အခန်း ၅၅
Vol. 4 Ch. 55
အပိုင်း (၅၅)
ကျိန့်မိသားစု
“ သခင်ကြီး နဉ်အာသွားလိုက်တာ သုံးရက်တောင်ရှိသွားပြီးနော်”
ဟယ်ကျင့်ရိုက သူ့ဘေးနားထိုင်နေတဲ့လူကိုကြည့်လိုက်ပြီး မျက်လုံးတွေထဲမှာ မျက်ရည်တွေနဲ့ပေါ့။ သူမရဲ့အသံကလည်း ရှိုက်သံပါလို့နေတယ်။
“နဉ်အာက ကျွန်မရဲ့ဘေးမှာအမြဲတမ်းရှိလာခဲ့ပြီး ဒီလောက်အကြာကြီး တစ်ခါမှမခွဲခဲ့ဖူးဘူးလေ”
ကျိန့်ဟွာယီက သူ့ရဲ့မျက်နှာပေါ်မှာစိတ်ဆင်းရဲနေတဲ့ ရုပ်တစ်ခုနဲ့သူမကို နှစ်သိမ့်ပေးလိုက်တယ်။
“ ရိုအာ စိတ်မပူပါနဲ့။ နဉ်အာက အကြီးအကဲကျိရဲ့အသက်ကို ကယ်တင်ပေးခဲ့တာလေ။ သူက နဉ်အာကို သေချာပေါက် ကောင်းကောင်းဆက်ဆံပါလိမ့်မယ်”
ဒီလိုစဉ်းစားလိုက်ပြီး ဝင့်ကြွားတဲ့အရိပ်အယောင်တစ်ခုက သူ့မျက်နှာပေါ်မှာ ပေါ်လာတော့တယ်။
သူက ဝမ့်ကျန့်ဂိုဏ်းရဲ့အရည်အချင်းရှိတဲ့ အကြီးအကဲတစ်ယောက်လေ။ ကျိစီနဲ့ ဒီလိုဆက်ဆံရေးတစ်ခု ရှိထားနိုင်တာကလည်း ဆယ်ဘဝစာလောက်ရထားတဲ့ ကံကောင်းခြင်းတစ်ခု ဖြစ်နေပြီ။
သူ့ရဲ့ပျော်ရွှင်မှုထဲမှာ နစ်မျောနေတာကြောင့် သူ့ဘေးက ဟယ်ကျင့်ရိုရဲ့မျက်နှာက အနည်းငယ် တောင့်တင်းနေတာကို သတိမထားမိလိုက်ဘူး။
ဒီအချိန်မှာပဲ ဓားစွမ်းအင်တစ်ခုက အိမ်အပြင်ကနေ အိမ်အတွင်းထဲ ထိုးဖောက်ဝင်ရောက်လာပြီး အိမ်တစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်လိုက်တော့တယ်။
ကျိန့်ဟွာယိက ဖြတ်ထုတ်ခံလိုက်ရပြီး ပြန်ကောက်ထားတဲ့ အင်္ကျီလက်ကို ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထိန်းမရအောင် တုန်လှုပ်သွားတော့တယ်။ သူက ခေါင်းကို မော့လိုက်တဲ့အခါ လေထဲမှာလှုပ်ရှားနေတဲ့လူတစ်ယောက်ကို မြင်လိုက်ရပြီး ရုတ်တရက်ဆိုသလို နေရာမှာတင် တောင့်တင်းသွားတော့တယ်။
“ ကျိ... အကြီးအကဲကျိ မဟုတ်လား”
“ မင်းနဲ့ နဉ်အာက ဝမ့်ကျန့်ဂိုဏ်းကို ပြန်သွားပြီးမဟုတ်လား။ ဘာဖြစ်လို့....”
သူ့စကားမဆုံးခင်မှာပဲ လေထဲမှာ တွဲလောင်းကျနေပြီး သတိလစ်နေတဲ့ ကျိန့်ယွမ့်နဉ်ကို တွေ့လိုက်ရတော့တယ်။
“နဉ်အာ”
သူက စိုးရိမ်တကြီး ထရပ်လိုက်ပြီး ဒေါသနဲ့မေးလိုက်တော့တယ်။
“အကြီးအကဲကျိ.. မင်းက နဉ်အာကို ဘာဖြစ်လို့ ဒီလိုဆက်ဆံရတာလဲ”
သူ့နောက်က ဟယ်ကျင့်ရိုကတော့ သမီးဖြစ်သူအတွက် စိုးရိမ်ပူပန်မှုကို ပြသနေပြီး သူမရဲ့မျက်လုံးထဲမှာ ကြောက်စိတ်တွေနဲ့ပြည့်နေခဲ့တယ်။
ကျိစီက သူတို့ကို အေးတိအေးစက်ကြည့်လိုက်ပြီး သူ့လက်ကို ဝေ့ရမ်းလိုက်ကာ ကျိန့်ယွမ့်နဉ်ကို သူ့တို့ဘေးကို ပစ်ချလိုက်တယ်။ အဲဒီနောက်မှာတော့ သူက လက်ကိုတစ်ချက်ထပ်ဝေ့လိုက်ပြီး သူတို့ကို အတူတူချည်နှောင်ထားလိုက်တယ်။
ပြန်လှည့်မကြည့်တော့ဘဲ သူက ကျိန့်မိသားစုရဲ့ ထောင့်တစ်ခုစီကို ပျံသွားလိုက်တယ်။
အသက်တစ်ချက်ရှူအပြီး ကြာချိန်မှာတော့ သူက လေဒဏ်ကို လုံးဝမတားဆီးပေးနိုင်တဲ့ ယိုယွင်းနေတဲ့တဲအိမ်လေးတစ်ခု ကြည့်နေမိတယ်။ သူက နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားပြီး ပထမဦးဆုံးအကြိမ် ပျာယာခတ်သလို ခံစားမိတော့တယ်။
သူက သူ့ထက်ကျင့်ကြံဆင့်တွေ အများကြီးပိုများတဲ့ လူတစ်ယောက်နဲ့ တွေတဲ့အချိန်မှာတောင် ကြောက်ရွံ့တဲ့စိတ်ကို တစ်ခါမှမခံစားမိခဲ့ဘူး။
ကျိစီက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တဲအိမ်လေးဆီကို တစ်လှမ်းချင်း လျှောက်သွားလိုက်တော့တယ်။
အထဲမှာ အရိုးစိမ့်အောင်အေးတဲ့ လေတစ်ခုကရှိနေပြီး တစ်ခန်းလုံးက အင်မတန်မှ မှောင်မဲနေကာ နေရောင်ခြည် တစိုးစလေးတောင် မရှိနေဘူး။
သူက သစ်သားခုတင်လေးပေါ်မှာကွေးပြီး စုတ်ပြဲနေတဲ့စောင်လေးတစ်ထည်ကို ခြုံထားတဲ့ ပုံရိပ်လေးတစ်ခုကို ကြည့်လိုက်တယ်။ အခိုက်အတန့် တုံ့ဆိုင်းသွားပြီး အဲဒီနောက်မှာတော့ မရပ်တော့ဘဲ အိပ်ရာဆီကို လျှောက်လာတော့တယ်။
အိပ်ရာပေါ်ကလူရဲ့ ကြောက်စိတ်ဖြစ်နေတဲ့ နှလုံးခုန်သံကို နားထောင်နေရင်းက သူကမြေကြီးပေါ်မှာ ဒူးတစ်ဖက်ထောက်ချလိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း အပြစ်ရှိတဲ့ အရိပ်အယောင်အပြည့်ပဲ။
“ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်လာတာ နောက်ကျသွားတယ်”
ကျိန့်မင်ယွဲ့က ကျိန့်မိသားစုက လူတစ်ယောက်က သူမကို ထပ်ပြီး ဆွဲထုတ်ချင်တယ်လို့ ထင်မိပြီး သူမက ခန္ဓာကိုယ်ကို ကွေးထားလိုက်ကာ ရောက်လာတော့မဲ့ လက်သီးနဲ့ ကန်ချက်တွေကို စောင့်နေလိုက်တော့တယ်။
သူမက ဒီလောက်သိမ်မွေ့ပြီး နားဝင်ချိုမဲ့အသံကို ကြားလိုက်ရမယ်လို့ ထင်မထားခဲ့ဘူး။
သူမက လက်မောင်းတွေထဲကနေ ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ခုတင်ဘေးမှာ ဒူးထောက်နေတဲ့လူကို ကြည့်လိုက်တော့တယ်။ သူမက ပါးစပ်ဖွင့်လိုက်ပြီး နှုတ်ဆိတ်အသံတိတ်ကာ ပြောလိုက်တော့တယ်။
“ ရှင် ဘယ်သူလဲ။ ဘာဖြစ်လို့ ကျွန်မကို လာရှာတာလဲ”
ကျိစီက သူ့ရင်ဘတ်ထဲက ကျောက်စိမ်းပုတီးလေးကို ထုတ်လိုက်ပြီး သူမရဲ့အမာရွတ်တွေဖြစ်နေတဲ့ လက်ကောက်ဝတ်မှာပေါ်မှာ ဂရုတစိုက် ချည်ထားပေးလိုက်တယ်။ သူက သူတို့ခွဲခွာချိန်က ပြောခဲ့တဲ့စကားကို တုန်ရင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ ကျွန်တော်က ဒီနေရာကို ရောက်လာတာ ကျွန်တော့်ကတိကို ဖြည့်ဆည်းပေးပြီး မင်းရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ပါ”
ကျိန့်မင်ယွဲ့က သူမရဲ့လက်ကောက်ဝတ်ပေါ်က ကျောက်စိမ်းပုတီးကို ကြည့်လိုက်ပြီး အခိုက်အတန့် မှင်တက်အံ့ဩသွားတယ်။ အတိတ်က မှတ်ဉာဏ်တွေက သူမရဲ့စိတ်ထဲကို ဖြည်းဖြည်းချင်းဝင် ရောက်လာခဲ့တယ်။ သူမက ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပေမဲ့လည်း ဘာအသံမှ ထွက်မလာခဲ့တော့ဘူး။
“ ရှင်က ဟို သနားစရာကလေးလေးလား”
“ ကျွန်တော်ပဲ”
ကျိစီက သူ့ရဲ့လက်တွေကိုဆန်လိုက်ပြီး သူ့ဘေးက ကျိုးပဲ့နေတဲ့ ပန်းကန်လုံးလေးကို ယူလိုက်ကာ ရေထဲမှာ အားပြန်ပြည့်စေတဲ့ဆေးလုံးကို အပိုင်းလေးဖြစ်အောင် ဖျော်လိုက်ပြီး သူမကို အသာအယာ ထူမပြီးတော့ ဆေးရည်ကို တိုက်လိုက်တယ်။
“ ဒီနေ့ကစပြီးတော့ ကျွန်တော်က မင်းအတွက် ဖြစ်စေချင်တဲ့အရာအားလုံးကို လုပ်ပေးမှာပါ”
ကျိန့်မင်ယွဲ့က သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အနွေးဓာတ်ကို ခံစားလိုက်ရပြီး သူမရဲ့မျက်လုံးထဲက အကြည့်ကတော့ သူတို့တွေ ပထမဦးဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းကလို မာကြောနေတယ်။ သူမက တိမ်ဝင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ကျွန်မက... ကျွန်မရဲ့ကိုယ်ပိုင်ကံတရားကို ထိန်းချုပ်နိုင်လောက်တဲ့ထိ သန်မာချင်တယ်”
ကျိစီက အနည်းငယ် မျက်လွှာချထားလိုက်ပြီး သူ့မျက်လုံးတွေက ခံစားချက်အားလုံးကိုဖုံး ကွယ်ထားလိုက်တယ်။ ဒါပေမဲ့လည်း သူ့ရဲ့အဖြေကတော့ သန္နိဋ္ဌာန်တစ်ခုလို ခိုင်မာနေတော့တယ်။
“ကောင်းပါပြီ”
မီးပင်လယ်ကြီးတစ်ခုကို ချန်ထားခဲ့ပြီး ကျိစီက ကျိန့်မင်ယွဲ့ကို ကျိန့်မိသားစုဆီကနေ ခေါ်ထုတ်လာခဲ့တော့တယ်။
အခုအချိန်စပြီး ကျင့်ကြံရေးလောကထဲမှာ ဒီကျိန့်မိသားစု ရှိလာမှာ မဟုတ်တော့ဘူးလို့တောင် ပြောလို့ရတယ်။
ရှန်းအန်းတောင်ထွတ်။
အကြောင်းအရာ အပြည့်အစုံကို စောင့်ကြည့်ပြီးတဲ့နောက်မှာ ရှန်ချန်းဟန်က ဇဝေဇဝါနဲ့ ခေါင်းကိုနောက်ကိုလှည့်လိုက်တော့တယ်။
“ဒီတော့ ခုနတုန်းက အကြီးအကဲကျိက ကျေးဇူးရှင်ကို မှားပြီး အသိအမှတ်ပြုခဲ့တာကို သိသွားခဲ့တာလား”
သူမက မနေနိုင်တော့ဘဲ ကိုယ့်ဟာကို ပြန်အတည်ပြုတဲ့ မေးခွန်းကို မေးလိုက်တယ်။ “ဘယ်လိုလုပ်ပြီး မှားရတာလဲ”
နှစ်တစ်ရာ ကုန်ဆုံးလာခဲ့ပြီးပြီးဆိုပေမဲ့လည်း ချန်ပေ့က သူရဲ့ရုပ်အသွင် ပြောင်းလဲသွားတယ်ဆိုရင်တောင် သူမကတော့ ချန်ပေ့ကို မှတ်မိဖို့ရာ အမှားအယွင်း ဘယ်တော့မှ လုပ်မိလိမ့်မှာ မဟုတ်ဘူး။
ချီမင်က ကျိစီအတွက် မရေမတွက်နိုင်တဲ့ အကြောင်းပြချက်တွေကို စဥ်းစားပေးခဲ့ပေမဲ့လည်း ကျိန့်ယွမ့်နဉ်ရဲ့ အားနည်းတဲ့ရုပ်အသွင်ကို စဥ်းစားမိလိုက်တဲ့အခါ ကျိစီအတွက် ရှင်းပြပေးမဲ့ သူ့စကားလုံးတွေကိုပြန်ပြီး မျိုချထားလိုက်ရတော့တယ် သူက အောင့်သက်သက်နဲ့ပြောလိုက်ရတယ်။
“ဖြစ်နိုင်တာကတော့ အကြီးအကဲကြီးကျိက... အမြင်အာရုံ သိပ်မကောင်းလို့နေမှာပါ”
သူက ကို့ရို့ကားယား ချောင်းနှစ်ချက်လောက်ဟန့်လိုက်ပြီး အနည်းငယ် တောင့်တောင့်တင်းတင်းနဲ့ စကားလမ်းကြောင်း ပြောင်းလိုက်တော့တယ်။
“ဟင်း ဟင်း... တကယ်တော့ အကြီးအကဲကျိရဲ့ အမြင်အာရုံက အဲ့လောက်မကောင်းဘူးလေ ဝမ့်ကျန်ဂိုဏ်းက တခြားလူတွေကတော့...”
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ရုတ်တရက် ဆူညံသံကနေ အထိအခိုက်မရှိ လွတ်မြောက်နိုင်မဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။
ချီမင်က ခေါင်းကို တောင့်တောင့်တင်းတင်းနဲ့ လှည့်လိုက်တာ တစ်ခုခုကို သတိရသွားတဲ့ပုံပါပဲ။ သူ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။
“ကျုပ်တို့ရဲ့အကြီးအကဲ ကျန်းယွင်စယ်က အရမ်းကိုစူးရှတဲ့မျက်လုံးအကြည့်တွေ ပိုင်ဆိုင်ထားတဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပေါ့”
သူက သူရဲ့ချီးကျူးစကားကို ကြားလိုက်ရတဲ့အခါ ရှန်ချန်းဟန်ရဲ့မျက်လုံးတွေက နောက်တစ်ကြိမ် ဇဝေဇဝါဖြစ်သွားတဲ့ဟန်အပြည့် ဖြစ်သွားတော့တယ်။ စူးရှတဲ့မျက်လုံးတွေတဲ့လား။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချီးကျူးစကားက တစ်ခုခုပဲမှားယွင်းနေတာများလား။
ဒီလောက်အထိ ချီးကျူးဖို့ရာ ထိုက်တန်နေလို့လား။
ဝမ့်ကျန်ဂိုဏ်းမှာ အမြင်အာရုံအားနည်းတဲ့ လူတွေအရမ်းများနေတာကြောင့်လား။
ကျန်းယွင်စယ် အကြောင်းပြောလိုက်တဲ့အခါ ချီမင်က သူ့ကို မဆုံးနိုင်အောင် ချီးမွမ်းပြောဆိုတော့တယ်။
“အကြီးအကဲကျန်းမှာ ထူးခြားတဲ့အရည်းအချင်းတွေရှိတယ်၊ ဖြောင့်မတ်တယ်၊ လောကကြီးကိုလည်း စောင့်ရှောက်ပေးတတ်တယ်လေ၊ သူက ဓားဝိညာဥ်ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံရေးတစ်လောကလုံးထဲမှာ ဓားသိုင်းကျင့်ကြံသူတွေ သုံးယောက်ထဲက တစ်ယောက်ပေါ့”
တခြားသူတွေက တစ်ပြိုင်တည်းခေါင်းညိတ်လိုက်ကြတယ်။
သူတို့တွေက အပြင်လောကကလာတဲ့ အသံရဲ့ ပစ်မှတ်မထားခံရသရွေ့တော့ ကျန်းယွင်စယ်ကို စကားလေး နည်းနည်းပါးပါးလောက် ချီးမွမ်းရတာဘာမှမဖြစ်ဘူး။
သူတို့တွေက သူ့ကိုဒီထပ်ပိုပြီး ချီးမွမ်းပေးနိုင်သေးတယ်။
ဒီအပြင် ကျန်းယွင်စယ်က တခြားသူတွေကိုလည်း တကယ်ပဲကြင်နာတတ်ပြီး ဝမ့်ကျန်ဂိုဏ်းက တောင်ထွတ်သခင်တွေအားလုံးနီးပါးနဲ့လဲ ဆက်ဆံရေး ကောင်းမွန်တယ်လေ။ ဒီတော့သူတို့တွေက သူ့ကိုချီးမွမ်းရတဲ့နေရာမှာ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘူးပေါ့။
အရေးကြီးဆုံးအချက်ကတော့ သူ့တပည့် ကျန်းထင်ဆုံးပါးသွားပြီးကတည်းက သူ့မှာ နောက်ထပ်တပည့်တစ်ယောက်ကို လက်ခံဖို့စိတ်ကူးမရှိတော့ဘူးလေ။ ဒီတော့ သူက ရှန်ချန်းဟန်အတွက် သူတို့နဲ့ယှဥ်ပြိုင်လိမ့်မှာ မဟုတ်တော့ဘူး။
ဒီလိုနဲ့ ဒီလူတွေရဲ့မျက်လုံးထဲမှာ ကျန်းယွင်စယ်က လောကကြီးမှာ ရှာဖွေရခက်ခဲတဲ့လူကောင်းတစ်ယောက် ဖြစ်လာတော့တယ်။
ချီမင်က အားလုံးက ကျန်းယွင်စယ်ကို ချီးကျူးနေတဲ့စကားကို နားထောင်နေလိုက်ပြီး ရုတ်တရက်ဆိုသလို ရှန်ချန်းဟန်ထက် မနိမ့်တဲ့အရည်အချင်းရှိတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက ဝမ့်ကျန်ဂိုဏ်းက ကျန်းထင်ကို ရုတ်တရက် သတိရသွားတော့တယ်။
ကျန်းထင်က ဓားခန္ဓာကိုယ်နဲ့ မွေးဖွားလာတာ။ သူမက ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်နိုင်ပြီဆိုတာနဲ့ ဓားတစ်ချောင်းရဲ့အဓိပ္ပာယ်ကို နားလည်ပြီးသားပဲ။ ဓားသိုင်းကွက်တွေက ဘယ်လောက်ပဲခက်ခဲနေပါစေ တစ်ချက်ကြည့်လိုက်တာနဲ့ ဓားသိုင်းရဲ့အနှစ်သာရကို နားလည်နိုင်တယ်...
သူမနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ သူက သူမကို ဝမ့်ကျန်ဂိုဏ်းရဲ့နောက်တက်မဲ့ ဂိုဏ်းချုပ်တစ်ယောက်အဖြစ်လည်း လေ့ကျင့်ပေးလာခဲ့တာ။
ကျန်းထင်ရဲ့ဆရာအနေနဲ့ ကျန်းယွင်စယ်က သူ့မှာရှိသမျှအရာအားလုံးကို ဒီတပည့်အတွက် ပေးဆပ်ထားတယ်။ ဒါက ပျောက်ဆုံးသွားတဲ့ ဓားသိုင်းပညာဖြစ်ဖြစ်၊ ဓားလုပ်ဖို့အတွက် လိုအပ်တဲ့မှော်လက်နက်ပဲဖြစ်ဖြစ်၊ သူမကိုယ်သူမ ကာကွယ်ပေးဖို့အတွက် သူမအတွက်မှော်လက်နက် မရေမတွက် နိုင်အောင်ပေးခဲ့တယ်။
အဲ့ဒီတုန်းက သူတို့တွေက ကျန်းယွင်စယ်ကို သူ့တပည့်အပေါ်အရမ်းကို ကြင်နာသနားပြီးကာကွယ်ပေးတတ်လွန်းလို့ သူ့ကိုတောင် ရယ်ခဲ့ကြသေးတယ်လေ။
ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဆိုတာ ကြမ်းတမ်းတဲ့အခြေအနေတွေ အတိဒုက္ခတွေဆီကနေ ကြီးထွားရင့်ကျက်လာသင့်တာ။
အဲ့ဒီတုန်းက ကျန်းယွင်စယ်က သူ့တို့ကို ဘာမှမတတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပြုံးပြတတ်ပြီး သူ့မှာ ဒီတပည့်တစ်ယောက်ထဲပဲရှိတာ ဒီတော့ သူက ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲလို့ ပြောနေတတ်တယ်။
ဒါပေမဲ့လည်း ဒီလောက်အသေးစိတ် ကာကွယ်ပေးနေရတဲ့ကြားထဲက ကျန်းထင်က ကွေးယွမ်လျှို့ဝှက်နယ်မြေထဲမှာ သေသွားအုံးလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြဘူး။
ဒီအကြောင်းကို စဥ်းစားလိုက်ပြီး ချီမင်က သူ့မျက်လုံးထဲက နာကျင်မှု့ကို ဖုံးကွယ်ထားဖို့ သူ့မျက်လုံးတွေကို ရုတ်တရက် မှိတ်ထားလိုက်တယ်။ အဲ့ဒီအချိန်ကတည်းက နှစ်ပေါင်းတစ်ရာ ကြာလာတဲ့အထိ သူ့မှာဘယ်လောက်ပဲ အရည်အချင်းရှိတဲ့ တပည့်တွေအများကြီးရှိနေပါစေ ကျန်းယွင်စယ်က နောက်ထပ်ဘယ်တော့မှ တပည့်တစ်ယောက်ကို လက်မခံတော့ဘူး။
တဖန် အားလုံးက ကျန်းယွင်စယ်အတွက် ထပ်ပြီးချီးကျူးလိုက်ကြတော့တယ်။
စူးလီက လူအုပ်ထဲကမဆုံးနိုင်တဲ့ ချီးမွမ်းစကားတွေကို မြှောက်ပင့်လိုက်ပြီး နားထောင်လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ ဒွိဟဖြစ်သွားတဲ့ အမူအရာတစ်ခု ဖြစ်သွားတော့တယ်။ အကြောင်း သိတဲ့သူတွေကတော့ သူတို့တွေက ကျန်းယွင်စယ်ကို ချီးကျူးနေကြတယ်ပေါ့။ အကြောင်း မသိတဲ့သူတွေကတော့ သူတို့တွေက သူတော်စင်တစ်ယောက်ကို ချီးကျူးနေတယ်လို့ ထင်ကြတော့မှာပဲ။
နောက်ပြီးတော့ ဒီချီးမွမ်းပြောဆိုတဲ့စကားတွေက....
ကြားရသလောက် အတုအယောင်တွေဖြစ်နေတယ်လို့ ဘာလို့များ ခံစားမိနေပါလိမ့်။
ရှန်ယွင်အန်းက ကျန်းယွင်စယ်ကို ချီးကျူးစကားပြောလိုက်ပြီးတဲ့အခါ သူ့မှာတစ်ခုခု စဉ်းစားလိုက်မိတဲ့ပုံပဲ။ သူရဲ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း မှေးမှိန်းသွားပြီး သူ့ရဲ့မျက်လုံးထဲမှာ သက်ပြင်းချတဲ့အရိပ်အယောင်တစ်ခု ဖြစ်လာခဲ့တယ်။
သူက ခေါင်းလေးကို အနည်းငယ်စောင်းထားလိုက်ပြီး အရမ်းကို တိုးဖျော့လွန်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ အကြီးအကဲကျန်းက ခက်ခဲတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီး အခက်အခဲမြောက်များစွာကိုလည်း ရင်ဆိုင်ခဲ့ရတာတော့ သနားစရာပါပဲ”
သူ့အသံကိုကြားလိုက်ပြီးတဲ့အခါ ဝမ့်ကျန့်ဂိုဏ်းထဲက တခြားဂိုဏ်ဝင်တွေက ငြိမ်ကျသွားတော့တယ်။
ရှန်ချန်းဟန်ရဲ့ ဇဝေဇဝါဖြစ်နေတဲ့ အမူအရာကို မြင်မိလိုက်တဲ့အခါ ကျန်းယွင်စယ်နဲ့ အရင်းနှီးဆုံးသူဖြစ်တဲ့ ယွိကျင်တောင်ထွတ်သခင်က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်တယ်။
“ အကြီးအကဲကျန်း ငယ်ငယ်တုန်းကဆိုရင် သူ့မှာ သူ့ကို အရမ်းကို ချစ်မြတ်နိုးတဲ့မိန်းမတစ်ယောက်နဲ့ အရမ်းကိုဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့ သမီးတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်လေ။ ကံဆိုးချင်တော့ မတော်တဆကိစ္စတစ်ခုကြောင့် အဲဒီကတည်းက အကြီးအကဲကျန်းရဲ့ဆံပင်တွေက ညတွင်းချင်းဖြူသွားတော့တာပဲ”
“ နောက်ပိုင်းကျတော့ အကြီးအကဲကျန်းက နောက်ဆုံးတော့ သူ့ရဲ့စိတ်အခြေအနေကို ထိန်းချုပ်လိုက်ပြီး နောက်ထပ်တပည့်တစ်ယောက်ကို လက်ခံပေးခဲ့တယ်လေ”
ဒီအချိန်မှာပဲ သူ့ရဲ့အသံက ပိုပြီးတော့ ကူကယ်ရာမဲ့သလိုဖြစ်လာတယ်။
“ သူက သူ့ရဲ့တပည့်တွေကို အရမ်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာပါ၊ ဒါပေမဲ့လည်း ကံဆိုးချင်တော့....”
သူ့ရဲ့စကားကို ကြားပြီးလိုက်ပြီးတဲ့အခါ စူးလီက မျက်နှာပေါ်မှာ ရှုပ်ထွေးနေတဲ့အမူအရာတစ်ခုနဲ့ လှည့်ကြည့်ခဲ့တယ်။
“ ဒီတပည့်ကလည်း... သေဆုံးသွားတာပဲလား”
ယွိကျင်တောင်ထွတ်သခင်က အင်တင်တင်နဲ့ ခေါင်းကို တဖက်လှည့်ထားပြီး သက်ပြင်းချလိုက်တော့တယ်။
“ ကျန်းထင်က ဝမ့်ကျန့်ဂိုဏ်းရဲ့ အရည်အချင်းအရှိဆုံးတပည့်တစ်ယောက် ဖြစ်ခဲ့တယ်လေ။ မရေမတွက်နိုင်တဲ့လူတွေက သူ့ရဲ့တိုးတက်မှုကို မျှော်လင့်နေကြတာပေါ့”
“ ကံဆိုးချင်တော့ ကျင့်ကြံရေးလောကက အမြဲတမ်းပြောင်းလဲနေပြီး အန္တရာယ်အပြည့်ရှိနေတာလေ။ ငါတို့တွေ မစောင့်ရှောက်ပေးနိုင်တဲ့ အခြေအနေတွေက အမြဲတမ်းရှိနေတယ်”
ဒီစကားကိုကြားလိုက်ရတဲ့အခါ ရှန်ယွင်အန်းရဲမျက်နှာက ဝမ်းနည်းတဲ့အရိပ်အယောင် ဖြစ်လာတော့တယ်။
“ ကျန်းထင် ဆုံးပြီးသွားတဲ့နောက်မှာ အကြီးအကဲကျန်း ပြုံးနေတာကို ဘယ်တော့မှ မမြင်ရတော့ဘူး”
စူးလီက သူမဘေးက ဝမ်းနည်းပြီး သက်ပြင်းချနေတဲ့ အမူအရာတွေနဲ့လူတွေကို ဘာမှမဖြစ်သလို လှမ်းကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်တော့တယ်။ သူမိန်းမ၊ သမီးနဲ့တပည့်တွေ သေသွားကြတယ်တဲ့လား။
ဒီကျန်းယွင်စယ်ဆိုတဲ့လူက သူ့ဘေးကလူတွေကို အရှုံးနဲ့ရင်ဆိုင်ရအောင် အထူးတလည် ကံတရားက သတ်မှတ်ထားလေသလား။
နောက်ပြီးတော့ ငါကလည်း တစ်ခုခုမှားနေတယ်လို့ ဘာလို့ အမြဲတမ်းထင်နေတာလဲ။
သူမက ဖြစ်ပျက်သွားတဲ့ကိစ္စတွေကိုကြည့်ဖို့ ကောင်းကင်စာအုပ်ကို ဖွင့်တော့မဲ့အချိန်မှာပဲ သန့်ရှင်းတဲ့ဝိညာဉ်စွမ်းအင်တစ်ခုက လူတွေကြားထဲမှာ တိတ်တိတ်ကလေး ဝင်ရောက်လာတော့တယ်။
“ ဂိုဏ်းချုပ်ကြီး၊ အကြီးအကဲ၊ တောင်ထွတ်သခင်တို့ မတွေ့ရတာကြာပြီးနော်”
စူးလီက အသံကိုကြားလိုက်ပြီး မော့ကြည်လိုက်တဲ့အခါ ဆံပင်ဖြူဖွေးနေတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
ဒီလူမှာ သိမ်မွေ့ပြီး တည်ငြိမ်တဲ့မျက်နှာတစ်ခုရှိတယ်။ သူ့ကြည့်ရတာ လုံးဝမာန်တက်နေတဲ့ပုံ မပေါ်ဘူး။ သူ့ရဲ့စိတ်နေသဘောထားက တည်ငြိမ်ပြီး အေးချမ်းနေတယ်။ သူ့ရဲ့ဆံပင်ဖြူတွေကြောင့် သူ့ကို သာမန်ဓားသိုင်းကျင့်ကြံသူ တစ်ယောက်မဟုတ်ပဲ နည်းနည်းလေး ပိုပြီးတော့ ဇင်ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေတယ်။ ဒါပေမဲ့လည်း ဒီလူက နည်းနည်းလေးတော့ ထူးဆန်းနေသေးတယ်လို့ သူမက ခံစားမိတယ်။
ဝမ့်ကျန့်ဂိုဏ်းက တခြားလူတွေကလည်း သူ့ကို မြင်လိုက်တယ်။ ချီမင်က ရှေ့ကို နှစ်လှမ်းတိုးသွားလိုက်ပြီး တဟင်းဟင်း ရယ်မောလိုက်ရင်းက ဟာသနှောကာ ပြောလိုက်တယ်။
“ အကြီးအကဲကျန်း ခင်ဗျားရဲ့ဖုံးကွယ်ထားတဲ့အရည်အချင်းက အခုတော့ ပိုပြီးတော့တောင် ကောင်းလာတာပဲ။ ခင်ဗျားက အသံလေးတချက် မလှုပ်လိုက်ဘူးဆိုရင်တောင် ကျုပ်တို့က ခင်ဗျားရှိနေတာကို သိရမှာမဟုတ်ဘူး”
“ ဂိုဏ်းချုပ်ကြီးက ရယ်စရာပြောနေပြန်ပါပြီ”
ကျန်းယွင်စယ်က ချီမင်ကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
“အကြီးအကဲကျန်းက ဒီနေ့မှ ဝမ့်ကျန့်ဂိုဏ်းကို ပြန်ရောက်လာတယ်၊ ဘာဖြစ်လို့ တောင်ထွတ်ဆီပြန်ပြီးတော့ ကောင်းကောင်းအနားမယူတာလဲ”
ရှန်ယွင်အန်းက ကျန်းယွင်စယ်က အဝတ်မလဲရသေးတာကို ကြည့်လိုက်ပြီး အဝတ်မလဲရသေးပဲ ဂိုဏ်းကိုပြန်ရောက်တာနဲ့ ချက်ချင်းဒီနေရာကိုလာခဲ့တာမှန်း သိလိုက်တယ်။
အကြီးအကဲကျန်းက ဝမ့်ကျန့်ဂိုဏ်ထဲမှာ အသွင်အပြင်ကို ဂရုအစိုက်ဆုံးလူတွေထဲက တစ်ယောက် ဖြစ်တယ်ဆိုတာ သူ မှတ်မိသေးတယ် မဟုတ်လား။
သူက စိတ်ထဲက သံသယတွေကို ဖိနှိပ်ထားလိုက်ပြီး သူကအပြုံးတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ဧကန္တ အကြီးအကဲကျန်းက ကျုပ်ကိုသတိရလို့ ကျုပ် ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သိလိုက်ပြီး မစောင့်နိုင်တော့ပဲ ကျုပ်ကိုလာရှာတာများလား”
သူ့စကားကို ကြားလိုက်ပြီးတဲ့အခါ ကျန်းယွင်စယ်က ဘာမှမတတ်နိုင်တော့သလို သိမ်မွေ့တဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ ကျုပ်က ဓားပျံနဲ့ ပြန်ရောက်လာတဲ့အချိန်မှာ ဂိုဏ်းချုပ်ကြီး၊ အကြီးအကဲအားလုံးနဲ့ တောင်ထွတ်သခင်တွေက ဒီနေရာမှာ စုဝေးနေတာ မြင်လိုက်ရတယ်လေ။ ဒီတော့ ကျုပ်က အားလုံးကို ဝင်နှုတ်ဆက်မယ်လို့ စဉ်းစားလိုက်တာ”
သူ့အဖြေကို ကြားလိုက်ရတဲ့အခါ ချီမင်ကအပြုံးတစ်ခုနဲ့ သူ့ပခုံးကိုပုတ်လိုက်ပြီး ပြောလိုက်တယ်။
“ ခင်ဗျား အချိန်မှန်ရောက်လာတာပဲ။ ချန်းဟန်က ခုထိ ဆရာတစ်ယောက်ကို မရွေးချယ်ရသေးဘူးလေ။ ဒီတော့ သူက အခုလောလောဆယ် ခင်ဗျားရဲ့ ရွှမ်းလင်တောင်ထွတ်မှာ နေလိမ့်မယ်”
ဒီလိုပြောလိုက်ပြီးတဲ့အခါ သူက လက်ကို ပြန်ချထားပြီး ရှန်ချန်းဟန်ရှိတဲ့ဖက်ကို ကြည့်လိုက်တယ် ။
“ ချန်းဟန် ဒါက အကြီးအကဲကျန်းယွင်စယ်လေ”
ရှန်ချန်းဟန်က ကျန်းယွင်စယ်ကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
“ မင်္ဂလာပါ အကြီးအကဲကျန်း”
ကျန်းယွင်စယ်က သူမကို တွဲထူဖို့အတွက် သူ့ရဲ့ဝိညာဉ်စွမ်းအင်တွေကို အသာအယာ အသုံးချလိုက်တယ်။ သူက အခိုက်အတန့် မှင်တက်အံ့ဩသွားပြီးတဲ့နောက်မှာ သူ့ရဲ့စိတ်ခံစားချက်တွေ အားလုံးကို ထိန်းချုပ်ထားလိုက်ပြီး နူးနူးညံ့ညံ့နဲ့ပြောလိုက်တယ်။
“ လိမ္မာလိုက်တဲ့ကလေးမလေးပဲ”
“ ချန်းဟန်က နတ်ဓားခန္ဓာပိုက်ဆိုင်ထားတဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ တပည့်အသစ်ပေါ့၊ ဟုတ်တယ်မလား”
သူက ချီမင်ဘက်ကို လှည့်ကြည်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုမရှိဘူးဆိုပေမဲ့လည်း သူအသံက ပိုပြီးစိတ်အေးရသလိုဖြစ်နေပြီး ရင်းနှီးကျွမ်းဝင်နေတော့တယ်။
“ဧကန္တ ဂိုဏ်းချုပ်ကြီးက ကျုပ် အထီးကျန်ပြီး ကူကယ်ရာမဲ့နေတာကို မြင်မိလို့ ကျုပ်အတွက် အရည်အချင်းရှိတဲ့ ဒီလိုတပည့်တစ်ယောက်ကို အထူးတလည် ရှာပေးထားတာလား”
ချီမင်က နည်းနည်းလေး အံ့ဩမှင်တက်သွားတယ်။ သူက ကျန်းယွင်စယ်ကို ကြည့်လိုက်ပြီး စူးစမ်းသလိုကြည့်လိုက်တယ်။
“ အကြီးအကဲကျန်း ခင်ဗျားကလည်း တပည့်တစ်ယောက်ကို လက်ခံချင်လို့လား”
“ ကျုပ်က အရမ်းကိုသီးသန့်ဆန်နေတယ်လို့ ခံစားရတာကြောင့် ချန်းဟန်ကလည်း ရွှမ်းလင်တောင်ထွတ်ကို ရောက်နှင့်နေပြီးဆိုတော့ ဒါက ရေစက်များလားလို့လေ”
ကျန်းယွင်စယ်က သူ့ရဲ့မွေးချင်းဓားပေါ်က ဓားအမြိတ်လေးကို ကြည့်လိုက်ပြီး တိမ်ဝင်နေတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ကျုပ်က ဒါကို လက်လွှတ်ဖို့ ကြိုးစားသင့်ပြီးလေ”
ချီမင်က ဒီစကားကိုကြားလိုက်ရတဲ့အခါ ခေါင်းခါလိုက်ပြီး ဆွံအသွားတော့တယ်။
သူက ရှန်ချန်းဟန်ကို သူ့တပည်အဖြစ်ခေါ်ယူဖို့ အမြဲတမ်း ဆန္ဒရှိနေခဲ့ပေမဲ့လည်း ကျန်းယွင်စယ်ကသာ တကယ်တမ်း ရှန်ချန်းဟန်ကို သူတပည့်အဖြစ် လက်ခံလိုတယ်ဆိုရင် သူက သူနဲ့ယှဉ်ပြိုင်လိမ့်မှာ မဟုတ်တော့ဘူးပေါ့။
နောက်ဆုံးတော့ ကျန်းယွင်စယ်က နှစ်တစ်ရာကြာပြီးတဲ့နောက်မှာမှ တပည့်တစ်ယောက်ကို လက်ခံဖို့စိတ်ကူးရှိလာတာလေ။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီတစ်ခါတော့ သူက ကျန်းယွင်စယ်အပေါ်ကို သဘောထားသေးသိမ်နေလို့ မရနိုင်ဘူးမလား။
အရေးကြီးဆုံးကိစ္စက ကျန်းယွင်စယ်က ဓားသိုင်းကျင့်ကြံရေးမှာ ပညာရှင်တစ်ယောက် ဖြစ်နေတာလေ။ တကယ်လို့ သူက ရှန်ချန်းဟန်ကို သူ့တပည့်အဖြစ် လက်ခံခဲ့မယ်ဆိုရင် သူ့မှာ တပည့်တစ်ယောက်တည်း ရှိတာဖြစ်ပြီးတော့ သူကလည်း သူမကို သေချာပေါက် ဂရုတစိုက်နဲ့ သင်ကြားပြသပေးလိမ့်မယ်။
ဒီအကြောင်းကိုစဉ်းစားလိုက်ပြီးတဲ့အခါ သူက ခေါင်းကို အနည်းငယ် ပြန်မော့လာပြီး အားလုံးရဲ့အမူအရာကို အကဲခတ်ကြည့်လိုက်တယ်။
ရှန်ချန်းဟန်ကို သူ့တပည့်အဖြစ် ခေါ်ယူချင်ဆုံးဖြစ်နေတဲ့ ယွိကျင်တောင်ထွတ်သခင်ကတောင် သူ့ကို ခေါင်းညိတ်ပြလိုက်တာ မြင်လိုက်ရတဲ့အခါ သူကလည်း ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
“အကြီးအကဲကျန်းက တပည့်တစ်ယောက်ကိုလက်ခံဖို့ ဆုံးဖြတ်ထားပြီပြီးဆိုတော့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကျုပ်က အားပေးရမှာပေါ့”
ချီမင်က လက်နောက်ပစ်လိုက်ပြီး အပြုံးတစ်ခုနဲ့ ကျန်းယွင်စယ်ကို ကြည့်လိုက်တယ်။
“ ဒါပေမဲ့ ခင်ဗျားက ချန်းဟန်ရဲ့ဆရာတစ်ယောက် ဖြစ်လာဖို့ဆိုတာကတော့ ခင်ဗျားရဲ့ လိုက်လျောပေးနိုင်မှုအပေါ်မှာ မူတည်သေးတယ်”
သူ့စကားကို ကြားလိုက်ရပြီးတဲ့အခါ ကျန်းယွင်စယ်က မသိမသာ မျက်မှောင်ကြုတ်သွားတော့တယ်။ ကြည့်ရတာဝမ့်ကျန့်ဂိုဏ်းက ရှန်ချန်းဟန်ကို တကယ်တန်ဖိုးထားပြီး သူမကိုလည်း သူ့ကိုယ်ပိုင်ဆရာကို ရွေးချယ်ခွင့်ပေးထားတာပဲ။
အဲဒီနောက်မှာ သူက သူရဲ့ခံစားချက်အားလုံးကို ဖုံးကွယ်ထားပြီး အဲဒီနောက်မှာ သူက နူးညံ့သိမ်မွေ့မှုတစ်ခုကို အသုံးချလိုက်ပြီး သူရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်ကာ ချီမင်ကို လေးလေးနက်နက်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ ဂိုဏ်းချုပ်ကြီးက လုံးဝမှန်ပါတယ်”
သူက ခေါင်းကိုလှည့်လိုက်ပြီး ရင်းနှီးဖော်ရွေ့တဲ့ အပြုအမူတစ်ခုနဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်တယ်။
“ ချန်းဟန် မင်းက ငါကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိသလား”
“မင်းက ခေါင်းညိတ်လိုက်သရွေ့ ငါ ကျန်းယွင်စယ်ရဲ့တပည့် ဖြစ်လာလိမ့်မယ်။ ငါက နည်းနည်းလေး စည်းကမ်းတင်းကျပ်ကောင်း တင်းကျပ်လိမ့်မယ်။ ငါ့မှာရှိသမျှ အရာအားလုံးကို မင်းကို လိုလိုလားလားနဲ့ သင်ပေးဖို့ ဆန္ဒရှိပါတယ်”
သူ့စကားကို ကြားလိုက်ရပြီးတဲ့အခါ ရှန်ယွင်အန်းက မနေနိုင်ဘဲ ရယ်မောကာ ပြောလိုက်တော့တယ်။
“အကြီးအကဲကျန်း ခင်ဗျားက ကိုယ့်ဟာကို ထုတ်ဖော်ပြောပြဖို့တွက် စည်းကမ်းတင်းကျပ်တယ်ဆိုတဲ့ စကားကို သုံးလိုက်တာပဲ”
ကျန်းထင်ကို သူ့တပည့်အဖြစ်လက်ခံပြီးတဲ့နောက်မှာ သူက သူမကို ချစ်ခင်မြတ်နိုးပေးခဲ့တယ်။ တစ်ခါတလေ သူမက အချိန်အကြာကြီး ဓားသိုင်းကျင့်ကြံတဲ့အခါ သူမကို ခဏလောက်အနားယူဖို့ တတ်နိုင်တာအကုန်လုံးကို လုပ်ပေးသေးတယ်။
သူ့ကို စည်းကမ်းတင်းကျပ်တယ်လို့ သတ်မှတ်ခဲ့တယ်ဆိုရင် ဝမ့်ကျန့်ဂိုဏ်းက ဘယ်ဆရာကမှ စည်းကမ်းမတင်းကျပ်တဲ့သူ ရှိတော့မှာမဟုတ်ဘူး။
သူ့စကားမဆုံးသေးခင်မှာပဲ လေထဲက ရင်းနှီးတဲ့အသံတစ်ခုကို ကြားလိုက်ရတော့တယ်။
[ဟုတ်နေပါပြီး ကျန်းယွင်စယ်က တစ်ခုခု မူမမှန်တာပဲ]
ကျန်းယွင်စယ်ရဲ့မျက်နှာက မသိမသာအေးခဲသွားပြီး သူ့ရဲ့လှုပ်ရှားပုံကိုလည်း အခိုက်အတန့်ဆိုသလို တုံ့ဆိုင်းသွားတယ်။
ဒီထူးဆန်းတဲ့အသံက ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာပြန်ပြီလား။
သူ့ဘေးနားကလူတွေရဲအကြည့်ထဲမှာ ရုတ်တရက်အပြောင်းအလဲကို ခံစားလိုက်ရတဲ့အခါ သူက ရှန်ချန်းဟန်ဆီကို ဆန့်ထားတဲ့သူ့လက်ကို ပြန်ပြီးတော့သိမ်းထားလိုက်တယ်။
လျှပ်တပြက်အတွင်းမှာ သူ့ရဲ့စိတ်ထဲမှာ ဖြစ်နိုင်တဲ့အတွေးတွေ ဝင်လာခဲ့ပေမဲ့လည်း နောက်ဆုံးတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ အဲဒီနေရာမှာ ဆက်ရပ်နေလိုက်ပြီး သဘောထားတခုတည်းနဲ့ မပြောင်းမလဲ တုံ့ပြန်ဖို့အသင့်ပြင်ထားလိုက်တယ်။
သူဘေးက ရှန်ယွင်အန်းက မှင်တက်အံ့ဩသွားပြီး သူများ နားကြားမှားလေသလားလို့ သံသယဖြစ်သွားတော့တယ်။
အကြီးအကဲကျန်းက ဘာတွေမူမမှန်အောင်ဖြစ်နိုင်မှာလဲ။
ဒါပေမဲ့လည်း အပြင်လောကကလာတဲ့အသံကို ယုံကြည်နေမိတာကြောင့် သူက ရှေ့ကို နှစ်လှမ်းတိုးသွားလိုက်ပြီး ရှန်ချန်းဟန်ရဲ့ရှေ့မှာရပ်လ်ုက်တယ်။
သူက လက်တစ်ဖက်ကို ကျန်းယွင်စယ်ပေါ်ကို တင်လိုက်ပြီး မျက်နှာပေါ်မှာ ရင်းနှီးတဲ့အကြည့်တစ်ခုနဲ့ သူ့ကိုပြန်ဆွဲထားလိုက်ကာ။
“ အကြီးအကဲကျန်း ခင်ဗျားက ဘာလို့အဲလောက်အလျင်လိုနေတာလဲ”
“ ချန်းဟန်က ဝမ့်ကျန့်ဂိုဏ်းမှာ တစ်ချိန်လုံရှိနေတာပဲ။ သူ ထွက်မပြေးပါဘူး”
ကျန်းယွင်စယ်က သူ့စိတ်ထဲက ခံစားချက်အားလုံးကို မျိုသိပ်ထားလိုက်ပြီး ကူကယ်ရာမဲ့နေသလို ပြုံးနေလိုက်တယ်။
“ ကျုပ်က အရမ်းကိုစိတ်လှုပ်ရှားသွားလို့ပါ”
“ကျုပ်က အခုမှဝမ့်ကျန့်ဂိုဏ်းကို ပြန်ရောက်လာတာလေ။ အဝတ်အစားလဲဖို့ ရွှမ်းလင်တောင်ထွတ်ကို ပြန်လိုက်အုံးမယ်။ နောက်မှ ခင်ဗျားတို့အားလုံးနဲ့အတူတူ တစ်ခွက်လောက်သောက်ကြတာပေါ့” သူက သူ့ပခုံးကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ရှန်ယွင်အန်းရဲ့လက်ထဲက လွတ်မြောက်အောင် လုပ်လိုက်တယ်။
“ ကျုပ် အရင်ဆုံး သွားလိုက်ပါအုံးမယ်”
သူ့ခြေထောက်ကို မြှောက်လိုက်တဲ့အခိုက်အတန့်မှာပဲ ထိတ်လန့်စရာကောင်းတဲ့အသံတစ်ခုက ကောင်းကင်ကနေ ထွက်ပေါ်လာတော့တယ်။
[ ကျန်းထင်က ကျန်းယွင်စယ်သတ်တာ ခံလိုက်ရတယ်တဲ့]
ဝမ့်ကျန့်ဂိုဏ်းက လူအားလုံး: “....”
ကျန်းယွင်စယ်နဲ့ အနီးဆုံးနေရာမှာရှိနေတဲ့ ရှန်ယွင်အန်းက အေးစက်တဲ့ရုပ် ဖြစ်သွားတော့တယ်။ သူက သူရဲ့ညာဘက်လက်ကို ဆန့်လိုက်ပြီး ကျန်းယွင်စယ်ရဲ့ဘယ်ဘက်လက်ပေါ်က အဓိကသွေးကြောကို တင်းကျပ်နေအောင် ဖမ်းဆုပ်ထားလိုက်တယ်။
“အကြီးအကဲကျန်း ခင်ဗျားအရင်ဆုံး နေခဲ့သင့်တယ်။ ကျုပ်က ခင်ဗျားနဲ့အတူတူ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောချင်သေးတယ်”
သူ့ရဲ့ လှုပ်ရှားမှုနောက်မှာတော့ ဝမ့်ကျန့်ဂိုဏ်းသားတွေအားလုံးကလည်း ဘာအရိပ်အယောင်မှမပြဘဲ လူစုခွဲလိုက်ကြပြီး ကျန်းယွင်စယ်ရဲ့ ထွက်ပေါက်ကို ပိတ်ထားလိုက်ကြတယ်။
အပြင်လောကကလာတဲ့အသံက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။ ဒီအပြင် ကျန်းယွင်စယ်ရဲ့ တုံ့ပြန်မှုတွေကလည်း အရမ်းကိုထူးဆန်းနေတယ်။
စူးလီက ခေါင်းကို မော့လိုက်ပြီး သူတို့ကြားမှာဖြစ်နေတဲ့ ရှုပ်ထွေးတဲ့အနေအထားကို သတိမထားမိလိုက်ဘူး။ ရှန်ယွင်အန်းနဲ့ ကျန်းယွင်စယ်တို့က အချင်းချင်းပခုံးဖက်ထားတာကို တွေ့လိုက်ရတဲ့အခါ သူတို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိရမယ်လို့ သူမက ခံစားမိလိုက်တယ်။
ကောင်းကင်စာအုပ်ထဲမှာ ဖတ်ခဲ့တဲ့အကြောင်းအရာကို စဉ်းစားလိုက်မိပြီး မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်တော့တယ်။
[လူတစ်ယောက်ရဲ့စိတ်ကို မျက်နာကိုကြည့်ရုံနဲ့တော့ ဘယ်တော့မှ မသိနိုင်ဘူးပဲ]
[ကျန်းယွင်စယ်က နှစ်ငါးဆယ်လောက် ဆရာကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်ထားပြီး သူက ကျန်းထင်ကို သမီးရင်းတစ်ယောက်လို ဆက်ဆံတယ်လို့ အားလုံးကို ထင်မြင်အောင် လှည့်စားထားခဲ့တယ်]
[ဒါပေမဲ့ ကျန်းထင်က လျှို့ဝှက်နယ်မြေထဲမှာ သေခဲ့တာမဟုတ်ပဲ သူ့ရဲ့အယုံကြည်ရဆုံးဆရာရဲ့ လက်ထဲမှာ သေခဲ့အကြောင်းကိုတော့ ဘယ်သူကမှ မခန့်မှန်းမိကြဘူး]
[ အဲဒီနောက်မှာ သူမရဲ့ဆရာက သူ့ကို ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲလိုက်ပြီးနောက်မှာ ဘာသဲလွန်စမှ မချန်ခဲ့တော့ဘူး]
အပြင်လောကကလာတဲ့အသံကို ကြားပြီးလိုက်ရတဲ့နောက်မှာ ဝမ့်ကျန့်ဂိုဏ်းက လူတွေအားလုံးက ကျန်းယွင်စယ်ကို ငေးကြည့်လိုက်ကြပြီး ချီမင်ရဲ့မျက်လုံးထဲမှာတော့ သွေးများနီရဲသွားတော့တယ်။
ကျန်းယွင်စယ်က ကျန်းထင်ကို ဘာဖြစ်လို့သတ်ပစ်ခဲ့တာလဲ။
သူမက သူရဲ့တပည့်လေ။ သူမက သူ့ကို အဖေတစ်ယောက်လို အမြဲတမ်းသတ်မှတ်ထားခဲ့တာ။ သူက ဘယ်လိုဖြစ်ပြီး သူမအပေါ် ဒီလိုလုပ်နိုင်ရက်တာလဲ။
စူးလီကလည်း ကျန်းယွင်စယ်က ကျန်းထင်ကို တိုင်ခိုက်ရတဲ့အကြောင်းအရင်းကို အင်မတန်သိချင်နေမိတယ်။
[ မဟုတ်မှလွဲရော... ကျန်းယွင်စယ်က ကျန်းထင်ရဲ့အရည်အချင်းတွေကို မနာလိုဖြစ်နေလို့___ ]
[ ဟိုက်__ ဓားဝိညာဉ်ကြောင့် ဖြစ်နေတာပဲ]
[ ကျန်းယွင်စယ်ရဲ့ဓားဝိညာဉ်က တစ်ခုခုမူမမှန်ဘူးပဲ]
သူ့စကားကို ကြားလိုက်ရပြီးတဲ့အခါ ဝမ့်ကျန့်ဂိုဏ်းကလူတွေအားလုံးက အမှတ်တမဲ့ ကျန်းယွင်စယ်ရဲ့ မွေးချင်းဓားကို ကြည့်လိုက်ကြတယ်။ ဒီနေ့လိုအခါမျိုးမှာဆို ကျင့်ကြံရေးလောကထဲမှာ ဓားဝိညာဉ်ပိုင်ဆိုင်ထားတဲ့သူက သုံးယောက်ပဲရှိတယ်။ သူတို့တွေထဲကတစ်ယောက်က ချီမင် ဝမ့်ကျန့်ဂိုဏ်းရဲ့ဂိုဏ်းချုပ်။ သူ့ဓားက နှစ်ထောင်ပေါင်းများစွာကတည်းက ဝမ့်ကျန့်ဂိုဏ်းမှာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဝိညာဉ်ဓားတစ်ခု။ သူ့မှာ ဓားဝိညာဉ်တစ်ခုရှိတယ်ဆိုပေမဲ့ ဓားဝိညာဉ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကြနေခဲ့တာ အလွန်မှ ကြာညောင်းနေပြီးဖြစ်ပြီး အရေးတကြီး ကိစ္စမရှိဘူးဆိုရင် သူက နိုးထလာလိမ့်မှာ မဟုတ်ဘူး။
နောက်တစ်ခုကတော့ အချိန်တစ်ခုတုန်းက သူ့ရဲ့ဓားဝိညာဉ်က ကိုယ့်ဟာကို သင်းကွပ်ခဲ့ရတဲ့ရန်ရွှီဖြစ်ပြီး သူ့ဓားဝိညာဉ်ကလည်း မကြာခဏဆိုသလို နှုတ်ဆိတ်နေတတ်တယ်။
နောက်ဆုံးတစ်ခုကတော့ ကျန်းယွင်စယ်။
ကျန်းယွင်စယ်ရဲ့ဓားဝိညာဉ်က တည်ရှိလာတာ နှစ်ပေါင်းနှစ်ရာကျော်ပြီ။
ဒါပေမဲ့ဒီအကြောင်း ပြန်စဉ်းစားကြည့်လိုက်တော့ ကျန်းယွင်စယ်က သူ့ရဲ့ဓားကို ဆွဲထုတ်တာ မမြင်ခဲ့ဖူးသလိုပဲ။ ဓားဝိညာဉ်တွေက သူ့ကိုအဝေးတစ်နေရာကပဲ အများဆုံးကြည့်နေရပြီး သေသေချာချာ လေ့လာဖို့ အခွင့်အရေးမရခဲ့ကြဘူး။
ကျန်းယွင်စယ်က ကျောဘက်မှာ ချွေးစေးတွေ ပြန်လာတော့တယ်။ သူက မျက်ထောင့်ကနေပြီး သူ ပတ်ဝန်းကျင်ကို လေ့လာလိုက်တဲ့အခါ ဝန်းရံထားတဲ့လူတွေကြောင့် ထွက်ပြေးဖို့မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတော့တယ်။
ဘာလုပ်ရမလဲ။
လက်နောက်ပစ်ထားတဲ့သူ့ရဲ့ညာဘက်လက်က မသိမသာတုန်ယင်လို့နေတယ်။ ထူးဆန်းတဲ့အသံက အခုအချိန်မှာ ဝမ့်ကျန်ဂိုဏ်းကို ပစ်မှတ်ထားနေမှန်း ကြိုသိခဲ့ရင် သူက ဘယ်တော့မှ ပြန်လာမှာတောင် မဟုတ်ဘူး။
ရှန်ချန်းဟန်က ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတဲ့ လူတစ်ယောက်သက်သက်ပဲ။ သူ့အတွက် စွန့်စားဖို့ အဲလောက်မတန်ဘူးလေ။
“အကြီးအကဲကျန်း ကျုပ်တို့တွေ အချင်းချင်းသိလာကြတာ နှစ်တွေအရမ်းကြာနေပြီပဲ။ ဒါပေမဲ့ ကျုပ်က ခင်ဗျားရဲ့ မွေးချင်းဓားကို အနီးကပ် မကြည့်ခဲ့ဖူးဘူးထင်တယ်”
ရှန်ယွင်အန်းရဲ့ ဝိညာဉ်စွမ်းအားတွေက သူ့ရဲ့လက်ထဲမှာ လှိုက်တက်လာပြီး ကျန်းယွင်စယ်ရဲ့ ဘက်ဘက်လက်ပေါ်က အသက်သွေးကြောကို တင်းကျပ်နေအောင် ထိန်းချုပ်ထားလိုက်တယ်။ သူ့ရဲ့အသံကလည်း ရှင်းမပြတတ်အောင် အေးစက်လို့နေတယ်။
“ အခု နောက်ဆုံးတော့ အကြီးအကဲကျန်းနဲ့ တွေ့ရပြီးဆိုတော့ ခင်ဗျားက ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမလား သိချင်မိတယ်၊ ခင်ဗျားရဲ့ဓားဝိညာဉ်ရဲ့ ခမ်းနားနေမှုကြီးကို ကြည့်ချင်မိတယ်”
ကျန်းယွင်စယ်က သူ့ထိန်းချုပ်မှာအောက်ကနေ လွတ်မြောက်နိုင်တယ်ဆိုရင်တောင် ဒီအချိန်မှာ သူက မလှုပ်ရဲသေးဘူး။ သူက လှုပ်ရှားလိုက်တာနဲ့ ဒီနေရာမှာရှိနေတဲ့ အားလုံးကို စစ်ကြေညာလိုက်မိသလို ဖြစ်သွားလိမ့်မယ်။
...