← Chapters

အခန်း ၅၆

Vol. 4 Ch. 56

အခန်း ၅၆

Vol. 4 Ch. 56

အပိုင်း (၅၆)

ဒီလူတွေ ဝိုင်းဖမ်းနေရာကနေ အနာတရ မဖြစ်ဘဲ ထွက်သွားနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။

“ကျုပ်က သဘောမတူချင်လို့တော့ မဟုတ်ပါဘူး အကြီးအကဲရှန်ရယ် ဒါပေမဲ့ ဓားဝိညာဥ်က အခုအိပ်ပျော်နေတာ”

[ကျန်းယွင်စယ်က သူ့ရဲ့ဓားဝိညာဥ်ကို ဘယ်လိုလုပ်ပြီး ထုတ်ပြရဲမှာလဲ]

[သူ့ရဲ့ ဟွာရန်ဓားက ဓားဝိညာဥ်မှ မဟုတ်တာ]

ကျန်းယွင်စယ်ရဲ့ မျက်လုံးတွေထဲက သိမ်မွေ့နူးညံ့တဲ့ တည်ကြည်မှုတွေက ချက်ချင်းဆိုသလို ကွဲအက်သွားပြီး အဲဒီ အစား ရူးသွပ်မှုအနည်းငယ် စွန်းထင်းနေတော့တယ်။ သူ့မှာ ဘာဖြစ်လို့ ဓားဝိညာဥ်တစ်ချောင်း မရှိရမှာလဲ။ နှစ်နှစ်ရာလုံးလုံး သူ့ဓားဝိညာဥ်က ဒီမှာ အမြဲတမ်း ရှိနေတာပဲ။

ဝမ့်ကျန့်ဂိုဏ်းက လူအားလုံးက တဒင်္ဂအတွင်း မှင်တက်အံ့သြသွားကြတော့တယ်။ ကျန်းယွင်စယ်မှာ ဓားဝိညာဥ်တစ်ချောင်း မရှိဘူးတဲ့လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျန်းယွင်စယ်ရဲ့ ဓားဝိညာဥ်ကို ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကတောင် အသိအမှတ် ပြုပေးခဲ့တာပဲ။

[ကျန်းယွင်စယ်ရဲ့ မွေးချင်းဓားပေါ်က ဓားဝိညာဥ်က သူ့ရဲ့တပည့်အရင်းရဲ့ အသွေးအသား စိတ်ဝိညာဥ်တွေနဲ့ လုပ်ထားတဲ့ ဓားဝိညာဥ်အတုလေ]

[သူနဲ့ အရမ်းကိုရင်းနှီးတဲ့ တစ်စုံတစ်ယောက်ရဲ့ အသွေးအသားနဲ့ ထူးခြားတဲ့ ပါရမီရှိတဲ့သူကသာ သူ့ဓားပိုင်ဆိုင်နိုင်တဲ့ ဓားဝိညာဥ်တစ်ချောင်း ဖြစ်နိုင်တာလေ]

[ဒါကြောင့်မလို့လဲ သူက ကျန်းထင်ကို သူ့ရဲ့တပည့်အဖြစ် အစကတည်းက လက်ခံလိုက်တာက သူ့ရဲ့မွေးချင်းဓားအတွက် သူမကို ယဇ်ကောင်အဖြစ် အသုံးချဖို့ပဲလေ]

[ကျန်းထင်က သူရဲ့အယုံကြည်ရဆုံးသော ဆရာရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တာ၊ သူ့ရဲ့အရိုးတွေကို ခြေမွှလိုက်ပြီး သူ့ရဲ့ပြာတွေလဲ ပြန့်ကျဲသွားတယ်၊ သူ့မှာရှိတဲ့ အရာအားလုံးက ကျန်းယွင်စယ်ရဲ့ ဟွာရန်းဓားအတွက် အာဟာရ ဖြစ်လာခဲ့တော့တာပဲ]

ချီမင်က ကျန်းယွင်စယ်ကို စိုက်ကြည့်နေပြီး သူရဲ့မျက်လုံးတွေက သွေးထွက်တော့မတတ် နီရဲနေကာ သူ့နှုတ်ခမ်းတွေကလဲ တုန်ယင်နေပြီး ဒေါသကြောင့် စကားတစ်လုံးမှမပြောနိုင်ဘဲ ဖြစ်နေတော့တယ်။ ဒါပေမဲ့လဲ သူ့လက်ကတော့ ဘေးက သူ့ရဲ့မွေးချင်းဓားကို ဆုပ်ကိုင်ပြီး ဖြစ်နေတော့တယ်။

မင်းရဲ့မွေးချင်းဓားအတွက် တပည့်တွေကို ယဇ်ကောင်အဖြစ် အသုံးချရဲတယ်။

ဝမ့်ကျန့်ဂိုဏ်းမှာ ကျန်းယွင်စယ်လို တိရစ္တာန်ကောင်မျိုး ရှိနေရတယ်လို့။ ဒါက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်တဲ့ သူ မျက်စိလျှမ်းခဲ့မိတာပဲ။

သူက သူ့ရဲ့မွေးချင်းဓားကို တစ်လက်မချင်းစီ ဆွဲထုတ်လိုက်တယ်။ ဒီနေ့ သူက ဝမ့်ကျန့်ဂိုဏ်းအတွက် အရှုပ်တော်ပုံတွေကို ရှင်းလင်းပစ်ရလိမ့်မယ်။

[ကျန်းယွင်စယ်က ဒီနေ့ ဝမ့်ကျန့်ဂိုဏ်းကို ပြန်ရောက်လာခဲ့တယ်၊ ထင်ထားတဲ့အတိုင်းပဲလေ၊ သူက ရှန်ချန်းဟန်နဲ့ ရန်ရွှီတို့ကို မျက်စိကျနေတာ]

[ဓားဝိညာဥ်တစ်ခု ပိုင်ဆိုင်ထားတဲ့ တပည့်တစ်ယောက်၊ နတ်ဓားခန္ဓာကိုယ်တစ်ယောက်၊ ကျန်းယွင်စယ်က တကယ့်ကို ကောင်းကောင်းလေး အစီအစဥ်ချထားတာပဲ]

ရှန်ယွင်အန်းနဲ့ ချီမင်တို့က ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူတို့တွေက တစ်ကြိမ်တည်းမှာ သူတို့တွေရဲ့မှော်ဓားကို ဆွဲထုတ်လိုက်ပြီး ကျန်းယွင်စယ်ကို အတူတူ တိုက်ခိုက်ကြတော့တယ်။

ကျန်းယွင်စယ်ရဲ့ သိုင်းပညာက လူနှစ်ယောက် ဆက်တိုက်တိုက်ခိုက်တာကို ခံနိုင်ရည်ရှိဖို့ မလုံလောက်ဘူး။ သူက မတတ်သာတော့ဘဲ သူရဲ့မွေးချင်းဓားကို ဆွဲထုတ်ကာ ပြန်လည်တိုက်ခိုက်ရတော့တယ်။

ချက်ချင်းဆိုသလို ယွိကျင်တောင်ထွတ်သခင်က သူ့နောက်နှာရှိနေတဲ့ ရှန်ချန်းဟန်နဲ့ စူးလီကို ကာကွယ်ပေးထားလိုက်တယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေက လေထဲမှာ တိုက်ခိုက်နေတဲ့သုံးယောက်ကို အနီးနားမှာ စောင့်ကြည့်နေလိုက်ကြပြီး သူတို့ရဲ့လက်တွေကလဲ သူတို့ရဲ့ မွေးချင်းဓားပေါ် ရောက်နှင့်နေတော့တယ်။

စူးလီက ဆူညံသံကို ကြားလိုက်ပြီး နောက်ဆုံးတော့ ကောင်းကင်စာအုပ်ကနေ ခေါင်းကို မော့ကြည့်လိုက်တယ်။ သူက ဓားစွမ်းအင်တွေ စီးဆင်းနေတဲ့ လေထဲကလူသုံးယောက် တိုက်ခိုက်နေတာကို ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားတယ်။

[ဝမ့်ကျန့်ဂိုဏ်းက လူတွေက အဲလိုပဲ ရုတ်တရက်ကြီး ယှဥ်ပြိုင်တတ်ကြတာလား]

ဒီအချိန်မှာပဲ ချီမင်ရဲ့ ဒေါသထွက်နေတဲ့ အသံက ရုတ်တရက်ဆိုသလို လေထဲက ထွက်လာတော့တယ်။

“ကျန်းယွင်စယ် ကျန်းထင်ရဲ့ ဝိညာဥ်စွမ်းအင်တွေက ဘာဖြစ်လို့ မင်းရဲ့ ဟွာရန်ဓားရဲ့ ဓားဝိညာဥ်ပေါ်မှာ ရှိနေတာလဲ”

[ဝိုး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလဲ ထပ်ပြီး ဉာဏ်ပိုကောင်းလာတာပဲ၊ သူက ကျန်းယွင်စယ်ရဲ့ မွေးချင်းဓားပေါ်မှာ တစ်ခုခု မူမမှန်တာကို ချက်ချင်း သတိထားမိသွားတယ်]

ဓားဝိညာဥ်အတုရဲ့ အကူအညီနဲ့ ကျန်းယွင်စယ်က လူနှစ်ယောက်ရဲ့ ချဥ်းနင်းတိုက်ခိုက်တာကို ခက်ခက်ခဲခဲ ခုခံနေရတယ်။

ချီမင်ရဲ့ မေးခွန်းကို ကြားလိုက်တဲ့အချိန်မှာ ခုချိန်မှာ သူဘာကိုပဲပြောပြော ဘယ်သူမှ သူ့ကို ယုံမှာမဟုတ်ဘူးဆိုတာ သိလိုက်တော့တယ်။

ရှန်ယွင်အန်းရဲ့ ဓားစွမ်းအင်တွေကို ကောင်းကောင်းကာကွယ်ဖို့ သူ့ရဲ့ဓားကို ဝှေ့ယမ်းပြီး သူက ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်တယ်။

“ကျုပ်က ကျန်းထင်ကို မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေ အရင်းအမြစ်တွေ ပေးခဲ့တာပဲ၊ သူက ကျုပ်ကို ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားရမှာပေါ့”

ကျန်းယွင်စယ်မှာ အရင်တုန်းက ရှိခဲ့ဖူးတဲ့ သိမ်မွေ့မှုတွေ လွတ်လပ်ပေါ့ပါးမှုတွေ မရှိနေတော့ဘူး။ သူရဲ့ မျက်လုံးထဲမှာ မွန်းကြပ်ဖို့ကောင်းတဲ့ ဆိုးညစ်မှုတွေနဲ့ နီရဲနေတော့တယ်။

“သူကပဲ ကျုပ်ကို အချစ်ဆုံး၊ အလေးစားဆုံး၊ ကျုပ်စကားကို နားထောင်ဆုံးသူ မဟုတ်လား”

“သူက ကျုပ်ရဲ့ ဓားဝိညာဥ် ဖြစ်လာသင့်တယ်”

“တိရိစ္ဆာန်ကောင်၊ ကျန်းထင်က မင်းရဲ့တပည့်လေ”

ချီမင်က အံကြိတ်လိုက်ပြီး သူ့ဓားပေါ်က ဓားစွမ်းအင်တွေက ပိုပြီး ကြောက်စရာကောင်းလာကာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာအားလုံးကို ဖြတ်တောက်နိုင်တော့မဲ့အတိုင်းပဲ။

“သူက မင်းကို သူ့ရဲ့အဖေအရင်းလို သဘောထားခဲ့တာ၊ မင်းကတော့ သူ့ကို ဒီလို ဆက်ဆံရက်ရသလား”

ကျန်းယွင်စယ်က နောက်ကို ခုန်မရှောင်နိုင်တော့ဘဲ သူခန္ဓာကိုယ်ပေါ်မှာ နက်ရှိုင်းတဲ့ဒဏ်ရာတစ်ခု ရသွားခဲ့တယ်။ သူ့မျက်လုံးတွေထဲမှာလဲ ရူးသွပ်တဲ့အရိပ်အယောင်တစ်ခု ရှိနဲ့နေတယ်။

“အဲဒီတော့ ဘာဖြစ်လဲ၊ ဟွာရန်ဓားရဲ့ ဓားဝိညာဥ်အတွက် အရာအားလုံးက ထိုက်တန်တယ်”

စူးလီက လေထဲကလူတွေရဲ့ စကားဝိုင်းကို နားထောင်လိုက်ပြီး ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။

[ငါ မှတ်မိနေတာက ကျန်းထင်က လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက သေသွားတာပါ၊ ဒါပေမဲ့ ကျန်းယွင်စယ်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ရာကတည်းက ဓားဝိညာဥ်တစ်ချောင်းကို ပိုင်ဆိုင်ပြီးသားဖြစ်နေတာ မဟုတ်လား]

လေထဲကတိုက်ခိုက်မှုတွေက အခိုက်အတန့် ရပ်တန့်သွားပြီးနောက် ပိုပြီး ပြင်းထန်လာတော့တယ်။

ကျန်းယွင်စယ်က ဒေါသ ထွက်သွားတော့တယ်။ သူရဲ့ဒဏ်ရာကို ဂရုစိုက်မနေတော့ဘဲ ချီမင်နဲ့ ရှန်ယွင်အန်းကို ထိတ်ထိတ်ပျာပျာနဲ့ တိုက်ခိုက်တော့တယ်။

[လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ကျန်းယွင်စယ်က သူ့မိန်းမနဲ့သူ့သမီးကို ဓားဝိညာဥ်အတွက် စွန့်လွှတ်ခဲ့တာပဲ]

[သူ့မိန်းမက အခက်ခဲဆုံးအချိန်တွေမှာ သူနဲ့အတူ အဖော်ပြုပေးခဲ့ပြီး သူ့သမီးဆိုတာကလဲ ဆယ်နှစ်တောင် မပြည့်သေးဘူး၊ သူ သူ့သမီးကို မသတ်ခင်တုန်းကတောင် သမီးဖြစ်သူက မွေးနေ့အတွက် သူ ဘာလက်ဆောင်များ ပေးမှာလဲလို့ စဥ်းစားနေသေးတယ်]

[ဒါက ဘယ်လို တိရိစ္ဆာန်ကောင်မျိုးပါလိမ့်]

ဘယ်လို။

ဝမ့်ကျန့်ဂိုဏ်းက လူတွေအားလုံးက မယုံမကြည်နဲ့ ကျန်းယွင်စယ်ကို ကြည့်လိုက်ကြတယ်။

မိန်းမနဲ့ ကလေးတွေကို သတ်လိုက်တာ ကျန်းယွင်စယ်တဲ့။

သူ ရူးနေတာလား။ ကျားတစ်ကောင်ကတောင် သူ့ကလေးတွေကို မစားဘူးလေ။

ကျန်းယွင်စယ်ရဲ့ စိတ်တို့က ဗရမ်းဗတာ ဖြစ်သွားတော့တယ်။ ရှန်ယွင်အန်းက အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး ကျန်းယွင်စယ်ရဲ့ မွေးချင်းဓားကို ပုတ်ထုတ်လိုက်တယ်။ ချီမင်က ဓားတစ်ချောင်းနဲ့ သူရဲ့ ဝိညာဥ်သွေးကြောကို ဖျက်ဆီးပစ်လိုက်ပြီး သူ့ကို မြေကြီးပေါ် ကန်ချပစ်လိုက်တယ်။

ကျန်းယွင်စယ်က သွေးတွေကို အန်ထုတ်လိုက်ပြီး သူခန္ဓာကိုယ်ကလဲ နာကျင်မှုကြောင့် တုန်ရင်နေပေမဲ့ သူ့မျက်လုံးထဲမှာတော့ အပြစ်ရှိတဲ့ဟန် စိုးစဥ်းမျှမရှိလေဘူး။ သူက သိပ်မဝေးလှတဲ့နေရာက ဟွာရန်ဓားဆီကို လေးဘက်ထောက်ပြီး တစ်စတစ်စ သွားလိုက်တယ်။

ဓားဝိညာဥ်အတွက်ဆိုရင် အရာအားလုံးက ထိုက်တန်တယ်။

“ငါရဲ့မိန်းမပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ်၊ တပည့်ပဲဖြစ်ဖြစ်၊ ငါကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ဓားဝိညာဥ်တစ်ခုကို ရနိုင်မယ်ဆိုရင် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်”

ကျန်းယွင်စယ်က ဟွာရန်ဓားကို စွဲစွဲလန်းလန်းနဲ့ ကြည့်နေတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက ဓားဝိညာဥ်တစ်ခု ပိုင်ဆိုင်ထားခဲ့တဲ့ ဟွာရန်ဓားက ကျန်းမိသားစုကို ဒုက္ခပေါင်းများစွာထဲက အကြိမ်ကြိမ် ဦးမော့လာအောင် လုပ်ပေးခဲ့တယ်။

ဒါပေမဲ့ နောက်ပိုင်းကျတော့ ဟွာရန်ဓားက သူ့ရဲ့ ဓားဝိညာဥ်ကို ဆုံးရှုံးခဲ့ပြီး ကျန်းမိသားစုကလဲ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆင်းသွားတယ်။ သူပဲ တစ်ဦးတည်းကျန်ရစ်သူ ဖြစ်ခဲ့တယ်။

အခုမှ သူ့မှာ ဟွာရန်ဓားကို ဓားဝိညာဥ်နဲ့ တွေ့ခဲ့ရတာ။ သူက ကျန်းမိသားစုကို သူ့တို့ရဲ့ အရင်တုန်းကရှိခဲ့တဲ့ ဂုဏ်အရောင်အဝါတွေဆီကို တစ်လှမ်းချင်း ဦးဆောင်သွားရလိမ့်မယ်။

စူးလီက သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ကောင်းကင်စာအုပ်ထဲက စာလုံးကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ သနားတဲ့အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားတော့တယ်။

[ဒါက တခြားသူတွေနဲ့ ကိုယ့်ဟာကိုယ်ပါ တကယ်ပဲ ထိခိုက်စေတာပဲ]

[ဟွာရန်ဓားရဲ့ ဓားဝိညာဥ်က ပြန်လာတော့မဲ့ဟာ]

[သူသာ သူ့ရဲ့ မိန်းမနဲ့ကလေးတွေကို မသတ်ဘဲနဲ့ ဟွာရန်ဓားအတွက် သူတို့တွေကို မစွန့်လွှတ်ခဲ့ဘူးဆိုရင် ဟွာရန်ဓားရဲ့ ဓားဝိညာဥ်က ပြန်နိုးထလာတာ ဆယ်စုနှစ်တောင် ရှိနေလောက်ပြီ]

[ဒါပေမဲ့ သူက ယဇ်ကောင်တွေကို ပူဇော်လိုက်တာမလို့ ဟွာရန်ဓားက သူ့ရဲ့ဓားဝိညာဥ်ကို လုံးဝ ဆုံးရှုံးလိုက်ရတာ]

[အဲဒီအချိန်ကစပြီး ဟွာရန်ဓားက ကျန်းယွင်စယ် နည်းလမ်းအမျိုးမျိုးနဲ့ ရယူထားတဲ့ ဓားဝိညာဥ်အတုတစ်ခုပဲ ဖြစ်လာတော့တယ်၊ သူ့မှာ သိစိတ်ဆိုတာမရှိဘူး၊ ဓားဝိညာဥ်တစ်ခုရဲ့ အခွံသာသာပဲ]

ကျန်းယွင်စယ်က ဟွာရန်ဓားဆီကို လေးဘက်ထောက်သွားနေရာက ရပ်လိုက်တယ်။ သူက ပါးစပ်အပြည့်သွေးကို ရုတ်တရက် အန်ထုတ်လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ ရူးသွပ်မှုအပြည့် ဖြစ်သွားတော့တယ်။

“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ ငါက ဟွာရန်ဓားကို ဝိညာဥ်တစ်ခု ပေးခဲ့ပြီးပြီ”

“ငါ့စွန့်လွှတ်မှုတွေ အားလုံးက ထိုက်တန်တယ်”

သူက တစ်ခုခုကို မြင်လိုက်တဲ့ပုံပဲ သူရဲ့ ရူးသွပ်နေတဲ့ မျက်လုံးတွေက ရုတ်တရက်ဆိုသလို အင်မတန်မှ သိမ်မွေ့လာတော့တယ်။

“ယို့အာ သမီး အဖေ့ကိုလာတွေ့တယ်၊ အဖေက သမီးကို အရမ်းလွမ်းနေခဲ့တာ”

“ယို့အာ အဖေ့ကို မမုန်းလိုက်ပါနဲ့၊ အဖေက ယို့အာကို အချစ်ဆုံးပါ”

“သူ ရူးသွားပြီ”

ရှန်ယွင်အန်းက အေးစက်စက် မျက်နှာထားတစ်ခုနဲ့ သူ့လက်ထဲက ဓားဝိညာဥ်ကို ပိတ်ထားလိုက်တယ်။

“ဝဋ်ဆိုတာက လည်တာပဲ”

ချီမင်က ကျန်းယွင်စယ်ကို ချက်ချင်း ပိတ်လှောင်ထားလိုက်တယ်။ သူက ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူ့မျက်လုံးတွေထဲက လောကဒဏ်နဲ့ နောင်တရတဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်တယ်။

“ကျန်းထင်က ဒီလူဆိုးကောင်ကြောင့် ပျက်စီးခဲ့ရတာပဲ”

သူ့မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူက ဝမ့်ကျန့်ဂိုဏ်းရဲ့ ထည်ဝါပြီး အကြောက်အရွံ့ကင်းတဲ့ ဂိုဏ်းချုပ်တစ်ယောက် ပြန်ဖြစ်လာတယ်။

“အကြီးအကဲနဲ့ တောင်ထွတ်သခင်တွေအားလုံးကို စည်းကမ်းထိမ်းသိမ်းရေးခန်းမကို လာဖို့ အသိပေးလိုက်”

သူက တစ်လုံးချင်းစီ ပြောလိုက်တယ်။

“ကျန်းယွင်စယ်ရဲ့ ပြစ်မှုတွေကို စီရင်မယ်”

“ဟုတ်ပါပြီ”

အားလုံးက ထွက်သွားပြီးတဲ့နောက်မှာ အစေခံအဝတ်အစားနဲ့ လူတစ်ယောက်က အဝေးကနေ တောင့်တောင့်တင်းတင်း လျှောက်လာပြီး သစ်ရွက်တွေ ကြွေထားတာ လုံးဝမရှိတဲ့နေရာက မြေပြင်ကို ခပ်သွက်သွက် လှဲကျင်းနေတယ်။

သူ့မျက်နှာတစ်ခုလုံးမှာ ပြန်နှံ့နေတဲ့ နက်ရှိုင်းတဲ့အမာရွတ်တစ်ခု ရှိနေပြီး မူလက ချောမောလှပတဲ့ မျက်နှာက ဒီအမာရွတ်ရဲ့ ထင်ရှားတဲ့အဖြစ်ကြောင့် ကြောက်စရာကောင်းနေတော့တယ်။

သူက အခုလေးတင် အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို ပြန်စဥ်းစားလိုက်ပြီး နောက်ဆုံးတော့ သူ့မျက်နှာပေါ်မှာ ခံစားချက် အတက်အကျအရိပ်တစ်ခု ဖြစ်သွားတယ်။

ဓားဝိညာဥ်တစ်ခုအတွက် မိန်းမနဲ့ သမီးကို သတ်လိုက်သတဲ့လား။

အစေခံက ခေါင်းကိုငုံ့ထားလိုက်ပြီး သူ့လက်ထဲက တံမြက်စည်းကို အားပိုထည့်လိုက်ကာ သူ့ပတ်ဝန်းကျင်က နေရာထဲမှာ သေးငယ်တဲ့ အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့တယ်။

တကယ်ပဲ... ငါ သူ့ကိုသတ်ဖို့ လူတစ်ယောက်ကို ချက်ချင်း ရှာရလိမ့်မယ်။

အဲဒီနောက်မှာတော့ သူက နဂိုက ဘာခံစားချက်မှမရှိတဲ့ မျက်နှာတစ်ခုကို ဆောင်ထားလိုက်ပြီး အဲဒီကိစ္စအပေါ် ဘာခံစားချက်မှ မဖြစ်တော့ဘူး။

သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တံမြက်လှည်းလိုက်ပြန်တယ်။

ရှန်ချန်းဟန်နဲ့ နီးနီးကပ်ကပ်နေရင်း အပြင်လောကကအသံရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်မိလိမ့်မယ်ဆိုတာ သိတယ်။ အပြင်လောကကလာတဲ့အသံ သိချင်တဲ့ အကြောင်းအရာတွေကိုလဲ သိတယ်။ ဒီတော့ သူက ဘာမှမလှုပ်ရှားခဲ့ဘူး။

အပြင်လောကကလာတဲ့အသံဆီက သမီးဖြစ်သူရဲ့ သေဆုံးတဲ့သတင်းကို ကြားလိုက်ရမယ်ဆိုရင် သူက ဘာမှမသိတာမှ ပိုကောင်းလိမ့်အုံးမယ်။ အဲဒီလိုဆိုရင် အနည်းဆုံးတော့ သမီးဖြစ်သူ အသက်ရှင်နေတယ်ဆိုတဲ့ မျှော်လင့်ချက်လေး ရေးရေးလေးတစ်ခု ရှိနေနိုင်အုံးမယ်။

ရွှမ်းလင်တောင်ထွတ်

ရှန်ချန်းဟန်က သူမရဲ့လက်ထဲက သစ်သားဓားကို သိမ်းထားလိုက်ပြီး ဝိညာဥ်စွမ်းအင်သစ်သီးတွေကို အေးအေးဆေးဆေး စားနေတဲ့ စူးလီကို ကြည့်လိုက်ပြီး သိလိုစိတ်နဲ့ မေးလိုက်တော့တယ်။

“ချန်ပေ့ ဝမ့်ကျန့်ဂိုဏ်းက နည်းနည်းလေးတော့ ထူးဆန်းတယ်နော်”

သူမ ဒီကိုရောက်လာတာ နှစ်ရက်လေးပဲ ရှိသေးတယ်။ ဒါပေမဲ့လဲ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က အကြောင်းအရာတွေကို ရင်ဆိုင်လိုက်ရပြီး တစ်ခုချင်းစီကလဲ အရမ်းကို...

သူမရဲ့မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက ဝမ်ကျန့်ဂိုဏ်းရဲ့ ကောင်းကင်ပေါ်က အပေါက်တွေက ရွှမ့်ချန်ဂိုဏ်းထက် ပိုပြီးတော့ များပြားနေတာကို စဥ်းစားမိလိုက်တယ်။ သူက အခိုက်အတန့် နှုတ်ဆိတ်သွားပြီး ပြောလိုက်တော့တယ်။

“စိတ်လျှော့ပါလေ”

“နောက်ပိုင်းကျရင် ကျင့်သားရသွားလိမ့်မယ်”

သူမရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့အခါ ရှန်ချန်းဟန်က သူမရဲ့ စကားအဓိပ္ပာယ်ကို နားမလည်ပေမဲ့လဲ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ နေသားကျအောင် အကောင်းဆုံး ကြိုးစားပါ့မယ်”

သူမရဲ့ ရူးမိုက်လွန်းတဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက မနေနိုင်ဘဲ ရှန်ချန်းဟန်ကို မော့ကြည့်လိုက်တယ်။ ချီမင်နဲ့ တခြားသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သူမကို စောင့်ကြပ်ပေးနေတဲ့ပုံစံကို စဥ်းစားမိလိုက်ပြီး သူမက လက်တစ်ဖက်နဲ့ မေးထောက်ရင်း သိလိုစိတ်နဲ့ မေးလိုက်တယ်။

“နင် လူအများကြီးနဲ့ တွေ့ခဲ့ပြီးပြီ၊ ဘယ်သူ့ကို ဆရာတင်ချင်လဲ”

ရှန်းချန်းဟန်က စူးလီရဲ့မေးခွန်းကို ကြားလိုက်တဲ့အချိန်မှာ ပထမဦးဆုံးအကြိမ် ပြန်မဖြေနိုင်အောင် ဖြစ်သွားပြီး နှုတ်ဆိတ်သွားတော့တယ်။

သူမက ဝမ့်ကျန့်ဂိုဏ်းက အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ အရင်က တခါမှအခွင့်အရေး မရခဲ့ဖူးဘူး။ တခြား သီခြားကျင့်ကြံသူတွေဆီကလဲ သူတို့ရဲ့သူရဲကောင်းဆန်ဆန် လုပ်ရပ်တွေကို ဟိုတစ်စဒီတစ်စပဲ ကြားနိုင်ခဲ့တာ...

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတောင် သူမက ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးချီမင်ကို သူမရဲ့တစ်သက်စာ ရည်မှန်းချက်လို့ သတ်မှတ်ထားခဲ့သေးတာ ဒါပေမဲ့ အခုကျတော့...

ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေကို စဥ်းစားလိုက်မိတော့ သူမက အခိုက်အတန့်ဆိုသလို ဘယ်လိုရွေးချယ်ရမှန်း တကယ်မသိတော့ဘူး။

ဒီလိုစဥ်းစားလိုက်ပြီး သူမက မျက်လုံးထဲမှာ ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ခေါင်းမော့လိုက်တယ်။

“ချန်ပေ့.. ချန်ပေ့ကရော ကျွန်မအတွက် ပိုကောင်းတဲ့ဆရာတစ်ယောက်က ဘယ်သူဖြစ်မယ်လို့ ထင်လဲ”

သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့အခါ စူးလီက ထထိုင်လိုက်ပြီး လေးနက်တဲ့ အမူအရာတစ်ခုနဲ့ တစ်ခုချင်းစီ ဖယ်ထုတ်တဲ့နည်းလမ်းကို အသုံးချလိုက်တယ်။

“လော့ဝမ်က တပည့်အသစ်လက်ခံထားတာ မကြာသေးဘူး၊ သူက နေ့တိုင်း သူ့တပည့်အသစ်ကို သင်ပေးနေတာနဲ့ အလုပ်များနေတယ်။ ငါ့အထင်တော့ သူ့မှာ နောက်ထပ် တပည့်တစ်ယောက် လက်ခံဖို့ စိတ်ကူး ရှိမယ် မထင်ဘူး...”

“ထိုက်ဟွာတောင်ထွတ်သခင်ကလဲ သူ့ရဲ့ဒုတိယတပည့်ကို စောင့်ရှောက်ပေးနေတာနဲ့ အလုပ်များနေတယ်၊ သူက လတ်တလော ဂူထဲမှာ သိပ်မရှိတော့ဘူး ဒီတော့ သူ့ကိုလဲ ဖယ်ထုတ်ရလိမ့်မယ်”

“ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကတော့...”

စူးလီက ကောင်းကင်စာအုပ်ထဲက ချီမင်ရဲ့ မဆုံးနိုင်တဲ့ အတင်းအဖျင်းတွေကို စဥ်းစားလိုက်ပြီး အခိုက်အတန့် နှုတ်ဆိတ်သွားတော့တယ်။

“ထားလိုက် နောက်တစ်ယောက်”

“ရှန်းယွင်အန်းကလဲ မကောင်းဘူး၊ ဓားတစ်ချောင်းနဲ့ သူ့ဟာသူ သင်းကွပ်နိုင်တဲ့လူတစ်ယောက်က လုံးဝမမိုက်ဘူး...”

ရှန်ချန်းဟန်က ကြားလိုက်ရတဲ့စကား နားကြားများမှားလေသလားလို့ နေရာမှာပဲ ရုတ်တရက် အေးခဲသွားတော့တယ်။ ဓားကိုဝှေ့ရမ်းလိုက်တယ် ...ဘာအတွက်ရယ်။

စူးလီရဲ့ ပုံမှန်ဖြစ်နေတဲ့ ရုပ်ကလေးကို ကြည့်လိုက်ပြီး သူမက အူကြောင်ကြောင်နဲ့ မျက်တောင်ခပ်မိတော့တယ်။ သူမ နားကြားမှားတာပဲနေမှာပါ... ဟုတ်တယ်နော်။

“ကျိစီလဲ မရဘူး၊ သူက သူရဲ့ကျေးဇူးရှင်လေး ပျော်အောင်ပဲလုပ်ပေးဖို့ ကြိုးစားနေတာ၊ နင်သာ သူ့တပည့် ဖြစ်လာခဲ့ရင် တစ်ယောက်ထဲ ကျန်ခဲ့မှာပဲ”

“ဓားသခင်အကြီးအကဲကျတော့ အရမ်းကို ဆင်းရဲတယ်၊ အကြွေးတွေကလဲ ပုံလို့... ဒါလဲအလုပ်မဖြစ်ဘူး”

“ဂိုဒေါင်အကြီးအကဲကလဲ ဝိညာဥ်ကျောက်တုံးတွေတော့ရှိပါရဲ့ ဒါပေမဲ့ သူက အရမ်း ကပ်စေးနဲတယ်၊ သူက အတွင်းခံတစ်ထည်ကို နှစ်သုံးရာလောက်တောင် ဝတ်တာလေ၊ စွန့်ပစ်ဖို့တောင် တွန့်တိုနေသတဲ့ ဒါလဲမကောင်းဘူး”

ရှန်ချန်းဟန်: ဟင်...

သူမက ဂိုဒေါင်အကြီးအကဲရဲ့ အသွင်အပြင်ကို ပြန်စဥ်းစားလိုက်တယ်။ သူ့အဝတ်အစားတွေက နည်းနည်းလေး ဟောင်းနေတဲ့ပုံပါပဲ ဒါပေမဲ့ အဲဒါတွေက တကယ်ပဲ...

စူးလီက ရေတွက်လို့ပြီးတဲ့နောက်မှာ သက်ပြင်းကို ခပ်ရေးရေး ချလိုက်တော့တယ်။ ဝမ့်ကျန့်ဂိုဏ်းမှာ ကောင်းမွန်တဲ့ ဆရာတစ်ယောက်လေးတောင် ဘယ်လိုလုပ်ပြီး မရှိနိုင်ရတာလဲ။

“ထားလိုက်ပါလေ၊ တပည့်တစ်ယောက် ဖြစ်လာဖို့ အဲလောက်အထိလဲ လောနေစရာ မလိုပါဘူး”

သူမက ပျင်းပျင်းရိရိနဲ့ လက်ကို ကာပြလိုက်ပြီး သလွန်ပေါ်မှာ ပြန်လဲလျောင်းလိုက်တယ်။

“နင်က အရင်ဆုံး နင့်ရဲ့ခန္ဓာကိုယ်ကို သန်မာအောင် လုပ်သင့်တယ်”

ရှန်ချန်းဟန်က အားတက်သရော ခေါင်းညိတ်လိုက်၏။

“ကျွန်မက ချန်ပေ့ရဲ့စကားကို နားထောင်ပါ့မယ်”

...

All Chapters