← Chapters

အခန်း ၆၆

Vol. 5 Ch. 66

အခန်း ၆၆

Vol. 5 Ch. 66

အပိုင်း(၆၆)

မင်ဟွိုင်ရှင်းက နေရာမှာတင် အေးခဲသွားပြီး သူ့မျက်နှာပေါ်ကမှာ နှစ်ရာချီအတွင်း မမြင်ခဲ့ဖူးတဲ့ ဆွံ့အပြီး ငူငိုင်သွားတဲ့ရုပ်ဖြစ်သွားခဲ့တယ်။

သူကြားလိုက်တဲ့ဟာကို အခိုက်တန့် မတုံ့ပြန်နိုင်အောင် ဖြစ်သွားတယ်။

ကောင်းကင်ကလာတဲ့အသံက ပြောလိုက်တာ... ဘာတဲ့။

သူ့ရှောင်ယာ... မုတ်ဆိတ်နဲ့ယောက်ျားတစ်ယောက်တဲ့လား။

မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။

မင်ဟွိုင်ရှင်းက သူ ထန်ယာနဲ့ ကုန်ဆုံးခဲ့အချိန်တွေကို စဉ်းစားလိုက်ပြီး သူ့စိတ်ထဲမှာပဲ ကိုယ့်ဟာကို ဆက်ပြီး နှစ်သိမ့်နေလိုက်တယ်။

သူနဲ့ ရှောင်ယာတို့ သိလာကြတာ ဒီလောက်ကြာနေပြီပဲ။ သူတို့ရဲ့ဆက်ဆံရေးက အရမ်းကို ရင်းနှီးလာခဲ့တာ။ သူက ယောက်ျားတစ်ယောက်လား။ မိန်းမတစ်ယောက်လားဆိုတာကို သူက ဘယ်လိုလုပ်ပြီး မသိရမှာလဲ။

ကောင်းကင်လာတဲ့အသံက အရမ်းအလုပ်များနေတာပဲ။ သူက နေ့တိုင်း လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ မရေမတွက်နိုင်တဲ့ နေရာတွေကို သွားနေရတာ။ အရမ်းကို ပင်ပန်းမှာ။ ဒီတော့ တခါတလေ အမှားမိလုပ်မိတာလဲ ပုံမှန်ပါပဲ။

ဟုတ်တယ်။ ဒါပဲ။

ကောင်းကင်ကလာတဲ့အသံက တစ်ခုခု လွဲတာပဲဖြစ်မယ်။

မင်ဟွိုင်ရှင်းက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး နောက်ဆုံးတော့ သူ့မျက်နှာပေါ်မှာ ကျက်သရေရှိပြီး တည်ငြိမ်မှုကို ထိန်းသိမ်းထားလိုက်တယ်။ ကောင်ငယ်လေး... ဟင့်အင်း.. ရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ နှလုံးသားက လှုပ်ခတ်သွားပေမဲ့ သန်သန်မာမာ ရပ်တည်နေနိုင်တုန်းပါပဲ။

သူ့ရှေ့က မင်မိသားစုခေါင်းဆောင်ကလည်း ကောင်းကင်လာတဲ့အသံ ပြောလိုက်တဲ့စကားကြောင့် အထိတ်တလန့်ဖြစ်သွားခဲ့တယ်။

သူ့အဖေကို လှည့်စားခဲ့တဲ့သူက အကြံများတဲ့ မိန်းမတစ်ယောက် မဟုတ်ရင် တခြားသူဆီက အကျိုးအမြတ်လိုချင်တဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်၊ ဒါမှမဟုတ် ယောက်ျားတွေရဲ့စိတ်ကို ကောင်းကောင်းသိတဲ့ မိန်းမတစ်ယောက် ဖြစ်ရမယ်လို့ သူက ထင်ထားခဲ့တာလေ။

ဒါပေမဲ့... ဒီလူက တကယ်တော့ ယောက်ျားတစ်ယောက်ဖြစ်နေမယ်လို့ သူ တခါမှ စိတ်ကူးမကြည့်ခဲ့ဖူးဘူး။

နောက်ပြီးတော့ မုတ်ဆိတ်မွှေးထူထူနဲ့ ယောက်ျားတစ်ယောက်တဲ့လေ။

သူ့စိတ်ထဲမှာ ရုတ်တရက် ကျောချမ်းသလို ဖြစ်သွားတယ်။

ဒီလိုစဉ်းစားလိုက်ပြီး သူက အမှတ်တမဲ့ မင်ဟွိုင်ရှင်းကို မော့ကြည့်လိုက်တယ်။ သူက အမှန်တရားကို ကြားလိုက်တာနဲ့ ဒီလို ခံစားမိလိုက်တယ်။ ဒါဆိုရင် သူ့အဖေကရော...

အကြိမ်တော်တော် များများ ပြောင်းလဲသွားပြီး နောက်ဆုံးတော့ ခေါင်းမာမာနဲ့ နောင်တမရနိုင်တဲ့ အမူအရာပြန်ဖြစ်သွားတဲ့ မင်ဟွိုင်ရှင်းရဲ့ အမူအရာတွေကို စောင့်နေမိတယ်။ သူက ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ ဘာပြောရမယ်မှန်း မသိတော့ဘူး။

အဲဒီမုတ်ဆိတ်နဲ့လူကြီးက ဒီလိုအချိန်မှာတောင် အဖေဖြစ်သူကို ဆက်ပြီး ယုံကြည်အောင် လုပ်နိုင်လောက်တဲ့ ဘယ်လိုမှော်ဆေးရေကို သူ့အဖေကို ပေးခဲ့လဲဆိုတာ သူ တကယ် နားမလည်တော့ဘူး။

ကောင်းကင်ကလာတဲ့အသံက ဘယ်တော့မှ မမှားဖူးဘူးလေ။ အဖေက ဘယ်လိုဖြစ်ပြီး အဲဒါကိုတောင် မသိနိုင်ရတာလဲ။

မင်မိသားစုခေါင်းဆောင်က သူ့စိတ်ထဲမှာ ကူကယ်ရာမဲ့သွားသလို သက်ပြင်းချလိုက်ပြီးနောက် မင်ဟွိုင်ရှင်းကို မဝံ့မရဲ ပြောလိုက်တယ်။

“အဖေ၊ အဖေက ကျောက်စိမ်းပြားရဲ့တဖက်က လူရဲ့ပုံကို တစ်ခါမှ မတွေ့ဖူးဘူးလေ။ အဖေက သူ့အရပ်၊ သူ့အလေးချိန်၊ ရုပ်ရည်၊ အကျင့်စရိုက်တွေကိုတောင် မသိဘူး...” သူက ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ မင်ဟွိုင်ရှင်းရဲ့လက်ထဲက ကျောက်စိမ်းပြားကို လှမ်းကြည့်လိုက်ပြီး အံကြိတ်ထားလိုက်ကာ “သူက ယောက်ျားလား မိန်းမလားဆိုတာကိုတောင် ကျွန်တော်တို့ မသိပါဘူး၊ အဖေ သတိထားမှ ဖြစ်မှာပါ”

မင်ဟွိုင်ရှင်းက သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူ့ရင်ဘတ်က ကြမ်းကြမ်းတမ်းတမ်း လှိမ့်တက်လာခဲ့တယ်။ သူက တုန်ယင်နေတဲ့ အသံတစ်ခုနဲ့ ထန်ယာအတွက် ချေပပေးလိုက်တယ်။

“ကျောက်စိမ်းပြားကနေတဆင့် ငါ ထန်ယာရဲ့အသံကို သေချာကြားရတာပဲ၊ သူ့အသံက အရမ်းကိုလှပပြီး သူက သူ့အသံကို ပြောင်းလဲဖို့ ဘယ်တုန်းကမှ မှော်ရတနာတွေကို မသုံးခဲ့ဘူး”

ဒီအချိန်မှာ သူ့မျက်လုံးတွေက ပိုပြီး ပြတ်သားလာခဲ့တယ်။ “နောက်ပြီးတော့ ထန်ယာက သိမ်မွေ့ပြီး စိတ်ထားနူးညံ့တယ်၊ စဉ်းစား‌ပေးတတ်ပြီး ကြင်နာသနားတတ်တယ်၊ ဒီလိုလူတစ်ယောက်က ဘယ်လိုဖြစ်ပြီး .... မင်း ပြောသလို ယောက်ျားတစ်ယောက် ဖြစ်နိုင်မှာလဲ”

စူးလီက မင်ဟွိုင်ရှင်းရဲ့နှစ်သိမ့်စကားကို ကြားလိုက်တဲ့အခါ ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ ပုံမှန်ထက် ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်တော့တယ်။

[အသံပြောင်းတာက သာမန်လူတွေတောင် လုပ်နိုင်တဲ့ကိစ္စပဲ၊ ဘာမှော်ရတနာ လိုလို့လဲ၊ ဟား ဟား ဟား___]

[ဒီမင်ဟွိုင်ရှင်းက အရူးလုပ်ခံထားရတာပဲ]

[သူ့စိတ်ထဲမှာ ဒီမုတ်ဆိတ်နဲ့ယောက်ျားက တကတည်း မိန်းမတစ်ယောက်ထက် ပိုပြီး မိန်းမဆန်တယ်တဲ့လေ ဟား ဟား ဟား___]

[ဟား ဟား ဟား ဟား ယောက်ျားတွေကပဲ ယောက်ျားတွေကို ပိုနားလည်တာကိုး...]

မင်ဟွိုင်ရှင်းက ကောင်းကင်ကလာတဲ့အသံရဲ့ စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူ့နှလုံးထဲကို သွေးတွေ ထိုးတက်လာသလို ခံစားလိုက်ရတော့တယ်။ သူက စိတ်နဲ့ကိုယ် မကပ်နိုင်ဘဲ ခေါင်းခါနေပေမဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ပြောနေသေးတယ်။

“ရှောင်ယာက ငါ့ကို ဘယ်တော့မှလိမ်မှာမဟုတ်ဘူး၊ သူက ငါ့ဆီကနေ ဘာဝိညာဉ်ဆေးပင်၊ ဘာရတနာကိုမှ မတောင်းခဲ့ဖူးဘူး...”

[ဟုတ်တယ်လေ။ သူက ရှင်နဲ့ စကားပြောတဲ့အခါ သူ့ဘဝကြီးက ဘယ်လောက်ခက်ပါတယ်ဆိုပြီး စကားလေး နည်းနည်းပါးပါး ပြောရုံနဲ့ ရှင်က ဝမ်းသာအားရ သူ့ကို ဘာမဆိုပေးနေတာကိုး]

[ဟား ဟား ဟား ဟား သူ့အတွက် ရှင့်ဆီကနေ တောင်းဆိုနေစရာမှ မလိုတာ]

[အခုချိန်ထိ ရှင်ပေးထားတဲ့ ရတနာတွေက ရှင့်သိုလှောင်အိတ် တစ်ဝက်ပဲကျန်တော့တယ်လေ]

[ပစ္စည်းတွေ အဲလောက်အများကြီး ပေးထားပြီးတော့ ဒီမုတ်ဆိတ်နဲ့လူက ဖြူစင်သန့်ရှင်းတယ်၊ ကိုယ့်ဟာကို အားကိုးတတ်ပြီး သန်မာတယ်၊ စေတနာနဲ့ပေးတာကို လက်မခံဘူးလို့ ရှင်က တကယ်ကြီး ထင်နေသေးတယ်၊ ဟား ဟား ဟား___]

[မင်ဟွိုင်ရှင်းက ဘယ်လိုလူမျိုးလဲ မသိဘူး]

မင်ဟွိုင်ရှင်းက နောက်ကို ခြေနှစ်လှမ်းလောက် ယိုင်သွားပြီး လက်တစ်ဖက်နဲ့ သူ့ရင်ဘတ်ကို အုပ်ထားရင်း သူ့မျက်လုံးတွေထဲမှာလဲ ခပ်ဖျော့ဖျော့ မီးတောက်တစ်ခုပဲ ကျန်ရစ်တော့တယ်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူးလိုက်ပြီး သူ့အသံကလည်း တုန်ယင်နေကာ ကြားရသူအတွက် နာကျင်စရာပဲ။

“ရှောင်ယာကလည်း ပြောပါတယ်၊ ငါ သူ့ကို ပေးထားတာတွေကို တစ်ခုမှ လက်မခံဘူးတဲ့၊ ငါတို့တွေ တွေ့ဆုံတဲ့အခါကျရင် သူက ငါ့ကို ဝိညာဉ်ရတနာတွေအားလုံး ပြန်ပေးမယ်တဲ့...”

[မင်ဟွိုင်ရှင်းက အသက်ကဖြင့် နှစ်တစ်ထောင်ပြည့်တော့မယ်၊ သူက ဒီစကားကို တကယ် ယုံနေတာတဲ့]

[ကျင့်ကြံရေးလောကထဲက လူတွေက ဘယ်လိုဖြစ်ပြီး အဲလောက် တုံးအနိုင်ရတာလဲ ဟား ဟား ဟား....]

[ရှင်က တွေ့ဖို့စောင့်နေသေးတယ်၊ ထန်ယာက ရှင့်ကို ဘယ်လိုလုပ်ပြီး တွေ့ခွင့်ပေးနိုင်မှာလဲ]

စူးလီက ဒီလိုစိတ်ကြည်နူးဖွယ်ဖရဲသီးကို မစားရတာ အရမ်းကြာသွားပြီဆိုတော့ သူမရဲ့နှုတ်ခမ်းထောင့်တွေက ဆက်တိုက်ကို ကွေးတက်နေတော့တယ်။

သူမက ကောင်းကင်တာအို စာအုပ်ထဲက အကြောင်းအရာကို ကြည့်လိုက်ပြီး တအံ့တဩနဲ့ ပြောလိုက်တယ်။

[အစတုန်းကတော့ သူက ရတနာတွေကို လုံလုံလောက် ရပြီးသွားပြီး ကိုယ့်ဟာကို ထွက်သွားမယ်လို့ ငါက ထင်ထားခဲ့တာ၊ နောက်ပြီး မင်ဟွိုင်ရှင်းကလည်း သူ့ကို လုံးဝ ထပ်ပြီး ဆက်သွယ်လို့မရတော့ဘူးလို့ပေါ့]

[သူက အဲလောက်အထိ ရက်စက်မယ်လို့ မထင်ဘူး၊ တကယ်တော့ သူက သူ့အသက်နဲ့ ထွက်ပြေးချင်ခဲ့တာတဲ့လေ]

သေခြင်းနဲ့ ထွက်ပြေးချင်တာ ဟုတ်လား။

မင်ဟွိုင်ရှင်းက ဒီစကားကို နားလည်အောင် ကြိုးစားလိုက်ပြီး သူ့မျက်နှာကလည်း ဖြူဆုတ်သွားပြီး အပြာရောင်သမ်းသွားခဲ့တယ်။ ပြာနှမ်းနေရာက ညိုမည်းသွားပြန်တယ်။

ဒီကိစ္စကို ဘာတစ်ခုမှ မသိလိုက်ဘဲနဲ့ ရုတ်တရက် ထန်ယာသေသွားတာကို သူသိလိုက်ရရင် ဘယ်လိုနေမလဲ။

ဒီအချိန်မှာ သူ ထန်ယာနဲ့ ဆက်သွယ်တုန်းက ကိုယ်တိုင် အတင်းလျစ်လျူရှုထားခဲ့တာ သံသယတွေအားလုံးက အခုတော့ ပြန်ပေါ်ထွက်လာခဲ့တယ်။

မင်ဟွိုင်ရှင်းက အံကြိတ်ထားလိုက်ပြီး ခေါင်းမော့ရင်း ဘယ်ကလာမှန်းမသိတဲ့ အသံပြောလိုက်တဲ့ စကားလုံးတိုင်ကို ဂရုတစိုက်နဲ့ အားတင်းပြီး နားထောင်လိုက်တယ်။

[ထန်ယာက သေဆုံးခြင်းနဲ့ ထွက်ပြေးတာ အောင်မြင်သွားတဲ့အခါ မင်ဟွိုင်ရှင်းမှာ မေ့ပျောက်လို့ မရနိုင်တဲ့ လရောင်ဖြူတစ်ယောက် ရှိလာမှာပဲ]

[ဟား ဟား ဟား ဟား သူက နေ့တိုင်း တသသနဲ့ ထန်ယာအကြောင်းကို ထုတ်ပြောနေလိမ့်မယ်၊ စောစောစီးစီး သူ့ကို သွားမရှာခဲ့ဘဲ မကာကွယ်ပေးနိုင်တဲ့အတွက် အရမ်းကို အပြစ်ရှိသလို ခံစားရလိမ့်မယ်]

[ထန်ယာအနေနဲ့ကတော့~~ကျွတ် ကျွတ် အခုတော့ ကျင့်ကြံရေးလောကြီးမှာ မုတ်ဆိတ်မွှေးအပြည့်နဲ့ နောက်မှပေါက်တဲ့ ရွှေကြာတစ်ယောက် ရှိလာလိမ့်မယ်]

[ဟား ဟား ဟား ဟား မင်ဟွိုင်ရှင်းက ဘယ်လောက်တောင် သနားစရာကောင်းနေလိမ့်မလဲ]

ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ မင်ဟွိုင်ရှင်းက ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ သူ့ရင်ဘတ်ထဲမှာ ပိတ်ဆို့နေတဲ့ သွေးတွေက ရုတ်တရက် အန်ထွက်လာခဲ့တယ်။

“ဝေါ့ - -“

“အဖေ”

မင်မိသားစုခေါင်း‌ဆောင်က ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့စကားကနေ အခုမှ သတိပြန်ဝင်လာပြီး ပါးစပ်နေ သွေးအန်ထုတ်လိုက်တဲ့ ဖြူဆုတ်နေတဲ့မျက်နှာတစ်ခုနဲ့ မင်ဟွိုင်ရှင်းကို မြင်လိုက်ရတယ်။

သူက ရှေ့ကို မြန်မြန်လှမ်းသွားလိုက်ပြီး လက်တစ်ဖက်နဲ့ သူ့ကို ဂရုတစိုက် တွဲပေးထားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

“အဖေ အဆင်ပြေရဲ့လား”

မင်ဟွိုင်ရှင်းက သူ့လက်ကို ယမ်းပြလိုက်ပြီး မတ်မတ်ရပ်လိုက်တယ်။ သူ့မျက်နှာက ဖြူဖျော့နေတုန်းပဲ။ သူက တစ်လုံးချင်း ပြောလိုက်တယ်။ “ငါ အဆင်ပြေတယ်”

မင်မိသားစုခေါင်းဆောင်က သူ့မျက်နှာကို တစ်ချက်အကဲခတ်လိုက်ပြီး ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်တယ်။ “အဖေ လူတွေက ယုတ်ညံ့ကြတယ်။ အဖေက အရမ်းကို ကြင်နာတတ်ပြီး တခြားလူတွေကို အလွယ်တကူ ယုံတတ်တယ်”

[မင်ဟွိုင်ရှင်းက အရမ်းကို ကြင်နာတတ်တယ်ဟုတ်လား]

[ဟား ဟားဟား သူက ပြိုင်ဘက်ကင်းပြီး သူ့ရန်သူနောက်ကို လိုက်ဖမ်းတုန်းကဆိုရင် အားလုံးသူ့ကို မျက်နှာဖြူငရဲမင်းလို့တောင် ခေါ်ကြတာ၊ ရှင်က သူ့ကို ကြင်နာတတ်တယ်လို့ ခေါ်တယ်လား]

[တကယ်တော့ သူက ငတုံးလေးပဲ၊ ဒါကြောင့် လူတွေက ငါးစာချလိုက်တာနဲ့ ချက်ချင်း သူက ငါးစာဟပ်လိုက်တော့တာပဲ.. ဟား ဟား ဟားး___]

မင်ဟွိုင်ရှင်းရဲ့မျက်နှာက ပြာနှမ်းသွားပြီး ဖြူဆုတ်သွားကာ သူ့ရင်ဘတ်ကလည်း အပြင်းအထန် နိမ့်ချည် မြင့်ချည် ဖြစ်သွားခဲ့တယ်။

သူက တကယ်တော့... တကယ်တော့ ဒီလိုလူတစ်ယောက် လှည့်စားတာကို အချိန်အကြာကြီး ခံလာခဲ့ရတာတဲ့...

ဟင်း...

သူက ဘေးက မင်မိသားစုခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ ဒေါသနဲ့ စိတ်ပျက်မှုတွေ အပြည့်ပါပဲ။

နောက်ပြီး သူ့ကလေးတွေကို အားလုံး မြင်စေခဲ့မိတယ်....

မင်မိသားစု ခေါင်းဆောင်က သူ့ရဲ့ညိုးငယ်နေတဲ့ မျက်နှာကို ကြည့်လိုက်ပြီး ပိုပြီး စိုးရိမ်လာခဲ့တယ်။

“အဖေ... ကျေးဇူးပြုပြီး... ပိုပြီး အပြုသ‌ဘောဆောင်တဲ့ ဖက်က ကြည့်ပေးပါ”

“နောက်ဆုံး ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်သေးဘူးလေ၊ အားလုံးကို အဖတ်ဆယ်လို့ ရပါသေးတယ်”

လူတွေက အမှားလုပ်တတ်ကြပါတယ်။ မြင်းတွေကလည်း ခလုတ်တိုက်တတ်တယ်။ အဖေကလည်း မတော်တဆ အလိမ်ခံလိုက်ရတာပါပဲ။ ဒီကိစ္စက အရမ်း ရယ်စရာကောင်းတယ်ဆိုပေမဲ့ နားလည်ပေးဖို့က မခက်ခဲပါဘူးလေ။

စူးလီက တိမ်လွှာကြေးမှုံးထဲက ပြဿနာကို သတိထားမိသွားတဲ့ မင်ဟွိုင်ရှင်းရဲ့ရုပ်ကို ကြည့်လိုက်ပြီး စိတ်မပါတပါနဲ့ ချီးမွှမ်းပေးလိုက်တယ်။

[မင်ဟွိုင်ရှင်းက လုံးဝတော့ မအသေးပါဘူး၊ သူ့ကလေးက သူ့ကို သတိပေးလိုက်ပြီးနောက်မှာတော့ သူက တစ်ခုခု လွဲနေတာ သိသွားတယ်]

[မင်ဟွိုင်ရှင်းရဲ့ ဘေဘီလေးက အခု ဘယ်ရောက်နေပါလိမ့်... ကြည့်လိုက်ပါအုံးမယ်...]

သူမက သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ဒီအတိုင်း လှန်လှောကြည့်လိုက်တယ်။ စာတွေကို တွေ့လိုက်တဲ့အခါ သူမက ခေါင်းထောင်လိုက်ပြီး မင်ဟွိုင်ရှင်းကို သနားသလို ကြည့်မိသွားတယ်။

[ထန်ယာ.. မဟုတ်တော့ဘူး၊ ထန်ယ ဖြစ်သင့်တာ၊ အခု__]

[ဆက်သွယ်ရေးကျောက်စိမ်းကို သုံးပြီး သူတွဲခုတ်နေတဲ့ တခြားသူကို ဆက်သွယ်နေတယ်တဲ့]

[ဟား ဟား ဟား ဟား မင်ဟွိုင်ရှင်းက ငွေနဲ့အချစ်ကို လှည့်စားခံလိုက်ရတဲ့အပြင် သူက ထန်ယရဲ့တစ်ဦးတည်းသောလူလည်း မဟုတ်ဘူးလို့ ဘယ်သူက ထင်မိမှာလဲ]

[ဟား ဟား]

မင်ဟွိုင်ရှင်းခမျာ အခု‌လေးတင်မှာ သူ့စိတ်အခြေအနေကို ထိန်းနိုင်ပြီး သူ လှည့်စားခံလိုက်ရတယ်ဆိုတဲ့ အချက်ကို လက်ခံထားရုံရှိသေး သူ့မှာ မတ်မတ်တောင် မရပ်နိုင်သေးခင်မှာပဲ ထပ်ပြီး နာနာလေး ထိုးနှက်ခံရပြန်တယ်။

သူ့မျက်နှာ အမူအရာက အရမ်းကို တွန့်ရှုံ့သွားလိုက်တာ ကြည့်တောင် မကြည့်ရက်နိုင်တော့ဘူး။

မင်မိသားစုခေါင်းဆောင်ကတော့ ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်နဲ့ သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းတောင် မသိတော့ဘူး။ နောက်ဆုံးတော့ သူ့မှာ ဘာမှမပြောနိုင်တော့ဘဲ မင်ဟွိုင်ရှင်းကို တွဲထားပေးလိုက်ရတော့သည်။

ဒီလူက အဲလောက်တောင်... အဲလောက်တောင် အတင့်ရဲလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ကောင်းကင်က လာတဲ့အသံက ဆက်ပြောတယ်။

[ကျွတ် ကျွတ် ထန်ယ ပြောတဲ့စကားတွေက တကယ်တော့....]

[‘အစ်ကို ကျွန်မ ရှင့်ကို အရမ်းလွမ်းတယ်’~ ~ ‘သာမန်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒဏ်ရာမရတာမှ ထူးဆန်းတာ‌ပေါ့’ ဒါက အပေါ်ယံဒဏ်ရာလေးပါ၊ နှစ်ရက်လောက်နေရင် သက်သာသွားလိမ့်မယ်’~ ~]

[‘ရှင် ကျွန်မကို ဝိညာဉ်ရတနာတွေ ထပ်ပေးနေရင် ကျွန်မ စိတ်ဆိုးတော့မှာနော်’ ‘ကျွန်မက ရှင့်ဆီက တစ်ခုခုလိုချင်လို့ စကားပြောနေတာ လုံးဝမဟုတ်ဘူး၊ ကျွန်မက ရှင့်ကိုပဲ ချစ်လို့’~ ~]

[ကျွန်မတို့ တွေ့ကြတဲ့အခါ ဒီဝိညာဉ်ရတနာတွေ အားလုံးကို ရှင့်ကို ပြန်ပေးမယ်’]

[ဟား ဟား ဟား ဒီစကားတွေက တကယ်လို့ လက်ဖက်နံ့သင်းနေတာပဲ]

မင်မိသားစုခေါင်းဆောင်က နည်းနည်းလေး မှင်တက်အံ့ဩသွားတယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို ဒီစကားလာပြောမယ်ဆိုရင် သူက...

သူ စဉ်းစားနေတဲ့အရာကို သတိထားမိလိုက်ပြီးတဲ့နောက်မှာ သူက အတွေးကို ပယ်ဖျက်ဖို့ မြန်မြန်ခေါင်းခါလိုက်တယ်။

သူ့ဘေးက မင်ဟွိုင်ရှင်းကတော့ လုံးဝ ဆန့်ကျင်ဘက် အမူအရာပဲ။ သူက အံကြိတ်ထားလိုက်ပြီး ရွံရှာသလို နာကျင်မိပေမဲ့ နည်းနည်းလေး ဝမ်းနည်းပြီး ဒေါသ ဖြစ်မိတယ်။

ထန်ယာက စကားတစ်လုံးလေးတောင် ပြောင်းမပြောခဲ့ဘူးပဲ။

သူက အဲဒီစကားတွေကိုပဲ သူ့ကို လာပြောခဲ့တယ်လေ။

[ဟား ဟား ဟား ယောက်ျားတွေက ယောက်ျားတွေကို ပိုနားလည်တယ်ဆိုတာ ဒီလိုမျိုးကိုး]

[ထန်ယာက ဒီစကားတွေ ပြောပြီးသွားရင် သူက ဝိညာဉ်ရတနာတွေ အပုံလိုက် သေချာပေါက် ရတယ်လေ]

[ဟား ဟား ဟား.. ဒီကောင်က မင်ဟွိုင်ရှင်းထက်တောင် ပိုပြီး ရက်ရောသေးတယ်ဟ]

အပြင်ကလာတဲ့အသံရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ မင်မိသားစုခေါင်းဆောင်ရဲ့မျက်နှာက အင်မတန်မှ ရှုပ်ထွေးသွားခဲ့တယ်။ အဲဒီအချိန်လေးအတွင်းမှာ သူ့အဖေက ပိုပြီး သနားစရာကောင်းတာလား။ အခုအလိမ်ခံနေရတဲ့သူကပဲ ပိုပြီး သနားစရာကောင်းနေတာလားဆိုတာတောင် မသိတော့ဘူး။

ဒီအချိန်မှာတော့ မင်ဟွိုင်ရှင်းက နောက်ဆုံးတော့ ထရပ်လိုက်ပြီး ရှေ့ကို ခြေနှစ်လှမ်း လှမ်းလိုက်တယ်။ သူက လက်ထဲက ကျောက်စိမ်းပြားကို ခြေမွပစ်ချင်စိတ်ကို ချုပ်တီးထားရပြီး အေးစက်လွန်းလို့ သူ့ဘေးက အရာအားလုံးက အေးခဲတော့မတတ် အသံနဲ့ ပြောလိုက်တယ်။

“ထန်ယဆိုတာ ဘယ်သူလဲ သိချင်တယ်”

သူ့ စကားဆုံးသွားတာနဲ့ ချက်ချင်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဝိညာဉ်စွမ်းကို သုံးပြီး လေဟာနယ်ကို ဆွဲခွာလိုက်တော့တယ်။

သူက အရင်ကတော့ ဒီလို မလုပ်ချင်ခဲ့ဘူး။ ပထမအချက်က သူ့သရုပ်မှန်ကြောင့် ထန်ယာကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့။ ဒုတိယအချက်ကတော့ သူတို့နှစ်ယောက်ကြား အသက်အရွယ် ကွာခြားချက်ကို စိုးရိမ်ခဲ့မိလို့...

ဒါပေမဲ့ အခုတော့...

-

ယောင်ကျန့်မြို့

“ယာအာ နာသွားတာလား”

ထန်ယက ကျောက်စိမ်းပြားထဲက ထွက်လာတဲ့ စိုးရိမ်နေတဲ့အသံကို နားထောင်နေတယ်။ သူ့ကြမ်းတမ်းတဲ့ မျက်နှာက တွက်ချက်မှု အပြည့်ဖြစ်နေပေမဲ့ သူ့အသံကတော့ သိမ်မွေ့ပြီး စိတ်လှုပ်ရှားစရာကောင်းလိုက်တာ သူ့ရုပ်ရည်နဲ့ လုံးဝကို မလိုက်မဖက်။

“ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒဏ်ရာမရတာမှ ထူးဆန်းနေအုံးမယ်”

အဲလို ပြောလိုက်ပြီး သူက အားလုံး အာရုံခံနိုင်တဲ့ နူးညံ့သိမ်မွေ့တဲ့ လေသံတစ်ခုနဲ့ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။ “အစ်ကို ရှင် ကျွန်မကို ပစ်ထားတာ သုံးရက်တောင်ရှိပြီနော်၊ ကျွန်မက ရှင့်ကို စိတ်ဆိုးအောင် လုပ်မိပြီလို့ ထင်နေတာ”

....

လက်ဖက်ရည်ခွက် တဝက်စာ အချိန်ကုန်သွားပြီးတဲ့နောက်မှာ ထန်ယက ကျောက်စိမ်းပြားကနေတဆင့် ပို့လာတဲ့ မရေမတွက်နိုင်တဲ့ ဝိညာဉ်ရတနာတွေကို ကြည့်လိုက်ပြိး နဂိုက ကျဉ်းမြောင်းနေတဲ့ သူကမျက်လုံးက ပြူးကျယ်သွားခဲ့တယ်။ “ဝိုး ဒီဒုတိယမျိုးဆက်တွေက တကယ် ချမ်းသာတာပဲ”

သူက လောဘတကြီးနဲ့ ပစ္စည်းအာလုံးကို သူ့သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး သူ့ဘေးက ဝိညာဉ်လက်ဖက်ရည်ကို ကောက်ကိုင်လိုက်ပြီး တစ်ကြိုက်တည်း မော့သောက်လိုက်တော့တယ်။

သူက ကျောက်စိမ်းပြားကို သုံးပြီး မနက်ကနေ ညအထိ ဒီလူတွေကို ဆက်သွယ်ရင်း တစ်နေ့လုံး အလုပ်များနေတာလေ။ သူ့အသံကလည်း အစောပိုင်းက ပေါ့ပါးပြီး သွက်လက်မှုတွေ ပျောက်ဆုံးကုန်ပြီ။

သူ့အသံက သူ့ရဲ့ ငွေရှာပေးတဲ့လက်နက်ပဲ။ ဒီတော့ ဒဏ်ရာရလို့မဖြစ်ဘူး။

သောက်ပြီးသွားတဲ့အခါ ထန်ယက သူ ငွေပမာဏအများကြီး သုံးပြီး ဝယ်ထားတဲ့ အိမ်တော်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ သက်ပြင်းချလိုက်တယ်။

“ဒီလူတွေကို လှည့်စားရတာ အရမ်းလွယ်တာပဲ”

အစတုန်းကတော့ အလိမ်ပေါ်သွားမှာ စိုးရိမ်ခဲ့သေးတယ်။ ဒါပေမဲ့ သူက စကားလေး နည်းနည်းလောက် မပြောရသေးခင်မှာဘဲ သူတို့အားလုံးက ငါးစာကို ဟပ်ပြီးသွားကြပြီ။

တကယ်တော့ သူ ဘာမှ မလုပ်ခဲ့ရပါဘူး။ အထီးကျန်နေတဲ့လူတွေကို စိုးရိမ်စိတ်နဲ့ စာနာစိတ်လေး ပြလိုက်ရုံပါပဲ။ မြှာပွေတဲ့သူတွေကို နည်းနည်းလေး အေးအေးစက်စက်နဲ့ ခပ်ခွာခွာနေပြပြီး တည်ကြည်တဲ့သူတွေကိုတော့ နည်းနည်းလေး ကျီစယ်ပေးရတာပေါ့...

နောက်ဆုံး သူတို့အားလုံးက ယောက်ျားတွေပဲလေ။ သူတို့ ဘာစကားကြားချင်တယ်ဆိုတာ သူ သိတာပေါ့။ သူပြောလိုက်တဲ့ စကားလုံးတိုင်းက သူတို့ရင်ကို သွားထိတာပဲ။

ဒါက ငါတို့မှာအားလုံးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲမလား။

မိုးထဲ လေထဲမှာ နေ့တိုင်း အပြေးအလွှားနဲ့ အလုပ်လုပ်နေရပြီး ခဏခဏ ဒဏ်ရာရနေကြတဲ့ သူ့မိတ်ဆွေဟောင်းတွေကို စဉ်းစားလိုက်ပြီး သူက သူ့မျက်လုံးတွေကို ဇိမ်ကျကျ စင်းထားလိုက်တော့တယ်။

...

All Chapters