← Chapters

အခန်း ၇၆၉

Vol. 52 Ch. 769

အခန်း ၇၆၉

Vol. 52 Ch. 769

အခန်း (၇၆၉) ကြယ်တာရာ ကောင်းကင်ယံ၏ မငြိမ်သက်မှု၊ ရှန်ကျိုးတိုက်ကြီး၏ ရှုပ်ထွေးမှု နှင့် တပည့်များ၏ စစ်ချီတက်ခြင်း

"အမိန့်အတိုင်း ဖြစ်စေရပါမယ်... အရှင်မ"

မလိုလားသော်လည်း လင်းဝေ သူတော်စင်ဧကရာဇ်သည် အောက်သို့ ဆင်းသက်ပြီး ကြယ်တာရာ ကောင်းကင်ယံ၏ နက်ရှိုင်းရာသို့ ဦးတည်သွားရတော့သည်။ သူ့ခမျာ မူလဝိညာဉ်သာ ကျန်ရှိတော့သဖြင့် ခွန်အားမှာ အထွတ်အထိပ်၏ (၇၀) ရာခိုင်နှုန်းသာ ရှိတော့သည်။ အဆင့်တူ သူတော်စင်များကို ယှဉ်ပြိုင်ရန် မလုံလောက်သော်လည်း သူတော်စင် တစ်ပါး မရှိသည့် အနီးအနားရှိ ကြယ်တာရာ ကောင်းကင်ယံကို လွှမ်းမိုးရန်မှာမူ လုံလောက်သည်ထက် ပိုနေသည်။

ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံတွင်...

လင်းဝေ သူတော်စင်ဧကရာဇ်သည် လက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူတော်စင်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည့်အတွက် မူလဝိညာဉ်သာ ဖြစ်သော်ငြား ရုပ်ခန္ဓာရှိသူနှင့် ခွဲခြား၍ မရနိုင်ပေ။ သို့သော် သူ၏ ခွန်အားမှာ (၃၀) ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီ ဖြစ်၏။

"ဘယ်ကို အရင်သွားရမလဲ"

လင်းဝေ သူတော်စင်ဧကရာဇ်သည် မိမိကိုယ်ကို ရေရွတ်လိုက်သည်။

သူ၏ အတွေးထဲတွင်...

'ဝိညာဉ်ဝါးမြို မျိုးနွယ်စုရဲ့ ဘိုးဘေး နယ်မြေက စတင်ဖို့ အကောင်းဆုံးပဲ... အဲဒီကို သွားပြီး ခန္ဓာကိုယ်တစ်ခုခုကို ပိုင်ဆိုင်ပြီးတော့မှ ပြန်လည်မွေးဖွားဖို့ အခွင့်အရေး ရှာရမယ်... အဲဒီလိုဆိုရင်မှ ငါ့ရဲ့ ခွန်အား (၈၀) ရာခိုင်နှုန်းလောက်ကို ပြန်ထုတ်သုံးနိုင်မှာ'

"ဝှစ်"

သူသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းလိုက်ပြီး နောက်တစ်ခဏတွင် ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ ဘိုးဘေးကြယ် အနီးသို့ ရောက်ရှိလာသည်။ ထိုကြယ်မှာ အသီးတစ်လုံးကို အပိုင်းတစ်ပိုင်း လှီးဖြတ်ထားသကဲ့သို့ (၁၀) ပုံ (၁) ပုံခန့် လျော့နည်းနေ၏။ သူ၏ နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်ရာ အတွင်းရှိ အခြေအနေများကို ချက်ချင်း သိရှိလိုက်ရသည်။

“ဝုန်း…”

ထိုအချိန်တွင် ကြယ်တာရာ ကောင်းကင်ယံ၌ မိုးကြိုးအလင်းတန်းများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

တစ်စုံတစ်ယောက် ကပ်ဘေး ဖြတ်သန်းနေခြင်း ဖြစ်၏။

ကပ်ဘေး တိမ်တိုက်အောက်တွင်...

ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ ဘိုးဘေးသည် လျှပ်စီးများကို ခါးသီးစွာ ခုခံနေသည်။ သူ၏ ခန္ဓာကိုယ်မှာ အမည်းရောင် ဖြစ်သွားသည်အထိ လောင်ကျွမ်းနေသော်လည်း သူသည် သွားကို တင်းတင်းစေ့၍ ကြိုးစားနေသည်။

နောက်ဆုံးတွင် သူ အောင်မြင်သွားတော့၏။

မြူခိုးသူတော်စင် နှင့် လင်းဝေ သူတော်စင်ဧကရာဇ်တို့ ချီးမြှင့်ခဲ့သော မူလစွမ်းအား ပုံဆောင်ခဲများ၏ အကူအညီဖြင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးသည် အဆင့် (၄) တပိုင်း သူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ အခြေခံမှာ မတည်ငြိမ်သေးသော်လည်း နောက်ဆုံးတွင် အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်၏။

"ငါ အားနည်းနေသေးပေမဲ့ ရှန်ကျိုးတိုက်ကြီးက ထိပ်တန်း အင်အားစုတွေရဲ့ ဂိုဏ်းချုပ်တွေကိုတော့ ရင်ဆိုင်နိုင်ပါပြီ" ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးသည် ပြုံးစိစိဖြင့် တကိုယ်တည်း ပြောလိုက်သည်။

"မဆိုးဘူး... မင်း ငါ့ကို စိတ်မပျက်စေဘူး" လင်းဝေ သူတော်စင်ဧကရာဇ်သည် သူ၏ နောက်ကွယ်တွင် ပေါ်လာပြီး အသံပြုလိုက်သဖြင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေး အလွန် တုန်လှုပ်သွားရ၏။

"အို... ကျွန်တော်ဖြင့် သေမတတ် ကြောက်သွားတာပဲ... သူတော်စင်ဧကရာဇ် မင်္ဂလာပါခင်ဗျာ" ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးသည် ရင်ဘတ်ကို ပုတ်လျက် နှုဆ်ဆက်လိုက်သည်။

"မူလစွမ်းအား ပုံဆောင်ခဲ ချီးမြှင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်တော် ရှန်ကျိုးတိုက်ကြီးကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ... ဒါနဲ့ မြူခိုးသူတော်စင်ကရော ဘယ်မှာလဲ"

ဤမေးခွန်းကြောင့် လင်းဝေ သူတော်စင်ဧကရာဇ်၏ ပါးစပ်မှာ တွန့်သွား၏။

'ဒီလူကတော့ အမြဲတမ်း စိတ်ထိခိုက်စရာတွေပဲ မေးနေတာ... မြူခိုးသူတော်စင်က အခုထိ မပေါ်လာသေးဘူးဟ'

လင်းဝေ သူတော်စင်ဧကရာဇ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

"သူ... တံခါးပိတ် ကျင့်ကြံနေတယ်" လင်းဝေသည် အေးစက်စက် ပြောလိုက်၏။

"ဒီတစ်ခါတော့ မင်း ဘယ်လောက် အသင့်ဖြစ်နေလဲ ကြည့်ဖို့ ငါ လာတာ။ မင်း အဆင့် (၄) တပိုင်း သူတော်စင် အဆင့်ကို ရောက်ပြီဆိုတော့ ရှန်ကျိုးကို စတင် တိုက်ခိုက်တော့"

"အမိန့်အတိုင်းပါပဲ"

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးက ခေါင်းညိတ်လိုက်သည်။

စွမ်းအား တိုးတက်လာပြီးနောက် သူသည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ရှန်ကျိုးတိုက်ကြီး၏ ကျယ်ပြောလှသော နယ်မြေအနှံ့ကို လွှမ်းမိုးနိုင်သော စွမ်းအားရှင် ဖြစ်လာပြီပင်။

"မင်းတို့ သဘောရှိ တိုက်ခိုက်ကြပါ။ ငါ တခြား ကိစ္စတွေ ရှိသေးလို့"

ထိုသို့ ပြောပြီးနောက် လင်းဝေ သူတော်စင်ဧကရာဇ် ထွက်ခွာသွားလေ၏။

...

ဧရာမ စင်မြင့် တစ်ခုပေါ်တွင်...

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးသည် အောက်တွင် ဒူးထောက်နေကြသော ဝိညာဉ်ဝါးမြို မျိုးနွယ်စုဝင် သောင်းပေါင်းများစွာကို အထက်မှ နေ၍ ကြည့်နေ၏။ ထိုသူတို့အားလုံးမှာ မူလနတ်ဘုရားအဆင့်များ ဖြစ်ကြသည်။

ကောင်းကင်တွင်မူ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိ ပညာရှင်များစွာ ပျံဝဲနေ၏။

"ငါ့ရဲ့ သားသမီးတို့..."

"ဒီအကြီးအကဲဟာ အခုဆိုရင် အဆင့် (၄) တပိုင်း သူတော်စင် အဆင့် ဖြစ်လာပြီ"

"အနာဂတ်ဟာ ငါတို့ ဝိညာဉ်ဝါးမြို မျိုးနွယ်စုပိုင် ဖြစ်လာလိမ့်မယ်"

"ဒီနေ့ကစပြီး ငါတို့ဟာ ရှန်ကျိုးက နတ်ဘုရားမျိုးနွယ်စု ဝင်စားသူတွေနဲ့ ပူးပေါင်းပြီး ရှန်ကျိုးတိုက်ကြီးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး နယ်မြေကို သိမ်းပိုက်ကြမယ်။ မင်းတို့ လိုက်ပါဖို့ အသင့်ဖြစ်ပြီလား"

သူ၏ အသံမှာ ကောင်းကင်တာအို၏ အသံကဲ့သို့ ပဲ့တင်ထပ်နေသည်။

"ကျွန်တော်တို့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ"

"သတ်... သတ်... သတ်"

"နယ်မြေ ချဲ့ထွင်ဖို့ အခွင့်အရေး ရောက်လာပြီ"

ဝိညာဉ်ဝါးမြို မျိုးနွယ်စုဝင်များမှာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ရှန်ကျိုးတိုက်ကြီးမှာ သူတို့အတွက် အမဲလိုက်ရာ နေရာသာ ဖြစ်၏။

"ဟေး… ဟေး…တိုက်ခိုက်ကြ.. တိုက်ခိုက်ကြ"

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ဘိုးဘေးသည် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ အင်အားသောင်းချီကို ခေါ်ဆောင်ကာ ရှန်ကျိုးတိုက်ကြီး၏ နယ်မြေတစ်ခုသို့ ဝင်ရောက်သွား၏။ ၎င်းမှာ တိုက်ပွဲကြီးတစ်ခုကြောင့် ပျက်စီးသွားသော နေရာ ဖြစ်၏။

ထိုနေရာမှတစ်ဆင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စုဝင် သောင်းပေါင်းများစွာမှာ ရှန်ကျိုးတိုက်ကြီး၏ မြောက်ပိုင်းပင်လယ်ဆီသို့ စိမ့်ဝင်သွားကြသည်။

"နောက်ဆုံးတော့ ရောက်ပြီ"

"အရသာရှိတဲ့ အနံ့တွေကို ရနေပြီ"

"အာ..."

"ဒါဟာ ရှန်ကျိုးပဲ"

ဝိညာဉ်ဝါးမြို မျိုးနွယ်စု ပညာရှင်များမှာ ရယ်မောရင်း တစ်စုစီ ခွဲထွက်ကာ ရှန်ကျိုးတိုက်ကြီးထဲသို့ အလစ်ဝင်ရောက်ပြီး သတ်ဖြတ်မှုများကို စတင်တော့၏။ လနီ သံလိုက်အိမ်မြှောင်သည် နတ်ဘုရားမျိုးနွယ်စု ဝင်စားသူများကိုသာ ရှာဖွေနိုင်သဖြင့် ၎င်းတို့၏ ဝင်ရောက်မှုကို မည်သူမျှ မသိရှိလိုက်ကြပေ။

မြင့်မြတ်သော နယ်မြေကြီး ကိုးခု၊ မဟာ တားမြစ်နယ်မြေကြီး ငါးခု နှင့် မဟာ တောင်တန်းကြီး ဆယ်ခုရှိ သူတော်စင်များ၏ ကိုယ်ပွားများမှာ မျက်လုံးများ ပွင့်လာကြသည်။

သူတို့သည် ကောင်းကင်တာအို၏ အကြွင်းအကျန်များမှ သတိပေးချက်ကို ရရှိလိုက်၏။

"ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေက မြောက်ပိုင်းဒေသကတစ်ဆင့် ရှန်ကျိုးကို ဝင်ရောက်လာပြီ... လူပေါင်း သောင်းချီရှိတယ်"

"ပြီးတော့ တခြား ပြင်ပ မိစ္ဆာမျိုးနွယ်စုတွေလည်း ဆက်တိုက် ဝင်ရောက်လာနေတယ်"

"သူတို့က ရှန်ကျိုးအနီးက ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုတွေပဲ"

*

ကျောင်းယန် နယ်မြေဝယ်

သတင်း ရရှိပြီးနောက် ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားမှာ ချက်ချင်းပင် မျက်လုံးပွင့်လာပြီး မျက်နှာ အမူအရာ ပြောင်းလဲသွား၏။ သူသည် ယွီကျူးကို အမြန် ဆင့်ခေါ်လိုက်၏။

"ပြင်ပ မိစ္ဆာမျိုးနွယ်စုတွေ ဝင်ရောက်လာတာလားရှင့်"

သတင်းကို ကြားရသော် ယွီကျူး၏ မျက်နှာမှာ ထိတ်လန့်သွား၏။

"သတင်းပို့လိုက်။ အဓိက အင်အားစုအားလုံးကို သတိပေးထား။ အငိုက် တိုက်ခိုက်မခံရဖို့ နတ်ဘုရားမျိုးနွယ်စု ဝင်စားသူတွေတင်မကဘဲ ပြင်ပ နတ်ဆိုးတွေကိုပါ သတိထားဖို့လိုတယ်" ကျောင်းယန် ရှေးဟောင်းသူတော်စင်မှာ လေးနက်စွာ မှာကြားနေသည်။

"ဟုတ်ကဲ့"

ယွီကျူးသည် ကျောင်းယန်နယ်မြေထဲမှ အလျင်စလို ထွက်ခွာသွားတော့၏။ ထို့နောက် ကျောင်းယန် မြင့်မြတ်သော မြို့တော်၏ မြို့စားမင်းထံ သတင်းစကား အမြန်ပါးလိုက်သည်။ ထိုမှတစ်ဆင့် အောက်ခြေအဆင့်ဆင့်ဆီသို့ အမိန့်တော်များ ဆက်တိုက် ဆင်းသက်သွားတော့၏။

ထိုနေ့တဝက်တာ အတွင်းမှာပင် မြူခိုးဂိုဏ်းအပါအဝင် အင်အားစု အများအပြားမှာ ဤသတင်းကို ရရှိသွားပြီး သတိအနေအထားသို့ ရောက်ရှိသွားကြသည်။

*

မြူခိုးဂိုဏ်း။

သတင်းကို ရရှိပြီးနောက် ကုန်းချင်းချိုးသည် အကြီးအကဲများ၊ တပည့်များ၊ စောင့်ရှောက်သူများနှင့် ဝိညာဉ်သားရဲအားလုံးကို ဂိုဏ်းချုပ် ခန်းမဆောင် အပြင်ဘက် စင်မြင့်စင်မြင့်တွင် စုရုံးစေကာ အသိပေးလိုက်သည်။

"ပြင်ပ မိစ္ဆာမျိုးနွယ်စုတွေ ဝင်ရောက်လာတာလား"

"ရှန်ကျိုးတိုက်ကြီး ပိုပြီး ရှုပ်ထွေးလာတော့မှာပဲ"

"ဟုတ်တယ်... တချို့ အင်အားစုတွေက သူတို့ကို ရင်ဆိုင်နေရချိန်မှာ နတ်ဘုရားမျိုးနွယ်စု ဝင်စားသူတွေက အလစ်ဝင်တိုက်ရင် ပိုဆိုးသွားလိမ့်မယ်"

"ကျွန်တော်တို့ ရှန်ကျိုးတိုက်ကြီး ဆုံးရှုံးမှုတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်"

မြူခိုးဂိုဏ်း၏ အကြီးအကဲများအားလုံးမှာ စိုးရိမ်သောက ရောက်နေကြသည်။

"တပည့်အားလုံး အမိန့်နာခံကြ"

ကုန်းချင်းချိုး၏ အသံမှာ ကြည်လင်စွာ ထွက်ပေါ်လာ၏။

"ဒီနေ့ကစပြီး မြူခိုးဂိုဏ်းက တပည့်တွေ အပြင်ထွက်ရင် အသင်းဖွဲ့ပြီး သတိထားသွားကြ။ ပြင်ပ နတ်ဆိုးတွေကို တွေ့ရင် နိုင်တဲ့သူတွေက တိုက်ခိုက်၊ မနိုင်တဲ့သူတွေက ဂိုဏ်းကို အမြန် သတင်းပို့ပြီး အကူအညီတောင်းရမယ် နော်"

"ဟုတ်ကဲ့"

တပည့်အားလုံးမှာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

"သတ်ကြ ဟေး"

ချက်ချင်းပင် မြူခိုးဂိုဏ်း၏ တပည့်များမှာ တိုက်ပွဲဝင်ရန် စတင် ထွက်ခွာသွားကြသည်။ တစ်အသင်းစီတွင် စိတ်ချရစေရန် မူလနတ်ဘုရားအဆင့် (၃) ဦးစီ ပါဝင်စေသည်။ အစ်ကိုကြီး ခေါင်းပြား ၊ အော့ချွမ်း နှင့် အခြားသော ဝိညာဉ်သားရဲများလည်း ပါဝင်ကြပါသည်။

ရွှေရောင် ငန်းဝကြီးပင်လျှင် အခြား တပည့်များနှင့်အတူ တိုက်ပွဲဝင်ရန် လိုက်ပါသွား၏။

အကြီးအကဲ (၁၈) ယောက်မှာမူ ပို၍ပင် မနေနိုင်တော့ပေ။ သူတို့သည် တပည့်များ၏ အနီးအနား ဟင်းလင်းပြင်တွင် ပုန်းအောင်းကာ စောင့်ရှောက်ပေးနေကြသည်။

*

ကြယ်တာရာ ကောင်းကင်ယံ၏ နက်ရှိုင်းရာတွင်...

လင်းဝေ သူတော်စင်ဧကရာဇ်သည် ရှေ့ဖြစ်ဟော မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေသို့ ရောက်ရှိသွားပြီး အဆင့် (၄) တပိုင်း သူတော်စင် အဆင့်သို့ ရောက်ရှိနေသော ရှေ့ဖြစ်ဟော မျိုးနွယ်စု ခေါင်းဆောင်ကို ခေါင်းညိတ်၍ ပြောလိုက်သည်။

"မဆိုးဘူး... မင်းလည်း အဆင့်တက်သွားပြီပဲ"

"သူတော်စင်ဧကရာဇ်... မြူခိုးသူတော်စင် မလာဘူးလား"

ရှေ့ဖြစ်ဟော မျိုးနွယ်စု ခေါင်းဆောင်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း စပ်စုလိုက်သည်က လင်းဝေ သူတော်စင်ဧကရာဇ်အား ဒေါပွသွားစေသည်။ လင်းဝေ သူတော်စင်ဧကရာဇ် အံကြိတ်ကာ ဆူပူလိုက်၏။

"သူ တံခါးပိတ် ကျင့်ကြံနေတယ် သူ ဒီကို လာဖို့ အချိန်မရှိဘူး။ အခု ငါပြောတာ သေချာနားထောင်... ရှန်ကျိုးကို ချက်ချင်း တိုက်ခိုက်၊ အမှားမလုပ်နဲ့"

ညွှန်ကြားချက်များ ပေးပြီးနောက် လင်းဝေ သူတော်စင်ဧကရာဇ်သည် အလျင်အမြန်ပင် ထွက်ခွာသွား၏။

တစ်ရက်အတွင်းမှာပင်...

သူသည် ကြယ်တာရာ ကောင်းကင်ယံရှိ အခြား မျိုးနွယ်စု ဒါဇင်ပေါင်းများစွာကို စည်းရုံးလိုက်ပြီး မကြာမီမှာပင် တပိုင်းသူတော်စင်ပေါင်း (၁၀၀) နီးပါးနှင့် မူလနတ်ဘုရားအဆင့် (၁) သန်းနီးပါး ရှန်ကျိုးတိုက်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။

တိုက်ပွဲကြီးတစ်ခု၏ အစပျိုးမှုကို တဖြည်းဖြည်းချင်း တွေ့မြင်လာရပြီ ဖြစ်၏။

မိုးကြိုးနန်းတော်။

ယဲ့ဖုန်းသည် တံခါးပိတ် ကျင့်ကြံခြင်းတွင် ရှိနေဆဲပါပင်။

"တီ…"

"ကြယ်တာရာ အစွမ်းထက် မျိုးနွယ်စုများ ဝင်ရောက်လာကြောင်း တွေ့ရှိရပါတယ်။ ဂိုဏ်းချုပ်ရဲ့ အဆင့် (၇) တာဝန် ပထမအချက် တရားဝင် စတင်ပါပြီ။ အမဲလိုက်ခြင်းကို ပျော်ရွှင်စွာ လုပ်ဆောင်ပါ"

စနစ်၏ အသံမှာ တဖြည်းဖြည်း မြင့်တက်လာသည်။

သို့သော် ယဲ့ဖုန်းမှာမူ မကြားလိုက်ပေ။

ထိုအချိန်တွင် သူသည် သေမင်းနှင့် နီးကပ်နေသော အိပ်စက်ခြင်းတွင် ရှိနေပြီး သူ၏ အသိစိတ်မှာ ရှုပ်ထွေး ပွေလီနေလေ၏။

--

All Chapters