← Chapters

အခန်း ၇၆၆

Vol. 52 Ch. 766

အခန်း ၇၆၆

Vol. 52 Ch. 766

အခန်း (၇၆၆) တန်ဖိုးမဖြတ်နိုင်သော ရတနာမြေပုံ နှင့် မူလစွမ်းအား ဖလှယ်ခြင်း

"ဒါက ဘာလဲ"

ယဲ့ဖုန်းသည် ဝါကျင့်ကျင့် အရောင်ပြောင်းနေသော စာလိပ်ကို စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။ သူသည် စားပွဲပေါ်တွင် ဖြည်းညင်းစွာ ဖြန့်ခင်းလိုက်၏။

ထိုစာလိပ်မှာ မြေပုံတစ်ခု ဖြစ်၏။

ယင်းကို ဝိညာဉ်ပန်းချီဆရာတစ်ဦး၏ လက်ရာဖြင့် ရေးဆွဲထားခြင်း ဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် ယဲ့ဖုန်း လုံးဝ နားမလည်နိုင် ဖြစ်သွားရသည်။ သူ စိတ်ထဲတွင် ယင်းကို ပစ်ပေါက်ပစ်လိုက်ချင်စိတ်ပင် ပေါက်သွား၏။

"ဂိုဏ်းချုပ်.. ဒီဟာက ကျုပ်ရဲ့ ရတနာမြေပုံပါ"

အရက်သမားရူး က ရှင်းပြလာသည်။

"ကျုပ် အလုပ်မရှိတဲ့ နှစ်တွေတုန်းက ရှန်ကျိုးတိုက်ကြီး အနှံ့ လှည့်လည်သွားလာခဲ့တယ်။ လျှို့ဝှက်နယ်မြေ အများကြီးထဲကိုလည်း ဝင်ခဲ့ဖူးတယ်"

"အဲဒီထဲမှာ ရတနာတွေ အများကြီး ရှိတယ်"

"ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်နေပြီဆိုတော့ ဒီပစ္စည်းတွေကို မလိုတော့ဘူး။ လျှို့ဝှက်နယ်မြေတွေကနေ ထွက်လာတဲ့အခါ အဲဒီနေရာတွေကို ဖွင့်ဖို့ နည်းလမ်းတွေနဲ့ တည်နေရာ အတိအကျကို မှတ်တမ်းတင်ထားခဲ့တယ်။ ပြီးတော့ အဲဒီနည်းလမ်းအတိုင်းပဲ လျှို့ဝှက်နယ်မြေတွေကို ပြန်ပိတ်ထားခဲ့တယ်"

ဤစကားကို ကြားလိုက်ရသော် ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး မေးလိုက်သည်။ "စုစုပေါင်း လျှို့ဝှက်နယ်မြေ ဘယ်လောက်တောင် ရှိသလဲ"

"ရေတွက်လို့တောင် မရဘူး"

အရက်သမားရူး သည် ဆေးအရက် (၁၀၀) ကီလိုဂရမ်ကို အမြန်သောက်ချလိုက်ပြီးနောက် လေချဉ်တက်လိုက်ကာ ဆက်ပြောသည်။ "ကျုပ် အသက် ခြောက်ထောင် အရွယ်ကစပြီး အခုထိ မှတ်တမ်းတင်ထားတာဆိုတော့ အများကြီးပဲ ဖြစ်ရမယ်"

အရက်သမားရူး သည် ယခုနှစ်တွင်အသက် (၉၀၀၀) ရှိပြီ ဖြစ်ပါ၏။

ယဲ့ဖုန်း ဤအချက်ကို သိထားသည်။

ဆိုလိုသည်မှာ ဤစာလိပ်ထဲတွင် အရက်သမားရူး အနှစ် (၃၀၀၀) ကာလတာ အတွင်း စုဆောင်းခဲ့သော လျှို့ဝှက်နယ်မြေများ ပါဝင်နေသည်။ အချို့နယ်မြေများ ပျောက်ကွယ်သွားသည်ဟု ဆိုဦးတော့ အများအပြား ကျန်ရှိနေဦးမည်မှာ အသေအချာပင်။

"ဝှစ်"

ယဲ့ဖုန်းသည် စာလိပ်ကို ရုတ်တရက် အားဖြင့် လွှတ်လိုက်ရာ အလျင်အမြန်ပင် ဖြန့်ထွက်သွား၏။ တစ်မီတာခန့် ကျယ်ပြီး အဆုံးအစ မရှိသကဲ့သို့ ရှည်လျားလှသော စာလိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

ယဲ့ဖုန်း၏ အမြင်တွင် စာလိပ်၏ အခြားတစ်ဖက်မှာ တောင်ထိပ်မှ လျှောကျသွားပြီး တောင်ခြေအထိ ဆက်တိုက် တိုးထွက်နေသည်မှာ အဆုံးသတ်မဲ့နေသည့်နှယ်။

"ဒီစာလိပ်က ဘယ်လောက်တောင် ရှည်တာလဲ"

ယဲ့ဖုန်း မေးမြန်းလိုက်သည်။

"ပေထောင်ချီလား... သောင်းချီလား... ကျုပ် မေ့နေပြီ" အရက်သမားရူး သည် မျက်နှာနီရဲလျက် ခေါင်းခါရင်း ဖြေသည်။ သူ မှတ်မိပုံ မရပေ။

ဤစကားကြားရသော် ယဲ့ဖုန်း၏ အမူအရာမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွား၏။

စာလိပ်က ပေထောင်ချီ ရှိသည်ဟု ဆိုဦးတော့ မှတ်တမ်းတင်ထားသော လျှို့ဝှက်နယ်မြေ အရေအတွက်မှာ သောင်းနှင့်ချီ ရှိနေမည်မှာ အသေအချာပင်။ ပေသောင်းချီ ရှိနေပါက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

သူသည် ခေါင်းငုံ့ကာ စာလိပ်၏ ပထမဆုံး ပုံကို စတင်ကြည့်ရှုသည်။

ပုံမှာ အကျယ် (၈၀) စင်တီမီတာ၊ အလျား (၂) မီတာ ရှိပြီး ထူးဆန်းသော သင်္ကေတများစွာ၊ ကြက်ခြေခတ်ကဲ့သို့ စာသားမှတ်တမ်းများ ပါဝင်သည့် ချိုင့်ဝှမ်းတစ်ခုကို ဖော်ပြထားသည်။

ကံကောင်းထောက်မစွာပင် ယဲ့ဖုန်းတွင် ရှိနေသော ဉာဏ်အလင်းပွင့် နှလုံးသား အပိုင်းအစ (၃) ခုကြောင့် သူ၏ ထက်မြက်လှသော နားလည်နိုင်စွမ်းဖြင့် အကြောင်းအရာကို လျင်မြန်စွာ ဖော်ထုတ်နိုင်ပြီး ပထမဆုံး ရတနာမြေပုံကို စတင် ပြုစုနိုင်ခဲ့သည်။

ထို့နောက် သူသည် ဆက်လက်၍ တွက်ချက်သည်။

အရက်သမားရူး သည် ဘေးတွင် အရက်အိုးတစ်အိုးဖြင့် ထိုင်နေပြီး တိတ်ဆိတ်စွာ ကြည့်ရှုနေ၏။ တစ်ခါတစ်ရံ လေချဉ်တက်လိုက်၊ ယဲ့ဖုန်း၏ မေးခွန်းများကို ဖြေကြားပေးလိုက် လုပ်နေသည်။

ဤသို့ဖြင့် (၃) ရက် ကုန်ဆုံးသွား၏။

ယဲ့ဖုန်းသည် အကျယ် (၅၀) စင်တီမီတာ၊ အလျား (၁) မီတာ ရှိသော ဆန်စက္ကူများပေါ်တွင် ရတနာမြေပုံပေါင်း (၆၀၀) ကျော်ကို ပြုစုလိုက်ရာ ထူထဲသော စာအုပ်ပုံကြီး ဖြစ်နေတော့၏။

"ဂိုဏ်းချုပ်.. ကျွန်မရဲ့ စွမ်းအင်တွေ တိုးလို့ မရတော့ဘူး"

ဟူဖေးဖေး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ဖုန်း လန့်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ကို ပခုံးပေါ်တွင် ထမ်းလျက် စားပွဲနားတွင် ရပ်နေသည်။ သူမ၏ ပန်းရောင် အမြီး (၉) ချောင်းမှာ တရစပ် လှုပ်ယမ်းနေပြီး အမြီးတစ်ခုမှာ မင်ကျောက်ပြားကို ထိမိကာ မင်အမည်းရောင်များ ပေကျံနေ၏။

"ဟား"

ယဲ့ဖုန်း ရယ်မောလိုက်ပြီး သူမ၏ အမြီးကို လက်ညှိုးထိုးပြလိုက်သည်။

"အို... ရွံလိုက်တာ"

ဟူဖေးဖေးသည် အမြန်ပင် ဘေးသို့ ရှောင်လိုက်ပြီး အမြီးကို လှုပ်ခါလိုက်ရာ မင်များ ပြုတ်ကျသွားပြီး အမြီးမှာ အညစ်အကြေး တစ်စက်မျှ မကျန်တော့ဘဲ တောက်ပသန့်ရှင်းသွား၏။

[ဟူဖေးဖေး၏ အဆင့်တက်စွမ်းအင် - (၉၉.၉၉၉) ရာခိုင်နှုန်း]

ယဲ့ဖုန်းသည် ဟူဖေးဖေး၏ အခြေအနေကို စစ်ဆေးကြည့်ရာ အံ့အားသင့်သွား၏။

"ဘာလို့ မင်းရဲ့ စွမ်းအင်က နောက်ဆုံးအဆင့်မှာ တန့်နေရတာလဲ"

"ကျွန်မလည်း မသိဘူး"

ဟူဖေးဖေးသည် ခေါင်းကို ခါယမ်းလိုက်သည်။

ဤကာလအတွင်း လနီဂိတ်တံခါးတွင် အမှတ်များ စုဆောင်းခဲ့ရာ သူမ၏ စွမ်းအင်မှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

(၃) ရက်ကတည်းက စွမ်းအင်မှာ (၉၉.၉၉၉) ရာခိုင်နှုန်းသို့ ရောက်ရှိပြီး ပြည့်ခါနီး ဖြစ်နေခဲ့သည်။

သို့သော် ထိုအချိန်မှစ၍ မည်မျှပင် ကြိုးစားရှာဖွေစေကာမူ အဆင့်တက်စွမ်းအင်အသစ် မရရှိတော့ပေ။

တစ်စုံတစ်ခုကို ပိတ်ဆို့ခံထားရသည့်နှယ် ဖြစ်၏။

"စနစ် ဒါက ဘာဖြစ်တာလဲ"

"သတိပေးချက်... ဟူဖေးဖေးရဲ့ ကျင့်စဉ်အဆင့်က မြင့်တက်သွားပြီဖြစ်လို့ လနီဂိတ်တံခါးက အဆင့်တက်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို ဆက်ပြီး မထောက်ပံ့ပေးနိုင်တော့ဘူး။ ပိုပြီး သန့်စင်မြင့်မားတဲ့ စွမ်းအင်တွေကို စုပ်ယူတာမျိုး ဒါမှမဟုတ် မြင့်မြတ်သော နတ်ဘုရားပုံစံရဲ့ စွမ်းအားကို သုံးပြီး ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်နေပါပြီ”

"အာ၊ ပြန်လည်ဖြည့်တင်းဖို့လား"

"အကောင်းဆုံး အကြံပြုချင်တာကတော့ မြင့်မြတ်သော နတ်ဘုရားပုံစံရဲ့ စွမ်းအားကို အသုံးပြုပြီး ဟူဖေးဖေးရဲ့ စွမ်းအင်တွေကို သန့်စင်ပေးလိုက်ပါ။ အဲဒီလိုသာ လုပ်လိုက်မယ်ဆိုရင် စွမ်းအင်ပြည့်ဝမှုက (၁၀၀) ရာခိုင်နှုန်းအထိ ချက်ချင်း ရောက်ရှိသွားပြီး အဆင့် (၄) တပိုင်းသူတော်စင်အဆင့်ကို တက်လှမ်းသွားနိုင်ပါလိမ့်မယ်။ အဲ့ဒီအခါ လနီဂိတ်တံခါးကနေတစ်ဆင့် စွမ်းအင် (၆၀) ရာခိုင်နှုန်းလောက်ကို ထပ်ပြီး စုဆောင်းနိုင်သွားလိမ့်မယ်”

"အော်... အဲဒီလိုကိုး"

ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွား၏။

အကြောင်းရင်းကို နားမလည်နိုင်သော်လည်း သူ၏ လက်ထဲတွင် စုပ်ယူနိုင်သော မြင့်မြတ်သော နတ်ဘုရား ပုံစံ အပိုင်းအစ (၂) ခု ရှိနေပြီး ဟူဖေးဖေးအတွက် လုံလောက်မည် ဖြစ်၏။

"ဟူး..."

ထိုအချိန်တွင် ဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ကြည့်လိုက်ရာ အရက်သမားရူး သည် အရက်အိုးကို ဖက်လျက် မြေပြင်ပေါ်တွင် ဝက်သေကဲ့သို့ အိပ်ပျော်နေပြီး ပါးစပ်ဟကာ တခူးခူးနှင့် ဟောက်နေသည်ကို တွေ့လိုက်ရသည်။

"ဒီလူက ဘယ်သူလဲ" မင်းသမီး ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ကို ကိုင်လျက် အိပ်ပျော်နေသော အရက်သမားရူးကို လက်ညှိုးထိုးကာ မေးလိုက်၏။

"အရက်သမားရူး... ဂိုဏ်းရဲ့ မဟာအကြီးအကဲသစ်လေ" ယဲ့ဖုန်း ပြန်ဖြေလိုက်သည်။ သူသည် ရတနာမြေပုံကို ထိုအတိုင်း ထားခဲ့ပြီး မင်းသမီး ဟူဖေးဖေးကို ဂိုဏ်းချုပ် ခန်းမဆောင်ထဲသို့ ခေါ်ဆောင်ကာ တံခါးကို တင်းကျပ်စွာ ပိတ်လိုက်၏။

ထို့နောက်...

ယဲ့ဖုန်းသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး မင်းသမီး ဟူဖေးဖေးကို ဝိညာဉ်တည်ငြိမ်နယ်မြေသို့ ခေါ်ဆောင်သွားကာ အပြင်ဘက်မှ အရှိန်အဝါများကို ပိတ်ပင်လိုက်သည်။

ယဲ့ဖုန်းသည် လင်းဝေ သူတော်စင် ဧကရာဇ်၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုတည်းသာ ကျန်ရှိသော အပိုင်းအစကို ထုတ်လိုက်သည်။ ခေါင်းမှာ ပျောက်ဆုံးနေပြီ ဖြစ်၏။

ကြောက်မက်ဖွယ် အရှိန်အဝါများ နေရာအနှံ့ ပျံ့နှံ့သွား၏။

နယ်မြေ တစ်ခုလုံး ဖိနှိပ်ခံလိုက်ရပြီး သက်ရှိအားလုံးမှာ ကမ္ဘာပျက်တော့မည့်အလား မြေပြင်ပေါ်တွင် ဝပ်တွားနေကြရသည်။

"ငါ့ကို စောင့်နေပါ"

ယဲ့ဖုန်းသည် ကံကြမ္မာ ရတနာပုလဲကို ထုတ်၍ ကံကြမ္မာစွမ်းအားဖြင့် လင်းဝေ သူတော်စင် ဧကရာဇ်၏ ခန္ဓာကိုယ်အစမှ တစ်စုံတစ်ရာကို စုပ်ယူလိုက်သည်။

၎င်းမှာ ရောင်ခြည် ကိုးခုဖြင့် လည်ပတ်နေသော ဝဲဂယက်တစ်ခု ဖြစ်ပြီး တစ်ချက်ကြည့်လိုက်လျှင် ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံနှင့် ဆင်တူသည်။

ဤသည်မှာ မြင့်မြတ်သော နတ်ဘုရား ပုံစံ၏ မူလစွမ်းအား ဖြစ်၏။

"မင်းသမီး စမ်းကြည့်လိုက်ဦး" ယဲ့ဖုန်း ပြောလိုက်သည်။

"ဟုတ်ကဲ့" မင်းသမီး ဟူဖေးဖေးသည် အသက်ကို ပြင်းပြင်းရှူ၍ မူလစွမ်းအားကို မြိုချလိုက်ပြီး ပေါင်းစပ်လိုက်သည်။

[ဟူဖေးဖေး၏ အဆင့်တက်စွမ်းအင် - (၂၀၀) ရာခိုင်နှုန်း]

မိနစ်အနည်းငယ် ကြာပြီးနောက် မင်းသမီး ဟူဖေးဖေး၏ စွမ်းအင်မှာ ပြည့်ဝရုံသာမက နှစ်ဆပင် တိုးပွားလာသည်။

"မြင့်မြတ်သော နတ်ဘုရား ပုံစံရဲ့ စွမ်းအားပဲ... တကယ်ကို အစွမ်းထက်တယ်" ယဲ့ဖုန်း အံ့ဩစွာ ဆိုလိုက်သည်။

စွမ်းအင်များ ပြည့်ဝသွားပြီးနောက် မင်းသမီး ဟူဖေးဖေးသည် မျက်လုံးမှိတ်ကာ ယဲ့ဖုန်း၏ ဘေးတွင် အိပ်ပျော်သွား၏။ သူမ၏ လှပသော မျက်နှာလေးမှာ ဆွဲဆောင်မှုရှိနေသည်။

သို့သော် စိတ်ဓာတ်ခိုင်မာသော ယဲ့ဖုန်းမှာမူ တုတ်တုတ်မျှ မလှုပ်ပေ။

"ငါလည်း နတ်ဘုရားရုပ်ခန္ဓာရဲ့ စွမ်းအားကို စုပ်ယူကြည့်ဖို့ အချိန်တန်ပြီ။ အောင်မြင်မယ်ဆိုရင် ဒီနေ့မှာတင် ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်ကို ရောက်နိုင်လောက်တယ်"

ယဲ့ဖုန်း သူ့ဘာသာ ရေရွတ်လိုက်သည်။

သူသည် မြေပြင်ပေါ်တွင် ထိုင်၍ ကံကြမ္မာ ရတနာပုလဲဖြင့် မူလစွမ်းအားကို စုပ်ယူပြီး မိမိခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ရန် ကြိုးစားသည်။

သို့သော် စိတ်ပျက်စရာကောင်းသည်မှာ မည်မျှပင် ကြိုးစားသော်လည်း လင်းဝေ သူတော်စင် ဧကရာဇ်နှင့် မြူခိုးသူတော်စင်တို့၏ ရုပ်ခန္ဓာစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်၍ မရပေ။

"ငါ ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်ကို လိုက်ချင်ရင် မူလစွမ်းအားကိုပဲ အားကိုးရမယ်... ဒါပေမဲ့ သူတို့နှစ်ယောက်က နိယာမ အခြေပြု သူတော်စင် လမ်းစဉ်တွေမို့ မူလစွမ်းအား မပါဘူး။ ရုပ်ခန္ဓာသူတော်စင် လမ်းစဉ် လျှောက်လှမ်းသူတွေမှာပဲ အဲဒါ ရှိတယ်" ယဲ့ဖုန်း တွေးလိုက်သည်။

"အော်... ဟုတ်ပြီ"

ယဲ့ဖုန်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ခန္ဓာကိုယ် အပိုင်းအစကို အမြန် သိမ်းလိုက်ကာ မင်းသမီး ဟူဖေးဖေးကို မြူခိုးဂိုဏ်းသို့ ပြန်ခေါ်လာခဲ့သည်။

သူမကို မိုးကြိုးရေကန် နန်းတော်တွင် ထားခဲ့ပြီးနောက် ယဲ့ဖုန်းသည် သစ်မာလွင်ပြင်အောက်သို့ ဆင်းသွားကာ ကြီးမားသော ဦးခေါင်းခွံကြီးကို ကြည့်လိုက်၏။

"မင်းက ငါ့ရဲ့ အနှစ်သာရကို သယ်ဆောင်ထားတာပဲ"

ယဲ့ဖုန်း ရောက်သွားသည်နှင့် ဦးခေါင်းခွံကြီးမှာ တုန်ခါသွားပြီး မျက်လုံးနေရာမှ အပြာရောင် မီးတောက်များဖြင့် ယဲ့ဖုန်းကို စူးစိုက်ကြည့်နေသည်။

"ကျွန်တော် ရှေးဟောင်း နတ်ဘုရား တစ်ပါး ချန်ရစ်ခဲ့တဲ့ စီနီယာရဲ့ ညာလက်ကို ရှာတွေ့ပါပြီ။ အဲဒါက ဟိုအဝေး အစစ်အမှန်နဂါး နယ်မြေထဲက ကျောက်ခေါင်းတလား တစ်ခုထဲမှာ အလုံပိတ်ထားတာပါ" ယဲ့ဖုန်း အမှန်အတိုင်း ပြောပြလိုက်သည်။

"ဂျုန်း"

ဦးခေါင်းခွံကြီး ပြင်းထန်စွာ တုန်ခါသွားပြီး စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

"ငါ့ရဲ့ ညာလက်ကို... တကယ်ပဲ ရှာတွေ့ခဲ့တာလား" ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားက တုန်ရီသော အသံဖြင့် မေးလာသည်။

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ယဲ့ဖုန်းကို လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။ သူတော်စင်အဝင် အဆင့်များပင် မဝင်ရောက်နိုင်အောင် တားဆီးထားခြင်း ဖြစ်၏။

ယင်းမှာ ယဲ့ဖုန်းကို ကာကွယ်ပေးခြင်းနှင့် ပြင်ပအဖွဲ့အစည်းများ၏ စူးစမ်းမှုကို တားဆီးခြင်း ဖြစ်၏။

"ဟုတ်ပါတယ် ကျွန်တော် အမှတ်တမဲ့ ရှာတွေ့ခဲ့တာပါ။ အရှင့်ရဲ့ ညာလက်နဲ့ လဲလှယ်ပြီး ကျွန်တော့်ကို မူလစွမ်းအား တစ်မျှင်လောက် ပေးနိုင်မလားဗျ" ယဲ့ဖုန်း သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

သူ့ကို မူလစွမ်းအား လိုအပ်နေ၏။

ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်အတွက် မရှိမဖြစ် လိုအပ်သည်။

ကောင်းကင်ဘုံအောက်တွင် ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်ကို လျှောက်လှမ်းခဲ့ဖူးသည့် တစ်ဦးတည်းသော ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားမှလွဲ၍ မည်သည့်နေရာတွင်မှ သူ မရနိုင်ပေ။

ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား တိတ်ဆိတ်သွား၏။

"သဘောတူတယ်"

နောက်ဆုံးတွင် သူ အပေးအယူကို သဘောတူလိုက်သည်။

"ဝှစ်"

ဖျော့တော့သော ရွှေရောင် အရှိန်အဝါ တစ်ခုသည် ဦးခေါင်းခွံထဲမှ ထွက်ပေါ်လာပြီး ယဲ့ဖုန်းရှေ့သို့ ကျရောက်လာသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော နို့နှစ်ရောင် နဂါးတန်းသကဲ့သို့ တည်ရှိနေသော မူလစွမ်းအားပင် ဖြစ်၏။

၎င်းကို မြင်လိုက်ရသော် ယဲ့ဖုန်း အလွန်ပင် စိတ်လှုပ်ရှားသွား၏။

ဤအရာနှင့်အတူ သူသည် နောက်ဆုံးတွင် ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်သို့ ရောက်ရှိတော့မည် ဖြစ်၏။

သူသည် ဤနေ့ရက်ကို အလွန်ပင် စောင့်မျှော်ခဲ့ရပါသည်။

--

All Chapters