← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 50 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 50 Ch. 497-498

အခန်း(၄၉၇) တာဝန်အတွက် ကိုယ်တိုင်ရှေ့ထွက်လာခြင်း

"ဂိုဏ်းချုပ်ကျန်း။ မင်းက တကယ်ပဲ ငါတို့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်ဖို့ ဆန္ဒရှိတာလား။"

ခန်းမကြီးအောက်တွင် ရပ်နေသော ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ကိုကြည့်ရင်း ဟွာကျင်းသည် ယုံကြည်ရန်ခက်ခဲနေဆဲ ဖြစ်သည်။

လွန်ခဲ့တဲ့ တစ်နာရီလောက်ကတင် ဒေါသကြီးတဲ့ကျန်းယိပိုင်က ရုတ်တရက် ကြင်နာတတ်တဲ့ အဘိုးအို တစ်ယောက်လို ပြောင်းလဲသွားတာလား။

ချန်ဟွိုက်အန်မှာ ဘယ်လိုမှော်ပညာများ ရှိနေတာလဲ။

ကျန်းယိပိုင်က ယောက်ျားတွေကို ပိုသဘောကျတာများလား။

သူက ငတုံးမဟုတ်ပေ။ ကျန်းယိပိုင်တွင် လျှို့ဝှက်ဒဏ်ရာများ လုံးဝမရှိကြောင်းကို သူ ရှင်းလင်းစွာ သိနိုင်သည်။

ဒါက သံသယဖြစ်စရာကောင်းတယ်။ တော်တော်လေး သံသယဖြစ်စရာကောင်းတယ်။

သူတော်စင်ဟွာကျင်း၏ သံသယဝင်နေသောအကြည့်ကို သတိပြုမိသောအခါ ကျန်းယိပိုင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ငါ့စကားက ငါ့ကတိပါပဲ။ ငါ ငယ်ငယ်တုန်းက အဖြစ်အပျက်တချို့ကြောင့် ဝေဒနာတွေ ကျန်ရစ်ခဲ့တယ်။ စိတ်တ်ရောကိုယ်ပါထိခိုက်စေတဲ့ အခြေအနေတစ်ခုကြောင့် ငါက တချို့ကိစ္စတွေမှာ... စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ဘူး။ အကြီးအကဲချန်ဆီက ကုသမှုတချို့ ခံယူပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ အရင်က ခွန်အားတွေ ပြန်လည်ရရှိလာမယ့်လက္ခဏာတွေ ပြနေပြီ။ အာဟားဟားဟား။"

ကျန်းယိပိုင်က အားရပါးရ ရယ်မောလိုက်၏။

လျှို့ဝှက်အလုပ်တွေဆိုတာ ဒီလိုပဲ သွားတာလေ။

ယုံကြည်မှုရဖို့အတွက် အနစ်နာခံမှုတချို့တော့ လိုတာပေါ့။

"ဪ။ ဒီလိုမျိုးကိုး။" ဟွာကျင်းသည် ချန်ဟွိုက်အန်ကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်ကာ ပြုံးလိုက်သည်။ "အကြီးအကဲချန်မှာ တကယ်ပဲ ဒီလိုစွမ်းရည်တွေ ရှိတာလား။"

ချန်ဟွိုက်အန်သည် သူတော်စင်ဟွာကျင်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။ "ဂိုဏ်းချုပ်ကျန်းက ကျွန်တော့်ရဲ့ ဂရုစိုက်မှုအောက်မှာ တစ်နှစ်တိတိ ဆက်တိုက် ကုသမှုခံယူသွားမှာပါ။ အဲဒါက သူ့ရဲ့ လျှို့ဝှက်ဝေဒနာတွေကို လုံးဝကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ အဲဒီအစား ဂိုဏ်းချုပ်ကျန်းက ကျွန်တော်တို့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်မှာ ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် ဝင်ရောက်ဖို့ သဘောတူခဲ့ပါတယ်။ အခုဆိုရင် သူ့ကို အကြီးအကဲကျန်းလို့ ကျွန်တော်တို့ ခေါ်သင့်ပါပြီ။"

ဟွာကျင်းက သံသယအချို့ ကျန်ရှိနေဆဲ ဖြစ်သည်။

ခဏမျက်မှောင်ကြုတ်၍ စဉ်းစားပြီးနောက် သူ ကျန်းယိပိုင်ကို ပြောလိုက်သည်။ "အကြီးအကဲကျန်း၊ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်အနေနဲ့ မင်းက လုံးဝ လွတ်လပ်ခွင့် ရပါမယ်။ နတ်တ်ဘုရားခန္ဓာမာကြော အတတ်ကို ကျင့်ကြံနေတဲ့တပည့်တွေကို လမ်းညွှန်ပို့ချပေးဖို့အတွက် တစ်လကို သုံးရက်ကနေ ငါးရက်လောက်ပဲ ပြန်လာပေးပါ။ ပြီးတော့ မင်းရဲ့လေဝိညာဉ်ဂိုဏ်းက ငါတို့ရဲ့လက်အောက်ခံ မဟုတ်ပေမယ့် ခွန်းလွန်နဲ့ မဟာမိတ်ဂိုဏ်း ဖြစ်တယ်။ မင်းတို့ဆီမှာ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ နှစ်ခုရထားတယ်လို့ ငါ ကြားထားတယ်။ လစဉ်ထွက်ရှိမှုထဲကနေ ၂၀%လောက်ကိုထည့်ဝင်ရင် ဘယ်လိုလဲ။"

ချန်ဟွိုက်အန်က စကားမပြောဘဲ ခေါင်းငုံ့ထားလိုက်သည်။

ကျန်းယိပိုင်၏နှုတ်ခမ်းများ အနည်းငယ်တွန့်သွားပြီး မျက်ခွံများ လှုပ်သွားသည်။

သူက အတွင်းစိတ်ထဲမှ တွေးလိုက်သည်။ သူတော်စင်ဟွာကျင်းက တကယ့်ကို အတင့်ရဲတာပဲ၊ လက်တစ်ချောင်းမှမကွေးရဘဲ ငါတို့ရဲ့ထွက်ရှိမှုထဲက ၂၀%ကို တောင်းရဲတယ်။ တကယ့် လောဘအိုးကြီးပဲ။

ယခင်ကဆိုလျှင် သူ ပြင်းပြင်းထန်ထန် ငြင်းခုန်မိမည်မှာ သေချာသည်။

သို့သော် ချန်ဟွိုက်အန်၏အစီအစဉ်များကို သတိရလိုက်ကာ သူ စိတ်လျှော့လိုက်သည်။

ချန်ဟွိုက်အန်က ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကို ကမ္ဘာမြေဆီသို့ ဆင့်ခေါ်နိုင်သည်နှင့် သူတော်စင်ဟွာကျင်းက သေချာပေါက် ရာထူးမှဖြုတ်ချခံရပေလိမ့်မည်။

ဒီလစဉ်အခွန်ဆက်ကြေး၂၀%ကို ဟွာကျင်းဆီမှာ ခဏအပ်ထားတယ်လို့ပဲ သဘောထားလိုက်တော့မယ်။

အခု သူက ဘာပဲမျိုချမျိုချ နောက်ကျရင် အကုန်လုံးပြန်အန်ထုတ်ရမှာပဲလေ။

"မေးပါရစေ။ အရှင်မက နတ်ဘုရားခန္ဓာမာကြောအတတ်ကို ခွန်းလွန်အင်မော်တယ်နန်းတော် တစ်ခုလုံးမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာလား။"

ကျန်းယိပိုင် ဤမေးခွန်းကို မေးလိုက်ချိန်တွင် သူနှင့် ချန်ဟွိုက်အန်တို့ နှစ်ဦးစလုံးက အသက်အောင့် ထားလိုက်ကြသည်။

ဟွာကျင်းက ကောင်းကင်မိစ္ဆာအတတ်ကို ခွန်းလွန်အတွက် အပိုဆောင်း လေ့ကျင့်မှုအဖြစ်သာသုံးရန် ရည်ရွယ်ထားပါက သူတို့၏အစီအစဉ်များ ကျရှုံးသွားလိမ့်မည်။

ဟွာကျင်းသည် မဖြေကြားခင် ခဏတာ စဉ်းစားလိုက်သည်။ "ငါ မှတ်မိသလောက်ဆိုရင်တော့ ဒီနတ်ဘုရားခန္ဓာမာကြောအတတ်က ဝိညာဉ်အမြစ်တွေ ဒါမှမဟုတ် ပါရမီနဲ့ပတ်သက်ပြီး အထူးလိုအပ်ချက်တွေ မရှိဘူးမလား။"

"အတိအကျပါပဲ။" ကျန်းယိပိုင်က ဦးညွှတ်လိုက်သည်။ "ဒီနည်းစနစ်ရဲ့ထူးခြားချက်က လူတိုင်းနဲ့ ကိုက်ညီတာပါပဲ။ လုံလောက်တဲ့အရင်းအမြစ်တွေနဲ့ ဇွဲလုံ့လရှိမယ်ဆိုရင် ဘယ်သူမဆို ဒီနည်းလမ်းကတစ်ဆင့် အထွတ်အထိပ်ကို ရောက်နိုင်ပါတယ်။"

ဟွာကျင်း၏မျက်လုံးများ တောက်ပသွား၏။

အင်မော်တယ်နန်းတော်၏ နက်ရှိုင်းသောနေရာများတွင် အိပ်မောကျနေဆဲဖြစ်သော ရှေးဟောင်း ဘီလူးကြီးများကို သူ သတိရလိုက်သည်။

ကောင်းကင်ဘုံရေတွင်းများ ပိုမိုပွင့်လာသည်နှင့်အမျှ ဤဘီလူးအိုကြီးများသည် တစ်ဦးပြီးတစ်ဦး နိုးထလာကြလိမ့်မည်။

သူတို့ မနိုးထခင်အချိန်တွင်တော့ သူက ခွန်းလွန်၏နန်းတော်သခင်မ၊ ဆရာ၏နောက်ရှိ ဒုတိယ အာဏာအရှိဆုံးအုပ်စိုးသူ ဖြစ်သည်။

သို့သော်လည်း ထိုဘီလူးအိုကြီးများ နိုးထလာသည်နှင့်...

ဂိုဏ်းချုပ်တစ်ယောက်ဆိုလျှင်ပင် ဘိုးဘေးမျာနှင့် အန္တိမအကြီးအကဲများကို အရိုအသေ ပေးရပေမည်။ သူကိုယ်တိုင်လည်း အပါအဝင်ပင်။

ထို့အပြင် အကြီးအကဲများက အုပ်ချုပ်ရေးအပိုင်းတွင် စိတ်ဝင်စားလာမည်ဆိုပါက မည်သည့်ဂိုဏ်းချုပ် အတွက်မဆို ယင်ကောင်မျိုချရသလို ဖြစ်နေပေတော့မည်။

ထိုဘီလူးအိုကြီးများကို ရင်ဆိုင်ရပ်တည်နိုင်ရန် စွမ်းအားကြီးမဟာမိတ်များ လိုအပ်သည်။

ထို့ပြင် ကျန်းယိပိုင်၏ နတ်ဘုရားခန္ဓာမာကြောအတတ်က ပါရမီကို မခွဲခြားသည့်အတွက်ကြောင့် မဟာမိတ်အများအပြားကို မွေးထုတ်ပေးရန်အတွက် ပြီးပြည့်စုံ၏။

"ငါတို့ နတ်ဘုရားခန္ဓာမာကြောအတတ်ကို ဟင်းလင်းပြင်ကြည်နဲ့ ကောင်းကင်လှုပ်ရှားနန်းတော်တွေမှာ အရင်ဆုံးစမ်းသပ်ကြည့်မယ်။" သူတော်စင်ဟွာကျင်း၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏မျက်လုံးများတွင် ရည်မှန်းချက်များ လောင်ကျွမ်းနေသည်။ "ရလဒ်တွေက ကျေနပ်စရာကောင်းတယ်ဆိုရင်တော့ ခွန်းလွန် အင်မော်တယ်နန်းတော်တစ်ခုလုံးမှာ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားမယ်။"

ခွန်းလွန်၏ အတွင်းရေးကိုမသိသော ကျန်းယိပိုင်မှာ နားမလည်နိုင်ဘဲ ဖြစ်နေသည်။

သူ၏မျက်လုံးထောင့်မှနေ၍ ချန်ဟွိုက်အန်၏ တည်ငြိမ်သောအမူအရာကို ကြည့်လိုက်ခြင်းက အရာအားလုံး အဆင်ပြေပြေဖြစ်နေကြောင်း အတည်ပြုပေးလိုက်သည်။

အမှန်တကယ်တော့၊ ချန်ဟွိုက်အန်လည်း အတွင်းစိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။

ယခုလက်ရှိတွင် ဟင်းလင်းပြင်ကြည်နန်းတော်နှင့် ကောင်းကင်လှုပ်ရှားနန်းတော်တို့တွင် ခွန်းလွန်၏ အများဆုံးသော တပည့်အရေအတွက်များ ရှိနေသည်။

ခွန်းလွန်၏ အကြီးအကဲများကြားရှိ ပြင်းထန်သောအုပ်စုဖွဲ့မှုများ အကြောင်းကို သူက သိထားပြီး အားလုံးသည် သူတော်စင်ဟွာကျင်းကို လေးစားကြသည်မဟုတ်ကြောင်းကိုလည်း သိထားသည်။

နောက်ကွယ်တွင် လျှို့ဝှက်အကြံအစည် အများအပြား ရှိနေသည်။

ဟွာကျင်း၏ လက်ရှိဆုံးဖြတ်ချက်က ထိုလက်တွေ့အခြေအနေကို တိတိကျကျ ထင်ဟပ်နေ၏။

သူက အကြွင်းမဲ့ကြီးစိုးမှုကို ရှာဖွေနေခြင်းပင်။

ယခုရော အနာဂတ်တွင်ပါ ခွန်းလွန်အင်မော်တယ်နန်းတော်ကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်ရန်ပင်။

ထိုအတတ်ကိုလိုချင်သော တခြားဌာနများက သူ၏သတ်မှတ်ချက်များကိုပြည့်မီအောင် လုပ်ရနိုင်၏။

"ငါ မင်းအတွက် တကယ်ကို အထူးချွန်ဆုံး ဇနီးတစ်ယောက်ကို ရှာပေးခဲ့တာပဲ။" ချန်ဟွိုက်အန်သည် ဝမ်ရှိုယီကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။

နွေဦးကိုးလွှာ၏ အံ့ဖွယ်အာနိသင်များကြောင့် ဝမ်ရှိုယီအပေါ်တွင် ဟွာကျင်း၏ ခံစားချက်များက သေချာပေါက် စစ်မှန်နေလိမ့်မည်။

ထို့ပြင် ဟွာကျင်း၏ ပြတ်သားသောစရိုက်နှင့်ဆိုလျှင် သူက အများပြည်သူရှေ့တွင် မျက်နှာပန်းလှပြီး အိမ်တွင် အိမ်ရှင်မပီသသလို အိပ်ခန်းထဲလည်း လွတ်လွတ်လပ်လပ်နေတတ်သော ပြီးပြည့်စုံသည့် လက်တွဲဖော် မဟုတ်ပေဘူးလား။

တကယ့်ရတနာလေးပင်။

ကျန်းယိပိုင်က ခွန်းလွန်သို့ ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် ဝင်ရောက်လာပြီးနောက် ကျောက်စိမ်း ထွက်ရှိမှု၏၂၀%ကို ထည့်ဝင်ခြင်းက သူတော်စင်ဟွာကျင်းအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့်ကိစ္စ ဖြစ်သည်။

အချိန်ဆွဲမနေဘဲ ကျန်းယိပိုင်သည် ဟင်းလင်းပြင်ကြည်နန်းတော်နှင့် ကောင်းကင်လှုပ်ရှားနန်းတော်မှ တပည့်များကို နတ်ဘုရားခန္ဓာမာကြောအတတ်၏ အံ့သြဖွယ်ရာများအကြောင်း ချက်ချင်း လမ်းညွှန်ပို့ချပေးရန် အဆိုပြုလိုက်သည်။

သူ၏ "ဝန်ထမ်း"ထံမှ ထိုကဲ့သို့သော စိတ်အားထက်သန်မှုကို မြင်တွေ့ရသဖြင့် ဟွာကျင်းက ချက်ချင်း သဘောတူလိုက်သည်။

မွန်းတည့်ချိန်တွင် ဟွာကျင်းသည် ကျန်းယိပိုင်ကိုဂုဏ်ပြုရန် စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးခဲ့သည်။

ဟင်းပွဲများမချခင်မှာပင် ခွန်းလွန်တပည့်တစ်ဦး အမောတကော ပြေးဝင်လာသည်။

"အရှင်မ။ ခွန်းမြို့နဲ့ မဟာနာမတောင်မှာရှိတဲ့ မိစ္ဆာချိတ်ပိတ်မျှော်စင်တွေမှာ မိစ္ဆာသားရဲတွေ အုံကြွနေပါတယ်။ တပည့်တွေအများကြီး ဒဏ်ရာရထားပြီး အရေးပေါ်စစ်ကူတွေ လိုအပ်နေပါတယ်။"

"တကယ်ကို ဒုက္ခများတဲ့အချိန်ပဲ။"

ဟွာကျင်း၏ ယခင်ကကောင်းမွန်နေသော စိတ်အခြေအနေမှာ ချက်ချင်း မှောင်မည်းသွား၏။

ကောင်းကင်ဘုံရေတွင်းများကိုဖွင့်ရန်အတွက် မိစ္ဆာချိတ်ပိတ်မျှော်စင်များကို အောင်နိုင်ခြင်းထက် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီများကို ရယူခြင်းက ပို၍ဦးစားပေး ဖြစ်သည်။ ထို့ကြောင့် သူသည် အထက်တန်းလွှာ အင်အားစုအားလုံးနီးပါးကို ပြန်လည်ခေါ်ယူထားခဲ့သည်။

အထူးသဖြင့် ယခင်က မျှော်စင်တိုက်ခိုက်မှုများကို ဦးဆောင်ခဲ့သော ကိုယ်ပိုင်တပည့်များကိုပင်။

ယခုအခါ ဝမ်ရှိုယီအပြင် နှစ်ဦးသာ ကျန်ရှိတော့သည်။

၎င်းက အနည်းဆုံး မျှော်စင်သုံးခုကို ဦးဆောင်မည့်သူမရှိဘဲ ဖြစ်သွားစေသည်။

ခေါင်းဆောင်မရှိပါက တပ်ချထားသောတပည့်များသည် စည်းကမ်းမဲ့နေသည့် လူအုပ်စုသက်သက်သာ ဖြစ်သွားသည်။

မဟာမိုးကြိုးကျောင်းတော်ဆီမှလည်း မည်သည့်အကူအညီမှ မျှော်လင့်၍မရနိုင်ပေ။

တခြားဂိုဏ်းများက တက်လှမ်းသူများကိုမူ...

သူတို့က ကြိုးပမ်းမှုများကို မနှောင့်ယှက်လျှင်ပင် ကျေးဇူးတင်ရမည့်အခြေအနေ ဖြစ်သည်။

"ခွန်းလွန်အင်မော်တယ်နန်းတော်မှာ စေလွှတ်စရာ လူကျန်သေးရဲ့လား။"

"အရှင်မကို ဖြေကြားရရင်တော့…" တပည့်က အထစ်ထစ်အငေါ့ငေါ့ ပြောသည်။ "ကျွန်တော်တို့ဆီမှာ ရွှေရောင်အနှစ်သာရအဆင့် တပည့်အနည်းငယ်ပဲ ကျန်ပါတော့တယ်။ မဟုတ်ရင်တော့ အကြီးအကဲတွေကို လွှတ်ရပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်စီတိုင်းမှာ နေ့စဉ်တာဝန်တွေနဲ့ မစ်ရှင်တွေ ရှိနေပါတယ်။ သူတို့က တိုက်ခိုက်ရေးခရီးစဉ်တွေကို အမြဲတမ်း မဦးဆောင်နိုင်ပါဘူး။ အဲဒါကြောင့်..."

ဟွာကျင်းက ခန်းမထဲရှိလူတိုင်းကို အကဲခတ်ကြည့်လိုက်သည်။

သူ၏ သင်တုန်းဓားကဲ့သို့ စူးရှသောအကြည့်သည် တပည့်များနှင့် အကြီးအကဲတစ်ဦးချင်းစီ အပေါ်သို့ ဖြတ်ပြေးသွားသည်။

သို့သော် မျှော်စင်တိုက်ခိုက်မှုများကို ဦးဆောင်ခြင်းသည် ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေသော ပင်ပန်းခက်ခဲသည့်အလုပ်ဖြစ်ကြောင်း လူတိုင်းသိသည်။ အင်မော်တယ်နန်းတော်အတွင်း ကျန်နေသူများလည်း မျှော်စင်များမှရရှိသော အကျိုးခံစားခွင့်များကို မျှဝေခံစားခွင့်ရနေဆဲဖြစ်သည်။ မည်သည့်အတွက်ကြောင့် အန္တရာယ်ခံရမည်နည်း။

ထို့ကြောင့် ဟွာကျင်း၏အကြည့်အောက်တွင် သူတို့အားလုံးက ငှက်ကုလားအုတ်များကဲ့သို့ ခေါင်းများ ငုံ့သွားကြသည်။

"ရယ်စရာပဲ။" ဟွာကျင်း ဒေါသတကြီးရယ်မောလိုက်ပြီးနောက် စားပွဲကို ရိုက်ချလိုက်သည်။ "ငါ့ရဲ့ ကျယ်ပြောလှတဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်ကြီးမှာ စွမ်းဆောင်နိုင်တဲ့လူတွေ မရှိဘူးလား။ ဒါဆိုရင်တော့ မင်းတို့လို အသုံးမကျတဲ့ကောင်တွေက ဘာအသုံးကျတော့မှာလဲ။"

ခန်းမကြီးတစ်ခုလုံး သေမတတ် တိတ်ဆိတ်သွား၏။

စားပွဲကျိုးပဲ့သွားသောအပိုင်းအစများ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့် ခပ်တိုးတိုးအသံများကိုသာ ကြားနိုင်တော့သည်။

ထိုအခါ ချန်ဟွိုက်အန်သည် ရုတ်တရက် လူအုပ်ထဲမှ ရှေ့သို့ထွက်လာပြီး ဦးညွှတ်လိုက်သည်။

"အရှင်မ။ ကျွန်တော်က ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်သက်သက် ဖြစ်ပေမယ့် မိစ္ဆာချိတ်ပိတ် မျှော်စင်တွေကိုတိုက်ခိုက်ဖို့နဲ့ သားရဲတွေရဲ့အုံကြွမှုတွေကိုနှိမ်နှင်းဖို့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒအလျောက် ဦးဆောင်ခွင့်ပြုပါ။"

…

အခန်း(၄၉၈) ဖြတ်လမ်းနည်း

ချန်ဟွိုက်အန်သည် အင်မော်တယ်နန်းတော်ထဲမှ ထွက်လာခဲ့ပြီးနောက်တွင် သူ၏ ယခင်က တင်းမာပြီး လေးနက်သောအမူအရာက ကောက်ကျစ်စဉ်းလဲသောအမူအရာအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

မိစ္ဆာချိတ်ပိတ်မျှော်စင်များနှင့် ပတ်သက်သောကိစ္စ ပြေလည်သွားပြီဖြစ်သည်။

ခွန်းလွန်အင်မော်တယ်နန်းတော်က မျှော်စင်လေးခုကို စောင့်ကြည့်နေပြီး မဟာမိုးကြိုးကျောင်းတော်က မျှော်စင်လေးခုကို စောင့်ကြပ်နေသည်။

နောက်ထပ် မျှော်စင်တစ်ခုကိုတော့ အဓိကအဖွဲ့အစည်းနှစ်ခုစလုံးက ပူးတွဲကြီးကြပ်ကြသည်။

တစ်ခုကို ဖြေရှင်းပြီးပြီဖြစ်ရာ ခွန်းလွန်၏စီရင်ပိုင်ခွင့်အောက်တွင်ဖြေရှင်းရန် သုံးခု ကျန်ရှိနေသေးသည်။

ယခု သူက မျှော်စင်နှစ်ခုအတွက် တာဝန်ယူလိုက်ပြီဖြစ်ရာ ၎င်းတို့ကို အောင်မြင်စွာဖြေရှင်းနိုင်ပါက သူတော်စင်ဟွာကျင်းသည် လေးခုမြောက် မျှော်စင်ကိုပါ သူ့ကို သေချာပေါက်ယုံကြည်အပ်နှံလာပေလိမ့်မည်။

တကယ်ကို မမျှော်လင့်ထားသော အမြတ်ကြီးပင်။

နောက်ဆုံးတွင် သူတော်စင်ဟွာကျင်းက သူ့ကို "သစ္စာရှိသောလက်အောက်ငယ်သား" ဆိုသည့်ဘွဲ့ကို ပေးသနားရုံသာမက တက်လှမ်းခြင်းတိုင်အတွက် အရည်အချင်းပြည့်မီမှုအပါအဝင် ဆုလာဘ်များစွာကိုလည်း ပေးအပ်ခဲ့သည်။

သူကိုယ်တိုင်က တက်လှမ်းခြင်းတိုင်ကို စိတ်မဝင်စားသော်လည်း ဤဆုလာဘ်မှာ တက်လှမ်းသူများကြား အလွန်လိုချင်တပ်မက်ဖွယ်ကောင်းပြီး လူများကို သိမ်းသွင်းဖို့အတွက် အလွန်ကောင်းမွန်သော လက်နက်တစ်ခု ဖြစ်လာနိုင်၏။

ဟွာကျင်း၏သံသယများကို ရှောင်ရှားရန် သဘာဝကျကျပင် ချန်ဟွိုက်အန်က ဟွာကျင်း၏ချစ်သူလေး ဝမ်ရှိုယီကို ဤမစ်ရှင်တွင် ထည့်သွင်းခဲ့သည်။

ဟွာကျင်းသည် အစပိုင်းတွင် တွန့်ဆုတ်နေခဲ့ပြီးနောက် မိစ္ဆာချိတ်ပိတ်မျှော်စင်များကို တိုက်ခိုက်ခြင်း၏ အန္တရာယ်များကိုစိုးရိမ်ကာ ဝမ်ရှိုယီကို ထပ်မံ၍ အန္တရာယ်မပေးလိုခြင်း ဖြစ်ဟန်တူသည်။

ဝမ်ရှိုယီ၏ဘေးကင်းရေးကို အကြိမ်ကြိမ်အာမခံပြီးမှသာ ဟွာကျင်းက မလိုလားဘဲ သဘောတူခဲ့ခြင်း ဖြစ်သည်။

...

Cပြည်နည်၏ မိစ္ဆာနှိမ်နင်းသူဗျူရိုတွင်။

"ကျောက်ရင်း၊ ခင်ဗျားအတွက် တာဝန်တစ်ခု ရှိတယ်။"

အကျဉ်းခန်း(၀)သို့ မဝင်ခင် ချန်ဟွိုက်အန်သည် ကျောက်ရင်းကို ဆင့်ခေါ်ကာ မေးမြန်းလိုက်သည်။

"တာဝန်မပေးခင် ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားကို နားလည်ချင်တယ်။ Cပြည်နယ်မှာ ကျွန်တော်တို့ မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ လူမှုရေးအဆင့်အတန်းက ဘယ်လိုရှိလဲ။"

ကျောက်ရင်းသည် ဤမေးခွန်းကို အနည်းငယ်ထူးဆန်းသည်ဟု ထင်သော်လည်း ရိုးသားစွာ ဖြေကြားလိုက်သည်။

"မိစ္ဆာနှိမ်နင်းသူဗျူရို ဌာနချုပ်က နာမည်ခံလောက်ပဲ ဖြစ်သွားပါပြီ။ ကျွန်မတို့ C ပြည်နယ်ဗျူရိုကပဲ မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေကို တက်တက်ကြွကြွ လိုက်လံနှိမ်နင်းနေတဲ့ တစ်ခုတည်းသောနေရာနီးပါး ဖြစ်နေပါပြီ။ တခြားပြည်နယ်ရုံးခွဲတွေအများစုက ဖျက်သိမ်းသွားကြပြီးတော့ သူတို့ရဲ့ မိစ္ဆာနှိမ်နင်းသူတွေက ထင်ရှားတဲ့မိသားစုတွေဆီ ဝင်သွားတာ ဒါမှမဟုတ် ဂိုဏ်းအဖွဲ့အစည်းအသီးသီးကို ဝင်သွားကြပါပြီ။"

"ဪ။" ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကျွန်တော်တို့ လူမှုရေးအဆင့်အတန်းက တော်တော်လေး သာမန်ပဲပေါ့။"

"ဆန့်ကျင်ဘက်ပါပဲ။" ကျောက်ရင်း ခေါင်းခါလိုက်သည်။ "ကျွန်မတို့ရဲ့အဆင့်အတန်းက တော်တော် မြင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုးယုတ်တဲ့ဂိုဏ်းတွေနဲ့ သဘာဝလွန်ဖြစ်ရပ်အများစုကို တက်လှမ်းသူတွေက လျစ်လျူရှုထားကြလို့ပါ။ ဒီလိုမျိုးအသေးအဖွဲကိစ္စတွေက သူတို့နဲ့ မတန်ဘူးလေ။ အနီရောင်ဝတ် အငြိုးကြီးတစ္ဆေတွေတောင်မှ အခြေခံအုတ်မြစ်အဆင့် တက်လှမ်းသူတွေကို လုံးဝမယှဉ်နိုင်ဘူးလေ။ ပြီးတော့ သဘာဝလွန်အန္တရာယ်တွေကို ရှင်းလင်းတာက ဘာအကျိုးအမြတ်မှ မရတဲ့အတွက် တက်လှမ်းသူတွေက ခရီးသွားရင်း မတော်တဆကြုံတွေ့တာမျိုး ဟုတ်ရင် များသောအားဖြင့် မျက်ကွယ်ပြုထားတတ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ မိစ္ဆာနှိမ်နင်းသူဗျူရိုကတော့ အသေးစားဝိညာဉ်တွေပဲဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့သရဲတစ္ဆေတွေပဲဖြစ်ဖြစ် တိုင်ကြားလာတဲ့အမှုအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။"

သူက ခြေရင်းရှိ ပလတ်စတစ်အိတ်အပုံကြီးကို ညွှန်ပြလိုက်သည်။ "ဒါတွေအားလုံးက ဒေသခံတွေဆီက ရထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေပါ။ ချိတ်စရာနံရံတောင် မရှိတော့ပါဘူး။"

ချန်ဟွိုက်အန်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။

လက်ရှိအခြေအနေက သူ မျှော်လင့်ထားသည့်အတိုင်းပင်။

တက်လှမ်းသူများသည် မွေးရာပါတစ်ကိုယ်ကောင်းဆန်ကြပြီး အကျိုးအမြတ်မရသည့်အလုပ်ကို ရှောင်ကြဉ်သည့် ဂန္တဝင်ကျင့်ကြံသူစိတ်ဓာတ်ကို ပိုင်ဆိုင်ထားကြသည်။

သို့သော် အခြားကိစ္စတစ်ခုက သူ့ကို ပို၍စိုးရိမ်စေသည်။

"စစ်တပ်ရော ပုံမှန်လည်ပတ်နေသေးလား။"

"အဲဒါက... လုံးဝနီးပါးပြိုကျသွားပါပြီ။" ကျောက်ရင်းက ပခုံးတွန့်လိုက်သည်။ "အုပ်ချုပ်ရေးမှူး သိတဲ့အတိုင်းပဲ။ သာမန်လက်နက်တွေက သရဲတစ္ဆေတွေကို သုံးလို့မရဘူးလေ။ သာမန်စစ်သားတွေအတွက် သဘာဝလွန်အရာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်။ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေကတော့ နည်းနည်း ကိုင်တွယ်ရလွယ်ကူပါတယ်။ အဲဒါကလည်း မြို့ထဲကိုဝင်လာတဲ့ အများစုကို တက်လှမ်းသူတွေက ဖြေရှင်းပြီးသား ဖြစ်နေလို့သာပါ။ မဟုတ်ရင် စစ်တပ်က ဒီထက်တောင် ပိုမြန်မြန်ပြိုကျသွားလောက်ပြီ။"

"ဒါဆိုရင် လက်နက်ကိုင်ကျွမ်းကျင်ပညာရှင်တွေက အခုချိန်မှာ အသုံးမဝင်ဘူးပေါ့။" ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွားသည်။

"လုံးဝတော့မဟုတ်ပါဘူး။ စစ်တပ်ကလည်း ဝိညာဉ်ခေတ်နဲ့ကိုက်ညီတဲ့ လက်နက်တွေကို သုတေသန လုပ်နေပါတယ်။ ဥပမာပြောရရင် သိဒ္ဓိရေစင်တွေစိမ်ထားတဲ့ ကျည်ဆံတွေ၊ အမြောက်ဆန်တွေပေါ့။ ဒါပေမဲ့ ခေတ်ကြီးက အရမ်းကို မြန်ဆန်ဆန်ပြောင်းလဲနေပြီးတော့ နိုးထလာသူတွေ ပေါ်ပေါက်လာတာကလည်း သိသာထင်ရှားတဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာစေလောက်အောင် ဖိအားမျိုးကို မဖြစ်စေနိုင်ခဲ့ဘူး။"

ကျောက်ရင်းသည် စစ်တပ်၏စိတ်ပျက်မှုနှင့်အကူအညီမဲ့မှုကို ဖော်ပြလိုက်သည်။

သို့သော် ချန်ဟွိုက်အန်ကြားလိုက်သည်မှာ အခွင့်အရေး တံခါးလာခေါက်နေခြင်းကိုပင်။

ကျွမ်းကျင်ပညာရှင်များကို သူအပြစ်မတင်နိုင်ပေ။

သူတို့တွင် ယမ်းမှုန့်စွမ်းအင်ကို စိတ်ဝိညာဉ်ချီစွမ်းအင်အဖြစ် ပြောင်းလဲရန် ကြားခံမရှိခြင်းသာ ဖြစ်သည်။ အသိပညာမလုံလောက်၍မဟုတ်ဘဲ အချိန်မလုံလောက်၍သာ ဖြစ်သည်။

ထို့အပြင် စိတ်ဝိညာဉ်ပြန်လည်နိုးထလာမှုက လူတိုင်းကို တန်းတူညီမျှ ဆက်ဆံခဲ့သည်။

အတော်ဆုံး လက်နက်ကျွမ်းကျင်ပညာရှင်က တစ်ချိန်ချိန် နိုးထလာသူဖြစ်လာမည် မဟုတ်သော်လည်း ဆာလောင်မွတ်သိပ်နေသော သူတောင်းစားတစ်ဦးမှာမူ ကံကောင်းမှုသက်သက်ဖြင့် ညတွင်းချင်း အထူးလူသား တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သည်။

လက်နက်ကျွမ်းကျင်ပညာရှင် အနည်းငယ် နိုးထလာခဲ့လျှင်ပင်။

သူတို့၏ နိုးထလာသောစွမ်းရည်များက စိတ်ဝိညာဉ်ချီစွမ်းအင်နှင့် မည်သည်မှသက်ဆိုင်ခြင်း မရှိနိုင်ပေ။

တစ်နေ့နေ့တွင် စစ်တပ်မှနိုးထလာသူတစ်ဦးက စွမ်းအင်ပြောင်းလဲခြင်းပြဿနာကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ယခုတော့ မဟုတ်သေးပေ။

သဘာဝလွန်အန္တရာယ်များက စစ်တပ်ကိုလွှမ်းမိုးထားပြီး ဖြစ်သည်။

"ကျောက်ရင်း။ ခင်ဗျားရဲ့မစ်ရှင်က စစ်တပ်ဌာနချုပ်ကနေ သေနတ်ကျွမ်းကျင်ပညာရှင် အနည်းငယ်ကို စုဆောင်းဖို့ပဲ။"

ကျောက်ရင်း အံ့ဩသွားသည်။ "အုပ်ချုပ်ရေးမှူး။ ဘာလို့ သေနတ်တွေလိုအပ်တာလဲ။ အုပ်ချုပ်ရေးမှူးရဲ့ အဆောင်တွေနဲ့ ဓားဓာတ်လုံးတွေက ဒုံးကျည်တွေလို အလုပ်လုပ်နေပြီပဲ။ သေနတ်အသစ်တွေကို တီထွင်ဖို့ စီစဉ်နေတာတော့ မဟုတ်ဘူးမလား။"

ချန်ဟွိုက်အန်၏ ငယ်ရွယ်သေ ရုပ်ရည်က သိပ္ပံပညာရှင်တစ်ယောက်နှင့် လုံးဝကို မတူညီပေ။ ထိပ်ပြောင်နေသော ပါမောက္ခကြီးများ အိပ်ရေးအပျက်ခံပြီး ညပေါင်းများစွာ ကြိုးစားပြီးနောက် ကျရှုံးခဲ့ရသည့် နေရာတွင် သူက အောင်မြင်နိုင်မည်လား။

"ကျွန်တော် ပြောတဲ့အတိုင်းသာ လုပ်လိုက်ပါ။"

အချိန်ကို စစ်ဆေးလိုက်ရင်း ချန်ဟွိုက်အန်သည် ညနေစောင်းလာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လီချင်းရန်က သူ့ကို ညအိပ်ရန် မျှော်လင့်နေပြီး သူ့ကို မျှော်လင့်ချက် မမဲ့စေနိုင်ပေ။

...

ညနေမစောင်းခင် အချိန်အနည်းငယ် ကျန်သေးသည်။

ပုံရိပ်ယောင်ကောင်မလေးဂိမ်းစနစ်မှတစ်ဆင့် သူ ကြည့်ရှုလိုက်ရာ၊ လရိပ်ဂိုဏ်းတွင် ကြီးကြီးမားမား တိုးတက်မှုများကို မတွေ့ရပေ။

ကျန်းမုန့်ချူးနှင့် လီကျစ်ဖျင်တို့က ဆန်းပိုတောင်တန်းကြီးတွင် အခင်းအကျင်းများ တည်ဆောက်ရန် တပည့်များကို ဦးဆောင်နေကြသည်။

စုချီနျန်သည် ဂိုဏ်းရင်ပြင်တွင် အကြီးအကဲ (၁၀)ယောက်ကျော်နှင့်အတူ အဝတ်လျှော်စက်များအတွင်း "အဘိုးကြီးများဒူဝေဝေ"ကို ကစားရင်း ကျင့်ကြံနေကြသည်။

သတ္တုတွင်းများတွင် ဖန်တုံ(ဆန်ပုံး)သည် လုံးဝန်းသောဗိုက်ကြီး စူထွက်ကာ ငိုက်မျဉ်းနေသည်။

အရာအားလုံး အေးချမ်းနေ၏။

ချန်ဟွိုက်အန် သက်ပြင်းတစ်ချက်ချကာ ကျင့်ကြံရန်အတွက် သမုဒ္ဒရာလှိုင်းသိုင်းကျမ်း လက်စွဲစာအုပ်ကို ဖွင့်လိုက်သည်။ သူ၏ တိုးတက်မှုနှေးကွေးရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ချင်းယွန်ဘုံတွင် ကျင့်ကြံခြင်းသည် အဓိကခန္ဓာကိုယ်ကို အကျိုးမပြုဘဲ ကိုယ်ပွားကိုသာ အကျိုးပြုသောကြောင့် ဖြစ်သည်။ ထိုတိုးတက်မှုမှာလည်း ပြောပလောက်အောင် မရှိပေ။

ဒီရေလှိုင်းသိုင်းကို အခြေခံအဖြစ်ထားကာ သူ၏မူလတာအိုခန္ဓာကိုယ်နှင့်အတူဆိုလျှင် ပိုမိုမြင့်မားသော အဆင့်ရှိသည့် သမုဒ္ဒရာလှိုင်းသိုင်းကို နားလည်သဘောပေါက်ရန်မှာ စိန်ခေါ်မှုမရှိပေ။

သူ၏ကျင့်ကြံမှုမှာ အချိန်ကုန်လွန်သွားသည်ကိုပင် သတိမထားမိလောက်အောင် ချောချာမွေ့မွေ့ ရှေ့ဆက်နေသည်။

ရုတ်တရက် သူ၏ဖုန်းတုန်ခါမှုက ကျင့်ကြံခြင်းအာရုံစူးစိုက်မှုကို အနှောင့်အယှက် ပေးလိုက်သည်။

[သင်၏ပုံရိပ်ယောင်ကောင်မလေး၊ လရိပ်ဂိုဏ်းချုပ် လီချင်းရန်က သင့်ကို ဆင့်ခေါ်နေပါသည်]

မျက်မှာပြင်ပေါ်တွင် အသိပေးချက်တစ်ခု ပေါ်လာ၏။

အချိန်ကိုစစ်ဆေးလိုက်ရာ ချန်ဟွိုက်အန်က နဖူးကို ရိုက်လိုက်မိသည်။

"ချီးပဲ။ သတိတောင် မထားမိလိုက်ဘူး။ ည ၁၁နာရီတောင် ကျော်နေပြီ..."

တုံ့ဆိုင်းမနေဘဲ သူက ဗီအာဦးထုပ်ကို ဆောင်းလိုက်သည်။

...

ညက တိတ်ဆိတ်ငြိမ်သက်နေပြီး လေပြေလေညင်းများ တိုက်ခတ်နေ၏။

ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်ဟွိုက်အန်သည် လစောင်းကြယ်သုံးပွင့်လိုဏ်ဂူ၏ ခြံဝင်းအတွင်း စောင့်နေသော လီချင်းရန်ကို ချက်ချင်းမြင်လိုက်ရသည်။

တိတ်ဆိတ်ပြီး သက်သောင့်သက်သာရှိသော ခြံဝင်းလေးက ဝိညာဉ်ကျောက်တုံးမီးအိမ် အနည်းငယ်အောက်တွင် နူးညံ့စွာတောက်ပနေပြီး အိပ်မက်တစ်ခုကဲ့သို့လေထုကို ဖန်တီးပေးနေသည်။

"ဆရာ၊ ရောက်လာပြီလား။" လီချင်းရန်သည် ပန်းများကြားတွင်ရပ်နေပြီး ရုတ်တရက် တောက်ပသော အပြုံးဖြင့် လှည့်လာသည်။

သူ၏ ကြည်လင်သောမျက်လုံးများတွင် လွမ်းဆွေးမှုအရိပ်အယောင်များ ပါရှိနေသော်လည်း အတွင်းထဲ ကောက်ကျစ်မှုများကို ဖုံးကွယ်ထားသည်။

အမူအရာများကို ဖတ်ရှုရာတွင်ကျွမ်းကျင်သော ချန်ဟွိုက်အန်က ချက်ချင်းပင် မေးလိုက်သည်: "ငါ့တပည့်လေးမှာ စိုးရိမ်စရာတစ်ခုခု ရှိနေလို့လား။"

"ဆရာ၊ ဒီတပည့်က မကြာသေးခင်က သမုဒ္ဒရာလှိုင်းသိုင်းကို ကျင့်ကြံနေတုန်း... အခက်အခဲတချို့ ကြုံတွေ့နေရလို့ပါ။"

လီချင်းရန်က အောက်နှုတ်ခမ်းကိုကိုက်ကာ မော့ကြည့်လိုက်သည်။

ယနေ့ညတွင် သူသည် အချိုးအစားကျသော ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အပြာနုရောင်ကျင့်ကြံခြင်းဝတ်ရုံကို ဝတ်ဆင်ထား၏။

သပ်ရပ်မှုမရှိသောဆံထုံးမှ ကျနေသောဆံပင်စများက ပိုမိုဖြူဝင်းလာသောမျက်နှာကို ဝန်းရံထားသည်။

ချန်ဟွိုက်အန်က မျက်ခုံးပင့်လိုက်သည်။ "ဘာအခက်အခဲတွေလဲ။ လွတ်လွတ်လပ်လပ် ပြောပါ။"

၎င်းမှာ သတင်းကောင်းပင်။

သမုဒ္ဒရာလှိုင်းသိုင်းအပေါ် သူ၏နားလည်သဘောပေါက်မှုက သေချာပေါက်ပြည့်စုံနေပြီ ဖြစ်သည်။

လီချင်းရန်၏ နီရဲသောနှုတ်ခမ်းများမှာ အတွေးများကို ထုတ်ဖော်ပြောဆိုရန် ရုန်းကန်နေရသကဲ့သို့ တွန့်ဆုတ်စွာ ပွင့်ဟသွား၏။

အချိန်အတန်ကြာ တွန့်ဆုတ်နေပြီးနောက် သူက နောက်ဆုံးတွင် တိုးတိုးလေး ပြောလိုက်သည်။ "သမုဒ္ဒရာလှိုင်းသိုင်းမှာ... နှစ်မွှာ….ပါတဲ့ ဖြတ်လမ်းနည်းစနစ်တစ်ခု ရှိတယ်လို့ ကြားမိတယ်..."

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။ "နှစ်မွှာ ဘာဖြစ်တယ်။"

နှစ်မွှာကျင့်ကြံတာ။ ပူးပေါင်းလေ့ကျင့်ခြင်းလား။ ထိုကဲ့သို့အရာမျိုး သူ တစ်ခါမှ မကြားဖူးပေ။

ချန်ဟွိုက်အန်၏မျက်လုံးများကို မကြည့်ရဲဘဲ လီချင်းရန်၏မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အနိုင်နိုင် ကြားရလောက်သော စကားလုံးနှစ်လုံးကို တီးတိုးပြောလိုက်သည်။

"နှစ်မွှာကျင့်ကြံခြင်းလေ။"

All Chapters