← Chapters

အခန်း ၆၂

Vol. 5 Ch. 62

အခန်း ၆၂

Vol. 5 Ch. 62

အပိုင်း (၆၂)

ရွှီအိမ်တော်ဝင် ဥယျာဉ်ရဲ့ထောင့်တစ်နေရာ။

ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ ပြည့်ပြည့်ဖောင်း‌ဖောင်း ဖြူဖြူဖွေးဖွေး ကလေးတစ်ယောက်က မျက်နှာပေါ်မှာ အရွယ်နဲ့ မလိုက်အောင် ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာတစ်ခုနဲ့ မြေကြီးပေါ်က ပိန်ပိန်သေးသေး အားနည်းချိနဲ့နေတဲ့ ကိုယ်ခန္ဓာလေးကို အညှာတာ ကင်းမဲ့စွာနဲ့ ကန်ကျောက်နေတယ်။

သူက ကန်ကျောက်ထိုးနက်ရင်း ရက်ရက်စက်စက် ကြိမ်ဆဲနေတယ်။ “မင်းကြောင့်လေ၊ ငါ့အဖေက ငါ့ကို အစ်ကို(၆)ရဲ့ တာအိုမင်္ဂလာပွဲအခမ်းအနားကို ခေါ်မသွားခဲ့တာ”

“ညစ်ပတ်ပြီး နံစော်နေတဲ့ တိရစ္ဆာန်ကောင်၊ ဘာလို့ ရွှီမိသားစုထဲမှာ နေနေသေးတာလဲ၊ မင်း ဒီအတိုင်းပဲ သေလိုက်ပါတော့လား”

သူ့ရဲ့တခြားအစ်ကိုတွေထဲက တစ်ယောက်မှ ရွှီဝမ်ရဲ့ တာအိုမင်္ဂလာပွဲကို တက်ခွင့်မရတာ သိထားပေမဲ့၊ သူ့အမေက မင်မိသားစုကို မျက်နှာလုပ်နေတာမှန်း သိနေပေမဲ့ ဒါက သူ့အတွက်တော့ ရွှီမော့ကို အလွယ်တကူနဲ့ အလွှတ်ပေးအောင် မလုပ်နိုင်ခဲ့ဘူး။

ရွှီမိသားစုထဲမှာ ရွှီမော့ဟာ သူ့ကို ကာကွယ်ပေးမဲ့ အမေ မရှိသလို သူ့အဖေကလည်း သူ့တည်ရှိမှုကို အထူးတလည် မုန်းတီးတာကြောင့် ဘယ်သူမဆို သူ့ကို တက်နင်းသွားလို့ရတယ်။

ဒါကြောင့်လဲ ရွှီယန်အတွက် ရွှီ‌မော့က သဲအိတ်တစ်ခုသာ ဖြစ်ခဲ့တယ်။

သူက လူတစ်ယောက်ကို သေတဲ့အထိ ရိုက်နှက်မယ်ဆိုရင်တောင် သူ့အဖေက သူ့ကို အပြစ်တင်မှာ မဟုတ်ဘူး။ သူ့လက်တွေပဲ နာသွားမှာကိုတောင် စိုးရတယ်။ ဒါကို စဉ်းစားမိတော့ သူက ပိုပြီး စဉ်းလဲလာခဲ့တယ်။

သူ့နောက်ကလိုက်လာတဲ့ သူအစေခံကလည်း သူ့နဲ့ တစ်စိတ်ထဲပဲ။

မြေကြီးပေါ်က သေလုမတတ် ရိုက်ခံထားရတဲ့ ရွှီမော့ကို ဂရုစိုက်ပေးရမဲ့အစား သူတို့တွေက ရွှီယန်ကိုပဲ စိုးရိမ်နေတဲ့ပေါ်ပြီး သူက ရိုက်နှက်လို့မဝမှာ၊ မတော်တဆ သူ့ကိုယ်သူ ထိခိုက်မိသွားမှာ စိုးရိမ်နေကြတယ်။

မြေကြီးပေါ်မှာ လဲကျနေတဲ့ ရွှီမော့က ကြောက်လန့်တကြား ကိုယ်ကို ကွေးထားပြီး သူ့ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ထားဖို့ အကောင်းဆုံးကြိုးစားနေတော့တယ်။

သူက နေ့တိုင်းနီးပါး ဒီလို ရိုက်နှက်ကြိမ်းမောင်းတာတွေကို အကြိမ်တော်တော်များများ ရင်ဆိုင်ခဲ့ရတယ်။ ဒီတစ်ခါလဲ အရင်က ဖြစ်ခဲ့တဲ့အကြိမ်တွေလိုပဲ သူက အံကြိတ်ပြီး တောင့်ခံဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့ သူ့အတွင်းအင်္ဂါထဲက ပြင်းထန်တဲ့နာကျင်မှုက သူ့အတွက် သည်းမခံနိုင်လောက်အောင်ပါပဲ။ သူက ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးတွေကို အန်ထုတ်လိုက်တယ်။

ဒါကိုမြင်လိုက်တဲ့အခါ ရွှီယန်က သူ့ခြေထောက်တွေ လှုပ်ရှားနေတာကို လုံးဝမရပ်တဲ့အပြင် အားပိုထည့်လိုက်ပြီး ဝိညာဉ်စွမ်းအင်တွေကို ပိုပြီး သုံးလိုက်သေးတယ်။

“ရွံဖို့ကောင်းလိုက်တာ၊ မင်းက ဥယျာဉ်ကြမ်းပြင်ကို ညစ်ပစ်အောင် လုပ်လိုက်တာပဲ”

ရွှီမော့က သူ့ခန္ဓာကိုယ်ပေါ်မှာ ပိုပြီးကြမ်းကြုတ်တဲ့ လက်သီးချက်၊ ကန်ချက်တွေကို ခံစားလိုက်ရပြီး ကြံရာမရတော့ဘဲ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တော့တယ်။

အမေရေ သူ အချိန်အကြာကြီး တောင့်ခံလားခဲ့ပြီးပြီ။

ဒီတစ်ခါတော့ သူ တကယ် တောင့်ခံနိုင်တော့မှာ မဟုတ်လောက်ဘူး။

ရွှီယန်က သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို အားအပြည့်သုံးပြီး ကန်ထုတ်ပစ်တော့မဲ့အချိန်မှာပဲ သူ့မျက်နှာပေါ် ရိုက်ချက်တစ်ခုကြောင့် သူ့မှာ ၅မီတာလောက် လွင့်ထွက်သွားခဲ့တယ်။

ရွှီယန်ရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ယောင်ကိုင်းလာပြီး သူ့ပါးစပ်ကို ဖွင့်လိုက်တဲ့အချိန်မှာ သွားသုံးချောင်း ပေါ်လာခဲ့တယ်။

သူက ရွှီမိသားစုမှ သူ့ကို ဒီလိုဆက်ဆံရဲတဲ့သူကို မြင်ချင်လို့ ခေါင်းမော့ကြည့်လိုက်တော့ ရွှီမိသားစုရဲ့ ‌ခေါင်းဆောင်က ရွှီမော့ဆီကို စိုးရိမ်တကြီး ပြေးသွားလိုက်တာ မြင်လိုက်ရတော့တယ်။

သူက သူ့မျက်နှာကို အုပ်ထားပြီး ကြောင်ကြောင်အမ်းအမ်းနဲ့ ရွှီမိသားစု ခေါင်းဆောင်ကို ကြည့်လိုက်ပြီး

“အဖေ”

ရွှီမိသားစုခေါင်းဆောင်က သားအတု ရွှီယန်ကို အာရုံစိုက်ဖို့ အချိန်မရှိလေဘူး။ ဒီအခိုက်မှာ သူ့အာရုံတွေအားလုံးကို မြေကြီး‌ပေါ်မှာ လဲကျနေတဲ့ ရွှီမော့က ဆွဲဆောင်ထားတယ်။

ဒါက သူ့ရဲ့ပါရမီအရှိဆုံး သားတဲ့။ ဒါက ရွှီမိသားစုရဲ့ အနာဂတ်တဲ့။

သူက တုန်တုန်ယင်ယင်နဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရွှီမော့ကို ဆွဲထူပေးလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ပြည့်သွားခဲ့တယ်။

“ငါ့သား မင်း ဒုက္ခခံခဲ့ရပြီ”

သူ့နောက်မှာတော့ အပျော်သဘော လာရောက် ကြည့်ရှုကြတဲ့ ဧည့်သည်တွေ အပြည့်ပါပဲ။

သူတို့တွေက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရွှီယန်ရဲ့ ရက်စက်တဲ့အပြုအမူကို မြင်ခဲ့ရပြီးနောက်မှာ ရွှီမော့ကို စိုးရိမ်နေတဲ့ ရွှီမိသားစုခေါင်းဆောင်ရဲ့ “ရင်ကွဲနာကျတဲ့စကား’ ကြားလိုက်ရပြီး သူတို့မျက်လုံးတွေက လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့တယ်။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရှေ့မှာရပ်နေပြီး ရွှီမော့ရဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေနဲ့ အမာရွတ်တွေ ဖုံးနေတဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သနားစိတ်တချို့နဲ့ မျက်မှောက်ကြုတ်မိလိုက်တယ်။

ရွှီမိသားစုက အပေါ်ယံမှာ တောက်ပပြီး ကြွယ်ဝချမ်းသာတဲ့ပုံ ဖြစ်နေပေမဲ့ သူတို့တွေက အတွင်းမှာတော့ ပုတ်သိုးနေတာပဲ။

ရွှီမော့က ဆယ်ကျော်သက်လေးတစ်ယောက်။ ရွှီမိသားစုခေါင်းဆောင်ရဲ့ သား။ ဒါပေမဲ့ အခုတော့ သူက တခြားသားရဲ့ အနိုင်ကျင့်တာ ခံနေရသတဲ့။

ဒါက ရွှီမိသားစုခေါင်းဆောင်ရဲ့ ထုတ်ပြောစရာမလိုတဲ့ ထောက်ခံမှု မပါရင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ရွှီမိသားစုခေါင်းဆောင်သာ အပြင်လောကကလာတဲ့အသံဆီကနေ ရွှီမော့ရဲ့ပါရမီအေကြာင်း မသိခဲ့ရရင် ရွှီမော့က ဒီနေ့ ဒီနေရာမှာ ရိုက်နှက်ခံနေရပြီး တစ်ယောက်ယောက်ရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့မှာ မဟုတ်လောက်ဘူး။

အားလုံးရဲ့ စိတ်ဝင်စားစရာ အဓိကလူဖြစ်နေတဲ့ ရွှီမော့ ရွှီမိသားစုခေါင်းဆောင်ရဲ့ လက်မောင်းကို မှီထားတယ်။ သူ့မျက်လုံးထဲမှာ သူ့အဖေကို တမ်းတတဲ့စိတ်၊ ခံစားချက်တွေ လုံးဝမရှိနေဘူး။ အဲဒီအစား သူ့မှာ သတိအပြည့်နဲ့ ဖြစ်နေခဲ့တယ်။

တစ်ချိန်တုန်းကတော့ ရွှီသခင်ကြီးက အဖေတစ်ယောက်လို သူ့ကို ချီးမွှမ်းပေး၊ ပွေ့ဖက်ပေးပြီး ဘယ်လို ကျင့်ကြံရမယ်ဆိုတာကို သင်ပေးဖို့ မျှော်လင့်ခဲ့ဖူးတယ်လေ။

ဒါပေမဲ့ မကြာခဏဆိုသလို ရွံရှာအထင်သေးတဲ့ ရွှီမိသားစုခေါင်းဆောင်ရဲ့အကြည့်တွေက ရွှီမော့က သူ့ကို သိက္ခာကျစေပြီး ဘာမှအသုံးမဝင်တဲ့သူလို့ သိသွားအောင် လုပ်ခဲ့တယ်။

ရွှီမော့က သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုကို တောင့်ခံထားလိုက်ပြီး ဘယ်သူ့ကိုမှ မကြည့်ဘဲ ဒဏ်ရာရတဲ့နေတဲ့ တိရစ္ဆာန်လေးတစ်ကောင်လို အတင်းကွေးထားလိုက်တယ်။

သိပ်မဝေးလှတဲ့နေရာက ပါးရိုက်ခံလိုက်ရတဲ့ ရွှီယန်က နောက်ဆုံးတော့ သတိပြန်ဝင်လာတယ်။ ရွှီမိသားစုက ရွှီမော့အပေါ် အင်မတန်မှ နူးညံ့သိမ်မွေ့နေတာကို မြင်လိုက်ရပြီး သူ့မျက်နှာက ဝန်တိုမှု ဒေါသကြောင့် ရက်စက်ကြိမ်းကြုတ်လာခဲ့တယ်။

“အဖေ အဲဒီခွေးကောင်လေးကို ဘာလို့ အဲလောက်ကောင်းပေးနေတာလဲ၊ အဖေက သူ့ကို အမုန်းဆုံး၊ လုံးဝကို မမြင်ချင်ဆုံး မဟုတ်ဘူးလား”

ရွှီမိသားစုခေါင်းဆောင်က ရွှီမော့ရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအမာရွတ်တွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ရင်နာစိတ်အပြည့်ဖြစ်သွားတော့တယ်။ ရွှီယန်ရဲ့ စကားကို ကြားလိုက်ပြီးတဲ့အခါ သူ့ခေါင်းက ထောင်လာပြီး သူ့မျက်လုံးထဲမှာ ရက်စက်မှုတွေနဲ့ သူ့လက်ကို မြောက်ပြီး ရွှီယန်ကို ခပ်ကြမ်းကြမ်း ပါးထပ်ချလိုက်တယ်။ “အဓိပ္ပာယ်မရှိတာ၊ မော့အာက ငါ့သားပဲ၊ ငါ သူ့ကို ဘယ်လိုလုပ် မချစ်ဘဲ နေမှာလဲ”

“မော့အာက မင်းရဲ့အစ်ကိုလေ၊ မင်းက အတင့်ရဲလို့ သူ့ကို ဒီလို မလေးမစားလုပ်ရသလား”

ရွှီသခင်ကြီးက အံကြိတ်လိုက်ပြီး သူ့ကို အညှာတာကင်းကင်းနဲ့ အပြင်းအထန် ပြစ်တင်တော့တယ်။

“အရိုင်းစိုင်းကောင်”

ရွှီယန်ခမျာ အရမ်းကို ကြမ်းကြမ်းတမ်းတမ်း အရိုက်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ဘူး။ သူက ရုန်းကန်ရင်း ခေါင်းကို ထောင်လိုက်ပြီး မတရားလုပ်ခံလိုက်ရတဲ့အသံနဲ့ ပြစ်တင်ညည်းညူလိုက်တယ်။

“အဖေ ... အဖေက ရွှီမော့ကို အမုန်းဆုံးပဲ မဟုတ်ဘူးလား၊ ပြီးခဲ့တဲ့တစ်ခေါက် သား သူ့ကို ရိုက်နှက်တုန်းက ကျွန်တော် သူ့ကို ရိုက်တာ ကောင်းတယ်လို့ အဖေပဲ ပြောခဲ့တယ်လေ”

“အဖေ... ဘာလို့...”

“အဓိပ္ပာယ်မရှိတာ...”

ရွှီယန် ပြောလိုက်တဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရွှီမိသားစု ခေါင်းဆောင်က အပြစ်ရှိစိတ်နဲ့ ရွှီ‌မော့ကို အမှတ်တမဲ့ လှည့်ကြည့်လိုက်တယ်။ ဘာအမူအရာမှ မပြဘဲ သူ့လက်မောင်းထဲမှာ ငြိမ်နေတဲ့ ရွှီမော့ကို မြင်လိုက်ရပြီး သူက ခေါင်းမော့ပြီး ခြိမ်းခြောက်နေတဲ့ အေးစက်စက်အကြည့်နဲ့ ရွှီယန်ကို ကြည့်လိုက်တယ်။

“မင်းရဲ့ညီအစ်ကိုတွေနဲ့ မိသားစုကို ဦးစားပေးပါလို့ ငါ မင်းကို အမြဲတမ်း သင်ပေးခဲ့တယ်၊ မင်းက ဒီနေ့ ဒီလို ကောက်ကျစ်တဲ့ကိစ္စ လုပ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး”

အပြင်လောကကလာတဲ့အသံ ပြောခဲ့တဲ့ ရွှီယန်က သူ့သားအရင်းမဟုတ်ဘူးဆိုတာကို စဉ်းစားမိလိုက်တဲ့အခါ သူ့မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တစ်ခု ထိန်းမရဘဲ ဖြစ်ပေါ်လာခဲ့တယ်။

သူက ဒီကိစ္စကိုလဲ အားလုံး သိသွားမှာ မလိုလားဘူးလေ။ ဒီတော့ ရွှီမော့ကို တိုက်ခိုက်ခဲ့တဲ့ကိစ္စကို ဆင်ခြေတစ်ခုလိုအသုံးချပြီး ရွှီယန်ရဲ့တည်ရှိမှုကို ချက်ချင်း ပယ်ဖျက်လိုက်တော့တာပဲ။

ဒီလို စဉ်းစားလိုက်ပြီး သူက အေးစက်စက်မျက်နှာထားနဲ့ သူ့နောက်က ရွှီမိသားစုဝင်တွေကို မှန်ကန်ဖြောင့်မတ်တဲ့ပုံနဲ့ ပြောလိုက်တော့တယ်။ “ရွှီယန်က အစ်ကိုဖြစ်သူကို သတ်ဖို့ကြိုးခဲ့ပြီး နောင်တရဖို့ ငြင်းပယ်နေသေးတယ်၊ သူ့ကိုယ်သူ ပြန်သုံးသပ်နိုင်အောင် သူ့ကို အမှောင်ခန်းထဲ ထည့်ထားလိုက်ကြ”

အမှောင်ခန်းထဲမှာ ဖြစ်လာမဲ့ကိစ္စကိုတော့ တခြားသူတွေကို အသိပေးစရာမလိုဘူးပေါ့။

“သခင်ကြီး” သံရှည်တစ်ခုနဲ့ လေနဲ့အတူ ပါလာတဲ့အသံတစ်ခုနောက်မှာ သေးသွယ်သွယ် ကိုယ်လုံးကိုယ်ထည်တစ်ခုနဲ့ ဝမ်းနည်းနေတဲ့မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့ ပုံရိပ်တစ်ခုက ဝိုးတဝါးပေါ်လာတယ်။

ကျင်းယွင်မြောင်က အပြင်းအထန် ဒဏ်ရာရသွားတဲ့ ရွှီယန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ ရင်နာမှုအပြည့်နဲ့ ရွှီမိသားစု ခေါင်းဆောင်ကို နာကျည်းတဲ့အရိပ်အယောင်တစ်ခု ပါလို့နေတယ်။

ဒါပေမဲ့ သူက ကိုယ်ကို လှည့်လိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာကို ချက်ချင်း ထိန်းညှိထားလိုက်တယ်။ သူက ရွှီသခင်ကြီးရှေ့မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာပြီး သူ့အသံကလည်း နှလုံးကွဲပြီး သိမ်မွေ့တဲ့ ဝမ်းနည်းဟန် အပြည့်ပါပဲ။ “သခင်ကြီး ယန်အာက ကလေးပဲ ရှိပါသေးတယ်၊ သူက သခင်ကြီးကို ဒေါသထွက်အောင် လုပ်ခဲ့လို့ သူ့ကို ရိုက်သင့် ကြိမ်းမောင်းသင့်ပါတယ်၊ ဒါပေမဲ့ ဒီလောက်ရက်စက်တဲ့လက်ကို သုံးခဲ့တာလဲ”

ရွှီမိသားစုခေါင်းဆောင်က ကျင်းယွင်မြောင်ရဲ့ မျက်ရည်အပြည့် သနားစရာမျက်နှာကို ကြည့်လိုက်ပြီး သူ့ကို ဘယ်လို လှည့်စားခဲ့တဲ့အကြောင်း မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားရတယ်။ သူက ရွှီမော့ကို သူ့လက်ပေါ်က ချထားလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သူ့မျက်လုံးထဲက အမူအရာက ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့တယ်။

“ရွှီယန်က အစ်ကိုဖြစ်သူ့ကို လုပ်ကြံရဲခဲ့တယ်လေ ဒီတော့ သူ့ကို အပြစ်ပေးမှဖြစ်မယ်”

ကျင်းယွင်မြောင်က ပတ်ဝန်းကျင်ကို မသိမသာ လှမ်းကြည့်လိုက်တယ်။ မြေကြီးပေါ်က ရွှီမော့နဲ့ စောင့်ကြည့်နေကြတဲ့လူတွေကို မြင်လိုက်ပြီးတဲ့နောက်မှာ သူက တစ်ခုခုကို နားလည်သွားသလိုပဲ။ အစောပိုင်းက စိုးရိမ်စိတ်တွေက သူ့မျက်လုံးထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။

ရွှီမိသားစုခေါင်းဆောင်က သူ့နာမည်ကို အရမ်းအလေးထားတာ သူ သိတယ်လေ။ လူအများကြီးက သူ့မိသားစုရဲ့ ညစ်ညမ်းတဲ့အရာတွေကို လူရှေ့မှာ မြင်သွားရင် အရမ်းကို ဒေါသထွက်မှာ အမှန်ပဲ။

ဒီလိုစဉ်းစားမိလိုက်ပြီး သူက ရွှီသခင်ကြီးဆီကို လှမ်းလောက်တိုးသွားလိုက်ပြီး လေသံပျော့ပျော့နဲ့ ပြောတော့တယ်။

“သခင်ကြီးရယ် ယန်အာက သူ့ခန္ဓာကိုယ်ထဲမှာ ချီဓာတ်ဆွဲထည့်ပြီးကတည်းက သူက သူ့အစ်ကိုတွေနဲ့ လက်ရည်ချင်းယှဉ်ပြိုင်ရတာ သဘောကျနေတာလေ၊ ဒီနေ့လည်း အဲလိုပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်”

“ယန်အာရဲ့ ကျင့်ကြံခြင်းက အခုမှ အပေါ်ယံလေးပဲ ရှိသေးပြီး သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးတာ သခင်ကြီးလဲ သိပါတယ်၊ ဒီတော့ တခါတလေ သူ တိုက်ခိုက်တဲ့အခါ နည်းနည်းလေး သတိလက်လွှတ်ဖြစ်သွားတာနေမှာပါ”

“ဒါက ညီအစ်ကိုနှစ်ယောက်ကြားက ပြိုင်ပွဲတစ်ခုလေးပါ၊ သခင်ကြီးက ဘာလို့ အဲလောက် ဒေါသထွက်နေတာလဲ”

စူးလီက ရှန်ချန်းဟန် လာပို့ပေးတဲ့ အသားကင်ကို သွားထွက်ယူတုန်း ရှိပါသေးတယ်။ သူမ တံခါးထဲ ပြန်ဝင်လာတဲ့အချိန်မှာ တိမ်လွှာကြေးမှုံဆီက လာတဲ့အသံကို ကြားလိုက်ရတယ်။ သူမက အသားကင်ကို ချထားလိုက်ပြီး မနေနိုင်တော့ဘဲ မှတ်ချက်ပေးမိတော့တယ်။

[ကျွတ်.. ကျွတ်.. ဒီရှင်းပြချက်က အံ့ဩစရာပါပဲ]

[ဒီတော့ ရွှီယန်က ဒီနေ့ သူ့အဖေကို သတ်ခဲ့ရင်တောင် သူ့အမေက ရွှီယန်က သူ့ဝိညာဉ်စွမ်းအင်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့ပါလို့ ရိုးရိုရှင်းရှင်း လေးပြောပြီး ဒီလို ရှင်းပြလိုက်မှာပဲလား]

[မဟုတ်သေးပါဘူး၊ ရွှီယန်ရဲ့အဖေအရင်းက ရွှီမိသားစုခေါင်းဆောင် မဟုတ်တာ ငါ မေ့သွားတယ်]

ရုတ်ခြည်းဆိုသလို ကျင်းယွင်မြောင်ရဲ့မျက်နှာ‌ပေါ်က အမူအရာက အေးခဲသွားခဲ့တယ်။

သူ့အဆင့်နဲ့ဆိုရင် ဒီနေ့ ရွှီဝမ်၊ မင်ကျီတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခွင့်မရှိဘူးလေ။ ဒီတော့ အပြင်လောကက လာတဲ့အသံကလည်း ရွှီမိသားစုဆီကို လာခဲ့တာ သူ မသိခဲ့ဘူး။

သူမက လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ရွှီမိသားစုသခင်ကြီးရဲ့ မျက်နှာကို ‌မော့မကြည့်ရဲတော့ဘူး။ အပြင်လောကကလာတဲ့အသံ မြန်မြန်ထွက်သွားပါစေလို့ပဲ စိတ်ထဲမှာ ကပျာကယာ တောင်းပန်နိုင်တော့တယ်။

[သူက ရွှီသခင်ကြီးနဲ့ သူ့ညီကို သူ့သဘောကျ ခြယ်လှယ်နိုင်တာလဲ မဆန်းတော့ပါဘူး~ ~]

[ဟား ဟား ဟား ဟား __ __ ညီဖြစ်သူက ကျင်းယွင်မြောင်ကို သူ့အိပ်ရာထဲမှာတောင် မရီးလို့~ ~ ခေါ်နေလိမ့်မယ်လို့ ရွှီသခင်ကြီးက သူ့အိပ်မက်ထဲမှာတောင် ဘယ်တော့မှ စိတ်ကူးကြည့်ဖူးမှာ မဟုတ်ဘူး]

[ကျွတ် ကျွတ်... သူက သူ့ညီအတွက် နှစ်‌ပေါင်းများစွာ ကလေးထိန်းကူပေးခဲ့တာပဲ၊ သူက ကျင့်ကြံရေးလောကက အစ်ကိုကောင်းတစ်ယောက် တကယ် ဖြစ်ထိုက်ပါပေတယ် ဟား ဟား ဟား__ __]

ဖြန်း ဖြန်း __ __

အားလုံးက နားမလည်နိုင်တဲ့ မျက်နှာထားတွေနဲ့ မြေကြီးပေါ်မှာ လဲကျနေတဲ့ ကျင်းယွင်မြောင်နဲ့ ရွှီဟွာတို့ကို ကြည့်လိုက်ကြတယ်။

ထင်တောင်မထားဘူး။ သခင်ကြီးရွှီကို လှည့်စားခဲ့တဲ့သူက တကယ်က သူ့ညီအရင်း ဖြစ်နေတာပဲ။

ရွှီမိသားစုခေါင်းဆောင်ရဲ့မျက်နှာက ဖြူဆုတ်သွားပြီး သူက လူနှစ်ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်တော့တယ်။

သူက သူ့ညီဖြစ်သူအပေါ် အရမ်းသဘောကောင်းခဲ့တာ။ သူ့ကို သိုင်းပညာတွေ၊ အရင်းအမြစ်တွေနဲ့ အဆင့်အတန်း အားလုံး ပေးထားခဲ့တာ။

ဒါက သူ ကျေးဇူးပြန်ဆပ်လိုက်တဲ့ပုံပေါ့လေ။

[မီး၊ သူခိုးနဲ့ ညီအစ်ကိုတွေရဲ့ ရန်ကို ကာကွယ်ထားတာ တကယ်ကောင်းပါတယ်]

[ဒါပေမဲ့ သခင်ကြီးရွှီမှာ မိန်းမတွေ အများကြီးပဲလေ၊ သူတို့တွေထဲက တချို့တွေ ဖောက်ပြန်ကြတာ ပုံမှန်ပဲ မဟုတ်ဘူးလား]

[သူ့မှာ အရည်အချင်းရှိရင် သူက ရှင့်ကို တစ်နေကုန် အဖော်လုပ်ပေးလို့ရတယ်လေ~ ~]

အပြင်လောကက လာတဲ့အသံကို ကြားလိုက်ပြီးတဲ့အခါ လူတချို့က သူတို့စိတ်ထဲမှာ တိတ်တိတ်လေး ပြောလိုက်ကြတော့တယ်။

နေ့တိုင်း လူဒါဇင်ကျော်က သူ့ကို အဖော်လုပ်ပေးမယ်ဆိုရင် ရွှီသခင်ကြီးကတော့ နေ့တိုင်း ကာမအားတိုးဆေး လိုနေလောက်တယ်။

ဒီအချိန်မှာတော့ ရွှီမိသားစုခေါင်းဆောင်ရဲ့ မျက်နှာက ပိုပြီး ရှက်ရွံ့လာတော့တယ်။ သူက သူ့နာမည်ကို အရမ်းကို ဂရုစိုက်တတ်တဲ့သူပါဆိုမှ အခုတော့ ကျင့်ကြံရေးလောကထဲက နာမည်ကြီး အစွမ်းရှိပုဂ္ဂိုလ်တွေရဲ့ရှေ့မှာ ဒီလိုလျှို့ဝှက်ချက်တစ်ခုက ‌ဖော်ထုတ်ခံလိုက်ရတယ်လို့။ ဒါက ရွှီဟွာနဲ့ ကျင်းယွင်မြောင်တို့ ဖောက်ပြန်နေတဲ့ကိစ္စထက် ပိုပြီး ဒေါသထွက်လာစေတော့တာပဲ။

ဒီအချိန်မှာ ရွှီဟွာက ကျင်းယွင်မြောင်က ဘာမှမတတ်နိုင်တော့သလို သူ့ကို ကြည့်နေတာ တွေ့လိုက်ရတော့တယ်။ သူက အရမ်းစိတ်လှုပ်ရှားသွားပြီး သူမရှေ့မှာ ဝင်ရပ်လိုက်ပြီး ရွှီမိသားစုခေါင်းဆောင်ရှေ့မှာ ဒူးထောက်ချရင်း ပြောလိုက်တယ်။ “ယွင်မြောင်နဲ့ ပတ်သက်ပြီး ကျွန်တော်က အရင်ဆုံး မကောင်းတဲ့စိတ်တဲ့ ဝင်ခဲ့တာပါ၊ ကျွန်တော် သူ့ကို ဖျားယောင်းခဲ့တာပါ”

“ဘာပဲဖြစ်ဖြစ် အားလုံးက ကျွန်တော့်အမှားပါ၊ ယွင်မြောင်နဲ့ ဘာမှမဆိုင်ပါဘူး”

[ဒီရွှီဟွာက တကယ်ပဲ သူ့ကိုယ်သူက ဖော်ထုတ်လိုက်တာတဲ့လား]

[ဒါပေမဲ့ ဟုတ်ပါတယ်လေ၊ စစ်ဆေးကြည့်လိုက်ရင်လဲ သူနဲ့ ကျင်းယွင်မြောင် ဖောက်ပြန်နေတာကို အမှန်အတိုင်း တွေ့ရမှာပဲ]

[ဒါပေမဲ့... အဝတ်အစား ပါးပါးလေးတွေ ဝတ်ပြီး ရွှီဟွာ ဖြတ်သွားမဲ့လမ်းပေါ်မှာ တမင်မျက်ရည်တွေ ကျပြပြီး သူက လူမှားပြီး တွေ့ဆုံခဲ့တာပါလို့ ကျင်းယွင်မြောင်က အရင်ဆုံး ညည်းတွားခဲ့တာ မဟုတ်ဘူးလား]

[အဟုတ်ပဲလေ၊ ဒါက နှစ်ပါးသွားလိုက်ဖက်ညီခဲ့တာပဲ၊ ရွှီဟွာက ဒါကို မြင်တဲ့အခါ သူက ကျင်းယွင်မြောင်ကို သူ့ရင်ခွင်ထဲမှာ ဖက်ထားပြီး ဘာမှမစဉ်းစားတော့ဘဲ နှစ်သိမ့်ပေးခဲ့တယ်လေ]

[တကယ် အရည်အချင်းရှိကြတဲ့ စုံတွဲပဲ~ ~ ]

[ကြည့်လိုက်ပါအုံးမယ်.. သိပ်မကြာခင်တုန်းက ရှင့်ရဲ့သားကို သခင်လေး ဖြစ်လာအောင် ရွှီသခင်ကြီးဆီ ပို့ပေးဖို့ နည်းလမ်းရှာဖို့ စဉ်းစားနေတာလေတဲ့~ ~]

[ကျွတ် ကျွတ်.. ကောင်းလိုက်တဲ့အစီအစဉ်ပဲ~ ~]

အပြင်လောကက လာတဲ့အသံက ဒီလိုလျှို့ဝှက်ချက်ကိုတောင် သိနေလိမ့်မယ်လို့ ရွှီဟွာက မျှော်လင့်မထားခဲ့ဘူး။ သူ့မျက်နှာက ဖြူဆုတ်သွားတော့တယ်။

အခုတော့ သူ တကယ် သွားပြီ။ သူ့အစ်ကို သူ့ကို လုံးဝ အလွှတ်ပေးတော့မှာမဟုတ်ဘူး။

သူက ခေါင်းမော့လိုက်တဲ့အခါ ရွှီသခင်ကြီးရဲ့မျက်နှာပေါ်က အမူအရာကို မြင်လိုက်ရပြီး သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်မဲ့သွားခဲ့တယ်။ “အစ်ကို ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော် မိသားစုခေါင်းဆောင်နေရာကို မမှန်းခဲ့သင့်ပါဘူး၊ ဒီတစ်ခါတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

“ကျွန်တော်က အစ်ကိုရဲ့ တစ်ဦးတည်းသောညီပါ”

ရွှီမိသားစုခေါင်းဆောင်က မနားတမ်း ငိုယိုပြီး အသနားခံတောင်းပန်နေတဲ့ ရွှီဟွာကို ကြည့်လိုက်တယ်။ သူက အင်မတန် ဒေါသထွက်နေတာ ထင်ရှားနေပေမဲ့ သူ့ကိုယ်သူ အားတင်းပြီး ပြုံးလိုက်သေးတယ်။

“ငါက မင်းကို ဘယ်လိုလုပ်ပြီး အပြစ်ပြောနိုင်ပါ့မလဲ”

သူက ဒီအတိုင်း လက်ဝေ့ယမ်းလိုက်ပြီး သူတို့ကို နှုတ်ပိတ်ထားလိုက်ပြီးတော့ ရွှီဟွာ၊ ကျင်းယွင်မြောင်နဲ့ ရွှီယန်တို့ကို အမှောင်ခန်းထဲမှာ ပိတ်ထားလိုက်ဖို့ သူ့အစေခံတွေကို အမိန့်ပေးလိုက်ပါတော့တယ်။

...

All Chapters