

“ဟိုလူတွေက ကျင့်ကြံသူတွေလား...”

“ဟုတ်တယ်...”

“အခု ငါတို့ ဘာလုပ်ကြမလဲ...”

“ရှုး...”

သူ့အတွက် အသုံးဝင်သည့် အချက်အလက်တစ်ခုမှ မရှိခဲ့ပေ။

သူတို့အဖွဲ့မှာ ရှောင်ထောင်၏လှေဖြင့် ပင်လယ်ထဲ ထွက်မည့်အကြောင်းကိုသာ တီးတိုးပြောဆိုနေကြခြင်း ဖြစ်သည်။

ထိုအချက်က ရေမျောက်ဝံနှင့်ပတ်သက်သော သူတို့၏လိမ်လည်မှုကို သွယ်ဝိုက်သောနည်းဖြင့် ချေဖျက်နေသကဲ့သို့ ဖြစ်နေချေပြီ။

ထို့ကြောင့် စားပွဲထိုးက ဟင်းပွဲများလာချပေးချိန်တွင် လင်းဖန်က သူ့ကိုသာ လှမ်းမေးလိုက်တော့သည်။

“ဒီပင်လယ်ပြင်နဲ့ ပတ်သက်ပြီး ထူးခြားတာတွေများ ကြားထားတာရှိလား... လူတွေ ပျောက်ဆုံးသွားတာမျိုးနဲ့ ပတ်သက်ပြီးတော့ရော...”

“ကျွန်တော်လည်း သေချာတော့ မသိဘူး... တစ်ခါတလေတော့ ရာသီဥတုဆိုးရွားတဲ့ အချိန်မျိုးတွေ ဒါမှမဟုတ် ငါးမန်းလို သားရဲကောင်တွေနဲ့ ကြုံရတဲ့အခါ လှေတွေ ပျောက်သွားတတ်ပါတယ်...”

စားပွဲထိုးက အားနာဟန်ဖြင့် ပြန်ဖြေလိုက်ပြီးနောက် ဟင်းပွဲများကို စားပွဲပေါ်ချပေးကာ ထွက်သွားတော့သည်။

ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက်တွင် သူက ရုတ်တရက် လှည့်ကြည့်လာပြီး နဖူးကိုရိုက်ကာ နောက်သို့ ပြန်လှည့်လာလေသည်။

“လူကြီးတွေ ပြောတာ ကြားဖူးတယ်... သူတို့ ငယ်ငယ်တုန်းက ကျောက်ဆောင်ဂူတွေနားမှာ ရွှေရောင်နတ်ကွန်းတစ်ခု ရုတ်တရက် ပေါ်လာတာကို မြင်ခဲ့ရဖူးတယ်တဲ့... ဒါပေမဲ့ အဲဒီနေရာက အန္တရာယ်များတဲ့အတွက် ဘယ်သူမှ အနားမကပ်ရဲကြဘူး...”

“ကျောက်ဆောင်ဂူတွေက ဘယ်နားမှာရှိလဲဆိုတာ မင်းသိလား...”

လင်းဖန်က မေးလိုက်သည်။

“ဆိပ်ကမ်းကနေ အရှေ့ဘက်ကို ရွက်လွှင့်သွားလိုက်ပါ... တွေ့ကိုတွေ့ပါလိမ့်မယ်...”

စားပွဲထိုးက ပြန်ဖြေလိုက်သည်။

လင်းဖန်က စားပွဲထိုးကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ငါတို့မှာ ရွေးချယ်စရာသိပ်မရှိဘူး... သိုင်းဦးလေး ချန်ထားခဲ့တဲ့ သတင်းအချက်အလက်က အရမ်းနည်းလွန်းနေတယ်...”

ဟွမ်ယွမ်ခွန်းက ပခုံးတွန့်ကာ ပြောလိုက်သည်။

…

သစ်သားတဲအိမ်လေးတစ်လုံးအတွင်း၌…

လူအချို့သည် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသောအမူအရာများဖြင့် ထိုင်နေကြသည်။

အစောပိာင်းတွင် သူတို့သည် လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့အား တည်းခိုခန်း၌ တွေ့မြင်ခဲ့ရခြင်း ဖြစ်ပေသည်။

သူတို့၏လိမ်ညာမှုများ ပေါ်ပေါက်သွားမည်ကို စိုးရိမ်သဖြင့် လင်းဖန်တို့အားတားဆီးရန် နည်းလမ်းရှာဖွေရန်အတွက် စုဝေးနေကြခြင်းဖြစ်သည်။

“ဒီကျင့်ကြံသူတွေက သူတို့သဘောမကျရင် ရွာတစ်ရွာလုံးကို သတ်ဖြတ်ပစ်တတ်တယ်လို့ ငါ ကြားဖူးတယ်...”

လူတစ်ယောက်က ထအော်လိုက်သည်။

ဒုတ်...

နှုတ်ခမ်းမွေးရှည်နှင့် လူတစ်ယောက်က ထိုသူ၏နောက်စေ့ကို ရိုက်ချလိုက်လေသည်။

“ပေါက်ကရတွေ... ချင်ဖုန်းဂိုဏ်းက လူတွေက အဲဒီလို လုပ်လေ့မရှိဘူး... ပြီးတော့ ရိုးရိုးသားသားပြောရရင် အဲဒီကျင့်ကြံသူတွေက အားနည်းတဲ့ ပညာတတ်တွေနဲ့ ပိုတူတယ်...”

နှုတ်ခမ်းမွေးရှည်က ပြောလိုက်ပြီး အခြားသူများ သူခိုင်းသည့်အတိုင်း လုပ်လာစေရန် သွေးဆောင်စည်းရုံးလိုက်သည်။

ကျန်သူများက ထိုအကြောင်းကို တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် ခြိမ်းခြောက်နိုင်မည့်ပုံစံမပေါ်ပေ။

နှုတ်ခမ်းမွေးရှည်ပြောသည်က မှန်ကောင်းမှန်ပေလိမ့်မည်။

“ဒါဆို ငါတို့...”

နှုတ်ခမ်းမွေးရှည်က အနားသို့ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

နှုတ်ခမ်းမွေးရှည်၏အစီအစဉ်ကို ကြားလိုက်ရသောအခါ ကျန်လူများအားလုံး ပြုံးစစ ဖြစ်လာကြတော့သည်။

ယင်းက သူတို့၏လိမ်ညာမှုမှ ကင်းလွတ်စေရန် အလုပ်ဖြစ်နိုင်ပေသည်။

ပင်လယ်ပြင်မှ လေပြင်းများတိုက်ခတ်လာသောအခါ ဖယောင်းတိုင်မီးရောင်က ယိမ်းထိုးသွားပြီး ထိုလူများ၏ အရိပ်များသည်လည်း သစ်သားတဲအိမ်လေး၏ နံရံများပေါ်တွင် ယိမ်းထိုးလှုပ်ရှားသွားလေသည်။

…

နောက်တစ်နေ…

ရှောင်ထောင်သည် မနက်အစောပိုင်းတွင် ဧည့်ခန်းထဲ၌ လင်းဖန်နှင့် အခြားသူများကို စောင့်ဆိုင်းနေခဲ့သည်။

သူမသည် သူတို့၏နံနက်စာအတွက် ပေါက်စီ ၃လုံးပင် ယူဆောင်လာခဲ့သေးသည်။

“မင်္ဂလာနံနက်ခင်းပါ... ရှင်တို့ အလိုရှိတဲ့အချိန်တိုင်းရွက်လွှင့်ဖို့ ကျွန်မတို့လှေက အဆင်သင့်ဖြစ်နေပါပြီ... ဒီမှာ... အရင်ဆုံး နံနက်စာ စားလိုက်ကြဦး...”

လင်းဖန်၊ ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ စားပွဲဘေးတွင်ဝင်ထိုင်လိုက်ချိန်၌ သူမက ပေါက်စီများကို စားပွဲပေါ်သို့ ချပေးလိုက်သည်။

“ကျေးဇူးပဲ... ဒါပေမဲ့ သူတို့အတွက်တော့ ဒါက လုံလောက်မယ်မထင်ဘူး... မင်းမှ မသိတာ...”

ဟိုမင်က ပေါက်စီတစ်လုံးကို ကောက်ယူလိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

“တောင်းပန်ပါတယ်... ဒါပေမဲ့ ကျွန်မဆီမှာ ဒါပဲရှိတော့တယ်...”

ရှောင်ထောင်က ပြောလိုက်သည်။

“သူပြောတာကို နားမထောင်နဲ့... ပြီးရင် တည်းခိုခန်းကိုသွားပြီး လက်ဖက်ရည် သွားသောက်ကြရအောင်...”

လင်းဖန်က ခေါင်းခါပြကာ ဟိုမင်၏ကျောကို ရိုက်လိုက်ရင်း ပြောလိုက်သည်။

ထို့နောက် သူက ပေါက်စီကို ကိုက်စားလိုက်လေသည်။

ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ကလည်း သူ့နည်းတူ လိုက်လုပ်ကြသည်။

ထို့နောက် သူတို့သည် တည်းခိုခန်းသို့သွားကြကာ ရှောင်ထောင်နှင့်အတူ ကြီးကျယ်ခမ်းနားသော ဟင်းလျာများကို စားသောက်လိုက်ကြသည်။

ဟင်းလျာအများအပြားကို သူမအတွက် ချန်ထားပေးခဲ့သည်။

သူမ တစ်ခါမှမစားဖူးသော အရသာရှိလှသည့် အစားအသောက်များစွာ ပါဝင်ပေသည်။

“ကျွန်မ အကုန်မစားနိုင်တော့ဘူး... ပိုနေတဲ့ဟင်းတွေကို ကျွန်မအဖေအတွက် ပြန်ယူသွားလို့ရမလား...”

ရှောင်ထောင်က စားပွဲပေါ်ရှိ ဟင်းလျာမြောက်မြားစွာကို ကြည့်ကာ မေးလိုက်သည်။

လင်းဖန်က သူမ၏တောင်းဆိုချက်ကို ခေါင်းညိတ် သဘောတူလိုက်သည်။

စားပွဲထိုးများက သစ်သားဘူးများထဲသို့ ဟင်းလျာများကို ကူညီထည့်ပိုးပေးပြီးနောက် သူတို့သည် ဆိပ်ကမ်းသို့ ထွက်ခွာသွားကြတော့သည်။

All Chapters