← Chapters

အခန်း (၄၉၁-၄၉၂)

Vol. 50 Ch. 491-492

အခန်း (၄၉၁-၄၉၂)

Vol. 50 Ch. 491-492

အခန်း(၄၉၁) အသက်ဝင်လာပြီ။ အသက်ပြန်ဝင်လာပြီ

လရိပ်ဂိုဏ်း၊ လက်နက်ကျောင်းဆောင်။

"ထိပ်တန်းအယူအဆ။ တကယ်ကို တီထွင်ဉာဏ်ကြီးတဲ့ ဒီဇိုင်းပဲ။"

ရှန်းထျန်ကောသည် တာမီနေတာ အမ်-၁၃၄(M134)ကို အစိတ်အပိုင်းများအဖြစ် ဖြုတ်ထုတ်ပြီး ပုံကြမ်းတစ်ခု ရေးဆွဲထားသည်။ ဒီဇိုင်းကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်ပြီးနောက်တွင်ပင် သူ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။

"ကမ္ဘာမြေက လူသားတွေက ဒီလောက်တိကျတဲ့ယန္တရားတွေကို ဘယ်လိုများ စိတ်ကူးယဉ်နိုင်ခဲ့တာလဲ။ အစိတ်အပိုင်းတိုင်းက လုံးဝကို အစုံအလင် ချိတ်ဆက်ထားတယ်။ သူတို့က စက်ယန္တရားအတတ်ကို အမြင့်ဆုံး အတိုင်းအတာအထိ တွန်းတင်လိုက်တာပဲ။"

လက်နက်ပြုလုပ်သည့် ပညာရှင်ကြီး တစ်ယောက်အနေဖြင့် ရှန်းထျန်ကောသည် အံ့ဩရခြင်းမျိုး ရှားလှသည်။ ယခင်က အမ်-၄(M4)သည် သူ့ကို လေးစားမှု အနည်းငယ်ဖြစ်စေခဲ့သော်လည်း ဤခြောက်လုံးပြူး စက်အမြောက်ကို မြင်လိုက်ရချိန်တွင်မူ သူ အံ့အားသင့်လျက်ပင်။ ရိုးရိုးသားသားပြောရလျှင် ချင်းယွန်ဘုံမှ မည်သည့် စက်ယန္တရားဖန်တီးမှုမဆို သေနတ်ဟု ခေါ်ဆိုသည့် ဤကမ္ဘာမြေ လက်နက်များနှင့် နှိုင်းယှဉ်လျှင် အရောင်မှိန်သွားခဲ့ရသည်။

"ဘိုးဘေးကြီး၊ ဒီဂျူနီယာမှာ တောင်းဆိုချက် အနည်းငယ် ရှိပါတယ်။" ရှန်းထျန်ကောသည် သူ၏ လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။ "ဖြစ်နိုင်မယ်ဆိုရင် ကမ္ဘာမြေက ပညာရှင်ကြီးတွေကို ချင်းယွန်ဘုံဆီ ခေါ်လာလို့ ရမလား။ သူတို့နဲ့အတူ ပစ္စည်းပြုလုပ်တဲ့ နည်းစနစ်တွေကို ဖလှယ်ချင်လို့ပါ။"

ချန်ဟွိုက်အန် ခဏတာ တိတ်ဆိတ်သွား၏။

တောက်။ ဒီရှန်းထျန်ကောက တကယ်ကို အိပ်မက်မက်ရဲသားပဲ။

လက်ရှိတွင် ပုံရိပ်ယောင်ကောင်မလေေးဂိမ်းစနစ်တွင် ထိုသို့သော လုပ်ဆောင်ချက်မျိုး မရှိသေးပေ။ သို့သော် ဂိမ်းဗားရှင်းများ ဆက်လက်၍ အပ်ဒိတ်လုပ်ပြီး လုပ်ဆောင်ချက်များ ပိုမို၍ ပါဝင်လာသည်နှင့်အမျှ၊ လူအရှင်လတ်လတ်များကို သယ်ယူပို့ဆောင်ပေးနိုင်မည့် အလားအလာကို လုံးဝ ပယ်ချ၍မရပေ။

"ဒါကို နောက်မှ ဆွေးနွေးကြတာပေါ့... အဲဒီထက် ပိုအရေးကြီးတာက ဒါတွေကို မြန်မြန်ဆန်ဆန် အစုလိုက်အပြုံလိုက် ထုတ်လုပ်လို့ရမလား။" ချန်ဟွိုက်အန်သည် လက်ငင်းလက်တွေ့ကျသော အခြေအနေကို ပို၍စိုးရိမ်နေသည်။ မိစ္ဆာမျိုးနွယ်များက တိုက်ခိုက်တော့မည်ဖြစ်ရာ ချင်းယွန်ဗားရှင်း တာမီနေတာများကို အဆင်သင့်ဖြစ်နေစေခြင်းက အပြောင်းအလဲဖြစ်စေမည့် လက်နက် ဖြစ်လာလိမ့်မည်။

"တာမီနေတာ ရဲ့ တည်ဆောက်ပုံက အရင်အမ်-၄ထက် ပိုပြီးတော့ ရှုပ်ထွေးပါတယ်။" ရှန်းထျန်ကောက သတိကြီးစွာဖြင့် ပြန်ဖြေသည်။ "ဘိုးဘေးကြီး၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။"

"ဘိုးဘေးကြီး၊ ဂိုဏ်းချုပ်၊ မသွားသေးပါနဲ့ဦး။" ရှန်းထျန်ကောသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏နှုတ်ခမ်းကိုစူကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဟီးဟီးဟီး၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ။"

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ရှန်းထျန်ကော အနောက်သို့ လျှောက်သွားကာ ရှည်လျားသောစင်္ကြံများ၊ လျှို့ဝှက်လမ်းကြောင်းများမှတစ်ဆင့် လျှို့ဝှက်အခန်းတစ်ခုထဲသို့ ရောက်သွားကြသည်။ ကျယ်ဝန်းသော အခန်းထဲတွင် အရာဝတ္ထု တစ်ခုတည်းသာ ရှိသည်။ ကားတစ်စီးစာခန့် ရှိပြီး အနီရောင်အဝတ်စဖြင့် ဖုံးအုပ်ထား၏။

ဖုံးအုပ်ထားသည့်အရာ၏ရှေ့တွင် ရပ်ကာ ရှန်းထျန်ကောသည် ပိုမိုဂုဏ်ယူစွာဖြင့် လှည့်လာသည်။ "ဘိုးဘေးကြီး၊ ကျွန်တော် အရင်ကပြောခဲ့တာကို မှတ်မိလား။ ချင်းယွန်ဘုံ အမ်-၄ရဲ့ပစ်အားကို ချဲ့လိုက်မယ်။ အခင်းအကျင်းတွေကို မြှင့်တင်မယ်။ ပြီးတော့ ပိုအားကောင်းတဲ့ စွမ်းအင်အရင်းအမြစ်နဲ့ တပ်ဆင်လိုက်မယ် ဆိုရင်..." သူက အနီရောင်အဝတ်စကို ပြင်းပြင်းထန်ထန် ဆွဲဖယ်လိုက်ရာ...

ချန်ဟွိုက်အန်၏မျက်လုံးများ အာရုံစူးစိုက်သွား၏။

သောက်ကျိုးနည်း။

၎င်းသည် သံမဏိလှည်းယာဉ်ပေါ်တွင် တပ်ဆင်ထားသော ပိုကြီးသည့် ချင်းယွန်ဘုံ အမ်-၄တစ်ခုပင် ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင်... ရှန်းထျန်ကောသည် ဆန်းသစ်တီထွင်မှု သိပ်မလုပ်ထားပေ။ အမ်-၄ကို ချဲ့လိုက်ပြီး စိတ်ဝိညာဉ်ချီစွမ်းအင်ကျည်ဆံများကို ကြီးမားသည့် စိတ်ဝိညာဉ်ချီစွမ်းအင် အမြောက်ဆံများအဖြစ် ပြောင်းလဲလိုက်ခြင်းသာ။

ခေတ်သစ်လက်နက်များတွင် ဤကဲ့သို့ကြမ်းတမ်းသောတုပမှုသည် ကိုက်ညီမှုမရှိခြင်း၊ ပစ်ခတ်နိုင်သည့် အကွာအဝေးလျော့ကျခြင်းနှင့် ပစ်အားနည်းခြင်းတို့ ဖြစ်စေလိမ့်မည်။ သို့သော်လည်း ယမ်းမှုန့်အစား ဝိညာဉ်ကျောက်တုံးများဖြင့် အစားထိုးလိုက်ခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေသည်။ ချင်းယွန်ဘုံ အမ်-၄သည် သေနတ်ထက် လေဆာသေနတ်နှင့် ပိုတူပြီး ဤချင်းယွန်ဘုံ အမ်-၄proကတော့ လေဆာအမြောက်နှင့် ပိုတူနေသည်။

"အကြီးအကဲရှန်း၊ မယုံနိုင်စရာပဲ။ မင်း တကယ်ပဲ လုပ်နိုင်ခဲ့တာလား။" ချန်ဟွိုက်အန်၏မျက်နှာ တောက်ပသွားသည်။ "ပစ်အား ဘယ်လိုရှိလဲ။"

"မှတ်တမ်းကျောက်တုံးကို ကြည့်ပါ။" ရှန်းထျန်ကောသည် အနီးရှိ စားပွဲပေါ်မှ မင်ရည်ကဲ့သို့ မည်းနက်သော ကျောက်တုံးထဲသို့ စိတ်ဝိညာဉ်ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။ မြူခိုးများ စုဝေးသွားပြီး ချင်းယွန်ဘုံ အမ်-၄proကို အသုံးပြုနေသော လရိပ်ဂိုဏ်းတပည့်များကို ပြသသည့် ရုပ်ပုံတစ်ခု ပေါ်လာသည်။

မြေကြီးပင်တုန်ခါသွားစေမည့် ဝုန်းခနဲ အသံကြီးနှင့်အတူ အဝေးရှိ တောင်ကုန်းတစ်ခုက စိမ်းပြာရောင် စွမ်းအင်တန်းတစ်ခုကြောင့် ပျောက်ကွယ်သွား၏။ ၎င်းမှာ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ အားအပြည့်တိုက်ခိုက်မှုနှင့်ညီမျှပြီး၊ နောက်ဆက်တွဲ ပေါက်ကွဲမှုများနှင့်လှိုင်းများကိုပင် မထည့်တွက်ရသေးပေ။

"မနေ့က မိုးခြိမ်းသံတွေက ဒါကြောင့်ကိုး..." လီချင်းရန်က မှင်တက်စွာ ခေါင်းညိတ်လိုက်သည်။

"ဘိုးဘေးကြီး၊ ဂိုဏ်းချုပ်၊ စွမ်းဆောင်ရည် ဘယ်လိုရှိလဲ။" လီချင်းရန်၏ မှင်တက်နေသောအမူအရာကို မြင်ပြီး ရှန်းထျန်ကော ပို၍ပင်ဂုဏ်ယူသွားသည်။

"လက်ခံနိုင်ပါတယ်။" ပိုမိုအစွမ်းထက်သောလက်နက်များကို မြင်တွေ့ဖူးသူ ချန်ဟွိုက်အန်သည် တည်ငြိမ်နေဆဲ ဖြစ်သည်။ "အများကြီး ထုတ်လုပ်လို့ရမလား။"

"ဘိုးဘေးကြီးကို ဖြေကြားရရင်တော့ အခုထိ အခု(၁၀၀) ထုတ်လုပ်ပြီးပါပြီ။" ရှန်းထျန်ကောသည် ရိုသေစွာ အရိုအသေပြုလိုက်သည်။ "ဒါပေမဲ့ တာမီနေတာ အမ်-၁၃၄ကို အာရုံစိုက်ဖို့အတွက် ထုတ်လုပ်မှုကို ခဏရပ်ထားပါတယ်။ ဒီလက်နက်သစ်မှာ နာမည်မရှိသေးဘူး။ ဘိုးဘေးကြီးနဲ့ ဂိုဏ်းချုပ် ဆုံးဖြတ်ပေးရင် ကောင်းမှာပါ။"

ချန်ဟွိုက်အန်သည် လီချင်းရန်ကို တစ်ချက်ကြည့်လိုက်သည်။

သူ၏နာမည်ကို အသုံးပြု၍ "ချင်းရန်အမြောက်"ဟု နာမည်ပေးရန် သူ တွေးလိုက်မိသည်။ သူ့ချစ်သူ နာမည်ကို လက်နက်တွင်သုံးခြင်းက ရိုမန်းတစ်ဆန်မည်ဟု သူ ထင်သည်။

"ဂိုဏ်းချုပ် ဆုံးဖြတ်သင့်တယ်။" လီချင်းရန်သည် သူ၏အတွေးကို သိသွားသကဲ့သို့ ပါးစပ်ကိုပိတ်ကာ ပြောသည်။ "ဒီတပည့်ရဲ့နာမည်ကို လုံးဝ မသုံးရဘူး။ ရှက်စရာကြီး။"

"ကောင်း…ကောင်းပြီလေ။" ချန်ဟွိုက်အန်က သူ၏နှာခေါင်းကို ပွတ်လိုက်သည်။ "ရိုးရိုးရှင်းရှင်းပဲ ထားလိုက်ကြတာပေါ့။ ချင်းယွန်ဘုံ အမ်(၄)ပရို။"

ကမ္ဘာမြေသို့ သွားရောက်ဖူးသည့် လီချင်းရန်သည် "ပလပ်စ်" နှင့် "ပရိုမက်စ်"များကဲ့သို့ပင် "ပရို" ဆိုသည်ကို နားလည်သည်။ သို့သော် ရှန်းထျန်ကောကမူ လုံးဝနားမလည် ဖြစ်နေသည်။ "ဘိုးဘေးကြီး၊ ဒီ... ပရိုဆိုတာ ဘာကို ဆိုလိုတာလဲ။"

"ပရိုဆိုတာ ပိုကြီးတာကို ပြောတာ။" ချန်ဟွိုက်အန်က မှန်ကန်စွာ ရှင်းပြရန် စိတ်မရှည်တော့ပေ။ "ငါ တစ်နေ့ကျရင် မင်းကို အဲဒီကမ္ဘာကိုပြမယ်။ အခုတော့ ပြောပြဖို့ခက်တယ်။"

"ဒီဂျူနီယာ အဲဒီကမ္ဘာကို သွားလည်လို့ ရမှာလား။" ရှန်းထျန်ကောသည် ဝေါဟာရအကြောင်းကို ချက်ချင်းမေ့သွားပြီး အလွန်ဝမ်းသာသွားသည်။ "သူတို့ရဲ့ပညာရှင်ကြီးတွေနဲ့ ဖလှယ်ဖို့ ပစ္စည်းတွေကို ကျွန်တော် ကြိုပြင်ဆင်ထားမှ ဖြစ်မယ်။"

ချန်ဟွိုက်အန် - "..."

သူ ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်ရမည့်အလုပ်မှာ ကမ္ဘာမြေမှ လက်နက်စက်ရုံများရှိ သေနတ်ကျွမ်းကျင်သူများကို ဖမ်းခေါ်လာပြီး မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ ပို့ဆောင်ပေးရန် ကျောက်ရင်းကို ညွှန်ကြားရမည်ဖြစ်သည်။

...

"ချင်းရန်၊ မင်း အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေပြီလား။ ဘယ်တုန်းက ရောက်သွားတာလဲ။"

လစောင်းကြယ်သုံးပွင်း လိုဏ်ဂူသို့ ပြန်ရောက်မှသာ ချန်ဟွိုက်အန်သည် လီချင်းရန်၏ သိသိသာသာ နက်ရှိုင်းလာသော အရှိန်အဝါကို သတိပြုမိလိုက်သည်။

"ဟွန့်။ ဆရာတောင် ကျွန်မ အဆင့်တက်တာကို မသိဘူး။" လီချင်းရန် ခါးထောက်ပြီး ဒေါသတကြီး လှည့်ထွက်သွားသည်။ "ဆရာက အရင်က အရမ်းဂရုစိုက်ပေမယ့် အခုတော့ ကျွန်မကို တစ်ချက်တောင် မကြည့်တော့ဘူး။ နွေဦးမြစ်ထဲက ပန်းပွင့်လေးတွေလိုပဲ။ စိတ်ဝင်စားမှုကုန်သွားရင် စွန့်ပစ်ခံရတော့မှာလား။"

ချန်ဟွိုက်အန် ချွေးအေးများ ပြန်လာ၏။

သို့သော် လီချင်းရန်၏စကား မဆုံးသေးပေ။

"ဆရာ့မှာ ပါရမီပါတဲ့ တခြားတပည့်သစ်တွေများ ရသွားပြီလား။ ဒီအသုံးမဝင်တဲ့ကျောက်တုံးလေးကို အသုံးမဝင်တော့ဘူးလို့ ထင်နေတာလား။"

"ဘာတွေ ပြောနေတာလဲ။ ဘာတွေ ပြောနေတာလဲ။" ချန်ဟွိုက်အန်က တုန်လှုပ်စွာဖြင့် သူ တကယ် စိတ်ဆိုးနေတာ ဟုတ်မဟုတ် မခွဲခြားနိုင်တော့ပေ။ ယခင်က ပုံရိပ်ယောင်ကောင်မလေးဂိမ်းစနစ်က လီချင်းရန်၏ တိုးတက်မှုများကို အသိပေးလေ့ရှိသည်။ သူတို့နှစ်ဦး အပြန်အလှန် ဖွင့်ဟဝန်ခံပြီးနောက်တွင် စနစ်သည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ မှတ်တမ်းများလည်း မရှိတော့။ အခြေအနေ အပ်ဒိတ်များလည်း မရှိတော့ပေ။ သံယောဇဉ်တိုင်းတာမှုများလည်း မရှိတော့ပေ။

စနစ်က ငါတို့ရဲ့ ရင်းနှီးမှုကိုထုတ်လွှင့်ပြသဖို့ ရှောင်ရှားနေတာလား။ ဒါက အလွန်အကျွံ ဖြစ်လွန်းနေပြီ။

"မဟုတ်တာ။ ငါ တခြားတပည့် မယူထားပါဘူး။" သူ၏လေသံကို နူးညံ့စေကာ ဆက်ပြောသည်။ "ငါ မင်းရဲ့ အခြေတည်ဝိညာဉ်အဆင့်တိုးတက်မှုကို တကယ် လျစ်လျူရှုမိသွားတာပါ။ ဒီရက်ပိုင်း ကမ္ဘာမြေကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ... တကယ်တော့ မင်း ဒီလောက်မြန်မြန် တိုးတက်လာမယ် မထင်ထားခဲ့ဘူး။ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပါရမီပဲ။"

လီချင်းရန်က လှည့်လာပြီးနောက် နှုတ်ခမ်းများ တွန့်ကွေးနေသော်လည်း ဗာဒံစေ့ပုံစံ မျက်လုံးများမှာ တောက်ပနေသည်။ "ဆရာက အမြဲတမ်းပဲ ချိုသာတဲ့စကားတွေ ပြောတတ်တယ်။ ချင်းရန်က အဲဒါအတွက် စိတ်မဆိုးပါဘူး။"

သူ၏စကားများက ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း သူ၏လက်စွပ်ကို ပြင်ဆင်ရင်း မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်သည်။ ချန်ဟွိုက်အန်က သူ့ကိုယ်သူ ပြန်ကျိန်ဆဲလိုက်သည်။ ဒီရေလှိုင်းသိုင်းက အခြေတည်ဝိညာဉ် အဆင့်အထိပဲ ကျင့်ကြံလို့ရတာလေ။ အခု လီချင်းရန်မှာ ဆက်ကျင့်ကြံဖို့ မရှိတော့တာ ငါက လုံးဝသတိမထားမိခဲ့ဘူး။

"အဟမ်း။ ဆရာက လုံးဝ ပြင်ဆင်မထားတာတော့ မဟုတ်ပါဘူး။" ချန်ဟွိုက်အန်က အားယူပြီး ပြောလိုက်သည်၊ "ဒီရေလှိုင်းသိုင်းရဲ့ဆက်ခံသူအဖြစ် မင်း ဆက်လက်ကျင့်ကြံနိုင်ဖို့ ပင်လယ်လှိုင်းသိုင်းကို ကြိုတင် ပြင်ဆင်ထားပြီးသားပါ။"

အခြေတည်ဝိညာဉ်အဆင့် တိုက်ပွဲဆုလာဘ်က ကောင်းကင်အဆင့် ပင်လယ်လှိုင်းသိုင်း အတိအကျပင် ဖြစ်သည်။ ယခုအခါ ဆုလာဘ် အသိပေးချက်များပင် ရပ်တန့်သွားသည်။ မဟုတ်ပါက သူ၏တိုးတက်မှုကို သူ ပိုစောစောကတည်းက သိလိုက်ပေမည်။ ဆုလာဘ်ကို အမြန်ထုတ်ယူလိုက်ပြီးနောက် သူ၏တပည့်အား ကျောက်စိမ်းပြားကို ပေးလိုက်သည်။

မျက်လုံးများ တောက်ပနေသော်လည်း လီချင်းရန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ "အို။ ရုတ်တရက်ကြီး အရမ်းဂရုစိုက်ပြနေပါလား။ ကျွန်မအဆင့်တက်တုန်းက ဂိုဏ်းခန်းမတစ်ခုလုံး တုန်ခါသွားတယ်။ အပြင်မှာ တပည့်တွေ အလန့်တကြား အော်နေကြတာတောင် ဆရာက မတုန်လှုပ်ဘဲနဲ့ ကျွန်မဘက်ကို တစ်ချက်တောင် မကြည့်ခဲ့ဘူး။"

သူက စာအုပ်ထက် ဆရာဖြစ်သူ၏ ဂရုစိုက်မှုကို ပို၍လိုချင်နေသည်။

ချန်ဟွိုက်အန် မျက်နှာပူလာပြီး ခေါင်းကို ကုတ်လိုက်သည်။ "ငါ အဲဒီအချိန်က ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီရဖို့ အစီအစဉ်ဆွဲနေတာ။ လုံးဝ အလုပ်ရှုပ်နေလို့ပါ။"

"ဆင်ခြေတွေ။" လီချင်းရန်သည် ဒေါသထွက်ဟန်ဆောင်နေသော်လည်း သူ၏မျက်လုံးများမှာ ပျော်ရွှင်စွာ ကွေးညွတ်သွားပြီးနောက် ချန်ဟွိုက်အန်၏ရင်ဘတ်ကို လက်ဖြင့် အသာလေး ထိုးလိုက်သည်။ "အပြစ်ပေးမယ်။"

"ဘယ်လို အပြစ်ပေးမှာလဲ။" ချန်ဟွိုက်အန် တင်းမာသွား၏။

"အပြစ်ပေးတာက... ဆရာ ကျွန်မကို ဝိညာဉ်ရေကန်နားမှာ ပန်းပွင့်တွေကြည့်ဖို့ လိုက်ပို့ရမယ်။ ဆရာ့ရဲ့ ငယ်ဘဝစွန့်စားခန်းတွေကို ပြောပြရမယ်။ အပြစ်ပေးတာက..." လီရင်းချန်က ခြေဖျားထောက်ပြီး သူ့နားနားတွင် တိုးတိုးလေး ပြောလိုက်သည်၊ "ဒီည ကျွန်မရဲ့အခန်းထဲမှာ... ကျွန်မ ကျင့်ကြံတာကို စောင့်ကြည့်ပေးရမယ်။"

သူ၏ဆံပင်များက ချန်ဟွိုက်အန်၏ပါးပြင်ကို ထိမိသွားပြီး မွှေးပျံ့သောရနံ့တစ်ခု ပါလာခဲ့လေသည်။ ချန်ဟွိုက်အန်၏နားရွက်များ ပူထူသွားပြီး နှလုံးခုန်နှုန်းများ မမှန်တော့ဘဲ ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်၊ "အင်း..အင်းပါ။ မင်းရဲ့ ဆန္ဒအတိုင်းပါပဲ။"

လေဝိညာဉ်ဂိုဏ်းကိစ္စ ဘာဖြစ်ဖြစ်၊ သူက ယနေ့ညတွင် လီချင်းရန်အတွက် အချိန်ပေးရပေလိမ့်မည်။

လီချင်းရန်သည် နောက်ဆုံးတွင် ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး ချစ်ခြင်းမေတ္တာ၏သင်္ကေတ တစ်ခုကဲ့သို့ ပွေ့ဖက်လိုက်သည်။ "ဆရာ... ကျွန်မ ဗိုက်ဆာတယ်။"

သူ ရုတ်တရက် မော့ကြည့်လိုက်ပြီး မျက်လုံးအဝိုင်းသားလေးများဖြင့် မှိတ်တုတ်မှိတ်တုတ် လုပ်နေ၏။

ချန်ဟွိုက်အန်က ခေါင်းကို လက်ဖြင့်အုပ်လိုက်သည်။ "ဘာစားချင်လဲ။ ဆရာ ပြင်ဆင်ပေးမယ်။" စိတ်ဝိညာဉ်ချီစွမ်းအင်ဖြင့် အသက်ရှင်နေသော အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက အဘယ်ကြောင့် ဗိုက်ဆာရကြောင်းကို သူ မမေးတော့ပေ။

လီချင်းရန်၏ တောက်ပသောအပြုံး ပြန်ပေါ်လာပြီး သူ၏လက်မောင်းကို တွယ်ဖက်လိုက်သည်။ "အရင်တစ်ခါ မိစ္ဆာနှိမ်နင်းသူဗျူရိုမှာတုန်းက ဆရာကိုယ်တိုင်လုပ်ပေးတဲ့ ကိုလာကြက်တောင်ပံတွေကို ချင်းရန် အရမ်းကြိုက်တာ။ နောက်တစ်ခါ ထပ်လုပ်ပေးလို့ရမလား။"

"ရတာပေါ့၊ ရတာပေါ့။" ချန်ဟွိုက်အန်က ပြင်ပတွင် သဘောတူလိုက်သော်လည်း အတွင်းစိတ်ထဲတွင် ထိတ်လန့်နေသည်။ အဲဒီကိုလာကြက်တောင်ပံတွေလား... ပြောရရင် "ငါ လုပ်တာ" ဖြစ်ပေမယ့် ကျောက်ရင်းရဲ့ လမ်းညွှန်မှုအောက်မှာ ဖြစ်ခဲ့တာလေ။ တကယ်ဆိုရင် ငါက ကိုလာနဲ့ကြက်တောင်ပံတွေပဲ ပေးခဲ့တာ။ ပြီးတော့ ဟင်းပွဲကို မီးဖိုချောင်ကနေစားပွဲဆီ သယ်လာတဲ့ နောက်ဆုံးအဆင့်ကိုပဲ လုပ်ခဲ့တာပါ။ ဒါပဲ။ အခု ချင်းရန်က ငါ့ရဲ့ချက်နည်းကို လိုချင်နေတာလား။ စားလို့ရော ရပါ့မလား။

[သင်၏ ပုံရိပ်ယောင်ကောင်မလေးက အစာကျွေးရန် တောင်းဆိုချက်တစ်ခု တင်သွင်းထားပါသည်]

[အောင်မြင်စွာ အစာကျွေးခြင်းက မြင့်မားသော သံယောဇဉ် အမှတ်များကို ရရှိစေမည်ဖြစ်သည်။ ကစားသူ၏ အလွန်ဆိုးရွားသော ချက်ပြုတ်ခြင်းစွမ်းရည်ကို တွေ့ရှိရသဖြင့် ရွေးချယ်စရာ(၃)ခု ပေးထားပါသည်]

အသက်ဝင်လာပြီ။

ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွား၏။

ဒီစနစ်စုတ်ကြီးက နောက်ဆုံးတော့ အသက်ပြန်ဝင်လာပြီကွ။

...

…

အခန်း(၄၉၂) တစ်ခဏတာအိပ်မက်

(၁) မိမိ၏ ချက်ပြုတ်စွမ်းရည်က ချင်းရန်ကို စိတ်ပျက်စေမည်မဟုတ်ဟု ခေါင်းမာမာနှင့် ယုံကြည်ပါ။ အခမဲ့။

(၂) ချင်းယွန်ဘုံ၏ အမြင့်ဆုံး အချက်အပြုတ်ပညာရပ် အမွေအနှစ်ကို လက်ခံရယူပါ။ စျေးနှုန်း - ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်စိမ်း တစ်ခု။

(၃) ဆေးဝါးနှင့် အစားအစာက ဇစ်မြစ်တူတူပင်။ အချက်အပြုတ်တာအိုကို နားလည်သဘောပေါက်ပြီး ဆေးပညာကို အရသာရှိသော ဟင်းလျာများထဲ ပေါင်းစပ်လိုက်ပါ။ စျေးနှုန်း- ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်စိမ်း ဆယ်ခု။

...

အချစ်တော် ရွေးချယ်စရာ(ခု) အခြေအနေ ပြန်ရောက်လာပြန်ပြီ။

တကယ့်ကို လွမ်းစရာပဲ။

ထိုရွေးချယ်စရာများကို မြင်လိုက်ရသော် ချန်ဟွိုက်အန် မျက်ရည်များပင် ကျလာမလို ဖြစ်သွား၏။

ပုံရိပ်ယောင်ကောင်မလေးဂိမ်း၌ နောက်ကွယ်မှရည်ရွယ်ချက်များ ရှိနိုင်ကြောင်း သံသယရှိသော်လည်း အမှန်တကယ်ပင် တန်ဖိုးရှိသော ဆုလာဘ်များကို ပေးအပ်ခဲ့လေသည်။

ငွေကြေးစနစ်ကို ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်စိမ်းများအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းက သူ အရာအားလုံးကို တတ်နိုင်သည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ပေးစွမ်းနေသည့်တိုင်။

သန်းပေါင်းများစွာနှင့် ဘီလီယံပေါင်းများစွာမှ ဂဏန်းတစ်လုံးတည်းအဖြစ်သို့ ကူးပြောင်းသွာခြင်းမှာ တစ်မျိုးကြီး စိတ်မသက်မသာ ဖြစ်စေသည်။

အန္တိမအဂ္ဂိရတ်ပညာကို ကျွမ်းကျင်ပြီးသား ဖြစ်နေတာကြောင့် သူက သဘာဝကျကျပင် တတိယ ရွေးချယ်စရာကို ရွေးချယ်လိုက်၏။

[ရွေးချယ်စရာ (၃)ကို ရွေးချယ်ကြောင်း အတည်ပြုပါသလား]

[အသိပေးချက် - ငွေကြေးစနစ်ပြောင်းလဲခြင်း အောင်မြင်သွားသဖြင့် ပုံရိပ်ယောင်ကောင်မလေးဂိမ်း အပြည့်အဝ အပ်ဒိတ်လုပ်ဆောင်ခြင်းကို အစပျိုးလိုက်ပါပြီ။ လုပ်ဆောင်ချက်အသစ်များအတွက် ငြင်းဆိုချက်ကို ဖတ်ရှုလိုပါသလား]

ချန်ဟွိုက်အန် နှာခေါင်းရှုံ့လိုက်၏။ လီချင်းရန်က ငါ့ရဲ့ ကိုလာကြက်တောင်ပံတွေကို စောင့်နေတာလေ။ ငြင်းဆိုချက်တွေကို ဖတ်ဖို့ ဘယ်သူကအချိန်ရှိမှာလဲ။

ဒီဂိမ်းက ဘယ်လောက်အထိများ အပ်ဒိတ်လုပ်နိုင်မှာမို့လို့လဲ။

"ရွေးချယ်စရာ(၃)ကို ရွေးမယ်။"

စကားလုံးများ ပါးစပ်မှထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏အမြင်အာရုံများ ဝေဝါးသွားသည်။

မြူများဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခုပေါ်တွင် ကိုယ်ထင်မပြခင် မိမိ၏ဝိညာဉ်က ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည်ကို ချန်ဟွိုက်အန် ခံစားလိုက်ရသည်။

အင်မော်တယ်နယ်ပယ်တစ်ခုကဲ့သို့ အဝေးမှတောင်တန်းများကို ဝိုးတဝါးမြင်နေရပြီး လေဟာနယ် အခိုးအငွေ့များက သူ၏ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။

ငါက ဆုလာဘ်တစ်ခုအတွက် ပိုက်ဆံပေးလိုက်တာ မဟုတ်ဘူးလား။

ပိုက်ဆံတွေက ငါ့ကို ဘယ်ကို ခေါ်လာတာလဲ။

ပိုဆိုးတာက ဒီနေရာမှာ ငါ့ရဲ့ကျင့်ကြံမှုတွေ လုံးဝပျောက်ကွယ်သွားပြီ။ သာမန်လူတစ်ယောက် သက်သက်ပဲ ဖြစ်နေတယ်။

"ရောက်လာပြီလား။" မြူခိုးများကြားမှ အက်ကွဲပြီး အဝေးမှလာသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။

ချန်ဟွိုက်အန်က အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

နှင်းကဲ့သို့ဖြူဝေးသော မျက်ခုံးများနှင့် ဆံပင်အဖြူရောင်ရှိသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာပြီး အချိန်ကြာမြင့်စွာ အသုံးပြုထားသော စန္ဒကူးသစ်သားဇွန်းတစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။ သူ၏ အသက်ရှူနှုန်းက မှန်ကန်နေပြီး မျက်လုံးက လောကကိုကျော်လွန်သော ဉာဏ်ပညာများဖြင့် တောက်ပနေ၏။

"လူကြီးမင်းက..."

ချန်ဟွိုက်အန်က အလိုအလျောက် ရိုသေသောစကားလုံးများကို သုံးလိုက်သည်။

လက်တွေ့ကမ္ဘာတွင် သူက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံမှုရှိသော်လည်း ဤအဘိုးအိုသည် နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ်မှုများ ဖြာထွက်နေ၏။

ထူးဆန်းသည်မှာ ဤအဘိုးအိုကို ရင်းနှီးနေသလို သူ ခံစားရခြင်းပင်။

"စကားပြောတာ တော်လောက်ပြီ။ ငွေပေးချေမှု လက်ခံရရှိပြီဆိုတော့ သင်ကြားပေးရမှာပေါ့။" အဘိုးအိုက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဝါးမီးဖိုချောင်တစ်ခု ပေါ်လာသည်။

မီးဖိုချောင်တွင် အောက်ပါတို့ ပပါဝင်သည်။

ပါကွာမီးဖို။

ဓာတ်ကြီးငါးပါး ပြင်ဆင်ရေးစားပွဲ။

ယင်-ယန် ရေတွင်း။

ရာသီအလိုက် ဆေးဘက်ဝင်အပင်စင်များ။

ဤသို့ဖြင့် ရာစုနှစ်တစ်ခုစာ လေ့ကျင့်မှု စတင်ခဲ့သည်။

ပထမနှစ် - ချန်ဟွိုက်အန်သည် လက်ဖဝါးများ အရည်ကြည်ဖုထွက်ကာ အသားမာတက်လာသည်အထိ ဟင်းသီးဟင်းရွက်များဆေးကြောခြင်းနှင့် အသားခုတ်ခြင်းများကိုသာ လုပ်ခဲ့ရသည်။ အဘိုးအိုက ဆုံးမသည်။ "ဓားက ပိုင်းဖြတ်တယ်။ မီးက ပေါင်းစည်းပေးတယ်။ ယင်နဲ့ ယန်ကို ညီမျှအောင် ထိန်းညှိခြင်းကနေတစ်ဆင့် စစ်မှန်တဲ့အရသာ ထွက်ပေါ်လာတယ်။" ဆန်စေ့တစ်စေ့ကို ပြီးပြည့်စုံသော အပိုင်းဆယ်ပိုင်းအဖြစ် လှီးဖြတ်နိုင်သည်အထိ သူက ဓားကျွမ်းကျင်မှုများကို နေ့စဉ် လေ့ကျင့်ခဲ့သည်။

(၁၀)နှစ် - "မီးကို ထိန်းချုပ်ခြင်းက တာအိုကိုယ်တိုင်ပဲ" ဆိုသည့် အဆိုအမိန့်ကို နောက်ဆုံးတွင် သူ နားလည်သဘောပေါက်လာသည်။ အဘိုးအိုက ရှင်းပြသည်။ "ရေနဲ့မီး သဟဇာတဖြစ်ခြင်းက ပြောင်းပြန်လှန်မှုကို ဖန်တီးပေးတယ်။ ဆေးဘက်ဝင်ဟင်းလျာဆိုတာ ရာသီဥတုတွေ၊ အတွင်းအင်္ဂါတွေနဲ့ ကိုက်ညီအောင် မီးငြိမ်(၃)ပုံ၊ မီးပြင်း(၇)ပုံ လိုအပ်တယ်။" မီးအပူချိန်ညှိခြင်းက အသက်ရှူခြင်းနှင့်တူကြောင်း ချန်ဟွိုက်အန် သင်ယူခဲ့သည်။ ဆေးဘက်ဝင်အပင် တစ်ပင်တည်းပင်လျှင် မတူညီသောအပူချိန်များတွင် မတူညီသော ဂုဏ်သတ္တိ (၇၂)မျိုးကို ထုတ်ပေးနိုင်သည်။

အနှစ်(၃၀) - သူက ဆေးဘက်ဝင်အပင်တစ်သောင်းကြားရှိ သိမ်မွေ့သော ကွဲပြားမှုများကို ခွဲခြားသိမြင်နိုင်လာပြီး "ဆေးဝါးပေါင်းစပ်အာနိသင်"၏ လျှို့ဝှက်ဆန်းကြယ်မှုကို ကျွမ်းကျင်လာသည်။ အဘိုးအိုက သစ်ရွက်တစ်ရွက်ကို ညှစ်လိုက်သည်။ "အပင်တိုင်းက ဆေးလည်းဖြစ်သလို အဆိပ်လည်း ဖြစ်တယ်။ အနှစ်သာရက ညီမျှမှုမှာ ရှိတယ်။ နွယ်ချို (၄)အောင်စက အဆိပ်အားလုံးကို တန်ပြန်ပေးနိုင်တယ်။ အာကွန်နိုက် အစအနလေးတစ်ခုက ရောဂါအားလုံးကို ကုသပေးနိုင်တယ်။" အိုးထဲတွင် ဆေးဘက်ဝင်အပင်များ တီးတိုး၍ ပြောနေသည်ကိုကြားနိုင်ရန် ၎င်းတို့၏ ပေါင်းစည်းသွားသောစွမ်းအင်များကို ခံစားနိုင်ရန်အတွက် ချန်ဟွိုက်အန် သင်ယူခဲ့သည်။

အနှစ်(၇၀) သူသည် နတ်ဘုရားများကိုပင် သွားရည်ယိုစေနိုင်သော "သန့်စင်ခြင်းသုံးပါးစွပ်ပြုတ်"ကို ပြုတ်နိုင်လာသည်။ ထူးခြားသော အရသာသုံးမျိုးက လျှာပေါ်တွင် အစဉ်လိုက် ပွင့်လန်းလာသည့် ကြည်လင်နေသော စွပ်ပြုတ်ရည် ဖြစ်သည်။ သို့သော်လည်း အဘိုးအိုက ခေါင်းခါနေဆဲပင်။ "အရသာက ရောသွားတယ်။ ဝိညာဉ်က လိုအပ်နေတယ်။ စွပ်ပြုတ်က ပုံသဏ္ဌာန်အနေနဲ့ ဖြစ်တည်တယ်၊။ တာအိုက အနှစ်သာရမှာ ပေါ်လွင်တယ်။ အချက်အပြုတ်တာအိုဟာ အရသာပြင်းထန်မှုထက် ဝိညာဉ်ပဲ့တင်ထပ်မှုကို ပိုတန်ဖိုးထားတယ်။"

(၈၅)နှစ် - "နဂါး-ကျား ခရမ်းရွှေ ဟင်းလျာ"ကို ပြင်ဆင်နေစဉ် သူ ဉာဏ်အလင်းပွင့်သွားသည်။ "အစားအစာက ကောင်းကင်နဲ့မြေကြီးရဲ့အနှစ်သာရကို စုစည်းတယ်။ ဆေးဝါးက ယင်နဲ့ယန်ကို ညီမျှစေတယ်။ နှစ်ခုစလုံးက တာအိုကို ဖော်ပြတယ်။ ရိုသေလေးစားမှုကနေမှ ခန္ဓာကိုယ်နဲ့ဝိညာဉ်အတွက် အာဟာရကို ချက်ပြုတ်နိုင်မယ်။"

(၉၉)နှစ် ကျောက်တောင်စွန်းရှိ ထင်းရှူးပင်အောက်တွင် အဘိုးအိုက နောက်ဆုံးတွင် ပြုံးလိုက်သည်။ "မင်းရဲ့ နောက်ဆုံးသင်ခန်းစာကတော့ အချက်အပြုတ်တာအိုက နှလုံးသားကို ပြုစုပျိုးထောင်ပေးတယ် ဆိုတာပဲ။ ဆေးဘက်ဝင်ဟင်းလျာဆိုတာ အရသာသက်သက် မဟုတ်ဘူး။ ဘဝရဲ့ နူးညံ့တဲ ပြုစုပျိုးထောင်မှုပဲ။ ယင်-ယန်နဲ့ ဓာတ်ကြီးငါးပါး သဟဇာတဖြစ်သွားတဲ့အခါ စစ်မှန်တဲ့ ကုသပေးနိုင်တဲ့ဟင်းလျာ ပေါ်ပေါက်လာတယ်။"

အဘိုးအိုက သူ့ကို မြေဝါရောင် မျိုးစေ့တစ်စေ့ ပေးလိုက်၏။

"ဒီမူလအစာမျိုးစေ့ထဲမှာ မင်းရဲ့ ရာစုနှစ်တစ်ခုစာသင်ယူမှုတွေ ပါဝင်တယ်။ ဒါက မင်းရဲ့ အနာဂတ် ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။"

...

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာစုနှစ်တစ်ခု ကုန်လွန်သွားခဲ့သည်။

ချန်ဟွိုက်အန်သည် ယခုအခါ ဉာဏ်ပညာ၏အရောင်အဝါများ ရောယှက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။

ကွဲလွဲမှုများပျောက်ကွယ်သွားစဉ် ထင်ယောင်ထင်မှားနှင့် လက်တွေ့ဘဝ ပေါင်းစည်းသွားသည်။

အနီးအနားတွင် လီချင်းရန် တရားထိုင်နေသည်ကို သူ မြင်လိုက်ရ၏။ အမွှေးတိုင်မှာ လက်သန်း တစ်ဆစ်စာမျှသာ လောင်ကျွမ်းရသေးသည်။

သို့သော်လည်း ထိုအချိန်တိုလေးအတွင်းမှာပင် သူ၏ဝိညာဉ်သည် ရာစုနှစ်တစ်ခုစာ မှတ်ဉာဏ်များနှင့် ကျွမ်းကျင်မှုများကို ရရှိခဲ့သည်။

သူ၏ ဒန်တျန်တွင် တာအိုမျိုးစေ့တစ်ခု အမြစ်တွယ်နေသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ နှစ်တစ်ရာခရီးစဉ်၏ အနှစ်သာရပင်။

ပုံရိပ်ယောင်ကောင်မလေးဂိမ်းက သူ့ကို ပညာရပ်များ အတင်းအကျပ် ခွံ့ကျွေးခဲ့ဖူးသော်လည်း ယခုလို အတွေ့အကြုံကတော့ အခြေခံအားဖြင့် ကွာခြားနေသည်။

သူကိုယ်တိုင်လေ့လာခဲ့သော ကြာစိမ်းဓားသိုင်းကျမ်းပင်လျှင် ဤအရာနှင့် နှိုင်းယှဉ်ပါက အရောင်မှိန် သွားခဲ့သည်။

ဓားသိုင်းကျမ်းက သူ၏ကိုယ်ပွား နားလည်သဘောပေါက်မှုမှ "ခိုးယူ"ထားသော ထိုးထွင်းသိမြင်မှုများ ဖြစ်သည်။

သူ၏ မူလတာအိုခန္ဓာကိုယ်၊ ဓားစိတ်ဝိညာဉ်အမြစ်နှင့် ဓားအရိုးတို့ကသာ ခိုးယူထားသော အလင်းပွင့်မှုများကို စစ်မှန်သောကျွမ်းကျင်မှုအဖြစ် ပြောင်းလဲနိုင်စေခဲ့ခြင်း ဖြစ်သည်။

ဂိမ်းကပေးထားသော ဤလက်ဆောင်များ မရှိဘဲနှင့်ဆိုလျှင် သူသည် ပါရမီမပါသူအဖြစ် ကျန်ရှိနေမည် ဖြစ်ပြီး ခိုးယူထားသော အသိပညာများကို ပေါင်းစပ်နားလည်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

သို့သော် ထိုနှစ်တစ်ရာအိပ်မက် အတွင်းတွင်မူ သူသည် သာမန်လူတစ်ယောက် ဖြစ်ခဲ့သည်။ ဇွဲလုံ့လသက်သက်ဖြင့် သာမန်လူတစ်ယောက်အနေဖြင့် အချက်အပြုတ်အဂ္ဂိရတ်ကို သူ ကျွမ်းကျင်ခဲ့သည်။ (၉၉)နှစ်မြောက်တွင် သူကိုယ်တိုင်ပင် ဆံပင်ဖြူ အဘိုးအိုတစ်ဦး ဖြစ်လာခဲ့သည်။

"ဂိမ်းက ဘာတွေ အတိအကျ အပ်ဒိတ်လုပ်လိုက်တာလဲ။"

ချန်ဟွိုက်အန်သည် အပ်ဒိတ်မှတ်စုများကို ချက်ချင်း စစ်ဆေးလိုက်သည်။

[ပုံရိပ်ယောင်ကောင်မလေးဂိမ်း ဗားရှင်း (၂.၀) အပ်ဒိတ် -

အရောင်းအဝယ်ငွေကြေးကို ပိုမိုစွမ်းအင်မြင့်မားရှိသည့် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်စိမ်းများသို့ အဆင့်မြှင့်တင်လိုက်ပါပြီ။

ကျွမ်းကျင်မှု သင်ယူခြင်းအားလုံးက ယခုအခါ "တစ်ခဏတာအိပ်မက်" အခြေအနေတွင် ဖြစ်ပေါ်မည်။

တစ်ခဏတာအိပ်မက် အချိန်နှေးကွေးမှုသည် တစ်သောင်းပုံတစ်ပုံအထိ ရှိသည်။

ကျွမ်းကျင်မှုသင်ယူရန် ပျက်ကွက်ပါက ကစားသမားများကို တစ်ခဏတာအိပ်မက် အထဲတွင် အကန့်အသတ်မရှိ ပိတ်လှောင်ထားမည်။

အပ်ဒိတ် အကျိုးကျေးဇူးများ …

တစ်ခဏတာအိပ်မက်တွင် သင်ယူခဲ့သော ကျွမ်းကျင်မှုများသည် ကစားသူ၏ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ လိုက်လျောညီထွေ ဖြစ်စေမည်။

ကစားသူ၏ အမှန်တကယ် ခွန်အားနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ကန့်သတ်ချက်များ မရှိပါ။

နိုးလာသည့်အခါ ကျွမ်းကျင်မှု အပြည့်အဝကူးပြောင်းသွားမည်။

ကျွန်ုပ်တို့၏ အဓိကမူဝါဒမှာ "စွမ်းဆောင်ရည်အတွက် ငွေပေးချေပါ"။

ပိုမိုသုံးစွဲခြင်းက ပိုမိုကောင်းမွန်သော ဂိမ်းအတွေ့အကြုံ ရရှိခြင်းပင်။

စိတ်ချပါ။ အကြွင်းမဲ့တရားမျှတမှုအတွက် ကျွန်ုပ်တို့၏စနစ်သည် ချင်းယွန်ဘုံ၏ ကောင်းကင်တာအိုနှင့် မိတ်ဖက်ပြုထားပါသည်]

"အဟက်။" ချန်ဟွိုက်အန်၏ပါးပြင် တွန့်သွားသည်။

အဲဒီ နောက်ဆုံးစာကြောင်းနှစ်ကြောင်းက စိတ်သက်သာရာရစေဖို့ ရည်ရွယ်ထားတာလား။ သူတို့ရဲ့ အလွန်အကျွံ ကာကွယ်ပြောဆိုနေမှုက "ဖုံးဖိလေပေါ်လေ" ဖြစ်နေသလိုမျိုး ဟစ်အော်နေသလိုပဲ။

ငြင်းတာက တစ်နည်းနည်းနဲ့ အရာအားလုံးကို ပိုပြီးတော့ သံသယဖြစ်စရာ ကောင်းသွားစေတယ်လေ။

"ဆရာ။" လီချင်းရန်၏အသံက ဖြတ်ပြောလိုက်သည်။ "ဒီအတိုင်း ကြောင်ကြည့်ပြီးရပ်နေတာက ကိုလာ ကြက်တောင်ပံတွေကို ပိုအရသာရှိသွားစေလို့လား။"

ချန်ဟွိုက်အန်က လှည့်ကြည့်လိုက်ရာ သူ၏တပည့်မလေးသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"လုပ်တော့မှာပါ။ ဆရာက... စိတ်ပြင်ဆင်နေတာ။"

ချန်ဟွိုက်အန်က အင်္ကျီလက်ကို ခေါက်တင်လိုက်ရင်း ခုနက မလုံခြုံမှုအရိပ်အယောင်များကို လုံးဝ မခံစားရတော့ပေ။

ကိုလာကြက်တောင်ပံ ဟုတ်လား။ ကလေးကစားစရာလေးပါ။

"သေချာကြည့်ထား၊ ချင်းရန်။ ဒီနေ့ တပည့်က ပြိုင်ဘက်ကင်းတဲ့ ကိုလာကြက်တောင်ပံတွေကို မြင်တွေ့ရလိမ့်မယ်။ ဟီးဟီးဟီး။"

ချန်ဟွိုက်အန်က ရယ်မောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

လီချင်းရန်က သူ ထွက်သွားသော ကျောပြင်ကိုကြည့်ကာ ခေါင်းလေးစောင်းလျက် ပါးလေးကို ဖောင်းလိုက်သည်။

"ထူးဆန်းတယ်..."

သူ့ဆရာ၏အရှိန်အဝါက ရုတ်တရက် ပိုမို၍ နက်ရှိုင်းလာသလိုပင်။ ပြီးပြည့်စုံအောင် ရင့်ကျက်နေသော ရှေးဟောင်း စန္ဒကူးသစ်သားလို ဖြစ်နေသည်။

ထူးဆန်းသည်မှာ... ပိုမို၍ ဆွဲဆောင်မှု ရှိလာခြင်းပင်။

All Chapters