← Chapters

အခန်း ၅၂

Vol. 4 Ch. 52

အခန်း ၅၂

Vol. 4 Ch. 52

အပိုင်း (၅၂)

[ကျွတ် ကျွတ် ကျွတ် ဒါက ဒီလောက်တောင် ရင်နာစရာအချစ်ဇာတ်လမ်းပဲ~ ~]

စူလီက သူရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေလိုက်ပြီး မနေနိုင်တော့ပဲ နည်းနည်းလေးသိချင်စိတ် ဖြစ်သွားတော့တယ်။

[ချန်ချိုးသာ လင်ယွိလွမ်နဲ့ ဒီလောက်နီးနီးကပ်ကပ်နေခဲ့လို့ သူရဲ့ကံကောင်းခြင်းတွေက သူမ စုပ်ယူလိုက်တာကို သိလိုက်ရင်များ သူက လင်ယွိလွမ်ကို အဲ့လောက်အထိ ချစ်မြတ်နိုးနိုင်အုံးပါ့မလား]

[ကျွတ်ကျွတ် နင်တို့တွေပိုပြီးနီးကပ်လာလေလေပြီး ပိုပြီးကံကောင်းခြင်းတွေကပိုစုပ်ယူခံရလေပဲ~ ~]

အပြင်ကလာတဲ့အသံတွေက ဘာတွေပြောနေတာလဲ။

ဘာကကံကောင်းခြင်းတွေကိုဆွဲထုတ်နေတာလဲ။

ချန်ချိုးက ဇဝေဇဝါဖြစ်နေဟန်တူတယ်။ သူက သတိပြန်ဝင်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်ထဲမှာ သူ့ဟာသူဆက်ပြီး နှစ်သိမ့်နေလိုက်တယ်။

လွမ်အာက ကြင်နာပြီးဖြူစင်တယ်၊ သူက ဘယ်လိုလုပ်ပြီး တခြားသူတွေရဲ့ကံကောင်းခြင်းတွေကို အရင်ဆုံး စုပ်ယူပစ်မှာလဲ။

နောက်ပြီးတော့ ကံကောင်းခြင်းဆိုတာက မမြင်ရတဲ့အရာတစ်ခုပဲ ဘယ်လိုဖြစ်ပြီး အဲ့လောက်ကြီး အလွယ်တကူ စုပ်ယူလို့ရမှာလဲ။

ဒါက အပြင်လောကကလာတဲ့အသံရဲ့ခြောက်လန့်နေတဲ့အသံပဲဖြစ်ရမယ်။

ချန်ချိုးကသူရဲ့စိတ်ထဲမှာ လင်ယွိလွမ်အတွက် ဆင်ခြေတွေ ကြိုးစားပေးနေပေမဲ့လည်း သူ့ခန္ဓာကိုယ်ကတော့ ရိုးရိုးသားသားနဲ့ နောက်ကို တွန့်ဆုတ်နေတော့တယ်။ သူက လင်ယွိလွမ်ကို တွဲထူထားပေးနေပေမဲ့လည်း သူရဲ့အပေါ်ပိုင်းက သူမဆီကနေ တဖြည်းဖြည်းဝေးလာတော့တယ်။

အခုတော့လူနှစ်ယောက်ကြားက အကွာအဝေးက သူစိမ်းနှစ်ယောက်ကြားက အကွာအဝေးထက် မသိမသာလေးပဲ ပိုကောင်းတော့သယောင် ထင်နေရတော့တယ်။

စူလီက ကောင်းကင်စာအုပ်ထဲကစာတွေကို အာရုံစိုက်ပြီးဖတ်နေလိုက်တယ်။ ချန်ချိုးရဲ့အပြုအမူတွေကို လုံးဝသတိမထားမိခဲ့ဘူး။

[ ဟား ဟား ဟား ဟား လင်ယွိလွမ်က ချန်ချိုးကို ကယ်ပေးခဲ့တယ်၊ ဒီတော့ဒီလိုဖြစ်ခဲ့တာကိုးဟဲ့]

[သူက လင်ယွိလွမ်နဲ့ အရမ်းကို နီးကပ်လွန်းတာကြောင့် ချန်ချိုးက အစကတည်းက လုံးဝကို ကံမကောင်းနေခဲ့တာလေ ဟား ဟား ဟား ဟား]

[အဲ့ဒီတုန်းက သူက တခြားတစ်ယောက်ကို ပေးထားတဲ့စိတ်ကြွဆေးတစ်ခွက်ကို မတော်တဆ သောက်လိုက်မိတာလေ၊ အဲ့ဒီနောက်မှာ သူ့ကိုထိပ်တန်း ဆောင်ကြာမြိုင်မယ်တစ်ယောက် ဖြစ်လာအောင် ချွင်းဖုန်းမျှော်စင်ကို ပို့လိုက်ကြတယ်လေ၊ အဲ့ဒီမှာသူ့ကိုတွေ့ပြီး ကယ်ပေးခဲ့တာက လင်ယွိလွမ်ပေါ့၊ သူက သူ့ကိုကူညီပြီးတော့ လျှို့ဝှက်ချက်တွေကိုလည်း သိမ်သိမ်မွေ့မွေ့ စဥ်းစဥ်းစားစားနဲ့ ထိန်းသိမ်းပေးခဲ့တာပေါ့]

[ချန်ချိုးသာ လင်ယွီလွမ်နဲ့ မရင်းနှီးခဲ့ရင် သူက သူ့ဘဝမှာ ဒီလိုအတွေ့အကြုံမျိုး ဘယ်တော့မှ တွေ့ရမှာ မဟူတ်ဘူးဆိုတာ မသိတာကတော့ သနားစရာပဲ ဟားဟားဟားဟား___ ___]

[သူက ချွင်းဖုန်းမျှော်စင်မှာလဲ ပညာတွေအများကြီး သင်ခဲ့ရသေးတယ်၊ သူက တကယ့်ကို အသိပညာ တိုးတက်လာတာပဲ ဟားဟားဟားဟား__ __]

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ခြံဝန်းထဲက လူတွေက ဒူးတစ်ဖက်ထောက်နေတဲ့ ချန်ချိုးကို ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကြည့်လိုက်ကြတော့တယ်။

အဟမ်း__ __ ဒါက အသက်ကယ်ပေးရခြင်းရဲ့ ကျေးဇူးလား။

ချီမင်က အထိတ်တလန့် ဆွံ့အပြီး ဇဝေဇဝါဖြစ်နေတဲ့ ချန်ချိုးရဲ့မျက်နှာကို ကြည့်လိုက်ပြီး သနားဟန်နဲ့ ပြောလိုက်တော့တယ်။

“ကျုပ်ရဲ့ ချစ်ရပါသော တူလေးရေ၊ ဒီ လင်ယွီလွမ်ဆိုတာကလေ လူတွေရဲ့ကံကောင်းခြင်းကို စုပ်ယူနိုင်ပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သတ်ခဲ့တာကွ”

“မင်းက မင်းမိသားစုအတွက် မင်းက သူနဲ့ ဝေးဝေးနေသင့်တယ်နော်”

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက သိလိုစိတ်နဲ့ ခေါင်းမော့လိုက်ပြီး ဒါကို သိလိုက်ပြီးနောက်မှာ အမြတ်တနိုး ရှိတတ်လွန်းတဲ့ ချန်ချိုးက ဘယ်ဆက်လုပ်မလဲဆိုတာကို မြင်ချင်မိသွားတော့တယ်။

ပုံမှန်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ သူက ဒါကို သေချာပေါက် ယုံလိမ့်မှာ မဟုတ်ဘူး။ နောက်ပြီး တခြားသူတွေက သူ့ရဲ့ချစ်ရသူကို နာမည်ဖျက်နေတာလို့ သဲသဲမဲမဲ ပြောလိမ့်မှာပဲ။

သူမက ခေါင်းကိုမော့လိုက်တာနဲ့ ချက်ချင်း ချန်ချိုးက ရောဂါသည်တစ်ယောက်ကို ပစ်ထုတ်လိုက်တဲ့ဟန်နဲ့ သူ့ရင်ခွင်ထဲက လင်ယွီလွမ်ကို တွန်းထုတ်လိုက်တာ မြင်လိုက်ရတော့တယ်။

အဲဒီ့နောက်မှာတော့ သူ့ရဲ့ ဆဲရေးသံတွေကို ကြားလိုက်မိတော့တယ်။

“မင်းက သိပ်ကိုအဆိပ်ပြင်းတဲ့ မိန်းမတစ်ယောက်ပဲ”

စူးလီ [....]

[နင် အခုလေးတင် သူ့ကို ကတိပေးထားတဲ့ နက်နဲတဲ့ချစ်ခြင်းတွေ ဘယ်ရောက်ကုန်တာလဲ]

[ကံကောင်းခြင်းမရှိတဲ့ ချစ်ခြင်းဆိုတာ လေနဲ့အတူ လွင့်ပါသွားမဲ့ နှင်းမှုန်လေးတစ်မှုန်လေးလိုပါပဲလား ~~]

ချန်ချိုးက ကောင်းကင်ကလာတဲ့အသံရဲ့ လှောင်ပြောင်သရော်နေတာကို ဂရုမစိုက်လေတော့ဘူး။ သူက ဝမ်းနည်းတဲ့မျက်နှာနဲ့ ချီမင်ကိုကြည့်ပြီး ပြောလိုက်တော့တယ်။

“ဂိုဏ်းချုပ်ကြီးချီ ကျွန်တော့မှာ ကံကောင်းခြင်းတွေအများကြီး စုပ်ယူခံလိုက်ရတယ် ကျွန်တော် အဆင်ပြေပါအုံးမလား”

“နောက်ပြီးတော့ ချန်မိသားစုက...”

[ချန်မိသားစုက ကြီးမားပြီး အင်အားရှိတယ်လေ၊ ဒီတော့ ဖြည်းဖြည်းချင်း ပြန်လုပ်လိုက်ရင် ရမှာပါ]

[နင့်အတွက်ကတော့ ကိုယ့်ဟာကိုယ် ကျင့်ကြံရေးလုပ်ပြီး အကျင့်စရိုက်တွေကို အချိန်တစ်ခုပေးပြီး တိုးတက်အောင်လုပ်သင့်တယ်၊ ငါ့အထင် သုံးလေးငါးနှစ်ပေါ့ နင့်ရဲ့ ကံကောင်းခြင်းတွေ ပုံမှန်အတိုင်း ပြန်ရောက်လာမှာပါ]

[အဓိကအချက်ကတော့ နင့်ရဲ့ နက်နက်နဲနဲ ချစ်ရပါသော လွမ်အာနဲ့ ဝေးဝေးနေဖို့ပဲ~ ~]

အပြင်လောကကလာတဲ့အသံရဲ့ စကားဆုံးသွားတာနဲ့ ချက်ချင်း ချန်ချိုးက ရုတ်တရက် လေထဲကို ပျံသွားလိုက်တယ်။ သူကိုယ်တိုင်နဲ့ လင်ယွီလွမ်ကြားက အကွာအဝေးကို ဝေးနိုင်သလောက် ထိန်းထားလိုက်တော့တယ်။

အဲဒီ့နောက်မှာ သူက ချီမင်ကို အော်ပြောလိုက်တယ်။

“ဂိုဏ်းချုပ်ကြီးချီ ဒီ အဆိပ်ပြင်းတဲ့မိန်းမကို မြန်မြန်ရှင်းထုတ်ပြီး သူ့ကို နောက်ထပ် ပြသာနာမရှာနိုင်အောင် လုပ်မှဖြစ်မယ်နော်”

လင်ယွီလွမ်အတွက် သူရဲ့ချစ်ခြင်းဆိုတာ သူမက သူ့ကိုပေးခဲ့တဲ့ အကူအညီနဲ့ သူမရဲ့ စဥ်းစားချင့်ချိန်တတ်ပြီး ကြင်နာတတ်တဲ့ အဖြစ်ကနေ ရောက်လာတာပဲ။

အခုတော့ ဒါတွေအားလုံးက အတုအယောင် ဖြစ်နေတာကို သိသွားပြီး သူမက သူ့ရဲ့ကံကောင်းခြင်းတွေကိုလဲ အများအပြား စုပ်ယူခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။

ဒါတွေအားလုံးကို သိလိုက်ပြီးတဲ့နောက်မှာ သူ့ကို ချစ်မြတ်နိုးဖို့ မဆိုထားနဲ့ သူက ပြေးတက်သွားပြီး သူမကို မကန်ကြောက်လိုက်တာကပဲ ကောင်းမွန်တဲ့ အပြုအမူတွေရဲ့ သင်္ကေတလို့ မှတ်လို့ရနေပြီ။

ချီမင်က ပျံထွက်သွားတဲ့ ချန်ချိုးရဲ့ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းကို ငုံ့လိုက်တဲ့အချိန်မှာတော့ သူ့မျက်လုံးထဲမှာ အေးစက်မှုအပြည့် ဖြစ်သွားတော့တယ်။ သူက သူရဲ့ဝိညာဥ်စွမ်းအင်တွေနဲ့ လင်ယွီလွမ်ကို ချက်ချင်း ချည်နှောင်ထားလိုက်ပြီးနောက် ခြံဝန်းထဲက လူအားလုံးကို ပြောလိုက်တော့တယ်။

“ကျုပ် အခုပဲ သူ့ကို စည်းကမ်းထိမ်းသိမ်းရေးခန်းမဆီ ခေါ်သွားပြီး သူ့ကို အရာအားလုံးကို သေသေချာချာ ဝန်ခံလာအောင် လုပ်ရမယ်”

ကောင်းကင်ကလာတဲ့အသံ ပြောစကားအရဆိုရင် လင်ယွီလွမ်နဲ့ ဝေးဝေးနေသရွေ့ ဆုံးရှုံးထားတဲ့ ကံကောင်းခြင်းတွေက ဖြည်းဖြည်းချင်း ပြန်ရောက်လာလိမ့်မယ်တဲ့။

ထိုက်ဟွာတောင်ထွတ်သခင်က မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တယ်။ ဒါလဲ ကောင်းပါတယ်။ ဒီလိုမှပဲ သူရဲ့ ဒုတိယတပည့်လေးက ပြန်လည်ရှင်သန်လာဖို့ အခွင့်အရေးတစ်ခု ရလိမ့်မယ်။

ချီမင် ထွက်သွားပြီးတဲ့နောက်မှာ ထိုက်ဟွာတောင်ထွတ်သခင်ကလဲ နှုတ်ဆက်စကားပြောပြီး မြန်မြန် ပြန်ထွက်သွားတော့တယ်။

ခဏအကြာမှာတော့ ခြံဝန်းထဲမှာ သိပ်သည်းနေတဲ့ လူအုပ်စုကြီးထဲမှာ လူဆယ်ယောက်လောက်ပဲ ကျန်ခဲ့တော့တယ်။

ဒီအချိန်မှာတော့ ခြံဝန်းထဲက လူအားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး အနေရခက်တဲ့ ငြိမ်သက်မှုမျိုး ဖြစ်သွားတော့တယ်။

အခုလေးတင် ဖြစ်သွားခဲ့တဲ့ အကြောင်းအရာက အရမ်းကို ထိတ်လန့်ဖို့ ကောင်းတာမလို့ အခိုက်အတန့်အတွင်း သူတို့က ဘာပြောရမယ်မသိအောင် ဖြစ်သွားတော့တယ်။

ဓားခန္ဓာကိုယ်က ဝမ့်ကျန့်ဂိုဏ်းကိုရောက်လာတာ တစ်ရက်တောင် မပြည့်သေးဘူးလေ။ ဒါပေမဲ့ သူမက ဝမ့်ကျန့်ဂိုဏ်းရဲ့ ဆိုးရွားတဲ့ အပြုအမူတွေ အများကြီးကို မျက်မြင်တွေ့ခဲ့ရပြီးပြီ။ အခုတော့ ဝမ့်ကျန့်ဂိုဏ်းကို သူမက ဘယ်လိုများ ထင်နေမလဲ သိချင်မိတော့တယ်။ နောက်ပြီးတော့....

အခုချိန်မှာတော့ သူတို့ထဲက ဘယ်သူက ထုတ်ပြောရဲတော့မှာလဲ။

အသံတစ်ခု လုပ်လိုက်တာနဲ့ အပြင်လောကကလာတဲ့အသံရဲ့ ပစ်မှတ်ထားတာကို သေချာပေါက် ခံရတော့မယ်။

အပြင်လောကကလာတဲ့အသံက ဝမ့်ကျန့်ဂိုဏ်းကို ကူညီပြီး လင်ယွီလွမ်ဆိုတဲ့ တခြားသူတွေရဲ့ ကံကောင်းခြင်းကို ခိုးယူနိုင်ပြီး မကောင်းတဲ့စိတ်ထားတွေရှိတဲ့ လူဆိုးတစ်ယောက်ကို ဖော်ထုတ်ပေးခဲ့တာ ဆိုပေမဲ့လဲ...

လူတိုင်းမှာ တခြားလူတွေကို ထုတ်ပြောလို့မရနိုင်တဲ့ လျှို့ဝှက်ချက်ဆိုတာ ရှိတယ်လေ။ တကယ်လို့ သူတို့တွေက အသံထွက်လိုက်လို့များ အပြင်လောကကလာတဲ့အသံရဲ့ ပစ်မှတ်ထားခံလိုက်ရရင်တော့....

အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အရင်ဆုံး စကားပြောဖို့ စောင့်ဆိုင်းနေလိုက်ကြတော့တယ်။

ဒီအချိန်မှာပဲ သံသယဖြစ်စရာ အသံတစ်ခုကကောင်းကင်ကနေပြီး ရုတ်တရက် ပေါ်လာတော့တယ်။

[တစ်ခုခု ထူးဆန်းနေသလိုပဲ....]

[ဒီလူအုပ်ကြီးက အရင်တုန်းက သတိမထားမိခဲ့တဲ့အရာတွေကို ငါ ရောက်လာမှပဲ တစ်ခုခု မှားနေတာမှန်း ရုတ်တရက် ဘယ်လိုလုပ်ပြီး ရှာတွေ့သွားကြတာလဲ]

အပြင်ကလာတဲ့အသံကို ကြားနိုင်ကြတဲ့ ခြံဝန်းထဲက လူတွေက ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူတို့ရဲ့ မျက်လုံးထဲမှာလဲ ပျာယာခတ်ပြီး နောင်တရတဲ့ အရိပ်အရောင် ဖြစ်သွားတော့တယ်။

သူတို့တွေမှာ အပြင်လောကကလာတဲ့အသံရဲ့ ထုတ်ဖော်ခြင်း ခံလိုက်ရတဲ့ လျှို့ဝှက်ချက်ကြောင့် အရမ်းကို အထိတ်တလန့် ဖြစ်သွားကြတာ ဖုံးကွယ်ထားဖို့တောင် မေ့လျော့သွားကြတဲ့အထိပဲ...

အပြင်ကလာတဲ့အသံက တစ်ခုခုမှားယွင်းနေတာကို သတိ မထားမိလောက်ပါဘူးနော်။

သူတို့တွေက သူမရဲ့အသံကို ကြားနေကြမှန်း သူသာသိသွားလို့ကတော့...

[ဧကန္တ__ __]

အားလုံးက အသက် အောင့်ထားလိုက်ကြတော့တယ်။

[ဒီနေရာမှာ ငါရှိနေတာက သူတို့တွေကို ပိုပြီး ဉာဏ်ကောင်းလာအောင် လုပ်ပေးနိုင်လို့များလား]

[ငါ သူတို့ကို ကြည့်လိုက်တဲ့အချိန်တိုင်း သူတို့တွေက ရုတ်တရက်ကြီး ပိုဉာဏ်ကောင်းလာတယ်လို့ ဘာဖြစ်လို့များ အမြဲတမ်း ထင်နေရတာလဲ]

[ဘုရားရေ၊ ငါက အရမ်းကို အံ့သြဖို့ကောင်းတာပဲ]

စူးလီရဲ့မျက်နှာက ဂုဏ်ယူသွားဟန် အနည်းငယ် ပေါ်ပေါက်လာတော့တယ်။ ကောင်းကင်တာအိုတစ်ယောက်အနေနဲ့ သူမက စိတ်ကို ပြန်လည်လန်ဆန်းလာအောင် လုပ်ပေးနိုင်တဲ့ အာနိသင်လဲရှိနေတာကိုး။

အဟမ်း__ __

အပြင်ကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန်ယွင်အန်းက မနေနိုင်ဘဲ ချောင်းဟန့်မိသွားတော့တယ်။

တခြားသူတွေကတော့ စိတ်အေးသွားတဲ့ပုံ ဖြစ်သွားပြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။ လော့ဝမ်ရဲ့ မျက်နှာတစ်ခုထဲကပဲ အေးတိအေးစက်နဲ့ အမူအရာမဲ့နေခဲ့တယ်။

ဒါပေမဲ့လည်း ရှန်ချန်းဟန်က ပြန်လည် ထူထောင်လာပြီးတဲ့နောက်မှာတောင် အရမ်းကို ပိန်ပါးလွန်းနေသေးတာ မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ စိုးရိမ်တဲ့ အရိပ်အယောင်တစ်ခု အမှတ်တမဲ့ ပေါ်လာခဲ့တယ်။

“ချန်းဟန်”

သူမရဲ့အသံက ကြည်လင်နေပေမဲ့လဲ စိုးရိမ်မှုအပြည့် ဖြစ်နေတယ်။

“နင် ဝမ့်ကျန့်ဂိုဏ်းမှာ နေသားကျရဲ့လား”

သူမရဲ့အသံကို ကြားလိုက်ပြီးတဲနောက်မှာ ရှန်ချန်းဟန်က တအံတသြနဲ့ သူမကို ကြည့်လိုက်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။

“နေသားကျလာပါပြီ”

ဒီနေရာက တကယ့်ကို ကောင်းမွန်ပါတယ်။

ဝမ့်ကျန့်ဂိုဏ်းမှာ ထူးဆန်းတဲ့လူတွေနဲ့ ထူးဆန်းတဲ့ကိစ္စတွေ ရှိနေပေမဲ့လဲ အရင်ကထက်တော့ အများကြီး ပိုပြီးကောင်းပါတယ်။

ကောင်းခြင်း၊ ဆိုးခြင်းတွေက ဆုလာဘ်တစ်ခု ဖြစ်မယ်ဆိုရင် တရားမျှတမှုကိုတော့ စည်းကမ်း တင်းကြပ်ထားရလိမ့်မယ်။

ရှန်မိသားစုရဲ့ဆွေမျိုးကောင်းစားရေးဝါဒီနဲ့ အရည်အချင်းနဲ့ မျိုးဆက်တွေအပေါ် အသားပေးတဲ့ကိစ္စနဲ့ ယှဥ်လိုက်ရင်တော့ ဒီနေရာက သူမကို အမှန်တကယ်ပဲ စိတ်အေးရအောင် ဖြစ်စေပါတယ်။

သူမရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ လော့ဝမ်ရဲ့ မျက်လုံးတွေက အခိုက်အတန့် ပျော့ပြောင်းသွားခဲ့တယ်။

“ဒါဆိုရင်တော့ ကောင်းပါတယ်”

“ဒါဆိုရင် နင် ဒီနေ့ ကောင်းကောင်းလေး အနားယူသင့်တယ်၊ ငါ နင့်ကို မနှောင့်ယှက်တော့ဘူးနော်”

သူမက ရှန်ချန်းဟန်ကို တပည့်အဖြစ် လက်ခံချင်ပေမဲ့လဲ ဒီကိစ္စအတွက် လောစရာမလိုဘူးလို့ ထင်တယ်။ ဒီကာလအတွင်းမှာ ရှန်ချန်းဟန်ကို ပိုပြီး အနားယူခိုင်းထားတာက ပိုကောင်းလိမ့်မယ်။

[ဒီ ဓားသိုင်းကျင့်ကြံသူတွေက သူ့ဘေးက စကားမပြောနိုင်ကြတဲ့ ဓားသိုင်းကျင့်ကြံသူတွေနဲ့ လုံးဝကွာခြားတာပဲ၊ မျက်နှာကိုလဲ ဖတ်လို့မရဘူး၊ အရမ်းကို နမော်နမဲ့နိုင်ကြတယ်]

စူးလီက ရှန်ချန်းဟန်အတွက် လော့ဝမ်ရဲ့ ပူပန်တဲ့စိတ်ကို ကြားလိုက်ရတဲ့အခါ သူ့ဘေးက ဓားသိုင်းကျင့်ကြံသူတွေကို လှမ်းကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်တော့တယ်။

[သူက ဓားသိုင်းကျင့်ကြံသူတွေကြားမှာ တကယ်ပဲ ထူးခြားတဲ့သူ တစ်ယောက်ပဲ]

[နောက်ပြီး သူကအရမ်းကို ကြည့်လို့ကောင်း__]

အားလုံးက အပြင်လောကကလာတဲ့အသံရဲ့ သက်ပြင်းချသံကို ကြားလိုက်ရတဲ့အခါ အနည်းငယ်မကျေမချမ်း ဖြစ်သွားတော့တယ်။

သူတို့တွေက ဘယ်လိုလုပ်ပြီး စကားမပြောနိုင်ရမှာလဲ။ သူတို့ရဲ့ မျက်နှာအမူအရာကို ဘယ်လိုလုပ်ပြီး မဖတ်နိုင်ရမှာလဲ။ သူတို့တွေက ဘယ်လိုလုပ်ပြီး အဲလောက် နမော်နမဲ့နိုင်မှာလဲ။

နောက်ပြီးတော့ သူတို့တစ်ယောက်ချင်းစီက အရမ်းကို ခန့်ညားပြီး ချောမောကြတယ်လေ။ ကောင်းကင်ကလာတဲ့အသံက သူတို့ကိုကြတော့ ဘာဖြစ်လို့ မချီးမွှမ်းတာလဲ။

စူးလီက သူတို့ရဲ့ အတွေးတွေကို လုံးဝ ဂရုမစိုက်လေဘူး။ သူမရဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို လှန်လှောကြည့်နေလိုက်ပြီး သူမရဲ့ မျက်ခုံးတွေက အနည်းငယ် မြောက်တက်သွားတော့တယ်။

[လော့ဝမ်က တကယ့်ကို လှပပြီး ကြင်နာတတ်တဲ့ သူတစ်ယောက်ပဲ၊ သူ့ပုံက အေးတိအေးစက် ခပ်တန်းတန်း ဖြစ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကြတော့ သူက ကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ထားတယ်]

[တောင်ကို ဖြတ်သွားရမဲ့ အဖွားကြီးတစ်ယောက်ကိုလဲ ဓားပျံပေါ်မှာ ခေါ်သွားပေးခဲ့တယ်၊ အဖွားကြီးက တခြားတောင်ကို မသွားချင်ဘူး ဆိုပေမဲ့လဲပေါ့]

[အားနည်းသူကို ကူညီပေးပြီး လမ်းပျောက်နေတဲ့ ကလေးတွေကိုလဲ သူတို့ရဲ့မိဘတွေကို ကူရှာပေးခဲ့တယ်]

[လူအများကြီးကိုလဲ အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တယ်]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့အခါ အားလုံးက ထောက်ခံတဲ့အကြည့်နဲ့ လော့ဝမ်ကို ကြည့်လိုက်ကြတယ်။

လော့ဝမ်က မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။ သူမက ဒါကို လုပ်ပေးတယ်ဆိုတာကလဲ သူမအတွက် အဆင်ပြေနေလို့ပါ။ နောက်ပြီးတော့ ဒါတွေက ကျင့်ကြံသူတစ်ယောက် လုပ်သင့်တဲ့အရာပဲ မဟုတ်လား။

စူးလီက တချို့ကိစ္စတွေကို အာရုံစိုက်ထားလိုက်ပြီးတဲ့နောက်မှာ သူမရဲ့ စိတ်ဝင်စားမှုက ပွင့်ထွက်လာတော့တယ်။

[ဟမ်၊ လော့ဝမ်က ထျန်းကျန့်မြို့သခင်ရဲ့ အငယ်ဆုံးသား ကုရှူးကို လွန်ခဲ့တဲ့ နှစ်၇၀တုန်းက ကယ်တင်ပေးခဲ့တာ...]

[အဲဒီ့အချိန်မှာ ကုရှူးက လော့ဝမ်အတွက် အရမ်းကိုနက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတွေ တိုးပွားလာခဲ့တာတဲ့...]

ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ စူးလီက ရွှင့်ချန်ဂိုဏ်းမှာ သူမတွေ့ခဲ့တဲ့ အချစ်ရူးတွေကို ရုတ်တရက် သတိရသွားပြီး သူမရဲ့ မျက်နှာက ချက်ချင်းဆိုသလို အနည်းငယ် ဂရုမစိုက်တော့သလို ဖြစ်လာခဲ့တယ်။

သူမက အောက်မှာရှိတဲ့စာကို ကြည့်လိုက်ပြီး သူမရဲ့အသံက အနည်းငယ် ပျင်းရိငြီးငွေ့လာသလို ဖြစ်သွားတော့တယ်။

[အခု သူက လော့ဝမ်အတွက် ခံစားချက် ရှိနေတုန်းပဲတဲ့ နေပါအုံး__]

[သူ့အဆင့်အတန်းက ဝမ့်ကျန့်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်လာဖို့ မထိုက်တန်ဘူးဆိုတာ သိတယ်၊ ဒါကြောင့် သူက လော့ဝမ်နဲ့ ရုပ်ချင်းဆင်တဲ့သူကို အဖြည့်ခံတစ်ယောက်အဖြစ် ရှာထားသတဲ့လား]

[ဘာလို့လဲ၊ ဝမ့်ကျန့်ဂိုဏ်းမှာ တကယ်တော့ ဒီလို အချစ်ရူးမျိုး အဖြည့်ခံထားတဲ့လူမျိုး ရှိသေးသတဲ့လား]

တော်တော်လေး ခံစားလိုက်ရတဲ့ စူးလီက အခိုက်အတန့် နှုတ်ဆိတ်သွားပြီး နောက်မှ စဥ်းစားလိုက်မိတော့တယ်။

ကျင့်ရှင်းဆေးလုံးကို အရင်ဆုံး ထုတ်လိုက်တုန်းက အဲဒီ့ဆေးလုံးတွေက ရွှင့်ချန်ဂိုဏ်းထဲမှာပဲ အားလုံးကို ရောင်းထွက်သွားတဲ့ပုံ ပေါ်တယ်။

အခုတော့ အချိန်က အရမ်းကို တိုတောင်းနေတယ်။ ပိုင်ကျစ်ယွင်ကလဲ ချင်ထျန်းနတ်သမီးရေစင်ကို သန့်စင်ပေးဖို့ ဆေးလုံးတွေကို သန့်စင်ရင်း အလုပ်များနေတယ်။ ရွှင့်ချန်ဂိုဏ်းမှာလဲ ကျင့်ရှင်းဆေးလုံးတွေ လုံလောက်အောင် မရှိတော့ဘူး။ တချက်ကြည့်လိုက်ရုံနဲ့ ဆင်းရဲပုံပေါ်တဲ့ ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာဖို့အခွင့်အရေး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒီနေရာမှာ ဆေးလုံးကို ရောင်းချမယ်ဆိုရင်တောင် ဘယ်ဓားသိုင်းကျင့်ကြံသူမှ ဆေးဖိုးတတ်နိုင်မယ် မထင်ဘူး။

သူမက ကောင်းကင်စာအုပ်ကို ဆက်ပြီး ဖတ်နေလိုက်တယ်။

[ဒီကုရှူးက ရှီးယန်းချန်ရဲ့ ဆန္ဒတွေကို လုံးဝ လျစ်လျူရှုထားပြီး သူ့ကို သူ့ဘေးမှာ အဖြည့်ခံတစ်ယောက်အနေနဲ့ အတင်းကို ပိတ်လှောင်ထားခဲ့တယ်]

လော့ဝမ်ကတော့ ကုရှူးက ဘယ်သူများလဲလို့ စဥ်းစားနေဆဲပဲ။ သူမက ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ သူမရဲ့မျက်ခုံးတွေက ချက်ချင်းဆိုသလို တွန့်ချိုးသွားတော့တယ်။

[ဟုတ်လိုက်လေခြင်းပဲ၊ သူက လော့ဝမ်ကို လုယူလို့မရနိုင်တာ သိတဲ့အတွက်ကြောင့် သူက ရှီးယန်းချန်ဆီကနေ စိတ်ကျေနပ်မှုကို ရှာဖွေနေခဲ့တာပဲ]

[သူ့ကို အိမ်ခေါ်ပြန်လာပြီးတဲ့နောက်မှာ သူမ လုပ်နေကြမဟုတ်တဲ့ ကိစ္စတွေကိုလဲ အတင်းလုပ်ခိုင်းခဲ့တယ်၊ တမင်သက်သက် တခြားသူတွေက သူမကို အနိုင်ကျင့်တာကိုလဲ ခွင့်ပြုပေးခဲ့တယ်၊ မတတ်သာဘဲ သူ့ကိုပဲ မှီခိုအားကိုးရအောင် လုပ်ထားခဲ့တယ်]

[ဒါကြီးက တကယ်ကို အယုတ်တမာကောင် စစ်စစ်ပဲ]

လော့ဝမ်က ဆက်ပြီး သည်းမခံနိုင်တော့ပဲ အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက်မှာ ဓားပေါ်တက်ပြီး ဝမ့်ကျန့်ဂိုဏ်းကနေ ပျံထွက်သွားတော့တယ်။

သူမက ထျန်းကျန့်မြို့ကို ရောက်လာပြီးတဲ့နောက်မှာ လမ်းကြောင်းကို မေးလိုက်ပြီး ကုရှူးရှိတဲ့ နေရာကို တန်းပျံထွက်သွားတော့တယ်။

အရွက်တွေကြွေကျနေတဲ့ မေပယ်လ်သစ်ပင်အောက်မှာ-

ကုရှူးက သုန်မှုန်နေတဲ့ မျက်နှာထားတစ်ခုနဲ့ သစ်ပင်ကိုမှီထားပြီး အပြုံးတစ်ခုနဲ့ သူ့ကို ကြည့်နေတဲ့လူကို ကြည့်နေလိုက်တယ်။

သူက ဒေါသတကြီးနဲ့ သူမဆီကို လျှောက်သွားလိုက်ပြီး သူမရဲ့ခါးကို ဖမ်းဆွဲလိုက်တော့တယ်။

...

All Chapters