အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း (၁၇၅) မန်နေဂျာ ရောက်လာခြင်း
သူ့ဘေးမှ အမျိုးသမီးက ကွာရှင်းရန် ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးက ချက်ချင်းပင် မေးလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် လက်ထပ်စာချုပ် လုပ်ထားသေးလား..."
"မလုပ်ထားဘူး... သူက အဲဒီပိုက်ဆံနည်းနည်းလေးကိုတောင် နှမြောနေတာလေ..."
လုကျီယွင်က လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်၏။
"ဒါဆို ပိုတောင်လွယ်သွားသေးတာပေါ့..."
လျူအာကျူးက ထိုအမျိုးသားကို ကြည့်လိုက်သည်။
"လုကျီယွင်ရဲ့ ဆွေမျိုးတစ်ယောက်အနေနဲ့ ခင်ဗျားတို့နှစ်ယောက် ကွာရှင်းလိုက်ပြီဆိုတာကို အခု ကျုပ် ကြေညာတယ်..."
"မင်း... မင်းတို့တွေ..."
ထိုအမျိုးသားသည် လုကျီယွင်၏ ဆွေမျိုးတစ်ယောက် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူသည် ပို၍စိုးရိမ်လာသော်လည်း မည်သည့်အကြောင်းပြချက်ကိုမျှ စဉ်းစား၍မရနိုင်ပေ။ သူက အလွန်အမင်း စိတ်ပျက်စွာဖြင့် အော်ပြောလိုက်သည်။
"ငါတို့ကွာရှင်းမယ်ဆိုရင်တောင် မင်း ငါ့ကို သတို့သမီးကြေး ပြန်ပေးရမယ်... အဲဒါက ပြောင်းဖူးမှုန့် တစ်ကျင်းတိတိပဲ..."
ထိုစဉ်က လုကျီယွင်၏ နောက်ခံအခြေအနေမှာ ဆင်းရဲလွန်းလှသဖြင့် သူမကို လက်ထပ်မည့်သူရှိသည်ကိုပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သူမအနေဖြင့် သတို့သမီးကြေး အများကြီးကို မတောင်းရဲခဲ့ချေ။
ဤလူယုတ်မာသည် ပြောင်းဖူးမှုန့်တစ်ကျင်းကိုပင် ပြန်လိုချင်နေသည်ဟု ကြားလိုက်ရသောအခါ လုကျီယွင်မှာ ဒေါသထွက်လွန်းသဖြင့် ငိုချလိုက်တော့သည်။
"ဒီနှစ်တွေတစ်လျှောက်လုံး ရှင့်အတွက် ကျေးကျွန်တစ်ယောက်လို အဝတ်လျှော် ထမင်းချက်လုပ်ပေးခဲ့ပြီး ရှင့်ကလေးကိုတောင် မွေးပေးခဲ့တာ... အခုမှ ပြောင်းဖူးမှုန့်တစ်ကျင်းကို လာတောင်းနေတာလား..."
ဘေးမှကြည့်နေသူများသည် မူလက သူတို့နှစ်ယောက်ကို မခွဲခွာဘဲ အတူတကွ ဆက်နေရန် ဖျောင်းဖျချင်ခဲ့ကြပြီး လျူအာကျူးကိုလည်း စိတ်လိုက်မာပါဖြင့် သူမအား ခေါ်မသွားရန် ပြောချင်ခဲ့ကြသည်။
သို့သော် ထိုအမျိုးသမီးက သူ့အား နှစ်ပေါင်းများစွာ ပြုစုလုပ်ကျွေးခဲ့ပြီးနောက် ပြောင်းဖူးမှုန့်တစ်ကျင်းကို ပြန်တောင်းနေသည့် ထိုအမျိုးသား၏ အရှက်မရှိပုံကို ကြားလိုက်ရသောအခါ သူတို့မှာ ရွံရှာစက်ဆုပ်ခြင်းကို မထိန်းနိုင်ကြတော့ချေ။
အလွန်စိတ်ထားနူးညံ့သူပင်လျှင် ဤအမျိုးသားသည် ပေါင်းသင်းရန် မထိုက်တန်ဟု ခံစားရမည်သာ ဖြစ်သည်။
ထိုအမျိုးသားသည်လည်း ယင်းမှာ အနေရခက်ကာ ရှက်စရာကောင်းကြောင်း သိသော်လည်း စားစရာနှင့်ယှဉ်လာလျှင် မျက်နှာပူနေ၍ အသုံးမဝင်ကြောင်း ခံယူထားသူဖြစ်၏။
လျူအာကျူးသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ့လွယ်အိတ်ထဲသို့ လက်နှိုက်လိုက်ကာ စိတ်အာရုံနေရာလွတ်ထဲမှ ပြောင်းဖူးမှုန့်တစ်ကျင်းကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။
"ရော့... ခင်ဗျားရဲ့ ပြောင်းဖူးမှုန့်တစ်ကျင်း... ကျုပ် ခင်ဗျားအတွက် ကြိုပြင်ထားတာကြာပြီ... အခု ကျုပ်နဲ့ ရပ်ကွက်ရုံးကိုလိုက်ခဲ့..."
သူတို့နှစ်ယောက် လက်ထပ်စဉ်က လက်ထပ်စာချုပ် မလုပ်ခဲ့ကြသော်လည်း ရပ်ကွက်ရုံး၏ မှတ်တမ်းများတွင်မူ စာရင်းသွင်းထားခဲ့ကြသည်။ ယခုအခါ သူတို့သည် ကွာရှင်းကြောင်း စာရင်းသွင်းရန် ထိုနေရာသို့ သွားရမည် ဖြစ်သည်။
စားနပ်ရိက္ခာကို ရရှိပြီးနောက် လုကျီယွင်သည် သူ့အား ကွာရှင်းရန် ပြတ်သားစွာ ဆုံးဖြတ်ထားကြောင်းကို ထိုအမျိုးသားက နားလည်သွားသည်။
သူသည် လျူအာကျူး၏ ပြိုင်ဘက်မဖြစ်နိုင်သဖြင့် ရပ်ကွက်ရုံးသို့ နာခံစွာမလိုက်ပါမီ သူတို့နှစ်ယောက်ကို နာကြည်းစွာဖြင့်သာ စိုက်ကြည့်နေနိုင်တော့သည်။
ရပ်ကွက်ရုံးမှလည်း ရပ်ကွက်ထဲတွင် လူပျိုကြီးတစ်ယောက် ထပ်တိုးလာခြင်းမှာ နားထောင်၍မကောင်းသဖြင့် သူတို့ကို တကယ်တမ်း ကွာရှင်းခွင့်မပေးချင်ကြပေ။
လျူအာကျူးက သစ်သီးစည်သွတ်ဘူး နှစ်ဘူးကို ထုတ်ယူကာ ရပ်ကွက်ရုံး ညွှန်ကြားရေးမှူးအား ပေးလိုက်ရာ သူကလည်း ပြုံးရွှင်စွာဖြင့် ဆောင်ရွက်ပေးလေတော့သည်။
သူတို့ ကွာရှင်းခွင့်လက်မှတ်ကိုကိုင်လျက် ရုံးထဲမှ ထွက်လာချိန်တွင် လုကျီယွင်မှာ စိတ်လှုပ်ရှားမှုများနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။
သူမ၏ ဒုက္ခဆင်းရဲများထဲမှ ဤမျှလွယ်ကူစွာ လွတ်မြောက်သွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
စောစောက ထိုအမျိုးသား ကန်ကျောက်ခဲ့သည်များပင် မနာတော့ဟု သူမ ခံစားလိုက်ရပြီး သူ နောက်ထပ် အချက်အနည်းငယ် ထပ်ကန်လျှင်တောင် ဂရုစိုက်မည်မဟုတ်တော့ချေ။
သေချာသည်မှာ ဤအရာအားလုံးသည် လျူအာကျူး၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
လုကျီယွင်သည် စက်ဘီး၏ နောက်ခုံတွင်ထိုင်ကာ အားကြိုးမာန်တက် နင်းနေသော အမျိုးသားကို ကြည့်ရင်း သူမ၏မျက်လုံးများထဲတွင် ကျေးဇူးတင်မှုနှင့် ကြင်နာမှုတို့ ပြည့်နှက်နေသည်။
လျူအာကျူး၏ ကျေးဇူးကို မည်သို့ပြန်ဆပ်ရမည်ကို သူမ တကယ်ပင် မသိတော့ချေ။
သူမတွင် ဘာဆိုဘာမျှမရှိဘဲ ဤကျိုးပဲ့နွမ်းနယ်နေသော ခန္ဓာကိုယ်သာရှိလေသည်။
လျူအာကျူးသည် လုကျီယွင်ကို စီးပွားရေးဗျူရိုသို့ ခေါ်ဆောင်သွား၏။
သူတို့ တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် ချန်ဟုန်ယွင်က သူ၏ရှေ့တွင် ခွင့်ပြုချက်လက်မှတ်တစ်စောင်ကို ချလိုက်သည်။
"ပြီးသွားပြီ... နောက်မှ နေရာတစ်ခုရွေးလိုက် ငါ မင်းကို သမဝါယမဆိုင်ဖွင့်ဖို့ ကူညီပေးမယ်..."
"နေရာကတော့ ရွေးထားပြီးပြီ... ကျွန်တော့်အိမ်မှာပဲ ဖွင့်မှာ... ဒါပေမဲ့ အရင်ဆုံး ပြုပြင်မွမ်းမံဖို့တော့ စဉ်းစားထားတယ်..."
လျူအာကျူးက ပြုံးလျက် ပြောလိုက်၏။
"မင်းသဘောပဲ... အခုလောလောဆယ် အဲဒါတွေကို ခဏထားပြီး သောက်ကြရအောင်..."
ချန်ဟုန်ယွင်မှာ စိတ်မရှည်နိုင်တော့ချေ။
ထိုနှစ်ယောက် သောက်ကြတော့မည်ဟု ကြားလိုက်ရသောအခါ လုကျီယွင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"နေ့ခင်းကြောင်တောင်ကြီး သောက်မလို့လား..."
လျူအာကျူးသည်လည်း မိုးလင်းမှမိုးချုပ် အရက်သောက်တတ်သော ဟိုအမျိုးသားနှင့် အတူတူပင်ဖြစ်မည်ဟု သူမ ထင်လိုက်မိသည်။
သို့သော် လျူအာကျူးတွင် ဤအကျင့်ရှိသည်ကို အရင်က သူမ သတိမထားမိခဲ့ချေ။
ချန်ဟုန်ယွင်က လုကျီယွင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျူအာကျူးဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူမက ဘာလို့ ပွစိပွစိပြောတတ်တဲ့ မိန်းမတစ်ယောက်လို ဖြစ်နေရတာလဲ... သူက မင်းမိန်းမမဟုတ်ဘဲ တကယ်ပဲ ပညာရှင်ဟုတ်ရဲ့လား..."
"မဟုတ်ပါဘူး... သူမရဲ့ အရင်ယောက်ျားက အရက်မူးရင် ရိုက်တတ်တဲ့ အရက်သမားမလို့ သူမက နည်းနည်းကြောက်နေတာပါ..."
လျူအာကျူးက လုကျီယွင်၏ အကြောက်တရားကို သတိပြုမိသွားပြီး ရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့ အစ်မကြီးလုရယ်... ကျွန်တော်တို့နှစ်ယောက်လုံးက အရက်သမားတွေ မဟုတ်ပါဘူး... အစ်ကိုချန်က အရင်တုန်းက ကျွန်တော့်ကို ရှုံးထားတာ မကျေနပ်လို့ပါ..."
"ဟုတ်တယ် ပညာရှင်လု ဘာမှမဖြစ်ပါဘူး... ကျွန်တော်တို့နှစ်ယောက်လုံး အရက်မူးလွန်သွားရင်တောင် လူမရိုက်ပါဘူး..."
ချန်ဟုန်ယွင်က ကတိပေး၏။
လုကျီယွင်သည် ကြောက်ရွံ့စွာဖြင့် မျက်မှောင်ကြုတ်နေဆဲဖြစ်သော်လည်း သူမအနေဖြင့် အများကြီး ဝင်မစွက်ဖက်နိုင်ခဲ့ပေ။
ယင်းကိုမြင်လျှင် လျူအာကျူးက လုကျီယွင် မကြောက်စေရန်အတွက် ချန်ဟုန်ယွင်ကို တတ်နိုင်သမျှ မြန်မြန်မူးအောင် တိုက်လိုက်သည်က ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။
သူက ချက်ချင်းပင် ပြောလိုက်သည်။
"အစ်ကိုချန်... ကျွန်တော့်မှာ နောက်မှ လုပ်စရာလေးတွေ တကယ်ရှိသေးတယ်... လိုရင်းကိုပဲ သွားကြရအောင်... တစ်ယောက် တစ်ပုလင်းစီ ထိပ်တိုက်ပဲ... ဘယ်သူအရင်လဲကျလဲ အဲဒီလူ ရှုံးတယ်... ဘယ်လိုလဲ..."
"ရတယ်... ဘာဖြစ်ဖြစ်ပေါ့..."
ဤတစ်ကြိမ်တွင် ချန်ဟုန်ယွင်မှာ အပြည့်အဝ ပြင်ဆင်ထားသည်။ သူသည် ဗိုက်ဝအောင် စားထားရုံသာမက စိတ်အားထက်သန်နေပြီး လျူအာကျူးကို မရှုံးနိုင်ဟု ယုံကြည်မှုရှိနေ၏။
စည်းကမ်းချက်များကို သတ်မှတ်ပြီးနောက် သူတို့နှစ်ယောက်သည် ပုလင်းများကိုဖွင့်ကာ ခေါင်းကိုမော့၍ စတင်သောက်ကြလေတော့သည်။
သူတို့နှစ်ယောက် ရေသောက်သကဲ့သို့ သောက်နေကြသည်ကို မြင်လိုက်ရသောအခါ လုကျီယွင်မှာ ပို၍စိတ်လှုပ်ရှားလာပြီး နောက်သို့ ဆုတ်လိုက်မိသည်။
“ဂလု ဂလု…”
မကြာမီမှာပင် ချန်ဟုန်ယွင်သည် တစ်ပုလင်းကုန်သွားပြီး သူ့မျက်နှာမှာ နီရဲလာလေသည်။
သူသည် အရက်ဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ထိုကဲ့သို့ အတင်းအဓမ္မ သောက်ချရခြင်းကိုမူ မခံနိုင်ချေ။
လျူအာကျူးကလည်း အရက်တစ်ပုလင်းကို သူ၏စိတ်အာရုံနေရာလွတ်ထဲသို့ ပို့လိုက်ရာ သူ၏မျက်နှာမှာ နီမနေသကဲ့သို့ အသက်ရှူသံလည်း မပြင်းပေ။
ချန်ဟုန်ယွင်သည် လျူအာကျူးကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။
"မင်း... မင်းကောင်လေး... မင်းက အရက်စည်ကြီးလား... ဘာလို့ ဘာမှမဖြစ်ရတာလဲ... မင်းဆီက အရက်နံ့တောင် မရပါလား..."
လျူအာကျူး၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားသည်။
ဤမျှဗြောင်ကျကျ လိမ်လည်ခြင်းက အလုပ်မဖြစ်ကြောင်း သူ နားလည်လိုက်သည်။ လူများက သူ့ဆီမှ အရက်နံ့မရလျှင် သံသယဝင်လာကြမည် ဖြစ်သည်။
"ဒီလောက်လေးနဲ့ ကျွန်တော့်ဆီက အရက်နံ့ ဘယ်ထွက်ပါ့မလဲ... ထပ်သောက်မယ်..."
လျူအာကျူးက ဒုတိယပုလင်းကို ဖွင့်ကာ နှစ်ငုံအကြီးကြီး အရင်သောက်လိုက်သည်။
နှစ်ငုံသောက်ပြီးနောက် သူ၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး အရက်နံ့လည်း ထွက်လာတော့သည်။
ချန်ဟုန်ယွင်က သူ အကန့်အသတ်ရောက်နေပြီဟု ထင်မှတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ဒုတိယပုလင်းကို ကောက်ကိုင်၍ သောက်လေသည်။
ထိုအချိန်မှာပင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။
"ဌာနမှူးချန်လား... သားသတ်ရုံ မန်နေဂျာ လောင်ဟောင်ပါ... ရုံးခန်းထဲမှာ ရှိပါသလား..."
အပြင်ဘက်မှ ယဉ်ကျေးသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဤမိတ်ဆက်စကားကို ကြားလိုက်ရသောအခါ လျူအာကျူး၏လက်များ ရပ်တန့်သွား၏။
ချန်ဟုန်ယွင်သည်လည်း မကျေနပ်သည့်ပုံပေါက်သွား၏။ အချိန်ဆွဲနေလျှင် လျူအာကျူး အမူးပြေသွားမည်ကို စိုးရိမ်သဖြင့် သူ အကြာကြီး မရပ်နားရဲချေ။
သူက တံခါးဆီသို့ ချက်ချင်းပင် လှမ်းပြောလိုက်သည်။
"ငါ အရေးကြီးတဲ့ကိစ္စနဲ့ အလုပ်များနေတယ်... မင်း ပြောစရာရှိတာကို နောက်နေ့မှ လာပြော..."
"မလုပ်ပါနဲ့... ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိလို့ပါ..."
လောင်ဟောင်မှာ အနည်းငယ် စိုးရိမ်သွားပြီး အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"ကျွန်တော် ဝက်ခေါင်းတစ်ခေါင်းတောင် ယူလာခဲ့သေးတယ်... အဲဒါလေး တစ်ချက်လောက် ကြည့်ပေးပါလား..."
မှောင်ခိုဈေးကွက်ကို လုပ်ကိုင်နေသူတစ်ယောက်အနေဖြင့် ချန်ဟုန်ယွင်က ဝက်ခေါင်းတစ်ခေါင်းကို မည်သို့လုပ် စိတ်ဝင်စားမည်နည်း။
သို့သော် လျူအာကျူးကမူ ဤညွှန်ကြားရေးမှူးဟောင်ကို အလွန်စိတ်ဝင်စားနေသည်။ သူက ချန်ဟုန်ယွင်ကို ချက်ချင်းပင် ပြောလိုက်၏။
"သူ့ကို ဝင်လာခိုင်းလိုက်ပါ... ကျွန်တော် သူ့ဆီမှာ ကိစ္စလေးနည်းနည်းရှိလို့..."
"မင်းက သူ့ဆီမှာ ဘာကိစ္စရှိလို့လဲ..."
ချန်ဟုန်ယွင်မှာ စူးစမ်းချင်စိတ်ဖြစ်သွားသော်လည်း ထိုလူကို ဝင်ခွင့်ပေးလိုက်လေသည်။
ညွှန်ကြားရေးမှူးဟောင် ဝင်လာပြီးနောက် အခန်းတစ်ခုလုံး ဖုံးလွှမ်းနေသော အရက်နံ့များကို ရလိုက်ကာ ပုလင်းကိုင်ထားသော အမျိုးသားနှစ်ယောက်ကို မြင်လိုက်ရသောအခါ ခေတ္တမျှ မှင်တက်သွားသည်။
ထို့နောက် သူ သဘောပေါက်သွားပြီး အတင်းပြုံးလျက် ပြောလိုက်၏။
"ဌာနမှူးချန်ရဲ့ ပျော်ရွှင်မှုကို ကျွန်တော် အနှောင့်အယှက်ပေးမိသွားပြီ ထင်တယ်... ကျွန်တော့်အမှားပါ... ဒါပေမဲ့ လူကြီးမင်းကို တွေ့ရဖို့ တော်တော်လေးခက်ခဲလို့ မျက်နှာပြောင်တိုက်ပြီး ဝင်လာခဲ့ရတာပါ..."
"ဟီးဟီး... ညွှန်ကြားရေးမှူးဟောင်... ဘယ်သူက ပြောနေတာလဲဆိုတာ ကြည့်ပါဦး... တခြားသူတွေ ခင်ဗျားကို တွေ့ဖို့ဆိုတာလည်း တော်တော်လေး ခက်ခဲတာမဟုတ်ဘူးလား..."
လျူအာကျူးက နောက်ပြောင်လိုက်လေသည်။
"ဟင်..."
ညွှန်ကြားရေးမှူးဟောင်မှာ အနည်းငယ် ကြောင်အမ်းသွားပြီး ဤလူငယ်လေးကို သူ မည်သို့ပြစ်မှားမိခဲ့မှန်း မသိတော့ချေ။
သို့သော် သူသည် ချန်ဟုန်ယွင်နှင့် ထိပ်တိုက်သောက်နိုင်ပြီး ချန်ဟုန်ယွင်အား အပြင်လူများကိုပင် အတွေ့မခံချင်အောင် လုပ်နိုင်စွမ်းရှိသည်ကို မြင်လိုက်ရသဖြင့် ဤသူမှာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူ သိလိုက်လေသည်။ ထို့ကြောင့် သူက အပြစ်ရှိသလို ပြုံးကာ အလျင်အမြန် ပြောလိုက်၏။
"ညီလေးက ဘာကိုဆိုလိုချင်မှန်း ငါ သေချာမသိပါဘူး... ငါ ညီလေးကို သိမယ်မထင်ဘူးနော်..."
"ခင်ဗျား မသိတာ သေချာတာပေါ့... အရင်က ပစ္စည်းတချို့ဝယ်ဖို့ ကျုပ် ခင်ဗျားဆီ လာတွေ့ဖူးတယ်... ဒါပေမဲ့ သားသတ်ရုံ ဂိတ်ပေါက်ကိုတောင် မကျော်နိုင်ခဲ့ဘူးလေ... ခင်ဗျားကို လူချင်းတွေ့ရဖို့ဆိုရင် ခင်ဗျားလူတွေကို ယွမ်တစ်ရာကျော်တန်တဲ့ လက်ဆောင်တွေ ပေးရတယ်လို့ ကျုပ် ကြားထားတယ်..."
"ခင်ဗျားတို့ သားသတ်ရုံရဲ့ ဂိတ်ပေါက်တွေက စီးပွားရေးဗျူရို ဂိတ်ပေါက်တွေထက် ဝင်ရတာ အများကြီးပိုခက်တယ်..."
လျူအာကျူးသည် ယခုလေးတင် အရက်နှစ်ငုံ အကြီးကြီး သောက်ချထားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် အရက်အရှိန်က သူ၏ခေါင်းထဲသို့ တက်လာသဖြင့် သူ့ကို ပုံမှန်ထက် ပါးနပ်မှုလျော့နည်းသွားစေကာ သူ၏လေသံမှာလည်း အနည်းငယ် ပွင့်လင်းပြတ်သားလွန်းနေလေတော့သည်။
အခန်း (၁၇၆) လုကျီယွင်၏ ကျေးဇူးဆပ်ခြင်း
သားသတ်ရုံတွင် မိမိ၏ ညီဖြစ်သူ အနိုင်ကျင့်ခံရသည်ကို ကြားလိုက်ရသောအခါ ချန်ဟုန်ယွင်က ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။ သူက မျက်လုံးများကို မှေးကာ ပြောလိုက်သည်။
"ညွှန်ကြားရေးမှူးဟောင်... မင်းက တော်တော်လေး ဈေးကြီးတာပဲ... ငါ့ညီက မင်းကို တွေ့ဖို့အတွက်တောင် ယွမ်တစ်ရာကျော် အကုန်ခံပြီး လက်ဆောင်တွေ ပေးရသေးတာလား..."
ညွှန်ကြားရေးမှူးဟောင်သည် ချွေးစေးများပြန်လာကာ ကပျာကယာ ရှင်းပြလေသည်။
"ကျွန်တော်... ကျွန်တော် အဲ့ကိစ္စကို မသိပါဘူး... ကျွန်တော့်လက်အောက်က လူတွေ သိပ်ပြီး အလိုက်ကန်းဆိုးမသိဖြစ်ရတာပါ... နောက်မှ သူတို့ကို ကျွန်တော် ကိုင်တွယ်ပါ့မယ်... အဲ့လို မကောင်းတဲ့ အလေ့အထကို ပပျောက်သွားအောင် သူတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ အစည်းအဝေးတစ်ခုလုပ်ရမယ်..."
"ပြီးတော့ ညီလေးက အသားဝယ်ချင်လို့လား... အသား ဘယ်လောက်လိုလို သားသတ်ရုံကို ပစ္စည်းရောက်တာနဲ့ တစ်ပြိုင်နက် ညီလေးဆီကို အရင်ဆုံး ပို့ပေးပါ့မယ်..."
ညွှန်ကြားရေးမှူးဟောင်၏ နှိမ့်ချသော အမူအရာကို မြင်လိုက်ရသောအခါ လျူအာကျူးက ဟန်ဆောင်နေခြင်းများကို ရပ်တန်းကရပ်လိုက်သည်။ သူ၏ လေသံမှာ ပျော့ပျောင်းသွားပြီး ပြောလိုက်၏။
"ကျွန်တော်က အသားဝယ်ချင်တာ မဟုတ်ပါဘူး... ဘယ်သူမှမလိုချင်တဲ့ အရိုးကြေတချို့ကို ဝယ်ချင်လို့ပါ..."
ညွှန်ကြားရေးမှူးဟောင်က တုံ့ဆိုင်းသွားလေသည်။
"ဟင်... မင်း... မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်... အဲ့တာတွေက ဘာလုပ်ဖို့လဲ..."
“အဲ့ကိစ္စအတွက် စိတ်မပူပါနဲ့... ကျွန်တော်က တကယ်ပဲ အရိုးကြေတွေကို လိုချင်တာပါ... ပြီးတော့ ပေါက်ဈေးအတိုင်း ပေးချေနိုင်ပါတယ်..."
"အို... စိတ်မပူပါနဲ့... ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က ဝယ်နေတာပါ..."
ယနေ့ခေတ်တွင် ကုန်ပစ္စည်းများကို အထူးသဖြင့် အမြောက်အမြားကို ဖြစ်သလိုရောင်းချ၍မရကြောင်းနှင့် ကုန်ပစ္စည်းများ သွားမည့်နေရာကို သိရှိရန် လိုအပ်ကြောင်း လျူအာကျူး သိထားသည်။
ထုတ်လုပ်ရေးအဖွဲ့က ဝယ်ယူမည်ဟု ကြားလိုက်ရသောအခါ ညွှန်ကြားရေးမှူးဟောင်က စိတ်အေးသွားလေသည်။ သူက လျူအာကျူးအား ပြောလိုက်သည်။
"ကောင်းပါပြီ... ပြဿနာမရှိပါဘူး... နောက်မှ လိပ်စာတစ်ခုပေးခဲ့ပါ... ငါ မင်းဆီကို အရင်ဆုံး တစ်သုတ် ပို့ပေးပါ့မယ်..."
လျူအာကျူးက အေးဆေးစွာပင် ပြောလိုက်သည်။
"အဲ့အတွက် အလောတကြီး လုပ်စရာမလိုပါဘူး... အတည်ပြုဖို့ အချိန်နည်းနည်းတော့ ယူရပါဦးမယ်..."
ညွှန်ကြားရေးမှူးဟောင်က ဖားယားသော အပြုံးဖြင့် ပြောလိုက်သည်။
"ရပါတယ်... မင်းလိုချင်တဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို လာရှာလို့ရပါတယ်..."
သူတို့ စကားပြောဆိုပြီးသွားသောအခါ ချန်ဟုန်ယွင်သည် ညွှန်ကြားရေးမှူးဟောင်ကို ကြည့်ကာ စိတ်တိုစွာဖြင့် ပြောလိုက်သည်။
"မင်းသမီးရဲ့ ကိစ္စကို ငါတို့ ဆက်ပြောနေရဦးမှာလား... ငါပြောခဲ့သလိုပဲ သူ စီးပွားရေးဗျူရိုကို ဝင်ဖို့ဆိုတာ သင့်လျော်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သွားရမှာပဲ... မင်းက ငါ့ကို တိုက်ရိုက် နေရာချထားပေးစေချင်ရင်တောင်မှ င့ါမှာ အဲဒီလိုလုပ်နိုင်တဲ့ စွမ်းရည်ရှိဖို့ လိုသေးတယ်..."
ညွှန်ကြားရေးမှူးဟောင်က တောင်းပန်သည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။
"သိပါတယ်... သိပါတယ်... ဒါကြောင့်ပဲ ခင်ဗျား အကူအညီလိုတာများရှိမလားဆိုပြီး ကျွန်တော် လာမေးတာပါ... ကျွန်တော်က ကူညီပေးချင်ရုံပါပဲ..."
ချန်ဟုန်ယွင်မှာ အလွန်ပင် မကျေမနပ်ဖြစ်နေသည်။
"မင်းက ဘာများ ကူညီပေးနိုင်မှာမလို့လဲ..."
သားသတ်ရုံက အမှန်တကယ်ပင် ဩဇာအာဏာရှိလှသည်။
သို့သော် စီးပွားရေးဗျူရိုသည် ဤခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းအားလုံးကို စီမံခန့်ခွဲပြီး အရင်းအမြစ်များ ခွဲဝေပေးရန်လည်း တာဝန်ရှိသည်။
သားသတ်ရုံမှ အသားအမျိုးမျိုးကိုပင် စီးပွားရေးဗျူရိုက ခွဲဝေပေးခြင်းဖြစ်သည်။ ထို့ကြောင့် သားသတ်ရုံသည် အခြားဌာနများနှင့်ဆိုလျှင် အခွင့်အာဏာပြနိုင်သော်လည်း စီးပွားရေးဗျူရိုရှေ့တွင်မူ ခေါင်းငုံ့၍ နှိမ့်ချနေရသည်။
ညွှန်ကြားရေးမှူးဟောင်သည် ချန်ဟုန်ယွင်၏ နှင်ထုတ်ခြင်းကို မခံရမီ ခဏတာမျှ ဆက်လက်နေထိုင်ခဲ့သေးလေသည်။
သူ ထွက်သွားပြီးနောက် ချန်ဟုန်ယွင်က လျူအာကျူးကို ပြောလိုက်၏။
"သူ့သမီးက တကယ်တော့ မဆိုးပါဘူး... ဒါပေမဲ့ ပြဿနာက သူက မဆိုးပါဘူးဆိုတဲ့ အချက်မှာပဲ ရှိနေတာ... ငါတို့ရဲ့ ဒုတိယညွှန်ကြားရေးမှူးရဲ့သားက သူ့ကို သဘောကျပြီး ချိန်းတွေ့ချင်ခဲ့တာ... ဒါပေမဲ့ ကောင်လေးက မသန်စွမ်းဖြစ်နေလို့ အဲဒီကောင်မလေးက ငြင်းလိုက်တယ်... အခု သူ စီးပွားရေးဗျူရိုထဲကို ဝင်နိုင်ဦးမယ်လို့ မင်း ထင်သေးလား..."
လျူအာကျူးက မှတ်ချက်ချလိုက်သည်။
"ကျွတ်... ဒါကို ကံကောင်းတယ်လို့ ခေါ်ရမလား ကံဆိုးတယ်လို့ ခေါ်ရမလားပဲ မသိတော့ပါဘူး..."
လျူအာကျူး အမူးပြေသွားပုံရသည်ကို မြင်လိုက်ရသောအခါ ချန်ဟုန်ယွင်က အမြန်တိုက်တွန်းလိုက်လသည်။
"ဘာလို့ အဲ့အကြောင်းတွေ ပြောနေရတာလဲ... သောက်... သောက်..."
သူတို့နှစ်ယောက်ကအရက်များကို ထပ်မံ၍ မော့သောက်ကြပြန်လေသည်။
တစ်ယောက်လျှင် အရက်သုံးပုလင်းစီ သောက်ပြီးသွားသောအခါ ချန်ဟုန်ယွင်က စားပွဲပေါ်သို့ ဝုန်းကနဲ လဲကျသွားပြီး အဆုံးသတ်သွားသည်။
လျူအာကျူးမှာမူ ပါးစပ်ကိုသာ သုတ်လိုက်ပြီး သူ၏ မျက်နှာမှာ အနည်းငယ် နီရဲနေလေသည်။
လုကျီယွင်သည် မှောက်ကျနေသော ချန်ဟုန်ယွင်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် လျှောက်လာခဲ့သည်။
"ကျူးဇီ... မင်း အဆင်ပြေရဲ့လား..."
လျူအာကျူးက လုကျီယွင်ကို ပြုံးပြလိုက်ရာ သူမ၏ စိတ်ကို အနည်းငယ် သက်သာရာရသွားစေသည်။
"ကျွန်တော် အဆင်ပြေပါတယ်..."
သို့သော်လည်း ချန်ဟုန်ယွင်ကို တစ်ယောက်တည်း ထားခဲ့၍မရပေ။ လျူအာကျူးသည် သူ၏ ဝန်ထမ်းကို ရှာကာ ဆေးညွှန်းတစ်စောင် ရေးပေးလိုက်ပြီး ချန်ဟုန်ယွင် အမူးပြေစေရန် ဆေးကျိုပေးရန် ပြောလိုက်သည်။
ထိုကိစ္စ ပြီးစီးသွားသောအခါ လျူအာကျူးက လုကျီယွင်နှင့်အတူ ထွက်ခွာလာခဲ့သည်။
သူသည် စက်ဘီးကို ဖြောင့်တန်းစွာ စီးနိုင်သေးသည်ကို မြင်လိုက်ရသဖြင့် လုကျီယွင်သည် သူ အမှန်တကယ် အရက်မူးမနေကြောင်း သိလိုက်ရကာ သက်ပြင်းချလိုက်၏။
"ကျူးဇီ... မင်းက အရက်သောက်နိုင်တာပဲ..."
သူတို့သည် လျူကျေးရွာသို့ တိုက်ရိုက် ဦးတည်သွားနေစဉ် လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်..."
အိမ်ပြန်ရောက်ပြီးနောက် သူသည် ပစ္စည်းများစွာ သယ်ဆောင်လာသော လုကျီယွင်ကို သူမ၏ အိမ်သို့ အရင်ပို့ပေးလိုက်သည်။
သူက တံခါးဝတွင်သာ ချထားပေးရန် ရည်ရွယ်ထားသော်လည်း လုကျီယွင်က သူ့ကို ပြောလိုက်သည်။
"ကျူးဇီ... ပစ္စည်းတွေ တော်တော်များနေလို့ ငါ အကုန်မသယ်နိုင်ဘူး... အထဲကို ကူသယ်ပေးလို့ ရမလား..."
လျူအာကျူးသည် များများစားစား မတွေးတော့ဘဲ ပစ္စည်းများကို အထဲသို့ ကူညီသယ်ဆောင်ပေးလိုက်သည်။
သို့သော် သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ့နောက်မှ လိုက်ဝင်လာသော လုကျီယွင်က တံခါးကို ပိတ်လိုက်ပြီး ဂျက်ပါ ချလိုက်သည်။
ကလေးမှာ အိမ်နီးချင်း၏ အိမ်တွင် စောင့်ကြည့်ခံထားရဆဲဖြစ်ရာ အခန်းထဲတွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
လျူအာကျူးက အလန့်တကြား လှည့်ကြည့်လိုက်သောအခါ လုကျီယွင်မှာ အဝတ်အစားများ ချွတ်ထားပြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤခေတ်တွင် အမျိုးသမီးများသည် ဘရာစီယာများ မဝတ်ဆင်ကြသေးပေ။ သူမသည် အပေါ်ပိုင်းကို ချွတ်လိုက်ပြီး ခါးရှိ ကြိုးကို ဖြေလိုက်သည်နှင့် သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော ခန္ဓာကိုယ်မှာ လျူအာကျူး၏ ရှေ့တွင် ပေါ်လာသည်။
သူမသည် ပြည့်ဖြိုးသင့်သည့် နေရာတွင် ပြည့်ဖြိုးနေပြီး သွယ်လျသင့်သည့် နေရာတွင် သွယ်လျနေသည်။ သူမ၏ ဖြူဖွေးလှပသော ခြေတံများမှာ ကျစ်လစ်ကာ အချိုးကျပြီး ဖြောင့်တန်းရှည်လျားနေသည်။
လုကျီယွင်သည် ကိုယ်လုံးတီးဖြင့် လျှောက်လာကာ လျူအာကျူး၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး သူမ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲနေသော်လည်း သူ့ကို ပြတ်သားစွာ မော့ကြည့်လိုက်သည်။
"ကျူးဇီ... မင်းရဲ့ ကျေးဇူးကို ငါ တကယ်ပဲ မဆပ်နိုင်တော့ဘူး...မင်းအနေနဲ့ ငါ့ကို သိမ်းပိုက်လိုက်ရင်ရော... ဒါကပဲ မင်းကို ငါ ကျေးဇူးဆပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ... စိတ်မပူပါနဲ့... ငါ မင်းကို တွယ်ကပ်နေမှာ မဟုတ်သလို ငါ့ကို လက်ထပ်ဖို့လည်း အတင်းအကျပ် မတောင်းဆိုပါဘူး... နောင်တစ်ချိန်မှာ အင်း မိန်းမတစ်ယောက် လိုချင်တဲ့အချိန်တိုင်း ငါ့ဆီ လာခဲ့ပါ... ညဘက်မှာပဲ မင်းကို ပြုစုပေးပါ့မယ်... ဟုတ်ပြီလား..."
နူးညံ့ပျော့ပျောင်းသော ဤမုဆိုးမလေးကို ကြည့်ရင်း လျူအာကျူး၏ မျက်လုံးများ ဝေဝါးသွားကာ သူ၏ ရင်မှာ တဒိုင်းဒိုင်းခုန်လာပြီး တံတွေးများကို ဆက်တိုက် မျိုချနေမိသည်။
စောစောက အေးစက်သောလေကြောင့် ဖိနှိပ်ခံထားရသည့် အနည်းငယ် မူးယစ်မှုမှာ ယခုအခါ ခေါင်းထဲသို့ တက်လာပြီး သူ့ကို ထိန်းချုပ်မှု ကင်းမဲ့သွားစေခဲ့သည်။
လုကျီယွင်သည် လျူအာကျူး၏ ရှေ့တွင် ဒူးထောက်နေပြီး သူ၏ တုံ့ပြန်မှုကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သို့သော် လျူအာကျူးက ဘာမှမလှုပ်ရှားသောကြောင့် လုကျီယွင်သည် သူမ အမြဲတမ်း ငြင်းဆန်ခဲ့ဖူးသည့် သူမ၏ ကွာရှင်းသူ ခင်ပွန်းဖြစ်သူက သူမကို အတင်းအကျပ် လုပ်ခိုင်းခဲ့သော နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။
လုကျီယွင်က သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးများကို ဖွင့်လိုက်ချိန်တွင် အပြင်ဘက်မှ ကလေးငိုသံ ထွက်ပေါ်လာပြီး စတုတ္ထအဒေါ်ကြီး၏ ခေါ်သံကပါ ဆက်တိုက် ထွက်ပေါ်လာသည်။
"ပညာရှင်လု... ပညာရှင်လု... ပြန်ရောက်နေပြီလား... ကလေးက အမေကို လွမ်းပြီး တောက်လျှောက် ငိုနေလို့... လာချီပါဦး..."
လုကျီယွင်က ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူမသည် လျူအာကျူးကို လွှတ်လိုက်ပြီး ဘောင်းဘီကို ပြန်ဝတ်ရန် ကပျာကယာ ပြင်ဆင်တော့သည်။
လျူအာကျူးလည်း လန့်သွားသည်။ ဘောင်းဘီကို ဆွဲတင်နေစဉ် သူ ဘာလုပ်နေသနည်းဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်ရင်း သူ၏ အသိစိတ်မှာ ပြန်လည် ထိန်းချုပ်နိုင်သွားသည်။
သို့သော် အဝတ်အစားဝတ်နေစဉ် ထောင်တက်နေသည့် လုကျီယွင်၏ ဖြူဖွေးပြီး ပြည့်ဖြိုးသော တင်ပါးများကို မြင်လိုက်ရသောအခါ သူသည် အချိန်အတန်ကြာသည်အထိ စိတ်မငြိမ်နိုင်ဖြစ်နေမိသည်။
စတုတ္ထအဒေါ်ကြီး ရောက်လာတော့မည်ကို မြင်လိုက်ရသောအခါ သူသည် အမြန်လှည့်ကာ အလုပ်လုပ်နေဟန် ဆောင်လိုက်သည်။
လုကျီယွင်သည် တံခါးဂျက်ကို ဖြုတ်လိုက်ပြီး သူမကို တွေ့ရန် အပြင်သို့ ထွက်သွားလိုက်သည်။
"အဒေါ်ကြီး... ကျွန်မ အခုလေးတင် ပြန်ရောက်လို့ အခန်းကို ရှင်းလင်းနေတာပါ... ကလေးကို ကျွန်မကို ပေးပါ..."
စတုတ္ထအဒေါ်ကြီးက သိချင်စိတ်ဖြင့် ကလေးကို ကမ်းပေးလိုက်လေသည်။
"ပညာရှင်လု... ညည်းမျက်နှာက ဘာလို့ ဒီလောက်တောင် နီရဲနေတာလဲ..."
လုကျီယွင်သည် အလန့်တကြားဖြင့် ဆင်ခြေပေးကာ ကလေးကိုချီ၍ အခန်းထဲသို့ အမြန်ပြန်ဝင်သွားလေသည်။
"အာ... ဟုတ်လို့လား... အိမ်အလုပ်တွေ လုပ်နေလို့ နေမှာပါ..."
စတုတ္ထအဒေါ်ကြီးက ထူးဆန်းသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ အမျိုးသားတစ်ဦး ထောင့်တွင် ထိုင်ကာ အလုပ်လုပ်နေသည်ကို တွေ့လိုက်ရသည်။
ကျောပြင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လျူအာကျူးမှန်း သူမ သိလိုက်သည်။
သူတို့နှစ်ဦး တံခါးပိတ်ထားခဲ့ပုံနှင့် လုကျီယွင်၏ မျက်နှာ မည်မျှနီရဲနေပုံတို့ကို ပြန်တွေးကြည့်လိုက်သောအခါ အရာအားလုံးကို ဖြတ်သန်းဖူးသူ တစ်ဦးအနေဖြင့် ဘာတွေဖြစ်ခဲ့သည်ကို စတုတ္ထအဒေါ်ကြီး ချက်ချင်းပင် ခန့်မှန်းမိသွားသည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး သူမ၏ သူငယ်ချင်းအိုကြီးများနှင့် အတင်းပြောရန် ကပျာကယာ ထွက်သွားလေတော့သည်။