အခန်း ၇၆၇
Vol. 52 Ch. 767
အခန်း (၇၆၇) ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ ရင်းမြစ် နှင့် ကျားရှီး၏ ဆရာ
"စီနီယာ... ကျွန်တော်.. ခင်ဗျားရဲ့ ညာလက်ကို အခုပဲ ယူဆောင်လာခဲ့ပေးမယ်"
ယဲ့ဖုန်းသည် မူလစွမ်းအားကို ဆုပ်ကိုင်ထားရင်း မယုံနိုင်လောက်အောင် လေးလံလှသည့် ရှေးဦးနတ်ဘုရား တောင်ကြီးတစ်ခုကို ဆုပ်ကိုင်ထားရသကဲ့သို့ ခံစားလိုက်ရပြီး ရှေ့သို့ပင် မလှမ်းနိုင်တော့ပေ။
"အဲဒီအကြောင်းကို နောက်မှပဲ ပြောကြတာပေါ့"
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ ဦးခေါင်းခွံမှ အလင်းတန်းမှာ တဖြည်းဖြည်း မှိန်ဖျော့သွား၏။
"အခုက ငါ့ခန္ဓာကိုယ် အပိုင်းအစတွေကို ပြန်ယူရမယ့် အချိန် မဟုတ်သေးဘူး။ ငါ့ရဲ့ ညာလက်ကို တခြားနေရာမှာပဲ ဆက်လက် အိပ်စက်စေထားလိုက်ဦး။ ငါ လိုအပ်တဲ့အချိန်ကျရင် မင်း အဲဒါကို ငါ့ဆီ ယူလာခဲ့ပေးရမယ်"
"ဟုတ်ကဲ့ပါ" ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
"ဆက်ခံသူ... မင်း ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား"
ယဲ့ဖုန်း ထွက်ခွာသွားရန် ပြင်ဆင်နေစဉ်မှာပင် ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားက ထပ်မံ ပြောကြားလိုက်သည်။
"ကျွန်တော် လုပ်နိုင်တဲ့ ကိစ္စဆိုရင်တော့ အကောင်းဆုံး ကြိုးစားပေးပါ့မယ်"
ယဲ့ဖုန်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားသည် ယခင်က သူ့ကို စွမ်းအားအချို့ ငှားရမ်းပေးခဲ့ဖူးပြီး အန္တရာယ်ကြီးမားသော ရန်သူကို နှိမ်နင်းနိုင်ရန် ကူညီပေးခဲ့သည်။ ယဲ့ဖုန်းအတွက်မူ ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားမှာ ကျေးဇူးရှင် တစ်ပါးဖြစ်သည့်အတွက် သူ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန်မှာ သဘာဝကျလှ၏။
"ငါ့ရဲ့ ရုပ်အလောင်း အပိုင်းအစတွေကို ရှာပေးပါ"
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားက ဆိုသည်။
"အဲဒီနှစ်တွေတုန်းက ငါ့ဘဝမှာ အဆိုးရွားဆုံး တိုက်ပွဲကို ရင်ဆိုင်ခဲ့ရတယ်။ ငါ အစိမ်းလိုက် အပိုင်းပိုင်း အဖြတ်ခံခဲ့ရပြီး စကြာဝဠာ အနှံ့အပြားမှာ မြှုပ်နှံခံခဲ့ရတယ်။ ငါ့ရဲ့ ကျန်ရှိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရှာဖွေပေးဖို့ မင်းကို တောင်းဆိုချင်တယ်"
"မင်း ရှာတွေ့တဲ့ အပိုင်းအစတိုင်းအတွက် မင်းကို မူလစွမ်းအား တစ်မျှင်စီ ပေးအပ်သွားမယ်"
"မင်း... သဘောတူရဲ့လား"
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားက နောက်ဆုံးတွင် လေးနက်စွာ မေးမြန်းလိုက်သည်။
ယဲ့ဖုန်းသည် ဤအခြေအနေမှာ အလွန် ဆွဲဆောင်မှုရှိကြောင်း ဝန်ခံရလိမ့်မည်။
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရှာဖွေပေးခြင်းဖြင့် သူ၏ စွမ်းအားကို တိုးတက်စေမည့် မူလစွမ်းအားကို ရရှိနိုင်မည် ဖြစ်ရာ ဤအပေးအယူမှာ အလွန် တန်ဖိုးရှိလှ၏။
"ကျွန်တော် သဘောတူပါတယ်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ" ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ကျေနပ်သွား၏။
"ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲမှာ ရုပ်ခန္ဓာ ကျင့်စဉ် တစ်ခုကို ဝှက်ထားခဲ့တယ်။ ဒါဟာ ငါ့ရဲ့ ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ အထွတ်အထိပ် ရုပ်ခန္ဓာ ပုံဖော်ခြင်း နည်းစနစ်ပဲ။ ကံမကောင်းတာက ပထမ (၅) တွဲပဲ ကျန်တော့တယ်။ ငါ မင်းကို လက်ဆင့်ကမ်းပေးလိုက်မယ်"
ဒုတိယမြောက် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
ယဲ့ဖုန်း ဖမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် သတင်းအချက်အလက်များစွာ သူ၏ စိတ်ထဲသို့ စီးဝင်လာပြီး ဉာဏ်အလင်းပွင့် နှလုံးသားက တစ်ပြိုင်နက် ခွဲခြမ်းစိတ်ဖြာ နားလည်သွား၏။
သတင်းအချက်အလက်များ အားလုံး စိတ်ထဲသို့ ရောက်ရှိသွားသောအခါ ယဲ့ဖုန်းသည် ရုပ်ခန္ဓာ ပုံဖော်ခြင်း နည်းစနစ်၏ ပထမ (၅) တွဲကို နားလည် သဘောပေါက်သွား၏။
"ရှေးဟောင်း နတ်ဘုရား ရုပ်ခန္ဓာ ပုံဖော်ခြင်း ကျမ်း"
ယဲ့ဖုန်း အမည်ကို မြင်လိုက်ရသည့် ခဏတွင်ပင် ထိတ်လန့်သွားရသည်။
"ဘာလို့ ဒီလောက်တောင် အံ့အားသင့်နေတာလဲ" ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားက ယဲ့ဖုန်း၏ စိတ်ခံစားမှု ပြောင်းလဲမှုကို သိရှိသွားပြီး စိတ်ဝင်တစား မေးမြန်းသည်။
"ကျွန်တော်တို့ မြူခိုးဂိုဏ်းက တပည့်တစ်ယောက်က ရှေးဟောင်း နတ်ဘုရား ရုပ်ခန္ဓာ ပုံဖော်ခြင်း နည်းစနစ်ကို ကျင့်သုံးနေတာပါ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာနဲ့အမျှ ဒီနည်းစနစ်ကို စတုတ္ထအဆင့်အထိ ပြီးပြည့်စုံအောင် ကျင့်ကြံပြီးနေပါပြီ" ယဲ့ဖုန်း ထိတ်လန့်စွာ ရှင်းပြသည်။
"ရှေးဟောင်း နတ်ဘုရား ရုပ်ခန္ဓာ ပုံဖော်ခြင်း နည်းစနစ်" မှာ ချောင်ကျားရှီး၏ နည်းစနစ် ဖြစ်ပြီး ရှေးဟောင်း ဘီလူးနတ်ဘုရားမျိုးနွယ်စု၏ နည်းစနစ်လည်း ဖြစ်၏။
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားသည်လည်း ဤလျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော မျိုးနွယ်စုမှ ဖြစ်နေတာလား။
ယဲ့ဖုန်းထံမှ ချောင်ကျားရှီးအကြောင်း ကြားသိလိုက်ရသော် ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား အလွန်ပင် စိတ်လှုပ်ရှားသွားပြီး -
"ဟားဟားဟား"
"ကောင်းကင်ဘုံက ငါ့ရဲ့ ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားမျိုးနွယ်စုကို လုံးဝ ဖျက်ဆီးမပစ်ခဲ့ပါလား။ လူသားမျိုးနွယ်ထဲက တစ်ယောက်ကို ဒီနည်းစနစ်ကို လက်ဆင့်ကမ်းပေးပြီး ဒီလောက်အဆင့်ထိ ရောက်အောင် ကျင့်ကြံစေခဲ့တာပဲ။ ဆက်ခံသူရေ... မင်းကို ငါ အလွန်ကျေးဇူးတင်တယ်"
"ဟုတ်ပါတယ်... ငါက ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားမျိုးနွယ်စုကပဲ။ ဒါပေမဲ့ သာမန်မျိုးနွယ်ဝင်တော့ မဟုတ်ဘူး၊ ငါက နန်းဆက်မျိုးရိုးကပဲ"
"မင်းရဲ့ တပည့် ရရှိထားတဲ့ အမွေအနှစ်က ငါတို့ရဲ့ ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားမျိုးနွယ်စုက သာမန် မျိုးနွယ်ဝင်တွေရဲ့ မပြည့်စုံတဲ့ အမွေအနှစ်ပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ သူ ဒီလောက်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်တာကို ကြည့်ရတာ ငါ အလွန် ဝမ်းသာတယ်။ မင်း သဘောတူရင် သူ့ကို ဒီနေရာကို ခေါ်လာခဲ့ပါ။ ငါ ကိုယ်တိုင် လမ်းညွှန်ပေးမယ်"
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ စကားကြောင့် ယဲ့ဖုန်း မျက်ခုံးပင့်သွား၏။
ချောင်ကျားရှီးသာ ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ လမ်းညွှန်မှုကို ရရှိမည်ဆိုပါက သူ၏ အနာဂတ်မှာ တောက်ပနေမည်မှာ အမှန်ပင်။
"ဟုတ်ကဲ့ပါ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး လက်လှမ်း၍ ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ဝိညာဉ်ရေကန်ဘေးတွင် လက်သီးချက်များ ကျင့်ကြံနေသည့် ချောင်ကျားရှီးကို ဖမ်းဆွဲ၍ ခေါ်လာခဲ့သည်။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
"အို..."
"အောက်ခြေက ဦးခေါင်းခွံကြီးပါလား"
ပထမဦးဆုံး ချောင်ကျားရှီး အံ့ဩသွား၏။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်မှ သူ ဘယ်နေရာ ရောက်နေမှန်း သိသွား၏။
"ဒါက ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား စီနီယာပဲ။ သူက ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားမျိုးနွယ်စုရဲ့ နန်းဆက် ပညာရှင်တစ်ပါး ဖြစ်ပြီး မင်းရဲ့ ဆရာ ဖြစ်ချင်နေတာ" ယဲ့ဖုန်း အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ဤစကားကို ကြားလိုက်ရသော် ချောင်ကျားရှီး အလွန်ပင် ထိတ်လန့်သွား၏။
"အရမ်းကို ထူးချွန်တဲ့ ပျိုးပင်လေးပဲ။ ငယ်ရွယ်တဲ့ အရွယ်မှာတင် 'ရှေးဟောင်း နတ်ဘုရား ရုပ်ခန္ဓာ ပုံဖော်ခြင်း နည်းစနစ်' ကို စတုတ္ထအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ပြီး မူလနတ်ဘုရားအဆင့်နဲ့ ညီမျှတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာ... အရမ်းကောင်းတယ်"
ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား အလွန် ကျေနပ်နေသည်။
"စီနီယာ မင်္ဂလာပါ" ချောင်ကျားရှီး အလွန် ယဉ်ကျေးစွာ နှုတ်ဆက်သည်။
"မင်း ငါ့ရဲ့ တပည့် ဖြစ်ချင်သလား" ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားက မျှော်လင့်ချက်အပြည့်နှင့် မေးမြန်းသည်။
ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားမျိုးနွယ်စုမှာ ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီ။
သူ ကိုယ်တိုင်ပင် မျိုးနွယ်စု၏ နန်းဆက်တစ်ပါး ဖြစ်သော်ငြား အသက်ရှင်သန်ရန် ရုန်းကန်နေရပြီး သူ၏ နတ်ဘုရား မီးတောက်မှာလည်း ငြိမ်းသတ်ခါနီး ဖြစ်နေသဖြင့် ဆက်ခံသူ တစ်ယောက်ကို ရှာဖွေရတော့မည်။
မဟုတ်ပါက ရှေးဟောင်း လူ့ဘီလူးနတ်ဘုရားမျိုးနွယ်စုမှာ အမှန်တကယ်ပင် ပျက်သုဉ်းသွားပေလိမ့်မည်။
ဤစကားကို ကြားလိုက်ရသော် ချောင်ကျားရှီး စိုးရိမ်စိတ်ဝင်သွားပြီး သူ၏ ဘေးရှိ ယဲ့ဖုန်းကို ကြည့်လိုက်သည်။ ယဲ့ဖုန်းက အနည်းငယ် ခေါင်းညိတ်၍ အားပေးလိုက်ရာ ချောင်ကျားရှီး စိတ်သက်သာရာ ရသွားပြီး ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
"တပည့် သဘောတူပါတယ်"
"ကောင်းတယ်... အရမ်းကောင်းတယ်" ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား အလွန် ဝမ်းမြောက်သွား၏။ "ဒီနေ့ကစပြီး မင်းနေ့တိုင်း ကြိုးစားလေ့ကျင့်ရမယ်။ ပြီးရင် အတွေ့အကြုံ ရယူဖို့ အပြင်ထွက်ရမယ်"
"ဟုတ်ကဲ့" ချောင်ကျားရှီး ရိုသေစွာ ခေါင်းညိတ်သည်။
"ကျားရှီး... ကောင်းကောင်း လေ့ကျင့်လိုက်ဦး။ ဂိုဏ်းချုပ်မှာ တခြား ကိစ္စတွေ ရှိသေးလို့ အရင်ပြန်နှင့်မယ်" ယဲ့ဖုန်း ချောင်ကျားရှီး၏ ပခုံးကို ပုတ်၍ မြူခိုးတောင်ထိပ်သို့ ဦးစွာ ပြန်သွားခဲ့သည်။
သူသည် လက်ထဲရှိ မူလစွမ်းအားကို ကြည့်ရင်း အလွန် စိတ်လှုပ်ရှားနေသည်။
ဤအရာကို စုပ်ယူလိုက်ပြီးသည်နှင့် သူသည် ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်သို့ ရောက်ရှိနိုင်တော့မည်။
ထိုအခါ သူ၏ ရုပ်ခန္ဓာ ခွန်အား တစ်ခုတည်းဖြင့်ပင် သူတော်စင်အဝင် အဆင့်ရှိ မြူခိုးသူတော်စင် နှင့် လင်ယွဲ့တို့ကို အလွယ်တကူ ရှင်းပစ်နိုင်မည် ဖြစ်၏။
ယဲ့ဖုန်း ဤနေ့ရက်ကို အလွန်ပင် စောင့်မျှော်နေခဲ့သည်။
"ဒါပေမဲ့ ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား စီနီယာ ပြောခဲ့ဖူးတယ်... ရုပ်ခန္ဓာသူတော်စင် လမ်းစဉ်သို့ မရောက်ခင်မှာ စိတ်ကူးယဉ်ဖို့ ခက်ခဲတဲ့ ဒုက္ခတွေကို ဖြတ်သန်းရမယ်၊ တံခါးပိတ် ကျင့်ကြံခြင်း လုပ်ရမယ်တဲ့။ ဒါကြောင့် ငါ မစခင်မှာ ကိစ္စတွေကို အရင် စီစဉ်ထားရမှာပေါ့"
သို့နှင့် ယဲ့ဖုန်း ကုန်းချင်းချိုးကို ရှာဖွေလိုက်သည်။
"အကြီးအကဲကုန်း... လာမယ့် ကာလအတွက် ဂိုဏ်းရဲ့ ကိစ္စတွေကို ခင်ဗျားလက်ထဲမှာပဲ ထားခဲ့မယ်။ ဒါက သံရည်ကျို မီးဖိုပဲ၊ ခင်ဗျား ဘယ်ရတနာကိုပဲ သန့်စင်ချင်ချင် ခင်ဗျားရဲ့ စိတ်နဲ့ပဲ အဆက်အသွယ် လုပ်ပြီး သုံးနိုင်ပါတယ်"
ယဲ့ဖုန်းသည် သံရည်ကျို မီးဖိုကို ဂိုဏ်းချုပ် ခန်းမဆောင်ထဲတွင် ထားခဲ့သည်။
ထို့နောက် သူသည် ညွှန်ကြားချက်များစွာ ပေးပြီးနောက် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ အစစ်အမှန်နဂါး နယ်မြေသို့ ဝင်ရောက်သွား၏။
တံခါးပိတ် ကျင့်ကြံခြင်း မပြုလုပ်မီ ယဲ့ဖုန်းသည် အစစ်အမှန်နဂါး နယ်မြေအတွင်းရှိ ကျောက်ခေါင်းတလားထဲက ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ ညာလက် ရှိနေသေးလား ဆိုတာကို စစ်ဆေးရပါမည်။
အကယ်၍ မရှိတော့ပါက အလွန် အရှက်ရဖွယ် ကိစ္စ ဖြစ်ပေလိမ့်မည်။
“ဗွမ်း…”
ယဲ့ဖုန်းသည် ပင်လယ်နက်ထဲသို့ ငုပ်လျှိုးသွားပြီး ကျောက်ခေါင်းတလားကို တွေ့ရှိကာ သူ၏ ရုပ်ခန္ဓာ ခွန်အားဖြင့် (၁) မီတာခန့် ကျယ်သော အပေါက်ကို ဖွင့်လိုက်ရာ အတွင်း၌ တောင်ကြီးကဲ့သို့ ကြီးမားလှသော ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား၏ ညာလက်ကို တွေ့ရှိလိုက်ရသည်။
"အင်း... ကောင်းပြီ"
လက် ရှိနေကြောင်း အတည်ပြုလိုက်ပြီးနောက် ယဲ့ဖုန်းသည် ကျောက်ခေါင်းတလားကို ပြန်ပိတ်၍ စည်းတံဆိပ် (၃၀) ခန့် ထပ်မံ ချိတ်ပိတ်လိုက်ကာ ထွက်ခွာလာ၏။
"ဟင်"
ယဲ့ဖုန်း မိုးကြိုးရေကန် နန်းတော်သို့ ပြန်၍ ကျင့်ကြံခြင်း မစတင်မီမှာပင် ကြယ်တာရာ ကောင်းကင်ယံရှိ အစစ်အမှန်နဂါး နယ်မြေအနီးတွင် အလွန်တောက်ပနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
သူ၏ နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်ရာ ရပ်တန့်သွား၏။
"ထူးဆန်းလိုက်တာ... အစစ်အမှန်နဂါး နယ်မြေက ဘာလို့ ကြယ်တာရာ ကောင်းကင်ယံက ကြယ်မြစ် တပိုင်းသူတော်စင်ရဲ့ နယ်မြေထဲ ရောက်နေရတာလဲ"
ယဲ့ဖုန်း စိတ်ဝင်စားသွား၏။
ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးကြည့်ရာ သြဒီနိတ်တစ်ခုကို အတည်ပြုနိုင်ခဲ့သည်။
သူက ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ကြယ်တာရာ ကောင်းကင်ယံ၏ အလယ်ဗဟိုရှိ ဧရာမ ကျောင်းဆောင်ကြီးတစ်ခုအတွင်းသို့ အမြန် ဝင်ရောက်သွား၏။
"လာ... အစ်ကိုကြီး၊ သောက်ကြမယ်"
"ခင်ဗျားက ကျွန်တော့်ကို အစ်ကိုကြီးလို့ အသိအမှတ်ပြုရင် ဒီနေ့ကစပြီး ကျွန်တော် ခင်ဗျားကို စောင့်ရှောက်မယ်၊ ခင်ဗျားရဲ့ လုံခြုံရေးကို အာမခံမယ်"
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး နှင့် ကြယ်မြစ် တပိုင်းသူတော်စင်တို့သည် ထိုင်ခုံများတွင် ထိုင်လျက် အရက်ခွက်များကို ကိုင်ကာ ရွှင်မြူးစွာ သောက်စားနေကြသည်။
"အော်... ခင်ဗျားတို့ ပျော်နေကြပုံပဲနော်"
ယဲ့ဖုန်းသည် လက်ကို နောက်ပစ်လျက် ပြုံးရွှင်စွာဖြင့် ချဉ်းကပ်လာသည်။
“ခွပ်”
ယဲ့ဖုန်း၏ အသံကို ကြားလိုက်ရသော် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးမှာ လန့်သွားပြီး လက်ထဲရှိ အရက်ခွက်ကို အမှတ်တမဲ့ ညှစ်ခြေမိလိုက်သည်။
"ဂိုဏ်းချုပ် ယဲ့... ခင်ဗျား ရောက်လာပြီလား" ယဲ့ဖုန်းကို မြင်လိုက်ရသော် ကြယ်မြစ် တပိုင်းသူတော်စင်ပင် အရောင်ပြောင်းသွားပြီး ချက်ချင်းပင် ရိုသေစွာ နှုတ်ဆက်လိုက်၏။
ယဲ့ဖုန်းသည် မပြုံးတပြုံးဖြင့် ပြောလိုက်သည်။
"ကြယ်မြစ် တပိုင်းသူတော်စင်က ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါးရဲ့ ပါးစပ်ကနေ တစ်ခုခုကို သိလိုက်ရပုံပဲ။ ဒါပေမဲ့ ကျွန်တော် စိတ်ဝင်စားတာက အစစ်အမှန်နဂါး နယ်မြေက ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်လာရတာလဲ ဆိုတာပဲ"
ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး၏ မျက်နှာမှာ ထူးဆန်းသွား၏။
သူသည် အစပိုင်းတွင် နယ်မြေကို ယူ၍ ထွက်ပြေးခဲ့သော်ငြား ကံဆိုးမ သွားရာ မိုးလိုက်ရွာပြီး ဤနေရာသို့ ရောက်လာကာ ကြယ်မြစ် တပိုင်းသူတော်စင်နှင့် ညီအစ်ကို ဖြစ်သွားခဲ့ရသည်ဟုတော့ မပြောနိုင်ပေ။
ဤသို့ ပြောလိုက်ပါက အလွန် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
သူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသော် ယဲ့ဖုန်းသည် ကြယ်မြစ် တပိုင်းသူတော်စင် ဘက်သို့ လှည့်လိုက်သည်။
"ဂိုဏ်းချုပ် ယဲ့... ရှန်ကျိုးတိုက်ကြီးမှာ လောလောဆယ် သူတော်စင် ဖြစ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အမှန်တရားကို ကျွန်တော် သိလိုက်ရပါပြီ" ကြယ်မြစ် တပိုင်းသူတော်စင်က သက်ပြင်းချကာ ပြောလာသည်။
--