← Chapters

အခန်း ၅၁

Vol. 4 Ch. 51

အခန်း ၅၁

Vol. 4 Ch. 51

အပိုင်း (၅၁)

ချန်ရှန်းဟန်ကို သူ့တပည့်အဖြစ်လက်ခံဖို့ လက်မလျှော့နိုင်တဲ့ ချီမင်က သူ့တပည့်ကိုကယ်ခဲ့ပြီးတဲ့နောက်မှာ အရှက်မရှိပဲ ဒီနေရာကို ပြန်လာသေးသတဲ့လား။

[ ထိုက်ဟွာတောင်ထွတ်သခင်အကြောင်းတော့ မပြောတော့ပါဘူး။ သူ့ကြည့်ရတာ ကံဆိုးခြင်းနတ်ဘုရား ပိုင်ဆိုင်ထားတဲ့ပုံပါပဲ။ သူ့ကံတရားတွေက ဆိုးဝါးလွန်းလို့ ပြောစရာစကားတောင် မရှိတော့ဘူး]

[သူ့ရဲ့အကြီးဆုံးတပည့်ချောင်ချိန်ကလည်း ဒီရက်ပိုင်း တာဝန်တစ်ခုနဲ့သွားပြီး ပြန်လာတဲ့အချိန်တိုင်း ဒဏ်ရာရခဲ့တယ်]

[ ဝိုး.. ထိုက်ဟွာတောင်ထွတ်မှာ တပည့်တွေ အများကြီးရှိသေးတာပဲ။ သူတို့တွေအားလုံးကရော ကျင့်ကြံခြင်းတွေ ရပ်တန့်နေကြတာလား]

[တိုက်ဆိုင်လိုက်တာ]

အပြင်ကလာတဲ့အသံကိုကြားလိုက်ရတဲ့အခါ အားလုံးက မျက်မှောင်ကြုတ်လိုက်ပြီး လင်ယွိလွမ်ကို ကြည့်လိုက်တယ်။ အားလုံးရဲ့မျက်လုံးထဲမှာလည်း ကြီးကျယ်ခမ်းနားပြီး သေချာစေ့စပ်မှုတွေအပြည့် ဖြစ်နေတော့တယ်။

ထိုက်ဟွာတောင်ထွတ်သခင်က ခေါင်းကိုလှည့်လိုက်ပြီး ဘေးမှာရှိတဲ့ သူ့ရဲ့အချစ်ဆုံးတပည့်ကို စိုက်ကြည့်လိုက်တယ်။

ဒီအချိန်မှာတော့ ဒီကာလအတောအတွင်းမှာ သူ့ဆီမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ဂရုမစိုက်ပေမဲ့လည်း သူ ပထမဦးဆုံး စဉ်းစားမိလိုက်တဲ့အရာက ဓားကျောရိုးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ထန်ချိုးယွီဆိုတဲ့ သူ့ရဲ့ဒုတိယတပည့်ကိုပဲ။

အစကတည်းက သာမန်တာဝန်တစ်ခုပဲ ဖြစ်ခဲ့တာ။ ဒါပေမဲ့ သူက မမျှော်လင့်ဘဲ ဝိညာဉ်သားရဲကောင်တွေ အုံကြွတာနဲ့ကြုံတွေ့ခဲ့ရပြီး သူ့ရဲ့အရွတ်တွေနဲ့ သွေးကြောတွေကို ဒဏ်ရာရသွားခဲ့တယ်။ သူ့မှာ အခုထက်ထိ နေတောင်ပြန်မကောင်းသေးဘူး။

ဒီအကြောင်းကိုပြန်စဉ်းစားလိုက်တော့ ဒေါသတွေက သူ့မျက်လုံးထဲမှာ တောက်လောင်သွားတော့တယ်။ သူက လင်ယွိလွမ်ကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ မေးခွန်ထုတ်လိုက်တော့တယ်။

“ လင်ယွိလွမ် မင်းရဲ့ ဂိုဏ်းတူအစ်မ ဒဏ်ရာရခဲ့တာ မင်းနဲ့ ပတ်သက်မှု ရှိနေသလား”

လင်ယွိလွမ်က ဝမ့်ကျန့်ဂိုဏ်းက အကြီးအကဲတွေရဲ့ စေ့စေ့စပ်စပ် ကြည့်နေတဲ့အကြည့်ကို ခံစားလိုက်မိပြီး ထိုက်ဟွာတောင်ထွတ်သခင်ရဲ့ မိုးချိန်းသံလိုကျယ်တဲ့ မေးခွန်းကိုကြားလိုက်ရတယ်။ သူမရဲ့ခြေထောက်တွေက အားပျော့သွားပြီး မြေကြီးပေါ်ကို ဖုတ်ခနဲ လဲကျသွားတော့တယ်။

“ဆရာ.. ဆရာဘာတွေပြောနေတာလဲ။ ကျွန်မ နားမလည်ဘူး”

သူမက မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး တည်ငြိမ်နေသယောင် ဟန်ဆောင်လိုက်တယ်။ ဒါပေမဲ့လည်း သူမရဲ့အသံထဲမှာတော့ တုန်ရင်ပြီး ပျာယာခတ်နေတဲ့အရိပ်အယောင်တွေ တွယ်ရစ်နေတယ်။

“ဂိုဏ်းတူအစ်မက ဝိညာဉ်သားရိုင်းကောင်တွေ ထကြွတဲ့အတွက်ကြောင့်မို့ ဝိညာဉ်သားရိုင်းကောင်တစ်ကောင်ကြောင့် ဒဏ်ရာရခဲ့တာ မဟုတ်လား။ ဒါက ဘယ်လိုလုပ်ပြီး ကျွန်မနဲ့ ပတ်သက်နေနိုင်မှာလဲ”

ထိုက်ဟွာတောင်ထွတ်သခင်က သူမက တုန်ယင်နေတာကို မြင်လိုက်တဲ့အခါ ကြင်နာသနားဟန်အရိပ်တစ်ခုမှ မပြဘဲ သူမကို ကြည့်လိုက်တယ်။

အေးစက်စက်မျက်နှာထားတစ်ခုဖြစ်နေပြီး သူက သူ့ဓားကို ဆွဲထုတ်ရလောက်တဲ့ထိ လုပ်နိုင်တဲ့ရန်သူတစ်ယောက်ကို ကြည့်နေတဲ့ပုံစံ ဖြစ်နေတော့တယ်။

“လင်ယွိလွမ်၊ ငါ အမှတ်မမှားဘူးဆိုရင် ချိုးယွီ ဒဏ်ရာမရခင်တုန်းက မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်တည်ကျင့်ကြံခြင်း ရောက်စပဲ ရှိသေးတယ်နော်”

ဒီအချိန်မှာတော့ သူကမနေနိုင်တော့ပဲ မျက်လုံးထဲမှာ ထေ့ငေါ့နေတဲ့အရိပ်တစ်ခု ပေါ်ပေါက်လာတော့တယ်။

“အဲဒီတုန်းက ငါ ထင်ထားခဲ့တာက မင်းက နေ့တိုင်းကြိုးကြိုးစားစားနဲ့ လေ့ကျင့်တာကြောင့်မို့လို့ မင်းရဲ့အရည်အချင်တွေကို သွေးပြီးသားဖြစ်သွားတာကြောင့်လို့ ထင်ထားတာ။ ဒါကြောင့် ငါက မင်းအတွက် အချိန်အကြာကြီး ဂုဏ်ယူနေခဲ့ရတာ”

“ အခုတော့ ဒါကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ဝမ့်ကျန့်ဂိုဏ်းက ဘယ်တုန်းက ဇွဲလုံလရှိတဲ့ တပည့်တွေ ရှားပါးခဲ့ဖူးလို့လဲ”

သူက အံကြိတ်ထားလိုက်ပြီး သူ့အသံထဲမှာလည်း ထိန်းချုပ်လို့မရတော့တဲ နောင်တရတဲ့ အငွေ့အသက်တစ်ခုနဲ့ ပြည့်နေတော့တယ်။

“ မင်း ချိုးယွီရဲ့ကံကောင်းခြင်းတွေကို ခိုးယူထားတာကြောင့် ဒီလိုအဆင့်တက်နိုင်ခဲ့တာလား”

“ဒါဆိုရင်... ချိုးယွီရဲ့အရွတ်တွေနဲ့ သွေးကြောတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ ငါက ဘယ်လောက်ပဲ သဘာဝရတနာတွေကို သုံးပေးနေပါစေ သူရဲ့အရွတ်နဲ့သွေးကြောတွေကို ပြန်ပြီးမကုသပေးနိုင်ခဲ့ဘူး”

သူရဲ့ဒုတိယတပည့်လေးက ကံကောင်းခြင်းတွေကို အချိန်အကြာကြီး ခိုးယူထားတဲ့ ဒီဆိုးသွမ်းလှတဲ့လူနဲ့ အတူတူ နေခဲ့ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။

စူးလီက ထိုက်ဟွာတောင်ထွတ်သခင်ရဲ့ စကားကို ကြားလိုက်ပြီးတဲ့အခါ ထောက်ခံတဲ့ပုံစံနဲ့ မျက်ခုံးတွေကို ပင့်လိုက်တော့တယ်။

[ဒီထိုက်ဟွာတောင်ထွတ်သခင်က ကြည့်လိုက်ရင် အတဲ့ပုံပေါ်ပေမဲ့ အခုတော့ သူက ဉာဏ်ကောင်းလာတာပဲ]

[ ဒီလိုလုပ်ခဲ့တာလည်း ရှင့်ရဲ့’တပည့်ကောင်း‌’ပဲမဟုတ်ဘူးလား]

[ထန်ချိုးယွီရဲ့ ဒဏ်ရာပြင်းထန်တယ်ဆိုပေမဲ့လည်း သေသေချာချာ ဂရုစိုက်လိုက်ရင် သူက ဆယ်စုနှစ်ကြာတဲ့အထိတောင် ဓားတစ်ချောင်းကို မဝေ့ရမ်းနိုင်ဘဲ ဖြစ်နေမှာမဟုတ်ဘူး]

[ လင်ယွိလွမ်က ဘာမှမလုပ်တဲ့အချိန်မှာ သူက ထန်ချိုးယွီရဲ့ဘေးနားမှာ သွားထိုင်ပြီး သူ့ရဲ့ကံကောင်းခြင်းတွေ စုပ်ယူခဲ့တာ။ ဒါကြောင့်မလို့လဲ ထန်ချိုးယွီက ပြန်မကောင်းလာနိုင်တော့တာပေါ့။ လင်ယွိလွမ်က သူရဲ့ဂိုဏ်းတူအစ်မကို လေးစားတယ်ဆိုတဲ့ ဂုဏ်သတင်းကောင်းကို ရလာခဲ့ပြီး ဘယ်တော့မှလည်း သူ့ဆီက မခွာတော့ဘူးလေ]

[ ကျွတ် ကျွတ် ဒါက ကြက်ကလေးတွေကို နှစ်သစ်ကူးနှုတ်ဆက်တဲ့ အာဂမြွေပါမျိုးပဲဟဲ့]

ထိုက်ဟွာတောင်ထွတ်သခင်က ဆက်ပြီးသည်းခံမထားနိုင်တော့ဘဲ လင်ယွိလွမ်ကို ခပ်ကြမ်းကြမ်း ပါးချလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေအပြည့်နဲ့ ပြောလိုက်တော့တယ်။

“ ဒါက မင်းရဲ့ဂိုဏ်းတူအစ်မလေ”

“ သူကပဲ မင်းကို ငါ့တပည့်အဖြစ် လက်ခံပေးဖို့ တောင်းပန်ပေးခဲ့တာ။ မင်းမှာ အရည်အချင်း အများကြီး မရှိဘူးဆိုတာ သူတွေ့တယ်။ ဒါကြောင့် မင်းအတွက် ဝိညာဉ်ရတနာတွေ အများကြီးကို ထားခဲ့ပေးတယ်။ မင်းက ငါရဲ့သင်ကြားခြင်းပုံစံတွေ မလိုက်နိုင်တာကိုမြင်တဲ့အတွက် သူကနေ့တိုင်း ဓားသိုင်းကွက်တွေကို ပြန်ပြဖို့ မင်းကိုခေါ်ပေးခဲ့တယ်”

“မင်းရဲ့ဂိုဏ်းတူအစ်မက မင်းအပေါ်အဲလောက်ကောင်းတာကို မင်းကများ အတင့်ရဲလို့...”

သူက လင်ယွိလွမ်ရဲ့ ဘက်လက်ညှိုးထိုးလိုက်ပြီး တုန်တုန်ရင်ရင်နဲ့ ဖြစ်နေတော့တယ်။

“ မင်းက ဘယ်လိုဖြစ်ပြီး တိရိစ္ဆာန်ဆန်တဲ့ ကိစ္စတွေလုပ်နိုင်ရက်တာလဲ”

လင်ယွိလွမ်က လက်တစ်ဖက်နဲ့ သူမရဲ့မျက်နှာကိုအုပ်ထားလိုက်ပြီး အားလုံးရဲ့ ရွံရှာအထင်သေးနေတဲ့ မျက်လုံးတွေကို မော့ကြည့်လိုက်တယ်။ သူမက ဘာကိုပဲပြောပြော ဘယ်လိုပဲငြင်းခုန်‌နေပါ‌စေ သူတို့တွေက သူမကို ယုံမှာမဟုတ်ဘူးဆိုတာ သိလိုက်တယ်။

သူမရဲ့မျက်လုံးထဲက ပျာယာခတ်နေတဲ့အကြည့်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမက မျက်နှာပေါ်မှာ ဆိုးညစ်တဲ့အကြည့်တစ်ခုနဲ့ ထိုက်ဟွာတောင်ထွတ်သခင်ကို ပြောလိုက်တော့တယ်။

“ ဟုတ်တယ်၊ ကျွန်မကို ဆရာဆီ ဦးညွှတ်ခိုင်းတာလည်း ထန်ချိုးယွီပဲ။ အဲဒီတော့ဘာဖြစ်သေးလဲ”

“ ကျွန်မမှာ အရည်းအချင်းကောင်းတွေ မရှိဘူး။ အဲတော့ ဘယ်သူကမှ ကျွန်မကို အထင်အကြီးဘူး။ အထူးသဖြင့် ရှင်ပေါ့၊ ကျွန်မရဲ့ဆရာကောင်းကြီး “

သူမက မျက်နှာပေါ်မှာ နောင်တရတဲ့ဟန်တစ်ခုမှ မထုတ်ပြလေဘူး။ ဒါပေမဲ့လည်း အဲဒီအစား အပြစ်တွေအားလုံးကို တခြားသူဆီ ပုံချလိုက်တယ်။

“ရှင်တို့အားလုံးက ထန်ချိုးယွီကို ရတနာတစ်ခုလို ဆက်ဆံကြပြီး သူ့ကို ဓားသိုင်းပညာနဲ့‌ မှော်ရတနာတွေအားလုံးကို ပေးခဲ့တယ်။ကျွန်မကတော့ ဘာမှမရဘူးလေ”

“သူ့မှာ အရည်အချင်းကောင်းတစ်ခု ရှိနေတာကြောင့် မဟုတ်လား။ ကျွန်မက အဲဒီလို မဟုတ်လို့မလား”

အိပ်ရာထဲမှာပဲ လဲနေရတဲ့ထန်ချိုးယွီကို စဉ်းစားလိုက်မိပြီး သူမက ရူးသွပ်တော့မလို ရယ်မောလိုက်တယ်။

“ သူက ဓားကျောရိုးတစ်ခု ရှိနေတော့ရော ဘာဖြစ်သေးလဲ။ အခု သူက အသုံးမကျတော့တဲ့ လူတစ်ယောက်ပဲ”

“ ကျွန်မကအကောင်းဆုံးနဲ့ အထူးချွန်ဆုံးလူဖြစ်လာပြီ”

စူးလီက သူမရဲ့စကားလုံးတွထဲမှာ ပထမဦးဆုံးပြစ်တင်ညည်းညူးသံကို ကြားလိုက်ရတဲ့အခါ မနေနိုင်တော့ဘဲ ခေါင်းခါလိုက်မိပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်တော့တယ်။

[ထန်ချိုးယွီကြောင့်သာမ ဟုတ်ရင် လင်ယွိလွမ်က ဝမ့်ကျန့်ဂိုဏ်းရဲ့အတွင်းစည်းကိုတောင် ဝင်ဖို့ခက်ခဲလိမ့်မယ်။ ထိုက်ဟွာတောင်ထွတ်သခင်ရဲ့ တပည့်ဖြစ်လာဖို့ဆိုရင် ပြောနေစရာတောင် မလိုဘူး]

[ဒါက ဆန်လေးနည်းနည်းအတွက် ကျေးဇူးကန်းတဲ့ကိစ္စမျိုးပဲ။ နောက်ပြီး ဆန်အကြီးကြီးတစ်ခုအတွက် နာကျည်းမုန်းတီးမိတဲ့အဖြစ်ပဲ]

အဲဒီနောက်မှာတော့ သူမက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကိုဖတ်လိုက်ပြီး မနေနိုင်တော့ဘဲ လင်ယွိလွမ်ရဲ့ မျက်နှာပြောင်လွန်းတဲ့ပုံကို မော့ကြည့်မိတော့တယ်။

[သူက နင့်ကို ဘာမှမပေးဘူးတဲ့လား]

[ နင့်ဆရာကဖြင့် အဲလောက်အထိ ဆင်းရဲတာတောင် နင့်အတွက် ဝိညာဉ်ကျာက်တုံးတွေနဲ့ ရတနာတွေ ရနိုင်သ‌လောက်ခြစ်ကုပ်ပြီးတော့ ထုတ်ပေးသေးတယ်။ ဒါကိုတောင်မှ နင်က ဘာတစ်ခုမှမရဘူးလို့ ပြောနေသေးသလား]

[ထိုက်ဟွာတောင်ထွတ်သခင်က စကားပြောအရာမှာ လုံးဝမကောင်းဘူးဆိုပေမဲ့လည်း သူက ဒီတပည့်လေးတွေအပေါ် တကယ်ကို ကောင်းမွန်ပါတယ်။ လင်ယွိလွမ်က အရည်အချင်း မရှိဘူးဆိုရင်တောင် သူ့ကို လက်ခံလိုက်ပြီးတဲ့နောက်မှာ သူက ကြိုးကြိုးစားစားနဲ့ သင်ကြားပေးပြီး လင်ယွိလွမ်ကို သူ့ရဲ့ကျင့်ကြံရေးအဆင့်တိုးတက်လာအောင် ကြိုးစားပြီး ကူညီပေးခဲ့သေးတယ်]

[နှမြောစရာကောင်းတာပဲ။ ကျေးဇူးကန်းတဲ့သူကိုမှ သင်ကြားပေးခဲ့မိတယ်]

လင်ယွိလွမ်က သူမရဲ့မျက်နှာပေါ်မှာ အပြစ်ရှိဟန်‌၊ နောင်တရဟန် တစ်ခုမှမပြဘဲ အပြင်လောကက လာတဲ့အသံကို‌ နားထောင်နေလိုက်တော့တယ်။ သူမက ဒေါသတကြီးနဲ့ ထိုက်ဟွာတောင်ထွတ်သခင်ကို ပြောလိုက်သေးတယ်။

“ ကျွန်မက ရှင့်ရဲ့တပည့်ပဲ။ ကျွန်မမှာ ရှင့်ဝိညာဉ်ရတနာ‌တွေရဲ့‌ ဝေစုတစ်ခုကို ရပိုင်ခွင့်ရှိတယ်”

“ဒါပေမဲ့ ရှင်က ကျွန်မကို အမြတမ်းအကျန်တွေပဲ ပေးခဲ့တာ။ ချောင်ချိန်နဲ့ ထန်ချိုးယွီကျတော့ ရှင့်ရဲ့အချစ်ဆုံးတပည့်တွေလေ”

[ သူက သူကိုယ်တိုင်ကဖြင့် တရားမျှတမှုမရှိဘဲ ငြင်းခုံဖို့ပဲသိတဲ့ သူများမျက်‌ချေးကိုပဲ မြင်တဲ့သူတစ်ယောက်ပဲ။ သူက မကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်လို့ ဘာလို့ခံစားမိနေပါလိမ့်...]

လင်ယွိလွမ်က ရုတ်တရက် မေးခွန်းထုတ်နေတာကို ရပ်လိုက်ပြီး သူမရဲ့မျက်လုံးထဲက ဒေါသတွေအစား ကြောက်စိတ်တွေ အစားထိုးဝင်ရောက်လာတယ်။ ဧကန္တ အပြင်လောကကအသံက ဟိုအရင်တုန်းကဖြစ်ခဲ့ကိစ္စတွေကို‌တောင် သိနေတာလား။

တကယ်လို့များ သူ လုပ်ခဲ့အရာတွေကို သူတို့သာသိသွားခဲ့ရင် သူတော့ ဇာတ်သိမ်းပြီ။

သူမက ပါးစပ်ကို ဖွင့်လိုက်ပြီး တစ်ခုခုပြောဖို့ကပျာကယာ ကြိုးစားလိုက်ပေမဲ့ ထိုက်ဟွာတောင်ထွတ်သခင်က သူမရဲ့ပါးစပ်ကို ချိပ်ပိတ်ထားလိုက်တော့တယ်။

အားလုံးက မျက်မှောင်ကြုတ်လိုက်ပြီး လင်ယွိလွမ်လုပ်ခဲ့တဲ့ တခြားမကောင်းတဲ့ကိစ္စတွေကို သေသေချာချာ ကြားချင်သွားတော့တယ်။

[ ဟိုက်__ __]

စူးလီက ကောင်းကင်စာအုပ်ထဲက စာတွေကိုဖတ်မိပြီး မနေနိုင်တော့ပဲ အသက်အောင့်မိသွားတော့တယ်။

[ လင်ယွိလွမ် အသက်ငါးနှစ်တုန်းက သူက သူမရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူရဲ့မောင်လေးကို သတ်လိုက်ပြီးတဲ့နောက်မှာ ရုတ်တရက်ဆိုသလို ကံကောင်းခြင်းတွေရခဲ့တယ်]

[ရွာထဲက ကလေးဆယ့်နှစ်ယောက်ကျော်ကို သတ်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ဝိညာဥ်အရင်းအမြစ်က နိုးထလာတာကို တွေ့လိုက်ရတယ်]

[နောက်ဆုံးတော့ သူက တစ်ရွာလုံးကိုပြာချပြီး အဲ့ဒီနောက်မှာတော့ မမျှော်လင့်ဘဲ အဲ့ဒီနေရာကို ဖြတ်သွားတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်က သူ့ကို ရွှမ်းကျန့်မြို့ကို ခေါ်သွားလိုက်တယ်။ ယိုယွင်းပျက်စီးနေတဲ့ တောင်ပေါ်ရွာလေးတစ်ခုကနေ သူက ကျင့်ကြံရေးလောကရဲ့ မြို့ကြီးတစ်ခုကို ရောက်လာခဲ့တယ်]

[အဲ့ဒီအချိန်မှာတော့ သူက ဘာမှမလုပ်ဘဲနဲ့ တခြားလူတွေရဲ့ ကံကောင်းခြင်းကို စုပ်ယူနိုင်တာသိလိုက်ရတော့ သူက တိတ်တိတ်လေး နောက်ကွယ်မှာပဲ လဲလျောင်းနေတော့တာပေ့ါ]

[အဲ့ဒီကတည်းက သူက ထပ်ပြီးလှုပ်ရှားတာတွေ မလုပ်တော့ဘူး။ ဒါပေမဲ့ မရေမတွက်နိုင်တဲ့လူတွေကတော့ သူတို့ရဲ့ကျင့်ကြံရေးတွေဆုံးရှုံးသွားကြတာ ဒါမှမဟုတ် သူ့ကြောင့် သူတို့ရဲ့အသက်တွေ ဆုံးရှုံးသွားရတာဖြစ်ခဲ့တယ်]

ထိုက်ဟွာတောင်ထွတ်သခင်က လင်ယွိလွမ်ရဲ့များပြားလှတဲ့ပြစ်မှုတွေကို ကြားလိုက်ပြီးတဲ့နောက်မှာ ထပ်ပြီးသည်းမခံနိုင်တော့ဘူး။ သူက သူရဲ့ဝိညာဥ်စွမ်းအင်တွေကို စုစည်းလိုက်ပြီး သူမကို ခပ်နာနာလေး ပါးချလိုက်တော့တယ်။

“တိရစ္ဆာန်မ”

တခြားသူတွေကလည်း သူမကို ဒေါသတကြီးနဲ့ ဝါးစားမတတ် ကြည့်နေကြပြီး အချိန်မရွေးလှုပ်ရှားဖို့ အသင့်ဖြစ်နေတဲ့ဟန် ဖြစ်နေတော့တယ်။

လင်ယိလွမ်က သူ့ဆွေမျိုးအပါအဝင် လူအများကြီးကို သတ်ခဲ့တာပဲ။

ဝမ့်ကျန်ဂိုဏ်းမှာ မကောင်းတဲ့နည်းလမ်းတွေကို အသုံးချပြီး မရေမတွက်နိုင်တဲ့လူတွေကို အန္တရာယ်ပေးနေတဲ့ဒီလို တပည့်မျိုးတကယ်ပဲ ရှိနေတာပဲ။

ဒါက ဝမ့်ကျန်ဂိုဏ်းရဲ့ အရှက်ရစရာတစ်ခုပဲ။

ထိုက်ဟွာတောင်ထွတ်သခင်က လက်ထဲမှာဝိညာဉ်စွမ်းအင်တွေ ထည့်ပြီး လင်ယိလွမ်ကို ရိုက်လိုက်တဲ့အချိန်မှာပဲ သူမရဲ့ခန္ဓာကိုယ်ပေါ်က အကာအကွယ်မှော်လက်နက်က ရုတ်တရက် ပြင်းထန်တဲ့အလင်းတစ်ခုနဲ့ ပွင့်ထွက်လာပြီး သူမကို တိုက်ခိုက်မှုရန်ကနေ ကာကွယ်ပေးလိုက်တော့တယ်။

ချီမင်က လင်ယိလွမ်ကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ် သွားတော့တယ်။

“ဒါက ချန်မိသားစုရဲ့ အကာအကွယ် မှော်လက်နက်ပစ္စည်း မဟုတ်လား”

“လင်ယိလွမ်နဲ့ ချန်မိသားစုတို့က...”

သူ့စကားမဆုံးခင်မှာပဲ လင်ယိလွမ်ရှေ့က လေထဲမှာ စိုးရိမ်တကြီး ဖြစ်နေတဲ့ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရပြီး သူမကို သူ့နောက်မှာထားကာ အခိုင်အမာ ကာကွယ်ပေးနေတော့တယ်။

ချန်ချိုးက သူ လင်ယိလွမ်ကို ပေးထားတဲ့ အကာအကွယ်ကျောက်စိမ်းက အကာအကွယ်ကို အလိုလို အသက်သွင်းလိုက်တာကို ခံစားရလိုက်တဲ့အခါ သူမက အန္တရာယ်ဖြစ်နေပီဆိုတာကို သိလိုက်ပြီး မှော်ရတနာကို မြန်မြန်သုံးပြီး ရုတ်တရက် သူမဘေးကို ရောက်လာတော့တယ်။

လင်ယိလွမ်ကို တိုက်ခိုက်နေတဲ့သူက သူမရဲ့ဆရာထိုက်ဟွာတောင်ထွတ်သခင် ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ သူ့မျက်လုံးထဲမှာ အထိတ်တလန့်နဲ့ စွပ်စွဲမှုတွေအပြည့် ဖြစ်သွားတော့တယ်။

“တောင်ထွတ်သခင် ခင်ဗျားရူးနေသလား၊ ဘာဖြစ်လို့ လွမ်အာကို ဒီလောက်ပြင်းထန်တဲ့လက်အားကို သုံးရတာလဲ”

“သူက ခင်ဗျားရဲ့တပည့်လေ”

ချီမင်က ချန်ချိုးကို မြင်လိုက်ရတဲ့အခါ တအံ့တဩနဲ့ ရှေ့ကို နှစ်လှမ်းလောက် တက်သွားပြီး မျက်မှောင်ကြုတ်လိုက်တော့တယ်။

“ချန်ချိုး မင်းက လင်ယိလွမ်နဲ့ ဘာပတ်သက်တာလဲ”

ချန်ချိုးက ချန်မိသားစုသခင်ကြီးရဲ့ အငယ်ဆုံးသားဖြစ်ပြီး ချန်မိသားစုသခင်ကြီးရဲ့ အချစ်ရဆုံးသူလည်း ဖြစ်တယ်။

လက်တွေ့ကျကျ‌ပြောရမယ်ဆိုရင် သူနဲ့ လင်ယိလွမ်ကြားမှာ အချင်းချင်း ပတ်သက်မှု ရှိမနေသင့်တာပဲ။ ဒါကြောင့် အခုကျတော့ သူတို့တွေက ဘာဖြစ်လို့ အဲ့လောက်ချစ်မြတ်နိုးနေရတဲ့ပုံပေါ်နေတာလဲ။

ချန်ချိုးက ဒူးတစ်ဖက်ထောက်လိုက်ပြီး လင်ယွိလွမ်ကို မြေကြီးပေါ်မှာ ဂရုတစိုက်တွဲထူပေးလိုက်ပြီး သူ့မကို သူ့ရင်ခွင်ထဲမှာ မှီထားခိုင်းလိုက်တယ်။

ချီမင်ရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ သူက ပြန်မဖြေလိုက်ဘဲ သူ့ခေါင်းက ဒေါသတကြီး မော့လာပြီး စွပ်စွဲတော့တယ်။

“ဆရာကြီးချီ ဝမ့်ကျန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခင်ဗျားက ဝမ့်ကျန်ဂိုဏ်းရဲ့တပည့်ကို ဒီလိုရိုက်နှက်နေတာကို ဘယ်လိုများ ကြည့်နေရက်နိုင်တာလဲ”

ချီမင်က လက်တလောမှာ ချန်မိသားစု ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေကို စဉ်းစားမိလိုက်ပြီးတဲ့နောက်မှာ လင်ယိလွမ်နဲ့ တရင်းတနှီးပြုမူနေတဲ့ ချန်ချိုးကို ကြည့်လိုက်မိတယ်။ ရုတ်တရက်ဆိုသလို သူ့စိတ်ထဲမှာ သံသယအရိပ်တစ်ခု ထိုးထွက်လာတော့တယ်။ သူက မျက်မှောင်ကြုံလိုက်ပြီး လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ချန်ချိုး လင်ယိလွမ် လုပ်ထားခဲ့တဲ့မကောင်းတဲ့ ဒုစရိုက်အမှုတွေကို မင်း သိရဲ့လား”

“ခင်ဗျားက ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးပဲ၊ ဘယ်လိုလုပ်ပြီး အ‌ကြောင်းမရှိပဲနဲ့ ဂိုဏ်းက တပည့်တစ်ယောက်ကို မှားယွင်းစွပ်စွဲနိုင်ရတာလဲ”

သူ့စကားကို ကြားလိုက်ပြီးတဲ့အခါ ချန်ချိုးရဲ့မျက်နှာက လင်ယိလွမ်အတွက် မကျေနပ်ချက်တွေအပြည့် ဖြစ်သွားတော့တယ်။

“လွမ်အာက ချောမောပြီး ကြင်နာသနားတတ်တယ်။ သူက ပုံမှန်ဆိုရင် အခြားသူတွေအပေါ်ကြင်နာမှုရှိတယ်။ သူက ကျွန်တော့အသက်ကို ကယ်ဖို့အတွက် သူ့အသက်ကိုတောင် စွန့်လွှတ်ပေးခဲ့တာ”

“ဒီလို ကြင်နာသနားတတ်တဲ့ မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလိုမကောင်းတဲ့အမှုတွေ လုပ်နိုင်မှာလဲ”

စူးလီက သူရဲ့နှလုံးသားထဲက စကားတွေကို နားထောင်နေပြီး သိချင်စိတ်နဲ့ မျက်တောင်လေးခပ်မိတယ်၊ ချန်ချိုးနဲ့လင်ယိလွမ်တို့က ဒီလောက်တောင် ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုရှိတာဆိုတော့...

သူမက ကောင်းကင်စာအုပ်ကို လှန်လိုက်ပြီး စာအုပ်ထဲကစာလုံးတွေကို ဖတ်လိုက်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲဆိုပြီး ခေါင်းညိတ်လိုက်တော့တယ်။

[အခုတလော ချန်မိသားစုရဲ့ကံကောင်းခြင်းတွေက တကယ့်ကိုဆိုးရွားနေတာပဲ]

ချန်ချိုးက နေရာမှာတင် ရုတ်တရက်အေးခဲသွားတော့တယ်။ ပြင်ပလောကက လာတဲ့အသံလား။

သူက ဘယ်လိုဖြစ်ပြီး ဝမ့်ကျန်ဂိုဏ်းမှာ လာပေါ်နေတာလဲ။

[ချန်မိသားစုက ခက်ခက်ခဲခဲနဲ့ ခေါ်ယူထားရတဲ့အဆင်မြင့်လက်နက်သန့်စင်သူက ရှင်းမပြတတ်တဲ့ အငြင်းပွားစရာကိစ္စတစ်ခုကြောင့် ချန်မိသားစုကနေ ထွက်သွားဖို့ရွေးချယ်ခဲ့တယ်တဲ့]

[တစ်ခါတုန်းကလည်း ချန်မိသားစုရဲ့ဂိုဒေါင်က လုယက်ခံလိုက်ရသေးတယ်၊ တရားခံက ဝိညာဥ်ကြွက်တစ်ကောင်ဖြစ်နေတာတဲ့၊ ဒုတိယအဆင့်ဝိညာဥ်ကြွက်က အစီအရင်အများကြီးကို ဖြတ်သန်းလာနိုင်ပြီး ဂိုဒေါင်ထဲအထိ ရောက်လာခဲ့တယ်ဆိုတာ တကယ့်ကိုရှားပါးတဲ့ဖြစ်စဥ်ပဲ]

ဒါကိုတွေ့လိုက်တော့ သူမက မနေနိုင်ဘဲ ချန်ချိုးကို မော့ကြည့်လိုက်မိတယ်။

[ဒီချန်ချိုးက ပိုတောင်မှဆိုးသေးတယ်၊ သူက ပစ္စည်းအတုတွေ ဘယ်တုန်းကမှ မရောင်းခဲ့တဲ့ သော့ပေါင်းခန်းဆောင်မှာ ပစ္စည်းအတုကို သုံးကြိမ်တောင်မှ ဝယ်ခဲ့မိတယ်တဲ့လေ~ ~]

[ဟင်... တမြန်နေ့တုန်းက အသေအလဲအရိုက်ခံလိုက်ရသေးတယ်၊ အရိုက်ခံလိုက်ရပြီးတော့ သူ့ကို ရိုက်လိုက်တဲ့သူက လူမှားရိုက်မိနေမှန်း သိလိုက်ရတယ်တဲ့ ဟားဟား__ __]

ချန်ချိုးက အပြင်လောကကလာတဲ့အသံကို နားထောင်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ဇဝေဇဝါအကြည့်တစ်ခု ဖြစ်သွားတော့တယ်။

သူအပါအဝင်ချန်မိသားစုက အခုတလောမှာ နည်းနည်းလေး ကံဆိုးနေကြတယ်လေ။ ဒါပေမဲ့ ကောင်းကင်ကလာတဲ့အသံက အထူးတလည် ထုတ်ပြောရလောက်အောင် တန်လို့လား။

ချန်မိသားစုက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့မိသားစုပဲ၊။ ဒီတော့ အတက်အကျတချို့နဲ့ ရင်ဆိုင်ရတာက သာမန်ပဲလေ။ ဒီလိုအချိန်ကာလ ပြီးဆုံးသွားရင် အခြေအနေတွေက အလိုလို ပြောင်းလဲသွားပြီး ကြွယ်ဝချမ်းသာလာတာပဲ။

သူ့ရင်ခွင်ထဲကလူရဲ့ အသက်ရှုသံမြန်ဆန်လာတာကို ခံစားမိလိုက်တဲ့အခါ သူကအတွေးတွေ အားလုံးကို မြန်မြန်နောက်ပို့ထားလိုက်ပြီး ခေါင်းကိုငုံ့လိုက်ကာ လင်ယွိလွမ်ကို အမြတ်တနိုးစိုးရိမ်တကြီးနဲ့ ကြည့်လိုက်တော့တယ်။

“လွမ်အာ ဘယ်လိုနေလဲ၊ နေမကောင်းဘူးလား”

လင်ယွိလွမ်က အသံပိတ်ခံထားရတာကြောင့် သူမက ဘာမှမှမပြောနိုင်ဘူး။ သူမကဆက်တိုက် ချန်ချိုးကို မြန်မြန်ထွက်သွားဖို့ လက်ဟန်ပြနေတော့တယ်။

ချန်ချိုးသာ သူ လုပ်ခဲ့တဲ့အရာတွေကိုသိသွားရင် ဘယ်သူကမှ သူမကို ကယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။

...

All Chapters