အခန်း (၄၉၅-၄၉၆)
Vol. 50 Ch. 495-496
အခန်း(၄၉၅) စားသောက်ပွဲမှပြဇာတ်
ကိုက်ညီနေ၏။
ဟွာကျင်းက မျက်လုံးများကို ကျဉ်းလိုက်ပြီး "နတ်ဘုရားခန္ဓာမာကြောအတတ်"ကို သေချာလေ့လာရန် ဖွင့်လိုက်သည်။ အစပိုင်းတွင် သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း ဆက်ဖတ်လေလေ သူက ပိုမို၍ အံ့ဩလာလေလေ ဖြစ်သည်။
စာအုပ်၏အစပိုင်းမှာ သာမန်မျှသာဖြစ်ပြီး အခြေခံကျင့်ကြံခြင်းနည်းလမ်းများ၊ ချီကို ခန္ဓာကိုယ်ထဲသို့ မည်သို့ပို့ဆောင်ရမည်၊ သွေးကြောများကို မည်သို့ရှင်းလင်းရမည်၊ ခန္ဓာကိုယ်ကိုသန်မာစေရန် ချီကို မည်သို့ အသုံးပြုရမည် စသည်တို့ကို ဆွေးနွေးထားကာ သာမန်အတတ်များနှင့် မကွာခြားပေ။
သို့သော်လည်း စာမျက်နှာများကို ဆက်လက် လှန်ကြည့်လိုက်သောအခါ လက်စွဲစာအုပ်၏ အထွေထွေ အခြေခံမူများ၏ စာကြောင်းများကြားတွင် ဖုံးကွယ်နေသောနက်ရှိုင်းမှုကို ဟွာကျင်း တွေ့ရှိလိုက်သည်။
"ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်က ပြင်ပစွမ်းအားတွေအပေါ် မမှီခိုဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်အခြေခံ အပေါ်မှာပဲ မူတည်တယ်၊" သူ တီးတိုးရေရွတ်လိုက်သည်။ "အနှစ်သာရသုံးခု ပေါင်းစည်းပြီးတော့ အမြစ်ကို ဦးစားပေးတယ်။ အားလုံးက ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်ကို ကျင့်ကြံခြင်းအခြေခံအဖြစ် သတ်မှတ်ကြပေမယ့် အကြီးမားဆုံးစွမ်းအင်အရင်းအမြစ်က ကိုယ့်ကိုယ်တွင်းမှာ ရှိတယ်ဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး။"
ဟွာကျင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤသီအိုရီက သမားရိုးကျကျင့်ကြံခြင်းများနှင့် ဆန့်ကျင်နေသော်လည်း အကျိုးမရှိသည်တော့ မဟုတ်ပေ။
ဆက်လက်ဖတ်ရှုရာ စာအုပ်တွင် ဖော်ပြထားသည်။ "အရာခပ်သိမ်းရဲ့ တာအိုဟာ ကြီးထွားခြင်းနဲ့ ဆုတ်ယုတ်ခြင်း၊ အသက်ရှင်ခြင်းနဲ့သေဆုံးခြင်း သံသရာတွေနောက်ကို လိုက်နေတယ်။ တိုးတက်မှုလို့ ငါတို့ ခေါ်တဲ့အရာက ကိုယ့်ကိုယ်ကိုယ် အကျိုးရှိဖို့အတွက် တခြားသူတွေဆီကနေယူတာ သက်သက်ပဲ။"
သူ၏လက်ချောင်းထိပ်များ အနည်းငယ် တုန်ယင်သွား၏။
ဤစာပိုဒ်သည် ကျင့်ကြံခြင်းဒဿနကို အပေါ်ယံမျှသာ ဆွေးနွေးထားသော်လည်း တကယ်တမ်းတွင် မိမိ၏အကျိုးအတွက် အခြားသူများ၏ အသက်စွမ်းအင်ကိုစုပ်ယူပြီး သန့်စင်ခြင်းကို ရည်ညွှန်းနေသည်။
ဆက်လက်၍ နည်းစနစ်တွင် "ပဲ့တင်ထပ်ခြင်းနည်းလမ်းများ"ကို ဖော်ပြထားသည်။ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်ချီစွမ်းအင်နှင့် သဟဇာတဖြစ်ခြင်းအကြောင်းကို အပေါ်ယံ ဖော်ပြထားသော်လည်း တကယ်တမ်းတွင် မိမိ၏ချီကို အသုံးပြု၍ အခြားသူများ၏ ကျင့်ကြံခြင်းကို မည်သို့နှောင့်ယှက်ပြီး သူတို့ကို မသိမသာ စွမ်းအားဆုံးရှုံးစေရန် မည်သို့လုပ်ဆောင်ရမည်ဆိုသည့်အကြောင်း ဖြစ်သည်။
"ချီပဲ့တင်ထပ်ခြင်းနဲ့ ပုံသဏ္ဌာန်-ဝိညာဉ် သဟဇာတဖြစ်ခြင်းတို့ကတစ်ဆင့် တခြားသူတွေရဲ့ခွန်အားကို ကိုယ့်ခွန်အားအဖြစ် ပြောင်းလဲနိုင်တယ်။ ကျင့်ကြံခြင်းဆိုတာ တစ်ကိုယ်တော် ပြီးပြည့်စုံအောင် လုပ်တာမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ တခြားသူရဲ့ အနှစ်သာရတစ်စိတ်တစ်ပိုင်းကို ယူလိုက်တာက ကိုယ့်ကိုယ်ကိုယ် ဆယ်ဆ တိုးတက်စေနိုင်တယ်။"
နားလည်ရခက်အောင် ရေးသားထားသော်လည်း ရက်စက်သောသဘာဝက သိသာထင်ရှားနေပြီ ဖြစ်သည်။
ဟွာကျင်း၏နဖူးတွင် ချွေးအေးများ ပေါ်လာ၏။ စာအုပ်တွင် အနှစ်သာ-စုပ်ယူသည့် အတတ်များကို သာမန်ခန္ဓာကိုယ်သန်မာစေသည့် နည်းလမ်းများအတွင်း မည်သို့ဖုံးကွယ်ရမည်ကို အသေးစိတ်ဖော်ပြထားပြီး ၎င်းတို့ကို သန့်စင်ခံရသည့်ပစ်မှတ်များသည် သူတို့၏အနှစ်သာရများ တဖြည်းဖြည်း စုပ်ယူခံနေရသည်ကိုပင် သိရှိနိုင်မည် မဟုတ်ပေ။
"မဟာတာအိုက ရိုးရှင်းပါတယ်။ စွမ်းအင်ပြောင်းလဲခြင်း သက်သက်ပါပဲ။ မှန်ကန်ခြင်းနဲ့ ဆိုးယုတ်ခြင်း ဆိုတဲ့ ကွဲပြားမှုက ရှုထောင့်အပေါ်မှာပဲ မူတည်တယ်။"
ဤစာပိုဒ်က ယုတ်မာသောအဓိပ္ပာယ်များဖြင့် ပြည့်နှက်နေ၏။
ကံကောင်းထောက်မစွာပင် လက်စွဲစာအုပ်၏ အလုံးစုံချဉ်းကပ်မှုသည် ဖြောင့်မတ်မှန်ကန်မှုဘက်သို့ ယိမ်းယိုင်နေဆဲဖြစ်သည်။ သန့်စင်ခံရမည့်နှင့် ချေးငှားခံရမည့် "အခြားသူများ"ဆိုသည်မှာ ကျင့်ကြံသူ အချင်းချင်းသာမက မိစ္ဆာမျိုးနွယ်များလည်း ပါဝင်သည်။ အထွေထွေအခြေခံမူများတွင် ဖော်ပြထားသည့်အတိုင်း "မှန်ကန်ခြင်းနဲ့ဆိုးယုတ်ခြင်းဆိုသည့်ကွဲပြားမှု"မရှိဘဲ ကွဲပြားသောရပ်တည်ချက်များသာ ရှိသည်။ ဤအတတ်ကို ဆိုးယုတ်သောမိစ္ဆာများကိုဆန့်ကျင်ရန် အသုံးပြုခြင်းသည် မှန်ကန်လိမ့်မည်ဖြစ်ပြီး အလွဲသုံးစားလုပ်ခြင်းက မိစ္ဆာဆန်လိမ့်မည် ဖြစ်သည်။
လက်စွဲစာအုပ်ကို တ်ပြီးနောက်တွင် ဟွာကျင်းက ကျေနပ်မှုမရှိသေးသလို ခံစားနေရသည်။
အထွေထွေအခြေခံမူများကိုယ်တိုင်ကပင် သူ့ကို မှင်တက်သွားစေခဲ့ပြီး အဓိကအကြောင်းအရာမှာမူ အလွန်အမင်း အကျိုးရှိကြောင်း သက်သေပြနေသည်။
သို့သော် ဘာကြောင့်မှန်းမသိ ဤအတတ်က မပြည့်စုံသေးဘဲ အပိုင်းများစွာ ပျောက်ဆုံးနေသည်ဟု သူ ခံစားရသည်။
လူတစ်ယောက်က ၎င်းကိုလိုက်နာပြီး ကျင့်ကြံနိုင်သော်လည်း အဝတ်အစားပေါ်မှ ယားယံသည့်နေရာကို ကုတ်ရသလိုမျိုး စိတ်ပျက်စရာခံစားချက်ကို ပေးစွမ်းသည်။ လုံးဝ မကျေနပ်ပေ။
သို့သော် "နတ်ဘုရားခန္ဓာမာကြောအတတ်"ကိုဖန်တီးသူ ကျန်းယိပိုင်သည် အမှန်တကယ်ပင် ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်းကိုတော့ ငြင်းဆို၍မရပေ။
တိုက်ဆိုင်လိုက်တာ။ ငါက အခုလေးတင် ဝမ်ရှိုယီနဲ့ ချန်ဟွိုက်အန်တို့ကို ကျန်းယိပိုင်ဆီ သွားဖိတ်ခိုင်းထားတာလေ။
"အကြီးအကဲဝမ်။ ဒီနတ်ဘုရားခန္ဓာမာကြောအတတ်နဲ့ ပတ်သက်ပြီး ရှင် ဘယ်လိုထင်လဲ။"
ဟွာကျင်း၏ တည်ငြိမ်နေသောအမူအရာကို မဖတ်တတ်သော အကြီးအကဲဝမ်က ရိုးသားစွာ ပြန်ဖြေသည်။ "ဒီအတတ်က ကျွန်တော်တို့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်တွေနဲ့ မပဋိပက္ခမဖြစ်ဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့က အဲဒါကို အထဲကောအပြင်ပါ ကျင့်ကြံဖို့အတွက် သုံးနိုင်တယ်။ ပြီးတော့ ကျင့်ကြံဖို့ပါရမီမရှိတဲ့ တပည့်တွေအတွက် ပိုကောင်းတဲ့ရွေးချယ်စရာတွေ ရှိလာမှာပါ။"
"ရှင်ပြောတာ မှန်တယ်။" ဟွာကျင်းက ခေါင်းညိတ်လိုက်သည်။ "ဒီအရှင်မက လေဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဖိတ်ခေါ်ဖို့ လူလွှတ်လိုက်ပါပြီ။ ဒါပေမဲ့... သူက ခွန်းလွန် အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲလုပ်ဖို့ ဆန္ဒရှိမယ်လို့ ရှင် ထင်လား။"
"အဲဒါက..." အကြီးအကဲဝမ်က ခဏတာ တွန့်ဆုတ်သွားသည်။
ပါရမီရှင်များကို စုဆောင်းခြင်းက ခွန်းလွန်အင်မော်တယ်နန်းတော်ဒ အထူးပြုလုပ်ချက်ပင်။ မြစ်ပေါင်းစုံကို လက်ခံခြင်းက သူတို့၏ တည်ထောင်ခြင်းအခြေခံမူ ဖြစ်သည်။
သို့သော် လောကကြီးထဲရှိ ဂိုဏ်းများက အဆုံးမရှိသောမြစ်များလို စီးဆင်းနကြသည်။ အားလုံးက သမုဒ္ဒရာထဲကိုပေါင်းစည်းရန် ဆန္ဒရှိကြသည် မဟုတ်ပေ။
ပင်လယ်ထဲဝင်လိုက်လျှင် ကျယ်ပြောသောရေပြင်ကို ရနိုင်သော်လည်း တောင်တန်းနှင့် တောရိုင်းကြား လွတ်လွတ်လပ်လပ် ပြေးလွှား၍မရတော့ပေ။
ကောင်းကွက်နှင့် ဆိုးကွက်များ ရှိပေသည်။
"မဖြစ်နိုင်မှာစိုးမိပါတယ်။ လေဝိညာဉ်ဂိုဏ်းချုပ်က ထိန်းမနိုင်သိမ်းမရ ဖြစ်မယ့်ပုံပဲ။ တခြားသူတွေကို အရှုံးပေးမယ့်သူမျိုး မဟုတ်ဘူး။"
သူတော်စင်ဟွာကျင်း၏ မျက်လုံးများတွင် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ "သူ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ခန်းမကြီးထဲ ဝင်လာတာနဲ့ ဝင်မဝင် ဆိုတာ သူဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်တော့ဘူး။"
အကြီးအကဲဝမ်၏ မျက်လုံးများ တောက်ပသွားပြီး နှုတ်ခမ်းများတွင် အပြုံးတစ်ခု တွန့်ကွေးသွားကာ အလျင်အမြန် ဦးညွှတ်လိုက်သည်။ "အရှင်မရဲ့အစွမ်းက ကြီးမားလှပါတယ်။"
...
...
ခွန်းလွန်အင်မော်တယ်နန်းတော်၏ ခန်းမကြီးက ခမ်းနားထည်ဝါစွာ တောက်ပနေပြီး နတ်ဘုံကဲ့သို့ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူတော်စင်ဟွာကျင်းသည် အထွတ်အထိပ်နေရာတွင် ခန့်ညားစွာထိုင်နေပြီး နှင်းကဲ့သို့ဖြူဝေးသော ဝတ်ရုံများက သန့်စင်နေကာ အေးစက်သောအမူအရာတွင် နွေးထွေးမှုအရိပ်အယောင်မျှ မရှိပေ။
"ဂိုဏ်းချုပ်ကျန်း ရောက်လာပါပြီ။" တပည့်တစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ကျန်းယိပိုင်သည် ခန်းမထဲသို့ ယုံကြည်မှုရှိရှိဖြင့် ခြေလှမ်းကျဲကျဲ လျှောက်ဝင်လာပြီး ဟွာကျင်း၏ အကြည့်ကို တည့်တည့်ရင်ဆိုင်ကာ နှိမ့်ချခြင်းမရှိ မာနမထောင်လွှားဘဲ ဦးညွှတ်လိုက်၏။ "လေဝိညာဉ်ဂိုဏ်းက ကျန်းယိပိုင် သူတော်စင်ဟွာကျင် ကို နှုတ်ခွန်းဆက်သပါတယ်။"
ဤနှုတ်ခွန်းဆက်ခြင်း တစ်ခုတည်းကပင် ကျန်းယိပိုင်က ပြဿနာပေးလိမ့်မည်ဖြစ်ကြောင်း ဟွာကျင်း သိလိုက်သည်။
လောကကြီးက သူ့ကို "အရှင်မ"ဟု ခေါ်ဆိုကြသော်လည်း ကျန်းယိပိုင်က သူ့ကို "သူတော်စင်"ဟု ခေါ်ဆိုခဲ့သည်။ သူက အဆင့်ကြီးတစ်ခုလုံး ပိုအားနည်းနေသော်လည်း သူ့ကိုယ်သူ နိမ့်ကျသည်ဟုမခံစားရသလို မိမိကို မြင့်မြတ်သော စီနီယာတစ်ယောက်အဖြစ် မရှုမြင်ကြောင်း ပြသနေသည်။
ကိစ္စမရှိပေ။
ထိုကဲ့သို့ အသေးအဖွဲကိစ္စများအတွက် သူ ဒေါသထွက်မည်မဟုတ်။
ဟွာကျင်း၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ "လေဝိညာဉ်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ကျန်းယိပိုင် အကြောင်း ငါ ကြားနေတာ ကြာပါပြီ။ ဒီနေ့ မင်းကို မြင်လိုက်ရတော့ မင်းရဲ့ ထူးခြားတဲ့အမူအရာက နာမည်နဲ့ လိုက်ဖက်ပါတယ်။"
"အဟက်။ ဒီအဘိုးကြီးက ဂိုဏ်းကို အခုလေးတင်မှ တည်ထောင်ထားတာ။ မင်းက ဘယ်လိုလုပ် ငါ့အကြောင်းကို ကြားနေတာကြာပြီ ဖြစ်ရမှာလဲ။" ကျန်းယိပိုင်က ပွင့်ပွင့်လင်းလင်းပင် နှာမှုတ်လိုက်သည်။ "သူတော်စင်က ငါ့ကို ဘာလို့ ဆင့်ခေါ်ရတာလဲ။"
ဟွာကျင်းက သူ၏လက်ထဲရှိ ကျောက်စိမ်းပြားကို ပွတ်သပ်လိုက်သည်။ "မင်းရဲ့ နတ်ဘုရားခန္ဓာမာကြော အတတ်ကို ငါ လေ့လာပြီးပြီ။ အယူအဆတွေက ထူးထူးခြားခြား ဖြစ်ပြိးတော့ ငါတို့ခေတ်ရဲ့ ရှားပါးတဲ့ လက်ရာကောင်းတစ်ခုပဲ။"
ကျန်းယိပိုင် မျက်ခုံးပင့်လိုက်သည်။ "သူတော်စင်က ငါ့ကို မြှောက်ပင့်နေတာပဲ။ ဒါက မင်းရဲ့အာရုံစိုက်မှုနဲ့ မတန်တဲ့ သာမန်အတတ်လေးတစ်ခုပါ။"
"ဂိုဏ်းချုပ်ကျန်းက အရမ်းနှိမ့်ချနေတာပဲ။" ဟွာကျင်းက ဆက်လက်ပြုံးနေသည်။ "ဒီအရှင်မက မင်းကို ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် ဖိတ်ခေါ်ပြီးတော့ ငါတို့ရဲ့တပည့်တွေကို ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ လမ်းညွှန်ပေးစေချင်တယ်"
ခန်းမထဲတွင် တိတ်ဆိတ်မှု ကြီးစိုးသွား၏။
ကျန်းယိပိုင်သည် ခဏတာ စိုက်ကြည့်နေပြီးနောက် ရယ်မောလိုက်သည်။ "သူတော်စင်ဟွာကျင်း။ ငါ့ရဲ့ ပွင့်လင်းမှုကို ခွင့်လွှတ်ပါ။ လေဝိညာဉ်ဂိုဏ်းက သေးငယ်ပေမယ့် ကိုယ်ပိုင်အမွေအနှစ် ရှိတယ်။ ငါ ကျန်းယိပိုင်က အမြဲတမ်း ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တာ။ ကန့်သတ်ခံရတာကို မကြိုက်ဘူး။"
"ဂိုဏ်းချုပ်ကျန်း အထင်လွဲနေပြီ။" ဟွာကျင်း၏အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ "ဂုဏ်ထူးဆောင် အကြီးအကဲဆိုတာ ကန့်သတ်ချက် မဟုတ်ဘူး။ ခွန်းလွန်က ပါရမီရှင်တွေကို လေးစားမှုပြတာပဲ။ ငါတို့ရဲ့ ပေါများတဲ့အရင်းအမြစ်တွေက မင်းရဲ့နည်းစနစ်တွေကို ပိုပြီးတိုးတက်အောင် ကူညီပေးနိုင်တယ်။"
ကျန်းယိပိုင် ခေါင်းခါလိုက်သည်။ "ကမ်းလှမ်းမှုအတွက်ကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ မျှော်မှန်းချက်တွေက တခြားမှာပါ။"
ကျန်းယိပိုင်၏ မလျှော့သောရပ်တည်ချက်ကို မြင်ရာ ဤအဘိုးကြီးက အပျော့ဆွဲချဉ်းကပ်မှုများကို တုံ့ပြန်မည်မဟုတ်ကြောင်း ဟွာကျင်း သဘောပေါက်သွားသည်။
အမာဆွဲဖို့ အချိန်ရောက်ပြီ။
သူ၏မျက်လုံးများတွင် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားသည်: "မင်း ခွန်းလွန်ကို ဝင်ရင် အဆင့်တက်ဖို့အခက်အခဲတွေကို ကျော်လွှားနိုင်အောင် အစစ်အမှန်ဆေးလုံးတစ်လုံး ငါ ပေးနိုင်တယ်။ မင်းကို တက်လှမ်းခြင်းတိုင် အသုံးပြုခွင့်ပေးဖို့ ခြွင်းချက်အနေနဲ့တောင် ငါတို့ ခွင့်ပြုပေးမယ်။ ဒီလိုအခွင့်အရေးမျိုးက ထောင်စုနှစ်တစ်ခုမှာ တစ်ခါပဲလာတာ။ ကျေးဇူးမသိတဲ့သူ မဖြစ်စေနဲ့။"
"မလိုဘူး။" ကျန်းယိပိုင်က လုံးဝ ငြင်းဆိုလိုက်သည်။
ဟွာကျင်း၏အမူအရာ မှောင်မိုက်သွားသည်။ "ဂိုဏ်းချုပ်ကျန်း၊ ခွန်းလွန်အင်မော်တယ်နန်းတော်က ဖြောင့်မတ်တဲ့လမ်းစဉ်ကို ဦးဆောင်နေတာ။ ဒီဖိတ်ကြားမှုက မျက်နှာသာ အရမ်းပေးထားတာပဲ။"
"မျက်နှာသာ ဟုတ်လား။" ကျန်းယိပိုင်က လက်ပိုက်ကာ သရော်လိုက်သည်။ "မင်းက ငါ့ရဲ့ အတတ်တွေကို လိုချင်နေတာပဲ။ သူတော်စင်ဟွာကျင်း။ ငါက အမြဲတမ်း ငါ့ရဲ့နှလုံးသားကိုပဲ လိုက်နာခဲ့တယ်။ ပြင်ပက သွေးဆောင်မှုတွေကြောင့် မတုန်လှုပ်ဘူး။ ဒီအတတ်တွေကို ငါ မဖုံးကွယ်ထားဘူး။ ဒါကြောင့်မို့လို့ ပထမတွဲကို အများပြည်သူသိအောင်ဖြန့်ချိခဲ့တာ။ ဒါပေမဲ့ အဲဒါတွေကို မျှဝေမလားဆိုတာကတော့ ငါ့တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ။"
အခြေခံအားဖြင့် သူက ဆရာမကြီး လာမလုပ်ရန် ဟွာကျင်းကို ပြောနေခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက ရန်သူအဖြစ် ပြောင်းလဲသွားလိမ့်မည်။
အခြေအနေ တင်းမာလာသည်ကို မြင်သောအခါတွင် ဝမ်ရှိုယီက အလျင်အမြန် ရှေ့သို့တိုးလာသည်။ "ဂိုဏ်းချုပ်ကျန်း၊ အရှင်မက စေတနာနဲ့ပါ။ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။"
ကျန်းယိပိုင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ဘယ်ဂျူနီယာက အကြီးအကဲတွေရဲ့ဆွေးနွေးမှုကို ဖြတ်ပြောရဲတာလဲ။ အဲဒီညက အရိုက်ခံရတာ မဝသေးဘူးလား။"
ဝမ်ရှိုယီ ဖြူရော်သွားသော်လည်း ဆက်ပြောသည်။ "ဂိုဏ်းချုပ်ကျန်း အထင်လွဲနေပါပြီ။ အရှင်မက ဂိုဏ်းချုပ်ရဲ့ပါရမီကို တကယ်လေးစားလို့ပါ။"
"တော်ပြီ။" ဝမ်ရှိုယီ အရှက်ရနေသည်ကို မြင်သောအခါ ဟွာကျင်းသည် ဒေါသကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူ ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ခန်းမ၏ဖိအားက ရုတ်တရက် ကျဆင်းသွားသည်။ "ကျန်းယိပိုင်။ မင်းက ဂိုဏ်းချုပ်ငယ်တစ်ယောက် သက်သက်ပဲ။ ငါ မင်းကို ကိုယ်တိုင်ဖိတ်ခေါ်တာတောင် မင်းက ဒီလောက်ကျေးဇူးမသိတတ်ရလား။"
ကျန်းယိပိုင်သည် ကြောက်ရွံ့သည့်အရိပ်အယောင် လုံးဝမပြဘဲ ရှေ့သို့ တစ်လှမ်းတိုးလာသည်။ "သူတော်စင်ဟွာကျင်း၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ကျင့်ကြံသူအားလုံးက ကိုယ်ပိုင်ဂိုဏ်းတွေ တည်ထောင်နိုင်တယ်။ ဘာလို့ ငါတို့က တခြားသူတွေကို အရှုံးပေးရမှာလဲ။ ငါ ကျန်းယိပိုင်က ဇာမဏီငှက်ရဲ့အမြီး ဖြစ်ရမယ့်အစား ကြက်ဖရဲ့ခေါင်းဖြစ်ဖိုု့ကိုပဲ ရွေးမယ်။"
ဟွာကျင်း၏မှော်စွမ်းအင်များက ပတ်ဝန်းကျင်တွင် လှိမ့်တက်လာပြီး လူသတ်လိုသောရည်ရွယ်ချက်များ လောင်ကျွမ်းနေသည်။ "မင်း ငြင်းပယ်လိုက်တဲ့ ဒီအခွင့်အရေးကို တောင်းဆိုနေတဲ့သူတွေ ဘယ်လောက်တောင် ရှိလဲဆိုတာ သိလား။"
"သူတို့ရဲ့ရွေးချယ်မှုက ငါနဲ့ ဘာမှမဆိုင်ဘူး။" ကျန်းယိပိုင်က ပြန်လည်၍ စူးရဲစွာကြည့်လိုက်ပြီး သူ၏လက်က တံခါးရွက်အရွယ် သံတူရွင်းကြီးပေါ်တွင် တင်ထားသည်။ ၎င်းမှာ သူ၏သရုပ်မှန်ကို ဖုံးကွယ်ရန် ဖန်တီးထားသော လက်နက်ပင်။
မည်သို့ဆိုစေ တူရွင်းများက တစ်ခါတလေတွင် ဓားများနှင့် ဆင်တူအောင် သုံး၍ရသည် မဟုတ်ပါလား။
ကျန်းယိပိုင်က အပျော့ဆွဲရော အမာဆွဲပါ လုံးဝအလျှော့မပေးသဖြင့် ဟွာကျင်း၏အမူအရာမှာ ခန့်မှန်းရခက်အောင် ပြောင်းလဲသွားပြီး ခန်းမ၏လေထုမှာ တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။
သူက ကျန်းယိပိုင်ကို သတ်ပစ်နိုင်သော်လည်း တွန့်ဆုတ်နေသည်။ သူက ရှားပါးသောပါရမီရှင် ဖြစ်သည်။
သို့သော် မသတ်ဘဲထားခြင်းကလည်း သူ့ကို အကျပ်ရိုက်စေသည်။
ခွန်းလွန်အင်မော်တယ်နန်းတော်၏ အလွန်လေးစားရသော ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက ဤအတိုင်း နောက်ဆုတ်သွား၍မရပေ။
ဤအရေးကြီးသောအခိုက်အတန့်တွင်၊
ချန်ဟွိုက်အန်က ပြုံးပြလျက် လူအုပ်ထဲမှ ရှေ့သို့ထွက်လာသည်။
"အရှင်မ၊ ဂိုဏ်းချုပ်ကျန်းနဲ့ ကျွန်တော် စကားပြောကြည့်ပါရစေ။"
သူတို့နှစ်ဦးကြားတွင် ဝင်ရပ်လိုက်ပြီး သူ ဦးညွှတ်လိုက်သည်။ "ကျွန်တော်က အဂ္ဂိရတ်ပညာမှာ ကျွမ်းကျင်ပြီး ဂိုဏ်းချုပ်ကျန်းမှာ လျှို့ဝှက်ဒဏ်ရာတွေ ရှိနေတာကို သတိထားမိပါတယ်။ ဒါတွေကို ဖြေရှင်းပေးရင် သူက အရှင်မရဲ့ အကြံပြုချက်ကို ပြန်စဉ်းစားကောင်းစဉ်းစားနိုင်မယ်လို့ ထင်ပါတယ်။"
"မျက်နှာဖြူ" သရုပ်ဆောင်ပြီးသွားပြီ။
မျက်လုံးထောင့်မှနေ၍ ချန်ဟွိုက်အန်က ဟွာကျင်း၏အမူအရာကို တိတ်တဆိတ် စောင့်ကြည့်၍ နေလိုက်သည်။
အခုက... "မျက်နှာနီ" သရုပ်ဆောင်ဖို့ အချိန်ရောက်ပြီ။
…
အခန်း(၄၉၆) ကြည်လင်သောစိတ်
သူတော်စင်ဟွာကျင်းက ချန်ဟွိုက်အန်သည် ကျန်းယိပိုင်ကို ဖျောင်းဖျနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
သို့သော်လည်း သူက တောင်းဆိုထားသည့်အတိုင်း လျှို့ဝှက်အခန်းတစ်ခုကို ပြင်ဆင်ပေးခဲ့ပြီးနောက် ချန်ဟွိုက်အန်၏စာရင်းအရ တန်ဖိုးကြီး ဝိညာဉ်ဆေးဘက်ဝင်အပင်များကို ထောက်ပံ့ပေးခဲ့သည်။
သူ မည်သို့ ပြောရမည်နည်း။
ကျန်းယိပိုင်ကို ခေါ်ယူရန် မအောင်မြင်ခဲ့သော်လည်း အနည်းဆုံးတော့ ယခု သူ့တွင် မျက်နှာပန်းလှမည့် နည်းလမ်းတစ်ခု ရှိနေပြီဖြစ်သည်။
ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ အခန်းထဲသို့ ဝင်သွားပြီးနောက်တွင် သူသည် အနားယူရန်အတွက် ဝမ်ရှိုယီကို ချက်ချင်း ကူတွဲခိုင်းလိုက်သည်။
လျှို့ဝှက်အခန်းထဲတွင်။
"ဘယ်လိုလဲ။" ချန်ဟွိုက်အန်က ကျန်းယိပိုင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ကျန်းယိပိုင်က ပတ်ဝန်းကျင်ကိုအကဲခတ်ရန် မျက်လုံးကို မှိတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "သူတော်စင်ဟွာကျင်းက ချောင်းကြည့်မယ့် ရည်ရွယ်ချက်မရှိတာ သေချာတယ်။ ဒါပေမဲ့..." သူ၏အမူအရာမှာ ထူးဆန်းသွားပြီး ဆက်ပြောသည်။ "ဝမ်ရှိုယီဆိုတဲ့ မင်းရဲ့ ဂျူနီယာညီလေးက တော်တော်လေး စွမ်းတာပဲ။ သူက ရွှေရောင်အနှစ်သာရအဆင့်ပဲ ရှိသေးတာကို ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်က လူတစ်ယောက်ကိုတောင် သိမ်းသွင်းနိုင်ခဲ့တယ်။ ပြီးတော့ သူက အင်မော်တယ်နန်းတော်ရဲ့ခေါင်းဆောင် ဖြစ်နေတယ်။"
ချန်ဟွိုက်အန်၏နှုတ်ခမ်းများ တွန့်သွားသည်။ ဟွာကျင်း ဝမ်ရှိုယီအား ကူတွဲခိုင်းသည်ကို မြင်ကတည်းက ဖြစ်ပျက်နေသည်ကို သူ ခန့်မှန်းမိသည်။
ဒီနှစ်ယောက်က ပြင်းပြတဲ့ရမ္မက်တွေနဲ့ ရစ်ပတ်နေကြပြီလား။
လူငယ်တွေက တကယ်ကို ခွန်အားတွေနဲ့ တောက်လောင်နေကြတာပဲ။
"သူတော်စင်ဟွာကျင်းက ဒီအခန်းကို စစ်ဆေးသေးလား။" သူက မေးလိုက်သည်။
"မစစ်ဆေးဘူး။" ကျန်းယိပိုင် ခေါင်းခါလိုက်သည်။ "စိတ်ချပါ၊ ဒီအဘိုးကြီးရဲ့ ဝိညာဉ်ကျင့်ကြံမှုက မဟာတက်လှမ်းခြင်းအဆင့်မှာ ရှိနေတုန်းပဲလေ။ သူတော်စင်ဟွာကျင်းဆီက ထူးခြားတဲ့လှုပ်ရှားမှု ဘယ်အရာမဆို ငါ့ရဲ့အာရုံခံနိုင်စွမ်းကနေ လွတ်မြောက်သွားမှာ မဟုတ်ဘူး။"
"ကောင်းတယ်။ ဒီနေ့ ခင်ဗျားရဲ့ သရုပ်ဆောင်မှုအပြီးမှာတော့ သူတော်စင်ဟွာကျင်း ခင်ဗျားကို ဆက်ပြီး သံသယဝင်တော့မှာ မဟုတ်ဘူး။" ချန်ဟွိုက်အန်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ ဟော့ပေါ့စင်တစ်ခုနှင့် စစ်တုရင်ခုံတစ်ခုကို ထုတ်ယူကာ ပြုံးလျက် ပြောသည်။ "အဘိုးကြီးကျန်း၊ ကျုပ်တို့ ဟော့ပေါ့ စားကြရအောင်။"
"အိုး။ မစားရတာကြာပြီပဲ။" ကျန်းယိပိုင်က ဝမ်းသာအားရ ထိုင်လိုက်သည်။ အိုးထဲရှိ အမဲဆီများ ပွက်ပွက်ဆူနေပြီဖြစ်သည်ကို မြင်သောအခါ ချက်ပြုတ်ရန် အမဲအူအချို့ကို ချက်ချင်း ကောက်ယူလိုက်သည်။
"အဘိုးကြီးကျန်း၊ ခင်ဗျား ခွန်းလွန်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ လုပ်မှာလား။"
ကျန်းယိပိုင်က ပြန်မဖြေဘဲ ချန်ဟွိုက်အန်ကို မေးလိုက်သည်။ "မင်း ဘယ်လိုထင်လဲ။ ဒီကိစ္စမှာ ကောင်းကွက်ရော ဆိုးကွက်ပါ ရှိတယ်။ မင်းရဲ့အတွေးတွေကို ငါ ကြားချင်တယ်။"
ချန်ဟွိုက်အန် စားနေရင်း စဉ်းစားလိုက်သည်။
"သူတော်စင်ဟွာကျင်းက ကောင်းကင်မိစ္ဆာအတတ်ရဲ့ ပြင်ဆင်ထားတဲ့ဗားရှင်းကို စိတ်ဝင်စားနေတာက သတင်းကောင်းပဲ။ ကျုပ်သာ ခင်ဗျားနေရာမှာဆို ဂုဏ်ထူးဆောင်အကြီးအကဲရာထူးကို လက်ခံလိုက်မယ်။ ဒါဆို ခွန်းလွန်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကောင်းကင်မိစ္ဆာအတတ်ကိုသုံးတဲ့ တက်လှမ်းသူတွေကို သိမ်းသွင်းရတာ ပိုလွယ်ကူသွားလိမ့်မယ်။ ဒါပေမဲ့ သူတော်စင်ဟွာကျင်းကရော အဲဒါကို ကျင့်ကြံဖို့အတွက် ဆန္ဒရှိမလားဆိုတာ စဉ်းစားစရာပဲ။ သူသာ ကျင့်ကြံမယ်ဆိုရင်တော့ အဲဒါက ပြီးပြည့်စုံသွားမှာ။"
"ဒီအဘိုးကြီးကတော့ ဟွာကျင်း ကျင့်ကြံမယ်လို့ မထင်ဘူး။" ကျန်းယိပိုင် ခေါင်းခါလိုက်သည်။
"သူတော်စင်ဟွာကျင်းရဲ့နောက်ကွယ်က အင်အားစုတွေက သူ့ရဲ့ လမ်းကြောင်းကို ခင်းပေးထားပြီးသား ဖြစ်ရမယ်။ သူက သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်သွားဖို့ပဲလိုတယ်။ တခြားနည်းစနစ်တွေကို ကျင့်ကြံပြီး ကိစ္စတွေကိုရှုပ်ထွေးအောင် လုပ်စရာမလိုဘူး။ အထူးသဖြင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း အတတ်ကိုပေါ့။ ဒါပေမဲ့..."
ကျန်းယိပိုင် ရပ်တန့်သွား၏။
သူ မည်သည်ကိုဆိုလိုကြောင်း ချန်ဟွိုက်အန်သိသည်။ "သူ့နောက်ကွယ်ကလူတွေ ပြင်ဆင်ထားတဲ့ လမ်းကြောင်း ပိတ်ဆို့သွားပြီး ကိစ္စတွေက သူတော်စင်ဟွာကျင်းရဲ့ ထိန်းချုပ်မှုပြင်ပကို ရောက်သွားရင်တော့ တစ်မျိုးပေါ့။ သူ သေလုမြောပါး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာမျိုး၊ သိုင်းပညာတွေ ပျက်စီးသွားပြီးတော့ ဆက်လက် မကျင့်ကြံနိုင်တော့တာမျိုး၊ ဒါမှမဟုတ် အဲဒီအင်အားစုတွေနဲ့ သူ့ရဲ့အဆက်အသွယ် ပြတ်တောက်သွားတာမျိုး ဖြစ်နိုင်တယ်။ အတိုချုပ်ပြောရရင် ဒီလိုအခွင့်အရေးမျိုးကြုံလာမှပဲ ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံဖို့ သူ စဉ်းစားလိမ့်မယ်။"
"အတိအကျပဲ။" ကျန်းယိပိုင်က သက်ပြင်းချလိုက်သည်။ "ဒီလိုအချိန်အခါမျိုး ပေါ်လာဖို့ကို ငါတို့ စောင့်ရလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ ငါတို့ရဲ့လျှို့ဝှက်ချက်တွေ ပေါ်လွင်သွားနိုင်တယ်။ အထူးသဖြင့် ငါတို့ နှစ်ယောက်စလုံး သူ့နားမှာ မကြာခဏ ရှိနေရင် ကြိုတင်ကာကွယ်တာက ပိုကောင်းတယ်။"
ချန်ဟွိုက်အန် ခဏတာ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများကို ကျဉ်းလိုက်သည်။
"ကျုပ်တို့ကိုယ်တိုင် ဒီအခွင့်အရေးကို ဖန်တီးလို့ရနိုင်တယ်။"
ကျန်းယိပိုင် လန့်သွား၏။ "မင်း ဆိုလိုတာက..."
"ချင်းယွန်ဘုံက ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကိုခေါ်ပြီး သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပစ်ခိုင်းလိုက်မယ်။" ချန်ဟွိုက်အန်က ဤစကားကို ပြောလိုက်သည့်အခိုက်အတန့်တွင် ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အတွေးလမ်းကြောင်း တစ်ခုလုံး ပွင့်လင်းသွားသည်။
ဝန်ခံရလျှင် နောက်ကွယ်မှလူများက သူတော်စင်ဟွာကျင်း တစ်ယောက်တည်းကိုသာ ထောက်ပံ့ပေးမည် မဟုတ်ပေ။
သူတော်စင်ဟွာကျင်းသာ ပျက်စီးသွားပါက သူတော်စင်ကျင်းကျင်း သို့မဟုတ် သူတော်စင်အိုကျင်းတို့ ရှိလာနိုင်သည်။ သို့သော် သူတို့၏ကြားဝင်စွက်ဖက်မှုဖြင့် သူတော်စင်ဟွာကျင်းသည် ပျက်စီးနေသော အခြေအနေတွင် ရှိနေမည် ဖြစ်သည်။ သူတို့ ဆန္ဒရှိသည့်အချိန်တိုင်း အရင်းအမြစ်များကို သွန်းလောင်းပြီး သူ့ကို ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်လေသည်။
ထို့ကြောင့် သူတော်စင်ဟွာကျင်းသည် သူတို့၏ ထက်မြက်သောဓားတစ်လက် ဖြစ်လာနိုင်ပြီး အသစ်ပေါ်ထွက်လာသော သူတော်စင်ကျင်းကျင်း သို့မဟုတ် သူတော်စင်အိုကျင်းတို့နှင့်အတူ နန်းတွင်း အရှုပ်တော်ပုံ ပြဇာတ်များကို သရုပ်ဆောင်နိုင်ပေလိမ့်မည်။
အမျိုးသမီးများအချင်းချင်း အပြတ်အသတ် ရန်ဖြစ်နေကြသည်ကို စိတ်ကူးကြည့်ရင်း...
ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့နှစ်ဦးစလုံး စိတ်လှုပ်ရှားမှုကြောင့် သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ညီလေး၊။ မင်းမှာ ချင်းယွန်ဘုံက ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကို ဆင့်ခေါ်နိုင်တဲ့နည်းလမ်း တကယ်ပဲ ရှိလို့လား။" ကျန်းယိပိုင်လည်း စိတ်ဝင်စားသွား၏။ သူတော်စင်ဟွာကျင်းကို သူတို့၏မဟာမိတ်အဖြစ် ပြောင်းလဲလိုက်ခြင်းက သူတို့၏အစီအစဉ်များအတွက် များစွာအကျိုးရှိမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"နည်းလမ်းတော့ ရှိတယ်။ ဒါပေမဲ့ ကျုပ် အရင်ဆုံး အခြေတည်ဝိညာဉ်အဆင့်ကို ရောက်ဖို့လိုတယ်။"
ချန်ဟွိုက်အန် အံကြိတ်လိုက်သည်။
ဒီကျင့်ကြံမှုစုတ်တော့။ မြန်မြန်လေး အဆင့်တက်စမ်းပါ။
လီချင်းရန်က အခြေတည်ဝိညာဉ်အဆင့် အလယ်အလတ်ကို ချီတက်နေပြီ ဖြစ်သော်လည်း သူကတော့ ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်တွင် ရွှံ့ထဲဆော့ကစားနေတုန်းပင်။
သူ၏ကျင့်ကြံမှုအရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေပြီ ဖြစ်ကြောင်း သူ သိသည်။ သူ၏ အလွန်အမင်းခိုင်မာသော အခြေခံကြောင့် စုပ်ယူရန်လိုအပ်သော စိတ်ဝိညာဉ်ချီစွမ်းအင်မှာ သာမန်ကျင့်ကြံသူများထက် အဆပေါင်းဒါဇင် သို့မဟုတ် ရာနှင့်ချီ၍ ပိုများပြားသော်လည်း အဆင့်တက်လှမ်းမှု နှုန်းထားမှာ သာမန်ပါရမီရှင်များကိုကျော်လွန်နေဆဲ ဖြစ်သည်။ ထိုထက် ပိုမြန်နေလျှင် ဘီလူးတစ်ကောင်လို ဖြစ်နေပေလိမ့်မည်။
"အဲဒါက တကယ်ကို အလျင်လိုလို့မရဘူး။" ကျန်းယိပိုင်သည် ချန်ဟွိုက်အန်၏ပခုံးကို နှစ်သိမ့်စွာ ပုတ်လိုက်သည်။ "ကျင့်ကြံခြင်းဆိုတာ သဘာဝအတိုင်းပဲ သွားသင့်တယ်။ အလောတကြီး မလုပ်သင့်ဘူး။ စိတ်မပူပါနဲ့။ ငါတို့ ကောင်းကင်မိစ္ဆာအတတ်ရဲ့ အဓိကအပိုင်းတွေကို မထိသရွေ့ ဒီအဘိုးကြီးက အချိန်ဆွဲနိုင်ဖို့အတွက် နည်းစနစ်ကို နည်းနည်းပြင်ဆင်ပေးလို့ ရပါတယ်။ ပေါ်သွားရင်တောင် အရှေ့ကနေ ကာကွယ်ပေးမယ့် ဒီအဘိုးကြီး ရှိနေသေးတယ်မဟုတ်ဘူးလား။"
နောက်ကျောကို ကာကွယ်ပေးမည်ဟူသော ကျန်းယိပိုင်၏စကားများက ချန်ဟွိုက်အန်ကို အလွန်အမင်း ထိမိသွားစေသည်။
ဒါပေမဲ့ ငါက အမြဲတမ်း စီနီယာကိုပဲ ဦးဆောင်ခိုင်းထားလို့ မရဘူးလေ။ ဟုတ်တယ်မလား။
အဆင့်တက်ဖို့ ပိုမြန်တဲ့နည်းလမ်းများ မရှိဘူးလား...
ချန်ဟွိုက်အန် စဉ်းစားလိုက်သည်။ ထို့နောက် ရှိကြောင်းကို သူ သဘောပေါက်သွားသည်။
မိစ္ဆာချိတ်ပိတ်မျှော်စင်ထဲမှ မြင့်မြတ်သားရဲများနှင့် ပေါင်းစပ်ခြင်းပင်။
လွန်ခဲ့သောတစ်ကြိမ်တွင် တန်ခန်းနှင့် တွေ့ဆုံခဲ့ခြင်းက သူ့ကို အဆင့်ငယ်နှစ်ခုနီးပါး မြှင့်တင်ပေးခဲ့၏။
ထို့အပြင် ၎င်းက ဘိုးဘေးနဂါးနှင့် မြင့်မြတ်သားရဲများ၏ အစီအစဉ်အစိတ်အပိုင်းတစ်ခု အတိအကျ ဖြစ်နေလေသည်။
ယခု ခွန်းလွန်အင်မော်တယ်နန်းတော်၏ အကြီးအကဲရာထူးနှင့်ဆိုလျှင် တာဝန်အပြည့်အဝယူကာ မိစ္ဆာချိတ်ပိတ်မျှော်စင်ကို တိုက်ခိုက်မည့်အဖွဲ့များကို ဦးဆောင်ရန် သူ တက်ကြွစွာ တောင်းဆိုနိုင်သည်။
ဤအရာကို သဘောပေါက်သွားသောအခါ ချန်ဟွိုက်အန်၏စိတ် တစ်ဖန်ပြန်လည် ကြည်လင်သွားသည်။
သူနှင့် ကျန်းယိပိုင်တို့သည် အခန်းထဲမှ မထွက်ခွာခင် တစ်နာရီခန့် အေးအေးဆေးဆေး ဟော့ပေါ့ စားခဲ့ကြသည်။
ဟွာကျင်းနှင့် ဝမ်ရှိုယီတို့ အခုအချိန်လောက်ဆိုလျှင် ပြီးလောက်ပြီဟုယူဆကာ ထွက်လာခဲ့သော်လည်း ပင်မခန်းမကြီးမှာ ဟာလာဟင်လင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ချန်ဟွိုက်အန်သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး အခန်းအဝင်ဝတွင် ကင်းစောင့်နေသော တပည့်အား သူတို့ရောက်ရှိကြောင်း သတင်းပို့ရန် ညွှန်ကြားလိုက်သည်။
"အကြီးအကဲချန်။ အရမ်းအရေးကြီးတဲ့ကိစ္စမရှိရင်နှောင့်ယှက်ဖို့ အရှင်မက ပြောထားပါတယ်။ သူက အရမ်းပင်ပန်းနေလို့ပါ။"
ချန်ဟွိုက်အန်၏နှုတ်ခမ်းများ ထပ်မံတွန့်သွားသည်။
တကယ်ကြီး ပင်ပန်းနေတာလား။ ကောင်းကင်နဲ့မြေကြီးကိုတောင် သတိမရတော့လောက်အောင် ပြင်းပြတဲ့ရမ္မက်တွေနဲ့ ရစ်ပတ်နေတာက ပိုဖြစ်နိုင်တယ်...
"အကြီးအကဲကျန်းက ခွန်းလွန်အင်မော်တယ်နန်းတော်ကိုဝင်ဖို့ ဆန္ဒရှိတယ်လို့ သူ့ကို ပြောလိုက်ပါ။"
"ဘာပြောတယ်။" တပည့်၏မျက်လုံးများ ပြူးကျယ်သွား၏။
ခန်းမထဲမှ အဖြစ်အပျက်များ အကြောင်းကို သူ ကြားထားခဲ့သည်။
အရင်က အကြီးအကဲကျန်း သေမတတ်ငြင်းဆန်နေခဲ့တာ မဟုတ်ဘူးလား။
ယခု ကျန်းယိပိုင်ကို စောင့်ကြည့်လိုက်သောအခါ... အဘိုးကြီးက ခုခံငြင်းဆန်မှု အတော်များများ လျော့နည်းသွားပုံရသည်။
ဒီလောက်ခေါင်းမာတဲ့ အကြီးအကဲကို တစ်နာရီတည်းနဲ့ ဖျောင်းဖျနိုင်တာ၊ အကြီးအကဲချန်က တကယ်ကို အံ့ဩစရာပဲ။
တပည့်က အထင်ကြီးလေးစားစွာ လက်ယှက်လိုက်သည်။ "ဒီတပည့် ချက်ချင်း သတင်းပို့လိုက်ပါ့မယ်။"
ခွန်းလွန်အင်မော်တယ်နန်းတော်၏ နက်ရှိုင်းသော နေရာတစ်ခုတွင်။
ဟွာကျင်းနှင့် ဝမ်ရှိုယီတို့၏ ပြင်းပြသောရမ္မက်များဖြင့် ရစ်ပတ်နေမှုက ကောင်းကင်နှင့်မြေကြီးကိုပင် အရောင်အသွေးကင်းမဲ့သွားစေပြီး နေ၊ လနှင့် လောကကြီးကိုယ်တိုင်ကိုပင် မေ့လျော့နေကြသည်။
ရုတ်တရက် အပြင်ဘက်မှ ကမန်းကတန်းခြေသံများ ချဉ်းကပ်လာသည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ ဟွာကျင်းသည် ဝမ်ရှိုယီ၏ပါးစပ်ကို ပိတ်လိုက်၏။
ရွေးချယ်စရာမရှိပေ။ ဝမ်ရှိုယီ၏ ညည်းညူသံများက သူ့ထက်ပင် ပိုကျယ်နေသည် မဟုတ်ပါလား။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သော်လည်း ထိုကောင်လေးကတော့ ထိန်းနိုင်မည် မဟုတ်ပေ။
"အရှင်မ။ အကြီးအကဲချန်နဲ့ အကြီးအကဲကျန်းတို့ ထွက်လာပါပြီ။"
"သူတို့ ထွက်လာတော့ရော။" ဟွာကျင်းသည် သူ၏ ထိတ်လန့်နေသောစိတ်အနှောင့်အယှက်ဖြစ်မှုကို ဖိနှိပ်လိုက်သည်။ "အရေးတကြီး... ကိစ္စမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား။ အာ့။"
တောက်။ ဒီလိုအချိန်မှ ဝမ်ရှိုယီက ဘာလို့ လာပြီးလှုပ်ရွနေရတာလဲ။
ဟွာကျင်း ဒေါ်သထွက်သွားကာ ဝမ်ရှိုယီကို ခြေထောက်ဖြင့်ကန်လိုက်ပြီး သူ၏အသံမှာ အနည်းငယ် ပုံပျက်သွားသည်။
အပြင်ဘက်ရှိတပည့်က ထူးခြားသည်ကို မသတိပြုမိဘဲ ဆက်ပြောသည်။
"အရှင်မ။ ဒါက အရေးကြီးကိစ္စပါ။ အကြီးအကဲချန်က အကြီးအကဲကျန်းကို ဖျောင်းဖျနိုင်ခဲ့ပါပြီ။ အကြီးအကဲကျန်းက ကျွန်တော်တို့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်ကို ဝင်ဖို့ဆန္ဒရှိနေပါပြီ။"
"ဘာပြောတယ်။" ဟွာကျင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး အလန့်တကြား အော်လိုက်သည်။
ဖြူရော်နေသောမျက်နှာနှင့် ပြာနှမ်းနေသော နှုတ်ခမ်းများဖြင့် ရှိနေသော ဝမ်ရှိုယီလည်း အံ့အားသင့်စွာ တုန်ယင်သွားပြီး တွေးလိုက်သည်။ "စီနီယာ၊ စီနီယာက တကယ်ကို အံ့မခန်းပဲ။”