အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း (၁၇၃) မင်းဦးလေးပဲ
“ဒေါက်... ဒေါက်... ဒေါက်…”
ခြံတံခါးကို လာခေါက်သူမှာ လုကျီယွင် ဖြစ်သည်။
"ပညာရှင်လု..."
လျူအာကျူးမှာ ချက်ချင်း အာရုံပြောင်းသွားပြီး နှုတ်ဆက်လိုက်၏။
လုကျီယွင်သည် လိမ္မာရေးခြားရှိပြီး လှပသော ချွန်းအာကို သေချာစိုက်ကြည့်လိုက်ပြီးနောက် လျူအာကျူးဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
"ကျူးဇီ... မင်း မြို့ထဲသွားမယ်လို့ တပ်မဟာခေါင်းဆောင်ဆီက ကြားတယ်..."
"ဟုတ်တယ်... ခင်ဗျားရော မြို့ထဲသွားမလို့လား..."
လျူအာကျူးက အံ့ဩတကြီး မေးလိုက်သည်။
"အင်း... တပ်မဟာရုံးချုပ်က ငါ့ကို ထောက်ပံ့ကြေးငွေနဲ့ လက်မှတ်တချို့ ပေးထားတယ်... ငါ့မှာ လဲစရာ အဝတ်အစားလည်း မရှိတော့ဘူး... စားစရာလည်း ပြတ်လုနီးပါး ဖြစ်နေပြီဆိုတော့ မြို့ထဲသွားပြီး ပစ္စည်းတချို့ ဝယ်ချင်လို့... မင်းနဲ့အတူ လိုက်သွားလို့ ရမလား..."
လုကျီယွင်က မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
လျူအာကျူးသည် သူမကို ကြည့်ရင်း ယမန်နေ့ညက သူမနှင့် ခပ်ကင်းကင်းနေရန် မှာကြားခဲ့သော သူ၏ဖခင်စကားကို သတိရသွားသည်။
သို့သော် လုကျီယွင်မှာ ဤနေရာနှင့် စိမ်းသက်နေပြီး အပျော်သွားခြင်းမဟုတ်ဘဲ အခြေခံလိုအပ်ချက်များ ဝယ်ယူရန် သွားမည်ဖြစ်သောကြောင့် သူမကို ကူညီစောင့်ရှောက်ပေးခြင်းဖြင့် ဘာမှမထိခိုက်နိုင်ပေ။
"ရပါတယ်... ဒါပေမဲ့ ဒီနေ့ ကျွန်တော် ခရိုင်မြို့မှာ အကြာကြီး နေရလောက်တယ်..."
လျူအာကျူးက သူ့စက်ဘီးကို တွန်းထုတ်ရင်း သတိပေးလိုက်သည်။
"ရပါတယ်... ငါ ဘေးအိမ်က အဒေါ်ကြီးကို ကလေး ခဏကြည့်ပေးထားဖို့ အကူအညီတောင်းခဲ့တယ်... မင်း အချိန်ဘယ်လောက်ကြာကြာ ငါစောင့်ပေးနိုင်ပါတယ်..."
လုကျီယွင်က ညင်သာစွာ ပြောလိုက်သည်။
သူမသည် ထိုစကားများကို ချွန်းအာ ကြားအောင် မပြောခဲ့ပေ။
လုကျီယွင်သည် ထိုသူနှစ်ယောက်ကြားတွင် တစ်ခုခုရှိနေနိုင်ကြောင်း ခံစားမိသည်။
သူမသည် လျူအာကျူးကို ကျေးဇူးဆပ်ပြီး အကာအကွယ်ပေးမည့်သူတစ်ဦး ရှာဖွေချင်ရုံသာဖြစ်ပြီး ရန်ငြိုးဖွဲ့ရန်မဟုတ်ပေ။ ထို့ကြောင့် လျူအာကျူးနှင့် အခြားအမျိုးသမီးတစ်ဦး၏ ဆက်ဆံရေးကို တမင်တကာ ဖျက်ဆီးရန် မလိုအပ်ဟု တွေးလိုက်သည်။
သူမကဲ့သို့ မုဆိုးမတစ်ယောက်ကို လက်ထပ်ရန် လျူအာကျူးကို အတင်းအကျပ် တောင်းဆို၍ မရနိုင်ပေ။
အပြင်သို့ရောက်ပြီးနောက် လျူအာကျူးသည် စက်ဘီးပေါ်သို့ တက်ခွလိုက်ပြီး လုကျီယွင်မှာ နောက်ခုံတွင် ထိုင်လိုက်၏။
ပထမတော့ သူမသည် အတော်လေး သပ်သပ်ရပ်ရပ်ပင် ထိုင်နေခဲ့သည်။
သို့သော် ရွာအပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လျူအာကျူးသည် သူ၏ခါးကို ဖက်တွယ်လာသော လက်တစ်စုံနှင့် ကျောပြင်တွင် ကပ်လာသော နွေးထွေးနူးညံ့သည့် ခန္ဓာကိုယ်တစ်ခုကို ခံစားလိုက်ရသည်။ ထိုဖိကပ်လာသော အလေးချိန်ကြောင့် လျူအာကျူးသည် သူ၏အနောက်ရှိ အမျိုးသမီး၏ ပြည့်ဖြိုးသော ရင်သားများကို ရှင်းလင်းစွာ ခံစားသိရသည်။
လျူအာကျူး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားတော့သည်။
သူသည် ကလေးပေါက်စလေး မဟုတ်တော့ပေ။ ယခင်ဘဝတွင် အမျိုးသမီးတစ်ဦး၏ အရသာကို မြည်းစမ်းဖူးပြီး ထိုသာယာမှုကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
ဤဘဝတွင်မူ သူသည် ငွေရှာရန် အလုပ်များနေသောကြောင့် ထိုကိစ္စရပ်များကို မတွေးဖြစ်ခဲ့ပေ။
သို့သော် ယခုအခါတွင် အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် သူ၏ခန္ဓာကိုယ်သည် အိမ်ထောင်သည်ယောက်ျားတစ်ဦး၏ အတွေ့အကြုံများနှင့် နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသော ဆန္ဒများ ပေါင်းစပ်သွားကာ လုကျီယွင်၏ ကိုယ်လုံးကိုယ်ပေါက်အပေါ်သို့ အမြင့်မားဆုံးသော တုံ့ပြန်မှု ချက်ချင်း ဖြစ်ပေါ်သွားလေတော့သည်။
လုကျီယွင်သည် လျူအာကျူး၏ခါးကို ဖက်ထားရင်း သူ့ကို မည်သို့ကျေးဇူးဆပ်ရမည်ကို တွေးတောနေစဉ် ရုတ်တရက် သူမ၏လက်ကို စည်းချက်ကျကျ ထိုးမိနေသည့် အရာတစ်ခုကို ခံစားလိုက်ရသည်။
"ဟင်..."
လုကျီယွင်သည် ဗီဇအလျောက်ပင် ထိုအရာကို ဆုပ်ကိုင်လိုက်ရာ မည်သည့်အရာဖြစ်ကြောင်း ချက်ချင်း နားလည်သွားပြီး သူမ၏မျက်လုံးများမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွားလေသည်။
"ဒီကောင်လေးက မြည်းတစ်ကောင်လိုပါလား..."
လျူအာကျူးမှာလည်း အေးစက်သော လေတစ်ဝိုက်ကို ရှိုက်သွင်းလိုက်မိသည်။ အဝေးတွင် နွားလှည်းတစ်စီးဖြင့် ဖြတ်သွားသော လူတစ်ယောက်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် အော်လိုက်သည်။
“လွှတ်စမ်း..."
လုကျီယွင်သည်လည်း သတိပြန်ဝင်လာပြီး အလျင်အမြန် လွှတ်လိုက်ရာ သူမ၏မျက်နှာမှာ ရဲရဲနီသွားလေတော့သည်။
လင်းထိန်နေသော နေ့ခင်းကြောင်တောင် အများပြည်သူရှေ့တွင် ဤမျှရဲတင်းစွာ ပြုမူဝံ့သည့် မိမိကိုယ်ကိုယ်ပင် သူမ ကျိန်ဆဲလိုက်မိသည်။ လျူအာကျူးသည်လည်း ထိုအမျိုးသမီးကြောင့် အလွန်နေရခက်သွားသော်လည်း ဖြေရှင်းရန် နည်းလမ်းမရှိပေ။ သူသည် ခွန်အားရှိသမျှကို စက်ဘီးဆီသို့ ပို့လွှတ်ကာ အဆက်မပြတ် နင်းသွားလေတော့သည်။
သူသည် ခရိုင်မြို့သို့ ပုံမှန်ထက် ထက်ဝက်ခန့်စော၍ ရောက်ရှိသွားသော်လည်း ပင်ပန်းသည်ဟုပင် မခံစားရပေ။
လျူအာကျူး၏ အံ့မခန်း ခံနိုင်ရည်ကို မြင်လိုက်ရသောအခါ စက်ဘီးပေါ်မှ ဆင်းချိန်တွင် လုကျီယွင်၏ ခြေထောက်များမှာ ယိုင်နဲ့နေလေပြီ။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ကို လက်ထပ်လိုက်ပါက နှစ်အနည်းငယ်အတွင်း အလုပ်လုပ်ရင်း သေသွားနိုင်သည်မဟုတ်လားဟု သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။
ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ အဝင်ဝတွင် ရပ်နေစဉ် သူတို့နှစ်ဦးစလုံးမှာ ဤအဆင်မပြေသော အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် လှုပ်လည်းမလှုပ်သလို စကားလည်း မပြောကြပေ။
နောက်ဆုံးတွင် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းထဲမှ လူတစ်ဦးက သူတို့ လမ်းပိတ်နေကြောင်း ညည်းညူကာ ထိုနေရာတွင် ဘာလုပ်နေကြသနည်းဟု မေးမြန်းလိုက်သည်။
ထိုအခါမှသာ လုကျီယွင်သည် မျက်နှာပူထူကာ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းထဲသို့ ပြေးဝင်သွားလေတော့သည်။
ယမန်နေ့ညက သူမသည် လျူအာကျူးကို ဦးဆောင်၍ ကျေးဇူးဆပ်ရန် ရှင်းလင်းစွာ ဆုံးဖြတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ သတ္တိများ ပျောက်ဆုံးသွားခဲ့လေပြီ။
လျူအာကျူးသည်လည်း စက်ဘီးပေါ်သို့ အလျင်အမြန် တက်ခွကာ သားသတ်ရုံသို့ တန်းတန်းမတ်မတ် ထွက်သွားလိုက်သည်။
အသားရှားပါးသော ဤခေတ်ကာလတွင် သားသတ်ရုံသည် ခရိုင်မြို့ရှိ ယူနစ်အားလုံး၏ 'အစ်ကိုကြီး' ဟု သတ်မှတ်နိုင်သည်။
အခြားယူနစ်အသီးသီးမှ လူများသည် ဤနေရာတွင် တစ်နှစ်ပတ်လုံး စောင့်ဆိုင်းနေတတ်ကြပြီး အသားများ ရောက်လာသည်နှင့် တစ်ပြိုင်နက် လုယက်ဝယ်ယူကြလေသည်။
သားသတ်ရုံရှိ အဆင့်အသီးသီးမှ အလုပ်သမားများသည် လက်ကောက်ဝတ်နာကျင်လောက်သည့်အထိ လက်ဆောင်များစွာ ရရှိကြပြီး ဂိတ်စောင့်နေသော အဘိုးကြီးကိုပင် မျက်နှာချိုသွေးသူ အများအပြား ရှိသည်။
လျူအာကျူး ရောက်ရှိလာသောအခါ သူသည် ပတ်ဝန်းကျင်ရှိ လူအများအပြား၏ အာရုံစိုက်မှုကို ရရှိသွားသည်။
သူသည် စက်ဘီးကိုတွန်းကာ သားသတ်ရုံဂိတ်ဝသို့ သွား၍ ဂိတ်စောင့်ကြီးအား မေးလိုက်သည်။
"ဦးလေးကြီး... ခင်ဗျားတို့ မလိုချင်တဲ့ အရိုးတချို့ကို ဝယ်ချင်လို့ပါ... မန်နေဂျာနဲ့ တွေ့လို့ရမလား..."
ဂိတ်စောင့်ကြီးမှာ သတင်းစာဖတ်နေပြီး ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်သည်။
"မန်နေဂျာ အလုပ်များနေတယ်..."
လျူအာကျူးသည် စီးကရက်တစ်ဘူးကို ပစ်ပေးလိုက်သည်။
"ဦးလေး... ကျွန်တော် အသားမလိုချင်ပါဘူး... အရိုးပဲ လိုချင်တာပါ... အသားနည်းနည်းမှ မကပ်တဲ့ အရိုးမျိုးပေါ့... ဘယ်လိုပဲဖြစ်ဖြစ် အဲ့အရာတွေက ခင်ဗျားတို့အတွက် အသုံးမဝင်ဘူးလေ..."
နာမည်ကြီး စီးကရက်တစ်ဘူးဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဂိတ်စောင့်ကြီးသည် လျူအာကျူးကို တစ်ချက် ကြည့်လိုက်သော်လည်း သူ၏လေသံမှာ အဆင်မပြေသေးပေ။
"အရိုးတွေက အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ... စွပ်ပြုတ်လုပ်ဖို့ အရိုးလာဝယ်တဲ့သူ ဘယ်လောက်တောင် များလဲဆိုတာ မင်းသိလား... မင်းက ငယ်ငယ်လေးနဲ့ ဘာမှလည်းမသိဘဲ ငါ့လို အဘိုးကြီးကို လာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်..."
လျူအာကျူးက ချက်ချင်း ရှင်းပြလိုက်သည်။
"ကျွန်တော်က စွပ်ပြုတ်လုပ်တဲ့ အရိုးတွေ မလိုချင်ပါဘူး... အပိုင်းအစလေးတွေပဲ လိုချင်တာပါ... အဲ့တာတွေကို ကျွန်တော့်ဆီ ရောင်းပေးလို့ ရပါတယ်..."
"မရှိဘူး... မရှိဘူး... ထွက်သွားစမ်း..."
ဂိတ်စောင့်ကြီးသည် စိတ်မရှည်တော့ဘဲ သူ့ကို ယင်ကောင်တစ်ကောင်ကဲ့သို့ မောင်းထုတ်လိုက်သည်။
လျူအာကျူးက ထပ်ပြောချင်သေးသော်လည်း အနီးရှိ လူတစ်ယောက်က သူ့ကို ဘေးသို့ဆွဲခေါ်သွားကာ ကြင်နာစွာ သတိပေးလိုက်သည်။
"ညီလေး... ပစ္စည်းဝယ်တာ အဲ့လိုမဟုတ်ဘူးကွ... ဒီသားသတ်ရုံက လူတွေက ယူနစ်အသီးသီးရဲ့ အလိုလိုက်မှုကို ခံထားရတာ ကြာပြီ... သူတို့က ဘယ်သူ့ကိုမဆို အထင်သေးကြတယ်... သူတို့ကို သခင်တွေလို မဆက်ဆံရင် ဂိတ်တံခါးကိုတောင် ဖြတ်ခွင့်ရမှာ မဟုတ်ဘူး... မန်နေဂျာကို တွေ့ချင်ရင် အနည်းဆုံး ယွမ်တစ်ရာတန် လက်ဆောင်တွေ လိုတယ်ကွ..."
"ယွမ်တစ်ရာတန် လက်ဆောင်တွေ... သူတို့ ဘာလို့ သွားမဓားပြတိုက်ကြတာလဲ..."
လျူအာကျူးမှာ အလွန်မကျေမနပ် ဖြစ်သွားသည်။
"မင်းမှာ ဘာရွေးချယ်စရာရှိလို့လဲ... သူတို့က ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အသားတွေကို ကိုင်တွယ်ထားတာလေ..."
"ရိက္ခာဌာနက လူတွေတောင် သားသတ်ရုံကို သိပ်မစော်ကားရဲကြဘူး..."
"အဲ့ဂိတ်စောင့်ကြီးကို ထပ်မဆွနဲ့တော့... သူ့ကို တကယ် စိတ်ဆိုးအောင်လုပ်ရင် ငါတို့အားလုံး အဆဲခံရလိမ့်မယ်..."
ထိုလူက သူ့ကို ဂရုတစိုက် အကြံပေးလိုက်သည်။
"ဟုတ်ကဲ့... အကြံပေးတာ ကျေးဇူးပါပဲ အစ်ကို... ကျွန်တော် တခြားနည်းလမ်း စဉ်းစားကြည့်ပါ့မယ်..."
လျူအာကျူးသည် ဤအရိုးများကို မည်သို့ဝယ်ယူရမည်ကို တွက်ချက်စဉ်းစားလိုက်သည်။
“ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူတစ်ယောက်ကို ကူညီဆွေးနွေးပေးခိုင်းရမလား…”
သားသတ်ရုံက သူတို့ကိုလည်း မျက်နှာသာပေးမည် မဟုတ်ပေ။
ပြည်သူ့လုံခြုံရေးဗျူရို သို့မဟုတ် စီးပွားရေးဗျူရိုမှ အဆက်အသွယ်များကို အသုံးပြုရန်လည်း မတန်ပေ။
မျက်နှာသာပေးမှုများကို အပြန်အလှန် လဲလှယ်ကြရမည် ဖြစ်သော်လည်း ကိစ္စသေးသေးလေးတိုင်းအတွက် တစ်စုံတစ်ယောက်၏ အဆက်အသွယ်များကို အသုံးပြုနေပါက နောက်ဆုံးတွင် သူတို့က မိမိကို အသေးအဖွဲကိစ္စများကိုသာ အာရုံစိုက်သူဟု ထင်မြင်သွားပြီး ဆက်လက် ပတ်သက်ချင်တော့မည် မဟုတ်ပေ။
လျူအာကျူးသည် စဉ်းစားကြည့်သော်လည်း ကောင်းမွန်သော နည်းလမ်းကို မရှာတွေ့သောကြောင့် သူ၏ကိုယ်ပိုင်အလုပ်ကို ဦးစွာလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဝက်ဝယ်မည့်ကိစ္စကို မဖြေရှင်းရသေးသောကြောင့် အစာကို စောစောစီးစီး ရယူထားရန် အဓိပ္ပာယ်မရှိပေ။ သူ၏ အခြားကိစ္စများကို ဦးစွာ ကိုင်တွယ်ဖြေရှင်းခြင်းက ပိုကောင်းပေမည်။
သူသည် စီးပွားရေးဗျူရိုသို့ တန်းတန်းမတ်မတ် စက်ဘီးနင်းသွားကာ ချန်ဟုန်ယွင်ကို သွားရှာလေသည်။
ဤတစ်ကြိမ်တွင် အထဲသို့ဝင်ရသည်မှာ များစွာ ပိုမိုလွယ်ကူလေသည်။ သူသည် ဂိတ်စောင့်အား ချန်ဟုန်ယွင်၏ အမည်ကို ပြောပြရုံဖြင့် ချောမွေ့စွာ ဝင်ခွင့်ရခဲ့သည်။
ဟိုဟိုဒီဒီ မေးမြန်းပြီးနောက် ချန်ဟုန်ယွင်၏ ရုံးခန်းသို့ ရောက်ရှိသွားရာ ထိုသူမှာ အေးအေးလူလူ လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။
လျူအာကျူးကို မြင်လိုက်ရသောအခါ ချန်ဟုန်ယွင်သည် ဝမ်းသာအားရ မတ်တတ်ရပ်လိုက်သည်။
"ကျူးဇီ ရောက်လာပြီကိုး... မြန်မြန် ထိုင်ပါဦး... ထိုင်ပါဦး..."
"အစ်ကိုချန်... အရမ်းအားနာမနေပါနဲ့... ကျွန်တော်က အကူအညီတောင်းဖို့ လာတာဆိုတော့ ကျွန်တော်ကသာ ယဉ်ကျေးရမှာပါ..."
လျူအာကျူးက ပြုံးလျက် ပြောလိုက်သည်။
"သွားစမ်းပါကွာ... မင်းက မင်းအစ်ကိုနဲ့ သူစိမ်းတွေလို ပြုမူနေတာလား..."
ချန်ဟုန်ယွင်က တင်းမာသော မျက်နှာဖြင့် ဆဲဆိုလိုက်သည်။
"အစ်ကိုချန်... ခင်ဗျား တကယ်ပဲ အလကား အရိုက်ခံရတာ မဟုတ်ဘူးပဲ... ကျွန်တော့်ဦးလေးက ခင်ဗျားအဖေ မဟုတ်ဘူးလား..."
လျူအာကျူးက ခေါင်းခါယမ်းကာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
ချန်ဟုန်ယွင်၏ မျက်နှာမှာ တောင့်တင်းသွားပြီးနောက် သူသည် အပြစ်ရှိသလို ခံစားရကာ အပြင်သို့ ပြေးထွက်၍ စစ်ဆေးကြည့်လိုက်သည်။ မည်သူမျှ မကြားကြောင်း သေချာမှသာ သူသည် သက်ပြင်းချလိုက်လေသည်။
"မင်း ငါ့ကို သေအောင် လုပ်နေတာလား... ပြောပါဦး... ဘယ်လေနှင်လို့ မင်းကို ဒီနေရာကို ရောက်လာတာလဲ..."
အခန်း (၁၇၄) ဒါဆိုရင်လည်း ကွာရှင်းကြတာပေါ့
"ရွာထဲမှာ ထောက်ပံ့ရေးနှင့်သမဝါယမအသင်း တစ်ခု ဖွင့်ချင်လို့ပါ..."
လျူအာကျူးက သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
"ကြီးကြီးမားမား ကိစ္စများမှတ်လို့... ဒါက စီစဉ်ရ လွယ်ပါတယ်..."
"ဒါပေမဲ့ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် သမဝါယမဆိုင်သေးသေးလေး ဖွင့်တာက အရည်အချင်းကို ဖြုန်းတီးရာကျတယ်... ခရိုင်မြို့ကို လာလုပ်ပါလား..."
"မင်းက ထောက်ပံ့ရေးနှင့်သမဝါယမအသင်းကိုပဲ စီမံချင်ချင် ဒါမှမဟုတ် ကုန်တိုက်မှာပဲ အလုပ်လုပ်ချင်ချင် ပြဿနာမရှိပါဘူး..."
ချန်ဟုန်ယွင်မှာ အနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။ လျူအာကျူးကဲ့သို့ အရည်အချင်းရှိသူတစ်ယောက်က အဘယ်ကြောင့် ထိုရွာလေးတွင် နေထိုင်နေရသနည်းဟု သူ တွေးနေမိလိုက်သည်။
လျူအာကျူးက အလေးအနက်ထား၍ ပြောလိုက်သည်။
"လောလောဆယ် မြို့ကို မပြောင်းချင်သေးဘူးဗျ... ပြီးတော့ ကျွန်တော် ရွာမှာ စီမံကိန်းတချို့ စတင်ထားတယ်... ဒီသမဝါယမဆိုင်ရှိနေရင် အဲ့စီမံကိန်းတွေက ထွက်လာတဲ့ပစ္စည်းတွေကို စုဆောင်းရတာ ပိုလွယ်ကူသွားမှာမို့လို့ပါ..."
"သြော်... နားလည်ပါပြီ... ကောင်းပြီလေ... ငါ စီစဉ်ပေးပါ့မယ်... မင်းတို့ရွာမှာ သမဝါယမဆိုင် ဖွင့်ဖို့ဆိုတဲ့ ကိစ္စလေးတစ်ခုပါပဲ…
"တခြားရွာတွေအတွက်ဆိုရင်တော့ နည်းနည်း ပြဿနာရှိနိုင်ပေမဲ့ မင်းတို့ရွာအတွက်ကတော့ မင်းရဲ့အရည်အချင်းနဲ့ ကောင်းကောင်းစီမံနိုင်မယ်လို့ ငါယုံကြည်တယ်... နောက်ကျရင် မင်းရဲ့အောင်မြင်မှုတွေကို ငါပါ မျှဝေခံစားခွင့် ရကောင်းရနိုင်တယ်..."
ချန်ဟုန်ယွင်က နောက်ပြောင်လိုက်သည်။
ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသည် နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ယုတ္တိဗေဒအရဆိုလျှင် ၎င်းတို့ကို ကျပန်း ဖွင့်လှစ်ခွင့် မရှိပေ။ ထိုသို့မဟုတ်ဘဲ နေရာတိုင်းတွင် ဖွင့်လှစ်ထားပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။
သို့သော်လည်း ချန်ဟုန်ယွင်သည် လျူအာကျူး၏ စွမ်းဆောင်ရည်များကို နားလည်ထားသောကြောင့် အဆက်အသွယ်တချို့ကို အသုံးပြုကာ ဤကိစ္စကို စီစဉ်ပေးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
အစပိုင်းတွင် ကြုံတွေ့ရမည့် ဖိအားများနှင့်ပတ်သက်၍မူ သူက ဖြေရှင်းပေးနိုင်သည်။
လျူအာကျူးက သမဝါယမဆိုင်ကို ဖွင့်လှစ်ပြီး အလုပ်လုပ်ကိုင်နိုင်သည်နှင့် တစ်ပြိုင်နက် ပြဿနာအားလုံး ပြေလည်သွားမည် ဖြစ်သည်။
ချန်ဟုန်ယွင်က ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း သူသည် မေးခွန်းထုတ်မှုများနှင့် ဆန့်ကျင်မှုများစွာကို သေချာပေါက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း လျူအာကျူး သိထားသည်။
သူက အလေးအနက် ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ အစ်ကိုချန်... ကျွန်တော် ခင်ဗျားကို စိတ်ပျက်အောင် မလုပ်ပါဘူး..."
"ဟင်း... မင်းကို ယုံပါတယ်..."
ချန်ဟုန်ယွင်က လျှောက်လွှာတင်ရန် ချက်ချင်း ထွက်သွားလေသည်။
လျှောက်လွှာတင်ပြီးနောက် ခွင့်ပြုချက်စာရွက်ကို စောင့်ဆိုင်းနေစဉ် သူက လျူအာကျူးအား ပြောလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ် သောက်တုန်းက ငါ နည်းနည်း ပေါ့ဆသွားတယ်... ဒ္တစ်ကြိမ်တော့ ထပ်သောက်ကြတာပေါ့... နောက်တစ်ပွဲ ထပ်ပြိုင်မယ်..."
ယခင်တစ်ကြိမ်က ဝါတာလူး ရှုံးနိမ့်မှုက သူ့ကို အတော်လေး ထိခိုက်စေခဲ့ပုံရသည်။ မည်သို့ပင်ဆိုစေကာမူ အရွယ်ရောက်ပြီးသော ယောက်ျားကြီးတစ်ယောက်က ကလေးပေါက်စလေးတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ ချန်ဟုန်ယွင်၏ ဂုဏ်သိက္ခာကို အမှန်တကယ်ပင် ထိခိုက်စေခဲ့သည်။
ယခုအချိန်တွင် သူသည် အိမ်၌ ဟာသတစ်ခု ဖြစ်နေခဲ့လေပြီ။ သူ့ဇနီးသည်က အခွင့်အရေးရတိုင်း သူ့ကို ထိုကိစ္စဖြင့် လှောင်ပြောင်တတ်သောကြောင့် သူက အနိုင်ပြန်ရရန် အသည်းအသန် ဖြစ်နေသည်။
လျူအာကျူးက လက်မှိုင်ချလျက် ပြောလိုက်သည်။
"ကျွန်တော့်မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်ဗျ..."
"အပိုတွေ ပြောမနေနဲ့... ဒီစာရွက်က ခဏနေမှ ခွင့်ပြုချက်ရမှာ... မင်းအစ်ကို မျက်နှာကို ထောက်ပြီး ဒီမှာ ငါနဲ့အတူ နေ့လယ်စာစားရင်း သောက်ကြတာပေါ့..."
ချန်ဟုန်ယွင်သည် လျူအာကျူးအတွက် ဆုံးဖြတ်ချက်ချပေးလိုက်ပြီး ငြင်းဆန်ခွင့် မပေးတော့ပေ။
လျူအာကျူးက ငြင်းဆန်ရန် ကြိုးစားနေဆဲဖြစ်သည်။
"ကျွန်တော် ဒီတစ်ကြိမ် လူတစ်ယောက် ခေါ်လာတယ်ဗျ... သောက်ဖို့ သိပ်အဆင်မပြေဘူး..."
"လူတစ်ယောက်... ယောက်ျားလား မိန်းမလား... မင်းမိန်းမလား..."
ချန်ဟုန်ယွင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး... ရွာမှာ ရေတွင်းတူးဖို့ ငှားလာတဲ့ ရေအသုံးချမှု ပညာရှင် တစ်ယောက်ပါ..."
လျူအာကျူးက အလေးအနက် ပြောလိုက်သည်။
"ဒါဆိုရင်လည်း အဲ့ပညာရှင်ကိုပါ ငါတို့နဲ့အတူ လာသောက်ဖို့ ဖိတ်လိုက်လေ..."
ချန်ဟုန်ယွင်က လုံးဝ ဂရုမစိုက်ပေ။
သူ၏ ယှဉ်ပြိုင်လိုစိတ်များ တက်ကြွနေပြီး သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
သူ မည်မျှ ဇွဲကောင်းနေသည်ကို မြင်သောအခါ လျူအာကျူးသည် ငြင်းဆန်၍မရတော့ဘဲ သဘောတူလိုက်ရလေသည်။
"ကောင်းပြီလေ... ကျွန်တော် သူ့ကို သွားခေါ်လိုက်ဦးမယ်... အပြင်မှာချည်း ပစ်ထားခဲ့လို့ မရဘူး..."
"သွား သွား... မင်း ခိုးမပြေးဖို့တော့ သတိထား... မဟုတ်ရင် မင်းအိမ်အထိ လိုက်မလာဘူးလို့ မပြောနဲ့နော်..."
ချန်ဟုန်ယွင်က ခြိမ်းခြောက်လိုက်သည်။
လျူအာကျူးက ခေါင်းခါယမ်းလိုက်ပြီး သူမကို သွားခေါ်ရန် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းဆီသို့ ထွက်လာခဲ့သည်။
ထောက်ပံ့ရေးနှင့်သမဝါယမအသင်းနှင့် မလှမ်းမကမ်းတွင် လူတစ်စု ဝိုင်းအုံနေပြီး ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
လူအုပ်ထဲမှ အော်ဟစ်ငိုယိုသံများနှင့်အတူ အမျိုးသားတစ်ဦး၏ အော်ဟစ်ရိုက်နှက်သံများ ထွက်ပေါ်လာသည်။
လျူအာကျူးသည် ထိုငိုသံကို ရင်းနှီးနေသည်ဟု ခံစားရပြီး လုကျီယွင်၏ အသံနှင့် တူနေသောကြောင့် လူအုပ်ထဲသို့ အပြေးအလွှား တိုးဝင်သွားလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လုကျီယွင်သည် သူမခင်ပွန်းဖြစ်သူ၏ မြေပြင်ပေါ်သို့ ဖိချကာ ရိုက်နှက်ခြင်းကို ခံနေရသော်လည်း သူမ၏ ရင်ခွင်ထဲရှိ အစားအစာများ၊ ငွေများနှင့် ခွဲတမ်းလက်မှတ်များကို အသည်းအသန် ဖက်တွယ်ထားသည်။
"ရပ်စမ်း..."
လျူအာကျူးက အော်ဟစ်ကာ ရှေ့သို့ ပြေးဝင်သွားလေသည်။
သူမ၏ ခင်ပွန်းက ခေါင်းပင်မမော့ဘဲ ဆဲဆိုလိုက်သည်။
"ထွက်သွားစမ်း... ငါ့မိန်းမကို ငါရိုက်နေတာ မင်းနဲ့ ဘာဆိုင်လို့လဲ..."
လျူအာကျူးသည် ထိုသူကို ကန်ထုတ်လိုက်ပြီး ဒေါသထွက်နေသော မျက်နှာဖြင့် ဆဲဆိုလိုက်သည်။
“မင်းလို ခွေးတစ်ကောင်က မိန်းမရဖို့ ထိုက်တန်လို့လား..."
ထိုသူသည် ဒေါသတကြီးဖြင့် ထကာ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လျူအာကျူးဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လန့်ဖြန့်သွားသည်။ သူသည် ကျားတစ်ကောင်မှ ကြွက်တစ်ကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ နောက်သို့ ဆုတ်သွားပြီး ကြောက်လန့်တကြား ပြောလိုက်သည်။
“မင်း... မင်းက ဘာလို့ ဒီနေရာကို ရောက်လာပြန်တာလဲ..."
လျူအာကျူးက ထိုသူကို လျစ်လျူရှုကာ လုကျီယွင်ကို ထူပေးလိုက်သည်။ သူက သူမကို အကဲခတ်ကြည့်လိုက်ရာ အဝတ်အစားများပေါ်တွင် ခြေရာအနည်းငယ်နှင့် ဆံပင်များ ရှုပ်ပွနေသည်မှလွဲ၍ ပြင်းထန်သော ဒဏ်ရာများ မရရှိထားသည်ကို တွေ့လိုက်ရသည်။
သူမ၏ ခင်ပွန်းက အရက် အလွန်အကျွံ သောက်ထားသောကြောင့် ဖြစ်နိုင်သည်။ ရိုက်နှက်နေပုံမှာ ပြင်းထန်ပုံပေါက်သော်လည်း သူ၏ ခြေလက်များမှာ အမှန်တကယ်တွင် အားနည်းနေပြီး အမျိုးသမီးများကိုသာ အနိုင်ကျင့်နိုင်စွမ်း ရှိသည်။
လျူအာကျူးကို မြင်လိုက်ရသောအခါ လုကျီယွင်သည် ဝမ်းနည်းပူဆွေးမှုကြောင့် ပို၍ပင် အော်ငိုလိုက်သည်။
"ကျူးဇီ... သူက ငါ့ပစ္စည်းတွေနဲ့ ငွေတွေကို လုချင်နေတာ... ဒါတွေက ရွာကပေးလိုက်တာဖြစ်ပြီး ငါ ကလေးကို စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ပြောတာတောင် သူက ငါ့ကို စရိုက်တော့တာပဲ..."
လျူအာကျူး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ထိုသူကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ထိုသူသည် အလွန်ကြောက်လန့်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။ သူ၏ အရက်မူးနေမှု အနည်းငယ် ပြေသွားပြီး ကမန်းကတန်း ပြောလိုက်သည်။
"ငါ... သူမက ငါ့မိန်းမလေ... သူမက ငါ့ကို ငွေပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား... အားလုံးပဲ စဉ်းစားကြည့်ကြပါ... ဘယ်သူ့အိမ်မှာ ယောက်ျားက စီမံခန့်ခွဲတာ မဟုတ်လို့လဲ... ငါက ငွေတောင်းတာ မှားလို့လား..."
လူအုပ်ထဲမှ အချို့က ခေါင်းညိတ်ကြသော်လည်း အချို့ကမူ အထင်သေးစွာဖြင့် ကြည့်နေကြသည်။
ဤလူသည် လုံးဝ အသုံးမကျသူဖြစ်ကြောင်း သူတို့အားလုံး ရှင်းလင်းစွာ မြင်တွေ့နိုင်၏။
သို့သော် ဖြောင့်မတ်သော အရာရှိတစ်ဦးပင်လျှင် မိသားစုအငြင်းပွားမှုများကို ဖြေရှင်းရန် ခက်ခဲလေရာ အခြားသူတစ်ဦး၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန်မှာ အမှန်တကယ် လွယ်ကူလှသည် မဟုတ်ပေ။
လျူအာကျူးသည် လူတိုင်း၏ သဘောထားကို အကဲခတ်လိုက်ပြီး ဝမ်းနည်းပူဆွေးနေသော လုကျီယွင်နှင့် သတ္တိကြောင်နေသော ထိုသူကို ကြည့်ကာ ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အရာရှိတစ်ဦးအတွက် မိသားစုအငြင်းပွားမှုများကို ဖြေရှင်းရန် ခက်ခဲသည် မဟုတ်လော။
ဒါဆိုလျှင်လည်း ဤကိစ္စကို မိသားစုကိစ္စ မဟုတ်တော့အောင် လုပ်ပစ်လိုက်ရုံပေါ့။
လျူအာကျူးက ထိုသူကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငွေကို စီမံခန့်ခွဲချင်တယ်ပေါ့... သွားပြီး တခြားလူရဲ့ ငွေကိုသာ သွားစီမံချေ... ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် ကွာရှင်းရမယ်..."
"ကွာရှင်း" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လုကျီယွင်သည် ခေါင်းကို ဆတ်နဲမော့ကာ လျူအာကျူးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ဝန်းရံနေသော လူအုပ်ကြီးမှာလည်း ပွက်လောရိုက်သွားလေတော့သည်။
ကွာရှင်းမယ်။
ရိုးရိုးသားသားပြောရလျှင် ထိုစကားလုံးသည် ဤခေတ်ကာလတွင် အလွန်ရေပန်းစားမှု မရှိပေ။
အဘယ်ကြောင့်ဆိုသော် လူတို့သည် ကြက်ကို လက်ထပ်လျှင် ကြက်နောက်သို့ လိုက်ရမည်၊ ခွေးကို လက်ထပ်လျှင် ခွေးနောက်သို့ လိုက်ရမည် ဟူသော မူဝါဒကို လိုက်နာကြပြီး ကွာရှင်းခြင်းသည် ရှက်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်ဟု လူတိုင်းက ယူဆထားသောကြောင့် ဖြစ်သည်။
ဤဂုဏ်သတင်းအတွက်ကြောင့် အပြာအမည်းစွဲအောင် ရိုက်နှက်ခံရသော အမျိုးသမီးအချို့ပင်လျှင် ကွာရှင်းရန် မပြောရဲကြပေ။
တစ်ကြိမ် ကွာရှင်းပြီးသွားပါက သူတို့သည် ယောက္ခမအိမ်တွင် ဆက်နေ၍မရတော့သလို သူတို့၏ ကိုယ်ပိုင်မိဘများကလည်း မျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့် သူတို့ကို ကြိုဆိုကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သွားစရာလမ်း အမှန်တကယ် မရှိတော့မည် ဖြစ်ရသည်။
ထို့ကြောင့် လုကျီယွင်သည် ဤလူကို အရိုးထဲစွဲအောင် မုန်းတီးနေသော်လည်း ကွာရှင်းခြင်းအကြောင်း ကြားလိုက်ရချိန်တွင် အလိုအလျောက် ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။
လျူအာကျူးက သူမကို ကြည့်ကာ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်ပါနဲ့... အခုကစပြီး ခင်ဗျား လျူကျေးရွာမှာ နေရမယ်..."
ထိုစကားများ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လုကျီယွင်သည် သူမ၏ နှလုံးသားအတွက် အိမ်တစ်လုံး ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မျက်ရည်များ အတားအဆီးမရှိ ကျဆင်းလာသော်လည်း ကြောက်ရွံ့မှုများတော့ ပျောက်ကွယ်သွားခဲ့တော့၏။
ယခုအခါတွင် အထိတ်တလန့် ဖြစ်သွားသူမှာ ထိုအမျိုးသားပင် ဖြစ်သည်။ သူသည် ကွာရှင်းရန် ဆန္ဒမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ စရိုက်နှင့်ဆိုလျှင် ကွာရှင်းပြီးနောက် အခြားဇနီးတစ်ဦးကို သေချာပေါက် ရှာတွေ့နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့အပြင် သူသည် နောက်မိန်းမတစ်ယောက် ရခဲ့လျှင်တောင်မှ လုကျီယွင်လောက် အနိုင်ကျင့်ရန် လွယ်ကူမည် မဟုတ်ပေ။
"ဟင့်အင်း... ငါ မကွာရှင်းနိုင်ဘူး... မိန်းမ... ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ... ကိုယ် နောက်ထပ် အရက်မသောက်တော့ပါဘူးလို့ ကတိပေးပါတယ်... အခုကစပြီး မင်းနဲ့ ကလေးကို ကိုယ် သေချာစောင့်ရှောက်ပါ့မယ်... ဟုတ်ပြီလား..."
အမျိုးသားသည် ရုတ်တရက် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး အရှက်မရှိ တောင်းပန်လေတော့သည်။
ထိုသို့သော တန်ဖိုးပေါလှသည့် လှည့်ကွက်ကြောင့် သူမ၏ စိတ်ထား ပျော့ပျောင်းသွားမည်ကို စိုးရိမ်သောကြောင့် လျူအာကျူးသည် လုကျီယွင်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
အကယ်၍ လုကျီယွင်ကိုယ်တိုင်က ကွာရှင်းရန် လက်လျှော့လိုက်ပါက လျူအာကျူးတွင် ဝင်ရောက်စွက်ဖက်ရန် မည်သည့်နည်းလမ်းမျှ အမှန်တကယ် ရှိတော့မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် လုကျီယွင်သည် ဤလူကို အလွန်ကောင်းစွာ သိရှိထားသည်။ ယခင်ကလည်း သူသည် ဒူးထောက်၍ မိမိအမှားများကို မရေမတွက်နိုင်အောင် ဝန်ခံခဲ့ဖူးသော်လည်း နှစ်ရက်အကြာတွင်မူ အိမ်မှ ငွေများကို ခိုးယူကာ အရက် အလွန်အကျွံ သောက်တတ်သူ ဖြစ်သည်။
ယခင်က သူမတွင် ကျောထောက်နောက်ခံပေးမည့်သူ မရှိသောကြောင့် ထိုလူကို အဆုံးစွန်အထိ တွန်းပို့ရန် အမှန်တကယ် မဝံ့ရဲခဲ့ပေ။
ယခုအခါတွင် သူမ မှီခိုအားထားစရာ လျူအာကျူး ရှိနေပြီဖြစ်သောကြောင့် သူမ ဆုံးဖြတ်ချက် ချလိုက်လေပြီ။
သူမ မဖြစ်မနေ ကွာရှင်းရမည်။