← Chapters

အခန်း ၅၉

Vol. 4 Ch. 59

အခန်း ၅၉

Vol. 4 Ch. 59

အပိုင်း (၅၉)

“ဆရာက ဝမ့်ကျန့်ဂိုဏ်းရဲ့အကြီးအကဲလေ။ ဆရာရဲ့ဓားသိုင်းပညာက အရမ်းကို အစွမ်းထက်ပြီး သူ့ရဲ့ကျင့်ကြံရေးအဆင့်ကလည်း အရမ်းကိုမြင့်မားတယ်”

သူမရဲ့မျက်နှာပေါ်မှာ လော့ဝမ်အတွက် လေးစားအားကျမှု အပြည့်ဖြစ်နေတယ်။

“ ဆရာက သမီးကို အများကြီး အကူအညီပေးခဲ့တယ်လေ”

သူမက စကားဆုံးသွားပြီးတဲ့နောက်မှာ ခေါင်းလေးကိုလှည့်လိုက်ပြီး တောက်ပနေတဲ့မျက်လုံးအစုံနဲ့ လော့ဝမ်ကို ကြည့်လိုက်တယ်။ သူမရဲ့အသံထဲမှာလည်း ထိန်းချုပ်လို့မရအောင် ပျော်ရွှင်မှုအပြည့် ဖြစ်နေတယ်။

“ ဆရာ ဒါက ကျွန်မရဲ့အဖေလေ”

သိပ်မဝေးလှတဲ့နေရာမှာ ချီမင်က ဒီမြင်ကွင်းကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်အေးမှုအပြည့် ဖြစ်သွားတော့တယ်။

နောက်ဆုံးတော့ ရှီးချန်ယိက ဝမ့်ကျန့်ဂိုဏ်းရဲ့ ဂုဏ်ထူး‌ဆောင်အကြီးအကဲ ဖြစ်လာပြီး သူနေထိုင်တဲ့ဂူကို လော့ဝမ်ရဲ့ဂူဘေးက ယွင်ရှောင်တောင်ထွတ်ကို ရွေးချယ်ခဲ့တယ်။

ရှီးယန်းချန်ကို အဖြည့်ခံတစ်ယောက်အနေနဲ့ အသုံးချခဲ့တဲ့ ကူးရှုအတွက်ကတော့...

အဟက်... သူက ထျန်းကျန့်မြို့က ဝမ့်မိသားစုက သမီးတစ်ယောက်ရဲ့ ပိုင်ယွဲ့ကွမ်း (လရောင်ဖြူ)နဲ့ အတိုင်းအတာတစ်ခုထိ ရုပ်ချင်းဆင်တာကြောင့် သူ့ကို ဝမ်မိသားစုက ပြန်ပေးဆွဲသွားခဲ့တယ်။

ဝမ့်မိသားစုက အစေခံတွေပြောထားတာ ကြားတာတော့ ကူးရှုက လရောင်ဖြူက ဘယ်နေရာမှာ တော်လဲဆိုတာ လေ့လာရင်း အလုပ်များနေသတဲ့။ ဒါပေမဲ့လည်း အကန့်အသတ်က မရှိပြန်‌တော့ ကုချင်းတီးသင်ရ၊ လက်ရေးအလှလေ့ကျင့်ရ၊ ကဗျာရွတ်ပြရ၊ ပန်းချီဆွဲပြရနဲ့ အလုပ်များနေသတဲ့။

အစားအသောက်၊ အဝတ်အစားနဲ့ နေ့စဉ်တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ရှိနေတဲ့အပြင် လှုပ်ရှားသွားလာပုံ၊ စကားပြောပုံတွေကိုလည်း စည်းကမ်းတင်းကျပ်ထားသတဲ့။ ဒါပေမဲ့လည်း ဝမ့်မိသားစုဆိုတာ ကျင့်ကြံရေးလောကထဲမှာ သက်တမ်းရင့်နေတဲ့ မိသားစုတစ်ခုလေ။ သူက အနည်းငယ် ကျဆင်းသွားပြီဆိုပေမဲ့လည်း အစွမ်းမရှိတဲ့ ထျန်းကျန့်မြို့သခင်ထက်တော့ အများကြီးပိုကောင်းတာပေါ့။

ဒီမျက်နှာရဲ့ကျေးဇူးကြောင့်ပဲ ကူးရှုက နောက်ဆုံးတော့ အဆင့်အတန်းဆိုတဲ့စည်းမျဉ်းကို ကျော်လွှားနိုင်ခဲ့ပြီး သခင်မလေးဝမ်ရဲ့ ဘေးကို ရောက်လာခဲ့ကာ အရင်က သူတစ်ခါမှ မရခဲ့ဖူးတဲ့ အရင်းအမြစ်တွေ ကျင့်ကြံသူတွေ အဆက်အသွယ်ရလာခဲ့တယ်။

ဒီအချိန်မှာတော့ သူက အရမ်းကို ပျော်နေတော့မှာပေါ့။

ယွင်ချန်တောင်ထွတ်ပေါ်မှာ-

ချီမင်က တရားထိုင်ရာက‌နေ ထလာပြီး သူ့ရဲ့စိတ်အခြေအနေက ခါတိုင်းထက် အများကြီး ပိုကောင်းနေတယ်။

သူက အဝေးက ဝမ့်ကျန့်ဂိုဏ်းရဲ့စည်ကားသိုက်မြိုက်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး ရုတ်တရက်ဆိုသလို တစ်ခုခုလိုအပ်နေသလို ခံစားလိုက်ရတယ်။

သူ တရားထိုင်နေခဲ့တာ သုံးရက်လောက်ရှိသွားပြီးပဲ။ သုံးရက်အတွင်းမှာ အပြင်လောကက လာတဲ့အသံကို လုံးဝမကြားခဲ့ရဘူး။

အစတုန်းကတော့ သူက အပြင်လောကက လာတဲ့အသံကို အင်မတန်မှ ရွံ့ရှာမုန်းတီးတာပေါ့။ အထူးသဖြင့် သူက ချန်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆက်ခံတဲ့အခမ်းအနားမှာ သူ့ရဲ့လျှိုဝှက်ချက်တွေကို ထုတ်ဖော်ခဲ့ပြီး ဒါက သူ့ကို ဂိုဏ်းချုပ်၊ တခြားဂိုဏ်းချုပ်‌တွေနဲ့ အကြီးအကဲတွေရဲ့‌ရှေ့မှာ ခေါင်းမဖော်နိုင်အောင် လုပ်ခဲ့တယ်လေ။

ဒါကြောင့်ပဲ သူက အပြင်လောကကလာတဲ့အသံကို အမြဲတမ်း မကျေမနပ်ဖြစ်နေရတာပေါ့။

ဒါပေမဲ့လည်း...

ဒီကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်တော့ အပြင်လောကက လာတဲ့အသံအ‌‌ပေါ် သူရဲ့အကဲဖြတ်ပုံက သိသိသာသာကို ပြောင်းလဲသွားတယ်။ အပြင်လောကကလာတဲ့အသံက အရင်ဆုံး ရှန်မိသားစုရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခဲ့ပြီး ရှန်းချန်ဟန်ကို နတ်ဓားခန္ဓာကိုယ်တစ်ခုနဲ့ နွေးဖွားလာတာကို ရှာတွေ့အောင် ကူညီပေးခဲ့တယ်။

အဲဒီနောက်မှာ သူက ဝမ့်ကျန့်ဂိုဏ်းကို ရာက်လာပြီး လူတွေရဲ့ကံကောင်းခြင်းကို စုပ်ယူတဲ့အမြစ်တစ်ခုလို တွယ်ကပ်နေတဲ့ လင်ယွိလွမ်ကို ရှာတွေ့ခဲ့တယ်။

အပြင်လောကကလာတဲ့အသံကြောင့်သာ မဟုတ်ဘူးဆိုရင် လင်ယွိလွမ် တစ်ခုခုမှားယွင်းနေတာကို ဝမ့်ကျန့်ဂိုဏ်းက ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။

လင်ယွိလွမ်ရဲ့အရည်အချင်းကို ကြည့်မယ်ဆိုရင် တကယ်တမ်း ဒီလိုသာ ဆက်ဖြစ်သွားရင် ဝမ့်ကျန့်ဂိုဏ်းရဲ့ အနာဂဏ်ကတော့ လုံးဝကို စုပ်ယူခံလိုက်ရတော့မှာပဲ။

ဒီအကြောင်းကို စဉ်းစားလိုက်မိတဲ့အခါ ချီမင်က စိုးရိမ်စိတ် ဖြစ်မိနေသေးတယ်။ တကယ်လို့များ ဒီလိုလူမျိုးက ဝမ့်ကျန့်ဂိုဏ်းထဲမှာ ရှိနေအုံးမယ်ဆိုရင် အကျိုးဆက်ကတော့ ကြောက်စရာပဲ။

အဲဒီနောက်မှာ အပြင်လောကကလာတဲအသံက ကျန်းယွင်စယ်ရဲ့ တိရစ္ဆာန်ဆန်တဲ့ အပြုအမူကို ထုတ်ဖော်ပေးခဲ့တယ်။

သူက ဓားဝိညာဉ်အတွက် သူ့ရဲ့ဆွေမျိုးသားချင်းတပည့်တွေကိုတောင် စွန့်လွှတ်ပြီး ဓားဝိညာဉ်ကို ဓားဝိညာဉ်အတုတစ်ခု ဖြစ်အောင်လုပ်ခဲ့တယ်။ ဝမ့်ကျန့်ဂိုဏ်းရဲ့ အရည်အချင်းရှိဆုံး တပည့်နှစ်ယောက်ကိုတောင် မှ သတ်ဖို့ကြိုးစားခဲ့တယ်။

သူတို့တွေက ဝမ့်ကျန့်ဂိုဏ်းရဲ့အနာဂတ်လေ။

အဲဒီနောက်မှာ ချန်ပေ့ ရှီးချန်ယိရဲ့ကိစ္စ ဖြစ်လာခဲ့တယ်။ အပြင်လောကကလာတဲ့အသံကြောင့်သာ မဟုတ်ရင် ရှီးယန်းချန်က ကူးရှုရဲ့အောက်မှာ အခုချိန်ထိ ဒုက္ခတွေခံစားနေရပြီး ချန်ပေ့ ရှီးချန်ယိကလည်း အပြင်လောကကလာတဲ့အသံက‌နေပြီးတော့ သူ့သမီးဖြစ်သူရဲ့နေရာကို သိရမှာမဟုတ်ဘူး။

အခုတော့ တစ်ယောက်ယောက်ကများ အပြင်လောကက လာတဲ့အသံအကြောင်း မကောင်း ပြောကြည့်ပါလား။ ချီမင်က ရှေ့ကိုတိုးသွားပြီး နေရာမှာတင် အဲဒီလူကို ရိုက်နက်ပစ်လိုက်အုံးမှာ။

အပြင်လောကကလာတဲ့အသံရဲ့သတင်းတွေက ဝမ့်ကျန့်ဂိုဏ်းအတွက်တော့ ရတနာတစ်ခုဆိုတာ ရှင်းနေတာပဲ။

ဒီအချိန်မှာပဲ အဲဒီနေ့က ထျန်းကျီးဂိုဏ်းချုပ် ပြောတဲ့စကားကို ရုတ်တရက် မှတ်မိသွားတယ်။ အပြင်လောကကလာတဲ့အသံနဲ့ ကောင်းကင်တာအိုနဲ့ ဆက်စပ်နေတယ်တဲ့။

အခုတော့ အပြင်လောကကလာတဲ့အသံက ဝမ့်ကျန့်ဂိုဏ်းကို မရေမတွက်နိုင်တဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။

ဒါက ဘာအဓိပ္ပာယ်ဖြစ်မလဲ။ ဝမ့်ကျန့်ဂိုဏ်းက ကောင်းကင်တာအိုရဲ့ ချီးမြှောက်ခြင်းခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။

ဒီလိုစဉ်းစားလိုက်မိတဲ့အခါ သူ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို နောင်တနဲ့ မလုံမလဲစိတ်တွေ ပေါ်ထွက်လာခဲ့တယ်။ သူက တစ်ချိန်တုန်းက အပြင်လောကကအသံရဲ့ တည်ရှိပုံကို မုန်းတီးခဲ့တယ်လေ။

ချီမင်က သူ့ကိုယ်သူ ခပ်နာနာလေး ရိုက်လိုက်တော့တယ်။ အတင့်ရဲလို့များ ကောင်းကင်တာအိုကို ဒီလိုဆက်ဆံရဲခဲ့သလား။

အပြင်လောကကလာတဲ့အသံက မကောင်းမှုတွေကို စေတနာနဲ့ ပြန်ပေးဆပ်ပြီး ဝမ့်ကျန့်ဂိုဏ်းပြဿနာတွေ အများကြီးကို ကူညီဖြေရှင်းပေးခဲ့တာပဲ။

သူ တကယ်ပဲ အဲလိုမလုပ်ခဲ့သင့်ဘူး။

သူက အပြစ်ရှိတဲ့စိတ်က ကိုယ့်ဟာကို ထပ်ပြီးရိုက်တော့မဲ့အချိန်မှာပဲ သိပ်မဝေးလှတဲ့ ဆက်သွယ်ရေးပစ္စည်းက လင်းလက်လာတယ်။

ချီမင်က ဆက်သွယ်ရေးပစ္စည်းပေါ်က ဝိညာဉ်စွမ်းအင်ကိုကြည့်လိုက်ပြီး ချောင်းဟန့်လိုက်ကာ သူရဲ့ခံစားချက်တွေကို သိမ်းထားလိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားကို ပြန်ထိန်းထားလိုက်တယ်။

“ ဂိုဏ်းချုပ်ကြီးလု ရွှင့်ချန်ဂိုဏ်းက အလုပ်များနေတာကို ဘယ်လိုဖြစ်ပြီး ကျုပ်ကို ဆက်သွယ်ဖို့ သတိရလာတာလဲ”

လုကျင်းဟွိုင်က ဆက်သွယ်ရေးပစ္စည်းထဲက ထွက်လာတဲ့ ပီတိဖြာတဲ့အသံကို နားထောင်လိုက်ပြီး အခိုက်အတန့်ဆိုသလို အံကြိတ်မိတော့တယ်။ ဒီလိုဆိုတော့ သူကလည်း ဘာမှမဖြစ်တဲ့ဟန် ဟန်ဆောင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးရတော့တာပေါ့။

“အခုတလော ဝမ့်ကျန့်ဂိုဏ်းမှာ ကိစ္စတွေတော်တော်များများ ဖြစ်သွားတယ်လို့ ကျုပ်ကြားထားတယ်လေ။ အခု ကြည့်ရတဲ့ပုံစံကတော့ ဂိုဏ်းချုပ်ကြီးချီက သိပ်ပြီး သက်ရောက်မှု မဖြစ်တဲ့ပုံပါလား”

ချီမင်က ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီး သူ့အသံထဲမှာ ဓားသမားတစ်ယောက်ရဲ့ ရဲရင့်မှုတွေ သယ်ဆောင်ထားတော့တယ်။

“ဂိုဏ်းချုပ်ကြီးလု ခင်ဗျားက ရယ်စရာပြောနေပြန်ပါပြီ။ ဂိုဏ်းထဲက ပြဿနာတွေကို အချိန်မှီ ရှာဖွေတွေ့ရှိနိုင်တာက ကောင်းတဲ့ကိစ္စပဲ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ကျုပ်က ဒီကိစ္စတွေကြောင့် သက်ရောက်မှုမရှိဘဲ နေနိုင်မှာလဲ”

သူ့ရဲအဖြေကို ကြားလိုက်ပြီးတဲ့အခါ လုကျင်းဟွိုင်က ရုတ်တရက် မျက်လုံးတွေမှိတ်လိုက်ပြီး သူ့မျက်လုံးတွေထဲက ဝမ်းနည်းတဲ့ အရိပ်အရောင်ကို ဖုံးကွယ်ထားလေတော့တယ်။

အပြင်လောကကလာတဲ့အသံက ဝမ့်ကျန့်ဂိုဏ်းကို တကယ်သွားခဲ့တာပဲ။

ဝမ့်ကျန့်ဂိုဏ်းက ဦးနှောက်မှာ ပြဿနာရှိနေတဲ့ ဓားသိုင်းကျင့်ကြံသူတွေက ဘာတွေများ အဲလောက်ကောင်းနေလို့လဲ။

သူတို့မှာကဖြင့် ချမ်းသာပြီး လျှို့ဝှက်ချက်တွေလည်း ရှိတဲ့ဟာကို။ ဒီတော့ သူတို့တွေက အပြင်လောကကအသံ သိချင်တာမှန်သမျှ လုပ်ပေးလို့ရတာပဲ။ ဘာဖြစ်လို့များ အပြင်လောကက လာတဲ့အသံက သူတို့ဆီက ထွက်သွားပါလိမ့်။

ဒီလို စဉ်းစားလိုက်မိပြီး သူက ရုတ်တရက်ဆိုသလို ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်မိတော့တယ်။ အပြင်လောကကလာတဲ့အသံက ဝမ့်ကျန့်ဂိုဏ်းလူတွေရဲ့ ကိုယ့်ဟာကို သင်းကွပ်တတ်တဲ့အကျင့်ကို သိသွားပြီးတဲ့နောက်ပိုင်းမှာ ရွှင့်ချန်းဂိုဏ်းထဲမှာ ပေါ်လာတာ နည်းသထက် နည်းသွားတော့တယ်။

မဟုတ်ရင်လည်း သူက အကြီးအကဲချီဆီကို သွားပြီး ချီယွမ်းဆေးလုံး နည်းနည်းပါးပါးလောက် သွားတောင်းပြီးတော့ အထူးဧည့်အကြီးအကဲတွေကို ဖြန့်ဝေပေးရင်ကောင်းမလား။

“ ဂိုဏ်းချုပ်ကြီးလု “

ချီမင်က လုကျင်ဟွိုင်း ရုတ်တရက်အသံတိတ်သွားတာကို နားထောင်မိပြီး မသင်္ကာသလို မေးလိုက်တော့တယ်။

“ ဘာဖြစ်လို့လဲ”

လုကျင်းဟွိုင်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး ချောင်းနှစ်ချက်ဟန့်လိုက်တယ်။

“ ဘာမှမဖြစ်ပါဘူး”

“ ကျုပ်က ရွှီမိသားစုနဲ့ မင်မိသားစုတို့ရဲ့ကြားက မင်္ဂလာပွဲကို ရုတ်တရက် သတိရသွားလို့ပါ။ ဘာလက်ဆောင်များပေးရင် ပိုပြီးသင့်တော်မလဲ မသိဘူးနော်”

ဒီအကြောင်းကို ကြားလိုက်တဲ့အခါ ချီမင်က ဂူထဲက ကျောက်တုံးစားပွဲပေါ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်က လာပို့ပေးတဲ့ဖိတ်စာကို လှမ်းကြည့်လိုက်ပြီး မျက်လုံးထဲမှာ အနည်းငယ် ဝမ်းနည်းသွားတော့တယ်။

ရွှီမိသားစုနဲ့ မင်မိသားစုတို့ဆိုတာ ကျင့်ကြံရေးလောကထဲမှာ အကြွယ်ဝဆုံး မိသားစုတွေထဲကနှစ်ခုလေ။ အခုတော့ မိသားစုနှစ်ခုက မင်္ဂလာဆောင်တော့မယ်တဲ့။ ဝမ့်ကျန့်ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူက သေချာပေါက် တက်ရောက်ရလိမ့်မှာပဲ”

ပေးရမဲ့လက်ဆောင်ကလည်း အရမ်းကိုပုံမှန်ဖြစ်နေလို့ မဖြစ်ပြန်ဘူး။ နောက်ထပ် ကြီးမားတဲ့ကုန်ကျစရိတ်တစ်ခု ဖြစ်အုံးတော့မှာပဲ။

အခုတော့ သူမှာ တင်နေတဲ့အကြွေးကလည်း ကြီးမားသထက် ကြီးမားလာပါရော့လား။

“ ဂိုဏ်းချုပ်ကြီးလုက အမှန်တကယ်ကို ကြွယ်ဝချမ်းသာပြီး အစွမ်းထက်လှပါပေတယ်” သူက ခပ်ချဉ်ချဉ်လေးသက်ပြင်းချလိုက်တယ်။

လုကျင်ဟွိုင်မှာ ပစ္စည်းတွေ အများကြီး ရှိပြီးတော့ ဘာပေးရမယ်မသိဘူးဖြစ်နေခဲ့တာလေ။ သူ့မှာကျတော့ ပစ္စည်းတွေကလုံးဝကို မရှိသလောက်ကိုမှ ဘာပေးရမှန်းမသိ ဖြစ်နေတာပေါ့။။

သူ့စကားကို ကြားလိုက်ပြီးတဲ့အခါ လုကျင်းဟွိုင်က သူ့မျက်လုံးထဲ မနာလိုတဲ့အရိပ်အရောင်တွေကို ဖုံးကွယ်ထားဖို့ ရုတ်တရက်မျက်လုံးကို မှိတ်ထားလိုက်တယ်

သူကလည်း ချမ်းသာတယ်တဲ့လား။

ချီမင်ဆိုတဲ့လူကလေ အခုဝမ့်ကျန့်ဂိုဏ်း ဘာပိုင်ဆိုင်ထားလိုတာတောင် သိပုံမရဘူး။

ရွှင့်ချန်ဂိုဏ်းကလည်း ဘာတွေဆုံးရှုံးခဲ့ရမှန်းတောင် မသိရတော့ဘူး။

သူက ကျင့်ကြံရေးလောကထဲက အကောင်းဆုံးဝိညာဉ်ရတနာကို ဆုံးရှုံးခဲ့တာပေါ့။

ကောင်းကင်တာအိုရဲ့အာရုံစိုက်မှုကို ဆုံးရှုံးခဲ့တာလေ။ ကောင်းကင်တာအိုရဲ့အသံကို ဆုံးရှုံးခဲ့တာ။

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့အသံထဲမှာ တည်ငြိမ်နေမှုကို ကြိုးစားထိန်းသိမ်းထားလိုက်တယ်။

“ဂိုဏ်းချုပ်ကြီးချီ ခင်ဗျားကလည်း ရယ်စရာပြောနေပြန်ပါပြီ။ နောက်သုံးရက်နေရင် ခင်ဗျားနဲ့ တွေ့မယ်ဗျာ”

ဒီလိုပြောလိုက်ပြီးနောက်မှာ လုကျင်းဟွိုင်က ဆက်သွယ်ရေးပစ္စည်းကို သပ်သပ်ရပ်ရပ် သေသေသပ်သပ်နဲ့ ပိတ်လိုက်တယ်။

ငါကတော့ အပြင်လောကကလာတဲ့အသံ လိုက်ခံနေရတဲ့ချီမင်နဲ့ ဘယ်တော့မှ မဆက်ဆံချင်တော့ဘူး။

သုံးရက်ကြာပြီးနောက်မှာ-

စူးလီက ဗိုက်ပြည့်အောင် စားလိုက်သောက်လိုက် လုပ်ပြီးတဲ့နောက်မှာ သလွန်ပေါ်မှာ လဲလျောင်းနေရင်း လက်တစ်ဖက်က မုန့်ကိုကိုင်ထားပြီး မကြာခဏဆိုသလို အကိုက်အသေးလေးတစ်ကိုက်ကို ကိုက်စားနေလိုက်တယ်။

သူမက ကောင်းကင်ပေါ်ကို ပျင်းပျင်းရိရိနဲ့ ကြည့်လိုက်တဲ့အချိန်မှာ ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတယ်။ ဘေးက ဓားသိုင်းကျင့်ကြံနေတဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်တယ်။

“ ဝမ့်ကျန့်ဂိုဏ်းက အခုတလောဘာဖြစ်လို့များ အဲလောက်အထိ တိတ်ဆိတ်နေရတာလဲ”

ချန်ရှန်းဟန်က သစ်သားဓားလေးကို သိမ်းလိုက်တယ်။ ဂိုဏ်းချုပ်ကြီးနဲ့ တခြားသူတွေပေးထားတဲ့ ဝိညာဉ်ဓားတွေနဲ့ ယှဉ်လိုက်ရင် သူမက အစောကြီးကတည်းက သူမနဲ့အတူတူရှိခဲ့တဲ့ ဒီသစ်သားဓားလေးကို ပိုပြီးသဘောကျမိတယ်။

သူမရဲ့ကျင့်ကြံခြင်းအဆင့် လုံလောက်အောင် မြင့်မားလာတဲ့အခါကျရင် သူမက ဝမ့်ကျန့်ဂိုဏ်းရဲ့ သင်္ချိုင်းကိုသွားပြီး သူမရဲ့မွေးချင်းဓားကို ရှာဖွေရမယ်။

စူးလီရဲ့မေးခွန်းကို ကြားလိုက်တဲ့အခါ သူမက ပြီးခဲ့တဲ့ရက်ပိုင်းက ချီမင် မှာထားတဲ့စကားကို သတိရသွားပြီး လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။

“ ဂိုဏ်းချုပ်ကြီးက ပြောတယ်၊ ဒီနေ့က မိသားစုကြီးနှစ်ခုရဲ့ဆက်ခံသူတွေက မင်္ဂလာပွဲကျင်းပမဲ့နေ့တဲ့။ ဂိုဏ်းချုပ်ကြီးနဲ့ တခြားအကြီးအကဲတွေက မင်္ဂလာပွဲအခမ်းအနားကို တက်ရောက်ကြမယ် ထင်တယ်”

“ တာအိုစုံတွဲ မင်္ဂလာပွဲ ဟုတ်လား”

စူးလီက ရုတ်တရက် သတိပြန်ဝင်လာပြီး သူမရဲမျက်လုံးထဲမှာလည်း အရောင်တစ်ခု လင်းလက်သွားတယ်။

“ ဒီနေ့လား”

“ ဒီနေ့တဲ့”

ချန်ရှန်းဟန်က သေသေချာချာ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကြလိုက်တယ်။ “ကျွန်မအထင်တော့ အခုလောက်ဆိုရင် စနေလောက်ပြီးထင်တယ်”

“ ချန်ပေ့၊ ချန်ပေ့ကတစ်ချက်လောက် သွားကြည့်ချင်လို့လား”

သူမက သတိလေးနဲ့ မေးလိုက်တယ်။

“ ဟင့်အင်း”

စူးလီက ဝမ့်ကျန့်ဂိုဏ်းနဲ့ မင်္ဂလာပွဲနေရာတော်တော်လေးဝေးတာကို စဉ်းစားလိုက်မိတယ်။ သူက ထရပ်လိုက်ပြီး ချန်ရှန်းဟန်ကို ပျင်းရိပျင်းတွဲနဲ့ လက်ဝေ့ပြလိုက်တယ်။

“ငါ ပြန်သွားပြီးတော့ တစ်ရေးလောက် အိပ်လိုက်အုံးမယ်။ နင် ဆက်ပြီးတော့ ဓားသိုင်းကို ကောင်းကောင်းလေ့ကျင့်နော်”

ချန်ရှန်းဟန်က စူးလီ ထွက်မသွားဘူးဆိုတာကို ကြားလိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုအပြည့် ဖြစ်သွားတော့တယ်။ သူမက အားတက်သရောခေါင်းညိတ်ပြီး ပြောလိုက်တယ်။

“ ဟုတ်ကဲ့”

တကယ်လို့သာ ချန်ပေ့ထွက်သွားခဲရင် ဘယ်အချိန်ပြန်လာမှာလဲဆိုတာ ဘယ်လိုမေးရမယ်မှန်း သိမှာမဟုတ်ဘူး။

သူမက သူမရဲ့ချန်ပေ့ ထွက်သွားမှာကိုပဲ စိုးရိမ်မိတယ်။

အိပ်ခန်းကို ပြန်ရောက်လာတဲအခါက စူးလီက သူမရဲ့လက်ကို ဝေ့ရမ်းလိုက်တဲ့အခါ လေထဲမှာ တိမ်လွှာကြေးမုံပေါ်လာတယ်။ ရွှီမိသားစုနှင့် မင်မိသားစုတို့ရဲ့ တာအိုစုံတွဲမင်္ဂလာပွဲက ပြသနေတယ်။

သူမက ပျင်းပျင်းရိရိနဲ အိပ်ရာပေါ်မှာ ကျောမှီလိုက်ပြီး လက်တစ်ဘက်က ဝှေ့ရမ်းလိုက်တဲ့အချိန်မှာ အိပ်ရာဘေးကစားပွဲပေါ်မှာ ဝိညာဉ်သစ်သီးတွေ၊ အသီးခြောက်တွေမျိုးစုံ ပြည့်နှက်သွားတယ်။

စူးလီက ဝိညာဉ်သစ်သီးတွေကို စားနေလိုက်တယ်။ တိမ်လွှာကြေးမုံထဲက မြင်ကွင်းတွေကို ကြည့်လိုက်ပြီး သူမက မနေနိုင်ဘဲ သက်ပြင်းချမိတော့တာပဲ။

[အရမ်းကို စည်ကားနေတာပဲ]

ဒီလို စည်ကားတဲ့ မြင်းကွင်းမျိးမတွေ့ရတာ အရမ်းကိုကြာသွားပြီ။

ယွင်ဟွာနတ်သမီးတောင်ထွတ်-

မြင့်မားတဲ့စင်မြင့်ပေါ်မှာ တာအိုစုံတွဲတစ်တွဲ ဖြစ်လာတော့မဲ့ အသစ်စက်စက် မင်္ဂလာမောင်နှံနှစ်ယောက်က အနီရောင်အဝတ်အစားတွေနဲ့ စင်မြင့်ပေါ်မှာရပ်နေပြီး ဝိညာဉ်‌ကျောက်တုံး၊ ဝိညာဉ်ရတနာတွေနဲ့ စီခြယ်ထားပြီး ပတ်ဝန်းကျင်ကိုလည်း ဝိညာဉ်စွမ်းအင်တွေ အပြည့်ဝန်းရံထားအောင် ပြုလုပ်ထားတယ်။

စင်မြင့်ရဲ့အောက်မှာတော့ ကျင့်ကြံရေးလောကက နာမည်ကြီး သိုင်းပညာရှင်အားလုံးက ထိုင်နေကြတယ်။ ဂိုဏ်းကြီးခြောက်ခုထဲမှာ ချန်းဖူဂိုဏ်းနဲ့ ဟယ်ဟွမ်းဂိုဏ်းကလွဲရင် ဂိုဏ်းချုပ်ကြီးတွေနဲ့ တခြားဂိုဏ်ရဲ့အကြီးအကဲတွေ အားလုံးရှိနေကြတယ်။

မင်္ဂလာမောင်နှံနှစ်ယောက်ရဲ့ မိဘတွေကလည်း နှစ်ဘက်စလုံးမှာ ရှိနေကြတယ်။ အကြောင်းအရင်းတစ်ခုခုကြောင့် သတို့သားရဲ့ အမေက နည်းနည်းလေးစိုး ရိမ်နေတဲ့ပုံပေါ်တယ်။

ရွှီဝမ်နဲ့ မင်ကျီတို့က အားလုံးရဲ့ရှေ့မှာ ကောင်းကင်ကို သစ္စာပြုတော့မဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ကောင်းကင်ကလာတဲ့အသံက ပေါ်လာခဲ့တယ်။

ရွှင့်ချန်ဂိုဏ်းနဲ့ ဝမ့်ကျန့်ဂိုဏ်းကလူ‌တွေကလွဲရင် အားလုံးက အထိတ်တလန့်နဲ့ ဇဝေဇဝါ ဖြစ်သွားကြတယ်။

ဒီကာလအတွင်းမှာ အပြင်လောကလာတဲ့အသံက ပေါ်လာတဲ့ အကြိမ်အရေအတွက် နည်းလာပြီး လူတော်တော်များများကလည်း သူ့ရဲ့တည်ရှိမှုကို စပြီး လျစ်လျူရှုလာမိတယ်လေ။

အခုမှပြန်စဉ်းစားကြည့်မိလိုက်တော့ လူအများကြီး တက်ရောက်ကြမဲ့ ခမ်းနားတဲ့ တာအိုမင်္ဂလာအခမ်းအနားက အပြင်လူတွေရဲ့အာရုံကို အမှန်ပဲ အလွယ်တကူဆွဲဆောင်နိုင်တာပဲ။

ဒါပေမဲ့...

လူတော်တော်များများက စင်မြင့်ထက်ရွှီဝမ်နဲ့ မင်ကျီတို့ကို လှမ်းခိုးကြည့်လိုက်ပြီး သူတို့ရဲ့မိဘတွေကို ထပ်ကြည့်လိုက်ပြီး ရင်ထဲမှာကြိတ်ပြီး စိတ်အေးသွားတော့တယ်။

ဒီလိုကြီးကျယ်တဲ့ အခမ်းအနားရဲ့ အဓိကဇာတ်ကောင်တွေ ရှိနေမှတော့ အပြင်‌လောကကလာတဲ့အသံက ပွဲကြည့်ပရိသတ်ဖြစ်တဲ့သူတို့‌တွေကို သတိမထားမိလောက်ပါဘူးလေ။ ဟုတ်တယ်မလား။

စင်မြင့်ထက်ပေါ်မှာ ရွှီဝမ်က နေရာမှာတင် ရုတ်တရက်အေးခဲသွားပြီး သူ့မျက်လုံးထဲမှာလည်း လုံးဝကိုမသိသာတဲ့ ကြောက်စိတ်တစ်ခု ဖြစ်သွားခဲ့တယ်။

သူက ဘေးမှာ မှင်တက်အံ့ဩနေတဲ့မင်ကျီကို ကြည့်လိုက်ပြီး သူမရဲ့လက်ကို မြန်မြန်လေး ဆုပ်ကိုင်လိုက်ကာ လေသံပျော့ပျော့နဲ့ ပြောလိုက်တယ်။

“ ကျီအာ မြန်မြန် ကောင်းကင်သစ္စာ ပြုကြရအောင်၊ အမေက စိုးရိမ်တကြီးနဲ့ စောင့်ဆိုင်းနေတယ်”

မင်ကျီက ခေါင်းမော့လိုက်ပြီး ရွှီဝမ်ရဲ့ချောမောလှတဲ့ ရုပ်သွင်ကြည့်ပြီးတဲ့နောက်မှာ ရှက်ရှက်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ရွှီမိသားစုနဲ့ မင်မိသားစုနှစ်ခုလုံးက ကျင့်ကြံရေးလောကထဲမှာ အထင်ကရမိသားစုတွေ။ သူတို့ရဲ့အဆင့်အတန်းကို ထိန်းသိမ်းထားဖို့အတွက် လက်ထပ်ပွဲကို မှီခိုအားထားစရာမလိုဘူး။ တကယ်လို့ သူတို့တွေက ဒီလိုအားထားခဲ့မယ်ဆိုရင်လည်း မင်မိသားစုသခင်ကြီးရဲ့ ချစ်လှစွာသော အငယ်ဆုံးသမီးဖြစ်တဲ့ မင်ကျီကို လက်တွဲဖော်အဖြစ်ရွေးချယ်လိမ့်မှာ မဟုတ်ဘူး။ မိသားစုနှစ်ခု လက်ထပ်ဖြစ်တဲ့အကြောင်းအရင်းကလည်း သူမနဲ့ ရွှီဝမ်တို့က အချင်းချင်း မေတ္တာမျှနေကြလို့လေ။

ရွှီဝမ်ပြောတာ မှန်ပါတယ်။ အပြင်လောကက လာတဲ့အသံ ရောက်လာရင်တောင် သူတို့တွေက မင်္ဂလာအချိန်ကို လွဲချော်လို့မဖြစ်ဘူး။

[ အမေဖြစ်သူက ဘာဖြစ်လို့များ စိတ်မရှည် လက်မရှည်နဲ့ စောင့်နေတာလဲ]

[ ဒီလိုအခြေအနေမှာတောင် သူက မိန်းမရဲ့သဘောထားကို တကယ်တမ်း လျစ်လျူရှု့ပြီး သူ့အမေစိတ်မရှည်ဖြစ်နေတာကို ကြောက်နေရသလား]

[ ဒါကြီးက ငါ့အတွက် တော်တော်လေးကို မှားယွင်းတယ်လို့ ထင်မိတာပဲ။ ဒါက နောက်ထပ် အမေချစ်သားများလား]

[ ဒါက တရားကိုလွန်လွန်းတယ်]

[မင်ကျီရေ ပြေးဟ]

[ ဒီရွှီဝမ်က အမေချစ်သား မဟုတ်ဘူး ဟဲ့။ သူက အမေချစ်သူ]

...

All Chapters