← Chapters

အခန်း ၂၀၁၇

Vol. 135 Ch. 2017

အခန်း ၂၀၁၇

Vol. 135 Ch. 2017

အခန်း (၂၀၁၇) တစ်နှစ်အတွင်း ပါရမီရှင်စာရင်းအပြောင်းအလဲ

ပါရမီရှင်စာရင်းသည် နောက်တစ်ကြိမ် ထပ်မံ၍ အသစ်ပြင်ပြီးဖြစ်ရာ ချူးယွင်ဖန်းက လီချန်းယွမ်၏ မူလနေရာကို အစားထိုးဝင်ရောက်လျက် နံပါတ်တစ်နေရာကို ဆွတ်ခူးရရှိသွားခဲ့သည်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တစ်နှစ်တာ ကာလသည် ကုန်ဆုံးသွားခဲ့လေပြီ။

အချိန်ဟူသည် အလွန်တရာ မြန်ဆန်စွာဖြင့် ရွေ့လျား စီးဆင်းသွားတတ်စမြဲပင်။

ဤတစ်နှစ်တာအချိန်ကာလသည် လူတိုင်းအတွက် ဤအခြေအနေသစ်ကို ကျင့်သားရသွားစေရန် လုံလောက်သောအချိန်ပင် ဖြစ်သည်။ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသော အမည်နာမသည် လီချန်းယွမ်မှသည် ချူးယွင်ဖန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ လူအများစု၏ ရင်ထဲတွင်မူ အစကတည်းကပင် ဤနံပါတ်တစ်နေရာသည် လီချန်းယွမ်အတွက် မဟုတ်ဘဲ ချူးယွင်ဖန်းအတွက်သာ ဖြစ်သင့်သည်ဟုပင် ခံစားနေကြရသည်။

ဤခံစားချက်မှာ လွန်စွာ နက်နဲဆန်းကြယ်လှသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ မှားယွင်းနေသည်ဟု မထင်မှတ်ကြချေ။ အကြောင်းမူကား ဤတစ်နှစ်တာကာလအတွင်း၌ လောကရှိ လူသားအားလုံးသည် ချူးယွင်ဖန်း၏ ပြိုင်ဘက်ကင်း အစွမ်းသတ္တိများကို အကြွင်းမဲ့ အသိအမှတ်ပြုသွားခဲ့ကြရသောကြောင့် ဖြစ်သည်။ သူသည် လောကတွင် နံပါတ်တစ် ဖြစ်လာရန်အတွက် တကယ်တမ်း အရည်အချင်း ပြည့်ဝသူတစ်ဦး ဖြစ်ပေသည်။

သူသည် ယခင်က နံပါတ်တစ် ဖြစ်ခဲ့ဖူးသော လီချန်းယွမ်နှင့် လုံးဝ ခြားနားလှ၏။ လီချန်းယွမ်လောက၏ ထိပ်ဆုံးတွင် ရှိနေစဉ်က အခြားသော စိန်ခေါ်သူများစွာသည် သူ့ထံသို့ လာရောက် တိုက်ခိုက်ခဲ့ကြဖူးသည်။ ထိုသူတို့ထဲတွင် လီချန်းယွမ်နှင့် အကြိမ်ပေါင်း ရာချီ၍ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်စွမ်းရှိသော သိုင်းပညာရှင်ကြီးများပင် ပါဝင်ခဲ့ကြသေးသည်။ ထိုစဉ်က လီချန်းယွမ်သည် အခြားသူများထက် သိသိသာသာ ပို၍ အစွမ်းထက်သည်မှာ မှန်သော်လည်း ပြိုင်ဘက်များကို အပြတ်အသတ် နှိမ်နင်းနိုင်လောက်သည့် အားသာချက်မျိုးမူ ရှိမနေခဲ့ချေ။

သို့သော်လည်း ချူးယွင်ဖန်းကမူ ထိုသို့ မဟုတ်ပေ။ ကိုယ်ပိုင်အစွမ်းသတ္တိကြီးမားပုံမှာ လောကရှိ လူသားအားလုံး၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်လောက်အောင်ပင် အစွမ်းထက်လွန်းလှပေတော့သည်။

စစ်တပ်ကို အင်အားသစ်များဖြင့် ဖြည့်တင်းကာ ပြန်လည်ဖွဲ့စည်းပြီးနောက် ချူးယွင်ဖန်းသည် သူ၏စစ်သည်တော်များကို ဦးဆောင်လျက် စစ်တလင်းဆီသို့ မဆိုင်းမတွဘဲ ချီတက်သွားခဲ့တော့သည်။ စစ်တပ်တစ်ခုဟူသည် သွေးနှင့်မီးတောက်များကြားတွင် ဖြတ်သန်းရုန်းကန်ရမှသာလျှင် ပိုမိုရင့်ကျက်တောင့်တင်းလာနိုင်စမြဲ ဖြစ်၏။ ချူးယွင်ဖန်း၏ လက်ရှိကျင့်စဉ်အဆင့်အတန်းဖြင့်ဆိုလျှင် စစ်မြေပြင်တွင် အနှိုင်းမဲ့ အဖျက်စွမ်းအားကြီးမားသော လက်နက်ဆိုးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ရန်သူဟူသမျှကို ဒူးထောက်စေနိုင်စွမ်း ရှိပေသည်။

ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်သွားသော ကျင့်ကြံသူကြီးများကမူ လူသားလောကတွင်သာမက နတ်ဆိုးလောကတွင်ပါ အလွန်တရာ ရှားပါးလှသည့် ထိပ်သီးအဆင့်များ ဖြစ်ကြသဖြင့် စစ်ပွဲများတွင် လွယ်လွယ်ကူကူ ဝင်ရောက်တိုက်ခိုက်လေ့ မရှိကြချေ။ တိုင်းပြည်တစ်ခုလုံး ပျက်သုဉ်းလုနီးပါး ဖြစ်ရမည့် စစ်ပွဲမျိုးမှလွဲ၍ ထိုသူများမှာ လှုပ်ရှားလေ့မရှိဘဲ ဖန်ဆင်းရှင်အဆင့်များကသာ စစ်မြေပြင်ကို စိုးမိုးထားနိုင်ကြသည်။

သာမန် ဖန်ဆင်းရှင်အဆင့် သိုင်းဆရာများတွင် မိမိတို့အသက်ကို လွတ်မြောက်အောင် ကာကွယ်နိုင်သည့် လျှို့ဝှက်သိုင်းကွက်များ ကိုယ်စီရှိကြသဖြင့် ၎င်းတို့ကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲလှ၏။ သို့သော်လည်း သူတို့သည် ချူးယွင်ဖန်းနှင့် ထိပ်တိုက်ဆုံတွေ့ရသည့်အခါတွင်မူ ထိုအစွမ်းများမှာ ဘာမှအသုံးမဝင်တော့ချေ။

မကြာမီအချိန်အတွင်းမှာပင် ချူးယွင်ဖန်းသည် ရန်သူ့ထိပ်သီးများစွာကို သတ်ဖြတ်နိုင်ခဲ့သဖြင့် နတ်ဆိုးလောကတစ်ခုလုံးကိုပင် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ချူးယွင်ဖန်းကို သတ်ဖြတ်ပြီး မိမိတို့၏အစွမ်းကို သက်သေပြလိုကြသည့် နတ်ဆိုးပါရမီရှင် အကျော်အမော်အချို့ ရောက်ရှိလာခဲ့ကြသော်လည်း ထိုသူအားလုံးမှာ ချူးယွင်ဖန်း၏ လက်ဝါးရိုက်ချက်တစ်ချက်အောက်မှာတင် အသက်ပျောက်သွားခဲ့ကြရသည်။

ယခင်က လီချန်းယွမ်နှင့် အကြိမ်ပေါင်းတစ်ထောင်ကျော်အထိ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့ပြီးမှ အရေးနိမ့်ကာ ဆုတ်ခွာသွားခဲ့ဖူးသည့် နတ်ဆိုးလောက၏ ဂုဏ်ယူရသော ပါရမီရှင်တစ်ဦး ရှိခဲ့သည်။ ထိုနတ်ဆိုးသည် နတ်ဆိုးလောကတွင် အလွန်ကြီးကျယ်ခမ်းနားသော နောက်ခံအနွယ်ဝင်ရှိပြီး တက်လူအဖြစ် ကျော်ကြားကာ အစွမ်းလည်းထက်လှ၏။ သို့သော်လည်း သူသည် ချူးယွင်ဖန်း၏ လက်ဝါးချက်တစ်ချက်တည်းဖြင့်ပင် အမှုန့်ဖြစ်သွားခဲ့ရလေသည်။ ဤတိုက်ပွဲကပင် ချူးယွင်ဖန်းနှင့် အခြားသော လူငယ်ပါရမီရှင်များကြား၌ မိုးနှင့်မြေလို ကွာခြားနေသော အခြေခံစွမ်းအား ကွာဟချက်ကြီး ရှိနေကြောင်း လောကသားအားလုံးကို အမှန်အတိုင်း သဘောပေါက်သွားစေခဲ့တော့သည်။

ထို့ပြင် နတ်ဆိုးများဘက်က ထောင်ချောက်ဆင်၍ အဆင့် (၇) ရှိသော ဖန်ဆင်းရှင်များနှင့် ဖန်ဆင်းရှင်အဆင့်၏ ထိပ်ဆုံးသို့ ရောက်နေသည့် အစွမ်းထက်နတ်ဆိုးကြီးများစွာ စုပေါင်းကာ လျှို့ဝှက်ချုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။ အကယ်၍ သာမန်ပါရမီရှင်တစ်ဦးဦး ဤကဲ့သို့သော ရန်သူ့အင်အားနှင့် ထိပ်တိုက်တိုးခဲ့လျှင် သေဘေးမှ လွတ်စရာလမ်းမရှိချေ။ သို့သော်လည်း ချူးယွင်ဖန်းကမူ ရန်သူ့ထိပ်သီးများစွာကို အပြတ်ရှင်းလင်းပစ်ခဲ့ပြီး ဒဏ်ရာအနာတရ စိုးစဉ်းမျှမရှိဘဲ အေးဆေးစွာ လွတ်မြောက်လာနိုင်ခဲ့သည်။

ထို့ကြောင့် ချူးယွင်ဖန်း၏ အမည်နာမသည် တစ်ရှိန်ထိုး ပိုမိုကျော်ကြားလာခဲ့လေသည်။ အချိန်ခရီးဝက် ခြောက်လအတွင်းမှာပင် သူ၏ ဂုဏ်သတင်းမှာ တရှအင်ပါယာအတွင်းတင်မကဘဲ တစ်လောကလုံးအထိ ပျံ့နှံ့သွားခဲ့တော့သည်။ ယခုအချိန်တွင်မူ ချူးယွင်ဖန်းက ပါရမီရှင်စာရင်း၏ ထိပ်ဆုံး၌ ရှိနေခြင်းအပေါ် မည်သူမျှ သံသယမဝင်ရဲကြတော့ချေ။ သူ့ကို နှစ်သက်သည်ဖြစ်စေ၊ မုန်းတီးသည်ဖြစ်စေ ချူးယွင်ဖန်း၏ ပြိုင်ဘက်ကင်း အစွမ်းသတ္တိများကိုမူ လူတိုင်းက အကြွင်းမဲ့ ဝန်ခံကြရလေသည်။

လွန်ခဲ့သောခြောက်လခန့်က နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် ချူးယွင်ဖန်းသည် ခြောက်လတိုင်တိုင် ထပ်မံလှုပ်ရှားခြင်း မရှိတော့ချေ။ ထိုခရီးဝက် ကာလအတွင်းမှာပင် ချူးယွင်ဖန်းကြောင့် ဖြစ်ပေါ်ခဲ့ရသော လောကကြီး၏ လှုပ်ခတ်မှုကြီးမှာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။ လူတိုင်းကလည်း ဤအပြောင်းအလဲကို လက်ခံကျင့်သားရသွားကြပြီ ဖြစ်၏။ အကြောင်းမူကား တစ်နှစ်တာ အချိန်ကာလဟူသည် လူအများ၏ အမှတ်သညာများကို လျော့ပါးသွားစေရန် လုံလောက်သောကြောင့် ဖြစ်သည်။

ပါရမီရှင်စာရင်းပေါ်ရှိ အခြားသောပါရမီရှင်များ၏ အစွမ်းများမှာလည်း အံ့မခန်း မြန်ဆန်လှသောနှုန်းဖြင့် တိုးတက်လာနေကြပြီး အထူးသဖြင့် ထိပ်ဆုံးပိုင်းတွင် ရှိနေသည့် ပါရမီရှင်များ၏ ကျင့်ကြံခြင်းအရှိန်အဝါမှာ ယခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်။ လွန်ခဲ့သောတစ်နှစ်က ချူးယွင်ဖန်းရုတ်တရက် နံပါတ်တစ်နေရာကို ဆွတ်ခူးသွားခဲ့ခြင်းက လူအများအပြားကို ပြင်းထန်စွာ လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သဖြင့် ဤတစ်နှစ်အတွင်း၌ ပါရမီရှင်များစွာမှာ ယခင်ကထက် ပိုမိုပြင်းထန်ခက်ခဲသော ကျင့်ကြံခြင်းများကို လုံ့လစိုက်ထုတ်ခဲ့ကြခြင်းပင်။

ပါရမီရှင်စာရင်းကို ကြည့်ခြင်းအားဖြင့် လူတိုင်း၏ အစွမ်းများ ဆက်တိုက် တိုးတက်လာနေသည်ကို မြင်တွေ့နိုင်သည်။ အချိန်တစ်နှစ်အတွင်းမှာပင် ပါရမီရှင်စာရင်း၏ ထိပ်သီးအယောက် (၂၀) အတွင်းရှိ ပါရမီရှင်များ၏ ကျင့်စဉ်အဆင့်မှာ ဖန်ဆင်းရှင်အဆင့်၏ ပဉ္စမအဆင့်အထိ အသီးသီးရောက်ရှိကုန်ကြပြီ ဖြစ်၏။ ဤကဲ့သို့ ပြင်းထန်လှသော အပြိုင်အဆိုင် ကျင့်ကြံမှုများကြောင့်ပင် ထိပ်သီးအယောက် (၂၀) အတွင်းရှိ ပါရမီရှင်သုံးဦးမှာ ကျဆုံးပျက်စီးသွားခဲ့ရပြီး ပါရမီရှင်စာရင်းမှ ထာဝရ ပျောက်ကွယ်သွားခဲ့ကြရသည်။ ဤအခြေအနေမှာ ယခင်က ချူးယွင်ဖန်းတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် စာရင်းမှ ခေတ္တပျောက်ကွယ်သွားခဲ့ရခြင်းမျိုးနှင့် လုံးဝ ခြားနားပြီး ထိုသူတို့မှာ အမှန်တကယ် သေဆုံးသွားကြခြင်း ဖြစ်၏။

ထိုသို့ ဖြစ်ပွားပြီးနောက်တွင် အဆိုပါ ကျဆုံးသွားခဲ့သော ပါရမီရှင်များ၏ နောက်ကွယ်မှ အင်အားစုအသီးသီးက သတင်းများကို ထုတ်ပြန်လာခဲ့ကြသည်။ ထိုပါရမီရှင်လူငယ်များသည် အချိန်တိုအတွင်းမှာပင် သူတို့၏ ကျင့်စဉ်အဆင့်အတန်းကို အရှိန်အဟုန်ဖြင့် တရှိန်ထိုး တိုးတက်လာစေရန်အတွက် အထူးဆန်းကြယ်လှသော နက်နဲရာနယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်ကာ အသေအလဲ ကျင့်ကြံခဲ့ကြခြင်း ဖြစ်၏။ သို့သော်လည်း စိတ်မကောင်းစရာအကြောင်းမှာ နောက်ဆုံးတွင် ထိုနယ်မြေကမ္ဘာထဲ၌ပင် အသက်ပျောက်ကာ ဇာတ်သိမ်းသွားခဲ့ကြရခြင်းပင်။

ဤသတင်းကြောင့် တစ်လောကလုံးမှာ ရုတ်ရုတ်သဲသဲဖြင့် ဟိုးဟိုးကျော် သွားခဲ့ရတော့သည်။ ယခုအချိန်ကျမှသာ လူတိုင်းသည် အဆိုပါ ပါရမီရှင်များအနေဖြင့် ဤမျှမြန်ဆန်သော တိုးတက်မှုကို ရရှိရန်အတွက် မည်မျှအထိ ကြီးမားလှသော ပေးဆပ်မှုမျိုးကို ရင်ဆိုင်ခဲ့ကြရသည်ကို စတင်သဘောပေါက်လာကြသည်။ ထိုပေးဆပ်မှုနှုန်းမှာ သာမန်လူသားတို့၏ စိတ်ကူးစိတ်သန်းထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ချေပြီ။

လောကလူသားတို့သည် အောင်မြင်ကျော်ကြားလာသူများကိုသာ အမြဲတစေ ငေးမောကြည့်တတ်ကြပြီး ထိုသို့ အောင်မြင်သူတစ်ယောက် ပေါ်ထွက်လာနိုင်ရန်အတွက် အခြားသော မရေမတွက်နိုင်သည့် ပါရမီရှင်ပေါင်းများစွာမှာ ကျင့်ကြံခြင်းလမ်းခရီးထက်တွင် အကြောင်းအမျိုးမျိုး၊ မတော်တဆမှုအမျိုးမျိုးဖြင့် သေဆုံးပျက်စီးသွားခဲ့ကြရသည်ကိုမူ မြင်လေ့မရှိကြချေ။ ထို့ကြောင့် ကျင့်ကြံခြင်းလမ်းခရီးဟူသည် အနှစ်သာရအားဖြင့် အလောင်းကောင်များနှင့် အရိုးစုများကို အထပ်ထပ်ဆင့်၍ ခင်းကျင်းထားသော လမ်းတစ်ခုဟုပင် ဆိုရပေလိမ့်မည်။

ဤကဲ့သို့သော ပါရမီရှင်များအကြားတွင် လွန်ခဲ့သော တစ်နှစ်တာအတွင်း၌ အဆင့်သတ်မှတ်ချက် တိတ်တဆိတ် ပြောင်းလဲသွားခဲ့သော လူတစ်ယောက် ရှိနေခဲ့သည်။ ထိုသူမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ချူးယွင်ဖန်းနှင့်အတူ တစ်ပြိုင်နက်တည်း နာမည်ကျော်ကြားလာခဲ့သည့် ထန်စစ်ယုပင် ဖြစ်၏။ ပါရမီရှင်စာရင်းတွင် မူလက အဆင့် (၄) နေရာ၌ ရှိနေခဲ့သော ထန်စစ်ယုသည် တစ်နှစ်ကျော်ကာလအတွင်းမှာပင် ဖန်ဆင်းရှင်အဆင့်၏ ဆဋ္ဌမအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ချေပြီ။ သူမသည် အခြားသူအားလုံးကို အစွမ်းဖြင့် ဖိနှိပ်ထားနိုင်ခဲ့ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် ထူးကဲလှသော သိုင်းပါရမီကို ပြသနိုင်ခဲ့သည်။

ထိုအခြေအနေမှာ လွန်ခဲ့သော ခြောက်လခန့်ကတည်းက ဖြစ်ပျက်ခဲ့ခြင်းပင်။

သို့သော်ငြားလည်း ဤမျှအထိ ထူးချွန်လှသော ထန်စစ်ယု၏ အဆင့်မှာ ပါရမီရှင်စာရင်း၌ ဒုတိယနေရာတွင်သာ ရှိနေနိုင်သေးသည်။ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနံပါတ်တစ်နေရာကိုမူ ချူးယွင်ဖန်းကပဲ ဆက်လက်စိုးမိုးထားဆဲ ဖြစ်၏။ သို့ရာတွင် စာရင်းပေါ်ရှိ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည် ဖော်ပြချက်မှာမူ ယခုထက်တိုင် ဝေဝေဝါးဝါး ဖြစ်နေရတုန်းပင်။ ချူးယွင်ဖန်းထံပါးတွင် ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်ထောက်လှမ်းခြင်းမှန်သမျှကို ပိတ်ဆို့တားဆီးပေးနိုင်စွမ်းရှိသော မှော်ရတနာတစ်ခုခု ရှိနေပုံရသဖြင့် ပါရမီရှင်စာရင်းကို ပြုစုသည့်တိုင်အောင် သူ၏ အစွမ်းအမှန်ကို အတိအကျ မတွက်ချက်နိုင်ကြချေ။

အကယ်၍သာ ချူးယွင်ဖန်း၏ ယခင်တိုက်ပွဲမှတ်တမ်းများက ရန်သူ့ပါရမီရှင်များကို လက်ဝါးချက်တစ်ချက်တည်းဖြင့် အမှုန့်ချေနိုင်လောက်အောင်အထိ အလွန်တရာ ရဲရဲတောက် ပြောင်မြောက်မနေခဲ့လျှင် သူ၏ ဤနံပါတ်တစ်နေရာမှာ အနည်းငယ် လှုပ်ခတ်သွားနိုင်လောက်သည်။ ဤသည်မှာ ချူးယွင်ဖန်းက အစွမ်းမထက်မြက်၍ မဟုတ်ဘဲ ထန်စစ်ယု၏ ကျင့်စဉ်တိုးတက်မှုအရှိန်က အလွန်အမင်း မြန်ဆန်လွန်းနေသောကြောင့် ဖြစ်၏။

ထိုအတောအတွင်းမှာပင် အေးချမ်းနတ်တောင်တော်မှနေ၍ သတင်းတစ်ပုဒ် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ မင်းသမီးကူရှဲ့ဖြစ်သူ ထန်စစ်ယုတွင် ဧကရာဇ်အဆင့်ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး ဖြစ်ကြောင်းပင်။ သူမ ပိုင်ဆိုင်ထားသည်မှာ မည်သည့်ဧကရာဇ်ခန္ဓာမျိုး ဖြစ်သည်ကို အတိအကျ မသိရသေးသော်လည်း ဧကရာဇ်အဆင့် ရုပ်ခန္ဓာအစစ်အမှန် ဖြစ်ကြောင်းကိုမူ အတည်ပြုနိုင်ခဲ့ကြပြီ ဖြစ်သည်။

ဤသတင်းကြောင့် တစ်လောကလုံးမှာ ရုတ်ချည်းပင် အံ့အားသင့် တုန်လှုပ်သွားခဲ့ရတော့သည်။ ဧကရာဇ်အဆင့် ရုပ်ခန္ဓာဟူသည် နှစ်ပေါင်းရာချီအတွင်းမှာပင် တွေ့ရခဲလှသည့် ပြိုင်ဘက်ကင်း ထူးခြားသော ခန္ဓာကိုယ်မျိုး ဖြစ်၏။ ယခင်က လီချန်းယွမ်သည် ဘုရင်အဆင့် ခန္ဓာကိုယ်ဖြင့်ပင် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးကို စိုးမိုးနိုင်ခဲ့သည်ဖြစ်ရာ ယခု ထန်စစ်ယုတွင်မူ ဧကရာဇ်အဆင့် ခန္ဓာကိုယ်ရှိနေချေပြီ။ ဘုရင်အဆင့်ခန္ဓာကိုယ်မှာ လွန်စွာ ကြီးကျယ်ခမ်းနားသည်ဟု ဆိုနိုင်သော်လည်း ဧကရာဇ်အဆင့်နှင့် ယှဉ်လိုက်ပါကမူ ကွာခြားချက်မှာ မိုးနှင့်မြေလိုပင် ရှိနေသေးသည်။

ဤအခြေအနေ ရောက်ရှိလာမှသာ ထုံးစံအတိုင်း လောကအရေးကို စိတ်ဝင်စားခြင်းမရှိဘဲ အေးအေးဆေးဆေးနေနေသော မင်းသမီးကြီးက ဘာကြောင့် ထူးထူးခြားခြား ခြွင်းချက်အနေဖြင့် ထန်စစ်ယုကို သူမ၏ နောက်ဆုံးပညာအမွေခံတပည့်အဖြစ် လက်ခံခဲ့လဲဆိုသည်ကို လူတိုင်း ကောင်းကောင်း သဘောပေါက်သွားကြတော့သည်။ ဤနောက်ဆုံးတပည့်ဟူသည်မှာ စစ်မှန်သော ပညာအမွေခံ ဖြစ်ပြီး၊သူမ၏ သိုင်းပညာအမွေအနှစ်အားလုံးကို လက်ဆင့်ကမ်း ပေးအပ်မည်ဖြစ်ကာ အခြားသော မည်သည့်တပည့်ကိုမျှ ထပ်မံလက်ခံတော့မည် မဟုတ်ချေ။

ထို့ကြောင့် ထန်စစ်ယု၏ ကျင့်စဉ်အဆင့်အတန်းက တစ်ရှိန်ထိုး တိုးတက်လာရခြင်းမှာလည်း ပိုမိုခိုင်လုံသော အကြောင်းပြချက် ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမကသာ ဧကရာဇ်အဆင့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်နေလျှင် ဘုရင်အဆင့်ခန္ဓာကိုယ်ပိုင်ရှင် ပါရမီရှင်များကို ကျော်ဖြတ်ကာ အထက်သို့ ရောက်ရှိသွားခြင်းမှာ လုံးဝကို သဘာဝကျလှသော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေတော့သည်။

--

All Chapters