← Chapters

အခန်း (၄၂၅-၄၂၆)

Vol. 31 Ch. 425-426

အခန်း (၄၂၅-၄၂၆)

Vol. 31 Ch. 425-426

အပိုင်း(၄၂၅)

အခြားတစ်ဖက်၌... လုံဟိုင်ဆရာတော်နှင့် ကောင်းကင်သခင် ခန်းမဆောင်မှ လူများသည် ဤအခြေအနေကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားကြလေသည်။

အသွင်အပြင်အရ ကြည့်ရုံဖြင့် အမည်းရောင် ခြင်္သေ့ကြီး၏ ကျောပေါ်တွင် ထွက်ပေါ်လာသော မိန်းကလေးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်မည်ကို သူတို့ ကောင်းစွာ သိနေကြသည်။ သူမ၏ နောက်တွင် ရပ်နေကြသော မိစ္ဆာသတ္တဝါများအားလုံးကို သူတို့မြင်နေကြရသည်။

သို့တိုင်အောင် ရွှမ်ကျန်းဆရာတော်သည် ဤမိစ္ဆာမလေးနှင့် အရွှန်းဖောက်ကာ စကားပြောဆိုနေလေသည်။ သူတို့သည် အချင်းချင်း အလွန်ရင်းနှီးပြီး ဆက်ဆံရေး ကောင်းမွန်သည့်ပုံ ပေါက်နေသည် မဟုတ်ပါလော။

ကောင်းကင်သခင် ခန်းမဆောင်နှင့် မဟာဗုဒ္ဓကျောင်းတော်မှ လူများသာ လေထဲတွင် လွင့်ပါသွားသကဲ့သို့ ဇဝေဇဝါ ဖြစ်နေကြသည် မဟုတ်ဘဲ မိစ္ဆာမလေး၏ နောက်ရှိ မိစ္ဆာသတ္တဝါများသည်ပင် အံ့အားသင့်နေသော မျက်နှာများဖြင့် အချင်းချင်း ကြည့်လိုက်မိကြလေသည်။

မိစ္ဆာသတ္တဝါများ၏ အမြင်တွင် အထူးသဖြင့် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်မှ မိစ္ဆာများအတွက် လူသားများဆိုသည်မှာ အတော်လေး ကြောက်စရာကောင်းပြီး အထူးသဖြင့် ခေါင်းပြောင်နေသော သူများဆိုလျှင် ပို၍ပင် ကြောက်စရာကောင်းကြလေသည်။

မကြာမီက ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ဤလူသားများထဲ၌ ကျန်းလျိုသည် အဆင့်အတန်း မြင့်မားကြောင်း သူတို့ သိမြင်နိုင်ခဲ့ကြသည်။ ယခု သူတို့၏ ဘုရင်မလေးက ဤလူသားနှင့် အလွန်ရင်းနှီးနေပုံရသည်လား…။ ဤသည်က ကောင်းသော အရာတစ်ခုလို ဖြစ်မနေပေဘူးလား…။

"ဒါကြောင့်ကိုး..."

လုံဟိုင်ဆရာတော်သည် အရာအားလုံးကို နားလည်သဘောပေါက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ မိစ္ဆာများကို နှိမ်နင်းပြီး ဆိုးယုတ်မှုများကို ဖယ်ရှားကာ သူတို့ကို ကယ်တင်ပေးရန် ရူလိုင်ဘုရား၏ အကူအညီကို တောင်းခံခဲ့စဉ်က မြတ်စွာဘုရားက ကယ်တင်ရန်အတွက် ရွှမ်ကျန်းဆရာတော်ကို ရှာဖွေရန် ညွှန်ကြားခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ ဤအရာက အကြောင်းရင်း ဖြစ်နေခဲ့သည်လား။

ရွှမ်ကျန်းဆရာတော်သည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ရှိ မိစ္ဆာမျိုးနွယ်များနှင့် မည်သည့်အချိန်ကတည်းက ဤမျှ ရင်းနှီးသွားခဲ့ရပါသနည်း။

မိစ္ဆာမလေးနှင့် ခေတ္တမျှ စကားပြောပြီးနောက် ကျန်းလျိုသည် အခြေအနေမှာ အနည်းငယ် ထူးဆန်းလာသည်ကို သတိပြုမိသွားပုံရသည်။ သူက လည်ချောင်း နှစ်ချက်ဟန့်လိုက်ပြီး မိစ္ဆာမလေးကိုကြည့်၍ မေးလိုက်လေသည်။

"အဟမ်း... အဟမ်း... ဒါနဲ့ မင်းတို့အားလုံးက မြေအောက် မိစ္ဆာဂူထဲကနေ ပြေးထွက်လာကြတာလား... ချန်အန်းမြို့တော်ကို ဖျက်ဆီးမလို့ စီစဉ်နေကြတာလား..."

ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ မိစ္ဆာမလေးက သဘာဝအကျဆုံး ကိစ္စတစ်ခုကဲ့သို့ ပြန်ဖြေလိုက်လေသည်။

"ငါတို့က မိစ္ဆာဂူထဲမှာ ချိတ်ပိတ်ခံထားရပြီး အောက်မှာ ဖိနှိပ်ခံထားရတာလေ... ဒီနေ့ အဲဒီ အတားအဆီးတွေ ပျက်သွားတာတွေ့တော့ ငါတို့လည်း ထွက်ပြေးရမှာပေါ့..."

ဤသို့ပြောပြီးနောက် မိစ္ဆာမလေးက ကောင်းကင်သခင် ခန်းမဆောင်နှင့် မဟာဗုဒ္ဓကျောင်းတော်မှ လူများကို အနည်းငယ် ကြောက်ရွံ့နေသည့် အမူအရာဖြင့် ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး ကျန်းလျိုအား ပြောလိုက်လေသည်။

"ကိုကို ရွှမ်ကျန်း... ကိုကိုက ငါ့ကို ကာကွယ်ပေးမယ်မလား... ငါက ဒီမျိုးနွယ်စုဝင်တွေကို မိစ္ဆာနယ်မြေဆီ ပြန်ခေါ်သွားချင်လို့..."

"ဒီမိစ္ဆာမလေး... ဟန်ဆောင်တာ တော်တော်ကောင်းပါလား..."

မိစ္ဆာမလေး၏ ကြောက်ရွံ့နေသည့် ဟန်ပန်ကို မြင်သောအခါ ကောင်းကင်သခင် ခန်းမဆောင်နှင့် မဟာဗုဒ္ဓကျောင်းတော်မှ လူများ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြလေသည်။

သူမသည် ဤမိစ္ဆာမျိုးနွယ်များ၏ ဘုရင်မလေး ဖြစ်နေပုံရသည် မဟုတ်ပါလော။ သူမက ကြောက်ရွံ့နေမည်တဲ့လော။

မိစ္ဆာမလေး၏ ဟန်ပန်ကို ကြည့်ရင်း ကျန်းလျိုမှာ ရင်ထဲ၌ မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။ တစ်နှစ်ကြာသွားခဲ့ပြီ ဖြစ်သော်လည်း သူမက လူသားများကို အထူးသဖြင့် ခေါင်းပြောင်နေသော သူများကို ကြောက်ရွံ့နေဆဲ ဖြစ်သည်။ ထိုအချက်လေးကတော့ သူမဆီမှာ နည်းနည်းလေးမှ ပြောင်းလဲမသွားသေးချေ။

ဒင် - "မိစ္ဆာစောင့်ရှောက်ခြင်း" တာဝန် ပေါ်ပေါက်လာပါပြီ။ ဤတာဝန်သည် မဟာဗုဒ္ဓကျောင်းတော်ရှိ မြေအောက် မိစ္ဆာဂူမှ မိစ္ဆာမျိုးနွယ်များကို မိစ္ဆာနယ်မြေသို့ ပြန်လည်ပို့ဆောင်ပေးရန် ဖြစ်ပါသည်။ အောင်မြင်ပါက အတွေ့အကြုံမှတ် ၁၅,၀၀၀,၀၀၀ နှင့် ရာဇဝင် အရည်အသွေး ရတနာသေတ္တာ တစ်လုံး ရရှိမည်ဖြစ်ပြီး၊ ကျရှုံးပါက အတွေ့အကြုံမှတ် ၁၅,၀၀၀,၀၀၀ နုတ်ယူခံရမည် ဖြစ်ပါသည်။ လက်ခံမည် / ငြင်းပယ်မည်

မိစ္ဆာမလေး၏ စကားဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် စနစ် အသိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။ ဤအလိုအလျောက် ကျရောက်လာသော တာဝန်ကြောင့် ကျန်းလျိုမှာ အံ့အားသင့်သွားရလေသည်။

‘ဘယ်လို အခြေအနေကြီးလဲ… ဆုလာဘ်က အတွေ့အကြုံမှတ် ၁၅ သန်းတဲ့လား… ဒါ တကယ်ကြီးလား…’

အလိုအလျောက် ကျရောက်လာသော တာဝန်များသည် မိမိသဘောဆန္ဒအလျောက် ရယူသော တာဝန်များထက် ဆုလာဘ် ပိုမိုများပြားလေ့ရှိသည် ဆိုသော်ငြားလည်း အတွေ့အကြုံမှတ် ၁၅ သန်းဆိုသည်မှာ အနည်းငယ် ပိုလွန်းမနေဘူးလော…

ထိုတာဝန်က အလွန်အမင်း ခက်ခဲနေလို့များလော…

"ကိုကို ရွှမ်ကျန်း... မကူညီချင်လို့လား..."

ကျန်းလျိုက ချက်ချင်း သဘောမတူဘဲ နက်နက်နဲနဲ တွေးတောနေသည်ကို မြင်သောအခါ မိစ္ဆာမလေး၏ မျက်နှာထား အနည်းငယ် မှိုင်းညှို့သွားပြီး မေးလိုက်လေသည်။

"ကူညီမယ်လေ... သေချာပေါက် ကူညီမှာပေါ့..."

မိစ္ဆာမလေး၏ စကားကို ကြားသောအခါ ကျန်းလျိုသည် သတိပြန်ဝင်လာပြီး အလျင်အမြန် သဘောတူလိုက်လေသည်။

စကားပြောရင်း သူသည် ထိုတာဝန်ကို တိုက်ရိုက် လက်ခံလိုက်လေသည်။

ဤတာဝန်သည် ခက်ခဲကောင်း ခက်ခဲနိုင်သည် ဆိုသော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက်တွင်ပင် ဤတာဝန်၏ ခက်ခဲနိုင်မည့် အပိုင်းကို ကျန်းလျို မတွေးတတ်အောင် ဖြစ်နေလေသည်။

သာမန်လူ့လောကက ကျင့်ကြံသူတွေကများ သူ့ကို လာတားကြမည်လော…။ လက်ရှိ သူ၏ ခွန်အားဖြင့်ဆိုလျှင် မည်သည့် သာမန် ကျင့်ကြံသူက သူ့ကို တားဆီးနိုင်မည်နည်း။

ဤ မိစ္ဆာမျိုးနွယ်ဝင်တွေဆီကလော… သူတို့က သူ့စကားကို နားမထောင်ဘဲ နေပါမည်လော။ ထို့အပြင် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့မှာ အလှပြရုံသာ အသုံးဝင်သည် မဟုတ်ပါချေ။

သို့တည်းမဟုတ်... ကောင်းကင်ဘုံက နတ်မင်းများနှင့် ဗုဒ္ဓတွေကများ သူ့ကို ပြဿနာ လာရှာကြမလို့လော…။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့်အဖွဲ့၏ ကံကြမ္မာ အထောက်အပံ့များနှင့် စွန်းဝူခုန်းတို့၏ မျက်နှာများကြောင့် အထွတ်အထိပ် နတ်ဘုရားများနှင့် တာလော့ရွှေနတ်မင်း အဆင့် ပုဂ္ဂိုလ်များမှလွဲ၍ သာမန် နတ်မင်းများနှင့် ဗုဒ္ဓများပင်လျှင် သူ့ကို လာရောက် တားဆီးလောက်မည် မဟုတ်ချေ။

"ရွှမ်ကျန်းဆရာတော်... ဆရာတော်က..."

ကျန်းလျိုနှင့် မိစ္ဆာမလေးတို့၏ စကားပြောဆိုမှုကို ကြားလိုက်ရပြီး သူက ဤမိစ္ဆာသတ္တဝါများကို ကာကွယ်ပေးကာ မိစ္ဆာနယ်မြေသို့ ပြန်ပို့ပေးရန် အမှန်တကယ် ရည်ရွယ်ထားသည်ကို သိသောအခါ ကောင်းကင်သခင် ခန်းမဆောင်မှ ကျင့်ကြံသူ အနည်းငယ်၏ မျက်နှာများ ပျက်ယွင်းသွားပြီး တားဆီးရန် ဝင်ပြောလိုက်ကြလေသည်။

သို့သော် ကောင်းကင်သခင် ခန်းမဆောင်မှ လူများက ကန့်ကွက်စကား ပြောဆို မပြီးခင်မှာပင် လုံဟိုင်ဆရာတော်က ရှေ့သို့ထွက်လာပြီး လက်အုပ်ချီကာ သူတို့အား ပြောလိုက်လေသည်။

"အောမိတော်ဖော... အားလုံးပဲ... ဒါက ရူလိုင်ဘုရား ရဲ့ အလိုတော်ပါပဲ... လောကရှိ သက်ရှိအားလုံးကို တန်ဖိုးထား မြတ်နိုးခြင်းက ကုသိုလ်တစ်ပါးလို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်..."

လုံဟိုင်ဆရာတော်က ဝင်ရောက်ပြောဆိုပေးလိုက်သဖြင့် ကျန်းလျိုအနေဖြင့် ကောင်းကင်သခင် ခန်းမဆောင်မှ လူများနှင့် ငြင်းခုံနေရန် မလိုအပ်တော့ချေ။ သူက လက်ကာပြလိုက်ရာ ပတ်ဝန်းကျင်ရှိ မဟာဗုဒ္ဓကျောင်းတော်မှ ရဟန်းများသည် သူတို့အတွက် လမ်းဖယ်ပေးကြလေသည်။

"သွားကြမယ်..."

မဟာဗုဒ္ဓကျောင်းတော်မှ ရဟန်းများ လမ်းဖယ်ပေးလိုက်သည်နှင့် ကျန်းလျိုက ပြောလိုက်လေသည်။

"အင်း..."

မိစ္ဆာမလေးက ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာလေသည်။ သူမက နောက်ရှိ မိစ္ဆာမျိုးနွယ်ဝင်များဘက်သို့ ချက်ချင်း ခေါင်းလှည့်လိုက်ပြီး ပြောလိုက်လေသည်။

"ကိုကို ရွှမ်ကျန်းနဲ့ အတူတူ ဒီနေရာကနေ ထွက်သွားဖို့ ငါ့နောက်က လိုက်ခဲ့ကြ... မှတ်ထား... မဆင်မခြင် မလုပ်ကြနဲ့... မလိုအပ်တဲ့ ပြဿနာတွေ မရှာကြနဲ့..."

"မှန်လှပါ ဘုရင်မလေး..."

မိစ္ဆာမလေး၏ စကားဆုံးသည်နှင့် သူမနောက်ရှိ မိစ္ဆာမျိုးနွယ်ဝင်များက တစ်သံတည်း ပြန်လည်ဖြေကြားလိုက်ကြလေသည်။

"ဘု... ဘုရင်မလေးလား..."

မိစ္ဆာများက မိစ္ဆာမလေးအား ထိုသို့ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။ ထို့နောက် သူ မိစ္ဆာမလေးကို ကြည့်လိုက်ပြီး စိတ်ထဲမှ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်လေသည်။

အမည် - မိစ္ဆာမလေး (ရွှေရောင်)

ကျား/မ - မ

အသက်မွေးဝမ်းကျောင်း - မိစ္ဆာ

အဆင့် - ၅၀

လက်နက်ကိရိယာ - ....

"ဘာ... ရွှေရောင် မျက်နှာပြင်ကြီးလား..."

မိစ္ဆာမလေး၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို မြင်သောအခါ ကျန်းလျိုမှာ အံ့အားသင့်သွားပြီး မှင်တက်သွားလေသည်။ ခဏတာမျှ ဤဇာတ်ကောင် အချက်အလက် မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို သူ နားမလည်နိုင်သလိုပင် ခံစားလိုက်ရလေသည်။

စွန်းဝူခုန်းတွင် ရွှေရောင် မျက်နှာပြင် ရှိသော်လည်း တိုက်ရှန်းလောင်ကျွင်းတွင်တော့ အပြာရောင် မျက်နှာပြင်သာ ရှိခဲ့သည်။ သို့ဆိုလျှင် မိစ္ဆာမလေးက အဘယ်ကြောင့် ရွှေရောင် မျက်နှာပြင်ကို ပိုင်ဆိုင်နေရသနည်း။

ထိုအရာက အနည်းငယ် ရှုပ်ထွေးလှသည်။

ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ထိုက်ရှန်းလောင်ကျွင်းသည် အနည်းဆုံးတော့ သူတော်စင် လောင်ဇီ၏ ကိုယ်ပွားတစ်ခု ဖြစ်နိုင်ပေသည်။ သို့တိုင်အောင်... သူ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်မှာ အပြာရောင် အဆင့်သာရှိပါလျက် စွန်းဝူခုန်းနှင့် မိစ္ဆာမလေးတို့က ရွှေရောင် မျက်နှာပြင်များကို ပိုင်ဆိုင်ထားကြသည်တဲ့လော။

ထိုရှန်းလောင်ကျွင်း၏ အရည်အချင်းက သူတို့လောက် မကောင်းလို့များလော…။

***

အပိုင်း(၄၂၆)

ဇဝေဇဝါဖြစ်စွာဖြင့် ခေတ္တမျှ တွေးတောပြီးနောက် ကျန်းလျိုက ဖြေရှင်းချက် တစ်ခုတည်းသာ ရှိနိုင်သည်ဟု ခံစားလိုက်ရလေသည်။ ထိုအရာက သူတို့၏ သက်ဆိုင်ရာ ခွန်အားများနှင့် ပတ်သက်တဲ့ ပြဿနာပဲ ဖြစ်ရမည်။

ဥပမာအားဖြင့် အဆင့် ၁၀ ရှိသော ဇာတ်ကောင်တစ်ဦးသည် အဖြူရောင် သာမန် မျက်နှာပြင်ရှိပြီး သူတို့၏ အရည်အချင်း၊ မှော်စွမ်းအား စသည်တို့ကို ထည့်သွင်းတွက်ချက်ပါက တိုက်ခိုက်ရေးစွမ်းအား ၁၀၀ ရှိနိုင်ပေသည်။

သို့သော် အပြာရောင် အရည်အသွေး အတွက်မူ တိုက်ခိုက်ရေးစွမ်းအားမှာ ပို၍ မြင့်မားနေမည်ဖြစ်ပြီး အနည်းဆုံး ၁၅၀ သို့မဟုတ် ၂၀၀ သို့မဟုတ် ၃၀၀ အထိ ရှိနိုင်သည်။

ရွှေရောင် မျက်နှာပြင်အတွက်ဆိုလျှင် အဆင့် ၁၀ သာရှိလျှင်ပင် အလုံးစုံ တိုက်ခိုက်ရေးစွမ်းအားမှာ ၃၀၀ ကျော် သို့မဟုတ် ၄၀၀ သို့မဟုတ် ၅၀၀ အထိပင် ရောက်ရှိနိုင်မည် မဟုတ်ပါလော…။

ဤကဲ့သို့ ရှင်းပြမှသာလျှင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင်၏ အရည်အသွေး အရောင်များကို အဓိပ္ပာယ်ရှိရှိ နားလည်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် အဆင့် ၈၀ ရှိ စွန်းဝူခုန်း၏ အလုံးစုံ ခွန်အားသည် အဖြူရောင် မျက်နှာပြင်ရှိ အခြားသော အဆင့် ၈၀ ရှိ ဇာတ်ကောင်များထက် များစွာ သာလွန်နေသဖြင့် သူသည် ရွှေရောင် အရည်အသွေး ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။

ထိုက်ရှန်းလောင်ကျွင်းသည် သူတော်စင်တစ်ပိုင်းအဆင့် ရှိသော်လည်း အဖြူရောင် မျက်နှာပြင်ရှိ သာမန် သူတော်စင်တစ်ပိုင်းထက် အနည်းငယ်သာ ပို၍ သန်မာမည်ဖြစ်ရာ သူသည် အပြာရောင် အရည်အသွေးသာ ရှိနေတာ ဖြစ်နိုင်ပေသည်။

ဤနည်းအတိုင်း တွက်ချက်ကြည့်ပါက အဓိပ္ပာယ်ရှိလာလေသည်။

"ဒါဆိုရင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင် အရည်အသွေး ဆိုတာက အရမ်းကြီး သန်မာနေတာကို ပြောတာ မဟုတ်ဘဲ… အဆင့်တူသူတွေထက် အများကြီး သာလွန်နေတာကို ပြောတာကိုး… အဲဒါကမှ အရည်အသွေးကို သတ်မှတ်ပေးတာပေါ့..."

ကျန်းလျို သဘောပေါက်သွားလေသည်။

ဤနည်းဖြင့် ရှင်းပြနိုင်ပြီ မဟုတ်ပါလော…။

၎င်းသည် ဂိမ်းစည်းမျဉ်းများနှင့်လည်း ကိုက်ညီနေပုံရလေသည်။

အဆင့် ၅၀ ရှိ အပြာရောင် အဆင့်မြင့် မိစ္ဆာတစ်ကောင်သည် အဆင့် ၃၀ ရှိ ရွှေရောင်‌ ဘော့စ်တစ်ကောင်ထက် ပို၍ သန်မာနိုင်သည် မဟုတ်ပါလော…။

ထိုအချိန်တွင်ပင် မဟာဗုဒ္ဓကျောင်းတော်မှ ရဟန်းများ လမ်းဖယ်ပေးလိုက်ကြပြီး လီရှစ်မင် ပေါ်လာကာ ကျန်းလျိုထံသို့ ချဉ်းကပ်လာလေသည်။

"ညီတော်...”

လီရှစ်မင်၏ မျက်ဝန်းများက ခံစားချက်များနှင့် ပြည့်နှက်နေသည်။

“ညီတော်... ချန်အန်းမြို့တော်ကို အန္တရာယ်ကနေ ကယ်တင်ဖို့ လမ်းခရီးကနေ တမင်သက်သက် ပြန်လာခဲ့တာလား..."

လီရှစ်မင်၏ စကားကို ကြားသောအခါ ကျန်းလျိုက ဖြောင့်မတ်မှန်ကန်သော ဟန်ဖြင့် ပြောလိုက်လေသည်။

"အောမိတော်ဖော... ချန်အန်းမြို့တော် ဒုက္ခရောက်နေတာကို မပြန်ဘဲ နေနိုင်ပါ့မလား..."

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်..."

ကျန်းလျို၏ အဖြေကြောင့် လီရှစ်မင်က ပြုံးလိုက်ပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သေလည်။ သူသည် ဤအဖြေအတွက် အလွန်ပင် ကျေနပ်နေပုံရလေသည်။

ကျန်းလျိုကို တစ်နှစ်ကျော် မတွေ့ရတော့သဖြင့် လီရှစ်မင်လည်း စိတ်ရွှင်လန်းနေလေသည်။ သူတို့သည် အပေါ်ယံတွင် ညီအစ်ကိုသစ္စာတော်ခံများ ဟူသော ဘွဲ့နာမကို ခံယူထားကြသော်လည်း လီရှစ်မင်၏ ရင်ထဲတွင်မူ ကျန်းလျိုအား သမက်တစ်ဝက်ကဲ့သို့ သဘောထားလေသည်။

အလားတူပင် ကျန်းလျိုလည်း ထိုအတိုင်းပင် ခံစားရလေသည်။ လီရှစ်မင်ကို ပြန်ကြည့်လိုက်ပြီးနောက် သူ၏ ရင်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

တစ်နှစ်ကျော် ကြာပြီးနောက်တွင် လီရှစ်မင်သည် သူ၏ ဘဝအထွတ်အထိပ်တွင် ရှိနေဆဲဖြစ်ပြီး ယခင်ကထက်ပင် ပိုမို တက်ကြွနေလေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျိုသည် လီရှစ်မင်အား ရုတ်တရက် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။

"ဒါနဲ့ မင်းကြီး... အနောက်အရပ်ခရီးစဉ်မှာ တပည့်တော် ကောင်းယန် နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်…"

"ကောင်းယန်... သူ့ကို တွေ့ခဲ့တာလား... သူ အခြေအနေ ဘယ်လိုရှိလဲ..."

ကျန်းလျို၏ စကားကို ကြားသောအခါ လီရှစ်မင်၏ မျက်လုံးများ အရောင်လက်သွားပြီး အံ့ဩသွားလေသည်။

"နေပါဦး... ရွှမ်ကျန်းဆရာတော်... ဒီလူက ဘယ်သူလဲ..."

ထိုစဉ် အမည်းရောင် ခြင်္သေ့ကြီးကို စီးနင်းထားသော မိစ္ဆာမလေးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်လေသည်။ သူမက လီရှစ်မင်ကို ကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။

"သူက ဧကရာဇ်ပါ..."

သူမဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် ကျန်းလျိုက ပြန်ဖြေလိုက်လေသည်။

သို့တိုင်အောင်... မိစ္ဆာမလေး၏ နားမလည်နိုင်သော အမူအရာကို မြင်သောအခါ ကျန်းလျိုက ဖြည့်စွက် ပြောဆိုလိုက်လေသည်။

"မင်း နားလည်အောင် ပြောရရင် သူက ငါတို့ရဲ့ ဘုရင်ပေါ့... သာမန်ပြည်သူ သန်းပေါင်းများစွာကို အုပ်ချုပ်နေတဲ့သူပေါ့… ငါတို့ အားလုံး လေးစားကြရတဲ့လူပေါ့လေ"

"ဘုရင်... ဟုတ်လား"

ကျန်းလျို၏ ရှင်းပြချက်ကို ကြားသောအခါ မိစ္ဆာမလေးသည် လီရှစ်မင်ကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်ပြီးနောက် နားမလည်နိုင်သည့်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်လေသည်။

"ငါတော့ နားမလည်ဘူး... ဒီဦးလေးက သိပ်ပြီး သန်မာပုံ မပေါက်ဘူး... ဒါပေမဲ့ ကိုကို့ရဲ့ ဘုရင် ဖြစ်နိုင်တယ်ပေါ့... လူသားတွေက တကယ်ကို ထူးဆန်းတဲ့ မျိုးနွယ်စုပဲ…”

လူသားမျိုးနွယ်များနှင့် နှိုင်းယှဉ်လျှင် မိစ္ဆာမျိုးနွယ်များ၏ ဆက်ဆံရေးမှာ များစွာ ပို၍ တိုက်ရိုက်ကျပေသည်။ အကယ်၍ သင်က ခွန်အားကြီးမားသူ ဖြစ်နေမည်ဆိုပါက ထိုအရာတစ်ခုတည်းကပင် အရာအားလုံးကို ကိုယ်စားပြုနိုင်လေသည်။

ထို့ကြောင့် လီရှစ်မင် သည် လူသားများ၏ ဘုရင်တစ်ပါးဖြစ်ပြီး သန်းပေါင်းများစွာသော လူများကို အုပ်ချုပ်နိုင်စွမ်းရှိကြောင်း ကြားလိုက်ရသောအခါ မိစ္ဆာမလေး အဖို့ နားလည်ရန် အတော်လေး ခက်ခဲသွားခဲ့လေသည်။

လူသားများ၏ ဘုရင်အဖြစ် ဤမျှ အားနည်းသော သူတစ်ယောက်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ကြပါသနည်း။

"ထူးဆန်းတယ်... ဆရာက ဒီလူကြီးကို အတော်လေး လေးလေးစားစား ဆက်ဆံနေသလိုပဲနော်..."

ကျန်းလျိုနှင့် လီရှစ်မင်တို့ အပြန်အလှန် ဆက်ဆံနေသည့် ပုံစံကို ကြည့်ရင်း နဂါးဖြူလေး အောင်းလီက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ငါမှတ်မိသလောက်တော့ ကောင်းယန် မင်းသမီးက ဒီလူကြီးရဲ့ သမီးဆိုတော့... အဲဒါကြောင့် နေမှာပေါ့..."

ဘေးနားရှိ စွန်းဝူခုန်း က မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။

"ဪ... ဒီလိုကိုး..."

စွန်းဝူခုန်၏ စကားကို ကြားသောအခါ ကျူးပါကျဲ နှင့် နဂါးဖြူလေး အောင်းလီတို့ နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာများ ပေါ်လာလေသည်။

အခြားတစ်ဖက်၌ လီရှစ်မင်က ကျန်းလျိုအား သူ သိချင်နေသည့် အရာကို ဆက်မေးလိုက်၏။

"ဒါနဲ့ ညီတော်... ခုနက ညီတော် ကောင်းယန် ကို တွေ့ခဲ့တယ်လို့ ပြောတယ်နော်... အခု သူ အခြေအနေ ဘယ်လိုရှိလဲ..."

ကျန်းလျို က ခေါင်းအနည်းငယ် ညိတ်ကာ လီရှစ်မင် အား ပြောလိုက်လေသည်။

"အင်း... လွန်ခဲ့တဲ့ နှစ်ဝက်လောက်က တွေ့ခဲ့တာ ဆိုပါတော့လေ... သူ့ အခြေအနေ ကောင်းပါတယ်... ကွမ်ယင် ဗောဓိသတ်ရဲ့ စောင့်ရှောက်မှုအောက်မှာ သူ့ရဲ့ ကျင့်စဉ်တွေလည်း အောင်မြင်မှု ရနေပါပြီ..."

အခြားသူများ အတွက်ဆိုလျှင်... သမီးဖြစ်သူ ကယ်တင်ခံခဲ့ရပြီး အန္တရာယ်ကင်းကင်း ရှိနေသည်ဖြစ်ရာ ၎င်းသည် ဝမ်းမြောက်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပေသည်။

သို့သော် လီရှစ်မင် ၏ မျက်နှာပေါ်တွင် သိပ်ပြီး ပျော်ရွှင်နေပုံ မပေါ်ဘဲ ယင်းအစား သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ကျန်းလျို အား ပြောလိုက်လေသည်။

"ညီတော့် အတွက် အတော်လေး ခက်ခဲပင်ပန်းခဲ့မှာပဲ..."

လီရှစ်မင်၏ တု့န်ပြန်ပုံနှင့် စကားများကြောင့် ကျန်းလျို မှာ ခေတ္တမျှ ရပ်တန့်သွားသော်လည်း ချက်ချင်းပင် နားလည်သဘောပေါက်သွားလေသည်။

တာ့ထန် ဧကရာဇ် တစ်ပါးအနေဖြင့် လီရှစ်မင် တွင် သေချာပေါက် သူ၏ ကိုယ်ပိုင် အမြင်နှင့် ထိုးထွင်းသိမြင်မှုများ ရှိပေမည်။ ကောင်းယန် နှင့် ပတ်သက်သော အဖြစ်အပျက်သည် သူ့အား အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်တွင် ပါဝင်လာစေရန် မဟာယနဂိုဏ်း မှ ထိပ်သီးပုဂ္ဂိုလ်ကြီးများက တမင်သက်သက် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူ ရိပ်မိနေမည်မှာ သေချာလှပေသည်။

"မပင်ပန်းပါဘူး..."

ကျန်းလျို က အနည်းငယ် ပြုံးလိုက်ပြီး လီရှစ်မင် အား ခေါင်းခါပြလိုက်လေသည်။ ကျန်းလျို တကယ်ပဲ အဆင်ပြေနေသည်ဖြစ်စေ သတ္တိရှိဟန် ဆောင်နေသည်ဖြစ်စေ လီရှစ်မင် က ထပ်မံ၍ စကားမဆိုတော့ချေ။ ထို့နောက် သူက မိစ္ဆာမလေး နှင့် သူမနောက်ရှိ မိစ္ဆာ အများအပြားကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။

"ဒါနဲ့... မင်းတို့အားလုံး ဘယ်ကို သွားကြမလို့လဲ..."

"သူတို့ကို မိစ္ဆာနယ်မြေ ထဲ ပြန်ပို့ပေးမလို့ပါ... ဘာပဲဖြစ်ဖြစ် သူတို့က မိစ္ဆာ တွေဆိုတော့… လူ့လောက မှာ အချိန်အကြာကြီး နေဖို့က သင့်တော်မှာ မဟုတ်ဘူးလေ..."

ကျန်းလျို က ပြန်ဖြေလိုက်လေသည်။

"အင်း... တကယ်ပဲ အဲဒီလိုဆိုရင်တော့… ဒီ မြေအောက် မိစ္ဆာ တွေရဲ့ ခြိမ်းခြောက်မှုကို တိုက်ခိုက်စရာမလိုဘဲ ဖြေရှင်းနိုင်တာက တကယ်ကို မဆိုးပါဘူး..."

ကျန်းလျို ၏ စကားကို ကြားပြီးနောက် ခေတ္တမျှ စဉ်းစားကာ လီရှစ်မင် က ခေါင်းညိတ်၍ သဘောတူကြောင်း ဖော်ပြလိုက်လေသည်။

အချိန်ဆွဲနေ၍ မရနိုင်တော့ချေ။ ယခုအခါ တာ့ထန် ဧကရာဇ် လီရှစ်မင် ပင်လျှင် သဘောတူခွင့်ပြုပြီးဖြစ်ရာ ကျန်သည့်အရာအားလုံးသည်လည်း အဆင်ပြေချောမွေ့သွားလေသည်။

ကျန်းလျို နှင့် မိစ္ဆာမလေး တို့က ရှေ့မှ ဦးဆောင်သွားပြီး စွန်းဝူခုန်း နှင့် အခြားသူများက အစောင့်အရှောက်အဖြစ် လိုက်ပါသွားကြလေသည်။

ပထမအချက်အနေဖြင့် မိစ္ဆာ များနှင့် လူသားများကြား ထပ်မံတိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် သူတို့ကို စောင့်ရှောက်ပေးခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ဤ မိစ္ဆာ များ ထွက်ပြေးလွတ်မြောက်သွားခြင်းမှ တားဆီးရန် ဖြစ်ပေသည်။

လရောင်၏ အလင်းနှင့် ချန်အန်းမြို့တော် ၏ မြို့တံခါးများ ဖွင့်ထားမှုကို အခွင့်ကောင်းယူကာ ကျန်းလျို သည် မိစ္ဆာမလေး နှင့် အခြားမိစ္ဆာများကို ဦးဆောင်လျက် ချန်အန်းမြို့တော် မှ ထွက်ခွာသွားလေတော့သည်။

***

All Chapters