← Chapters

အခန်း (၄၉၉-၅၀၀)

Vol. 50 Ch. 499-500

အခန်း (၄၉၉-၅၀၀)

Vol. 50 Ch. 499-500

အခန်း(၄၉၉) မင်းသဘောအတိုင်းပါပဲ

ရွှင်ပျော်ဂိုဏ်း၏ နှစ်မွှာကျင့်ကြံခြင်းဆိုသည်မှာ ကာမဂုဏ်ခံစားမှုသက်သက်သာ ဖြစ်သည်။

သို့သော်လည်း အခြားသောဂိုဏ်းများအတွက် နှစ်မွှာကျင့်ကြံခြင်းက တာအိုလက်တွဲဖော်များအကြားတွင် တရားဝင်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

နှစ်မွှာကျင့်ကြံရာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု လိုအပ်သည့်အတွက် ၎င်းကို ကိုယ်ရေးကိုယ်တာဆန်သော ကိစ္စအဖြစ် သတ်မှတ်ကြပြီး များသောအားဖြင့် သေချာသောလက်တွဲဖော်များ အကြားတွင်သေ ကျင့်ကြံလေ့ ရှိကြသည်။

တစ်ခါတရံတွင် ဆရာ-တပည့် စုံတွဲများလည်း ၎င်းကို လုပ်ဆောင်တတ်ကြသည်။ အမျိုးသမီး ကျင့်ကြံသူအချင်းချင်း အတူတူကျင့်ကြံခြင်းက ပုံမှန်ဖြစ်သော်လည်း အမျိုးသားကျင့်ကြံသူများ ထိုကဲ့သို့ ပြုလုပ်ခြင်းက ပိုပြီးရှားပေသည်။

သို့သော်လည်း ချန်ဟွိုက်အန် တိတိကျကျ သိထားသည့်အရာတစ်ခု ရှိသည်။

သမုဒ္ဒရာလှိုင်းသိုင်းကျမ်းတွင် အဆင့်မြန်မြန်တက်စေသော နှစ်မွှာကျင့်ကြံခြင်း လုပ်ဆောင်ချက်များ လုံးဝမပါဝင်ပေ။

ဒီကောင်မလေးက သိသိသာသာကို ဆင်ခြေပေးနေတာပဲ။

ပြီးတော့ သမုဒ္ဒရာလှိုင်းသိုင်းကျမ်းက သူ့နဲ့ လုံးဝကိုက်ညီပြီး သူ့နားလည်သဘောပေါက်နိုင်စွမ်းကလည်း ထူးကဲတယ်လေ။ ဘာ"အခက်အခဲ"မျိုးများ ရှိနိုင်မှာမို့လို့လဲ။

သို့တိုင် ချန်ဟွိုက်အန်က သူ့အလိုက်ကိုလိုက်ကာ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းရဲ့ အကြောင်းပြချက်က ယုတ္တိရှိပါတယ်။ နှစ်မွှာကျင့်ကြံခြင်းက အပြန်အလှန်စိစစ်တာနဲ့ မျှဝေတာတွေကတစ်ဆင့် နားလည်သဘောပေါက်မှုကို တကယ် မြန်ဆန်စေတယ်။"

လီချင်းရန်၏ မျက်လုံးများ တောက်ပသွား၏။ "ဒါဆိုရင် ဆရာက ဒီတပည့်နဲ့အတူ ကျင့်ကြံချင်လား။"

[သင့်ပုံရိပ်ယောင်ကောင်မလေးက သင့်ထံ နှစ်မွှာကျင့်ကြံရန် ဖိတ်ခေါ်လိုက်ပါပြီ]

ချန်ဟွိုက်အန်၏မျက်လုံးရှေ့တွင် စနစ်၏အသိပေးချက်တစ်ခု လင်းလက်သွားသည်။

[သင့်တွင် ရွေးချယ်စရာ သုံးခု ရှိပါသည်]

(၁) ငါ ချန်ဟွိုက်အန်က ဖြောင့်မတ်တဲ့ လူကြီးလူကောင်း တစ်ယောက်ပဲ။ ငါ့တပည့်နဲ့ ဘယ်လိုလုပ် နှစ်မွှာကျင့်ကြံလို့ရမှာလဲ။ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါ။

(၂) သင်၏ အစစ်အမှန်ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားမည် ဖြစ်သော်လည်း သင်၏ မူလခန္ဓာကိုယ်ကို အသုံးပြု၍ လီချင်းရန်နှင့် နှစ်မွှာကျင့်ကြံပါ။

(၃) လီချင်းရန်နှင့် နှစ်မွှာကျင့်ကြံရန် ကိုယ်ပွားတစ်ခု အသုံးပြုပါ။ မည်သည့်အကျိုးကျေးဇူးမှ တကယ်တမ်းမရရှိဘဲ ဟန်လုပ်ရန်လောက်သာ ကောင်းသည်။

...

ချန်ဟွိုက်အန် ခဏတာ စဉ်းစားလိုက်သည်။

ရွေးစရာ လိုသေးလို့လား။

သူက တွန့်ဆုတ်မနေဘဲ (၂)ကို ရွေးချယ်လိုက်သည်။

တမင်စဉ်းစားဟန်ဆောင်ကာ သူက ခဏတာတွန့်ဆုတ်နေပြီးမှ ဆက်ပြောသည်။ "ကောင်းပြီ။ ဆရာက ဒီအခွင့်အရေးကိုသုံးပြီး သမုဒ္ဒရာလှိုင်းသိုင်းကျမ်းအပေါ် မင်းရဲ့နားလည်မှုကို အကဲဖြတ်ပေးနိုင်တာပေါ့။"

သူ၏ မူလခန္ဓာကိုယ်ကို အသုံးပြုခြင်းက သူသည် အကျိုးကျေးဇူးအားလုံးကို ရိတ်သိမ်းရမည်ဟူသော အဓိပ္ပာယ်ပင်။ ၎င်းက အလကားရသော အခွင့်အရေးကြီး ဖြစ်သည်။

နှစ်ယောက်စလုံးက ကိုယ်ပိုင်အကြံအစည်များနှင့် မပြောဘဲသိနေကြသည့် ဟန်ဆောင်မှုကြီးကို ဆက်ထိန်းထားကြ၏။

[သင်၏မူလခန္ဓာကိုယ်ကို စေလွှတ်လိုက်ပါပြီ။ ကျင့်ကြံခြင်းပြီးဆုံးသည်အထိ အာရုံခံစားမှု အပြည့်အဝ တုံ့ပြန်မှုကို အသက်သွင်းထားပါသည်]

"ဒါဆိုရင်... ဒီတပည့်က စပါတော့မယ်။" လီချင်းရန်က အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပါးပြင်များ နီမြန်းသွား၏။

သူက အတွင်းစိတ်မှ ဝမ်းသာနေသည်။ သူ၏ အစီအစဉ်တစ်ဝက် အောင်မြင်သွားပြီဖြစ်သည်။ သို့သော် အမြင်ကောင်းအောင် ရှက်ရွံ့ တွန့်ဆုတ်နေသည့်ဟန်ဆောင်မှုကို ဆက်ထိန်းထား၏။

"နေပါဦး။ နှစ်မွှာကျင့်ကြံခြင်းအကြောင်းကို မင်း ဘယ်လိုလုပ်သိနေတာလဲ။"

လီချင်းရန် ခဏတာ မှင်တက်သွားပြီး သူ၏မျက်နှာ ပိုမိုနီမြန်းသွားကာ တိုးတိုးလေး ပြောလိုက်သည်။ "မို…မိုရှုမိန်က ကျွန်မကို သင်ပေးလိုက်တာပါ..."

သိပ်ကောင်းတယ်။ မိုရှုမိန်လည်း အဆင့်တက်ချင်နေတာကိုး။

ဒီကျေးဇူးကို မှတ်ထားရမယ်။

ချန်ဟွိုက်အန်သည် တင်ပလ္လင်ခွေထိုင်လိုက်ပြီး လီချင်းရန်ကို သူ့ရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။

လီချင်းရန်က သူ့ရှေ့တည့်တည့်တွင် ညင်သာစွာထိုင်လိုက်ရာ တစ်ပေခန့်ပင် မဝေးတော့ပေ။

"သမုဒ္ဒရာလှိုင်းသိုင်းကျမ်းကို နှစ်မွှာကျင့်ကြံရာမှာ စိတ်ဝိညာဉ်ချီစွမ်းအင် ပေါင်းစည်းဖို့ လိုအပ်တယ်။ ဆရာ့ရဲ့စွမ်းအင်တွေကို လမ်းပြဖို့ ဒီတပည့်ကို ခွင့်ပြုပါ..."

သူ၏ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး သွယ်လျသောလက်ချောင်းလေးများက ဝတ်ရုံစကို လိမ်ကျစ်နေရင်း အသံမှာ တိုးညင်းနေသည်။

ချန်ဟွိုက်အန်က မသိဟန်ဆောင်ကာ မျက်လုံးများကို ပြူးလိုက်သည်။ "ဘယ်လို လမ်းပြမှာလဲ။"

လီချင်းရန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် အကြည့်များ ဂနာမငြိမ် ဖြစ်နေသည်။ "ထိတွေ့ဖို့... လိုအပ်ပါတယ်။" သူ၏အသံ တဖြည်းဖြည်း တိတ်သွားပြီး ပါးပြင်များ ပို၍နီမြန်းလာသည်။ ဤရှက်ရွံ့မှုက လုံးဝ ဟန်ဆောင်ထားခြင်းတော့ မဟုတ်ပေ။ ဤကိစ္စကို သူကိုယ်တိုင် ကြိုးကိုင်ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း အခုတော့ သူ၏နှလုံးခုန်သံများက ထိန်းမရအောင် မြန်ဆန်နေပြီဖြစ်သည်။

"ထိတွေ့ဖို့ ဟုတ်လား။ ဘယ်လိုမျိုးလဲ။" ချန်ဟွိုက်အန်က တမင်သက်သက်ပင် စနောက်ချင်သဖြင့် ဆက်မေးလိုက်သည်။

"ဒီလို... မျိုးပါ။" လီချင်းရန်သည် သူ့ကိုယ်သူ သတ္တိမွေးလိုက်သည့်အလား အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ဖဝါးနှစ်ဖက်စလုံးကို အပေါ်သို့ဆန့်တန်းလိုက်သည်။"ဆရာ၊ ဆရာ့လက်တွေကို ကျွန်မလက်ပေါ် တင်လိုက်ပါ။"

ချန်ဟွိုက်အန်က လိုက်နာလိုက်ပြီး လီချင်းရန်၏လက်များကို အုပ်လိုက်သည်။

ချက်ချင်းပင် သူတို့၏ ဆက်သွယ်သွားသောလက်ဖဝါးများကြားတွင် နွေးထွေးမှုတစ်ခု စီးဆင်းသွား၏။

လီချင်းရန်က မျက်လုံးများကို မှိတ်လိုက်ရာ ရှည်လျားသောမျက်တောင်လေးများ တုန်ခါသွားသည်။ "ဆရာ၊ ကျွန်မရဲ့လမ်းညွှန်မှုအတိုင်း ဆရာ့ရဲ့စွမ်းအင်တွေကို လှည့်ပတ်ပေးပါ။"

ချန်ဟွိုက်အန်က ခေါင်းညိတ်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

လီချင်းရန်၏လက်ဖဝါးများဆီမှ အေးမြပြီး နူးညံ့သောစွမ်းအင်တစ်ခု စီးဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။ သူ၏သွေးကြောများအတိုင်း စီးဆင်းသွားသော ကွေ့ကောက်နေသည့် စမ်းချောင်းလေး တစ်ခုကဲ့သို့ပင်။

"ဆရာ့ရဲ့စွမ်းအင်တွေက... အရမ်းကို အားပြင်းလွန်းနေတယ်။" လီချင်းရန်က တီးတိုးပြောလိုက်သည်။ "သေချာလမ်းပြနိုင်ဖို့... ပိုပြီးတော့ ထိတွေ့ဖို့လိုအပ်ပါတယ်။"

ချန်ဟွိုက်အန် - "..."

ငါ့ရဲ့ မူလခန္ဓာကိုယ်က ရွှေရောင်အနှစ်သာရအဆင့်လေ။ ဒီ "အရမ်းအားပြင်းလွန်းနေတယ်" ဆိုတာက ဘယ်က ရောက်လာတာလဲ။

စနစ်က ငါ့ရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ပေးထားရင်တောင်မှ ဒါက အဓိပ္ပာယ်မရှိဘူး။

သူက ပေါ်တင်ကြီးကို လိမ်နေတာပဲ။

ချန်ဟွိုက်အန်က မျက်ခုံးပင့်လိုက်ပြီး၊ နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။ "ပိုပြီးထိတွေ့ဖို့ ဆိုတာက ဘယ်လိုမျိုးလဲ။"

လီချင်းရန် နှုတ်ခမ်းကို ကိုက်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် သူ၏အနောက်သို့ထကာ ဒူးထောက်လိုက်ပြီး သူ၏ခါးကိုသိုင်းဖက်ကာ မေးစေ့ကို သူ၏ပခုံးပေါ်တွင် တင်လိုက်သည်။

လီချင်းရန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ချန်ဟွိုက်အန်၏ကျောကိုဖိကပ်ထားပြီး သူတို့၏အသက်ရှူသံများ ရောယှက်သွား၏။

"ဆရာ... ကိုယ်ကိုတင်းမထားနဲ့လေ။"

သူ၏ တုန်ယင်နေသောတီးတိုးစကားသံက ချန်ဟွိုက်အန်၏နားရွက်ကို ယားယံသွားစေသည်။

"သမုဒ္ဒရာလှိုင်းးသိုင်းကျမ်းကို နှစ်မွှာကျင့်ကြံတာက စိတ်ပိုင်းဆိုင်ရာပဲ့တင်ထပ်မှုနဲ့ စွမ်းအင်ပေါင်းစည်းမှု လိုအပ်တယ်။"

"ဆရာ အခုအချိန်မှာ တခြားဘာအကြောင်းမှ မတွေးရဘူးနော်။ အထူးသဖြင့် ထူးဆန်းတဲ့အတွေးတွေ။"

သူတို့၏ ပါးလွှာသောဝတ်ရုံများမှတစ်ဆင့် လီချင်းရန်၏ အလွန်အမင်းမြန်ဆန်နေသော နှလုံးခုန်သံကို ချန်ဟွိုက်အန် ခံစားလိုက်ရသည်။ သူက ပိုပြီးစိတ်လှုပ်ရှားနေသည်မှာ သေချာသည်။

သူ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်သည်။ သူလည်း တင်းမာနေတာပဲလေ။

ထို့နောက် သေးငယ်သော လက်ကလေးများက သူ၏ခါးမှနေ၍ အောက်သို့လျှောဆင်းသွားပြီး သူ၏ဒန်တျန်အပေါ်တွင် ရပ်တန့်သွားသည်။

သူ၏အနီးအနားတွင် လီချင်းရန်၏အသက်ရှူသံများ မမှန်တော့ပေ။ "ဆရာ၊ ဒီတပည့်ရဲ့ စွမ်းအင်လမ်းကြောင်းတွေနောက်ကို လိုက်ခဲ့ပေးပါ။"

ချန်ဟွိုက်အန်က မျက်လုံးများကို မှိတ်လိုက်ပြီး လီချင်းရန်၏ စွမ်းအင်လည်ပတ်မှုနောက်သို့ လိုက်သွားသည်။

လီချင်းရန်၏ ဝိညာဉ်စွမ်းအားများက အပူပေးထားသော ဒီရေလှိုင်းများကဲ့သို့ပင် ချန်ဟွိုုက်အန်၏ သွေးကြောများအတွင်း စီးဆင်းသွားပြီး ခြေလက်များကို နွေးထွေးမှုများဖြင့် ပြည့်နှက်သွားစေသည်။

"ဆရာ၊ မဟုတ်ဘူးလေ။ ဆရာ့ရဲ့စွမ်းအင်တွေက ဒီလိုသွားရမှာ။"

သစ်ခွရနံ့သင်းနေသော လီချင်းရန်၏ထွက်သက်များက ချန်ဟွိုက်အန်၏နားရွက်ကို ပွတ်သပ်သွားပြီး နူးညံ့သောလက်ချောင်းလေးများက ကျောပြင်ပေါ်တွင် စွမ်းအင်လမ်းကြောင်းများကို ဆွဲပြနေသည်။

အထိအတွေ့တိုင်းက သူ့ကို ကြက်သီးထသွားစေ၏။

လီချင်းရန်၏ တားဆီးထားမှုများ အရည်ပျော်ကျသွားပြီး လှုပ်ရှားမှုများ ပိုမို၍ ရဲတင်းလာသည်ကို ချိန်ဟွိုက်အန် ခံစားလိုက်ရသည်။

"ဆရာ၊ သမုဒ္ဒရာလှိုင်းသိုင်းကျမ်းရဲ့ အနှစ်သာရက ယင်ကို ယန်အဖြစ် ပြောင်းလဲပြီးတော့ ယန်ကို ယင်အဖြစ် အသွင်ပြောင်းခြင်းမှာ ရှိပါတယ်။"

သူ၏အသံမှာ တိုးညင်းသွားပြီး လေးနက်လာသည်။ "ဆရာ့ရဲ့ စွမ်းအင်တွေက အပြည့်အဝလည်ပတ်မှု တစ်ပတ်ပြည့်အောင် သွားရမယ်။"

သူ စကားပြောနေစဉ် လက်များက ချန်ဟွိုက်အန်၏ ဒန်တျန်မှနေ၍ အပေါ်သို့လျှောတက်သွားကာ စွမ်းအင်စီးဆင်းမှုကို လမ်းပြပေးနေသည်။

သူတို့၏စွမ်းအင်များ ပေါင်းစည်းသွား၏။

ချန်ဟွိုက်အန်၏အရှိန်အဝါထဲတွင် လီချင်းရန် လုံးဝ နစ်မွန်းသွားသည်။

အရိုးမပါသော ဂျယ်လီတစ်ခုကဲ့သို့ သူသည် ချန်ဟွိုက်အန်အပေါ်သို့ အပြည့်အဝ မှီကျသွားကာ နီမြန်းနေသောပါးပြင်လေးက ကျယ်ပြန့်သောကျောပြင်ကို ချစ်စရာကောင်းလောက်အောင် ဖိကပ်ထားသည်။ လီချင်းရန်၏ မှုန်ရီနေသောမျက်လုံးများက ပိုးမျှင်များကိုပင် ကျစ်လစ်စေနိုင်ပြီး ပွင့်ဟနေသောနှုတ်ခမ်းများမှ အောက်ဆီဂျင်ပြတ်လပ်နေသော ငါးတစ်ကောင်ကဲ့သို့ တိုးညင်းသောညည်းညူသံလေးများ ထွက်ပေါ်နေသည်။

ဒီအထိ ရောက်လာမှတော့…

ဘာလို့ ဆက်ပြီးတော့ မခံစားရမှာလဲ။

လီချင်းရန်က သူ့ကိုယ်သူ အားယူလိုက်ပြီး တုန်ယင်စွာဖြင့် တီးတိုးပြောလိုက်သည်။ "ဆရာ... လှည့်ကြည့်လို့ ရမလား..."

ချန်ဟွိုက်အန်က သူ့ကို မျက်နှာမူရန် ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

ပြတင်းပေါက်မှဝင်လာသော လရောင်က လီချင်းရန်၏ နူးညံ့သောမျက်နှာသွင်ပြင်ကို အရိပ်ကျစေပြီး သူ၏ လောကကိုကျော်လွန်သော အလှတရားကို ပိုမို ပေါ်လွင်စေ၏။

ကျန်ရစ်နေသော စွမ်းအင်၏နွေးထွေးမှုက သူ၏ပါးပြင်များကို နေဝင်ဆည်းဆာလို နီရဲစေပြီး မျက်လုံးများမှာ ဆောင်းဦးရေကန်များကဲ့သို့ တောက်ပနေသည်။

အနည်းငယ်ပွင့်ဟနေသော နှုတ်ခမ်းများမှ ခပ်ဖွဖွအသက်ရှူသံများ ထွက်ပေါ်နေပြီး ပျားရည်ကဲ့သို့ ချိုမြိန်မှုကို သယ်ဆောင်ထားသည်။

သူ၏ရင်ဘတ်မှာ မြန်ဆန်စွာပင် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ချွေးစိုနေသောဝတ်ရုံများက သူ၏ ကောက်ကြောင်းတိုင်းတွင် ကပ်နေသည်။

စိုစွတ်နေသောဆံပင်စလေးများက လည်ပင်းနှင့်ပါးပြင်များတွင် ကပ်နေပြီး သည်းမခံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေသည်။

ချန်ဟွိုက်အန် မခံစားနိုင်တော့ပေ။ သူက လီချင်းရန်ကို ဆွဲယူကာ ပွေ့ဖက်လိုက်သည်။

"ဆရာ၊ တပည့်ကို ဒီလိုမျိုးဖက်ထားတာ အနေအထိုင်မတတ်ရာကျတယ်နော်။"

လီချင်းရန်၏ လခြမ်းကဲ့သို့မျက်လုံးများ တောက်ပသွားပြီး သူ၏ရင်ဘတ်ပေါ်တွင် စက်ဝိုင်းများဆွဲကာ နှုတ်ခမ်းစူလျက် ပြောလိုက်သည်။ "ကိုယ်ကျင့်တရားတွေ ပျက်စီးကုန်ပြီ။"

ချန်ဟွိုက်အန်၏ လည်ဇလုတ် လှုပ်ရှားသွားသည်။ "ကောက်ကျစ်တဲ့ကောင်မလေး။ ဒါ တမင်သက်သက် လုပ်တယ်ဆိုတာ ငါ သတိမထားမိဘူးလို့ ထင်နေလား။"

"အဟီး။" လီချင်းရန်က မျက်နှာကို ဖြည်းညှင်းစွာ မော့လိုက်ပြီး နှင်းရည်စွတ်နေသော မျက်လုံးများက ချန်ဟွိုက်အန်နှင့်ဆုံသွားကာ ခန္ဓာကိုယ်က နွေးထွေးသောဖယောင်းကဲ့သို့ သူ့အပေါ် အရည်ပျော်ကျသွားသည်။

"ပိုကောင်းတဲ့... စွမ်းအင်လမ်းညွှန်မှုအတွက်ပါ..." သူက အနားသို့တိုးလာစဉ် သူ၏တီးတိုးစကားသံ ပျောက်ကွယ်သွားသည်။

သူက မျက်နှာကိုမော့ကာ မျက်လုံးများကို မှိတ်လိုက်ပြီး နှုတ်ခမ်းများကို အနည်းငယ် ဟထားသည်။ ခူးဆွတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေသော ပွင့်လန်းနေသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ပင်။

"ဒီလှည့်ကွက်ကို ဘယ်သူ သင်ပေးတာလဲ။" ချန်ဟွိုက်အန်က မေးလိုက်သည်။

"ဒီတပည့်ကိုယ်တိုင် စဉ်းစားမိတာပါ။"

ချန်ဟွိုက်အန်က ထပ်မံ၍ တွန့်ဆုတ်မနေတော့။ သူက လက်တစ်ဖက်က လီချင်းရန်၏ သွယ်လျသော ခါးလေးကို သိုင်းဖက်ကာ အခြားလက်တစ်ဖက်က မေးစေ့ကိုမော့စေပြီး သူ၏နှုတ်ခမ်းများကို နက်ရှိုင်းသော အနမ်းတစ်ခုဖြင့် သိမ်းပိုက်လိုက်တော့သည်။

...

အခန်း(၅၀၀) သင်တော့သင်ပေးလိုက်တာပဲ။ အကုန်တော့ မဟုတ်ဘူး

အနမ်းက အချိန်အတော်လေးး ကြာသွားခဲ့သည်။

ချန်ဟွိုက်အန်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ လက်များက ဂနာမငြိမ်ဖြစ်လာပြီး လီချင်းရန်၏ အဝတ်အစားများကို စတင်ဆွဲချွတ်တော့သည်။

သို့သော် ဝတ်ရုံ၏တည်ဆောက်ပုံက အနည်းငယ် ရှုပ်ထွေးနေ၍ သူ ဘယ်လိုမှ ချွတ်၍မရ ဖြစ်နေ၏။

ထို့ကြောင့် အဝတ်အစားထဲကိုသာ လက်လျှိုသွင်းလိုက်ရတော့သည်။

သူ အဘယ်ကြောင့် ဤမျှကျွမ်းကျင်နေရကြောင်းကို မမေးပါနှင့်။ ဂျပန်ဆရာကြီးများမှ သင်ထားသည် ဟူ၍သာ မှတ်ထားလိုက်ပါ။

သို့သော် ရုတ်တရက်ဆိုသလိုပင် နူးညံ့သောလက်တစ်ဖက်က ချန်ဟွိုက်အန်၏လက်ကို ဖိချလိုက်၏။

ချန်ဟွိုက်အန်၏လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။

သူတို့၏နှုတ်ခမ်းများ ကွာကျသွားပြီး လီချင်းရန်၏ နီမြန်းနေသောမျက်နှာလေးကို ငေးကြည့်ရင်း သူက အလိုအလျောက် နှုတ်ခမ်းသပ်လိုက်မိသည်။

အနည်းငယ်ပွင့်ဟနေသော လီချင်းရန်၏ မျက်လုံးများနှင့် ဆုံလိုက်ရချိန်တွင် ထိုကြည်လင်နေသော မျက်လုံးထဲတွင် ဇဝေဇဝါနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။

"ဆရာ။" လီချင်းရန်က တီးတိုးရေရွတ်လိုက်သည်။ "ဆရာက ဘာဖြစ်လို့ ဒီတပည့်ရဲ့အဝတ်အစားတွေကို ဆွဲချွတ်နေတာလဲ။"

ချန်ဟွိုက်အန် မှင်တက်သွား၏။ "အာ... နှစ်မွှာကျင့်ကြံဖို့က အဝတ်အစားတွေချွတ်ဖို့ မလိုဘူးလား။"

လီချင်းရန်က နားမလည်နိုင်စွာဖြင့် ခေါင်းလေးစောင်းသွားလေသည်။ "ဘာဖြစ်လို့… နှစ်မွှာကျင့်ကြံဖို့ အဝတ်အစားတွေ ချွတ်ရမှာလဲ။ ခုနကတည်းက ကျွန်မတို့ နှစ်မွှာကျင့်ကြံနေခဲ့တာ မဟုတ်ဘူးလား။"

ချန်ဟွိုက်အန် - "(๑°⌓°๑)......"

"ပြီးတော့ ဆရာက ဘာဖြစ်လို့ ဒီတပည့်ရဲ့ တစ်ကိုယ်လုံးကို လိုက်စမ်းနေတာလဲ။" လီချင်းရန်က မျက်လုံးလေးမှိတ်ကာ ပြုံးလိုက်ပြီး နှုတ်ခမ်းကြားမှာ ဆံပင်စလေးကိုကိုက်ထားရင်း ခေါင်းကို အနည်းငယ်ငုံ့ကာ ရှက်သွေးဖြာလျက် ပြောလိုက်သည်။ "ဆရာ့ရဲ့အထိအတွေ့တွေကြောင့် ဒီတပည့် ယားလာပြီ။ အဲဒါကြောင့် ဒီတပည့်လည်း ပြန်ပြီးစမ်းချင်တယ်။ ဆရာ ငြင်းလိုု့မရဘူးနော်။"

ထိုသို့ပြောရင်း သူ၏လက်သေးသေးလေးများက ချန်ဟွိုက်အန်၏ ခါး၊ ရင်ဘတ်နှင့် တင်ပါးများကို စတင်၍ စူးစမ်းရှာဖွေတော့သည်။

၎င်းက... အမှန်တကယ်ပင် အတော်လေး ယားယံစေသည်။

လီချင်းရန်၏ အပြစ်ကင်းစင်သော်လည်း ဆွဲဆောင်မှုရှိသောပုံစံလေးကို ကြည့်ရင်းနှင့် ချန်ဟွိုက်အန်က ပြဿနာကြီးတစ်ခုကို ရုတ်တရက် သဘောပေါက်သွား၏။

ဧကန္တ…မိုရှုမိန်က လီချင်းရန်ကို ထိုးစစ်ဆင်ဖို့ သင်ပေးခဲ့တယ်။ ဒါပေမဲ့...

သူက အကုန်လုံးကို မသင်ပေးလိုက်ဘူး။

ဒါမှမဟုတ် လီချင်းရန်က အရာအားလုံးကိုသိပြီးသားလို့ သူ ယူဆလိုက်တာလည်း ဖြစ်နိုင်တယ်။

ဒါပေမဲ့ လက်ရှိအခြေအနေအတော့ အမျိုးသားနဲ့အမျိုးသမီး ဆက်ဆံရေးအပေါ်မှာ လီချင်းရန်ရဲ့ နားလည်မှုက အပေါ်ယံအဆင့်မှာပဲ ရှိနေသေးတယ်။

လက်ကိုင်တာ၊ ဖက်တာ၊ နမ်းတာတွေကို သိပေမယ့်၊ ပြင်းပြတဲ့ရမ္မက်တွေနဲ့ရစ်ပတ်တဲ့ကိစ္စကိုတော့ သူက လုံးဝနားမလည်ဘူး။

မိမိ၏တင်ပါးပေါ်မှ အနှိပ်သည်လေးများလို လှုပ်ရှားနေသော လက်သေးသေးလေးများကို ခံစားရရင်း ချန်ဟွိုက်အန်က သူ့ကိုယ်သူ လူဆိုးကြီးတစ်ယောက်လို ခံစားမိသွားသည်။

ငါ့ရဲ့ချစ်သူကောင်မလေးက ငါနဲ့ရင်းနှီးနွေးထွေးမှုလေးကိုပဲ လိုချင်နေတာကို။ ငါကကျတော့ သူ့ကို တကယ်ကြီး ဝါးစားဖို့ပဲ စဉ်းစားနေခဲ့တာ။

ပြီးတော့ လီချင်းရန်ရဲ့ ဖြူစင်တဲ့အတွေးတွေနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ ကိုယ်ပိုင်စိတ်ကူးတွေက လုံးဝကို ညစ်ညမ်းနေတာပဲ။

"ဆရာ၊ ဘာလို့ ဘာတုံ့ပြန်မှုမှမရှိတာလဲ။" ချန်ဟွိုက်အန်က တရားထိုင်နေသော ဘုန်းကြီးတစ်ပါးလို ငြိမ်သက်နေချိန်တွင် အချိန်အတော်ကြာအောင် ပွတ်သပ်ပြီးနောက် လီချင်းရန်က နှုတ်ခမ်းလေးစူသွားသည်။

ဆရာ့ရဲ့ ခန္ဓာကိုယ်က ငါ့နဲ့ မတူဘူးလား။ ငါ ယားတတ်တဲ့ နေရာတွေက ဆရာ့အတွက်ကျတော့ ဘးသက်ရောက်မှုမှ မရှိဘူးလား။

ဒါဆို ငါ ဘာလုပ်ရမလဲ။

အဲဒီလိုဆိုရင် အနာဂတ်မှာ အမြဲတမ်း ငါချည်းပဲ အနိုင်ကျင့်ခံနေရတော့မှာပေါ့။

လီချင်းရန် မျက်မှောင်ကြုတ်လိုက်သည်။

ဒီနေ့တော့ ဆရာ့ရဲ့ ယားတတ်တဲ့နေရာတွေကို သေချာပေါက် တွေ့အောင်ရှာရမယ်။

မဟုတ်ရင် ငါ့နာမည် "လီချင်းရန်" ကို "ရန်ချင်းလီ"လို့ ပြောင်းပြန်ရေးလိုက်မယ်။

ချစ်ရည်လူးနေသောလေထုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် အမဲလိုက်မှုသက်သက်သာ ကျန်ရစ်တော့တယ်။

"အဟမ်း။ ဆရာက သိပ်ပြီး အာရုံမခံစားလွယ်ဘူးလေ။" ချန်ဟွိုက်အန် အကြည့်လွှဲလိုက်သည်။

အခြေအနေက ရှေ့ဆက်မရမှတော့ စောစောစီးစီး အဆုံးသတ်လိုက်ခြင်းက ပိုကောင်းပေသည်။

ထပ်ပြီးနှိပ်စက်မခံရအောင် သမုဒ္ဒရာလှိုင်းသိုင်းကျမ်းကို ဆက်ကျင့်ကြံသလိုမျိုးပင်။

သို့သော်လည်း...

လီချင်းရန်၏မျက်လုံးများထဲ ကောက်ကျစ်သောအရိပ်အယောင်တစ်ခု တောက်ပသွားပြီး ရုတ်တရက် အားစိုက်ကာ ချန်ဟွိုက်အန်ကို အောက်မှနေ၍ ဖိချုပ်ထားလိုက်သည်။

"ဟီးဟီး။ ဒီတပည့်က ဆရာ့ကို မယုံဘူး။ ကျွန်မကို သေချာစစ်ဆေးခွင့်ပြုပါ။" သူက လေးနက်သော အမူအရာဖြင့်ပြောလိုက်ပြီး မျက်လုံးတွေက ချန်ဟွိုက်အန်ကို အထက်အောက် စုန်ဆန်ကြည့်ရှုနေ၏။

ချန်ဟွိုက်အန် မှင်တက်သွား၏။ "ချင်းရန်။ မ…မင်း ဘာတွေလုပ်နေတာလဲ။"

"အစ်မမိုရှုမိန်က ပြောတယ်။ နှစ်မွှာကျင့်ကြံခြင်းဆိုတာ နက်ရှိုင်းတဲ့ဆက်သွယ်မှုပဲတဲ့။ ပြီးတော့လည်း အချင်းချင်းရဲ့ အာရုံခံစားလွယ်တဲ့နေရာတွေကို ရှာဖွေရမယ်တဲ့။"

လီချင်းရန်က စိတ်အားထက်သန်စွာဖြင့် ရှင်းပြသည်။ "ဒီတပည့်က အခု ဆရာ့ရဲ့ အာရုံခံစားလွယ်တဲ့ နေရာတွေကို ရှာတော့မယ်။"

ထိုသို့ပြောပြီးသည်နှင့် သူ၏လက်သေးသေးလေးများက ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်အနှံ့သို့ လှည့်လည်သွားလာတော့သည်။ လည်ပင်းမှရင်ဘတ်အထိ၊ ခါးမှချက်အထိ၊ အပြည့်အဝ စူးစမ်းရှာဖွေမှုကြီးပင်။

"ဒီနေရာ ယားလား။" သူက ချန်ဟွိုက်အန်၏အနောက်ကို ရွှေ့သွားပြီးနောက် လည်ပင်းကို ညင်သာစွာ မှုတ်လိုက်သည်။

"အာ။" ချန်ဟွိုက်အန် ဓာတ်လိုက်သွားသလို တုန်ယင်သွားပြီး လည်ပင်းတွင် ကြက်သီးတွေ ချက်ချင်း ထလာကာ တစ်ကိုယ်လုံးတွင် ကျင်စက်စက်ခံစားမှုကြီး လျင်မြန်စွာ ပျံ့နှံ့သွား၏။

"တွေ့ပြီ။" ချန်ဟွိုက်အန်၏တုံ့ပြန်မှုကို ကြည့်ပြီးနောက်တွင် လီချင်းရန်၏နှုတ်ခမ်းက ကျေနပ်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ "ဟီးဟီး။ ဒီလိုကိုး။ ဆရာ့ရဲ့ အာရုံခံစားလွယ်တဲ့နေရာက လည်ပင်းမှာ ရှိနေတာပဲ။ ဒီတပည့်ကို ညာတယ်ပေါ့လေ။ ဂိုဏ်းချုပ်ကို လှည့်စားတာက အပြစ်ပေးခံထိုက်တယ်။"

လီချင်းရန်က ချန်ဟွိုက်အန်၏လည်ပင်းကို ဖက်ထားရင်း ဆက်ပြီး မှုတ်နေသလို သူ၏ နွေးထွေးသော နှုတ်ခမ်းလေးများနှင့်လည်း လည်ပင်းကို ညင်သာစွာ ပွတ်တိုက်နေသေသည်။

"တော်..တော်ပါတော့..." ချန်ဟွိုက်အန်၏အသံ အက်ကွဲသွားပြီးနောက် လီချင်းရန်၏ ဂနာမငြိမ်သော လက်လေးများကို ဖမ်းဆုပ်ကာ ခေါင်းလှည့်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။ "မိုရှုမိန်က မင်းကို တကယ်ကြီး ဒါမျိုး သင်ပေးလိုက်တာလား။"

လီချင်းရန်က ခေါင်းလေးစောင်းကာ မျက်တောင်ခတ်လိုက်သည်။ "အစ်မမိုရှုမိန်က ပြောတယ်။ နှစ်မွှာကျင့်ကြံခြင်းဆိုတာ အပြန်အလှန်တိုးတက်စေတဲ့ လုပ်ငန်းစဉ်တစ်ခုပဲတဲ့။ ကျွန်မတို့က အချင်းချင်းရဲ့ စိတ်ဝိညာဉ်ချီစွမ်းအင် အထုံးအဖွဲ့တွေကို ရှာဖွေရမယ်တဲ့။ အဲဒါတွေက များသောအားဖြင့် အာရုံအခံစားလွယ်ဆုံး နေရာတွေပဲတဲ့။ ပြီးရင် စိတ်ဝိညာဉ်ချီစွမ်းအင်စီးဆင်းမှု မြန်လာအောင် အဲဒီနေရာတွေကို လှုံ့ဆော်ပေးရမယ်တဲ့။ ဒီတပည့် ရှာတွေ့သွားတာ မဟုတ်ဘူးလား။"

ချန်ဟွိုက်အန် စကားမပြောနိုင်တော့ဘဲ နဖူးတွင် ချွေးအေးတွေ ထွက်လာ၏။

ဘုရားရေ။

ဒါဆို မိုရှုမိန်က သူ့ကို မသင်ပေးလိုက်တာ မဟုတ်ဘူးပဲ။

လီချင်းရန်က အရမ်းကိုဖြူစင်လွန်းနေလို့ နားမလည်ခဲ့တာပဲ ဖြစ်ရမယ်။

"ဪ။ မိုရှုမိန်က ပြောသေးတယ်။ နှစ်မွှာကျင့်ကြံရာမှာ အရေးအကြီးဆုံးက ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုနဲ့ အသက်ရှူနှုန်းညီမျှဖို့ပဲတဲ့။" လီချင်းရန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ချန်ဟွိုက်အန်၏ပေါင်ပေါ် ထိုင်ကာ ခါးကိုဖက်ထားပြီး မျက်နှာကို အလွန်နီးကပ်စွာ ကပ်လာသည်။ "ဆရာ၊ ကျွန်မတို့ အတူတူအသက်ရှူဖို့ လိုတယ်... ဆရာ အသက်ရှူနေရဲ့လား။"

ချန်ဟွိုက်အန်က စကားလုံးရှာမတွေ့နိုင်အောင် ဖြစ်သွားသည်။

သူပြောတဲ့ အသက်ရှူနှုန်းညီမျှတယ်ဆိုတာ... နမ်းတာကို ပြောတာ မဟုတ်ဘူးလား။

လီချင်းရန်ရဲ့ ဝင်သွက်ထွက်သက်လေးက သူ့မျက်နှာကို ညင်သာစွာ ပွတ်တိုက်နေပြီး သူတို့နှာခေါင်းများ ထိလုနီးပါး ဖြစ်နေ၏။

ချန်ဟွိုက်အန်၏တစ်ကိုယ်လုံးကသွေးများ တစ်နေရာတည်းကို စုပြုံသွားသလို ခံစားလိုက်ရပြီးနောက် မနည်းပြန်လည်ထိန်းချုပ်ထားရသော တည်ငြိမ်မှုများက ထပ်ပြီးပြိုကျတော့မလို ဖြစ်နေသည်။

အရင်တစ်ခေါက်က သူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုတော့ သိပ်မသေချာပေ။

"ဆရာ၊ ဆရာ့မျက်နှာ အရမ်းနီနေတယ်။ နှစ်မွှာကျင့်ကြံလို့ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ကမောက်ကမ ဖြစ်သွားလို့လား။"

လီချင်းရန်က စိုးရိမ်တကြီးနှင့် ချန်ဟွိုက်အန်၏ပါးပြင်ပေါ်ကို လက်ဖဝါးလေး ကပ်လိုက်သည်။ "အရမ်း ပူနေတာပဲ။ ယန်စွမ်းအင်တွေ လွန်ကဲနေလို့လား။"

"မ…မဟုတ်ပါဘူး..." ချန်ဟွိုက်အန်၏အသံက အနည်းငယ် တုန်ယင်နေ၏။

"ဒါဆို ယန်စွမ်းအင် မလုံလောက်လို့လား။"

ချန်ဟွိုက်အန် - "...အဲဒါလည်း မဟုတ်ပါဘူး။"

လီချင်းရန်က ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး ဇဝေဇဝါနှင့် ခေါင်းလေးစောင်းလိုက်သည်။

"ဆရာ၊ ဆရာ့ရဲ့ဗိုက်ပေါ်က ဘာကြီးလဲ။ စုစည်းနေတဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်လား။ နှစ်မွှာကျင့်ကြံချိန်မှာ ဒီလိုတုံ့ပြန်မှုမျိုး ဖြစ်တတ်တယ်လို့ မိုရှုမိန် ပြောခဲ့ဖူးသလိုပဲ။"

ချန်ဟွိုက်အန် - "..."

ထိုအခိုက်အတန့်တွင် ချန်ဟွိုက်အန်က လေထဲကိုသာ ပျောက်ကွယ်သွားလိုက်ချင်တော့သည်။

"ဘယ်လိုလဲ..." လီချင်းရန် မျက်လုံးအဝိုင်းသားလေးနှင့် မှိတ်တုတ်မှိတ်တုတ်လုပ်ကာ တိုးတိုးလေး ပြောသည်။ "ဒီတပည့်က ဆရာ့၏ စုစည်းနေတဲ စိတ်ဝိညာဉ်ချီစွမ်းအင်တွေကို ထိန်းညှိပေးရမလား။ ဒါက ယင်နဲ့ ယန်ကို ညီမျှအောင် လုပ်ပေးနိုင်တယ်လို့ မိုရှုမိန်က ပြောတယ်။"

ချန်ဟွိုက်အန်က ရေထဲမှ ခုန်ထွက်လာသော ငါးကြင်းတစ်ကောင်လို ထခုန်လိုက်သည်၊ "မလုပ်နဲ့။ မလိုပါဘူး။ ဆရာ အဆင်ပြေပါတယ်။"

အနည်းငယ် ကုန်းထားရင်း ရှုပ်ပွနေသော အဝတ်အစားများကို ပြင်ဆင်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

"ချင်းရန်၊ ဆရာထင်တာကတော့... အခုလောလောဆယ်မှာ နှစ်မွှာကျင့်ကြံတာကို ခဏ ဘေးဖယ်ထားသင့်တယ်။"

"ဘာလို့လဲ။" လီချင်းရန်က နားမလည်နိုင်အောင် ဖြစ်သွားသည်။ "မိုရှုမိန်က နှစ်မွှာကျင့်ကြံတာ ကျင့်ကြံမှုတိုးတက်ဖို့အတွက် အရမ်းအထောက်အကူဖြစ်တယ်လို့ ပြောတာပဲ။"

သူက သနားစရာကောင်းအောင် နှုတ်ခမ်းစူလိုက်ပြီး အဝတ်စလေးကို လိမ်ကျစ်နေရင်း ပြောသည်။ "ဆရာက ဒီတပည့် တစ်ခုခုအမှားလုပ်မိသွားတယ်လို့ ထင်လို့လား။"

"လုံးဝ မဟုတ်ပါဘူး။" ချန်ဟွိုက်အန်က ခဏတာ စကားဆွံ့သွားသည်။ "ဘာလို့လဲဆိုတော့... အဟမ်း၊ နှစ်မွှာကျင့်ကြံဖို့ဆိုတာ မှန်ကန်တဲ့အချိန်၊ နေရာနဲ့ သဟဇာတဖြစ်မှုတွေ လိုအပ်တယ်လေ။ ဟုတ်တယ်။ ဒီနေ့က အချိန်အခါ မကောင်းဘူး။"

လီချင်းရန် တစ်ဝက်တစ်ပျက်သာ ယုံကြည်ဟန်ပေါ်သည်။ "တကယ်လား။ ဒါပေမဲ့ သူက အချိန်မရွေး၊ နေရာမရွေးရတယ်လို့ ပြောတာပဲ..."

ချန်ဟွိုက်အန် မျက်လုံးထဲတွင် အမည်းစက်များ မြင်လိုက်ရပြီး ဒေါသတကြီး ပြောလိုက်သည်။ "သူက ဘာသိလို့လဲ။"

အဲဒီ "အချိန်မရွေး၊ နေရာမရွေး"ဆိုတာက အဓိပ္ပာယ်မရှိတဲ့စကားပဲ။

တစ်ယောက်က အပြည့်အစုံမသင်ပေး၊ နောက်တစ်ယောက်ကလည်း မပြည့်မစုံသင်ယူနဲ့။

လီချင်းရန် နှုတ်ခမ်းစူလိုက်သည်။

မိုရှုမိန်က ကိစ္စတွေအများကြီးကိုသိပြီးတော့ ငါ့ထက်တော့ သေချာပေါက် ပိုသိမယ်လို့ ထင်ထားတာ။

ဒါပေမဲ့ ဆရာက အဲဒီလိုမြင်တဲ့ပုံမရဘူး။

ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ဆရာက အတွေ့အကြုံအများကြီးရှိတဲ့ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ အစ်မမိုရှုမိန်ထက် သူ ပိုသိမှာပေါ့။

"ဒါဆို... ဒါဆို ဆရာက ဒီတပည့်ကို နှစ်မွှာကျင့်ကြံတဲ့အကြောင်း သင်ပေးလေ။"

လီချင်းရန်က ချန်ဟွိုက်အန်၏လက်ကို ချွဲနွဲ့စွာဖြင့် ဆွဲလိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချန်ဟွိုက်အန် သက်ပြင်းချလိုက်ပြီး လီချင်းရန်၏လက်ကိုကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။ "ချင်းရန်။ တကယ်တော့ မိုရှုမိန်က တစ်ခုခုတော့ သိပါတယ်။ ဆရာက ဒီအပိုင်းမှာ သိပ်မကျွမ်းကျင်တော့ မင်းကို သေချာမသင်ပေးနိုင်ဘူး။ မင်း သူ့ဆီ သွားပြီးတော့ ထပ်ဆွေးနွေးကြည့်သင့်တယ်။ မှတ်ထား။ ဒီနေ့ဖြစ်ခဲ့တဲ့ မရှင်းလင်းမှုတွေကို သေချာရှင်းပြပြီး အရာအားလုံးကို အသေးစိတ်ရှင်းပြခိုင်းဖို့ မမေ့နဲ့။ သိုင်းပညာသင်ယူတဲ့နေရာမှာ အဆိုးဆုံးက ဝေဝါးနေတာပဲ။ တိုက်ရိုက်ကျပြီး ရှင်းလင်းတဲ့ စကားလုံးတွေကမှ စစ်မှန်တဲ့နားလည်မှုကို ဖော်ထုတ်ပေးနိုင်တာ။"

"ဒီလိုမျိုးကိုး။" လီချင်းရန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်၊ "ဒီတပည့် မနက်ဖြန် သူ့ဆီသွားပြီး ထပ်မေးလိုက်ပါ့မယ်။"

"ကောင်းပြီ။" ချန်ဟွိုက်အန်က စိတ်အေးသွားပြီး ပြန်လှဲအိပ်လိုက်ကာ မောပန်းစွာဖြင့် ပြောသည်။ "နောက်ကျနေပြီလေ။ အိပ်ဖို့အချိန်တန်ပြီ။"

"ဟုတ်ကဲ့။" လီချင်းရန်က ချန်ဟွိုက်အန်၏ဘေးတွင် မျက်နှာချင်းဆိုင် လှဲအိပ်လိုက်ပြီ ရုတ်တရက် ချန်ဟွိုက်အန်၏လက်ကိုယူကာ သူ၏ခါးပေါ်တင်လိုက်ပြီး ပြုံးလျက် ပြောသည်။ "ဒီတပည့်က ဆရာ ဖက်သိပ်တာကို လိုချင်တယ်။ ရတယ်မလား။"

ချန်ဟွိုက်အန်က လီချင်းရန်၏ခါးကို ဖက်ထားပေးလိုက်၏။

လီချင်းရန်က အခွင့်အရေးကိုအရယူကာ သူ၏ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး ပျော်ရွှင်စွာ မျက်လုံးမှိတ်ရင်း ကွေးကွေးလေး အိပ်လိုက်သည်။

ချန်ဟွိုက်အန်က လီချင်းရန်၏ဆံပင်မှ သင်းပျံ့သောရနံ့ကို ရှူရှိုက်ရင်း ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေရသည်။

သူက ငါ့ရင်ခွင်ထဲ အတင်းတိုးဝင်လာဖို့ကိုတော့ ဘယ်လိုများ ဒီလောက်ကျွမ်းကျင်နေရတာလဲ။

ဒါပေမဲ့ ပြင်းပြတဲ့ရမ္မက်တွေနဲ့ရစ်ပတ်တဲ့အကြောင်းကျတော့ ဘာလို့ ဘာမှမသိရတာလဲ။

ငါ စဉ်းစားလို့ကို မရတော့ဘူး။

လုံးဝကို စဉ်းစားလို့ မရဘူး။

...

ညက ပိုနက်လာပြီး လရောင်က ရေလိုအေးစိမ့်နေ၏။

ယနေ့ညတွင် ဓာသခင်ချန်အတွက်တော့ အိပ်မက်များက သေချာပေါက် ဝေးကွာနေပေဦးမည်။

...

All Chapters