← Chapters

အခန်း (၄၉၃-၄၉၄)

Vol. 50 Ch. 493-494

အခန်း (၄၉၃-၄၉၄)

Vol. 50 Ch. 493-494

အခန်း(၄၉၃) ခေါင်းနှစ်လုံး ကျန်နေသေးတယ်

"ဘာအနံ့ကြီးလဲ..."

"မွှေးလိုက်တာ။ အစပ်ချောင်း တွေထက်တောင် ပိုကောင်းသေးတယ်။"

"ဘိုးဘေးကြီးရဲ့လိုဏ်ဂူဘက်က လာနေသလိုပဲ။ ဘိုးဘေးကြီးနဲ့ဂိုဏ်းချုပ် တစ်ခုခု ချက်နေကြတာလား။"

ကိုလာကြက်တောင်ပံများက မပြီးသေးသော်လည်း ၎င်းတို့၏အနံ့က မိုင်ချီပြီးပျံ့လွင့်နေပြီ ဖြစ်သည်။ လရိပ်ဂိုဏ်း တပည့်များအားလုံး သွားရည်ကျကာ လေထဲမှအနံ့ကို စိတ်အားထက်သန်စွာ ရှူရှိုက်နေကြသည်။

အဝတ်လျှော်စက်ထဲတွင်လည်နေသော အဘိုးကြီးနှင့်ကစားနေသည့် စုချီနျန်သည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ စူးရှသောအကြည့်သည် လစောင်းကြယ်သုံးပွင့်လိုဏ်ဂူဘက်သို့ လှည့်သွား၏။

"အဘိုးကြီးကျန်းနဲ့ အဘိုးကြီးလီတို့ မရှိကြဘူး။ ငါနဲ့လုမယ့်သူ မရှိဘူး။ ဟီးဟီး။"

ထိုစကားနှင့်အတူ သူသည် အဝတ်လျှော်စက်ထဲမှ အမြောက်ဆန်တစ်ခုကဲ့သို့ ပစ်ထွက်သွားပြီး လစောင်းကြယ်သုံးပွင့် လိုဏ်ဂူဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။

ထိုအချိန်တွင် ချန်ဟွိုက်အန်က ကိုလာကြက်တောင်ပံများကို စားပွဲပေါ်သို့ ချလိုက်သည်။ လီချင်းရန်က မျှော်လင့်ချက်များဖြင့် တံတွေးမျိုချနေပြီဖြစ်ကာ ကျင့်ကြံခြင်းအပေါ် လုံးဝအာရုံမစိုက်နိုင်တော့ပေ။

မဖြစ်နိုင်ဘူး။ ငါက မွေးရာပါ ပါရမီအများအပြား ပိုင်ဆိုင်ထားပြီးတော့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှု ကင်းမဲ့နေရတာလဲ။ ဧကရာဇ် ပွဲတော်ကြီးတစ်ခုလုံး ဒါမှမဟုတ် အစပ်ချောင်းနဲ့ ခေါက်ဆွဲခြောက် အရသာမျိုးစုံကို ရှေ့လာချပေးထားရင်တောင် တရားထိုင်နေချိန်ဆို မျက်တောင်တစ်ချက်တောင်ခတ်မှာ မဟုတ်ဘူး။

သို့သော်လည်း ယခု သူက ဆွဲဆောင်မှုရှိလွန်းသောအနံ့ကြောင့် လုံးဝ အာရုံလွင့်နေသည်။ အစားအစာ လာချပေးသည့်အချိန်မှသာ ဟင်းပွဲများက အမှန်တကယ် တောက်ပနေနိုင်ကြောင်း သူ သတိပြုမိသွားသည်။

သူ့ရှေ့ရှိ ကိုလာကြက်တောင်ပံများက အမှန်တကယ် တောက်ပနေသည်။ အညိုနုရောင်အနှစ်များက မှိန်ပျပျအလင်းရောင်အောက်တွင် ပယင်းရောင်ကဲ့သို့ တောက်ပနေလေသည်။ ကြက်တောင်ပံတစ်ခုစီတိုင်းက ကြည်လင်နေသောသကြားအကာများဖြင့် ဖုံးအုပ်ထားပြီး ကိုလာများ ခန်းခြောက်သွားချိန်တွင် ဖြစ်ပေါ်လာသော စေးကပ်သည့်အချိုရည်များနှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ မူးယစ်စေသောရနံ့များ ရောနှောထွက်ပေါ်နေ၏။

"ဆရာ၊ ဆရာ... အရင်စားလေ။"

အလွန်စားချင်နေသော်လည်း လီချင်းရန်သည် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

"ငါ မီးဖိုချောင်ထဲမှာ စားလာခဲ့ပြီးပြီ။"

ဆရာဖြစ်သူကို အမြဲတမ်း အရင်စဉ်းစားပေးပြီးတော့ စာနာတတ်တဲ့ တပည့်လေးပဲ။ ချန်ဟွိုက်အန်က နွေးထွေးသွားသလို ခံစားလိုက်ရပြီး ကြက်တောင်ပံတစ်ခုကို ကောက်ယူကာ လီချင်းရန်၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။ "ရော့။ အာလို့ပြောပြီး ပါးစပ်ဟလိုက်။"

မြိန်ယှက်ဖွယ်ဟင်းလျာက ရှေ့တည့်တည့်တွင် ရှိနေသဖြင့် နောက်ဆုံးတွင် လီချင်းရန်သည် လက်နက်ချလိုက်ပြီး နှုတ်ခမ်းကိုဟကာ ညင်သာစွာ ကိုက်စားလိုက်သည်။ အရေခွံကနူးညံ့ပြီး အရည်ရွှမ်းသော အသားက အရိုးမှနေ၍ အလွယ်တကူကျွတ်ထွက်သွားကာ ကြွယ်ဝသောအနှစ်များသည် အသားမျှင်တိုင်းထဲသို့ စိမ့်ဝင်နေ၏။ ချိုမြိန်သော်လည်း အရသာရှိပြီး အရသာများ ပေါက်ကွဲထွက်နေလေသည်။

ကြက်သားက သူမျိုချလိုက်သည့် အခိုက်အတန့်တွင် အရည်များအဖြစ် အရည်ပျော်သွားသကဲ့သို့ ဖြစ်နေသည်။ ကုန်သွားပြီးနောက်တွင်ပင် လီချင်းရန်က တံတွေးကို ဆက်တိုက်မျိုချနေမိသည်။

ထို့နောက် ထူးခြားသောအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ စစ်မှန်သောအနှစ်သာရသည် ပြင်းထန်စွာ လှုပ်ရှားလာပြီး လည်ပတ်မှုမှာ သိသိသာသာ မြန်ဆန်လာသည်။

"ဆရာ။ ဒီကိုလာကြက်တောင်ပံတွေက တကယ်ကြီး ဆေးလုံးတွေလိုမျိုး အာနိသင် ရှိနေတာလား။" လီချင်းရန် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ဆေးဘက်ဝင်ဂုဏ်သတ္တိများပါရှိသော အစားအစာကို ဆေးဘက်ဝင်ဟင်းလျာအဖြစ် သတ်မှတ်သည်။ သူ ယခင်က ကြုံဖူးသည့်အရာ ဖြစ်သည်။ သို့သော် ဤမျှအရသာရှိသည့်အရာမျိုးကိုတော့ တစ်ခါမှ မကြုံဖူးပေ။

စကားပုံရှိသည်မဟုတ်ပါလား။ "ဆေးကောင်းလျှင်ခါးသည်"တဲ့။

ဆေးဘက်ဝင်ပါဝင်ပစ္စည်း အများစုမှာ မူလက အရသာမရှိသဖြင့် ၎င်းတို့ကို ဟင်းပွဲကောင်းများအဖြစ် ဖန်တီးရန်မှာ မဖြစ်နိုင်သလောက်ပင်။

လီချင်းရန်သည် နောက်ထပ်တစ်ခုကို ကောက်ယူလိုက်ပြီး ဆရာဖြစ်သူက မည်သည့် ဆေးဘက်ဝင် အပင်များကို အသုံးပြုခဲ့ပြီး ၎င်းတို့၏ခါးသက်မှုကို မည်သို့ဖုံးကွယ်ခဲ့သည်ကို ခွဲခြားသိမြင်နိုင်ရန် ဂရုတစိုက် လေ့လာလိုက်သည်။ သို့သော် အံ့အားသင့်စရာပင် ဆေးဘက်ဝင်အပင်တစ်ပင်မှ မပါဝင်နေပေ။ သာမန် ကြက်သားနှင့် ကိုလာသက်သက်သာဖြစ်ပြီး ကိုလာဆိုသည်မှာ အာဟာရမရှိသော သွားရည်စာသာ ဖြစ်သည်။ ဤပါဝင်ပစ္စည်းများက ဆေးလုံးကဲ့သို့ အာနိသင်များကို မထုတ်လုပ်ပေးနိုင်သင့်ပေ။

"ဒါက... တာအိုပဲ။" ချန်ဟွိုက်အန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ "လူတစ်ယောက်က အချက်အပြုတ်တာအိုကို အထွတ်အထိပ်ရောက်အောင် ကျွမ်းကျင်သွားရင် အစားအစာထဲကို စိတ်ဝိညာဉ် အနှစ်သာရတွေ ထည့်ပေးနိုင်တယ်။ ဘယ်လိုအနှစ်သာရအမျိုးအစားလဲ ဆိုတာကတော့ ပါဝင်ပစ္စည်းတွေရဲ့ သဘာဝနဲ့ ချက်ပြုတ်သူရဲ့ရည်ရွယ်ချက်အပေါ်မှာ မူတည်တယ်။"

"ကြက်သားမှာ နွေးထွေးတဲ့ဂုဏ်သတ္တိတွေ ရှိတယ်။ ဒါကြောင့် ငါက စစ်မှန်တဲ့အနှစ်သာရ စီးဆင်းမှုကို လှုံ့ဆော်ပေးဖို့ အဲဒါကို မြှင့်တင်လိုက်တာ။ ချီစုစည်းဆေးလုံးတွေနဲ့ ဆင်တူပေမယ့် ဘေးထွက်ဆိုးကျိုးတွေ မရှိဘူး။ အလားအလာကို အလွန်အကျွံ ထုတ်ယူသုံးစွဲတာမျိုး မရှိဘူး။ အလွန်အကျွံသုံးလို့ အကျိုးသက်ရောက်မှု ကျဆင်းသွားတာမျိုးလည်း မရှိဘူး။"

"အရမ်း... အရမ်းကို အံ့ဩစရာကောင်းတာပဲ။" လီချင်းရန်သည် ချန်ဟွိုက်အန်ကို ကြယ်လေးများ တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ဆရာ ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။ ဓားပညာမှာ ပြိုင်ဘက်ကင်းတာက တစ်ပိုင်း၊ အခု အချက်အပြုတ်ကနေတစ်ဆင့်ပါ တာအို ဉာဏ်အလင်းပွင့်သွားတာလား။"

တစ်ကြိမ်တစ်ခါမျှတော့ ချန်ဟွိုက်အန်သည် သူ၏ချစ်သူကောင်မလေး၏ ချီးမွမ်းမှုများအတွက် အမှန်တကယ်ကို ဂုဏ်ယူမိသွားသည်။ အရင်က သူ၏ဓားသိုင်းပညာကို လီချင်းရန် ချီးကျူးခဲ့စဉ်က သူသည် လူလိမ်တစ်ယောက်လို ခံစားခဲ့ရသည်။ ပုံရိပ်ယောင်ကောင်မလေးဂိမ်းစနစ်သာ ရှိနေလျှင် မည်သူမဆို အစွမ်းထက်နိုင်သည် မဟုတ်ပါလား

သို့သော် အချက်အပြုတ်ကတော့ ကွာခြားသည်။ ဤကျွမ်းကျင်မှုကိုရရှိရန် သူက တစ်ခဏတာအိပ်မက် အထဲတွင် အမှန်တကယ် နှစ်တစ်ရာတိုင်တိုင် ဒုက္ခခံခဲ့ရခြင်း ဖြစ်သည်။

"ဘိုးဘေးကြီး။ ဂိုဏ်းချုပ်။ အထဲမှာ ရှိကြလား။"

စုချီနျန်၏ အပူတပြင်းအော်ဟစ်သံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ "ဆိုးရွားတဲ့ကိစ္စကြီး ဖြစ်ပြီ။"

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မိစ္ဆာများတိုက်ခိုက်ခြင်းဖြစ်မည်ကို စိုးရိမ်ကာ မြေပုံပေါ်ရှိ အနီရောင်အစက်များကို ချက်ချင်း စစ်ဆေးလိုက်သည်။ သို့သော်လည်း တစ်ခုမှ မတွေ့ရပေ။

ဒါဆို ဘာအရေးပေါ်ကိစ္စများ ဖြစ်နိုင်မလဲ။

တံခါးကိုဖွင့်လိုက်ရာ သူ၏အမြင်အာရုံများ မှောင်မိုက်သွားလေ၏။ အပြင်ဘက်ရှိ မြေကွက်လပ် သေးသေးလေးမှာ လရိပ်ဂိုဏ်းတပည့်များဖြင့် ပြည့်ကျပ်နေသည်။ ရှေ့ဆုံးတွင်မူ ပင်ပန်းနွမ်းနယ်နေပုံရသော စုချီနျန် ရပ်နေ၏။

"ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ။"

ချန်ဟွိုက်အန်က စုချီနျန်ကို စူးစိုက်ကြည့်လိုက်သည်။

"ဘိုးဘေးကြီး၊ မြန်မြန်လုပ်။"

စုချီနျန်သည် တွန့်လိမ်နေသော လက်တစ်ဖက်ကို ဆန့်တန်းကာ သနားစရာကောင်းလောက်အောင် တောင်းပန်နေသည်။ "ကျွန်တော့်ကို တစ်လုတ်လောက်ပဲဖြစ်ဖြစ် စားခွင့်ပြုပါ။ ကျွန်တော် ဒီမှာ တကယ်ကြီး ငတ်သေပါတော့မယ်။"

ချန်ဟွိုက်အန် - "..."

"ထွက်သွားစမ်း။"

ထိုညတွင် လစောင်းကြယ်သုံးပွင့်လိုဏ်ဂူသို့ ပြန်လာမည်ဟု အကြိမ်ကြိမ်ကတိပေးပြီးမှသာ လီချင်းရန်က ချန်ဟွိုက်အန်ကို နောက်ဆုံးတွင် လွှတ်ပေးလိုက်သည်။ ချစ်သူရည်းစားများ ဖြစ်သွားခြင်းက အရာအားလုံးကို သေချာပေါက် ပြောင်းလဲသွားစေသည်။ ယခင်က သူ့ကို တိတ်တဆိတ် တွယ်ကပ်တတ်ခဲ့ရာမှ ယခုတွင်တော့ ပေါ်တင်ကို တွယ်ကပ်နေတော့သည်။

သူက ချန်ဟွိုက်အန်ကို တစ်နေ့တွင် (၂၄)နာရီလုံးလုံး ချည်နှောင်ထားချင်နေပုံပေါက်နေသည်။

ထို့အပြင် သူက မကြာသေးမီက လင်းတိုင်ယွီ၏ ဇာတ်နာတတ်သော အကျင့်များကို အတုယူထားသဖြင့် ချန်ဟွိုက်အန်ကို အမြဲပင် ခေါင်းကိုက်စေသည်။

ချန်ဟွိုက်အန်က ဗီအာဦးထုပ်ကို ချွတ်လိုက်သည့်အခိုက်အတန့်တွင် ဖုန်းမျက်မှာပြင်မှ ဂိမ်းအသိပေးချက်များဖြင့် လင်းလက်လာသည်။

[အစာကျွေးခြင်း ပြီးဆုံးပါပြ။]

[သင့်ပုံရိပ်ယောင်ကောင်မလေး၏ ချစ်မြတ်နိုးမှု +၅၀]

[လက်ရှိချစ်မြတ်နိုးမှု - ♡♡♡♥၂၀ ( ဟင်းလင်းပြင်ထဲခရီးနှင်ခြင်းး အကြိမ်ရေ - တစ်)]

[ချစ်မြတ်နိုးမှု သတ်မှတ်ချက် ပြည့်မီပါပြီ။ အကြွင်းမဲ့ရုပ်ပိုင်းဆိုင်ရာအာရုံခံစားမှု ပွင့်သွားပါပြီ။ ပိုမိုသော အာရုံခံစားမှုများကိုဖွင့်ရန်အတွက် ချစ်မြတ်နိုးမှုကို ဆက်လက်တိုးမြှင့်ပါ]

[ပုံရိပ်ယောင်ကောင်မလေး မှတ်တမ်း]

၂၁:၀၀ - ဆရာက ဒီည ငါနဲ့အတူလာအိပ်မယ်တဲ့။ ပျော်လိုက်တာ။

ရေမချိုးတာတောင် နည်းနည်းကြာနေပြီ။ ငါ့ဆီက အနံ့မထွက်ဘူးဆိုပေမယ့် မိုရှုမိန် အကြံပေးထားတဲ့ ပန်းတစ်ရာလိမ်းဆေးကို စမ်းသုံးကြည့်ရင် ကောင်းမလား။ အဲဒါက ပိုမွှေးစေပြီး တာအိုလက်တွဲဖော်တွေကြားက ရင်းနှီးမှုကို တိုးစေတယ်တဲ့။ ဟီးဟီး။

ဆရာ့အကြောင်းကို အကြိမ်ပေါင်း ၄သန်း ၅သိန်း ၈သောင်း ၇ထောင် ၂ရာ ၃ဆယ် ၁ကြိမ် တွေးမိသည်။

————————

ချန်ဟွိုက်အန် ကြက်သီးထသွား၏။

ဘုရားရေ။

သူတို့တွေ ဒီဂိမ်းကို နာမည်ပြောင်းသင့်တယ်။

"ငါ့ရဲ့ ပုံရိပ်ယောင်ကဝေမချစ်သူ"လို့သာ ခေါ်လိုက်ပါတော့။

လက်အာရုံခံစားမှုတွေရတာတောင် တော်တော်လေး ပြင်းထန်နေပြီ။ အခု ခေါင်းကလွဲပြီး တစ်ကိုယ်လုံး အာရုံခံစားမှုတွေကို ဖွင့်ပေးလိုက်တာလား။ နောက်ဆို ဘာလာဦးမလဲ။။

နေပါဦး...

တစ်ကိုယ်လုံးတော့ လုံးဝမဟုတ်ဘူး။

ပြောရရင်တော့ ခေါင်းနှစ်လုံးကလွဲရင် ကျန်တဲ့နေရာအကုန်ပေါ့။

...

လေယာဉ်အခန်းထဲမှ ထွက်လာသောအခါ ချန်ဟွိုက်အန်က အပြင်ဘက်တွင် စောင့်နေသော ဝမ်ရှိုယီကို တွေ့လိုက်ရသည်။

"စီနီယာ၊ ကျွန်တော်တို့ လေဝိညာဉ်ဂိုဏ်းကို ရောက်ပါပြီ။"

ဝမ်ရှိုယီသည် အဝေးမှတောင်တန်းကို မှုန်ကုပ်ကုပ်မျက်နှာဖြင့် စိုက်ကြည့်နေသည်။

"စီနီယာ။ လေဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်ပြီး စီနီယာဘယ်လိုထင်လဲ။"

ချန်ဟွိုက်အန်က ခဏတာ စဉ်းစားလိုက်သည်။ "ငါက... ထိုင်ရင်းနဲ့ပဲ ကြည့်မှာပေါ့။"

"ကျွန်တော်ဆိုလိုတာ အဲဒါမျိုး မဟုတ်ဘူး။" ဝမ်ရှိုယီ သက်ပြင်းချလိုက်သည်။ "ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ ယှဉ်ပြိုင်ပွဲတုန်းက စီနီယာ မြင်ခဲ့တယ်မလား။ လေဝိညာဉ်ဂိုဏ်းက အစွမ်းထက်ရုံတင် မကဘူး။ သေနတ်တွေကို အဆင့်မြှင့်ထားတယ်။ ပြီးတော့ မဟာမိုးကြိုးကျောင်းတော်ရဲ့ ပါးစပ်ထဲကနေတောင် ရတနာတွေကို လုယူရဲသေးတယ်... အရှင်မရဲ့အမိန့်က သူတို့ဂိုဏ်းချုပ်ကို ခွန်းလွန်အင်မော်တယ်နန်းတော်ဆီ ဧည့်သည်အဖြစ် ဖိတ်ခေါ်ဖို့လေ။"

သူက ရပ်တန့်လိုက်ပြီး အမူအရာ ပိုမိုလေးနက်လာသည်။

"စီနီယာ... ကျွန်တော်တို့ရဲ့တာဝန်က အတော်လေး စိန်ခေါ်မှု ကြီးမားပါတယ်။"

ချန်ဟွိုက်အန်၏နှုတ်ခမ်းများ တွန့်သွား၏။

စိန်ခေါ်မှု ကြီးမားတယ် ဟုတ်လား။

"စီနီယာ။ အမှန်အတိုင်းပြောရရင် အရင်တစ်ခေါက် လေဝိညာဉ်ဂိုဏ်းမှာတုန်းက ကျွန်တော် အသေအလဲ အရိုက်ခံခဲ့ရတာ။ သူတို့ဂိုဏ်းချုပ်က ဘီလူးကြီးပဲ။ ကျွန်တော် ပြန်တောင်မခုခံနိုင်ခဲ့ဘူး။"

ဝမ်ရှိုယီ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ လင်းလက်သွားသည်။

ချန်ဟွိုက်အန်က ဂရုမစိုက်သည့်ပုံစံဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

"သွားကြစို့။ ရှောင်ဝမ်။ ငါ မင်းကို ခေါ်သွားပေးမယ်။"

သူက လေဝိညာဉ်ဂိုဏ်း၏ဂိတ်တံခါးများဆီသို့ ယုံကြည်မှုရှိရှိဖြင့် ခြေလှမ်းကျဲကျဲ လျှောက်သွား၏။

"စီနီယာ၊ စီနီယာ..."

ဝမ်ရှိုယီက ချန်ဟွိုက်အန် ထွက်သွားသော ကျောပြင်ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

သူ နားမလည်နိုင်အောင် ဖြစ်နေ၏။

လေဝိညာဉ်ဂိုဏ်း၏ အန္တရာယ်များကို သူ ရှင်းပြခဲ့သော်လည်း...

စီနီယာသည် လုံးဝ စိုးရိမ်ပူပန်ပုံမပေါ်ဘဲ ရန်သူဂိုဏ်းသို့ လည်ပတ်နေသည်ဟု မခံစားရလောက်အောင် ပေါ့ပေါ့ပါးပါး ရွေ့လျားသွားသည်။

၎င်းမှာ...

အိမ်ပြန်လာနေသလိုမျိုးပင်။

…

အခန်း(၄၉၄) နတ်ဘုရားခန္ဓာမာကြောအတတ်

"ခွန်းလွန်အင်မော်တယ်နန်းတော်က ဒီသခင်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်တာလား။"

လေဝိညာဉ်ဂိုဏ်း၏ခန်းမဆောင်ကြီး အလယ်ဗဟိုတွင်။

ကျန်းယိပိုင်သည် တိမ်တိုက်ပုံစံကွက်များပါရှိသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ရင်ဘတ်ကိုဟထားကာ အမူအရာမှာ အေးစက်နေသည်။ သူ၏ မားမားမတ်မတ်ရှိသော ခန္ဓာကိုယ်ကြီးသည် အနက်ရောင်သံပလ္လင်ပေါ်တွင် ခန့်ညားစွာထိုင်နေပြီး ဒူးပေါ်တွင် တင်ထားသော လက်ချောင်းများမှာ အနည်းငယ် ကွေးနေကာ လက်ဖမိုးပေါ်ရှိ သွေးကြောများက တုန်ခါနေသည်။ မှိန်ပျပျအလင်းရောင်အောက်တွင် သူ၏အရိပ်သည် ကြမ်းပြင်ပေါ်သို့ ရှည်ထွက်သွားပြီး ဝမ်ရှိုယီနှင့် ချန်ဟွိုက်အန်တို့ကို လွှမ်းခြုံသွားသည်။

ဝမ်ရှိုယီက စတင် တုန်ယင်နေပြီဖြစ်သည်။

အထူးသဖြင့် ထိုအဘိုးကြီး၏ အကြည့်များက အခုလေးတင် သွေးထားသော ဓားနှစ်လက်ကဲ့သို့ အောက်သို့စူးစိုက်ကြည့်လာသောအခါတွင် ဖြစ်သည်။

သူ ချန်ဟွိုက်အန်ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်ရာ လုံးဝတည်ငြိမ်နေသည်ကိုသာ တွေ့လိုက်ရ၏။

နေပါဦး။ ဒီလောက်ကြောက်စရာကောင်းတဲ့ မိစ္ဆာအဘိုးကြီးကို ရင်ဆိုင်နေရတာတောင် စီနီယာက ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေနိုင်ရတာလဲ။

လခွမ်းတဲ့မှ။ ဒါက မျိုးဆက်ဟောင်းတွေရဲ့တည်ငြိမ်မှုလား။။

ထိုက်ဆန်းတောင်ကြီး ငါ့ရှေ့မှာပြိုကျလာရင်တောင် မတုန်လှုပ်ဘဲနေနိုင်တဲ့အဆင့်ကို ဘယ်တော့များမှ ရောက်မှာလဲ။

"မှန်တယ်။ အဘိုးကြီး။" ချန်ဟွိုက်အန်သည် ကျန်းယိပိုင်၏ ကြမ်းတမ်းသော အကြည့်ကို အေးစက်သောအပြုံးဖြင့် ရင်ဆိုင်လိုက်သည်။ "အရှင်မကို အရိုအသေပေးဖို့ ခွန်းလွန်အင်မော်တယ်နန်းတော်ကို ဖိတ်ကြားခံရတာက ဘဝပေါင်းသောင်းချီပြီးစုဆောင်းရလာတဲ့ ကံကောင်းမှုပဲ။"

ဤစကားများ ပြောပြီးသွားသောအခါ။

ကျန်းယိပိုင်က မည်သည့်တုံ့ပြန်မှုမျှ မပြပေ။

သို့သော် ဝမ်ရှိုယီ၏ခြေထောက်များမှာ သိသာစွာ တုန်ယင်နေ၏။

သွားပြီ။

လုံးဝသွားပြီ။

ဒါက ရန်ပွဲစတော့မှာ မဟုတ်ဘူးလား။။

သို့သော် သူသည် ယခုအချိန်တွင် ချန်ဟွိုက်အန်ကို သတိမပေးနိုင်သဖြင့် သူ၏ကြောက်ရွံ့မှုကိုဖိနှိပ်ကာ ရှေ့သို့ ဝင်ရပ်လိုက်ရုံသာ တတ်နိုင်တော့သည်။

ဒီအဘိုးကြီးကသာ စီနီယာကို အန္တရာယ်ပြုချင်တယ်ဆိုရင် သူက ဝမ်ရှိုယီရဲ့အလောင်းကို အရင် ကျော်သွားရလိမ့်မယ်။

မျက်လုံးများကိုမှိတ်ကာ ဝမ်ရှိုယီက လာမည့်မုန်တိုင်းအတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်သည်။

သို့သော်လည်း...

"ဟားဟားဟားဟားဟား။ ရယ်စရာပဲ။ တကယ်ကို ရယ်စရာကောင်းလိုက်တာ။"

နားကွဲမတတ်ရယ်မောသံကြီး ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး တုန်ခါသွား၏။

"ဒီအဘိုးကြီးကို ဒီလိုမျိုး ရဲရဲတင်းတင်းစကားပြောရဲတဲ့သူမရှိတာ နှစ်တွေအများကြီးတောင် ကြာခဲ့ပြီ။ ကောင်းပြီလေ။ ခွန်းလွန်အင်မော်တယ်နန်းတော်ကို သွားလည်တော့ရော ဘာအန္တရာယ်ရှိမှာမို့လို့လဲ။။"

"ဟမ်။" ဝမ်ရှိုယီက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

နေပါဦး။ ဘာကြီးလဲ။

သူ သဘောတူလိုက်တာလား။

စီနီယာ့ရဲ့စကားတွေက ရန်စနေတာ သိသာကြီးကို။

လရိပ်ဂိုဏ်းကို ခွန်းလွန်အင်မော်တယ်နန်းတော်အောက် လက်အောက်ခံဖို့ ငါ အကြံပြုတုန်းကတော့ ဒီအဘိုးကြီးက ငါ့ကို တစ်ညလုံး သတိလစ်တဲ့အထိ ရိုက်နှက်ခဲ့တာလေ။

အခု စီနီယ က သူ့နှာခေါင်းကို တည့်တည့်ထိုးပြီး စော်ကားနေတာတောင် ဒေါသမထွက်တဲ့အပြင် သွားလည်ဖို့ပါ သဘောတူလိုက်သေးတယ်။

အရင်တုန်းက ငါ ဘယ်နေရာမှာ မှားသွားခဲ့တာလဲ။

"အဘိုးကြီး။ မင်းက ပညာရှိတဲ့ရွေးချယ်မှု လုပ်လိုက်တာပဲ။ အခုအချိန်ကလွဲပြီး တခြားအချိန်မရှိဘူး။ ချက်ချင်း ထွက်ခွာကြမယ်။"

ချန်ဟွိုက်အန်က သူ၏နှုတ်ခမ်းများကို အထင်သေးစွာ တွန့်ကွေးလိုက်ပြီး သူ၏ မာနထောင်လွှားသော အမူအရာက ဝမ်ရှိုယီကို လုံးဝမှင်တက်သွားစေကာ ခွန်းလွန်အင်မော်တယ်နန်းတော်၏ ဩဇာအာဏာ ဖွဲ့စည်းပုံထဲသို့ အပြည့်အဝ ဝင်ရောက်သွားသည့်အလား ဖြစ်နေသည်။

ဒီစကားကလည်း ခုနတုန်းကလို ရန်စနေတာပဲ။

သို့သော် ဝမ်ရှိုယီမှာ ကိုယ်ခံအားရလာပြီ ဖြစ်သည်။ သူက ဒေါသထွက်သည့်အရိပ်အယောင် မပြသေးသော ကျန်းယိပိုင်ကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

"ကောင်းပြီလေ။ ငါ့တပည့်တွေကို အရင် အသိပေးလိုကမယ်။ မင်းတို့ လှေပျံမှာ သွားစောင့်နေလို့ရပြီ။"

...

ချန်ဟွိုက်အန်နှင့် ဝမ်ရှိုယီတို့သည် လှေပျံဆီသို့ ပြန်လာခဲ့ကြသည်။

ဝမ်ရှိုယီ၏အမူအရာမှာ ရှုပ်ထွေးနေ၏။

လေဝိညာဉ်ဂိုဏ်းဂိုဏ်းချုပ်ကို ဖိတ်ခေါ်ဖို့ဆိုရင် တော်တော်လေး... ဖျောင်းဖျရမယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ စီနီယာက စကားနှစ်ခွန်းတည်းနဲ့ ပြီးပြည့်စုံအောင် ဖြေရှင်းသွားခဲ့တယ်။

လောကကြီးက စီနီယာ့ကို ဗဟိုပြုပြီးတော့များ လည်ပတ်နေတာလား။

"စီနီယာ၊ လေဝိညာဉ်ဂိုဏ်းဂိုဏ်းချုပ်က ဒီလောက်တောင် အလွယ်တကူ သဘောတူလိုက်တာ... ဒါက ထောင်ချောက်များ ဖြစ်နေမလား။"

ဝမ်ရှိုယီသည် အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ ဂိုဏ်းချုပ်၏တုံ့ပြန်မှုက အရမ်းကို ထူးဆန်းနေပြီး နောက်ကွယ်တွင် ရည်ရွယ်ချက်များရှိနေမည်ဟု သူ့ကို သံသယဝင်လာစေသည်။

"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။။"

တောင်ထိပ်မှ မိုးခြိမ်းသံကဲ့သို့ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

"ဒီအဘိုးကြီးက ပွင့်လင်းမြင်သာပြီး ဂုဏ်သိက္ခာရှိရှိပြုမူတဲ့သူကွ။ ငါက ဘာရည်ရွယ်ချက်ဆိုးတွေများ ရှိနိုင်မှာမို့လို့လဲ။"

ဝုန်း။

လှေပျံတစ်စင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ဟန်ချက်ပြန်ထိန်းလိုက်ပြီးနောက်တွင် ဝမ်ရှိုယီသည် ကုန်းပတ်ပေါ်တွင် ဖောက်ထွင်းသွားသော အပေါက်နှစ်ပေါက်ကို မြင်လိုက်ရပြီးနောက် ထိုအပေါက်များကြားတွင် သံမျှော်စင်ကြီးကဲ့သို့သော အဘိုးကြီး ရပ်နေသည်။

ယခုအခါ အနက်ရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူလက်တစ်ဖက်စီတွင် သေတ္တာကြီးနှစ်လုံးကို သယ်ဆောင်ထား၏။ လက်ဆောင်များ ဖြစ်ဟန်တူသည်။

သူ၏ဒေါသတကြီးအမူအရာကို ကြည့်ရလျှင် ထိုလက်ဆောင်များသာမပါပါက ထိုလက်သီးဆုပ်အရွယ် လက်ကြီးများက မိမိ၏မျက်နှာကို ထိုးကြိတ်ပစ်မည်ကို ဝမ်ရှိုယီ သံသယမရှိပေ။

ဒါပေမဲ့ ငါက ဘာမှကြီးကြီးမားမားမှ မပြောရသေးဘူးလေ...

နည်းနည်းလေးတောင် သံသယဝင်ခွင့်မရှိဘူးလား။။

ဆက်ဆံခံရပုံက ဘာလို့ ဒီလောက်တောင်ကွာခြားနေရတာလဲ။။

စကားတစ်ခွန်းတည်းကပင် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ယုံကြည်သွားကာ ဝမ်ရှိုယီသည် တိတ်ဆိတ်သွားပြီးတစ်ကိုယ်တည်း မှုန်ကုပ်ကုပ်ဖြစ်နေကာ ထောင့်တစ်နေရာသို့ ဆုတ်ခွာသွားလေသည်။

...

ထိုအချိန် ခွန်းလွန်အင်မော်တယ်နန်းတော်၌။

"အရှင်မ။ အကြီးအကဲတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်။"

ကန့်လန့်ကာအနောက်တွင် မျက်နှာလိမ်းခရင်မ်လိမ်းနေသော သူတော်စင်ဟွာကျင်းသည် ခဏတာ ရပ်တန့်သွားသည်။ "အဓိကတပည့်တွေ အများကြီး ဆုံးရှုံးသွားတာကို ငါတို့ရဲ့အကြီးအကဲတွေက ကျန်နေတဲ့ တပည့်တွေကို နှစ်သိမ့်ပေးနေရမှာ မဟုတ်ဘူးလား။ ဘာကိစ္စများရှိလို့ ဒီကိုရောက်လာရတာလဲ။"

"အကြီးအကဲ ဝမ်က တန်ဖိုးရှိတဲ့အရာတစ်ခု ဆက်သစရာရှိတယ်လို့ ပြောပါတယ်။"

တန်ဖိုးရှိတဲ့ အရာတစ်ခု ဟုတ်လား။

ဟွာကျင်း တိတ်ဆိတ်သွားသည်။

သူက မိမိ၏ဝတ်စုံကို တစ်ချက်ကြည့်လိုက်သည်။ ဖယောင်းတိုင်အလင်းရောင်တွင် အချိုးအစား ကျနလှပသော ခန္ဓာကိုယ်ကောက်ကြောင်းများကို ရှင်းလင်းစွာ ဖော်ပြနေသည့် ဖောက်ထွင်းမြင်နိုင်လုနီးပါး ပိတ်ပါးစဖြစ်ပြီး သူ၏ ချောမွေ့နူးညံ့သောအသားအရေကို မနည်းဖုံးကွယ်ထားရသည်။

"ဒုက္ခပဲ။"

တီးတိုးရေရွတ်ရင်းနှင့် ကန့်လန့်ကာအပြင်ဘက်ရှိ တပည့်အား သူ ပြောလိုက်သည်။

"အကြီးအကဲဝမ်ကို စောင့်ခိုင်းလိုက်ပါ။ ငါ အဝတ်လဲဖို့ လိုသေးတယ်။"

"ဟုတ်ကဲ့ပါ။" တပည့်က ခဏတာ တွန့်ဆုတ်သွားပြီးနောက် နာခံစွာ ဆုတ်ခွာသွားသည်။

...

သူတော်စင်ဟွာကျင်းသည် အဓိကခန်းမကြီး၏ အရှေ့ခန်းဆောင်သို့ ရောက်လာသောအခါ သူသည် ဂုဏ်သိက္ခာရှိသောဝတ်ရုံများကို ဝတ်ဆင်ထားပြီး တိုက်ရိုက်ကြည့်ရှုရန်ပင် လက်တွန့်သွားစေသော ကြယ်များကဲ့သို့ အေးစက်သည့် မျက်လုံးများကိုသာ ဖော်ပြထားသည့် မျက်နှာလွှားတစ်ခုကို ဝတ်ဆင်ထားသည်။

အကြီးအကဲဝမ်က တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့သွားသည်။

အရှင်မသည် အမြဲတမ်းလိုလို ခပ်တန်းတန်းနေပြီး ချဉ်းကပ်ရန် ခက်ခဲနေဆဲပင်။

ဒါပေမဲ့... ငါ့ရဲ့ စိတ်ကူးယဉ်မှုများ ဖြစ်နေတာလား။

ဒီနေ့ သူက အိမ်ထောင်သည်အမျိုးသမီးတွေမှာ ပုံမှန်တွေ့ရလေ့ရှိတဲ့ ဖော်ပြလို့မရနိုင်တဲ့ ဆွဲဆောင်မှု တစ်ခုကို သယ်ဆောင်ထားသလိုပဲ။ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးလို လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲက နွေးထွေးမှုကို လှုပ်နှိုးပေးနေတယ်။

ဤအတွေးက အကြီးအကဲဝမ် ကိုယ်တိုင်ကိုပင် လန့်သွားစေ၏။

သူက ယုတ်မာသောအတွေးများအတွက် အတွင်းစိတ်မှ ပြန်ကျိန်ဆဲလိုက်သည်။

အရှင်မအပေါ် ဒီလိုအတွေးမျိုး တွေးရဲတာ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ...

ငါ့ရဲ့အလေ့အကျင့်တွေ ကျဆင်းလာတာ သိသာနေတယ်။

ဒါပြီးတာနဲ့ ငါ ချက်ချင်းပဲ တံခါးပိတ် ကျင့်ကြံတော့မယ်။

"အကြီးအကဲဝမ်။ ရှင့်မှာ ဘာတန်ဖိုးရှိတဲ့အရာ ဆက်သစရာရှိလို့လဲ။"

ဟွာကျင်း၏ ပျင်းရိစွာမှီချထားမှုနှင့် နွမ်းနယ်နေသောလေသံတို့က သူ၏စကားများမှတစ်ဆင့် ပေါ်လွင်နေသည်။

"အရှင်မ။ ကျွန်တော် အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို မရခဲ့ပေမယ့် အဲဒီအစား ဒါကိုယူလာခဲ့ပါတယ်။"

အကြီးအကဲဝမ်သည် လက်စွဲစာအုပ်တစ်အုပ်ကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။

ဟွာကျင်းက ၎င်းကို လှန်လှောကြည့်လိုက်ရာ မျက်မှောင်များကြုတ်သွားသည်။

"နတ်ဘုရာခန္ဓာမာကြောအတတ်"ဟုတ်လား။ ဘာအဓိပ္ပာယ်မရှိတာကြီးလဲ...

ဒါက ရုပ်ပိုင်းဆိုင်ရ ကျင့်ကြံခြင်းလက်စွဲစာအုပ်တစ်ခုလိုမျိုးပဲ။

ဒါပေမဲ့ ဒီနာမည်က တကယ်ကြီးလား။

လုံးဝကို သာမန်နာမည်ကြီးပဲ။

ဒါကို ဘယ်လိုများ တန်ဖိုးရှိတယ်လို့သတ်မှတ်နိုင်မှာလဲ။

"အကြီးအကဲဝမ်..." ဟွာကျင်း၏အကြည့်များ အေးစက်သွား၏။ "ခွန်းလွန်အင်မော်တယ်နန်းတော်မှာ အကြီးအကဲရာထူးတွေက အကန့်အသတ် ရှိတယ်နော်။ ရှင်က ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ခံစားရရင် ပိုငယ်ရွယ်တဲ့ပါရမီရှင်တွေကို ခန့်အပ်လို့ရတယ်။ ဝမ်ရှိုယီက အလားအလာ ရှိနေတယ်။ သဘောမတူဘူးလား။"

အကြီးအကဲဝမ်က အလန့်တကြား ခုန်ထွက်လုနီးပါး ဖြစ်သွားသည်။

အရှင်မက မကျေနပ်ဖြစ်နေသည်မှာ သိသာလှပေသည်။

သူက အလျင်အမြန် ရှင်းပြလိုက်သည်။

"အရှင်မ။ နာမည်ကအကြမ်းထည်ပေမယ့် ဒီလက်စွဲစာအုပ်ထဲမှာ စစ်မှန်တဲ့အတတ်တွေ ပါဝင်ပါတယ်။ ပြီးတော့ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ကျွန်တော် ရှုံးသွားတာကလည်း ဒီလက်စွဲစာအုပ်ကို ဖန်တီးတဲ့သူဆီမှာပါ။"

၎င်းက ဟွာကျင်း၏စိတ်ဝင်စားမှုကို ဆွပေးလိုက်သည်။

လက်စွဲစာအုပ်ကို သူ စစ်ဆေးကြည့်ရှုမှုမှာ ပိုမို၍ လေးနက်လာသည်။

ခုနက သူ အပေါ်ယံသာ ကြည့်ခဲ့သဖြင့် ၎င်းတွင် ရေးထားသည်များကို မသိခဲ့ပေ။ သို့သော် ၎င်း၏ ဖန်တီးရှင်က ပေါင်းစည်းခြင်းအဆင့်တွင်ရှိနေသော အကြီးအကဲဝမ်ကို အနိုင်ယူနိုင်ခဲ့သည်ဆိုပါက ၎င်းသည် သင့်လျော်သောအာရုံစိုက်မှုပေးရန် ထိုက်တန်ပေသည်။

"ဒီလူရဲ့နာမည်ကို ရှင် သိလား။"

"အရှင်မ။" ဟွာကျင်း၏ စိတ်အခြေအနေ ပိုမိုကောင်းမွန်လာသည်ကို မြင်သောအခါ အကြီးအကဲဝမ် အနည်းငယ် စိတ်အေးသွားသည်။ "သူ့ကိုယ်သူ ကျန်းယိပိုင်လို့ ခေါ်ပြီးတော့ လေဝိညာဉ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်လို့ ပြောပါတယ်။"

All Chapters