← Chapters

အခန်း ၆၄

Vol. 5 Ch. 64

အခန်း ၆၄

Vol. 5 Ch. 64

အပိုင်း(၆၄)

အမ်...

နေ့တစ်ဝက်အတွင်းမှာ အားလုံး ထပ်ပြီး မှင်တက်အံ့ဩရပြန်တယ်။ သူ့တို့ရဲ့မျက်နှာပေါ်က အမူအရာတွေကလည်း အရင်အချိန်တွေထက် ပိုပြီး ရှုပ်ထွေးသွားကြတယ်။

အွန်လိုင်းဒိတ် ဆိုတာ ဘာတဲ့လဲ။

သူတို့က ‘အွန်လိုင်း’ နဲ့ ‘ချိန်းတွေ့တယ်’ဆိုတဲ့ စကားကို သိပ်ပြီးတော့ နားမလည်ကြပေမဲ့ စကားလုံးတွေ အရဆိုရင်... ဧကန္တ မင်မိသားစုရဲ့ ဘိုးဘေးကြီးက အခု သူ့မှာ ချစ်ရမဲ့သူ ရှိနေတယ်လို့ ပြောလိုက်တာများလား။

သိက္ခာရှိပြီး အတိုင်းအတာတစ်ခုအထိ တင်းကြပ်တဲ့ မင်မိသားစု ဘိုးဘေးရဲ့မျက်နှာက ရုတ်တရက်ဆိုသလို သူတို့ရှေ့မှာ ပေါ်လာတယ်။ သူတို့မှာ ခဏလောက် နှုတ်ဆိတ်နေလိုက်ဖို့သာ တတ်နိုင်တော့တယ်။

အားလုံး သိထားတဲ့အတိုင်းပဲလေ။ မင်မိသားစုရဲ့ ဘိုးဘေးတွေက အမြဲတမ်း စည်းကမ်းတင်းကြပ်ပြီး ဖြောင့်မတ်တယ်။ သူတို့ရဲ့ဆက်ခံသူ ဖြစ်လာဖို့ဆိုရင် အရမ်းကိုမြင့်မားတဲ့ လိုအပ်ချက်တွေ ရှိမှဖြစ်တာ။ သူတို့တွေက အချစ်ရေးမှာ လိုက်စားရတာ မကြိုက်ကြပါဘူး။

ဒီနေ့ မင်ကျီနဲ့ ရွှီဝမ်တို့ကြားက တာအိုမင်္ဂလာပွဲကတောင် မင်ဘိုးဘေးကြီးဆီက သီးသန့်မှာကြားချက်တချို့ ရှိပုံရတယ်။ မင်ဘိုးဘေးက သူ့ကိုယ်သူ လျှော့ပေါ့ပြီး တခြားသူတွေကိုတော့ တင်းကြပ်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။

အခုခေတ်မှာဆိုရင် သူရဲကောင်းတွေကတောင် မိန်းမလှတွေရဲ့ သွေးဆောင်ဖြားယောင်း ခံနေရတာပဲ။

ဒါပေမဲ့လဲ လူတော်တော်များများကတော့ သူတို့ရဲ့စိတ်ထဲမှာ မင်ဘိုးဘေးအတွက် ဆင်ခြေတွေ ပေးနေကြတယ်။

မင်ဘိုဘေးရဲ့ဇနီးသည်က ဆုံးပါးသွားတာ နှစ်ရာချီရှိနေပြီလေ။ မင်ဘိုးဘေးက မင်မိသားစုတစ်ခုလုံးကို မင်သခင်ကြီးဆီ လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်း လက်လွဲပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ မင်မိသားစုရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာ မလုပ်ခဲ့ဘူး။

ငါ့အထင်တော့ မင်ဘိုးဘေးက အရမ်းကို အားနေပြီး အရမ်းကို အထီးကျန်လို့များ... အဟမ်း... ဒါကြောင့် သူ့မှာ ဒီလိုအတွေးမျိုးတွေ ရှိလာတာဖြစ်မယ်။

ဒီလိုစဉ်းစားကြည့်လိုက်တော့... မင်ဘိုးဘေးရဲ့ လုပ်ပုံတွေကို တကယ်တမ်း နားလည်ရ မခက်ခဲတော့ပါဘူး။

အားလုံးက သက်ပြင်းချလိုက်ကြပြီး ဒါက သိပ်ပြီး မသိမသာလောက်ဘူးလို့ စဉ်းစားကြရင်း ဒီအခိုက်မှာ မင်သခင်ကြီးရဲ့ တုံ့ပြန်ပုံကို ခိုးကြည့်လိုက်ကြတယ်...

မင်သခင်ကြီးရဲ့ မျက်နှာအမူအရာက ဒီအခိုက်မှာ အရမ်းကို ရှုပ်ထွေးနေခဲ့တယ်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်တယ်။ အချိန်တော်တော် ကြာမှ နောက်ဆုံးတော့ စဉ်းစားနိုင်စွမ်းတွေ ပြန်ရလာခဲ့တယ်။

သူ့သိစိတ်ထဲမှာ သူ့အဖေက လူတွေ မော့ကြည့်ရုံသာ တတ်နိုင်တဲ့ ကျော်လွှားလို့မရနိုင်တဲ့ တောင်ထွတ်တစ်ခုလို အမြဲတမ်း သန်မာပြီး ခမ်းနားထည်ဝါတယ်လေ။

ဒါပေမဲ့ အခုတော့...

အပြင်လောကက လာတဲ့အသံက သူ့အဖေကို ‘အိမ်အိုကြီး မီးလောင်နေတယ်’လို့ ပြောလိုက်တာကို စဉ်းစားလိုက်မိတော့ သူ့မှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။

ငါ့အဖေက ဘယ်လိုဖြစ်ပြီး အပြင်လောကကလာတဲ့အသံ ပြောတဲ့အတိုင်း ဖြစ်နိုင်မှာလဲ။

ဝိညာဉ်ကျောက်တုံးတွေ၊ ဝိညာဉ်ရတနာတွေကို ပေးလိုက်တာတော့ ဟုတ်ပါပြီ။ မင်မိသားစုရဲ့ အကြီးအကဲရာထူးကိုတောင် ပေးလိုက်သတဲ့လား။

မင်မိသားစုမှာ အကြီးအကဲရာထူးနေရာက ရှစ်ခုပဲရှိတာလေ။ ဒါကလည်း အင်မတန်မှ ရှားပါးတာ။

မင်မိသားစုရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာတယ်ဆိုတာ မင်မိသားစုရဲ့ အသိအမှတ်ပြုခံရတာနဲ့ အတူတူပဲ။ လစဉ်ထောက်ပံ့ကြေးကိုလဲ ရနိုင်တဲ့အပြင် မင်မိသားစုရဲ့ အာဏာကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်တယ်လေ။

ငါ့အဖေက နှစ်ရာကျော်အောင် မိသားစုခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူက အကြီးအကဲတွေရဲ့ အရေးပါပုံကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ဒီအတိုင်း တခြားသူတွေကို ပေးပစ်သတဲ့။

အထင်လွဲနေတာ တစ်ခုခုတော့ ရှိရမယ်။

နောက်ပြီး ဒီကာလအတွင်းမှာ ငါ့အဖေက မင်မိသားစုထဲကနေ ထွက်သွားတာမရှိသလို ဘယ်သူမှလဲ သူ့ကို လာမတွေ့ကြဘူးလေ။

ငါ့အဖေက ဘယ်လိုလုပ်ပြီး .... အပြင်လောကကလာတဲ့အသံ ပြောသလို -အဟမ်း... တစ်ယောက်ယောက်ကို ဒီလောက်အထိ စွဲလမ်းနေမှာလဲ။

အပြင်လောကကလာတဲ့အသံက မှားနေတာ ဖြစ်မှာပါ။ ဒါမှမဟုတ် ဒီကိစ္စရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တချို့ ရှိနေတာများလား။

ဒီလို စဉ်းစားမိလိုက်ပြီး နောက်ဆုံးက သူက သူ့မျက်နှာထားကို ပြင်လိုက်တယ်။

သူက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းမော့လိုက်တဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံဆီကနေ ပိုပြီးအသေးစိတ်ကျတဲ့ အကြောင်းအရာကို ကြားလိုက်ရတယ်။

[‘ကိုယ့်အချစ်ရဆုံး အချစ်ကလေး’၊ ‘ကိုယ့်အနက်ရှိုင်းဆုံးအချစ်လေး’ ကို့နှလုံသားရဲ့တမ်းတဖော်လေး’၊ ‘ကိုယ့်ချစ်မဝတဲ့အချစ်လေး’.....]

[ကိုင်းပါ၊ ပေးပစ်လိုက်တဲ့ ဝိညာဉ်ရတနာတွေကို တစ်ချက် ကြည့်လိုက်ရအောင်- အဆင့်ခုနှစ်အဆောင်၊ အဆင့်ခုနှစ်ဟွာယန်ခေါင်းလောင်းနဲ့ ခုနှစ်ညတာဆီးနှင်းပွင့်စကပ်၊ အဲဒါကို သိပ်မကြာခင်က သို့ပေါင်းခန်းမက လေလံပွဲမှာ ငွေပမာဏအများကြီးပေးပြီး လေလံဆွဲခဲ့တာတဲ့]

[ကျွတ်..ကျွတ်.. ဒီရတနာတွေက ဝမ့်ကျန့်ဂိုဏ်းရဲ့ တစ်နှစ်စာ အသုံးစားရိတ်ကိုတောင် ဖာထေးနိုင်လောက်တယ်]

ဝမ့်ကျန့်ဂိုဏ်းချုပ်ရဲ့ မျက်နှာပေါ်က အမူအရာက ရုတ်တရက် အေးခဲသွားတော့တယ်။ သူ့မှာ နှလုံးသားထဲကို ဓားနဲ့ထိုးစိုက်ခံလိုက်ရသလိုပဲ။

[မင်မိသားစုဘိုးဘေးက မြင်မြင်ချင်း ချစ်သွားခဲ့တာတဲ့၊ ဟား ဟား ဟား ဟား၊ သူကတော့ အချစ်ကြောင့် သေမလိုဖြစ်နေတာပဲ ဖြစ်ရမယ်]

[သူတို့တွေက အခုထိ မတွေ့ကြရသေးဘူးလို့ ဘယ်သူ ထင်လိမ့်မှာလဲ]

[ဟား ဟား ဟား ဟား သူတို့တွေက အချင်းချင်း မတွေ့ရသေးတာထက်တောင် ပိုသေးတယ်၊ မင်ဘိုးဘေးက ဒီလူနဲ့ပတ်သက်ပြီး သူ့နာမည်ကလွဲရင် ဘာတစ်ခုမှ မသိဘူးတဲ့လေ]

???

အားလုံးက မင်ဘိုးဘေးမှာ သူချစ်ရတဲ့သူ ရှိတယ်ဆိုတာကို ကိုယ့်ဟာကိုယ် ယုံကြည်အောင် လုပ်မိရုံလေးမှာပဲ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ကြတယ်။

သူတို့တွေက အချင်းချင်း မတွေ့ရသေးဘူးတဲ့လား။

ဒါပေမဲ့ သူတို့တွေက သေတဲ့အထိ အချင်းချင်း ချစ်သွားမယ်လို့တောင် စိတ်ပိုင်းဖြတ်ထားသတဲ့လား။

သူတို့ပဲ ရူးသွားတာလား။ ဒါမှမဟုတ် မင်ဘိုးဘေးကပဲ ရူးနေတာလား။

ဘာမှမသိတဲ့ လူတစ်ယောက်ကို သူက အဲလောက်များပြားတဲ့ ရတနာတွေ ပေးပစ်နိုင်တယ်။ သူတို့ နှစ်ယောက်သာ တွေ့သွားကြရင်တော့ ဒါက...

မင်မိသားစုခေါင်းဆောင်ရဲ့ မျက်နှာပေါ်မှာလဲ မယုံကြည်နိုင်တဲ့ ရုပ်တစ်ခု ဖြစ်သွားခဲ့တယ်။ သူက သူ့အဖေအတွက် ဆင်ခြေတွေကို ရှာဖွေဖို့ ကြိုးစားနေတုန်းပဲ- ကြည့်ရတာ အဲဒီလူရဲ့ ကျင့်ကြံရေးအဆင့်က အင်မတန် မြင့်နေလို့ ဖြစ်မယ်။ မင်မိသားစုက သူ့စိတ်ကို ပိုင်ထားတာ တန်ပါတယ်။ ဒါမှမဟုတ် အဲဒီလူရဲ့ ရုပ်ရည်က အင်မတန်မှ မှင်တက်အံ့ဩစရာကောင်းလို့ လူတွေကို သူ့ကို ချစ်သွားအောင် လုပ်နေတာများလား...

ဒါပေမဲ့ သူ့အဖေက အဲဒီလူ လုံးဝမတွေ့ဖူးသလို သူ့အရပ်၊ ကိုယ်အလေးချိန်၊ အရည်အချင်းနဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း မသိဖြစ်နေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိဘူး။

သူ့အဖေကို တစ်ယောက်ယောက်ကများ ပြုစားထားတာလား။

မဟုတ်ရင် ဘယ်လိုလုပ်ပြီ ဒီလို.... ရမ္မက်များလွန်းလို့ လူတစ်ယောက်ရဲ့ စိတ်ကိုတောင် ကန်းသွားအောင် လုပ်နိုင်မှာလဲ။

ရွှီမော့က အမြဲတမ်း လူတွေရဲ့ခံစားချက်ကို လုံးဝသိမြင်လွယ်တယ်။ သူက မင်မိသားစုခေါင်းဆောင်ရဲ့ စိတ်အခြေအနေ ပြောင်းလဲသွားတာကို ခံစားမိလိုက်ပြီး သူ့စိတ်ထဲမှာ ကြောက်စိတ်မွှန်သွားတဲ့ အရိပ်အယောင်တစ်ခု နိုးထလာခဲ့တယ်။

သူ တစ်ခုခု အမှားလုပ်ခဲ့မိလို့လား။ သူ့ဘကြီးကို မတော်တဆ ဒေါသထွက်အောင် လုပ်ခဲ့မိတာလား။

ဘကြီးကရော ...သူ့ကို စွန့်ပစ်လိုက်တော့မှာလား။

သူက ငယ်ငယ်လေးကတည်းက ရွှီမိသားစုရဲ့ ရိုက်နှက်ခံရ၊ ဆူပူကြိမ်းမောင်းခံရ၊ အရှက်ခွဲခံရတဲ့‌အောက်မှာ နေလာခဲ့ရပြီး သတိနဲ့ သူ့မျက်ရည်တွေ၊ နာကျင်မှုတွေကို အားလုံးကို မျိုသိပ်ပြီးနေလာခဲ့တာ အကျင့်ပါနေပြီ။

ဒါကြောင့် သူက အရမ်းကို ကြောက်နေပြီး အဆိုးဆုံးကို ပြင်ဆင်ထားခဲ့ပေမဲ့ ဒီအခိုက်တန့်မှာ သူ့ခန္ဓာကိုယ်ကတော့ တောင့်တင်းသွားတုန်းပဲ။ သူ့ခေါင်းကို သူ့ရင်ဘတ်ထဲမှာ မြှုပ်ထားလိုက်ပြီး သူ့မျက်လုံးတွေက ရှေ့ကိုပဲ တည့်တည့်ကြည့်နေတာ စီရင်ချက်ကို စောင့်ဆိုင်းနေတဲ့အတိုင်းပဲ။

ဒီအချိန်မှာ မင်သခင်ကြီးက ရွှီမော့ တစ်ခုခု ဖြစ်နေတာကို သတိထားလိုက်မိတယ်။ သူက အခုလေးတင် ဖြစ်သွားတာတွေကို ချက်ချင်း ဘေးချိတ်ထားလိုက်ပြီး စိုးရိမ်တဲ့အကြည့်နဲ့ သူ့ရင်ခွင်ထဲက ရွှီမော့ကို ငုံ့ကြည့်လိုက်တယ်။ “မော့အာ ဘာဖြစ်လို့လဲ၊ နေလို့ မကောင်းလို့လား”

သူ့က ပြောရင်းဆိုရင်း သူ့ဝိညာဉ်အစွမ်းကို သုံးပြီး ရွှီမော့ရဲ့လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဂရုတစိုက် စစ်‌ဆေးလိုက်တယ်။

ရှန့်ချောင်‌ဆေးပင်ကို တိုက်ကျွေးထားပြီးတာတောင် သူ့ခန္ဓာကိုယ်က အပြင်းအထန် ချို့တဲ့နေသေးတာကို ခံစားမိလိုက်တော့ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိပြီး သူ့မျက်လုံးထဲမှာလဲ ရင်နာမှုအပြည့်ပါပဲ။

ရွှီမော့ သူ့ခန္ဓာကိုယ်ထဲမှာ အနွေးဓာတ် လှိုက်တက်လာတာကို ခံစားမိလိုက်ပြီး မင်သခင်ကြီးရဲ့ မျက်နှာအမူအရာကို ကြည့်လိုက်တယ်။ သူ့ရဲ့ကြောက်စိတ်မွှန်နေတဲ့ နှလုံးသားက ရုတ်တရက် တည်ငြိမ်သွားခဲ့တယ်။

မင်မိသားစုခေါင်းဆောင်က အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သတိပြန်ဝင်လာတဲ့အခါ သူ့မျက်လုံးတွေက ပိုပြီးဝမ်းနည်းလာခဲ့တယ်။

သူက လက်ကိုဆန့်ပြီး သူ့ခေါင်းလေးကို သပ်ပေးလိုက်ရင်း သူ့အသံထဲမှာလဲ ကြင်နာမှုအပြည့်ပဲ။

“ခုနတုန်း အံ့ဩစရာကောင်းတဲ့ သတင်းကို ကြားလိုက်ရလို့ နည်းနည်း ဣန္ဒြေပျက်သွားခဲ့တာပါ”

“မော့အာ စိတ်မပူနဲ့နော်၊ ဘကြီးက မင်းကို ချက်ချင်း အိမ်ခေါ်ပြန်သွားပေးမယ်”

သူက သူ့ရင်ခွင်ထဲက ရွှီမော့ကို မချီလိုက်ပြီး တွေဝေမနေဘဲ လှည့်ထွက်သွားလိုက်တယ်။ မင်မိသားစုဝင်တွေက သူ့ရဲ့တစ်ဖက်တစ်ချက်မှာ ညီညီညာညာနဲ့ တန်းစီလိုက်ပြီး သူ့အတွက် လမ်းဖယ်ပေးလိုက်တယ်။

“မင်သခင်ကြီး ခင်ဗျား တကယ်ပဲ ဒီလိုထွက်သွားချင်တာလား” ရွှီသခင်ကြီးက မင်သခင်ကြီးရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး အံကြိတ်ရင်း ဒေါသတကြီး ပြောလိုက်တယ်။ “ခင်ဗျားက ကျုပ်ကို ရှင်းတောင် မရှင်းမပြတော့ဘူးလား”

“မိသားစုနောက်ခံနဲ့ ပြောရကြေးဆိုရင် ကျုပ်တို့ရွှီမိသားစုက ခင်ဗျားတို့ မင်မိသားစုထပ် မနိမ့်ပါဘူး”

သူက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ရွှီမိသားစု တပည့်တွေက သူ့ကို ဝိုင်းရံထားလိုက်ကြတယ်။

“ရွှီမော့ကို ထားခဲ့၊ ကျုပ်တို့ မိသားစုနှစ်ခုက အေးအေးချမ်းချမ်း နေနိုင်လိမ့်မယ်”

“ခင်ဗျား မထားခဲ့ဘူးဆိုရင် ကျုပ်တို့ ရွှီမိသားစုက ပြဿနာရှာဖို့ လွယ်ကူတဲ့မိသားစု မဟုတ်ဘူးနော်”

တကယ်လို့ ဒီနေ့ ဖြစ်သွားတဲ့ကိစ္စက မင်မိသားစုထဲမှာ ဖြစ်ခဲ့တာဆိုရင် သူက မင်မိသားစု ခေါင်းဆောင်ကို မျက်နှာသာလေး နည်းနည်းတော့ ပေးမိအုံးမှာပဲ။

ဒါပေမဲ့ ဒါက ရွှီမိသားစုလေ။

အပြင်လူတွေက ဝင်လာပြီး ရမ်းကားလို့ရတဲ့ သဘောမဟုတ်ဘူး။

နောက်ပြီးတော့ ရွှီမော့ကို မင်မိသားစုခေါင်းဆောင်ကသာ တကယ် ခေါ်သွားရင် မိသားစုထဲက သူ့ရာထူးကလည်း တကယ် မတည်မငြိမ် ဖြစ်လာလိမ့်မယ်။

တံခါးပိတ် ကျင့်ကြံနေတဲ့ ထိုက်ချန်အကြီးအကဲသာ ဒီအကြောင်းကို သိသွားရင်...

ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ရုတ်တရက် သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ဝိညာဉ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ လှိုက်တက်လာခဲ့တယ်။

မင်မိသားစုခေါင်းဆောင်က ရွှီမော့ကို သူ့လက်ထဲမှာ ချီထားပြီး သူ့ခေါင်းက ပြန်လှည့်မလာပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နက်နေရင်း တစ်လှမ်းချင်း လျှောက်ပြီး ထွက်သွားလိုက်တယ်။

တစ်ဖက်တစ်ချက်က မင်မိသားစုဝင်တွေကလည်း သူ့တို့ရဲ့လက်ထဲမှာ ဝိညာဉ်စွမ်းတွေကို စုစည်းထားကြတယ်။

ဒီအချိန်မှာ လေထုက အင်မတန်မှ တင်းမာနေပြီး စစ်ပွဲတစ်ခု ဖြစ်တော့မဲ့ဆဲဆဲပဲ။

ဒါကို မြင်တော့ ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ကို နားချဖို့ ရှေ့ထွက်လာလိုက်တယ်။

ဒီအချိန်မှာပဲ တင်းမာနေတဲ့ကာလက ဖိအားတစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားလိုက်တာ မြန်ဆန်လွန်းလို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့သယောင်ပဲ။

ရွှီမိသားစုထဲမှာ အချိန်အကြာကြီး သီးသန့်ကျင့်ကြံနေပြီး ရွှီမိသားစုရဲ့ အရေးကိစ္စတွေကို ဝင်ပါလေ့ မရှိတတ်တဲ့ အကြီးအကဲ ထိုက်ချန်က ရုတ်တရက် ထွက်လာခဲ့တယ်။

နောက်တစ်စက္ကန့်မှာပဲ မုတ်ဆိတ်ဖြူဖြူ၊ စူးရှတဲ့မျက်လုံးတွေနဲ့ အဘိုးကြီးတစ်ယောက် အားလုံးရှေ့မှာ ပေါ်လာခဲ့တယ်။

“အကြီးအကဲ”

“လူကြီးမင်း”

အကြီးအကဲထိုက်ချန်က အားလုံးကို မသိမသာ ခေါင်းညိတ်ပြတယ်။ သူက လက်ကို ဝေ့ယမ်းလိုက်ပြီး ရွှီမိသားစု တပည့်တွေအားလုံးကို တပြိုင်တည်း သူတို့ရဲ့လက်နက်တွေကို ပြန်သိမ်းလိုက်ကြတယ်။ ရွှီမိသားစုရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကလည်း နေရာကနေ တိတ်တိတ်လေး ပျောက်ကွယ်သွားကြတယ်။

အကြီးအကဲထိုက်ချန်က သီးသန့်ကျင့်ကြံခြင်းက ထွက်လာလို့ ရွှီမိသားစုခေါင်းဆောင်က မပျော်နိုင်သေးခင်မှာပဲ သူက သူ့လှုပ်ရှားပုံတွေကို မြင်လိုက်ရတယ်။

သူက နေရာမှာ ဇဝေဇဝါနဲ့ ရပ်နေပြီး “အကြီးအကဲ ဘာလို့...”

အကြီးအကဲထိုက်ချန်က သူ့ကို ဂရုမစိုက်သလို ကြည့်လိုက်တော့ ရွှီမိသားစုခေါင်းဆောင်က ပြောနေတဲ့စကားကို ရုတ်တရက် ရပ်ထားလိုက်ရတယ်။

အကြီးအကဲထိုက်ချန်က ရွှီမိသားစုရဲ့အကြီးအကဲလေ။ သူရှိနေလို့လဲ ရွှီမိသားစုက အချိန်အကြာကြီး ရပ်တည်နိုင်ခဲ့ပြီး ကျင့်ကြံရေးမိသားစုတွေရဲ့ ရှေ့မှာလည်း အမြဲတမ်း ရပ်နေနိုင်ခဲ့တယ်။

သူက ရွှီမိသားစုခေါင်းဆောင် ဖြစ်နေတာတောင် အကြီးအကဲ ထိုက်ချန်ရဲ့အာဏာကိုတော့ စိန်မခေါ်ရဲခဲ့ပါဘူး။

အကြီးအကဲထိုက်ချန်က သူ့မျက်လုံးထဲမှာ လုံးဝမသိသာတဲ့ အကူအညီကင်းမဲ့မှုတစ်ခုနဲ့ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မင်သခင်ကြီးကို ခေါင်းညိတ်ပြလိုက်တယ်။

သူက သူ့ကိုယ်သူ နောက်ဆုတ်ပေးလိုက်တာ သူ့ကျင့်ကြံခြင်းကို အ‌နှောင့်အယှက် ဖြစ်နေပြီးပြီလေ။ သူက တခြားသူတွေဆီကနေ ရွှီမော့ရဲ့ကိစ္စကို သိခဲ့ပြီးပြီ။ သူ့အသံထဲမှာ ပင်ပန်းနွမ်းနယ်နေတဲ့ အရိပ်တစ်ခု ပါနေတယ်။

“ဒီကလေးအပေါ် မတရားခဲ့တဲ့သူက ရွှီမိသားစုပါ၊ ဒါကလည်း ကျုပ်တို့ကြားမှာ ရေစက်မပါလို့ပါ”

“အခုချိန်ကစပြီး ကျုပ်က ဒီကလေးကို မင်မိသားစုခေါင်းဆောင် လက်ထဲ အပ်လိုက်ပါပြီ”

မင်မိသားစု‌ခေါင်းဆောင်က ပြန်မ‌ပြောရသေးခင်မှာပဲ ရွှီမိသားစုခေါင်းဆောင်က မျက်နှာ‌ပေါ်မှာ ယုံရခက်တဲ့အကြည့်တစ်ခုနဲ့ ဝင်ရပ်လိုက်တယ်။ သူက စိုးရိမ်တကြီးနဲ့ အကြီးအကဲ ထိုက်ချန်ကို ပြောလိုက်တယ်။

“အကြီးအကဲ ရွှီ‌မော့ရဲ့ပါရမီကို မသိသေးလို့ပါ၊ သူ့မှာ ရေခဲဝိညာဉ်ရင်းမြစ်ရှိတယ်၊ ရွှီမိသားစုထဲက ဆက်ခံသူတွေထဲမှာ အရည်အချင်းအရှိဆုံးပဲ...”

“ရွှီယောင်” အကြီးအကဲထိုက်ချန်ရဲ့အသံက အလောတကြီးလဲ ဖြစ်မနေသလို နှေးလဲမ‌နှေးလှဘူး။ သူ့အသံထဲမှာ မကျေနပ်ချက်တစ်ခုတောင် မပါဘူး။ ဒါပေမဲ့ ဒါကပဲ ရွှီမိသားစုသခင်ကြီးကို ရုတ်တရက် စကားမပြောနိုင်အောင် ဖြစ်သွားစေပြီး သူ့ကျောပေါ်မှာလဲ ချွေးအေးတွေ ထွက်လာခဲ့တယ်။

သူက မြန်မြန်ခေါင်းငုံ့ထားလိုက်ပြီး နောက်ထပ် စကားတစ်ခွန်းတောင် မပြောရဲတော့ဘူး။

အကြီးအကဲထိုက်ချန်က သူ့ခေါင်းကို ပြန်လှည့်လိုက်ပြီး ဝမ်းနည်းတဲ့စိတ်နဲ့ မင်သခင်ကြီးရဲ့လက်ထဲက ရွှီမော့ကို ကြည့်လိုက်တယ်။ သူက လက်ကို ဝေ့ယမ်းလိုက်တော့ ရွှီမော့ရဲ့နဖူးပေါ်မှာ ရွှေရောင်အမှတ်အသားတစ်ခု ဖျတ်ခနဲလက်သွားတယ်။

“ဒီစည်းက မဟာယာန ပညာရှင်တစ်ယောက်ရဲ့ အားအပြည့်တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိတယ်၊ ဒီကလေးအတွက် ကျုပ်လုပ်ပေးနိုင်တာ ဒါအကုန်ပဲ”

သူက သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်တယ်။ “သူက သူ့အရည်အချင်းနဲ့ ရပ်တည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ရွှီမော့ ဘယ်လောက်ပါရမီ ရှိတယ်ဆိုတာကို သူလည်း သိတယ်လေ။

ဒါပေမဲ့ ရွှီမိသားစုက သူ့အပေါ် လုပ်ခဲ့တာတွေ၊ သူ့ကို ရွှီမိသားစုထဲမှာ နေဖို့ ဖိအားပေးတာတွေက သူ့ကို ရွှီမိသားစုအပေါ် ပိုပြီးမုန်းတီးပြီး ရွှီမိသားစုအတွက် ရန်သူတစ်ယောက် ဖန်တီးလိုက်တာပဲ ရှိလိမ့်မယ်။

ဒါက သိက္ခာထိန်းဖို့ မင်မိသားစုဆီ ရောင်းလိုက်တာပဲ ပိုကောင်းလိမ့်မယ်။

ပိုဆိုးတာက မင်မိသားစုက ရွှီမိသားစုနဲ့ ယှဉ်ပြိုင်နိုင်တဲ့ မိသားစုတစ်ခုလေ။ မင်မိသားစုရဲ့ ဘိုးဘေးရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း သူနဲ့ ရင်ဘောင်တန်းနိုင်တယ်။ တကယ်လို့ အငြင်းပွားစရာ ဖြစ်လာခဲ့ရင် ရွှီမိသားစုကို ကောင်းကျိုးထပ် ဒုက္ခပဲ ပိုများစေလိမ့်မယ်။

တကယ်လို့ ရွှီမိသားစုက အစကတည်း ရွှီမော့ကို ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးခဲ့မယ်ဆိုရင် မင်မိသားစုက ဒီနေ့ သူ့ကို ဘယ်လိုလုပ်ပြီး ခေါ်သွားလို့ရမှာလဲ။

ဒီလိုစဉ်းစားလိုက်ပြီး သူက ရွှီမိသားစု ခေါင်းဆောင်ကို အေးစက်စက် လှမ်းကြည့်လိုက်တယ်။

ဧည့်သည်တွေ ပြန်သွားပြီးနောက်မှာ‌တော့ အကြီးအကဲထိုက်ချန်က အေးစက်စက် လေသံတစ်ခုနဲ့ ပြောလိုက်တယ်။ “ရွှီမိသားစုရဲ့ တပည့်တွေအားလုံးကို အန်းယန်ခန်းမထဲကို စုဝေးထားလိုက်”

ရွှီမိသားစုခေါင်းဆောင်ရဲ့ ခြေထောက်က ရုတ်တရက် အားယုတ်သွားပြီး အင်မတန် ဂယောင်ချောက်ချား ဖြစ်သွားခဲ့တယ်။

သူတော့ သွားပြီ။

အခုတော့ မိသားစုခေါင်းဆောင် ရာထူးကနေ အပြစ်ပေးခံရမဲ့အပြင် မိသားစုခေါင်းဆောင်အနေနဲ့ ပြီးခဲ့ နှစ်ရာချီက သူလုပ်ထားခဲ့တဲ့ အရာအားလုံးကိုလည်း စာရင်းရှင်းတော့မယ်ထင်တယ်။

-

မင်မိသားစု။

သိက္ခာနဲ့ပြည့်စုံတဲ့ ပုံရိပ်တစ်ခုနဲ့ ဖြောင့်မတ်တဲ့အကြည့်တစ်ခု ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ကျောက်စိမ်းဖျာတစ်ချပ်ပေါ်မှာ ထိုင်နေလေရဲ့။ သူ့ကျောပြင်က ဖြောင့်မတ်နေပြီး သူ့ရဲ့ဆံပင်ဖြူဖြူကလည်း သူ့ကို ချဉ်းကပ်လို့မရနိုင်အောင် ပိုပြီးခံစားမိနေသယောင်ပဲ။

...

All Chapters